အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အခန်း (၃၇၉) မီးတောက်ဘီလူး
အဆင့်မြင့်သော အဖွဲ့ဝင်တစ်ယောက်သည် ရာထူးတစ်ခုကို လက်ခံယူမည်ဆိုပါက သူတို့သည် မီးဖိုကြီးနှင့် အရိုးသုံးချောင်းရှေ့တွင် သစ္စာဆိုရသည်။ ကျန်းလော် အကြီးအကဲဖြစ်တုန်းကလည်း သစ္စာဆိုခဲ့ရသလို၊ သောခန် အမဲလိုက်အဖွဲ့ခေါင်းဆောင် ဖြစ်တုန်းကလည်း သစ္စာဆိုခဲ့ရသည်။ ထို့ကြောင့် နတ်ဆေးဆရာမသည် အရိုးသုံးချောင်း ထည့်ထားသော သေတ္တာလေးကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။ မီးဖိုကြီးနားတွင် ရှိသူများသာ သေတ္တာထဲမှ ပစ္စည်းကို မြင်ရပြီး၊ အများစုကတော့ သေချာမမြင်ကြရပါ။
ကျွေ့နှင့် ရန်ဖြစ်သောနေ့ကတည်းက ရှောက်ရွှမ်သည် ထိုလည်ဆွဲကို ဝတ်ဆင်ထားခဲ့သော်လည်း သောခန်က သတိမထားလိုက်မိပါ။
ရှောက်ရွှမ်သည် ဘိုးဘေးများကို အရိုအသေ
ပေးသည့်အနေနှင့် သေတ္တာလေးကို ဦးညွှတ်လိုက်သည်။
အစီအစဉ်အရဆိုလျှင်၊ သေတ္တာကို ဆွဲထုတ်လိုက်သောအချိန်တွင် ရှောက်ရွှမ်က သစ္စာဆိုရမည် ဖြစ်သည်။မီးဖိုကြီးနားတွင်ရှိသော သောခန်နှင့် သက်ကြီးပိုင်းအဖွဲ့ဝင်များက ရှောက်ရွှမ်ကို စောင့်ဆိုင်းနေကြသည်။ သို့သော် ရှောက်ရွှမ်ဆီမှ စကားသံထွက်မလာပါ။
ဘာတွေဖြစ်ကုန်တာလဲ။ သူပြောရမယ့်စကားတွေကို မေ့ကုန်တာလား။ အရမ်းစိတ်လှုပ်ရှားနေတာလား။
ကျန်းလော်သည် စိတ်ရှုပ်သွားသော်လည်း နတ်ဆေးဆရာမ၏ အပြုအမူကို မြင်သောအခါ အခြေအနေမှာ တစ်ခုခုတော့ ထူးခြားနေပြီဆိုတာကို သိလိုက်သည်။
နတ်ဆေးဆရာမသည် သူမလက်ထဲမှ သေတ္တာ
လေးကို ကြည့်နေရင်း မျက်ရည်များ ကျနေပါသည်။
သေတ္တာထဲမှ အရိုးများသည် အရောင်မှိန်နေသော်လည်း၊ ရှောက်ရွှမ်လက်နှင့် ထိလိုက်သောအခါ တောက်ပလာပါသည်။
ရှောက်ရွှမ်ဝတ်ဆင်ထားသော အရိုးပေါ်မှ ပုတီးစေ့လောက်တော့ မတောက်ပသော်လည်း၊ နတ်ဆေးဆရာမက စိတ်ထိခိုက်သွားပါသည်။ ထိုပုတီးစေ့များသည် မည်သည့်အရာကို ကိုယ်စားပြုကြောင်း နတ်ဆေးဆရာများနှင့် နတ်ဆေးဆရာများ သိကြပါသည်။ အရင်တုန်းကဆိုလျှင် ပုတီးစေ့များမှာ အရောင်မှိန်နေပါသည်။ သူတို့အမှားတစ်ခုခုကျူးလွန်ခဲ့သဖြင့် ဘိုးဘေးများက သူတို့ကို စွန့်ပစ်လိုက်သလို ဖြစ်နေပါသည်။ အခုတော့ ဖြစ်ပါလာသော အပြောင်းအလဲနှင့်အတူ မျှော်လင့်ချက်တို့ ပြန်ရှင်သန်လာပါသည်။
ဘိုးဘေးများသည် သူတို့ကို စွန့်ခွာမသွားပါ။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုကို အမြဲ
ပင် စောင့်ရှောက်နေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခေါင်းမာစွာဖြင့် ထိုအရိုးများထံတွင် ဆုတောင်းခဲ့ကြပါသည်။ ထိုအရိုးများသည် ပထမဆုံးနတ်ဆေးဆရာထားခဲ့သော ပစ္စည်းများ ဖြစ်သည်။ ၎င်းသည် မျိုးနွယ်စုအတွင်းက အစွမ်းအထက်ဆုံးသော နတ်ဆေးဆရာကို ကိုယ်စားပြုပါသည်။ နတ်ဆေးဆရာမသည် သေတ္တာကိုသာ ကိုင်ဆောင်မထားရပါက၊ သူမပါ ဝင်ရောက်၍ ဒူးထောက်အရိုအသေ ပေးမိမည် ဖြစ်ပါသည်။
ရှောက်ရွှမ်သည် သေတ္တာထဲက အပြောင်းအလဲကို တွေ့လိုက်ရပါသည်။ အလှဆင်ထားသော အရိုးကို နတ်ဆေးဆရာကဆီက လက်ခံယူသည့်အချိန်တုန်းက၊ နတ်ဆေးဆရာက သူ့ကို ပြောခဲ့ပါသည်။ အလှဆင်ထားသောအရိုး၆ခုနှင့် ပုတီးစေ့၆စေ့ ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ ရှောက်ရွှမ်သည် အရိုး၃ချောင်းကို မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ အခုတော့ နောက်ထပ်၃ချောင်းကို မြင်လိုက်ရပေပြီ။
တစ်ချောင်းမှ မပျောက်ဆုံးသေးသည်မှာ တော်ပါသေးသည်။ တစ်ချောင်းမှ မပျောက်ဆုံးသေးသောကြောင့်၊ တစ်နေ့တွင် ထိုအရိုး၆ချောင်းတို့သည် တပေါင်းတစည်းတည်း ပြန်ဖြစ်လာနိုင်ပါသည်။
နတ်ဆေးဆရာမက ညွှန်ပြထားသည့်အတိုင်း၊ ရှောက်ရွှမ်သည် သူ၏ နတ်စွမ်းအင်များကို နှိုးထလိုက်ပြီး၊ မီးဖိုကြီးနှင့် ဆက်သွယ်လိုက်သည်။ ကျန်သောမျိုးနွယ်စုဝင်များသည်လည်း သူတို့၏စိတ်များကို မီးဖိုကြီးနှင့် ဆက်သွယ်လိုက်ပါသည်။ မီးဖိုကြီးထဲမှ မီးတောက်များ တလူလူတက်လာပါသည်။
