← Chapters

မြေနတ်ဆိုးမဟာမိတ်နှင့် နတ်ဆိုးဂိုဏ်းကြီးလေးခု

Vol. 19 Ch. 188

မြေနတ်ဆိုးမဟာမိတ်နှင့် နတ်ဆိုးဂိုဏ်းကြီးလေးခု

Vol. 19 Ch. 188

လင်းချင်းကျူနှင့် ခွဲခွာခဲ့သည်မှာ သုံးနှစ်နီးပါး ရှိခဲ့လေပြီ။ ထိုစဉ်က ဝူယွမ်နှင့် လင်းချင်းကျူတို့က ကတိတစ်ခု ပြုခဲ့ကြဖူးသည်။ သုံးနှစ်အတွင်း သူ၏အမည်သတင်းကို သူမ ပြန်ကြားစေရမည်ဟု ဝူယွမ်က ကြုံးဝါးခဲ့သည်။ ဆိုလိုသည်မှာ ဤပြည်ထောင်တစ်ရာတိုက်ပွဲတွင် ထိပ်ဆုံးသို့တက်လှမ်းကာ သူသည် လင်းချင်းကျူ၏ အမျိုးသားတစ်ယောက်ဖြစ်ရန် ထိုက်တန်ကြောင်း သက်သေပြလိုခြင်းပင် ဖြစ်သည်။

...မဟာဗျူဟာမြို့တော်အတွင်း လေဟုန်စီးသံများ တစီစီမြည်ဟည်းနေပြီး လူရိပ်များစွာသည် တောအုပ်ဗဟိုချက်ဆီသို့ အလျင်အမြန် ပျံသန်းနေကြသည်။ သူတို့အားလုံးက ဝူယွမ်တို့အဖွဲ့နှင့် ဝေးဝေးမှ ရှောင်ကွင်းသွားကြ၏။ ဝူယွမ်က လေတိမ်ပြည်ထောင်စုကို အမြစ်ပြတ်ချေမှုန်းပြီးကတည်းက မဟာယန်ပြည်ထောင်စု၏ ဂုဏ်သတင်းသည် တစ်မြို့လုံးတွင် ဟိန်းထွက်သွားခဲ့ပြီး သူတို့သည် မဟာဗျူဟာမြို့တော်မှ ထွက်ပေါ်လာသည့် အရှင်သခင်များအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ဝူယွမ်တို့အဖွဲ့က သူတို့၏ သိုလှောင်အိတ်များကို လုယူမည်ကို စိုးရိမ်သဖြင့် မည်သူမျှ ရန်မစရဲကြချေ။ ထို့ကြောင့် စစ်မြေပြင်၏ အတွင်းပိုင်းသို့ ရောက်သည်နှင့် လူတိုင်းက စကားမဆိုဘဲ သဘောတူညီချက်ရထားသကဲ့သို့ ဝူယွမ်တို့အဖွဲ့ကို ဝေးဝေးမှ ရှောင်ကွင်းသွားကြသည်။ အထီးကျန်လပြည်ထောင်စုမှ မုလင်နှင့် ချန်းလင်းတို့အဖွဲ့သာလျှင် ဝူယွမ်တို့အနီးသို့ လာရောက်ကာ နှုတ်ဆက်ရဲကြသည်။

မုလင်က သူ၏လူများကို ဦးဆောင်ကာ ဝူယွမ်တို့အနားမှ ဖြတ်ကျော်သွားစဉ် လက်အုပ်ချီနှုတ်ဆက်ရင်း “ညီအစ်ကို ဝူယွမ်... အခု ဗဟိုနယ်မြေထဲ ရောက်နေတဲ့သူတွေအားလုံးက အလယ်ဗဟိုမှာရှိတဲ့ ပြည်ထောင်တစ်ရာတောင်ဆီ ဦးတည်နေကြတာပဲ။ အဲဒီနေရာက နောက်ဆုံးတိုက်ပွဲ ဖြစ်လာမယ့်နေရာပဲလေ။ ပြည်ထောင်တစ်ရာတောင်မှာ ပြန်ဆုံကြတာပေါ့။ အဲဒီအချိန်ကျရင်လည်း ညီအစ်ကိုဝူယွမ်တို့က ကျွန်တော်တို့ကို နည်းနည်းပါးပါး စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”

