← Chapters

နတ်ဆိုးဂိုဏ်းကြီးလေးခု၏ ဆက်ခံသူများနှင့် ရင်ဆိုင်ခြင်း

Vol. 19 Ch. 189

နတ်ဆိုးဂိုဏ်းကြီးလေးခု၏ ဆက်ခံသူများနှင့် ရင်ဆိုင်ခြင်း

Vol. 19 Ch. 189

မိုတီနှင့် အခြားသူများ၏ မျက်နှာထက်တွင် စိုးရိမ်ရိပ်များ တစ်ဖန်ယှက်သန်းလာခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ရန်သူများက အထူးပြည်ထောင်စုကြီးလေးခု ဖြစ်နေသောကြောင့်ပင်။ ထိုပြည်ထောင်စုများက ရှေးဟောင်းနတ်ဆိုးဂိုဏ်းများ၏ အမွေအနှစ်ကို ဆက်ခံထားကြသဖြင့် တာ့ရှန့်ပြည်ထောင်စုကဲ့သို့ အင်အားစုများထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လှပေသည်။

ယခုအခါ ဝူယွမ်နှင့် သူ၏အဖွဲ့သည် ထိုပြည်ထောင်ကြီးလေးခုလုံးကို တစ်ပြိုင်နက်တည်း ရန်စလိုက်သကဲ့သို့ ဖြစ်နေလေသည်။

သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် ပြည်ထောင်တစ်ခုတည်းမှလာသော ဝူယွမ်တို့အဖွဲ့က ရွှမ်နန်းတော်လေးခုလုံး၏ အမွေအနှစ်ကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အံဩစရာပင် ဖြစ်တော့သည်။

“အထူးပြည်ထောင်ကြီးလေးခု ဟုတ်လား၊ ဟဲဟဲ... ငါတို့မှာ လူအင်အားတောင့်တင်းနေလို့ ဘယ်နေရာမှာ နိဗ္ဗာန်တံဆိပ်တွေ ထပ်ပြီး စုပ်ယူလို့ရမလဲလို့ စဉ်းစားနေတာ။ သူတို့ တကယ်လာရဲရင်တော့ အကုန်လုံးကို သိမ်းကျုံးယူပစ်ရမယ်”

ဝူယွမ်က ခနဲ့တဲ့တဲ့ ရယ်မောကာ ပြောလိုက်ခဲ့ပြီး သူ၏လေသံထဲတွင်လည်း စိုးရိမ်ပူပန်မှု အလျဉ်းမရှိပေ။ သူက ဇာတ်ကြောင်းကို သိထားသူ ဖြစ်သဖြင့် ယခု သူတို့ပိုင်ဆိုင်ထားသော အစွမ်းဖြင့်ဆိုလျှင် အဆင့်မြင့်ပြည်ထောင်ကြီးလေးခုကို တစ်ယောက်ချင်း ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့စရာမလိုကြောင်း နားလည်ထားပေသည်။

“ဒီနတ်ဆိုးဂိုဏ်းကြီးလေးခုဆိုတာ ဘာတွေလဲ” ဟု လင်းတုန်က မေးမြန်းလိုက်သည်။ မျိုးနွယ်စုများအကြား အမွေဆက်ခံလာသော ရန်ငြိုးများအကြောင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

မိုတဲ့က “ဒီနတ်ဆိုးဂိုဏ်းကြီးလေးခုကို ရှေးဟောင်းသားရဲကြီးတွေဖြစ်တဲ့ ထောင်းထျဲ့၊ ချုံးချီ၊ တောက်ဝူနဲ့ ကျူးယန် ဆိုပြီး အမည်ပေးထားတာပါ” ဟု ရှင်းပြလေသည်။

ထန်းရွှမ်ကလည်း စိုးရိမ်တကြီးဖြင့် “အစ်ကိုကြီးဝူယွမ်... ဒီအမွေအနှစ်တွေက ထူးခြားလွန်းွန်းသလို အဲဒီပြည်ထောင်တွေရဲ့ မူလအခြေခံ အင်အားကလည်း တောင့်တင်းတယ်၊ တကယ်လို့ အထူးပြည်ထောင်ကြီးလေးခုလုံးက တစ်ပြိုင်နက် တိုက်ခိုက်လာမယ်ဆိုရင်တော့ ကျွန်မ စိုးရိမ်မိတာက….”