သို့သော် ရှောက်ရွှမ်သည် သူ၏စွမ်းအင်များကို မီးဖိုကြီးနှင့် ဆက်သွယ်လိုက်သောအခါ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာပါသည်။ သူသည် ကြက်သေသေသွဦးသဖြင့် သစ္စာပင်မဆိုမိတော့ပါ။
မီးဖိုကြီးအတွင်းတွင် မီးတောက်များ တောက်လောင်နေသလို၊ သူ့စိတ်ထဲမှ မျိုးနွယ်စုမီးတောက်များကလည်း ဟုန်းဟုန်းတောက်နေပါသည်။
ရုတ်တရက် ထွက်ပေါ်လာသော မီးတောက်ကို အားလုံးစိတ်ဝင်စားသွားကြသည်။ ထို့နောက် အော်သံတစ်ခုပေးလိုက်ပြီး၊ တောင်ပေါ်တောင်အောက် ရှိသမျှနေရာတိုင်းမှ မီးတုတ်များ၊ မီးဖိုများကို ငြှိမ်းသတ်လိုက်ပါသည်။
မီးတောက်ဟူ၍ တောင်ကုန်းပေါ်ရှိ မီးဖိုကြီးထဲမှ မီးတောက်များသာ ရှိပါတော့သည်။
မျိုးနွယ်စုထဲမှ သက်ကြီးပိုင်းများသည် ရိုးရာအခမ်းအနားများကို အကြိမ်မရေတွက် နိုင်အောင် ဆင်နွှဲခဲ့ပြီးဖြစ်သည်။ သူတို့ အဖိုး၊အဖွား၊အဖေ၊အမေများဆီမှ ပုံပြင်များစွာကို ကြားဖူးထားသော်လည်း၊ အခုလို အဖြစ်မျိုးကိုတော့ မကြုံဖူးကြပါ။ တလောကလုံးတွင် မီးဟူ၍ မီးဖိုကြီးထဲမှ မီးတောက်များသာ ရှိတော့သလို ဖြစ်နေပါသည်။ မီးဖိုကြီးထဲမှ မီးတောက်များကတော့
တဟုန်းဟုန်းတောက်လောင်ဆဲ ဖြစ်ပါသည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များနှင့်အတူ ဦးချို၂ချောင်း၏ ပုံရိပ်ထွက်ပေါ်လာပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအားလုံး ထိုပုံရိပ်နှင့် ရင်းနှီးပြီးသားဖြစ်ကြပါသည်။ ထိုကဲ့သို့ ပုံရိပ်မျိုးကို အရင် အခမ်းအနားများတုန်းက တွေ့ဖူးသော်လည်း၊ အခုလောက်ကြီးမားပြီး ရှင်းလင်းသော ပုံရိပ်မျိုးကိုတော့ အခုမှ မြင်ဖူးခြင်းဖြစ်သည်။
သူတို့အားလုံးသည် ခန္ဓာကိုယ်ထဲမှ သွေးများဆူပွက်လာသလို ခံစားလိုက်ရသည်။ ထို့အတူ သူတို့၏ နတ်အမှတ်အသားများသည်လည်း အရင်ကထက် တောက်ပလာကြသည်။
“ဒါ…ဒါဟာ…” မြင့်မားလှသော မီးတောက်ကြီးများကို ကြည့်ရင်း၊ နတ်ဆေးဆရာမ ကြက်သေသေသွားသည်။
သို့သော် အခုမှ အစပဲရှိပါသေးသည်။ နတ်
ဆေးဆရာမသည် သူမ၏ စိတ်အာရုံများကို ထွေပြားသွားစေသည့် နောက်ထပ်စွမ်းအင်တစ်ခုကို ခံစားလိုက်မိပါသည်။ သူမကိုင်ထားသော သေတ္တာကို ငုံ့ကြည့်လိုက်သောအခါ၊ ပုတီးစေ့များ အရောင်တောက်ပနေကြောင်းကို တွေ့လိုက်ရသည်။ ထိုပုတီးစေ့များသည် ရောင်ပြန်ဟပ်မှုကြောင့် အရောင်တောက်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အလင်းရောင်ဖြင့် တောက်လောင်နေကြခြင်း ဖြစ်သည်။
ပုတီးစေ့များမှာ တဖြည်းဖြည်း ပိုတောက်ပလာပြီး၊ နောက်ဆုံးတွင် မီးလုံးများအဖြစ်သို့ ရောက်ရှိသွားပါသည်။
ထိုအချိန်တွင် ပုတီးစေ့၃စေ့ပါသော အရိုးသုံးချောင်းသည် မီးများထတောက်ပါသည်။ အရိုးများကို မမြင်ရသောလူများသည် သေတ္တာထဲမှ အလင်းရောင်ကို မြင်လိုက်ရသည်။
လေထုထဲတွင် ပူနွေးသွားသော်လည်း ဘယ်သူမှ အပူမလောင်ကြပေ။ မပူလောင်သည့်အပြင် တ
ခါမှ မခံစားရဖူးသော နွေးထွေးမှုနှင့် လုံခြုံစိတ်ချမှုများကို ခံစားလိုက်ရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်အားလုံး အံ့ဩမင်သက်နေကြသည်။ မျက်လုံးများက မီးတောက်ကို စိုက်ကြည့်နေပြီး စိတ်အာရုံများက ဗလာသက်သက် ဖြစ်နေကြသည်။
ရှောက်ရွှမ်လည်ပင်းတွင်ဆွဲထားသော ပုတီးစေ့မှ မီးတောက်များမှာ ပိုမိုကြီးမားလာသည်။ နတ်ဆေးဆရာမ၏ သေတ္တာထဲမှ ပုတီးစေ့များလည်း ထိုသို့ ဖြစ်ကုန်ကြသည်။
မီးဖိုကြီးနားတွင် ရပ်နေကြသော နတ်ဆေးဆရာမနှင့် ရှောက်ရွှမ်တို့ကို ပုတီးစေ့များမှ မီးတောက်များက ဝါးမျိုသွားပြီဖြစ်သည်။ သို့သော် မီးတောက်များက သူတို့ကို လောင်ကျွမ်းမသွားပါ။ ထိုအခြေအနေကြောင့် ကျန်သောလူများသည် သတိပြန်ဝင်သွားကြသည်။
