← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆) ရှေးဟောင်းမှတ်တမ်းများ

ရှောက်ရွှမ်သည် သားရေချပ်ဖြင့် လုပ်ထားသော မှတ်တမ်းများကို လေ့လာလိုက်သည်။ ယနေ့အတွက် ဆယ်ခုမြောက် သားရေချပ်ဖြစ်ပါသည်။

နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို အစားအသောက်များကျွေးမွေးသော်လည်း ရှောက်ရွှမ်က မစားပါ။ သားရေချပ်ကိုသာကြည့်နေပြီး တခြားမည်သည့်အရာကိုမှ အာရုံမရောက်ချေ။

ရှောက်ရွှမ်၏ မျိုးနွယ်စုဝင်များအကြောင်းကို အကြီးအကဲနှင့် နတ်ဆေးဆရာမကို ပြောပြသောအခါ၊ သူတို့သည် ရှောက်ရွှမ်ကို သနားသွားကြသည်။ သို့သော် မှတ်တမ်းများကို ဖတ်ကြည့်သောအခါ၊ သူတို့သည်လည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း ရှောက်ရွှမ်သိလိုက်ရ

ပါသည်။ ယနေ့သူတို့ရောက်နေသော နေရာကို ရောက်လာရန် များစွာပေးဆပ်ခဲ့ရသည်။ သူတို့လူဦးရေ၏ ဆယ်ပုံတစ်ပုံသာ ခရီးစဉ်အတွင်း ရှင်သန်နိုင်ခဲ့သည်။ လူပေါင်းများစွာကို ဆုံးရှုံးခဲ့ရသလို၊ ဒဏ်ရာရသူများလည်း အများအပြားပင်။

မှတ်တမ်းများကို ဖတ်ကြည့်သောအခါ၊ လွန်ခဲ့သောနှစ်၁၀၀၀မှစ၍ မျိုးနွယ်စု၏ မီးမျိုးစေ့ အားနည်းလာသည့် အကြောင်းများကို တွေ့ရသည်။ သူတို့သည် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာမတွေ့ခဲ့သော်လည်း အခွင့်အရေးတစ်ခုတော့ ရှိခဲ့သည်။ ထိုအခွင့်အရေးမှာ ကျွန်ပိုင်ရှင်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်၁၀၀၀က၊ မြေမျက်နှာပြင်အပြောင်းအလဲကြောင့်၊ ကျွန်ပိုင်ရှင်များသည် ပင်လယ်တစ်ဖက်ကမ်းကို ကူးခဲ့ကြသည်။ မြင့်မားသော တောင်တန်းကြီးများ ပျောက်ကွယ်ခဲ့သလို သမုဒ္ဒရာကြီးများလည်း တိမ်ကောခဲ့ရ

သည်။ ရှောက်ရွှမ် ဝင်ရောက်ခဲ့သော ရေအောက်လှိုဏ်ခေါင်းကြီးသည် ထိုအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျွန်ပိုင်ရှင်များက ထိုတံတားကို အသုံးပြုကာ ပင်လယ်တစ်ဖက်ကမ်းကို ကူးခဲ့ကြသည်။

ထိုတံတားနားတွင် ရှောက်ရွှမ်တွေ့ခဲ့ရသော ဖုန်းဆိုးမြေများရှိသည်။ ကျွန်ပိုင်ရှင်များက ထိုနေရာများတွင် ရာဇဝတ်ကောင်များကို လွှတ်ပေးခဲ့သည်။ ထိုနေရာသည် ခြောက်သွေ့လွန်းသဖြင့်၊ မည်သည့်မျိုးနွယ်စုမှ မနေထိုင်ပါ။ ထိုကဲ့သို့ ဖုန်းဆိုးမြေတွင် ရာဇဝတ်ကောင်အများစုမှာ မရှင်သန်နိုင်ခဲ့ပါ။

လွန်ခဲ့သော နှစ်၁၀၀၀က ပင်လယ်ကို ဖြတ်သန်းခဲ့သော ကျွန်ပိုင်ရှင်များထဲတွင် ဉာဏ်ကြီးရှင်များပါဝင်ခဲ့သည်။ မှတ်တမ်းများတွင် ထိုသူများအကြောင်းကို တွေ့ရပြီး၊ မူဟန်ဆိုသည့် နာမည်ကို အတွေ့ရဆုံးဖြစ်သည်။ ပင်လယ်တစ်ဖက်ကမ်းတွင် ကျွန်ပိုင်ရှင်များ ပေါ်ထွက်လာ

ခြင်းမှာ မူဟန်ကြောင့်ပင် ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘေးများသည် ထိုမူဟန်ဆိုသောသူနှင့် အဆက်အသွယ်ရှိခဲ့ပုံပေါ်ပါသည်။ မျိုးနွယ်စုဝင်များကို ဦးဆောင်သော အကြီးအကဲသည် တစ်ခါတုန်းက မူဟန်နှင့် တိုက်ခိုက်ဖူးပါသည်။ သူတို့သည် ရန်သူများ ဖြစ်မသွားကြသော်လည်း၊ မိတ်ဆွေလည်း မဖြစ်ခဲ့ပါ။ အချင်းချင်းသိကြသော လူ၂ယောက်သာ ဖြစ်ပါသည်။

တစ်ကြိမ်တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စု အကြီးအကဲသည် မူဟန်ကို အနိုင်ရဖူးခဲ့သည်။ ထို့ကြောင့် မူဟန့်ဆီမှ ကျွန်ပိုင်ရှင်များ၏ လျှို့ဝှက် အချက်အလက်များကို သိခဲ့ရသည်။ ထိုအချိန်တွင် တံတားကြီးသည် အခြေအနေ မကောင်းပါ။ မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာနှင့် ကျွန်ပိုင်ရှင်များက ထိုတံတားကြီးသည် မကြာခင် ပျက်စီးတော့မည်ဟု ဆိုခဲ့ကြသည်။

ထိုအချိန်ကာလသည် မီးတောက်ဦးချိုမျိုးနွယ်စု စတင်ပြိုကွဲသော အချိန်ဖြစ်သည်။ အကြီးအကဲသည် မီးမျိုးစေ့အားနည်းလာသည့် ပြဿနာကို ဖြေရှင်းချင်သော်လည်း နတ်ဆေးဆရာက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ထိုအချိန်တွင် နတ်ဆေးဆရာ၏ နေရာကို ဆက်ခံမည့်သူ့ကို ရွေးချယ်ပြီး ဖြစ်ပါသည်။ ထိုသူ၏အမည်မှာ ကျီဖြစ်ပါသည်။ နတ်ဆေးဆရာသည် ထိုသူကို အချိန်ကုန်ခံလေ့ကျင့်ပေးထားခြင်းဖြစ်ပြီး၊ တော်တော်လေးလည်း မျှော်လင့်ထားသည်။ ကျီသည် နတ်ဆေးဆရာ၏ နေရာကို ဆက်ခံမည့်သူဖြစ်ပြီး၊ ပညာဆက်ခံနိုင်မှုစွမ်းရည်လည်း ရှိပါသည်။ ရှောက်ရွှမ်ငယ်ငယ်တုန်းက နတ်ဆေးဆရာကို ပန်းချီများကူဆွဲပေးခဲ့သလိုမျိုး၊ ကျီ လည်းလုပ်ဆောင်ဖူးပါသည်။