ဝူယွမ်ကမူ “စိုးရိမ်စရာ မရှိပါဘူး၊ ဒီအဆင့်ထိ ရောက်လာမှတော့ ငါတို့ နောက်ဆုတ်လို့ မရတော့ဘူး၊ သွားကြစို့... ဘယ်သူက ဘယ်သူ့ကို ဝါးမျိုမလဲဆိုတာ မကြာခင် သိရပါလိမ့်မယ်” ဟု ပြတ်သားစွာ ပြောလိုက်ပေသည်။

မိုတျဲ့နှင့် ထန်းရွှမ်တို့က ဝူယွမ်တို့နှင့် ကွဲကွာနေသည်မှာ ကြာပြီဖြစ်ရာ ယခုအခါ ဝူယွမ်တို့၏ အစွမ်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းနေသည်ကို ရိပ်မိခြင်းမရှိကြချေ။ သို့သော် ယခုအခြေအနေတွင် မဟာယန်ပြည်ထောင်နှင့်အတူ သေအတူရှင်မတူ ရင်ဆိုင်ရန်သာ ဆုံးဖြတ်ထားကြသဖြင့် အစွမ်းကုန် တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြလေသည်။

“အစ်ကိုကြီး... ကျွန်တော် အဆင့်တက်တော့မယ်”

တောအုပ်တစ်ခုအတွင်းသို့ သွားနေရင်း ရှောင်ယန်က ရုတ်တရက် ပြောလိုက်သည်။ ဗာမီလီယံငှက်နန်းတော်မှ အမွေအနှစ်ကို ရရှိပြီးနောက် သူ နိဗ္ဗာန်အဆင့်သုံး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အချိန်အတန်ကြာ အခြေခိုင်အောင် လေ့ကျင့်ပြီးနောက် ယခုအခါ အဆင့်တက်ရန် အချိန်ကျရောက်လာခြင်း ဖြစ်သည်။

ဝူယွမ်ကလည်း ခေါင်းညိတ်လျက် “အင်း... ငါလည်း အဆင့်တက်တော့မယ်လို့ ခံစားနေရတယ်” ဟု ဆိုလိုက်သည်။ သူ၏ ကိုယ်တွင်းရှိ နိဗ္ဗာန်ယွမ်စွမ်းအင်မှာ ပြည့်လျှံနေပြီဖြစ်ရာ နိဗ္ဗာန်ကပ်ဘေးက အချိန်မရွေး ကြဆင်းလာနိုင်ပေသည်။

ဝူယွမ်၏ ခန္ဓာကိုယ်မှာ အလွန်တရာ အစွမ်းထက်လွန်းလှသဖြင့် အခြားသူများထက် စွမ်းအင်ဆယ်ဆ၊ အဆတစ်ရာမက ပိုမိုလိုအပ်ပေသည်။ ၎င်းမှာ ‘ဖိနှိပ်ခြင်းအကျင်း‌ေထာင် ဘုရင်ကိုယ်ခန္ဓာ’ နှင့် ‘ကောင်းကင်ပြာဧကရာဇ်ကိုယ်ခန္ဓာ’ တို့ကြောင့် အခြေခံလိုအပ်ချက်မှာ အဆမတန်များပြားနေခြင်းပင်။ ဥပမာအားဖြင့် အခြားသူများက ရေတစ်ခွက်ဖြင့် ပြည့်နိုင်သော်လည်း ဝူယွမ်မှာမူ ရေတွင်းတစ်တွင်းစာမျှ လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဝူယွမ်က အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်း ဖြစ်ပေသည်။