ဘေးနားရှိ မုဟန်ယွဲ့ကလည်း ဝူယွမ်ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ သူမ၏ အေးစက်လှသော မျက်နှာထက်တွင် ယခုမူ နူးညံ့သိမ်မွေ့သော အရိပ်အယောင်လေးများ စွန်းထင်နေ၏။ ဝူယွမ်ကလည်း သူတို့ကို မိတ်ဆွေများအဖြစ် အသိအမှတ်ပြုကာ တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်သည်။

စကားပြောပြီးနောက် မုလင်က သူ၏အဖွဲ့ကို ဦးဆောင်ကာ အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားသည်။ လူတိုင်းက နိဗ္ဗာန်တံဆိပ်များကို ကိုယ်စီ အပြိုင်အဆိုင် ရှာဖွေနေကြခြင်းဖြစ်ရာ မဟာယန်ပြည်ထောင်စုနောက်သို့ လိုက်နေပါက သူတို့အတွက် အခွင့်အရေးရတော့မည် မဟုတ်ပေ။

ဝူယွမ်က “ကဲ... သွားကြစို့၊ ငါတို့လည်း အတွင်းပိုင်းကို ဆက်ဝင်ကြမယ်။ ကောင်းကင်အဆင့် နိဗ္ဗာန်တံဆိပ်ရထားတဲ့သူတွေလည်း ပြည်ထောင်တစ်ရာတောင်ဆီကို အပြေးအလွှား သွားနေကြပြီလို့ ငါခန့်မှန်းထားတယ်။ သူတို့ဆီက အဆောင်တွေကို ရဖို့ဆိုရင် ငါတို့ ပိုပြီးအတွင်းကျကျ ဝင်ရလိမ့်မယ်” ဟု ဆိုသည်။

သူတို့အဖွဲ့ထဲတွင် လူအယောက်နှစ်ဆယ်ခန့်သာ ကျန်တော့ပြီး အင်အားကြီး ပြည်ထောင်စုကြီးများထက် လူဦးရေနည်းပါးသဖြင့် အပေါ်ယံကြည့်လျှင်တော့ အင်အားတောင့်တင်းပုံ မပေါ်ပေ။ သူတို့ဦးတည်ရာလမ်းတွင် မဟာဗျူဟာမြို့တော်မှ အဖွဲ့များသာ များပြားလေသည်။ ထိုသူတို့သည် ဝူယွမ်တို့၏ ကြောက်မက်ဖွယ်စွမ်းအားကို သိရှိထားကြသဖြင့် လာရောက်ရန်မစရဲကြသလို သူတို့ဆီတွင်လည်း ဝူယွမ်အလိုရှိသော ကောင်းကင်အဆင့်တံဆိပ်များ မရှိကြချေ။

ဗဟိုနယ်မြေသို့ အဓိကမြို့ကြီး ဆယ်မြို့မှ ဝင်ရောက်လာကြရာ အတွင်းပိုင်းသို့ ရောက်လေလေ လူအုပ်ကြီးက ပိုစုစည်းလာလေလေ ဖြစ်သည်။ ဤနေရာ၏ ရက်စက်သော ပြိုင်ဆိုင်မှုများကြောင့် အခြားသူများထံမှ နိဗ္ဗာန်တံဆိပ်များ လုယူရန် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြသည်။ အတွင်းပိုင်းသို့ ရောက်ပြီးနောက် ဝူယွမ်တို့အဖွဲ့ကို တိုက်ခိုက်လာသည့် အဖွဲ့အချို့နှင့် စတင်ရင်ဆိုင်ရတော့သည်။ ထိုသူတို့မှာ အင်အားကြီး ပြည်ထောင်စုများဖြစ်ကြသော်လည်း ဝူယွမ်တို့၏ လက်ချက်ဖြင့် အားလုံး အမှုန့်များဖြစ်သွားရပြီး သူတို့၏ သိုလှောင်အိတ်များနှင့် နိဗ္ဗာန်တံဆိပ်များမှာ ဝူယွမ်တို့လက်ထဲသို့ ရောက်ရှိသွားသည်။

