← Chapters

ဒီလိုတောင်းဆိုမှုမျိုး တစ်ခါမှ မကြားဖူးဘူး

Vol. 1 Ch. 14

ဒီလိုတောင်းဆိုမှုမျိုး တစ်ခါမှ မကြားဖူးဘူး

Vol. 1 Ch. 14

~"ဟာ... လုံအိမ်တော်က သခင်လေး 'လုံချီထျန်း' ပါလား"

"အသက် (၁၆) နှစ်နဲ့ ချီစုစည်းခြင်း (၅) ဆင့်မြောက် ရောက်နေတဲ့ ပါရမီရှင်ဆိုတာ သူပဲ... ဒါပေမယ့် သူက ဘယ်ဂိုဏ်းမှ မဝင်ဖူးသေးဘူးတဲ့"

"လုံအိမ်တော်ရဲ့ ဘိုးဘေးကြီးက ချီစုစည်းခြင်း (၉) ဆင့်မြောက်ကို ရောက်နေတာလေ... တစ်အိမ်တော်လုံးရဲ့ အင်အားက အလယ်အဆင့်ဂိုဏ်းတစ်ခုနဲ့ ညီမျှနေတာပဲ... တခြားဂိုဏ်း ဝင်စရာ မလိုပါဘူး"

"ဒါဆို... သူက ဘာလို့ မြူခိုးဂိုဏ်းကို ဝင်ချင်ရတာလဲ"

"သေချာတာပေါ့... မြူခိုးဂိုဏ်းက တပည့်မလေးနှစ်ယောက်ကို မျက်စိကျနေတာ နေမှာ... တကယ့် ကောင်စုတ်လေးပဲ"

တီးတိုး တီးတိုး စကားသံများ ထွက်ပေါ်လာ၏။

တန်းစီနေသူများ အားလုံး (၁၀) မီတာခန့်အကွာသို့ ကမန်းကတန်း ဆုတ်ခွာသွားကြ၏။ မည်သူမျှ လုံချီထျန်း အနား မကပ်ရဲကြပေ။

သို့သော် တီးတိုးပြောဆိုသံများကတော့ ပျံ့နှံ့နေဆဲပင်။

ထိုစကားများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း သတိထားမိလိုက်၏။ လုံချီထျန်းသည် လီကျောက်ကျောက်နှင့် မိုယင်တို့ကို မျက်လုံးအရောင် တောက်တောက်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လီကျောက်ကျောက်က လန်းဆန်းတက်ကြွပြီး လှပသည်။ လုံချီထျန်း ဘေးနားရှိ အလှပြင်ထားသော မိန်းမပျက်များနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။

မိုယင်မှာမူ မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကျော့ရှင်းလှပပြီး၊ အေးစက်စက် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။

လုံချီထျန်း တစ်ယောက်တည်း မဟုတ်... ယဲ့ဖုန်းကိုယ်တိုင်လည်း သူတို့၏ ခန္ဓာကိုယ်အချိုးအစားမှာ ပြီးပြည့်စုံသည်ဟု ထင်မြင်မိ၏။

"ဖြောင်း"

လုံချီထျန်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) တုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး မောက်မာစွာ ပြောလိုက်၏။

"ဒီနေ့ကစပြီး ငါက မြူခိုးဂိုဏ်းရဲ့ စီနီယာအစ်ကိုကြီး ဖြစ်သွားပြီ... တွေ့တာနဲ့ ငါ့ကို နှုတ်ဆက်ကြရမယ်... အထူးသဖြင့် ဒီ ဂျူနီယာညီမလေး နှစ်ယောက်... ငါ့ရဲ့ နေ့စဉ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်"

ယဲ့ဖုန်းသည် လုံချီထျန်းကို ငတုံးတစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်လိုက်၏။

ရည်ရွယ်ချက် မကောင်းသောသူများကို သူ့ဂိုဏ်းထဲသို့ ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။

"ယုတ်မာတဲ့ ရည်ရွယ်ချက်ပါ၊ စရိုက်လက္ခဏာ ညံ့ဖျင်းပါတယ်၊ သတ်မှတ်ချက်နဲ့ မကိုက်ညီပါ" ထိုအချိန်တွင် စနစ်ကလည်း သတိပေးလာသည်။

ပထမဦးဆုံး အကြိမ်အဖြစ် ယဲ့ဖုန်းသည် ခွေးစနစ်နှင့် သဘောထားချင်း တိုက်ဆိုင်သွား၏။

ထို့ကြောင့် ယဲ့ဖုန်းသည် စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံး (၅) တုံးကို ညွှန်ပြပြီး လေးနက်စွာ ပြောလိုက်၏။