သူတို့က ခရီးကို ခေတ္တရပ်နား၍ နိဗ္ဗာန်ကပ်ဘေးကို ရင်ဆိုင်ရန် ပြင်ဆင်ကြတော့သည်။ ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံထားသော တောအုပ်အတွင်း၌ ဝူယွမ်နှင့် ရှောင်ယန်တို့သည် နိဗ္ဗာန်ဆေးလုံးများဖြင့် ဝန်းရံကာ ကျင့်ကြံနေကြပြီး နိဗ္ဗာန်ယွမ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် တောအုပ်အထက်၌ မီးတောက်များ ရုတ်တရက် အရှိန်အဟုန်ပြင်းပြင်းဖြင့် တောက်လောက်လာကာ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုမီးလျှံများက မျောက်နှင့်တူသော ခန္ဓာကိုယ်၊ ဖြူဖွေးသော ဦးခေါင်းနှင့် နီရဲသော ခြေထောက်များ ရှိသည့် ဧရာမသားရဲကြီးတစ်ကောင်အဖြစ် ပုံပေါ်သွားခဲ့သည်။

“ဒါက ရှေးဟောင်းသားရဲဆိုး ကျူးယန် ပဲ”

ရှောင်တျောင်းက ကောင်းကင်သို့ မော့ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။ “သူတို့ ဒီလောက်မြန်မြန် ရှာတွေ့လာလိမ့်မယ်လို့ မထင်ထားဘူး”

မီးလျှံများ၏ နောက်တွင် နောက်ထပ် အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါ်လာပြန်သည်။ ကျားနှင့်တူသော်လည်း နွားကဲ့သို့ ကြီးမားပြီး အတောင်ပံတစ်စုံ ပါရှိသော သွေးနီရောင် သားရဲအရိပ်တစ်ခု ကျူးယန်၏ ဘေးတွင် ပေါ်ထွက်လာခဲ့ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။

“ရှေးဟောင်းသားရဲဆိုး ချုံးချီ ပဲ”

ရှောင်တျောင်းက လျှာသပ်ရင်း ဝူယွမ်နှင့် ရှောင်ယန်တို့ကို တစ်လှည့်စီကြည့်ကာ “နှစ်ယောက်တောင် တစ်ပြိုင်နက် လာတာလား။ တော်သေးတာပေါ့ လေးယောက်လုံး မဟုတ်လို့။ မဟုတ်ရင်တော့ ကိုင်တွယ်ရ တကယ်ခက်လိမ့်မယ်” ဟု စိုးရိမ်မှု အနည်းငယ်ရောယှက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“တာလော့ပြည်ထောင်စုက ရှောင်ရှန်း” “သွေးတံဆိပ်ပြည်ထောင်စုက သွေးရိပ်” “ငါတို့က ဝူယွမ်ရဲ့ အသက်ကို လာယူတာ၊ ဘယ်သူက ဝူယွမ်လဲ... ရှေ့ကို ထွက်ခဲ့စမ်း”

သားရဲနတ်ဆိုးအရိပ်နှစ်ခုနှင့်အတူ ကောင်းကင်၌ လူစုနှစ်စု ပေါ်လာခဲ့ပြီး အဖွဲ့တစ်ခုစီတွင် လူပေါင်းများစွာ ပါဝင်နေပေသည်။ သူတို့အနက် အားနည်းဆုံးသူပင် နိဗ္ဗာန်အဆင့်နှစ်၌ ရှိနေကြပေသည်။

“ဒီပွဲကတော့ ကြည့်ကောင်းတော့မယ်။ တာလော့ပြည်ထောင်က ရှောင်ရှန်းဆိုတာ နိဗ္ဗာန်ကပ်ဘေး ငါးကြိမ်မြောက်ကို ရင်ဆိုင်ရင်း ကျရှုံးခဲ့ပေမဲ့ နိဗ္ဗာန်အဆင့်လေး ထဲမှာတော့ ပြိုင်ဘက်ကင်းသလောက်ပဲ။ လေတိမ်ပြည်ထောင်စုတို့ တာ့ရှန့်ပြည်ထောင်စုတို့ထက် အများကြီး ပိုအစွမ်းထက်တယ်”