ခဏကြာ ပျံသန်းပြီးနောက် တောအုပ်ကို ဖြတ်ကျော်ကာ ရှေးဟောင်းအဆောက်အအုံများနှင့် ပျက်စီးနေသည့် ကွင်းပြင်ကျယ်တစ်ခုသို့ ရောက်ရှိလာကြသည်။ “အဲဒါ နားနေစခန်းတစ်ခု ဖြစ်လိမ့်မယ်။ လူတွေအတော်များများ စုဝေးနေကြတာပဲ။ ကျွန်တော်တို့ အဲဒီကို သွားကြမလား” ဟု မိုလင်းက မေးလိုက်သည်။

ထိုစဉ် စခန်းအတွင်းမှ စိတ်ပျက်အားငယ်နေသော ပုံစံများဖြင့် လူအချို့ ထွက်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး မျက်ဝန်းများတွင် နောင်တနှင့် အားမလိုအားမရဖြစ်မှုများ ပြည့်နှက်နေသည်။ သံသယဖြစ်စရာမလိုဘဲ ထိုသူအားလုံးမှာ သူတို့၏ နိဗ္ဗာန်တံဆိပ် အလုခံလိုက်ရသူများ ဖြစ်ကြသည်။ ဤပြိုင်ပွဲမှာ ရက်စက်လွန်းလှ၏။ တံဆိပ် အလုခံရပြီး ဒဏ်ရာရသွားခြင်းသည် သူတို့၏ ခရီးလမ်း ဆုံးခန်းတိုင်သွားခြင်းပင် ဖြစ်သည်။

“ရင်းနှီးနေတဲ့ အငွေ့အသက်အချို့ကို ငါခံစားနေရတယ်။ သွားကြည့်ကြရအောင်” ဝူယွမ်က မျက်ခုံးတစ်ချက်ပင့်ရင်း ပြောလိုက်သည်။

ထိုအချိန်တွင် စခန်းအတွင်းရှိ ရှေးဟောင်းကျောက်ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် လူအုပ်ကြီးက ဝိုင်းရံထားကြသည်။ “မိုတီ... မင်းရဲ့ နိဗ္ဗာန်အဆောင်ကို ကောင်းကောင်းမွန်မွန် အပ်မလား၊ ဒါမှမဟုတ် ငါ အတင်းအကျပ် လုပ်ရမလား”

ကွင်းပြင်အလယ်တွင် ဝတ်စုံနက်ဝတ် လူတစ်စုက လူငါးဦးကို ဝိုင်းရံထားသည်။ ထိုငါးဦးမှာ ယန်မြို့တော်တွင် ဝူယွမ်ကို ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည့် မဟာသံပြည်ထောင်စုမှ မိုတီနှင့် ထန်ရွှမ်တို့ ဖြစ်ကြသည်။ သူတို့ငါးဦးစလုံးမှာ ဒဏ်ရာအပြင်းအထန် ရထားကြပြီး အသက်ရှူသံများမှာလည်း ကစဥ်ကလျား ဖြစ်နေကြသည်။

ထိုစဉ် လူငယ်တစ်ဦးက ထန်ရွှမ်ကို ရမ္မက်ဇောများဖြင့် စိုက်ကြည့်ရင်း ဝံပုလွေတစ်ကောင်ကဲ့သို့ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး “ညီမလေး ထန်ရွှမ်... မင်းသာ ငါတို့ တာ့ရှန့်ပြည်ထောင်စုထဲကို ဝင်မယ်ဆိုရင် မင်းကို ထိပ်တန်းဂိုဏ်းကြီးတစ်ခုခုက ရွေးချယ်ခံရစေဖို့ ငါအာမခံတယ်”

“လီကွမ်... နင် အိမ်မက်မက်မနေနဲ့” ထန်ရွှမ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။

လီကွန်၏ ယုတ်ညံ့သော အကြံအစည်ကို သူမ မည်သို့မသိဘဲ နေမည်နည်း။ လီကွန်သည် သူမနှင့် မိုတီတို့ ယန်မြို့တော်မှ ထွက်လာပြီးနောက် အလယ်အလတ်အဆင့် ပြည်ထောင်စုများနှင့် ပူးပေါင်းကာ ဤနေရာသို့ ရောက်လာစဉ် လမ်းတွင် ပြဿနာရှာပြီး သူမကို အပိုင်စီးရန် ကြိုးစားနေခြင်း ဖြစ်သည်။