သို့သော် နောက်ဆုံးတွင်တော့ ကျီသည် အကြီးအကဲဘက်ကို ရွေဂချယ်ခဲ့သည်။ အကြီးအကဲနှင့် အတူ ကျီသည် မီးမျိုးစေ့တစ်ဝက်နှင့် မျိုးနွယ်စုဝင် တစ်ဝက်ကို ခေါ်ဆောင်ပြီး ပင်လယ်ကို ဖြတ်သန်းခဲ့သည်။ ထို့နောက်တွင်

တော့ ပင်လယ်၏ တစ်ဖက်ကမ်းတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန် ကြိုးစားခဲ့ရသည်။

အားနည်းလာသော မီးမျိုးစေ့ပြဿနာကို ဖြေရှင်းခဲ့သည် နည်းလမ်းများကို မှတ်တမ်းများတွင် ဖော်ပြထားသည်။ ကျီ အသက်အရွယ်ကြီးလာသောအခါမှ၊ ထိုပြဿနာကို ဖြေရှင်း၍ရသွားသည်။

“မီးတောက်က ပျောက်ဆုံးမသွားပါဘူး…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ သွေးထဲမှာ အမြဲရှိနေမှာပါ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေနဲ့အတူတူ ထာဝရရှင်သန်သွားမှာပါ”

ထိုစာကို ဖတ်လိုက်ရသောအခါ၊ မီးမျိုးစေ့မှာ ထိုသူများ၏ ကိုယ်ထဲသို့ ဝင်ရောက်နေခြင်းများလားဟု ရှောက်ရွှမ်တွေးလိုက်မိသည်။

ကျီ ရေးသားခဲ့သော မှတ်တမ်းအနောက်တွင်၊ ပန်းချီပုံတစ်ခုပို တွေ့ရသည်။ ထိုပုံမှာ ကျီတစ်ယောက် ပင်လယ်ကို မကူးမီ နောက်ဆုံးအနေနှင့်

နတ်ဆေးဆရာကို အရိုအသေပေးနေသော ပုံဖြစ်သည်။

ကျီသည် သူဆုံးဖြတ်ချက်ကို နောင်တရခဲ့ပါသလား။ သို့သော် သူရေးသားခဲ့သောမှတ်တမ်းများနှင့် ပန်းချီပုံများအရတော့၊ ကျီသည် သူ့ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီ နောင်တမရခဲ့ပါ။ သို့သော် ကျန်ခဲ့သောသူများမှာ သနားစရာကောင်းသည်ဟု သူတွေးမိသလို အပြစ်ရှိသလိုလည်း ခံစားရသည်။ သူ၏ အမိမြေကို လွမ်းမိသော်လည်း၊ တံတားကြီးက ပင်လယ်အောက် နစ်မြုပ်သွားပြီ ဖြစ်သည်။ ထိုတံတားနောက်တစ်ကြိမ် ဘယ်တော့ပြန်ပေါ်လာမလဲ၊ သူမသိပါ။ ထိုတံတားနောက်တစ်ကြိမ်ပေါ်လာသော အချိန်တွင် သူလည်း ရှိချင်မှ ရှိတော့မည်ဖြစ်သည်။ သို့သော် တံတားသာ ပြန်ပေါ်လာပါက၊ မျိုးနွယ်စုဝင်များသည် သူပြောချင်သောစကားကို မူလမီးတောက်ဦးချိုမျိုးနွယ်စုဆီကို ပို့ဆောင်ပေးနိုင်မည်ဟု ကျီက ယုံကြည်ထားခဲ့သည်။

“တစ်နေ့မှာ ငါတို့ ပြန်လာမယ်”

ကျီ ကမှတ်တမ်း၏ နိဂုံးတွင် ထိုစာသားကို ရေးသားခဲ့သည်။ ရှောက်ရွှမ် မြင်ဖူးခဲ့သော ကျောက်သားခန်းမထဲက ကျန်း၏မှတ်တမ်းများတွင်လည်း ထိုသို့ ရေးသားထားပါသည်။

သို့သော် ကျန်ခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စုသည်လည်း ကံမကောင်းခဲ့ကြောင့်ကို သူတို့မသိပါ။ သူတို့သည် ခရီးအဆက်ဆက် ဖြတ်သန်းလာခဲ့ပြီးနောက် မြစ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူတို့သည် ထိုမြစ်ကြီးကို ဖြတ်သန်းပြီး၊ ကမ္ဘာဦးလူသားများအနေဖြင့် နောက်နှစ်၁၀၀၀နေခဲ့ကြသည်။

ထိုမှတ်တမ်းများအားလုံးကို ဖတ်ပြီးသွားသောအခါ ရှောက်ရွှမ် သက်ပြင်းချလိုက်မိသည်။ ထိုမှတ်တမ်းများကို ဘယ်သူပဲရေးရေး၊ အဆုံးသတ်ကတော့ ကောင်းမည်မဟုတ်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စု ၂ဖွဲ့ကွဲသွားခြင်းအတွက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် အပြစ်မြင်ကြသည်။

ကျီ နှင့် အကြီးအကဲ ထားခဲ့သော မှတ်တမ်းများအရ၊ သူတို့၏ အကြီးဆုံးသော ဆန္ဒမှာ ကွဲနေသော မျိုးနွယ်စု၂ဖွဲ့ ပြန်ပေါင်းစည်းရေးပင်ဖြစ်သည်။ ထိုသို့ ပြန်လည်ပေါင်းစည်းနိုင်မှသာ အောင်မြင်သောနေ့ရက်များကို မြင်ရမည်ဟု ယုံကြည်ခဲ့ကြသည်။

အကြီးအကဲ၏မှတ်တမ်းများမှ၊ မူဟန်၏အကြောင်းများကို ရှောက်ရွှမ် အတော်သိခဲ့ရသည်။ မူဟန်နှင့် အကြီးအကဲတို့သည် အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ခြင်းကြောင့် ကျွန်ပိုင်ရှင်များနှင့် ပတ်သက်သော မှတ်တမ်းများတွင်လည်း မူဟန်အကြောင်းများကို ဖော်ပြခဲ့သည်။

မူဟန်သည် သစ္စာအဖောက်ခံရပြီး ဖုန်းဆိုးမြေသို့ အပို့ခံရခြင်းဖြစ်သည်။ မူဟန်သည် ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်သဖြင့်၊ သူ့ကိုယ်သူ ဒုက္ခရောက်အောင်တော့ လုပ်လိမ့်မည် မဟုတ်ပါ။ သို့သော် မမျှော်လင့်ဘဲ၊ ဖုန်းဆိုးမြေတွင် ရောက်နေသော သူများသည် တံတားပေါ်မှ ဖြတ်သန်းပြီး

ပင်လယ်တစ်ဖက်ကမ်းကို ထွက်ပြေးသွားကြသည်။

အကြီးအကဲ၏ မှတ်တမ်းထဲတွင် “အဲဒီနေရာကို မူဟန်က ကောင်းကင်ဘုံလို့ထင်နေတာ”ဟု ရေးသားထားသည်။