“အဲဒီ သွေးရိပ် ဆိုတဲ့လူကလည်း နိဗ္ဗာန်အဆင့်ငါး ကို တက်လှမ်းဖို့ ကြိုးစားနေတာ။ ကိုင်တွယ်ရ ပိုခက်လိမ့်မယ်”

ကြည့်ရှုနေသူများက ဝေဖန်နေခဲ့ကြပြီး မဟာယန်ပြည်ထောင်စုက ယခုအကြိမ်တွင် အခက်တွေ့ရတော့မည်ဟု အားလုံးက ထင်မှတ်နေကြပေသည်။ သားရဲဆိုးနှစ်ကောင်၏ အရှိန်အဝါအောက်တွင် ရန်သူများက ဝိုင်းရံထားကြပြီး နိဗ္ဗာန်အဆင့်လေး ကျင့်ကြံသူ ကိုးဦးနှင့် နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူ အမြောက်အမြား ပါဝင်နေသည်။

“ညီအစ်ကို သွေးရိပ်... ဒီကောင်တွေထဲက တချို့ ကအဆင့်တက်ဖို့ လုပ်နေတာပဲ။ ငါတို့ ရွေးလိုက်တဲ့အချိန်က တကယ်ကို အချိန်မှန်ပဲ”

နိဗ္ဗာန်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို ခံစားမိသော ရှောင်ရှန်းက ပြုံး၍ ပြောလိုက်သည်။ သွေးနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သွေးရိပ်ကမူ “ဟဲဟဲ... အဆင့်တက်နေတာပဲဖြစ်ဖြစ် မတက်တာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ” ဟု မထူးခြားသကဲ့သို့ ပြန်ပြောလိုက်သည်။ သူက နိဗ္ဗာန်အဆင့်လေး သို့ စတင်ဝင်ရောက်နေပြီ ဖြစ်ရာ အဆင့်လေး အောက်ရှိသူများကို အရေးလုပ်ရန် မစဉ်းစားတော့ပေ။

“တိုက်ကြစို့၊ အပိုစကားတွေ ပြောမနေနဲ့တော့” သွေးရိပ်က ပြတ်သားစွာပင် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ရာ သွေးရောင်အရိုးစု လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ဝူယွမ်တို့ကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။

“အရှင်သခင်တျောင်း ရှိနေသရွေ့တော့ မင်းတို့ ရမ်းကားဖို့ အလှည့်မရောက်သေးဘူး” ရှောင်တျောင်းက လေထဲသို့ ပျံတက်လိုက်ရာ သူ၏ လက်ဖဝါးမှ ခရမ်းရောင်အလင်းများ ဖြာထွက်လာပြီး ‘ကောင်းကင်နတ်ဆိုးလက်သည်း’ ဖြင့် သွေးရောင်လက်ဝါးကို အစအနမကျန် ဆွဲဖြဲပစ်လိုက်သည်။

“ပိုင်ယွမ်၊ ရှောင်တျောင်း... မင်းတို့ နှစ်ယောက် အစ်ကိုကြီးနဲ့ ရှောင်ယန်ကို ကာကွယ်ပေးထားပါ။ စုရိုနဲ့ ငါပဲ တိုက်ပွဲဝင်မယ်” ဟု လင်းတုန်က အော်ဟစ်လိုက်သည်။ သူက ရှောင်တျောင်းနှင့် ပိုင်ယွမ်တို့ သူတို့၏ နတ်သားရဲ အစွမ်းများကို ထုတ်ဖော်မိကာ အားလုံးသိသွားကြမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

“စီနီယာအစ်ကို လင်းတုန်... ရှောင်ရှန်းကို ကျွန်မ ကိုင်တွယ်ပါ့မယ်” စုရိုက သွားလေးကို ကြိတ်လျက် သူမ၏ ဖြူစင်သော မျက်နှာထက်တွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူမက လက်အတွင်းရှိ တံဆိပ်သုံးခုအနက် ပထမတစ်ခုကို မဆိုင်းမတွပင် ဖွင့်ချလိုက်ရာ အစွမ်းမှာ နိဗ္ဗာန်အဆင့်လေး သို့ ချက်ချင်း မြင့်တက်သွားတော့သည်။