လီကွန်၏ မျက်နှာမှာ ချက်ချင်းအေးစက်သွားပြီး “ထန်ရွှမ်... ကျေးဇူးကန်းမနေနဲ့။ ဒါက ပြည်ထောင်တစ်ရာတိုက်ပွဲကွ။ မင်းတို့ကို ငါသတ်လိုက်ရင်တောင် ဘာမှမဖြစ်ဘူး။ မင်း အညံ့မခံရင် သေရုံပဲရှိမယ်။ မင်းကြောင့်နဲ့ မင်းရဲ့သူငယ်ချင်းတွေ သေသွားတာကို မင်းမလိုလားဘူးမလား။ မင်းသာ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ငါတို့နောက်ကို လိုက်ခဲ့ရင် သူတို့အသက်ကို ငါချမ်းသာပေးမယ်” ဟု ခြိမ်းခြောက်လိုက်သည်။

“ယုတ်မာလိုက်တာ.. ထန်ရွှမ်... သူ့စကားကို နားမယောင်နဲ့၊ ငါတို့ အသေခံတိုက်ရမယ်ဆိုတိုက်မယ်၊ မင်း အရှက်ကွဲခံတာကိုတော့ မကြည့်နိုင်ဘူး” “ဒီလိုနည်းနဲ့ အသက်ရှင်နေရမှာထက် သေလိုက်တာကမှ ပိုကောင်းသေးတယ်” “လီကွန်မ်... မင်း တိုက်ချင်ရင် တိုက်စမ်းပါ။ မင်းရဲ့ ‌ေနာက်မှာ အထူးပြည်ထောင်စုသာမရှိရင် မင်းလိုကောင်မျိုးကို ငါခုတ်သတ်လိုက်တာ ကြာလှပြီ” မိုတီနှင့် ကျန်သူများက ပြတ်ပြတ်သားသားပဲ တုံ့ပြန်လိုက်ကြသည်။

“တောက်... ဒါဆိုရင်လည်း မင်းတို့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်” လီကွမ်က ဒေါသတကြီးနှင့် ယွမ်စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ နိဗ္ဗာန်အဆင့်သုံး ဖိအားများ ထွက်ပေါ်လာသည်။ သူနှင့်အတူ အခြားလူသုံးဦးကလည်း အလားတူ စွမ်းအားများကို ထုတ်ဖော်လိုက်သဖြင့် မိုတီတို့အဖွဲ့အပေါ် ဖိအားများ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။

“အထူးပြည်ထောင်စုက ပါရမီရှင်တွေထဲမှာ ဒီလောက်ယုတ်ညံ့တဲ့ကောင်တွေ ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်းကို ခွေးလို့ ခေါ်လိုက်ရင်တောင်မှ ခွေးကို စော်ကားရာ ရောက်ဦးမယ်”

ရုတ်တရက် ကောင်းကင်ထက်မှ အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။ ကွင်းပြင်အတွင်းရှိ လူများ မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ ကြီးမားလှသော ဖိအားတစ်ခု ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ အနီရောင်ရင့်ရင့် တောင်ထိပ်ကြီးတစ်ခုက နေရောင်ကို ကွယ်လျက် ကွင်းပြင်ပေါ်သို့ ဖိနှိပ်ကျဆင်းလာခဲ့သည်။

“ဘယ်သူလဲ... ငါတို့ တာ့ရှန့်ပြည်ထောင်စုရဲ့ ကိစ္စကို ဘယ်သူက ဝင်နှောက်ယှက်ရဲတာလဲ” လီကွမ်က အော်ဟစ်ကာ သူ၏ယွမ်စွမ်းအင်များဖြင့် ထိုဖိအားကို ပြန်လည်ခုခံရန် ကြိုးစားလိုက်‌သည်။