“အဲဒီနေရာ”ဆိုသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုများ နေခဲ့သော တံတား၏ ဒီဘက်ခြမ်းကိုပြောခြင်းဖြစ်ပါသည်။ ထိုနေရာတွင် အင်အားမရှိသောလူများ၊ စစ်သုံ့ပန်းများနှင့် ခြေသလုံးအိမ်တိုင်များစွာ ရှိပါသည်။ ထိုသူများသည် “ကျွန်”ဆာလောင်နေသောသူများအတွက်တော့ အကောင်းဆုံးသော ကျွန်များဖြစ်လေသည်။

ကျွန်များကို စိတ်ကြိုက်ရွေးချယ်နိုင်သဖြင့် မူဟန်သည် လောဘတက်လာသည်။ သူသည် တစ်နေ့တွင် အားလုံးကို ပြန်လာသတ်ရန် အစီအစဉ်ပြုလုပ်ထားပါသည်။ ထို့ကြောင့် သူသည် မိသားစုနာမည် “မူ”ကို စွန့်ပစ်လိုက်ပြီး

“ရှီ”ဟုနာမည် ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။

အကြီးအကဲသည် မူဟန်နှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို မှတ်တမ်းတင်ထားခဲ့သည်။ မူဟန်၏ဘဝသည် ခက်ခဲခဲ့သည်ဟု အကြီးအကဲက ပြောခဲ့သည်။ မူဟန်သည် အလားအလာပေါင်းများစွာရှိသော်လည်း၊ နောက်ဆုံးတွင်တော့ သစ္စာဖောက်ခံလိုက်ရသည်။

ရှောက်ရွှမ်သည် ကန္တာရထဲတွင် သူဆုံတွေ့ခဲ့ရသော ဘုရင်များအကြောင်းကို ပြန်စဉ်းစားလိုက်သည်။ “မူ”ဟူသော မျိုးရိုးနာမည်နှင့် လူများကို သူမတွေ့ခဲ့ရပါ။ “ရှီ”ဟူသော မျိုးရိုးနာမည်နှင့် လူတစ်ယောက်တော့ရှိပါသည်။

မူဟန်သည် နောက်ဆုံးတွင် နောင်တရခဲ့ပါသလား။ နောင်လာနောင်သားများကို ဒေါသထိန်းချုပ်သည့် နည်းလမ်းများကို လေ့လာစေချင်ပါသလား။ “ရှီ”ဟူသောနာမည်မှ ဘာကြောင့် “ရှိ” ဟုပြောင်းလဲလိုက်ရသနည်း။

အဖြစ်အပျက်များကို ပြန်တွေးကြည့်လိုက်တော့ ထိုသူသည် ရှီရှုဖြစ်နိုင်ကြောင်း ရှောက်ရွှမ်သိလိုက်သည်။ ရှီရှုနှင့် သူ့လူများသည် ကန္တာရထဲတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများနောက်ကွယ်တွင် ကြိုးကိုင်ခဲ့သူများ ဖြစ်ကြသည်။

ရှစ်ရှူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို နားလည်နေခြင်းမှာ တောက်ယွီပြောပြသောကြောင့် မဟုတ်ဘဲ သူ၏အဘိုး “မူဟန်”ထားခဲ့သော မှတ်တမ်းများကြောင့် ဖြစ်လိမ့်မည် ထင်သည်။

ရှောက်ရွှမ်အနေဖြင့် ရှစ်ရှူကို သွားမေး၍ မရသေးသောကြောင့်၊ သူ့အထင် မှန်၊မမှန် မသိပါ။

ရှောက်ရွှမ်သည် ကျီထားခဲ့သော မှတ်တမ်းများကို နောက်တစ်ကြိမ်သေချာဖတ်လိုက်သည်။ ဖတ်ပြီးသောအခါ မှတ်တမ်းများကို သေချာသိမ်းဆည်းလိုက်ပါသည်။

သူသာ ပင်လယ်တစ်ဖက်ကမ်းကို ပြန်နိုင်မည်

ဆိုပါ၊ ထိုမှတ်တမ်းများသည် အလွန်အဖိုးတန်သော မှတ်တမ်းများဖြစ်လာလိမ့်မည်။ မှတ်တမ်းထဲတွင် ကျီ၏နေ့စဉ်ဘဝ နှင့် မီးမျိုးစေ့ကို ကုစားရန် လေ့လာမှု ပြုခဲ့ပုံများကို မှတ်တမ်းတင်ထားပါသည်။

ရှောက်ရွှမ်သည် အညောင်းဆန့်ရင်း ပြတင်းပေါက်အပြင်ကို ကြည့်လိုက်ပါသည်။ အပြင်တွင် နေသာနေပါသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲ့တို့ရာဇဝင်

အခန်း (၃၇၇) ညီအကိုများ

ရှောက်ရွှမ် အိမ်ပြင်ထွက်လာသည်ကို မြင်သောအခါ၊ နတ်ဆေးဆရာမသည် ပြုံးလိုက်ပြီး “မှတ်တမ်းတွေ အကုန်ဖတ်ပြီးသွားပြီလား” ဟုမေးလိုက်ပါသည်။

“ဟုတ်ကဲ့” ရှောက်ရွှမ်သည် ကြမ်းပြင်ပေါ်တွင် ခင်းထားသော သားရေချပ်ပေါ်တွင် ထိုင်လိုက်သည်။ နတ်ဆေးဆရာမသည် သူ့ကို မော့ကြည့်မနေရအောင် ထိုင်လိုက်ခြင်း ဖြစ်ပါသည်။

“ငါတို့ ဘိုးဘေးတွေက အမြဲလိုလို အိမ်ပြန်ချင်နေကြတာပါ…နှစ်စဉ်လူလွှတ်ပြီးတော့ ပင်လယ်တစ်ဖက်ကမ်းကို ကူးလို့ရမရ စုံစမ်းခိုင်းတယ်…ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး…ငါတော့မင်းကို တွေ့ရတာ ယုံကို မယုံနိုင်ဘူး” နတ်ဆေးဆရာမက သက်ပြင်းချရင်း ပြောလိုက်သည်။

“ပင်လယ်တစ်ဖက်ကို ကူးနိုင်မလားတော့ ကျွန်တော်လည်း မသိဘူး…ကျွန်တော်က ကံကောင်းလို့ ဒီဘက်ကို ကူးလာနိုင်တာပါ…ဟိုဘက်ကို ပြန်ကူးလို့ ရမရ ကျွန်တော် သွားကြည့်လိုက်ရမလား” ရှောက်ရွှမ်က မေးလိုက်သည်။