"မင်းက လုံချီထျန်း ဖြစ်ဖြစ်... လုံအော့ထျန်း ဖြစ်ဖြစ်... ကျောက်ရီထျန်းပဲ ဖြစ်ဖြစ်... ငါတို့ မြူခိုးဂိုဏ်းက စိတ်မဝင်စားဘူး... အေးတဲ့နေရာ သွားပြီး အေးဆေးနေလိုက်တော့"

"အံမာ၊ မင်းက ငါ့ကို ငြင်းရဲတယ်ပေါ့"

လုံချီထျန်း ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွား၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်း စိတ်ထဲတွင် မှတ်ချက်ပြုလိုက်မိ၏။

'ကျင့်ကြံခြင်းလောကမှာ ဒီလို ဦးနှောက်မရှိတဲ့ ဗီလိန်မျိုးတွေ ဘယ်တော့မှ မရှားပါလား'

သို့သော် လုံချီထျန်း လက်စားချေမည်ကို သူ မကြောက်ပေ။ သူသည် မြို့စားမင်းအိမ်တော်၏ အကာအကွယ် ရရှိထားသော တရားဝင် ဂိုဏ်းချုပ် တစ်ဦး ဖြစ်၏။

မိသားစုတစ်ခုရဲ့ မျိုးဆက်သစ် လူငယ်လေးလောက်ကို ကြောက်နေရရင်... ဂိုဏ်းချုပ် ဘယ်လိုလုပ်တော့မလဲ။

"မင်း တစ်ခါမှ အငြင်းမခံရဖူးဘူးလား"

ယဲ့ဖုန်းက မျက်ခွံတစ်ဖက် ပင့်လိုက်ပြီး အဝေးရှိ ရေပုပ်မြောင်း တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

"ဒါနဲ့... ဟိုနားက ပိုအေးမယ် ထင်တယ်"

လုံချီထျန်းသည် ဘေးနားရှိ မိန်းမနှစ်ယောက်ကို တွန်းထုတ်လိုက်၏။

"ရေပေါ်ဖြူမြို့တော်မှာ ဒီသခင်လေးကို ဘယ်သူမှ မငြင်းရဲဘူးကွ... မင်းက ပထမဆုံးပဲ"

သူ ရှေ့တစ်လှမ်း တိုးလိုက်ပြီး လက်သီးကို မြှောက်လိုက်၏။

သို့သော်... သူ၏ လက်သီးသည် ယဲ့ဖုန်း၏ ခေါင်းပေါ် တစ်ပေအကွာလောက်တွင် ရပ်တန့်သွားသည်။ သူ့အနောက်မှ သက်တော်စောင့် နှစ်ယောက်က ဝင်ရောက် တားဆီးလိုက်သောကြောင့် ဖြစ်၏။

"သခင်လေး... သူက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ... သူ့ကို ရိုက်လို့ မဖြစ်ပါဘူး... မြို့စားမင်းအိမ်တော်အထိ ရောက်သွားရင် ရှင်းရခက်ပါလိမ့်မယ်" သက်တော်စောင့် တစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဟုတ်ပါတယ်" နောက်တစ်ယောက်က ထောက်ခံသည်။

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

"ကြည့်ရတာ... ဒီသက်တော်စောင့် နှစ်ယောက်က မင်းကို ကာကွယ်ဖို့ ပါလာတာ မဟုတ်ဘဲ... မင်း ပြဿနာ မရှာမိအောင် တားဖို့ ပါလာတာနဲ့ တူတယ်"

"ပေါက်ကရ... အဆင့်နိမ့်ဂိုဏ်းချုပ်လောက်ကို ငါ လုံချီထျန်းက မထိပါးရဲစရာ အကြောင်းမရှိဘူး"

လုံချီထျန်းသည် သက်တော်စောင့်များ၏ လက်ကို ရုန်းထွက်လိုက်ပြီး ယဲ့ဖုန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ငါ မင်းကို မရိုက်ရဲဘူး ထင်နေတာလား"

"ရိုက်လေ... ရိုက်လိုက်စမ်းပါ"

ယဲ့ဖုန်း လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ဂရုမစိုက်ဟန် ပြလိုက်၏။

လုံချီထျန်းသာ သူ့ကို တကယ် ရိုက်လိုက်ရင်... သူ ချက်ချင်း မြေကြီးပေါ် လှဲချလိုက်မည်... ဝိညာဉ်ကျောက်တုံး (၁၀၀) မရမချင်း ပြန်မထဘူးဟု ဆုံးဖြတ်ထားလိုက်၏။