လင်းတုန်သည်လည်း ကောင်းကင်အကြေးခွံရှေးဟောင်းလှံနှင့် ‘နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်’ ကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး ရှောင်ရှန်းနှင့် သွေးရိပ်တို့ကို ရင်ဆိုင်လိုက်လေသည်။

ပြင်းထန်သော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာရာ ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် ပြိုလဲသွားလေသည်။ လင်းတုန်သည်လည်း သူ၏ တံဆိပ်ကို ဖွင့်လိုက်ရာ စွမ်းအင်အငွေ့အသက်မှာ နိဗ္ဗာန်အဆင့်ငါး သို့ ချက်ချင်းရောက်ရှိသွားသည်။ သူက နဂါးနက်တံဆိပ်ကို အသုံးပြု၍ သွေးတံဆိပ်ပြည်ထောင်မှ လူများကို တားဆီးလိုက်သည်။

“ဒါက ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ပဲ။ ဒီတစ်ခါ ရိတ်သိမ်းရတာ ပိုတန်မဲ့ပုံပဲ” သွေးရိပ်၏ မျက်လုံးများတွင် လောဘရိပ်များ ယှက်သန်းနေခဲ့သည်။

“မင်းမှာ အဲဒါကို ယူနိုင်တဲ့ အစွမ်းရှိမရှိ အရင်ကြည့်ကြသေးတာပေါ့” လင်းတုန်က အေးစက်စွာ အော်ဟစ်လျက် “မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ဝါး” ဟု ဟိန်းဟောက်လိုက်ရာ ကောင်းကင်မှ ဧရာမ လက်ဝါးကြီးတစ်ခု ကျဆင်းလာခဲ့သည်။

သွေးရိပ်သည်လည်း “ငရဲမင်း သွေးလက်ဝါး” ဆိုသည့် အစွမ်းထက် ဝိညာဉ်သိုင်းပညာရပ်ဖြင့် ပြန်လည်ခုခံလိုက်သည်။ သိုင်းပညာရပ်နှစ်ခု ထိပ်တိုက်တွေ့မှုကြောင့် ပတ်ဝန်းကျင်ရှိ လေထုများပင် ကစဉ်ကလျား ဖြစ်ကုန်တော့သည်။

“ချုံးချီဝိညာဉ်၊ သွေးငရဲ သတ်ဖြတ်ခြင်း” သွေးရိပ်၏ နောက်ကွယ်မှ သားရဲအရိပ်ကြီးမှာ ပိုကြီးမားလာပြီး လင်းတုန်ကို ဝါးမျိုရန် ကြိုးစားလိုက်သည်။ သို့သော် လင်းတုန်ကလည်း အလျှော့မပေးဘဲ “လိပ်နက်ဝိညာဉ်၊ လေးလံသော ရွှမ်ရေပြင်နယ်ပယ်” ကို ထုတ်ဖော်လိုက်ရာ လိပ်နက်ကြီး ပေါ်ထွက်လာခဲ့ပြီး ရန်သူ၏ သတ်ဖြတ်လိုစိတ်များကို နှိမ်နင်းပစ်လိုက်လေသည်။

သိပ်မကြာမီတွင် လင်းတုန်က အသာစီးရလာပြီး သွေးရိပ်ကိုသာမက အခြားသူများကိုပါ ဖိအားပေးထားနိုင်ခဲ့သည်။ သို့သော် အခြားတစ်ဖက်တွင်မူ စုရိုမှာ အတွေ့အကြုံ နည်းပါးမှုကြောင့် ရှောင်ရှန်းကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ ထိုစဉ် ပိုင်ယွမ်က သူမ၏ ကျောထက်မှ ဖြူစင်သော ယွမ်စွမ်းအင် အတောင်ပံများကို ဖြန့်ကျက်၍ ကောင်းကင်သို့ ပျံတက်လာကာ ‘ကျားဖြူတံဆိပ်’ဖြင့် စုရိုကို ကူညီပေးလိုက်သည်။