“မသွားရဘူး” နတ်ဆေးဆရာမက ရှောက်ရွှမ်ကို တားလိုက်သည်။ သူမသည် ရှောက်ရွမ်ကို မစွန့်စားစေချင်ပါ။ ပင်လယ်တစ်ဖက်ကမ်းမှ လူတစ်ယောက်နှင့် တွေ့ဆုံရခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ဖြစ်သည်။ ရှောက်ရွှမ် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ရှောက်ရွှမ်သည် သူ၏မူလဘိုးဘေးများထားခဲ့သော မှတ်တမ်းများအကြောင်းကို ပြန်စဉ်းစားကြည့်နေသည်။ “ကျွန်တော်ပင်လယ်ကို ဖြတ်လာတုန်းက လှိုဏ်ခေါင်းထဲမှာ ရေညှိခြောက်နည်းနည်းပဲ တွေ့ခဲ့တယ်…မှတ်တမ်းတွေထဲမှာ ရေးထားတဲ့ ပန်းအနီ၊အပြာတွေကို ကျွန်တော်မတွေ့ခဲ့ပါဘူး” ဟုရှောက်ရွှမ်က ပြောလိုက်သည်။

“အဲဒါကြောင့်ပဲ မင်းမစွန့်စားသင့်တာပေါ့…အခွင့်အရေးက စောင့်လို့ရပါတယ်…မင်းသေသွားရင် စောင့်စရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး” နတ်ဆေးဆရာမက ရှောက်ရွှမ်ကို အကြံပေးလိုက်သည်။ ထို့နောက် နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို မယုံနိုင်စွာ ကြည့်လိုက်ပြီး “မင်း နတ်ဆေးပညာကျမ်းတွေကို ဖတ်တတ်နေတာလား” ဟုမေးလိုက်သည်။

မှတ်တမ်းများထဲတွင် ပန်းအနီ၊အပြာများအကြောင်းမပါပါ။ ထိုပန်းများအကြောင်းကို နတ်ဆေးပညာကျမ်းများတွင်သာ ဖော်ပြထားပါသည်။ နတ်ဆေးပညာကျမ်းကို မဖတ်တတ်သူများသည် ထိုအကြောင်းများကို သိမည် မဟုတ်ပါ။ နတ်ဆေးဆရာမသည် နတ်ဆေးပညာကျမ်းကို သူကိုယ်တိုင်ရေးခဲ့ဖူး၍သာ မှတ်မိနေခြင်းဖြစ်ပါသည်။ မဟုတ်လျှင် သေချာမှတ်မိနေမည် မဟုတ်ပါ။

“ဟုတ်ကဲ့…ဖတ်နိုင်ပါတယ်” သူရောက်နေသော

နေရာမှ လူများသည် နတ်ဆေးပညာကျမ်းများကို ဖတ်ပြီးပြီဟု ရှောက်ရွှမ်ထင်ထားခဲ့သော်လည်း၊ သူထင်ထားသလို မဟုတ်ပါ။

“တခြားလူတွေက မဖတ်တတ်ဘူးလား” ရှောက်ရွှမ်က မေးလိုက်သည်။

“မင်းတို့ဆီက လူတွေအကုန် နတ်ဆေးပညာကျမ်းကို ဖတ်တတ်တာလား” နတ်ဆေးဆရာမသည် အံ့ဩသွားသည်။

ရှောက်ရွှမ်သည် ခေါင်းယမ်းလိုက်ပြီး “ကျွန်တော်တို့ဆီမှာ နတ်ဆေးဆရာရယ်၊ ကျွန်တော်ရယ်ပဲ ဖတ်တတ်တာ” ဟုဖြေလိုက်သည်။

“မင်းက နတ်ဆေးဆရာလား”

“မဟုတ်ပါဘူး…ကျွန်တော်က ဝါစဉ်ကြီးပုဂ္ဂိုလ်ပါ…နတ်ဆေးဆရာက သက်သက်ရှိပါတယ်…အသက်ကတော့ အရှင်မနဲ့တူတူလောက်ပါပဲ…

ဒါပေမဲ့ ကျွန်တော်တို့ နတ်ဆေးဆရာမှာ သူ့နေရာကို ဆက်ခံမယ့်လူရှိတယ်”

“သူကဘာလို့ မင်းကိုမရွေးချယ်တာလဲ” ထိုအချိန်တွင် နတ်ဆေးဆရာမသည် ကျွန်ပိုင်ရှင်များက အာဏာအတွက် သူတို့ကို တိုက်ခိုက်ခဲ့ပုံများကို ပြန်မြင်ယောင်လာသည်။

ရှောက်ရွှမ်ရောက်နေသော နေရာမှလူများ၏ ကိုယ်ထဲတွင် မီးမျိုးစေ့ မရှိသလို၊ နတ်ဆေးပညာကျမ်းများကို ဖတ်နိုင်သူလည်း မရှိပါ။ မှတ်တမ်းများအရတော့၊ နတ်ဆေးပညာကျမ်းကို ဖတ်နိုင်သူသည် မျိုးနွယ်စု၏ နတ်ဆေးဆရာ ဖြစ်လာရမည် ဖြစ်သည်။ ထို့ကြောင့် နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို နောက်နတ်ဆေးဆရာအသစ်ဖြစ်ရန် သင့်တော်သည့်လူဟူ မှတ်ယူနေခြင်းဖြစ်ပါသည်။ ရှောက်ရွှမ်သည် ကျီလို အလားအလာများစွာရှိသည် မဟုတ်ပါလား။

သူမသည် ရှောက်ရွှမ်တို့၏ နတ်ဆေးဆရာနှင့် တွေ့ဆုံခွင့်ရခဲ့မည်ဆိုလျှင်၊ ရှောက်ရွှမ်ကို နတ်

ဆေးဆရာအသစ်အဖြစ် ရွေးချယ်ရန် ပြောမိမည် ဖြစ်သည်။

“မရဘူး…နတ်ဆေးဆရာကလည်း ကျွန်တော့်ကို အကြိမ်ကြိမ်ပြောပြီးပါပြီ…ကျွန်တော်က ငြင်းခဲ့တာပါ” ရှောက်ရွှမ်က ရှင်းပြလိုက်သည်။ သူနတ်ဆေးဆရာဖြစ်မလာခြင်းမှာ၊ နတ်ဆေးဆရာကြီး၏ အပြစ်မဟုတ်ပါ။

“မင်းက ဘာလို့ နတ်ဆေးဆရာ မဖြစ်ချင်တာလဲ” အဖွားအိုက စပ်စုလိုက်သည်။ သူမအမြင်တွင် ရှောက်ရွှမ်ထက်သင့်တော်သော ပညာဆက်ခံသူ နောက်တစ်ယောက် မရှိနိုင်တော့ပါ။ နတ်ဆေးပညာကျမ်းများကို အနည်းငယ်နားလည်သောသူများ ရှိသော်လည်း၊ ထိုသူများသည် အနှစ်သာရကို နားမလည်နိုင်ကြပါ။ ထိုလူများကို လေ့ကျင့်ပေးမည်ဆိုလျှင် အချိန်အလွန်ကုန်မည် ဖြစ်ပြီး ရှောက်ရွှမ်၏အဆင့်ကို ရောက်လာမည်မဟုတ်ပါ။