"ဂိုဏ်းစထောင်ခါစ အချိန်မှာ... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွားအတွက် အစွမ်းကုန် ကြိုးစားရမှာပေါ့"

ယဲ့ဖုန်း စိတ်ထဲတွင် ကြံစည်လိုက်ပြီး၊ လုံချီထျန်း ရိုက်လာမည့် အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလိုက်၏။

ယဲ့ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ လုံချီထျန်း လက်သီးရွယ်လိုက်သော်လည်း၊ မိသားစု၏ လစဉ်ကြေး ဖြတ်တောက်ခံရမည်ကို တွေးမိပြီး ပြန်ရုတ်သိမ်းလိုက်ရသည်။

လုံချီထျန်း မရိုက်တော့သည်ကို မြင်လိုက်ရသောအခါ ရှီလေ့နှင့် အခြားတပည့်များ သက်ပြင်းချလိုက်ကြ၏။

သို့သော်... လုံချီထျန်းသည် သူ့သိက္ခာကို ပြန်ဆယ်ရန်အတွက် ဉာဏ်နီဉာဏ်နက် တစ်ခု ထွက်လာသည်။ သူသည် ကိုယ့်နှာခေါင်း ကိုယ်ပြန်လက်ညှိုးထိုးပြီး ယဲ့ဖုန်းကို လှောင်ပြောင်လိုက်၏။

"ငါ မင်းကို မရိုက်ဘူး... ဒါပေမယ့် မင်းကရော ငါ့ကို ရိုက်ရဲလို့လား... ငါ ဒီမှာ ရပ်နေပေးမယ်... လာစမ်းပါ... ရိုက်ကြည့်လိုက်စမ်းပါ"

လုံချီထျန်း အထင်တွင် ယဲ့ဖုန်းသည် သူ့ကို ရိုက်ရဲမည် မဟုတ်ပေ။ ထို့ကြောင့် သရေကျသွားသည်ဟု ယူဆနိုင်သည်။

ဒီနည်းနှင့် သူ့သိက္ခာကို ကယ်တင်နိုင်လိမ့်မည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။

ဘုရားရေ...

ဘယ်အရူးကများ ဒီလို ပေါက်ကရ တောင်းဆိုမှုမျိုး လုပ်ရတာလဲ။

"ဒုန်း"

အားပါပြင်းထန်သော လက်သီးတစ်ချက်သည် လုံချီထျန်း၏ နှာခေါင်းတည့်တည့်သို့ ဝင်ရောက်သွားပြီး သွေးများ ပန်းထွက်လာသည်။

လုံချီထျန်း နောက်သို့ ခြေလှမ်းနှစ်လှမ်း ယိုင်နဲ့သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဘေးမှ လူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ယဲ့ဖုန်းက တကယ်ကြီး ရိုက်ရဲတယ် ဟုတ်လား။

"အားလုံး ကြားတဲ့အတိုင်းပဲနော်... လုံချီထျန်း ကိုယ်တိုင်က သူ့ကို ရိုက်ပါလို့ တောင်းဆိုခဲ့တာ... ငါ ယဲ့ဖုန်း အသက် (၂၀) ရှိပြီ... ဒီလို ထူးဆန်းတဲ့ တောင်းဆိုမှုမျိုး တစ်ခါမှ မကြားဖူးသေးဘူး"

ယဲ့ဖုန်း လက်ဖြန့်ပြလိုက်၏။

လုံချီထျန်းသည် နှာခေါင်းမှ သွေးများကို သုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရီလျက် ယဲ့ဖုန်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"မင်း... မင်း ငါ့ကို ရိုက်တယ်ပေါ့"

"ကောင်းပြီလေ"

ယဲ့ဖုန်းက ဒါ မေးခွန်းလား၊ တောင်းဆိုမှုလား ဆိုတာ ဂရုမစိုက်တော့ပေ။ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပြေးဝင်သွားတော့၏။

လက်သီးတည့်တည့်ထိုးခြင်း၊ ဝိုက်ထိုးခြင်း၊ ကြိုးကြာဖြူ အတောင်ပံဖြန့်ခြင်း၊ ခြေကန်ခြင်း... စသည့် သိုင်းကွက်ပေါင်းစုံကို ထုတ်ဖော်ကာ တရစပ် တိုက်ခိုက်လိုက်၏။

သိုင်းကွက် (၁၅) ကွက် ဆက်တိုက် ထိုးနှက်ပြီးနောက်... လုံချီထျန်းခမျာ မျက်နှာ တစ်ခုလုံး ဖူးယောင် ပေါက်ပြဲကာ မြေကြီးပေါ်တွင် လဲကျသွားလေတော့၏။