နတ်ဆေးဆရာမသည် သေတ္တာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ငြိမ်ငြိမ်ကြီး ရပ်နေပါသည်။
လှုပ်လိုက်ပါက တစ်ခုခုကို လွဲချော်သွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ဘာတွေဖြစ်လာမလဲ သူမ မသိသော်လည်း၊ မျိုးနွယ်စုအတွက် ကောင်းသည့် ကိစ္စမှန်းတော့ သူမ သေချာပါသည်။
တုန်လှုပ်နေသော လူများ၊ တောင့်တောင့်ကြီး ဖြစ်နေသော နတ်ဆေးဆရာမတို့နှင့် ယှဉ်လျှင်၊ ရှောက်ရွှမ်က အတော်လေး တည်ငြိမ်ပါသည်။ ရှေ့ဆက်ဘာဖြစ်လာမလဲကို ရှောက်ရွှမ် ခန့်မှန်း၍ရပါသည်။ သူသည် ထိုကဲ့သို့ အဖြစ်မျိုးကို တစ်ကြိမ် ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။
ရှောက်ရွှမ်သည် ခေါင်းမော့လိုက်ရင်း ကောင်းကင်ပေါ်ထိုးတက်နေသော မီးတောက်များကို ကြည့်လိုက်ပါသည်။ နတ်ဆေးဆရာမကလည်း ရှောက်ရွှမ် အပြုအမူအတိုင်း လိုက်လုပ်သည်။
ကျန်သောသူများကတော့ သူတို့၏ အပြုအမူများကို နားမလည်ပါ။ တချို့ကတော့ နတ်
ဆေးဆရာမသည် အခမ်းအနားအသစ်တစ်ခုပြုလုပ်နေသည်ဟု ထင်ကြသည်။ သို့သော် မကြာခင်တွင် သူတို့အားလုံးမှားနေကြောင်း သိလိုက်ရပါသည်။
မီးတောက်များသည် ကောင်းကင်ပေါ်ထိုးတက်သွားပြီး၊ ကြီးမားသော လူရိပ်ကြီးတစ်ခု သဏ္ဍာန်ဖြစ်ပေါ်လာပါသည်။ လူရိပ်ကြီးမှာ တဖြည်းဖြည်းပို ထင်ရှားလာပါသည်။
မီးတောက်များကလည်း ပိုပို ကြီးလာ၏။
တောင်ကုန်းပေါ်တွင် မီးတောက်ဘီလူးကြီးတစ်ကောင် ထွက်ပေါ်လာပေသည်။ မြင်ရသူအားလုံးမှာ တုန်လှုပ်သွားကြပါသည်။ သူတို့အားလုံး သတိပြန်ဝင်လာသောအခါ၊ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
ဘီလူးကြီးသည် လက်၂ဖက်ကို ဆန့်တန်းလိုက်ပြီး မီးဖိုထဲမှ ကောင်းကင်ပေါ်သို့ ပျံတက်သွားပါသည်။
လကိုဖုံးလွှမ်းထားသော တိမ်များမှာ မီးတောက်အရှိန်ကြောင့် အနီရောင် ဖြစ်နေပါသည်။ ဘီလူးကြီး၏ စွမ်းအင်အငွေ့အသက်များမှာ တောင်ကုန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပါသည်။
တောင်အောက်ရှိ တိရစ္ဆာန်များထားသောနေရာတွင် ဖမ်းမိထားသော သားရဲများရှိပါသည်။ တိရစ္ဆာန်အရိုင်းများသာမက အယဉ်များပါ မီးတောက်ကြီးကို ကြောက်လန့်သောကြောင့် တုန်လှုပ်နေကြပါသည်။ ဒိုင်နိုဆောကြီးသည် ကြောက်လွန်းသဖြင့် တွင်းတူးပြီး တွင်းထဲတွင် ဝင်ပုန်းနေလေသည်။
တောင်ကုန်းကို လှည့်ပတ်စီးဆင်းနေသော မြစ်တစ်ဖက်ကမ်းမှ သားရဲများသည်လည်း တစ်စုံတစ်ယောက်က ရိုက်ထုတ်လိုက်သည့်အလား ထွက်ပြေးသွားကြသည်။
အနားတွင်ရှိသော ထိုက်ဟယ်မျိုးနွယ်စုကတော့ အိပ်ရာဝင်သွားကြပြီ ဖြစ်သည်။
သို့သော် အိပ်နေရာမှ လန့်နိုးလာကြပြီး ကျောရိုးတလျှောက် စိမ့်တက်သွားကြသည်။
ထိုအခါ သူတို့အားလုံး အိမ်ထဲမှ ထွက်လာကြပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ နေထိုင်ရာသို့ လှမ်းကြည့်လိုက်ကြသည်။
သို့သော် ထိုက်ဟယ်မျိုးနွယ်စုဝင်များ နေသောနေရာနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ နေသော နေရာသည် အလှမ်းကွာဝေးသဖြင့်၊ သေချာမမြင်ကြရပါ။ အနီရောင်ကောင်းကင်ကြီးနှင့် တောအုပ်ကိုသာ သူတို့မြင်ကြရသည်။
နက်ရှိုင်းလှသော တောအုပ်အလယ်တွင် အလင်းရောင်တစ်ခုသည် နီရဲတောက်ပနေ၏။ထိုအရာကို မြင်သောအခါ သူတို့အားလုံး ကျောချမ်းသွားကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘာလုပ်နေကြတာလဲ…။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲ့တို့ရာဇဝင်
အခန်း (၃၈၀) ကျောက်လက်နက်ပစ္စည်းများ
အသစ်ခန့်အပ်ခြင်းခံလိုက်ရသော ဝါစဉ်ကြီးပုဂ္ဂိုလ်အသစ် ရှောက်ရွှမ်ကြောင့်၊ အားလုံးသည် ကြိုဆိုပွဲအခမ်းအနားကို မမေ့နိုင်ဖြစ်သွားကြသည်။ ထိုအဖြစ်အပျက်ကြောင့် သူ့အပေါ်တွင် ရှိနေသော သံသယများလည်း ပျောက်ကွယ်သွားသည်။