“ကျွန်တော်နဲ့ မသင့်တော်လို့ပါ” ရှောက်ရွှမ်က

ပြောလိုက်သည်။ သူသည် တစ်နေရာတည်းတွင် အငြိမ်မနေတတ်ဘဲ၊ခြေဦးတည့်ရာ လျှောက်သွားတတ်သော လူမျိုးဖြစ်ကြောင်းကို ရှောက်ရွှမ်ပြောမထွက်ပါ။ သူ့လိုလူမျိုး နတ်ဆေးဆရာ ဖြစ်လာပါက မျိုးနွယ်စုအနေဖြင့် ဒုက္ခရောက်ရုံသာ ရှိလိမ့်မည်။ ထို့ပြင် သူသည် လက်ရှိနေရာမှ လူများလိုအမြော်အမြင်နှင့် ပြည့်စုံမှုမရှိဟု ရှောက်ရွှမ်ထင်မိသည်။

နတ်ဆေးဆရာမသည် ရှောက်ရွှမ်အား သူ့နေရာကို ဆက်ခံစေလိုသော်လည်း၊ ရှောက်ရွှမ်၏ စကားများကို ကြားသောအခါ ဘာမှ ဆက်မပြောတော့ပါ။ သူမသည် ရှောက်ရွှမ်ကို ဆူလိုက်ချင်ပါသည်။ ခံစားချက်များ ပြောင်းလဲသွားသည့် အမူအရာသည် မျက်နှာပေါ်တွင် ပေါ်လာပါသည်။ သူမအနေဖြင့် ဘိုးဘေးများရှေ့တွင် ဒူးထောက်အရိုအသေပေးပြီး ရင်ဖွင့်ပြောဆိုရန် လိုအပ်နေပြီ ဖြစ်သည်။

နတ်ဆေးဆရာမနှင့် စကားပြောပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် အိမ်ပြင်ထွက် လာ

ပါသည်။

အိမ်အပြင်ရောက်သောအခါ သူ့ကို အကြီးအကဲကျန်းလောက တောင်ထိပ်တစ်နေရာသို့ ခေါ်ဆောင်သွားပါသည်။ တောင်ကုန်းတဝိုက်တွင် ကျောက်တုံးများရွှေ့သံ၊ သစ်သားတိုင်ကြီးများရွှေ့သံတို့ကို ကြားနေရပါသည်။ သစ်ခုတ်သံများလည်း အဆက်မပြတ်ထွက်ပေါ်လာနေပါသည်။

သူတို့သည် အကြီးအကဲ ကျန်းလော၏ လမ်းညွှန်ချက်အတိုင်း ရှောက်ရွှမ်အတွက် အိမ်တစ်လုံးဆောက်ပေးနေကြခြင်း ဖြစ်ပါသည်။

“ဒီနေ့ညတော့ ဆောက်လို့ ပြီးဦးမှာ မဟုတ်ဘူး…မင်းငါ့အိမ်မှာ တစ်ညလိုက်အိပ်လိုက်…မနက်ဖြန်လောက်ဆိုပြီးပါပြီ…အစားအသောက်တွေလည်း အဆင်သင့်ပဲ…ဘာမှစိုးရိမ်မနေနဲ့” ကျန်းလောက ပြောလိုက်သည်။ ထို့နောက် သူတို့ကို ချောင်းကြည့်နေသောသူများကို ကျန်းလောက ဆူလိုက်သည် “မင်းတို့တွေ ကိုယ်လုပ်စရာရှိတာ လုပ်

ကြလေ…ဘာကြည့်နေတာလဲ…တော်ကြာ ကိုယ့်လက်ကိုယ် ပြန်ခုတ်မိနေဦးမယ်”။

အဆူခံလိုက်ရသောသူများသည် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။ အကြီးအကဲရှိနေသဖြင့် သူတို့ စိတ်ကူးမယဉ်ရဲတော့ပါ။

ထို့နောက် ကျန်းလောသည် ရှောက်ရွှမ်ကို ရွာ၏ အထူးနေရာတစ်နေရာသို့ ခေါ်ဆောင်သွားပါသည်။ ထိုနေရာတွင် အခမ်းအနားကျင်းပရာမီးပုံတစ်ခုရှိပြီး၊ ထိုအနားတွင် ဂိုဒေါင်တစ်လုံးလည်းရှိပါသည်။

ရှောက်ရွှမ်သည် သူ့ကိုယ်သူ လူများအလယ်တွင် ရောက်နေသော မျောက်တစ်ကောင်လို ခံစားလိုက်ရသည်။ အားလုံးက သူ့ကို အထူးအဆန်းသတ္တဝါတစ်ကောင်လို လိုက်ကြည့်နေကြသည်။ ကျန်းလောအော်ထုတ်သော အချိန်ခဏသာလူရှင်းသွားပြီး ခဏကြာလျှင် လူများပြန်လည်ရောက်လာကြပါသည်။ ထိုအခါ ကျန်းလောက အော်ထုတ်ရပြန်သည်။

သူတို့သည် ရှောက်ရွှမ်အကြောင်းကို သိချင်နေကြပါသည်။ သောခန်၏ ဦးချိုမှုတ်သံကြောင့် အားလုံးကြောက်လန့်ခဲ့ရသည်မဟုတ်ပါလား၊ အခုထိ ထိုကိစ္စကို ပြေလည်အောင် မဖြေရှင်းရသေးပါ။ အခုလိုဖြစ်လာရခြင်းမှာ ထိုတိုင်းတပါးသား ချာတိတ်လေးကြောင့် ဖြစ်ပါသည်။ သို့သော် ထိုချာတိတ်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေပါသည်။

ထိုချာတိတ်မှာ မီးတောက်ဦးချိုမျိုးနွယ်စုမှ ဆင်းသက်လာသော လူတစ်ယောက် ဖြစ်ပါသည်။

သူသာ မျိုးနွယ်စုထဲမှ ပျောက်ဆုံးသွားပြီး ပြန်ရောက်လာသူ ဖြစ်နေလျှင် အကြီးအကဲက သူ့ကို ထိုကဲ့သို့ ဆက်ဆံမည်လား။ လွန်ခဲ့သော ၂နှစ်၊၃နှစ်ခန့်က ကာလရှည်ကြာ ပျောက်ဆုံးနေသော လူတစ်ယောက်သည် ဇနီးမယား၊သမီးသားများဖြင့် ပြန်ရောက်လာပါသည်။ သို့သော် အကြီးအကဲနှင့် နတ်ဆေးဆရာက ရှောက်ရွှမ်ကို

ဆက်ဆံသလို မဆက်ဆံကြပါ။ အခုတော့ အကြီးအကဲသည် ပါးစပ်ကြီးအဖြဲသားနှင့် ပြုံးပြုံးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အားလုံး ကြက်သီးမွှေးညှင်းများပင် ထသွားကြပါသည်။

ခေါင်းဆောင်နှင့် လူကြီးပိုင်းအဖွဲ့ဝင်များ၏ အမူအရာများသည် ထူးဆန်နေပါသည်။ ၂ရက်အတွင်း ရှောက်ရွှမ်ကို ကြိုဆိုသည့်အခမ်းအနားတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သူတို့ကို လာအကြောင်းကြားကြသည်။ ထိုအခါ သူတို့၏ သိလိုစိတ်များ ပိုမို ပြင်းပျလာခဲ့ပါသည်။