“ဟဲဟဲ... တာ့ရှန့်ပြည်ထောင်စုဆိုတာကိုပဲ ခဏခဏ ပြောနေတာပဲ။ အဲဒီပြည်ထောင်စုကလွဲရင် မင်းမှာ တခြားဘာရှိသေးလို့လဲ” ဝူယွမ်က အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူက လေးလံအကျဉ်းထောင် မီးတောက်တောင်ထိပ်တွင် ရပ်နေရင်း ခြေတစ်ချက် ဆောင့်လိုက်ရာ လီကွမ်နှင့် ဝတ်စုံနက်၀တ် လူများအားလုံး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ သို့သော်လည်း မိုတီတို့ငါးဦးမှာမူ ထိုဖိအားကို လုံးဝမခံစားရချေ။

“ဒါ... ဒါက ကောင်းကင်အဆင့် ဝိညာဉ်ရတနာပဲ” ပတ်ဝန်းကျင်ရှိ လူအကုန် မျက်နှာများ ပျက်သွားကြသည်။ ထိုအနီရောင်တောင်ကြီးမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ ကောင်းကင်အဆင့်ဖြစ်ကြောင်း သံသယ၀င်စရာမလိုပေ။

“အစ်ကိုကြီးဝူယွမ်... ဒါ အစ်ကိုကြီးဝူယွမ်ပဲ” မိုတီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ဤအငွေ့အသက်က သူ့အတွက် အလွန်ရင်းနှီးလှသော်လည်း ယခုအခါတွင် ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်သည်။

“မိုတီ၊ ထန်ရွှမ်... မတွေ့တာ ကြာပြီနော်” ဝူယွမ်က ပြုံးရင်း နူးညံ့စွာ ပြောလိုက်သည်။ “အခု မင်းတို့ကို ကလဲ့စားချေဖို့ အခွင့်အရေးပေးမယ်။ သူတို့ မင်းတို့ရှေ့မှာ ဒူးထောက်နေကြပြီ။ မင်းတို့ သတ်ချင်သတ်၊ ကြိုက်သလိုလုပ်နိုင်တယ်”

“အစ်ကိုကြီးဝူယွမ်... သူတို့က တာ့ရှန့်ပြည်ထောင်စုက လူတွေ… အဲဒါက အင်အားကြီးပြည်ထောင်စုလေ၊ သူတို့ဆီမှာ နိဗ္ဗာန်အဆင့်လေး ကျင့်ကြ့သူတွေရှိတယ်၊ သူတို့ကို သတ်လိုက်ရင်...” ထန်ရွှမ်က ကျေးဇူးတင်သော်လည်း ဝူယွမ်အတွက် စိုးရိမ်စိတ်ဖြင့် ပြောရှာသည်။

“စိတ်မပူပါနဲ့၊ အထူးပြည်ထောင်စု တစ်ခုနှစ်ခုမက ငါအမြစ်ပြတ်အောင် လုပ်ခဲ့ပြီးပြီ... မင်းတို့လုပ်ချင်တာသာ လုပ်၊ အကျိုးဆက်အားလုံးကို ငါတာဝန်ယူတယ်” ဝူယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

“ဟဲဟဲ... ပြောနေစရာ မလိုတော့ဘူး။ ထန်ရွှမ်... အစ်ကိုကြီးဝူယွမ်ကို မင်းမယုံဘူးလား။ တောက်... ငါလည်း ဒီကောင့်ကို အမြင်ကတ်နေတာ ကြာလှပြီ” မိုတီက ဓားသွေးရင်း လီကွမ်ရှေ့သို့ လျှောက်သွားခဲ့သည်။ လီကွန်ကမူ ဒူးထောက်လျက် မျက်နှာကြီး နီမြန်းကာ “မင်း ငါ့ကို ထိရဲရင် တာ့ရှန့်ပြည်ထောင်စုက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး” ဟု ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

“ငတုံး... ငါက သေမှာတောင် မကြောက်တဲ့ကောင်ပဲ၊ မင်းကို ကြောက်မလားကွ။ ငါသေရင်တောင် မင်းလိုကောင်ကိုတော့ အရှင်ထားမှာ မဟုတ်ဘူး” မိုတီက အံကြိတ်ရင်း လီကွမ်၏ ပေါင်ကြားသို့ အားကုန်လွှဲကန်လိုက်လေသည်။