အထက်တွင် နတ်ဆေးဆရာမနှင့် အကြီးအကဲတို့သာရှိတော့သော ရာထူးကို ယူခဲ့သည့်အတွက် ရှောက်ရွှမ်ကို မည်သူကမှ မကန့်ကွက်ပါ။ ထို့ပြင် အားလုံးသည် ရှောက်ရွှမ်ကို ပိုလေးစားသွားကြသည်။ ရှောက်ရွှမ်ကိုမြင်လျှင် မီးတောက်ဘီလူးကြီးကို ပြန်အမှတ်ရသွားကြပါသည်။
ကြိုဆိုပွဲအခမ်းအနားတွင် ရှောက်ရွှမ်အကြောင်းအနည်းငယ်ကို ပြောပြီး၊ လူထုနှင့် မိတ်ဆက်ရပါသည်။ သို့သော် သူ့သမိုင်းကြောင်းက
အရေးမကြီးပါ။ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်ကြောင်းကို အားလုံးသိကြရန်သာ အရေးကြီးပါသည်။ နတ်ဆေးဆရာမနှင့် အကြီးအကဲတို့က ရှောက်ရွှမ်၏ အတိတ်ကို ပုံကြီးချဲ့မနေတော့သဖြင့်၊ သူတို့လည်း ဘာမှ ထပ်မမေးတော့။ ထိုထုံးစံကတော့ ယခုမီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင်လည်း အတူတူပင်ဖြစ်သည်။
“နောက်၇ရက်ကြာရင် အမဲလိုက်ထွက်မယ်…ရှောက်ရွှမ်…မင်းလည်းလိုက်ရမယ်” အကြီးအကဲ ကျန်းလော်က ရှောက်ရွှမ်ကို ပြောလိုက်သည်။
အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ ရှောက်ရွှမ်သည် မျိုးနွယ်စုအတွင်းတွင် လျင်မြန်စွာ အသားကျသွားလိမ့်မည် ဖြစ်သည်။ရှောက်ရွှမ်၏ စွမ်းရည်မျိုးနှင့်ဆိုလျှင်၊ ကောင်းမွန်စွာ အမဲလိုက်နိုင်မည် ဖြစ်သည်။ အဆင့်မြင့်မျိုးနွယ်စုစစ်သည်တော် တစ်ယောက်ဖြစ်နေသောကြောင့်၊ အမဲလည်း ကောင်းကောင်းလိုက်တတ်မည် ဖြစ်သည်။
“ဟုတ်ကဲ့” ရှောက်ရွှမ်က ပြောလိုက်သည်။
ကျန်းလော်က ကြေးလက်နက်ကိရိယာများပေးသော်လည်း၊ ရှောက်ရွှမ်က ငြင်းဆိုလိုက်သည်။ ရက်အနည်းငယ်နေပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် မျိုးနွယ်စုအကြောင်းကို အကြမ်းဖျဉ်းနားလည်သွားပြီ ဖြစ်သည်။ သူတို့သုံးနေသော သတ္တုလက်နက်ကိရိယာများသည် ကျွန်ပိုင်ရှင်များနှင့် ကုန်ပစ္စည်းဖလှယ်ပြီး ရယူထားခြင်းဖြစ်သည်။
ပင်မမျိုးစေ့သည် ကျွန်ပိုင်ရှင်များ၏ လက်ထဲတွင် ရှိပေသည်။ ထိုနေရာတွင် ရှိသော ပင်မမျိုးစေ့သည် ကန္တာရထဲက ပင်မမျိုးစေ့ထက် ပိုကြီးပေသည်။ လွန်ခဲ့သောနှစ်၁၀၀၀က၊ တိုင်းပြည်မှ နှင်ထုတ်ခံရသော ကျွန်ပိုင်ရှင်များတွင် ပင်မမျိုးစေ့သုံးစေ့သာရှိပါသည်။ အခြေစိုက်စခန်းတွင်ထားခဲ့သော မျိုးစေ့များက တကယ်အရေးကြီးသော မျိုးစေ့များ ဖြစ်သည်။ သတ္တုများအလွန်ပေါများသောကြောင့်၊ သူတို့သည် အခြားမျိုးနွယ်
စုများကို ရက်ရောစွာ ပေးကမ်းခဲ့ခြင်းပင်။
သို့သော် ကြေးကိရိယာပစ္စည်းများကတော့ ဈေးကြီးမြင့်ပြီး တန်ဖိုးကြီးပေး၍ လဲလှယ်ရပါသည်။ ကလေးများ ပထမဆုံးအကြိမ် အမဲလိုက်မထွက်မီ၊ မိဘများထံမှ ကြေးနှင့်ပြုလုပ်ထားသော ဓားများကို ရရှိကြပါသည်။ ထိုလက်ဆောင်ပစ္စည်းကို သူတို့ တစ်သက်လုံးသုံးသွားရမည် ဖြစ်သည်။ လက်ဆောင်ပစ္စည်းများကတော့ ဓားရှည်များ၊ ပုဆိန်များနှင့် ဓားမြောင်များ ဖြစ်ကြပါသည်။ အမဲလိုက်ထွက်ရင်း ထိုလက်နက်များ တစ်ခုခုဖြစ်သွားလျှင် ပန်းပဲဆရာများရှိပါသည်။ သို့သော် ထိုပန်းပဲဆရာများသည် ကျွန်ပိုင်ရှင်များနှင့်ပါလာသော ကြေးစားများလောက်တော့ မကျွမ်းကျင်ပါ။ ပျက်စီးသွားသောဓားအဟောင်းမှ ဓားအသစ်ပြုလုပ်ခြင်းမျိုးကိုသာ လုပ်ဆောင်နိုင်ကြသည်။
ကျန်လော်၏ အိမ်တွင် သတ္တုလက်နက်ကိရိယာများစွာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုသည် အမဲလိုက်ရာတွင်
ထူးချွန်သောကြောင့်ပင်။ ရှောက်ရွှမ်သည် ကြေးဓားမြောင်တစ်ချောင်းမရှိသောကြောင့် အမဲမလိုက်နိုင်ခြင်းမဟုတ်ပေ။ သူအလိုရှိပါက သူ့ဟာသူ ဆောင်ယူနိုင်ပေသည်။
ထို့ကြောင့် ရှောက်ရွှမ်က သူ့အိမ်ထဲသို့ ကျောက်တုံးကြီးတစ်တုံးသယ်လာသည်ကို တွေ့သောအခါ၊ ကျန်းလော်နှင့် ကျန်သူများအားလုံး အံ့ဩသွားကြခြင်း ဖြစ်သည်။