သုန့်ကန်း၏သား သုန့်လိနှင့်ထောင်ကျန်းတို့သည် သူတို့၏ သူငယ်ချင်းများနှင့် စကားပြောနေကြပါသည်။ သူတို့ကို မျက်စိနောက်သည်ဆိုပြီး အကြီးအကဲက မောင်းထုတ်လိုက်ခြင်းဖြစ်ပါသည်။ သူတို့သည် အသားကင်စားရင်းနှင့် ရှောက်ရွှမ် အ‌ကြောင်းကို ပြောနေကြခြင်းဖြစ်သည်။

သူတို့စကားပြောနေစဉ်အချိန်အတွင်း၊ ထောင်ကျန်းက အသားကင်ကို ကိုက်နေသော သောလိကို တံတောင်နှင့်တွတ်လိုက်ပြီး တစ်နေရာကို မေးငေါ့ပြလိုက်သည်။

သူ့အဖေဖြတ်သွားသည်ကို သောလိမြင်လိုက်ရပါသည်။ သောခန်သည် အတွေးများထဲတွင် နစ်မြောနေပါသည်။

“အဖေ…အဖေ…”

“ငါမီးရေကန်ကို မပြန်ရသေးဘူးကွ…မင်းကဘာတွေလျှောက်အော်နေတာလဲ” သုန့်ကန်းက ဆူလိုက်ပါသည်။ မျိုးနွယ်စုဝင်တိုင်းရင်သားများသည် မီးရေကန်တွင် မီးသင်္ဂြိုဟ်ခြင်းကို ယုံကြည်ကြပါသည်။ ဝိညာဉ်သည် မီးတောက်ထံသို့ ပြန်လာပြီး နောင်လာနောင်သားများကို လမ်းပြရန်၊ ဘိုးဘေးများနှင့် အတူရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။

“ကျွန်တော်က အဖေ့အတွက် စိတ်ပူနေတာ” သုန့်

လိက မျက်နှာလုပ်သည့်အနေဖြင့် ပေါင်တစ်ချောင်းကို ထိုးပေးလိုက်သည်။

သုန့်ကန်းက ဆိတ်ပေါင်ကို စိတ်ပျက်လက်ပျက်ကြည့်ပြီးနောက် ထွက်ခွာသွားပါသည်။

“မသွားပါနဲ့ဦး…ကျွန်တော့်ကို ရှောက်ရွှမ်အကြောင်း ပြောပြပါဦး” သုန့်လိက ပြောလိုက်သည်။

ထောင်ကျန်းနှင့် အခြားသူများသည် သူတို့၏ နားများကို စွင့်ထားလိုက်ကြသည်။

အရင်တုန်းကဆိုလျှင်တော့ သုန့်ကန်းသည် ချောင်းနားထောင်နေသူများကို ဆူပူလွှတ်မည် ဖြစ်သော်လည်း အခုတော့ သူသည် စိတ်နှင့်လူနှင့် မကပ်ပါ။

သုန့်ကန်းသည် သူ့သားကိုကြည့်လိုက်ပြီး ခဏစဉ်းစားနေသည်။ မျိုးနွယ်စု၂ခြမ်းကွဲသွားပုံကို သူ့

သားနားလည်အောင် ပြောပြရန် စဉ်းစားနေပါသည်။

ခဏလောက်တိတ်ဆိတ်သွားပြီးနောက် သောခန်သည် “ငါမင်းကို ပြောပြလိုက်မယ်ဆိုရင်…” ဟုပြောလိုက်ပါသည်။

“ဘာကိုပြောပြမှာလဲ” သုန့်လိက သူ့အဖေကို ကြည့်လိုက်သည်။

ကျန်သူများလည်း နားများကို အစွမ်းကုန် စွင့်ထားကြပါသည်။

“ငါပြောပြလိုက်ရင် မင်းမှာ အကိုတစ်ယောက်…”

သုန့်လိ၏ လက်များ တုန်ခါနေသဖြင့် ကိုင်ထားသော အသားပင် ပြုတ်ကျမလို ဖြစ်သွားပါသည်။

“အကိုဟုတ်လား…ဘာအကိုလဲ” သုန့်လိမေးလိုက်ပါသည်။

သုန့်ကန်းသည် ပြောရန်စကားလုံးများကို စဉ်းစားနေပါသည်။

“ဖအေလည်းအတူတူ…အမေလည်းအတူတူ…မွေးတာကလည်းတစ်ချိန်တည်း…မင်းနဲ့ ညီအကိုတော်တယ်”

သုန့်လိလက်ထဲမှ အသားဖတ်‌ မြေကြီးပေါ်သို့ပြုတ်ကျသွားပါသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲ့တို့ရာဇဝင်

အခန်း (၃၇၈) ကြိုဆိုပွဲ အခမ်းအနား

သုန့်လိသည် တစ်ဦိးတည်းသောသား ဖြစ်ပါသည်။ သူ့တွင် ညီအကို မရှိပါ။ သုန့်လိသည် သူ့အဖေကို နားမလည်နိုင်စွာ ကြည့်နေပါသည်။

ထောင်ကျန်းနှင့် ကျန်သူများအားလုံး တုန်လှုပ်သွားကြသော်လည်း တစ်ခုခုတော့ လွဲနေကြောင်း သိလိုက်ပါသည်။ ရှောက်ရွှမ်သည် သုန့်လိနှင့် လုံးဝမတူပါ။

“အဖေ…ရှောက်ရွှမ်က ကျွန်တော်နဲ့ ညီအကိုတော်တာလား…တကယ်ပြောတာလား” သုန့်လိက မေးလိုက်သည်။

“ဥပမာအနေနဲ့ ပြောတာပါ” သူ့သားအထင်လွဲနေသည်ကို သောခန် သတိထားလိုက်မိသည်။ သို့သော် အကြီးအကဲနှင့် နတ်ဆေးဆရာမတို့က ခွင့်မပြုသဖြင့် ရှောက်ရွှမ်ဘယ်ကလာလဲဆိုတာ

ကို ပြောပြ၍ မရပေ။

မီးတောက်ဦးချိုမျိုးနွယ်စုသည် ယခုနေရာနှင့် အလွန်ဝေးသောနေရာတစ်ခုမှ မြစ်ဖျားခံလာကြောင်းကို သိထားသူ အတော်များများရှိပါသည်။ သို့သော် အခုဆိုလျှင် နှစ်ပေါင်း၁၀၀၀ရှိသွားပြီ ဖြစ်ပြီး၊ ထိုအကြောင်းများကို မျိုးရိုးစဉ်ဆက် အိပ်ရာဝင်ပုံပြင်တစ်ခုအနေနဲ့သာ ပြောဆိုကြတော့သည်။ သောခန်သာ အမဲလိုက်အဖွဲ့ခေါင်းဆောင်မဟုတ်လျှင် ထိုအကြောင်းများကို သိခွင့်ရမည် မဟုတ်ပါ။ လူငယ်များကတော့ ထိုအကြောင်းများကို စိတ်မဝင်စားကြပါ။

“ငါပြောချင်တာက ရှောက်ရွှမ်ကို မင်းတို့ရဲ့ သွေးသားအရင်းအချာလို ဆက်ဆံကြဖို့ ပြောတာ” သုန့်ကန်းလည်း ဘယ်လိုရှင်းပြရန်မှန်း မသိတော့သောကြောင့် ထိုမျှသာ ပြောပြီး သောလိတို့ဆီမှ ထွက်ခွာလာသည်။ သုန့်ကန်းသည် ထိုစကားကို ပြောပြီးသွားမှ သူမှားသွားကြောင်း သတိထားမိသွားသည်။ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်