ဒဏ်ရာများက အပေါ်ယံမျှသာ ဖြစ်သော်လည်း၊ သူ လုံးဝ ကြောင်သွားရသည်။

ယဲ့ဖုန်းက သူ့ကို တကယ် ရိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ အထူးသဖြင့် ဒီလောက် စိတ်ပါလက်ပါနှင့် (၁၅) ချက်တောင် ဆက်တိုက် ရိုက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ချေ။

ပွဲကြည့်ပရိသတ်များလည်း ဆွံ့အသွားကြ၏။

"ဂိုဏ်းချုပ်ယဲ့... တော်ပါတော့ဗျာ"

လုံအိမ်တော်မှ သက်တော်စောင့် နှစ်ဦးသည် ယဲ့ဖုန်း၏ ရှေ့တွင် ချက်ချင်း ဝင်ရပ်လိုက်ကြ၏။

"ခုနက သခင်လေးက ဂိုဏ်းချုပ်ယဲ့ကို မရိုမသေ လုပ်ခဲ့မိပါတယ်... အခုလည်း အရိုက်ခံလိုက်ရပြီ ဆိုတော့... ဒီကိစ္စကို ဒီမှာတင် ကျေအေးလိုက်ကြရအောင်ဗျာ"

ယဲ့ဖုန်း အားမရသေးပေ။

"ဒီလိုလုပ်ပါလား... သခင်လေးကို ငါ့ကို ပြန်ရိုက်ခိုင်းလိုက်... ပြီးရင် လျော်ကြေးအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးလိုက်... ဟေး... မသွားနဲ့လေ... (၅) တုံးဆိုလည်း ရပါတယ်ကွ"

"ခွင့်ပြုပါဦး"

သက်တော်စောင့် နှစ်ယောက်၏ မျက်နှာများ ရှုံ့မဲ့သွားပြီး၊ လုံချီထျန်းကို ကပျာကယာ တွဲထူကာ ဂိုဏ်းတစ်ရာ ကွင်းပြင်မှ အမြန်ဆုံး ထွက်ခွာသွားကြလေတော့၏။

"ယဲ့ဖုန်း... ဒီနေ့ကိစ္စကို ငါ မှတ်ထားမယ်... အွန်း... အွန်း... အွန်း"

လုံချီထျန်း စကားမဆုံးခင်မှာပင် ပါးစပ်ထဲသို့ ခြေအိတ်ပုပ်ကြီး ထိုးထည့်ခံလိုက်ရသကဲ့သို့ ထူးဆန်းသော အသံများသာ ထွက်ပေါ်လာတော့၏။

"လုံအိမ်တော်ရဲ့ သက်တော်စောင့်တွေက ဘာလို့ ငါ့ကို ကြောက်နေကြတာလဲ"

လုံချီထျန်းတို့အဖွဲ့ ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း ယဲ့ဖုန်း စိတ်ထဲတွင် ထူးဆန်းစွာ ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်ဦးလေး... ဦးလေး တကယ်ကြီး ရိုက်လိုက်တာလား"

လီကျောက်ကျောက်နှင့် တပည့်များ သတိပြန်ဝင်လာကြ၏။

မလှမ်းမကမ်းတွင် ရပ်နေသော မိုယင်သည် ဇာပုဝါအောက်မှတစ်ဆင့် ယဲ့ဖုန်းကို အံ့သြစွာ စိုက်ကြည့်နေမိ၏။

'ဒီလူက သာမန်လူ မဟုတ်ဘူးလား... ခုနက လက်သီးထိုးလိုက်တဲ့ အချိန်တုန်းက သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရမ်း သန်မာနေသလိုပဲ... ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်နေသလိုတောင် ခံစားလိုက်ရတယ်... ငါ အထင်မှားတာများလား' မိုယင် တွေးတောလိုက်မိ၏။

ကျင့်ကြံသူတစ်ယောက်သည် ချီစုစည်းခြင်း အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်၊ ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ် သွေးကြောများထဲတွင် နေ့ညမပြတ် စီးဆင်းလည်ပတ်နေပြီး အသားအရေနှင့် ကြွက်သားများကို ပြုစုပျိုးထောင်ပေးလေသည်။