သတ္တုစတင်ပေါ်လာသည့်အချိန်မှစ၍၊ ၎င်း၏အသုံးဝင်ပုံများကို လူများ သိလာခဲ့ကြသည်။ ကျောက်လက်နက်ပစ္စည်းများမှာ မသုံးတော့သလောက် ရှားပါးသွားသည်။ သို့သော် ကျောက်လက်နက်ပစ္စည်းများမှာ မရှိမဖြစ် ပစ္စည်းများတော့ မဟုတ်ပါ။ ရှောက်ရွှမ်တစ်ယောက် ကျောက်တုံးကြီးကို ထမ်းလာသည်ကို မြင်သောအခါ၊ နတ်ဆေးဆရာမ၊အကြီးအကဲအပါအဝင် မျိုးနွယ်စုဝင်အားလုံး စိတ်မကောင်းဖြစ်သွားကြသည်။ သူတို့၏ အခြားသောမျိုးနွယ်စုတစ်ဝက်မှ ညီနောင်သည် ကျောက်လက်နက်
ပစ္စည်းများကို အားကိုးနေဆဲဖြစ်သည်။
နတ်ဆေးဆရာမနှင့် ကျန်လူများ ပေးသော ပစ္စည်းများကို ငြင်းဆိုလိုက်ပြီးနောက်၊ ရှောက်ရွှမ်သည် သူလိုအပ်သော ပစ္စည်းများကို ပြုလုပ်ရန် အာရုံစိုက်လိုက်သည်။
တခြားသူများပေးသော ပစ္စည်းများကို ငြင်းလိုက်ခြင်းမှာ၊ ရှောက်ရွှမ်သည် ကိုယ်တိုင်ပြုလုပ်သော လက်နက်များကို အသုံးပြုနေကြ ဖြစ်သောကြောင့် ဖြစ်သည်။ အခြားသူများ ပြုလုပ်ထားသော လက်နက်များကို၊ သူမကိုင်တတ်ပါ။
မျိုးနွယ်စုထဲမှ လူအများစုသည် အရည်အသွေးကောင်းသော ကျောက်တုံးများကို မရှာတတ်တော့သော်လည်း ရှောက်ရွှမ်ကတော့ ရှာတတ်ပါသည်။ ရှောက်ရွှမ်သည် အရည်အသွေးကောင်းသော ကျောက်တုံးကြီးများကို ရွာပြင်တစ်နေရာမှ တူးဖော်လာခြင်း ဖြစ်သည်။ နောက်အခေါက်အမဲလိုက်ခရီးစဉ်များမှ ပြန်လာလျှင်တော့၊ ထိုထက်အရည်အသွေးကောင်းသော
လက်နက်တမျိုးမျိုးကို ရနိုင်မည် ဖြစ်သည်။
ရှောက်ရွှမ်၏ အိမ်နားမှ ဖြတ်သန်းသွားလျှင် ကျောက်တုံးများကို ထုဆစ်နေသော အသံများကို ကြားရမည် ဖြစ်သည်။
သုန့်ကန်းနှင့် ကွမ်းယီတို့သည် စပ်စုလိုသဖြင့် ရှောက်ရွှမ်၏ အိမ်ထဲဝင်လာခဲ့ကြသည်။
ကျောက်တုံးကြီးတစ်တုံးကို သူအလိုရှိရာပုံစံရအောင် ဖြတ်တောက်နေသည့် ရှောက်ရွှမ်ကို လေးစားသွားကြသည်။ သူတို့ကတော့ သတ္တုလက်နက်များကို အသုံးပြုလာသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့၏ ဘိုးဘေးများသည်လည်း ရှောက်ရွှမ်လိုပင် ကျောက်လက်နက်များကို ထုဆစ်ခဲ့ကြသည် မဟုတ်ပါလား။
ရှောက်ရွှမ်သည် အမဲလိုက်ခရီးစဉ်အတွက်လိုအပ်သော လက်နက်ကိရိယာများကို ပြုလုပ်နေ၏။ သူသည် ယခုတစ်ခေါက်တွင် သားကောင်အတော်များများရရန် အမဲလိုက်မည်ဟု စိတ်ကူး
ထားသည်။ ဒီကိုရောက်လာကတည်းက ရှောက်ရွှမ်သည် လက်ဆောင်ပစ္စည်းများကို ရခဲ့သည်။ အခုတော့ သူပြန်ပေးရမည့် အလှည့်ဖြစ်သည်။ သူ့အတွက်လည်း သားကောင်အချို့ကို သိုလှောင်ထားရမည်။ သို့မှသာ နောင်တချိန် လဲလှယ်လိုပါက ရမည် ဖြစ်သည်။
၇ရက်ကြာသောအခါ အမဲလိုက်ထွက်မည့် စစ်သည်တော်များသည် တောင်ကုန်းခြေရင်းတွင် လူစုကြပါသည်။
ရှောက်ရွှမ်သည် မျက်နှာပေါ်တွင် ရွှံ့များလိမ်းလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ သူသိထားသော မီးတောက်ဦးချိုမျိုးနွယ်စု၏ ထုံးစံဖြစ်သည်။ အမဲလိုက်မထွက်မီ၊ ကိုယ်ယောင်ဖျောက်ရန်အတွက် မျက်နှာပေါ်တွင် ဆေးများ၊ရွှံ့များ လိမ်းကျံကြသည်။
ထိုရွှံ့ကို နတ်ဆေးဆရာမက အထူးဖော်စပ်ပေးထားခြင်း ဖြစ်သည်။ ထိုရွှံ့စေးကို လွန်ခဲ့သော နှစ်၁၀၀၀လောက်ကတည်းက သူတို့ဘိုးဘေးများ
က အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုရွှံ့သည် သာမန်ရွှံ့များလို လျင်မြန်စွာခြောက်မသွားဘဲ ဆယ်ရက်ခန့် ခံပါသည်။
ခါတိုင်းအခေါက်များလိုပင်၊ အမဲလိုက်အဖွဲ့ကို သောခန်နှင့် ကွမ်းယီတို့က ဦးဆောင်ပါသည်။ အမဲလိုက်ခရီးစဉ်တွင် မပါဝင်သောလူများလည်း ရောက်လာကြသည်။ ဝူကျဲ့၊ထောင်ကျန်းနှင့် ကျွေ့အစရှိသော လူငယ်များကတော့ ရှောက်ရွှမ်ကို ပြိုင်ဘက်အဖြစ်မြင်နေကြပါသည်။ ရှောက်ရွှမ်နှင့် ရန်ဖြစ်ခဲ့သော ကျွေ့သည် ရှောက်ရွှမ်ကို မကျေနပ်သေးပေ။
လူရေတွက်ပြီးသောအခါ သုန့်ကန်းက “သွားမယ်”ဟုအော်ပြောလိုက်သည်။
အမဲလိုက်အဖွဲ့သည် သူတို့၏ ဓလေ့ထုံးစံအတိုင်း အမဲလိုက်သီချင်းတစ်ပုဒ်ကို သီဆိုနေပါသည်။
“ကောင်းကင်နဲ့မြေပြင်ကြားမှာ ငါတို့ရဲ့ဘိုးဘေး