တစ်ယောက်ဖြစ်၍ ကလေးများသည် သူ့ကို ရိုသေသင့်သည် မဟုတ်ပါလား။

ကြိုဆိုပွဲအခမ်းအနားကျင်းပမည့်နေ့တွင်၊ မျိုးနွယ်စုဝင်များ၏ အပြုအမူများမှာ ထူးဆန်းနေကြသည်။ အချို့လူများက စိတ်လှုပ်ရှားနေကြပြီး၊ အချို့ ရှောက်ရွှမ်အကြောင်းကို သိချင်နေကြသည်။ အားလုံးကလည်း ဘယ်ကပေါ်လာမှန်းမသိ‌သော ရှောက်ရွှမ်အကြောင်းများကိုသာ ပြောဆိုနေကြသည်။ သုန့်ကန်း၏ စကားကို ကြားပြီးနောက်၊ ရှောက်ရွှမ်အကြောင်းကို စိတ်ဝင်စားသူ ပိုများလာခဲ့သည်။ လူများသည် နေ့စဉ် တောင်ကုန်းပေါ်တက်ပြီး ရှောက်ရွှမ်ကို သွားကြည့်ကြသည်။ တောင်ကုန်းပေါ်တွင် အကြီးအကဲနှင့် လူကြီးများသာမရှိပါက၊ သူတို့သည် ရှောက်ရွှမ်ကို စကားပြောကြလိမ့်မည် ဖြစ်သည်။

သူ့ကို အားလုံးက အထူးအဆန်းပစ္စည်းတစ်ခုလို ဝိုင်းကြည့်နေကြကြောင်း ရှောက်ရွှမ် ခံစားလိုက်မိသည်။ သို့သော် ထိုလူများ၏ နွေးထွေးမှုကိုလည်း ခံစားလိုက်ရပါသည်။

အိမ်ဆောက်လုပ်ပြီးသောအခါ၊ ပရိဘောဂများ၊ အိုးခွက်ပန်းကန်များကို အသင့်ပြင်ပေးပါသည်။ ရှောက်ရွှမ်အိမ်ပြောင်းလာသောနေ့တွင်၊ ရွာသားများက သူ့ကို လက်ဆောင်များပေးကြသည်။လက်ဆောင်ပစ္စည်းများမှာ အစားအစာနှင့် သားရေချပ်များ ဖြစ်သည်။ မုဆိုးမိသားစုတိုင်းတွင် သားရေချပ်များရှိပါသည်။ နေ့တဝက်အတွင်း၊ ရှောက်ရွှမ်၏ အိမ်ထဲတွင် သားရေချပ်များ တောင်ပုံရာပုံ ဖြစ်သွားပါသည်။

လက်ဆောင်ပေးသောသူများကို ရှောက်ရွှမ်တိတ်တဆိတ် မှတ်သားထားလိုက်သည်။ သူတို့အားလုံးသည် ရှောက်ရွှမ်ကို နွေးထွေးစွာ ကြိုဆိုသည့် အမူအရာများကိုသာ ပြသပြီး ရန်လိုသည့်အမူအရာကို မပြသပါ။

တောင်ကုန်းပေါ်တွင်နေသော အဒေါ်ကြီးများလည်း ပေကြိုးများကို ကိုင်ဆောင်ကာ ရှောက်ရွှမ်ဆီသို့ ရောက်လာကြသည်။ သူတို့သည် ရှောက်ရွှမ်၏ ကိုယ်တိုင်းများကို ယူသွားကြသည်။ နောက်

တစ်နေ့တွင်တော့ ရှောက်ရွှမ်သည် အဝတ်အစားအသစ်များဖြင့် လှပနေပါတော့သည်။

အခမ်းအနားပွဲတွင် ဝတ်ဆင်ရမည့် ဝတ်စုံကိုလည်း လာပို့ထားပါသည်။ ထိုဝတ်စုံမှာ အရည်အသွေးလွန်စွာကောင်းသော သားရေဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး နတ်ဆေးဆရာမကိုယ်တိုင် ရှောက်ရွှမ်ကို ပေးထားခြင်းဖြစ်သည်။

သို့သော် အခမ်းအနားအတွက် မီးမျိုးစေ့မရှိသဖြင့်၊ ရှောက်ရွှမ်အတွက်တော့ တမျိုးကြီး ဖြစ်နေပါသည်။

အခမ်းအနားကျင်းပမည့်နေ့တွင် နေဝင်သွားသောအခါ၊ အားလုံးသည် သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ကြပြီး၊ တောင်ကုန်းပေါ်သို့ တက်ကြလေသည်။

ရွာသူရွာသားများသည် အခမ်းအနားပွဲသို့ သားရေအင်္ကျီများသာ ဝတ်ဆင်လာကြသည်ကို ရှောက်ရွှမ် သတိထားလိုက်မိသည်။ မျိုးနွယ်စု

စစ်သည်တော်များကတော့ သားရေလက်ပြတ်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ အခမ်းအနားပွဲသည် မျိုးနွယ်စုစစ်သည်တော်များအတွက် သူတို့၏ နတ်အမှတ်အသားများကို ထုတ်ပြရန် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။

ရှောက်ရွှမ်အတွက်ပြင်ဆင်ထားသော အဝတ်အစားများမှာလည်း လက်ပြတ်များသာ ဖြစ်ပါသည်။ ယခုအချိန်အခါသည် ရှောက်ရွှမ်အနေဖြင့် သူ၏ နတ်အမှတ်အသားများကို ထုတ်ဖော်ပြသရန် အချိန်အခါကောင်းဖြစ်သည်ဟု အကြီးအကဲကျန်းလောနှင့် ကျန်လူများက ယူဆကြသည်။ ရှောက်ရွှမ်နှင့် ကျွေ့တိုက်ခိုက်သည်ကို အားလုံးမြင်လိုက်ရသည်မဟုတ်ပါ။ ထို့ကြောင့် ရွာသူရွာသားများသည် ရှောက်ရွှမ်၏ နတ်အမှတ်အသားများကို မြင်တွေ့ဖူးချင်နေကြပါသည်။

ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သဖြင့်၊ အများစုသည် ဘိုးဘေးများ၏ ဓလေ့ထုံးစံများကို လက်ဆင့်ကမ်းလုပ်ဆောင်ကြသည်။ သူတို့နှင့်

အတူ အမဲလိုက်လက်နက်ကိရိယာများ၊ ဦးချိုများ၊ အလှဆင်ထားသော အရိုးများ စသည်တို့ကို ယူဆောင်လာကြပါသည်။

ရှောက်ရွှမ်သည် ရောက်ကတည်းက အခုအချိန်ထိ အမဲမလိုက်ရသေးပါ။ ဒီကိုလာခဲ့သော ခရီးစဉ်တလျှောက်တွင်လည်း ဘာပစ္စည်းမှ သူမသယ်ဆောင်ခဲ့ပါ။ လည်တွင်ဆွဲထားသော ဘိုးဘေးများ၏ အရိုးတစ်ချောင်းသာ ရှိပါသည်။