“ခွပ်...” ဥကွဲသံကြီးတစ်ခု ထွက်လာပြီးနောက် လီကွမ်၏ အသည်းခိုက်မတတ် အော်ဟစ်သံကြီးက ကွင်းပြင်တစ်ခုလုံး ပြည့်သွားတော့သည်။ မိုတီသည် လီကွမ်၏ ‘အဖိုးတန်ရတနာ’ ကို တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်လိုက်ခြင်းပင်။

“ခဏနေဦး... ငါ့ကို ပေးလုပ်ပါ” ထန်ရွှမ်၏ မျက်ဝန်းများ အေးစက်သွားပြီး ဝိညာဉ်ဓားဖြင့် လီကွန်၏ မျက်လုံးနှစ်လုံးကို ထိုးဖောက်ဖောက်ပစ်လိုက်သည်။ သူမက သူမ၏ ရင်ထဲရှိ နာကျည်းချက်များကို ဖြေဖျောက်ရန် လီကွမ်ကို တဖြည်းဖြည်းချင်း နှိပ်စက်သတ်ဖြတ်နေတော့သည်။

“ရပ်စမ်း...” ထိုစဉ် အသံတစ်သံနှင့်အတူ မည်းနက်နေသော ခေါင်းလောင်းကြီးတစ်ခု လွင့်ပျံလာခဲ့သည်။ “သူ့ကို ဂရုမစိုက်နဲ့၊ မင်းတို့လုပ်စရာရှိတာ ဆက်လုပ်ကြ” ဝူယွမ်က အေးဆေးပဲ ပြောလိုက်သည်။

“ငါ့အစ်ကိုကြီးက လူတစ်ယောက်ကို ဆုံးမနေတဲ့အချိန်မှာ မင်းက ဝင်ရှုပ်ဖို့ မထိုက်တန်သေးဘူး။ မင်းလည်း အဲဒီ တာ့ရှန့်ပြည်ထောင်စုကဆိုတော့ လူကောင်းဖြစ်မှာမဟုတ်ဘူး။ မင်းကို ငါပဲ တရားစီရင်ပေးလိုက်မယ်” လင်းတုန်က မည်သည့်အချိန်က ကောင်းကင်သို့ ရောက်သွားသည်မသိဘဲ ထိုခေါင်းလောင်းကြီးကို လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ ခေါင်းလောင်းကြီးမှာ ချိုင့်ဝင်သွားပြီး လွင့်ထွက်သွားလေသည်။

လင်းတုန်က နောက်ထပ် လက်သီးချက်တစ်ခု ထပ်မံထုတ်ဖော်လိုက်ရာ ခေါင်းလောင်းကြီးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ခဏချင်းမှာပင် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာတစ်ခုကို လက်သီးနှစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့သည့် လင်းတုန်၏ ကိုယ်ခန္ဓာအင်အားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး အသက်ရှူမှားသွားကြသည်။

တာ့ရှန့်ပြည်ထောင်စုမှ ကျင့်ကြံသူ ရှန်းကျွင့်က နတ်ဆိုးဓားသိုင်းဖြင့် ပြန်လည်ခုခံတိုက်ခိုက်သော်လည်း လင်းတုန်က ထိုဓားချက်ကို လုံးဝဂရုမစိုက်ဘဲ တိုးဝင်ကာ ရှန်းကျွင့်၏ လည်ပင်းကို ဖမ်းညှစ်လိုက်သည်။ နိဗ္ဗာန်အဆင့်လေးမှာရှိသော ရှန်းကျွင့်ပင်လျှင် လင်းတုန်၏လက်ထဲမှ မရုန်းထွက်နိုင်တော့ပေ။

“ဒူးသွားထောက်စမ်း” လင်းတုန်က အော်ဟစ်ရင်း ရှန်းကျွင့်ကို လေးလံအကျဉ်းထောင်မီးတောက်တောင်အောက်သို့ ပစ်ချလိုက်သည်။