တွေ တည်ရှိတာ…အမျိုးဂုဏ်ဆောင်တဲ့ မုဆိုးမောင်…ရာသီစက်ဝန်း အလီလီပြောင်းလို့…ငှက်ကျေးများရဲ့ သီချင်းသံကို လေပြည်ညှင်းက သယ်လို့ဆောင်…”
ရှောက်ရွှမ်စိတ်ထဲတွင် ထိုသီချင်းသံကို ရင်းနှီးနေပါသည်။ မျိုးနွယ်စု၂ခု၏ ဖြတ်သန်းလာရသော အတွေ့အကြုံများမှာမတူညီသော်လည်း၊ ရှောက်ရွှမ် စိတ်ထဲတွင် ပထမဆုံးအကြိမ် အမဲလိုက်ထွက်ရသလို ခံစားနေရပါသည်။ သူသည် မျိုးနွယ်စုအတွက် ဂုဏ်ယူမိပေသည်။
ထိုက်ဟယ်မျိုးနွယ်စုဝင်များသည်လည်း အမဲလိုက်ထွက်ရန် ပြင်ဆင်နေကြပါသည်။ သူတို့သည်လမ်းလျှောက်နေရင်းနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သီချင်းသံကို ကြားလိုက်ရပါသည်။ ထိုအခါ သူတို့သည် ကြောက်ရွံ့တုန်လှုပ်မိကြသည်။ “ဘာတွေလဲ…အမဲလိုက်ထွက်တာကို ဘာလို့ သီချင်းဆိုနေတာလဲ”
သို့သော် သူတို့သည် တစ်ဖွဲ့ကို တစ်နေရာစီ အမဲ
လိုက်ထွက်ကြမည် ဖြစ်သည်။ အတူတူသာ အမဲလိုက်ထွက်ကြမည်ဆိုပါက၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များ ဒုက္ခရောက်သွားမည် ဖြစ်ပါသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၃၈၁) တိကျခြင်း
သစ်တောမှာ သစ်ပင်များ ထူထပ်စွာပေါက်နေသော တောဖြစ်သည်။ သစ်ပင်ကြီးများမှာ လူကြီးဆယ်ယောက်ဖက်စာလောက်ရှိပါသည်။
သစ်မြစ်များက မြေပြင်ကို သားရဲတစ်ကောင်၏ လက်သည်းများလို ကုတ်ခြစ်ထားသည်။ တချို့နေရာများဆိုလျှင် တောင်ကုန်းလေးများနှင့်ပင် တူနေသေးသည်။
သစ်တောထဲတွင် အရိပ်မည်းများသည် တရိပ်ရိပ်သွားနေပါသည်။ တောထဲသို့ရောက်လာသောအခါ ၎င်းတို့သည် လူစုခွဲလိုက်ကြပါသည်။ ယခုခရီးစဉ်သည် အဖွဲ့လိုက်အမဲလိုက်ခြင်းမဟုတ်သောကြောင့် လူစုခွဲလိုက်ခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ၎င်းထက်ငယ်သော စစ်သည်တော်များနှင့် အတူပါလာသည်။ သူတို့အဖွဲ့ထဲ
တွင် လူ၂၀လောက်ပါလာပါသည်။ အဖွဲ့ထဲတွင် ထောင်ကျန်းနှင့် ကျွေ့လည်းပါလာပြီး၊ အဖွဲ့ကို ဝူကျန်းက ဦးဆောင်ပါသည်။ ရာထူးအရဆိုလျှင်တော့ ရှောက်ရွှမ်က အဖွဲ့ခေါင်းဆောင် ဖြစ်သင့်သည်။ သို့သော် ရှောက်ရွှမ်က အခုမှ ထိုတောထဲသို့ ရောက်ဖူးခြင်း ဖြစ်သဖြင့် ခေါင်းဆောင်နေရာကို လက်မခံခဲ့ခြင်း ဖြစ်သည်။
အဖွဲ့ထဲတွင် ပါလာသော သူများသည် ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ကြသည်။ အစပိုင်းတွင် ရှောက်ရွှမ်ရှိနေခြင်းကြောင့် ရှိုးတိုးရှန့်တန့်ဖြစ်နေသော်လည်း နောက်ပိုင်းတွင်တော့ စိတ်အေးလက်အေး ဖြစ်သွားကြသည်။
အဖွဲ့ထဲမှ လူများသည် တစ်ယောက်နှင့်တစ်ယောက် စကားအများကြီးပြောရန် မလိုပေ။ အကြည့်တစ်ချက်နဲ့တင် တစ်ယောက်သဘောကို တစ်ယောက်က သိနိုင်ကြသည်။
အကြီးအကဲ၊အမဲလိုက်အဖွဲ့ခေါင်းဆောင်နှင့်
ထောင်ကျန်း၏ အဖေတို့က ရှောက်ရွှမ်ကို သေချာစောင့်ရှောက်ရန် ထောင်ကျန်းကို အကြိမ်ကြိမ်မှာထားပြီးသား ဖြစ်သည်။ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း သူသည် လျင်မြန်လှသော အမဲလိုက်နည်းနှင့် အကျွမ်းဝင်ဦးမည် မဟုတ်ပေ။ သူတို့အမဲလိုက်နည်းကို ရှောက်ရွှမ်အား ရှင်းပြလျှင်ကောင်းမလား ထောင်ကျန်းစဉ်းစားနေ၏။
သို့သော် ရှောက်ရွှမ်က သူတို့အဖွဲ့ထဲတွင် လျင်မြန်စွာ အသားကျသွားလေသည်။ ထောင်ကျန်းက လက်ပြလိုက်လျှင် ရှောက်ရွှမ်က အခြားသူများလို လျင်မြန်စွာ ပုန်းအောင်းပြီးသား ဖြစ်သည်။ ထောင်ကျန်းက အပိုစကားတစ်ခွန်းမှ ပြောရန် မလိုပေ။
သစ်ပင်တစ်ပင်မှ သစ်ကိုင်းတစ်ကိုင်းလှုပ်သွားသည်။ သို့သော် သစ်ပင်များထူထပ် လွန်းသဖြင့် ၊လှုပ်ရှားမှုကို သေချာမမြင်ရပေ။
ထောင်ကျန်းက အချက်ပြလိုက်သောအခါ၊
အဖွဲ့ဝင်များသည် အရှိန်ကို လျှော့ချလိုက်သည်။ အရှိန်နှေးသွားသဖြင့် ခြေသံများလည်း တိုးသွားပေသည်။ ကျွေ့နှင့် စစ်သည်တော်တစ်ယောက်က သစ်ပင်ပေါ်တက်၍ အဝေးကို မျှော်ကြည့်လိုက်သည်။ လှုပ်ရှားမှုသည် သားကောင်ဖြစ်နေပါက၊ အမဲလိုက်ရန် အသင့်ပြင်ရတော့မည် ဖြစ်သည်။