အောက်တွင်မူ ရှောင်တျောင်း၊ မိုလင်းနှင့် ကျန်းယွဲ့တို့က ဝူယွမ်နှင့် ရှောင်ယန်တို့ကို ဝိုင်းရံကာကွယ်ထားကြသည်။ နိဗ္ဗာန်ကပ်ဘေးက အလွန်အန္တရာယ်များပြီး အာရုံအနည်းငယ် လွဲချော်သွားရုံဖြင့် နိဗ္ဗာန်မီးတောက်၏ လောင်မြိုက်ခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။

ရန်သူများမှာ အရေအတွက်အားဖြင့် သာလွန်နေသော်လည်း ဝူယွမ်တို့အဖွဲ့ကို မထိုးဖောက်နိုင်သေးပေ။ “အားလုံးပဲ တိုက်ကွက်ဖော်ကြ၊ ငါ ကူညီမယ်” ကျန်းယွဲ့က အော်ဟစ်လိုက်သည်နှင့် မိုလင်းတို့က ဆယ်ယောက် အဖွဲ့နှစ်ဖွဲ့ခွဲကာ စုပေါင်းအစီအရင်အ‌တိုင်း နေရာယူလိုက်ကြတော့သည်။ ထို့နောက် သူမ၏ ‘ချိုမြိန်သောနှင်းစက်ကိုယ်ခန္ဓာ’ အစွမ်းဖြင့် အဖွဲ့ဝင်များကို စဉ်ဆက်မပြတ် ကုသပေးနေသဖြင့် မိုလင်းတို့မှာ မောပန်းခြင်းမရှိဘဲ အစွမ်းထက်သိုင်းပညာရပ်များကို ဆက်တိုက် ထုတ်ဖော်နိုင်ကြလေသည်။

ပွဲကြည့်နေသူများအားလုံး မဟာယန်ပြည်ထောင်က ဝူယွမ်မပါဘဲနှင့်ပင် အထူးပြည်ထောင်ကြီးနှစ်ခုကို ခုခံထားနိုင်သည်ကို မြင်တွေ့ရသောအခါ အံ့ဩမှင်သက်သွားကြတော့သည်။

ဝူယွမ်က အဆင့်တက်နေစဉ်အတွင်းမှာပင် ပတ်ဝန်းကျင် အခြေအနေကို သတိထာမိပေသည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်ကြောင့် နိဗ္ဗာန်ကပ်ဘေးမှာ သူ့အတွက် ခန္ဓာကိုယ် သွေးခြင်းမျှသာ ဖြစ်နေပေသည်။ သူက အဆင့်တက်နေရင်း ကျန်းယွဲ့၏ အစွမ်းနှင့် အခြားသူများ၏ တိုက်ပွဲဝင်မှုကို ကျေကျေနပ်နပ်ကြီး စောင့်ကြည့်နေခဲ့သည်။

“သွေးတံဆိပ်ပြည်ထောင်ကို ခေါ်လာမိတာ မှန်သွားတယ်၊ မဟုတ်ရင်တော့ ငါ တစ်ယောက်တည်းဆို ဒုက္ခရောက်တော့မှာပဲ”ရှောင်ရှန်းက စိတ်ထဲမှ ကျိတ်၍ ဝမ်းသာနေမိသည်။ သွေးရိပ်မှာမူ လင်းတုန်၏ ဖိအားပေးခြင်းကို ခံနေရသဖြင့် ဒေါသတကြီးဖြင့် အစွမ်းကုန် တိုက်ခိုက်နေရလေသည်။

“ဒီလောက်ပဲလား၊ ဒီလောက်နဲ့ ငါတို့ကို လာရှာရဲတာလား။ နောက်ထပ် ပြည်ထောင်ကြီးနှစ်ခုကိုပါ တစ်ခါတည်း ခေါ်လာခဲ့ရင် ပိုကောင်းမယ်” လင်းတုန်က နဂါးနက်တံဆိပ်ကို အသုံးပြု၍ သွေးရိပ်ကို အပြတ်အသတ် နှိမ်နင်းနေခဲ့သည်။