ထိုအချိန်တွင် လီကွမ်မှာ ထန်ရွှမ်၏လက်ချက်ဖြင့် အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားပြီ ဖြစ်သည်။ “အစ်ကိုကြီး... သူတို့ကို ဘယ်လိုဆက်လုပ်မလဲ” ဟု လင်းတုန်က မေးလိုက်သည်။ ဝူယွမ်က “သူတို့ရဲ့ သိုလှောင်အိတ်တွေနဲ့ နိဗ္ဗာန်တံဆိပ်တွေကို သိမ်းလိုက်” ဟု ပြန်ဖြေလိုက်လေသည်။

ရှန်းကျွင့်က ကြောက်လန့်တကြားဖြင့် “မင်းတို့က ဘယ်သူတွေလဲ၊ ဘယ်ပြည်ထောင်စုကလဲ” ဟု မေးလိုက်ရာ ဝူယွမ်က “မဟာယန်ပြည်ထောင်စုလေ... ကြားဖူးလား” ဟု ခပ်အေးအေး ပြန်ပြောလိုက်သည်။

“မင်းတို့က... လေတိမ်ပြည်ထောင်စုကို အမြစ်ပြတ်အောင်လုပ်ခဲ့တဲ့သူတွေလား” ရှန်းကျွင့် တုန်လှုပ်သွားခဲ့သည်။

“ဟုတ်တယ်၊ အခု မင်းတို့ တာ့ရှန့်ပြည်ထောင်စုကိုလည်း အဲဒီစာရင်းထဲ ထည့်လိုက်ပြီ။ သွားတော့” ဝူယွမ်က လင်းတုန် ပစ္စည်းများသိမ်းပြီးသည်နှင့် တောင်ထိပ်မှ မီးတောက်များကို ထုတ်လွှတ်လိုက်ရာ တာ့ရှန့်ပြည်ထောင်စုမှ လူအားလုံး အရှင်လက်လက် မီးလောင်တိုက်သွင်းခြင်း ခံလိုက်ရတော့သည်။

“ဝူယွမ်... မင်း အသေဆိုးနဲ့သေရလိမ့်မယ်၊ မြေနတ်ဆိုးမဟာမိတ်နဲ့ နတ်ဆိုးဂိုဏ်းကြီးလေးခုရဲ့ ဆက်ခံသူတွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး” ဟု ရှန်းကျွင့်က နောက်ဆုံးအော်ဟစ်ရင်း မီးတောက်ချော်ရည်များအောက်တွင် ပျောက်ကွယ်သွားတော့သည်။

လင်းတုန်က “မြေနတ်ဆိုးမဟာမိတ်၊ နတ်ဆိုးဂိုဏ်းကြီးလေးခု၊ အဲဒါတွေက ဘာတွေလဲ” ဟု မေးလိုက်သည်။

မိုတီက “မြေနတ်ဆိုးမဟာမိတ်ဆိုတာ အင်အားကြီး ဂိုဏ်းပေါင်းစုံ မဟာမိတ်တစ်ခုပဲ။ နတ်ဆိုးဂိုဏ်းကြီးလေးခုရဲ့ အမွေအနှစ်တွေက အင်အားကြီးပြည်ထောင်စုလေးခုရဲ့ လက်ထဲကို ရောက်နေတယ်။ ဒါပေမဲ့ အဲဒီအမွေအနှစ်တွေကို အပြည့်အဝနိုးထစေဖို့ဆိုရင် ရွှမ်ဂိုဏ်းကြီးလေးခု ဆက်ခံသူတွေရဲ့ သွေးလိုအပ်တယ်လို့ ကြားဖူးတယ်” ဟု ဆိုကာ ဝူယွမ်နှင့် လင်းတုန်ကို ကြည့်ရင်း “ရွှမ်ဂိုဏ်းကြီးလေးခုရဲ့ အမွေအနှစ်တွေကို အစ်ကိုကြီးတို့ ရထားတာလား” ဟု အံ့အားသင့်စွာ မေးလိုက်လေတော့သည်။

“မင်း ခန့်မှန်းတာ မှန်တယ်” ဝူယွမ်က နောက်ပိုင်းတွင် လူတိုင်းသိမည့်ကိစ္စမလို့ ဖုံးကွယ်မနေပဲ အမှန်တိုင်းပြောလိုက်သည်။

All Chapters