ရှောက်ရွှမ်သည် သူ၏ အထူးအမြင်အာရုံဖြင့်၊ သစ်ရွက်များကြားတွင် အရိပ်မည်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်း၏ အရိုးဖွဲ့စည်းပုံအရ၊ သားကောင်မှာ အကောင်ကြီးတစ်ကောင်မဟုတ်ဘဲ၊ သားပေါက်လေးသာဖြစ်ကြောင်း ရှောက်ရွှမ် သိလိုက်သည်။
ကျွေ့သည် အရှေ့ကို မျှော်ကြည့်လိုက်ပြီး၊ ထောင်ကျန်းကို ခေါင်းခါပြလိုက်သည်။
ရှောက်ရွှမ်တွေ့လိုက်သော သားကောင်၏ ဦးခေါင်းမှာ မြင်းဦးခေါင်းနှင့် တူပေသည်။ လည်ပင်းက မြင်းထက် နည်းနည်းပိုရှည်ပြီး၊
ခန္ဓာကိုယ်က ကြံ့ခိုင်သည်။ သာမန်အချိန်တွင် ခပ်ဖြည်းဖြည်းသာသွားသော်လည်း၊ အန္တရာယ်နှင့်ကြုံလာလျှင်တော့ လျင်မြန်စွာ ပြေးနိုင်သည်။ ခွာများမှာ မကြီးမားသော်လည်း၊ လူတစ်ယောက်ကိုတော့ ကောင်းကောင်းကန်နိုင်ပေသည်။
ထိုသားကောင်မှာ သူတို့လိုက်နေကျ သားကောင်မျိုးဖြစ်သော်လည်း သူတို့သည် သားပေါက်လေးများကို မသတ်ဖြတ်ပေ။ ထိုကဲ့သို့ သားပေါက်လေးများကို တောထဲတွင် မကြာခဏ တွေ့မြင်ရပေသည်။ သားကောင်ပေါက်လေးများကို သတ်လျှင်၊ သူတို့၏ အစွမ်းကို ကောင်းကောင်းပြခွင့်မရသဖြင့်၊ မုဆိုးများက သားပေါက်များကို မသတ်ပါ။ အရွယ်ရောက်လာသောအချိန်မှ သတ်လေ့ရှိသည်။
သူတို့သည် သားပေါက်လေးများ အရွယ်ရောက်သည်အထိ သို့မဟုတ် မျိုးပွားသည့် အချိန်အထိ ဘေးမဲ့ပေးထားသည်။
ထိုအချိန်တွင်၊ သားပေါက်လေးသည် နောက်
ခြေထောက်၂ချောင်းပေါ်တွင် ရပ်ရင်း၊ အပင်ပေါ်မှ အသီးများကို ခူးထားနေသည်။ နားရွက်များကို တဖျပ်ဖျပ် လှုပ်ခတ်နေသော်လည်း၊ သူ့နားတွင်ရောက်နေသော မုဆိုးများကို သတိမထားမိပါ။
ရှောက်ရွှမ်တို့အဖွဲ့သည် တောနက်ထဲ ဆက်ဝင်လာခဲ့သည်။ ထို့နောက် မြစ်တစ်စင်း ရှိရာသို့ရောက်ရှိလာကြသည်။ ထိုနေရာတွင် မည်သည့်သားကောင်မှ မရှိပါ။
“ပုံမှန်ဆိုရင် အဲဒီမြစ်ရေကို ငါတို့မသောက်ဘူး …အရမ်းအန္တရာယ်များတယ်… ရေလိုရင် ပိန်းရွက်ပေါ်က ရေစက်တွေကို လိုက်စုရတယ်” ထောင်ကျန်းက အသံခပ်တိုးတိုးဖြင့် ရှင်းပြသည်။
“မြစ်ထဲမှာ ဘာရှိလို့လဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“အစွယ်ထက်ထက်နဲ့ငါးတွေ၊ စပါးကြီးမြွေကြီးတွေရှိတယ်…ဒါပေမဲ့ အဓိက အကြောင်းရင်းက အဲဒီကောင်တွေ မဟုတ်ဘူး” ထောင်ကျန်းသည်
သဲသောင်ပြင်ကို ညွှန်ပြလိုက်သည်။ “အရိုးသားရဲတွေ ရှိနေမယ်ထင်တယ်...ဒီကောင်တွေရှိနေရင် ဒီနေရာမှာ တိတ်ဆိတ်နေမှာပဲ…အခြားသားငါးတွေလည်း ပုန်းနေကြမှာ” ။
“အရိုးသားရဲ” နာမည်အသစ်တစ်ခု ဖြစ်သည်။
အလင်းရောင်အောက်တွင်တော့ မူမမှန်သည့် အဖြစ်မျိုးကို ရှောက်ရွှမ် မတွေ့ရပေ။ သို့သော် အန္တရာယ်တစ်ခုခုကျရောက်တော့မည်ဆိုတာကို သူ့စိတ်ထဲက သိနေပါသည်။
‘အရိုးသားရဲတွေရဲ့ အရိုးက အရမ်းမာတယ်…သူတို့အရိုးနဲ့ ဓားမြောင်လုပ်လို့ ကောင်းတယ်…အဲဒီကောင်တွေရဲ့ အရေပြားက အရမ်းထူတော့ ၊ သတ်လို့မလွယ်ဘူး…အရမ်းလည်း သန်မာတယ်…ငါတို့ဘက်ကမပိုင်ဘဲနဲ့ အဲဒီကောင်တွေနဲ့ တိုက်ခိုက်လို့မဖြစ်ဘူး…အဲဒီကောင်တွေက မာယာများတယ်”
ရှောက်ရွှမ်သည် သဲသောင်ပြင်ကို ကြည့်လိုက်
ပြန်သည်။ နတ်စွမ်းအင်ကို နှိုးထလိုက်သောအခါ၊ အရိုးတစ်ချောင်းကို သတိထားလိုက်မိသည်။
သူနှင့် တိုက်ခိုက်ခဲ့သော ဒိုင်နိုဆောလောက်ကြီးမားသော အရိုးသားရဲကြီးတစ်ကောင်ကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။ ၎င်း၏ဦးခေါင်းသည် ကျောက်သားခေါင်းစွပ်တစ်ခုစွပ်ထားသလို မာကြောလှပါသည်။ ထိုသတ္တဝါသည် အလွန်ကြံ့ခိုင်လှသည်။ သူ၏ တစ်ကိုယ်လုံးသည် မြေကြီးထဲနစ်ဝင်နေပြီး၊ ဦးခေါင်းလေးသည် မြေပေါ်ပေါ်နေပါသည်။ မျက်လုံးများကိုမှိတ်ထားပြီး၊ အသက်ကို ဖြည်းညှင်းစွာရှုနေပါသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ၊ ထိုသတ္တဝါမှာ ကျောက်တုံးကြီးတစ်တုံးနှင့် တူပါသည်။ ဦးခေါင်းပေါ်တွင် ရေညှိများ၊ မြက်ပင်များပင် ပေါက်နေပါသည်။ ထိုသတ္တဝါအကြောင်းကိုသာမသိပါက၊ ကျောက်တုံးတစ်တုံးဟုသာ ထင်သွားကြမည် ဖြစ်သည်။