ကျင့်ကြံခြင်း အဆင့်မြင့်လေ၊ အသက်ကြီးလေ၊ ခန္ဓာကိုယ်က ပိုမို ကြံ့ခိုင်သန်မာလေ ဖြစ်၏။ အဘိုးအို ကျင့်ကြံသူများကို ပိန်လှီနေသည်ဟု အထင်မသေးသင့်ပေ။ သူတို့၏ ခွန်အားမှာ အံ့မခန်း ကြီးမားနိုင်သည်။

ဒါက ဝိညာဉ်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ခံရခြင်း၏ အကျိုးကျေးဇူးပင်။

"အဟမ်း... ခုနက ကိစ္စအတွက် ဘာမှ စိတ်ပူစရာ မလိုပါဘူး... ငါတို့ မြူခိုးဂိုဏ်းက အကြောင်းအကျိုး ညီညွတ်မျှတပါတယ်... လူကြီးလူငယ် မရွေး ရိုးသားဖြောင့်မတ်စွာ ဆက်ဆံပါတယ်... ရည်မှန်းချက်ကြီးမားသူတွေကို ကြိုဆိုပါတယ်"

ယဲ့ဖုန်းသည် သူ့နေရာသို့ ပြန်သွားပြီး လူများကို ဆက်လက် ဖိတ်ခေါ်လိုက်၏။

ခုနက ဖြစ်ရပ်ကြောင့် လူအများက ယဲ့ဖုန်းကို လေးစားသော မျက်လုံးများဖြင့် ကြည့်လာကြသော်လည်း၊ လုံမိသားစုက မြူခိုးဂိုဏ်းကို ရန်ငြိုးထားမည် စိုးသဖြင့် မည်သူမျှ မစွက်ဖက်ရဲကြပေ။

ထိုအခြေအနေကြောင့် ယဲ့ဖုန်း အနည်းငယ် စိတ်လှုပ်ရှားလာရသည်။

...

လုံအိမ်တော်၊ ပင်မခန်းမဆောင်...

"အဖေ... ကြည့်ပါဦး... ဒါ မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်းရဲ့ လက်ချက်တွေပါ... တော်တော် ဆိုးဆိုးရွားရွား ဖြစ်သွားပြီ"

လုံချီထျန်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်၊ ပင်မထိုင်ခုံပေါ်တွင် ထိုင်နေသော တည်ငြိမ်ခန့်ညားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကြီးကို ငိုယို တိုင်တန်းနေ၏။

ထိုသူမှာ လုံချီထျန်း၏ ဖခင်၊ လုံကျန်းချွမ်း ဖြစ်၏။

ရေပေါ်ဖြူမြို့တော် လုံမိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး၊ ချီစုစည်းခြင်း (၈) ဆင့်မြောက်သို့ ရောက်ရှိနေသူ ဖြစ်၏။

လုံကျန်းချွမ်းသည် လုံချီထျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"အေး... တော်တော်တော့ ဆိုးသားပဲ... နောက်ကျမှ ပြန်လာရင် ဒဏ်ရာတွေတောင် ပျောက်ကုန်တော့မယ်"

လုံချီထျန်း - "..."

သူ့ကိုယ်သူ တောင်ကြားထဲက ကောက်ရလာတာများလားဟု မေးချင်စိတ် ပေါက်သွား၏။

မဟုတ်ရင် သူ့အရင်းဖြစ်တဲ့ အဖေက ဒီလိုစကားမျိုး ဘယ်ပြောပါ့မလဲ။

"မြူခိုးဂိုဏ်းအကြောင်းကို တာဝန်ခံ ကျိုးကျားချန် ပြောပြထားတယ်... သူတို့က ကျိုးမိသားစုရဲ့ အုပ်စုဝင်လို့ သတ်မှတ်လို့ ရတယ်... လောလောဆယ်တော့ ငါတို့ လုံမိသားစုအနေနဲ့ သူတို့ကို သွားမစတာ အကောင်းဆုံးပဲ... ကဲ... မင်း ထွက်သွားတော့"

လုံကျန်းချွမ်း လက်ဝှေ့ယမ်းလိုက်ရာ လေပွေတစ်ခု ဖြစ်ပေါ်လာပြီး လုံချီထျန်းကို ခန်းမဆောင် အပြင်ဘက်သို့ လွင့်စင်သွားစေသည်။

"မင်းတို့နှစ်ယောက်... ဒီကို လာခဲ့"

လုံကျန်းချွမ်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခေါ်လိုက်၏။

သူ့အသံမှာ အာဏာပါပြီး အနည်းငယ် အေးစက်နေ၏။

သက်တော်စောင့်နှစ်ယောက် ကပျာကယာ ဝင်လာကြပြီး ဒူးထောက်လိုက်ကြ၏။ အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

All Chapters