အဖြူရောင်အရိုး၏ အလယ်မှ အနီရောင်ပုတီးစေ့လေးက ထွက်ပေါ်နေပါသည်။ ညအချိန်တွင် အလင်းရောင်အနည်းငယ်ရှိပါက ထိုပုတီးစေ့သည် မီးရောင်လို တောက်ပနေပါသည်။

“အဆင်သင့်ဖြစ်ပြီလား” နတ်ဆေးဆရာမက ဘေးနားတွင် ရပ်နေသော ရှောက်ရွှမ်ကို ကြည့်လိုက်သည်။

“အဆင်သင့်ဖြစ်ပါပြီ” ယခုမျိုးနွယ်စုသည် သူသိထားသော မျိုးနွယ်စုမဟုတ်သော်လည်း၊

မီးတောက်ဦးချိုမျိုးနွယ်စုလိုတော့ ခံစားရပါသည်။

“အဲဒါဆို စလိုက်တော့”

နတ်ဆေးဆရာမသည် မီးဖိုနားသို့ လျှောက်သွားလိုက်သည်။ ရှောက်ရွှမ်ကတော့ မီးဖိုနှင့် ဝေးရာသို့ လျှောက်သွားပါသည်။ ကြိုဆိုပွဲအခမ်းအနားတစ်ခုတွင်၊ တစ်ယောက် တောင်ကုန်းပေါ်သို့ တက်ရပြီး၊ တစ်ယောက်က တောင်ကုန်းအောက်သို့ ဆင်းရသည်။ မျိုးနွယ်စုထဲသို့ဝင်လာသော လူသစ်တိုင်း ထိုသို့လုပ်ဆောင်ရသည်။

မီးဖိုထဲတွင်တော့ မီးမျိုးစေ့မရှိပါ၊ မီးတောက်များသာ ရှိပါသည်။ ရှောက်ရွှမ်သည် တောင်ကုန်းအောက်တွင် စောင့်နေလိုက်သည်။ အရေးပေါ်တစ်ခုခုဖြစ်လျှင် ကူညီလို့ရရန်အတွက်၊ အဖွဲ့၂ဖွဲ့က အသင့်စောင့်နေပါသည်။

တောင်ကုန်းပေါ်မှ သီချင်းဆိုသံများကို

ကြားလိုက်ရသည်။ မျိုးနွယ်စုတစ်ခုလုံး တည်ငြိမ်လေးနက်သွားကြသည်။

နတ်ဆေးဆရာမက မီးဖိုထဲက မီးကိုမွှေးလိုက်သောအခါ၊ တောင်ကုန်းပေါ်တွင် လင်းထိန်သွားသည်။

ဦးချိုမှုတ်သံကို ကြားလိုက်သောအခါ၊ ရှောက်ရွှမ်သည် တောင်ကုန်းပေါ်သို့ ပြန်တက်သွားသည်။

မီးတုတ်များထွန်းထားသဖြင့်၊ သွားရမည့်လမ်းကို ကောင်းမွန်စွာ မြင်နေရပါသည်။ ထို့ပြင် ရှောက်ရွှမ်သည် အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိပါသည်။

တိတ်ဆိတ်သောနေရာတစ်ခုကို ဖြတ်သန်းပြီးနောက်၊ ရှောက်ရွှမ်သည် လူစုလူဝေးများကို တွေ့လိုက်ရပါသည်။ ထိုလူများက သူ့အတွက် လမ်းရှင်းပေးထားပြီး၊ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြပါသည်။ အခုမှ အကြီးအကဲနှင့်

လူကြီးများ၏ အဆူအပူကို မခံရဘဲ၊ ရှောက်ရွှမ်ကို အနီးကပ်ကြည့်ရခြင်း ဖြစ်ပါသည်။

ရှောက်ရွှမ်ဆိုတာ ဒါလား။ ကျွေ့ကို အနိုင်ယူလိုက်တဲ့ ကောင်လေးလား။

ထိုချာတိတ်လေးသည် ထိုက်ဟယ်မျိုးနွယ်စုကို ဓားပြတိုက်ခဲ့သည်ဟု သူတို့ကြားထားကြသည်။ သို့သော် သူတို့သည် သူတို့၏အမြင်များကို နှုတ်မှတော့ ထုတ်ဖော်မပြောကြပါ။ အခမ်းအနားပွဲတွင် စကားပြောရန် မသင့်တော်ပါ။

အထူးအမြင်အာရုံကို အသုံးချလိုက်သောအခါ၊ လူတစ်ယောက်စီမှ အနီရောင်လှိုင်းများထွက်နေပြီး ထိုလှိုင်းများသည် မီးဖိုကြီးကို ဦးတည်နေကြောင်း ရှောက်ရွှမ် တွေ့လိုက်ရပါသည်။

မီးဖိုကြီးနားသို့ ချဉ်းကပ်သွားသောအခါ၊ အနီရောင် ပုတီးစေ့လေးသည် မီးစွဲတော့မတတ် တောက်ပလာသည်။

ရွာသူရွာသားများ၏ အော်သံထွက်ပေါ်လာသည်။ သူတို့သည် ရှောက်ရွှမ်၏ မီးစွဲနေသော လည်ဆွဲကို ကြည့်နေကြပါသည်။

ရှောက်ရွမ်၏ နတ်အမှတ်အသားများသည် ပုခုံးမှတဆင့် လက်ကောက်ဝတ်၊ ထို့နောက် လက်ဖဝါးအထိ ပေါ်ထွက်လာပါသည်။

အဆင့်မြင် မျိုးနွယ်စု စစ်သည်တော် တစ်ယောက်…။

ရှောက်ရွှမ်သည် အဆင့်မြင့် မျိုးနွယ်စု စစ်သည်တော် တစ်ယောက် ဖြစ်သည်။

သူ့နားတွင် ရှိသော လူများ မျက်လုံးပြူးသွားကြသည်။

မီးဖိုကြီးသည် ရှောက်ရွှမ်ရှေ့တွင် ပေါ်ထွက်လာပြီ ဖြစ်သည်။ မီးများ ဟုန်းဟုန်းတောက်မနေသော်လည်း၊ မီးတောက်များမှာ အတော်ကြီးပါသည်။ မီးဖိုတစ်ခုလုံး မီးတောက်များနှင့် ပြည့်

သွားပါသည်။

နတ်ဆေးဆရာမသည် ကျောက်သေတ္တာတစ်လုံးကို ကိုင်ဆောင်ရင်း၊ မီးဖိုနားတွင် ရပ်နေပါသည်။ သေတ္တာထဲတွင် ရှောက်ရွှမ် ဝတ်ဆင်ထားသော အရိုးနှင့်တူသော အရိုးသုံးချောင်းရှိပါသည်။ သို့သော် ထိုအရိုးများသည် ရှောက်ရွှမ်၏ အရိုးလိုတော့ မတောက်ပါပါ။

ထို့နောက် နတ်ဆေးဆရာမသည် အရိုးများထည့်ထားသော သေတ္တာကို ရှောက်ရွှမ်အားပေးလိုက်၏။

(ဆက်ရန်…)

All Chapters