၎င်းသည် ကိုယ်ယောင်ဖျောက်ရတွင် ကျွမ်းကျင်လှသည်။ တခါတလေတွင် ကျောက်
တုံးများအကြားတွင်ဝင်ပြီး ကျောက်တုံးတစ်ခုအသွင် ဟန်ဆောင်နေတတ်ပါသည်။ မြစ်နားတွင်တွေ့ရသော ကျောက်တုံးများကို ထိုသတ္တဝါက ရွှေ့ထားခြင်းဖြစ်သည်။
“အရိုးသားရဲတစ်ကောင်တွေ့တယ်” ရှောက်ရွှမ်က ကျောက်တုံးကို ညွှန်ပြလိုက်သည်။ ၎င်းသည် တစ်ကောင်တည်း အမဲလိုက်တတ်သော သားရဲတစ်ကောင် ဖြစ်သည်။ အုပ်စုလိုက်ဆိုလျှင် အခုထက် အန္တရာယ်ပိုများမည် ဖြစ်သည်။
အရိုးသားရဲများသည် သူတို့၏ တည်နေရာကို ဖျောက်ထားနိုင်စွမ်းရှိသဖြင့်၊ အလွန်အန္တရာယ်များပါသည်။ အမဲလိုက်အဖွဲ့ဝင်များ တစ်ခုခုမှားသွားသည်နှင့်၊ ထိုသားရဲက အခွင့်ကောင်းယူပြီး ခြုံခိုတိုက်ခိုက်မည် ဖြစ်သည်။ ထိုသားရဲ၏ တည်နေရာကို သိလျှင်တော့၊ သတ်ပစ်ရန် သိပ်မခက်ခဲတော့ပါ။
ထောင်ကျန်းမှာ စိတ်လှုပ်ရှားလာသည်။ လူငယ်ဆိုသည်မှာ စိန်ခေါ်မှုများကို ကြိုက်နှစ်သက်
တတ်သည် မဟုတ်ပါလား။
“မင်းသေချာလား” ထောင်ကျန်းက ထပ်မေးလိုက်သည်။
“သေချာတယ်”
ခဏအကြာတွင် ထောင်ကျန်းက ထပ်မေးသည် “ဒီနားမှာ တခြားအရိုးသားရဲတွေရှိသေးလား”။
“မရှိတော့ဘူး…ဒီတစ်ကောင်တည်းရှိတာ…ဒါပေမဲ့ အကောင်တော့ တော်တော်ကြီးတယ်…ဘယ်လိုလဲ အဲဒီကောင်ကို လိုက်မှာလား” ထောင်ကျန်း၏ မျက်လုံများအရောင်လက်သွားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။
“ကျန်တဲ့လူတွေနဲ့ တိုင်ပင်လိုက်ဦးမယ်” အဖွဲ့လိုက် အမဲလိုက်ထွက်လာခြင်း ဖြစ်သဖြင့်၊ သူတစ်ယောက်တည်း လှုပ်ရှား၍ မရပါ။ အဖွဲ့လိုက် အတွဲညီမှသာ ထိုကဲ့သို့ သားရဲမျိုးကို သတ်ဖြတ်
နိုင်မည် ဖြစ်သည်။
ထောင်ကျန်းက အားလုံးကို ပြောပြသောအခါ၊ အားလုံးကလည်း စိတ်ဝင်စားကြသည်။ သားကောင်အမျိုးအစားကို သေချာသိလျှင်၊ ပြင်ဆင်ချိန်ရမည် ဖြစ်သည်။ မအောင်မြင်လျှင်တောင်၊ အန္တရာယ်မရှိ ဆုတ်ခွာနိုင်မည် ဖြစ်သည်။
“အရိုးသားရဲလို့ ဘာကြောင့်တပ်အပ်ပြောနိုင်တာလဲ” ကျွေ့က ရှောက်ရွှမ်ကို မေးလိုက်သည်။ သူ့လေသံသည် မယုံသင်္ကာဖြစ်သော လေသံ ဖြစ်သည်။
အားလုံးကလည်း ထိုမေးခွန်းကို မေးချင်နေကြသော်လည်း၊ မမေးရဲကြပါ။ အတွေ့အကြုံအရင့်ကျက်ဆုံးသော စစ်သည်တော်များပင် ထိုသားရဲကို အရိုးသားရဲမှန်း မသေချာကြပါ။ ရှောက်ရွှမ်က ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်နေရုံနှင့် သူပြောသမျှကို ယုံရတော့မည်လား။ အမဲလိုက်ခြင်းသည် ကစားနေခြင်းမဟုတ်ပါ၊ နည်းနည်းလွဲချော်သွား
သည်နှင့် အသက်တစ်ချောင်း ဆုံးရှုံးသွားနိုင်ပါသည်။
ရှောက်ရွှမ်က ကျွေ့၏ အမေးကို တိုက်ရိုက်မဖြေပါ။ သူနှင့် ခြေ၂လှမ်းအကွာမှ နေရာကို လက်ညှိုးထိုးပြလိုက်ပြီး “ အဲဒီမြေပြင်အောက်မှာ ဒီလောက်ကြီးတဲ့ ကျောက်တုံးကြီး ရှိတယ်” ဟု လက်ဟန်ခြေဟန်နှင့် ကျောက်တုံးအရွယ်အစားကို ပြလိုက်သည်။
ကျွေ့နှင့်ကျန်သူများက ရှောက်ရွှမ်ညွှန်ပြသောနေရာကို ကြည့်လိုက်ကြသည်။ သစ်ရွက်ကြွေများနှင့် သစ်ကိုင်းခြောက်များမှအပ တခြားမည်သည့်အရာကိုမှ မတွေ့ရပါ။
ကျွေ့က ထောင်ကျန်းကို လှမ်းကြည့်လိုက်သည်။ ထောင်ကျန်းက ခေါင်းငြိမ့်ပြလိုက်သောအခါ၊ ကျွေ့က ဓားလေးတစ်ချောင်းဆွဲထုတ်ပြီး သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်သည်။ အပေါ်ယံ မြေဆီလွှာကို ဖယ်ရှားပြီးသောအခါ၊ ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။ ရှော
က်ရွှမ် ပြောထားသည့် အရွယ်အစားနှင့် ကွက်တိတူသော ကျောက်တုံး တစ်တုံး ဖြစ်ပါသည်။
ကျွေ့၏ မျက်ခုံးများ မြင့်တက်သွားသည်။
ရှောက်ရွှမ်သည် ဘာကြောင့် ဒီလောက် တိကျနေရသနည်း…။
(ဆက်ရန်…)