“သွေးရိပ်၊ ရှောင်ရှန်း... မင်းတို့ လူအတွေ၊ ငါတို့ကို မစောင့်ဘဲ အရင်လာကြတာကိုး။ အခုတော့ အခြေအနေ မကောင်း‌တော့ဘူးပေါ့လေ”

ရုတ်တရက် ကောင်းကင်မှ စက်ဆုပ်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ပြိုင်နက်နည်း ကျားနှင့်တူသော်လည်း လူမျက်နှာရှိ၍ ဝက်ဝံအစွယ်များ ပါရှိသော ရှေးဟောင်းသားရဲဆိုး ‘တောက်ဝူ’ ၏ အရိပ်ကြီး ပေါ်လာခဲ့သည်။ ထိုအငွေ့အသက်မှာ ပတ်ဝန်းကျင်ရှိသူများကို ကြောက်လန့်တုန်လှုပ်သွားစေသည်။ ၎င်းမှာ ‘ ‘ခြင်ဆီကျောက်စိမ်းပြည်ထောင်စု’ မှ ဟွာကူး ပဲဖြစ်သည်။

“ဟွာကူး... စကားများမနေနဲ့တော့၊ အတူတူ တိုက်ကြစို့။ ငါသေရင် မင်းလည်း လင်းတုန်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး” ဟု သွေးရိပ်က အော်ပြောလိုက်သည်။

“ဟမ့်... စိတ်မပူစမ်းနဲ့၊ ငါက မင်းတို့လို လူအ မဟုတ်ဘူး။ ‘ထျန်းမိုပြည်ထောင်စု’ ဆီကို အကြောင်းကြားထားပြီးသား။ မကြာခင် သူတို့ ရောက်လာလိမ့်မယ်။ အဲဒီကျရင် ဝူယွမ်ဆိုတဲ့ကောင်က စုန့်မိသားစု ညီအစ်ကိုသုံးယောက်ရှေ့မှာ ဖုန်မှုန့်လိုပဲ ဖြစ်သွားမှာ” ဟွာကူးက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက သွေးရိပ်နဲ့အတူ လင်းတုန်ကို တိုက်ခိုက်လိုက်သည်။

သိပ်မကြာမီမှာပင် မိုးကုတ်စက်ဝိုင်းမှ အစွမ်းထက်သော လူအုပ်ကြီးတစ်စု ပေါ်လာပြန်သည်။ သူတို့၏ အငွေ့အသက်မှာ ရှေ့ကလူများထက် ပိုမိုပြင်းထန်လှသည်။ လူမျက်နှာနှင့် သိုးခန္ဓာကိုယ် ရှိသော ရှေးဟောင်းသားရဲဆိုး ‘ထောင်းထျဲ့’ ၏ အရိပ်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

၎င်းမှာ အထူးပြည်ထောင်စုကြီး ဆယ်ခုအနက် တစ်ခုဖြစ်သော ‘ထျန်းမိုပြည်ထောင်စု’ပဲ ဖြစ်ကာ သူတို့၏ ခေါင်းဆောင် ညီအစ်ကိုသုံးယောက်စလုံးမှာ နိဗ္ဗာန်အဆင့်ငါး သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဟဲဟဲ... ငါတို့ နောက်ကျတော့မလို့” အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။

ထိုသည်ကိုမြင်ပြီး လင်းတုန်၏ မျက်နှာမှာ ပိုမိုလေးနက်သွားကာ “တောက်... နတ်ဆိုးပြည်ထောင်စုကြီး လေးခုလုံး တကယ် ရောက်လာတာပဲ။ အခုတော့ အစ်ကိုကြီး လှုပ်ရှားမှ ဖြစ်တော့မယ်” ဟု ရေရွတ်လိုက်လေသည်။

All Chapters