အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း (၃၈၂) ကြိုးစားကြည့်ခြင်း
ရှောက်ရွှမ်က သက်သေပြလိုက်သောအခါ၊ ကျန်သူများက ရှောက်ရွှမ်ကို ယုံကြည်သွားကြသည်။
“ကဲ…”ထောင်ကျန်းက ကျွေ့ကို ကြည့်လိုက်သည်။
ကျွေ့က ကျောက်တုံးကို မြေကြီးအောက်သို့ ပြန်မြှုပ်လိုက်ပြီး၊ သစ်ရွက်များနှင့် ပြန်ဖုံးအုပ်လိုက်ရင်း “ဆုံးဖြတ်ပြီးပြီဆိုတော့ အဲဒီကောင်ကိုပဲ အမဲလိုက်ကြတာပေါ့” ဟုပြောလိုက်ပါသည်။
အရိုးသားရဲကို အမဲလိုက်ရန်မှာ သိပ်မလွယ်ကူပေ။ မုဆိုးကျော်များကတော့ စိန်ခေါ်မှုအတွက် စိတ်လှုပ်ရှားနေကြသည်။
ဆုံးဖြတ်ချက်ကို အတည်ပြုပြီးသွားသောအခါ၊ ထောင်ကျန်းသည် သူ့လူများနှင့်
အနည်းငယ် ဆွေးနွေးနေသည်။ အမဲလိုက်မည့် သတ္တဝါမှာ သူတို့ရင်းနှီးပြီးသော သားကောင်ဆိုလျှင် ဆွေးနွေးနေစရာ လိုမည် မဟုတ်ပါ။ သို့သော် အရိုးသားရဲကို အခုမှစ အမဲလိုက်ဖူးခြင်းဖြစ်၍၊ အစီအစဉ်တစ်ခုဆွဲရန်တော့ လိုအပ်သေးသည်။
သို့သော် ကံကြမ္မာက သူတို့ကို မျက်နှာသာမပေးချေ။
သူတို့ဆွေးနွေးနေသော အချိန်တွင်၊ ငှက်တစ်ကောင်သည် ငါးဖမ်းရန် မြစ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွား၏။ ထိုငှက်သည် ရေပေါ်တွင် ကျွမ်းပစ်လိုက်ပြီး၊ ကျောက်တုံးတစ်ခုပေါ်တွင် နားနေလေသည်။
ထောင်ကျန်းနှင့် ကျန်လူများ စိတ်လှုပ်ရှားသွားကြသည်။
“ထွက်သွားစမ်း…ငှက်စုတ်…ငှက်နာ”
သို့သော် ငှက်က ထွက်ခွာမသွားဘဲ ကျောက်တုံးပေါ်တွင် နားနေ၏။
ထိုငှက်က နှုတ်သီးတွင် ငါးတစ်ကောင်ကိုက်ချီရင်း၊ အရိုးသားရဲဆီ ပျံသန်းသွားသည်ကို ကျန်သူများက ကြည့်နေသည်။
ထိုငှက်ကို သူတို့အားလုံး စိတ်ထဲမှ ကျိန်ဆဲနေမိလိုက်သည်။ “နလပိန်းတုံး ငှက်စုတ်…ဘာလို့အဲဒီကျောက်တုံးကိုမှ ရွေးပြီးနားရတာလဲ”
ငှက်က သူ၏ ခြေသည်းများဖြင့် သားရဲ၏ဦးခေါင်းပေါ်သို့ နားလိုက်သောအခါတွင်တော့ အားလုံးရင်ထိတ်သွားကြသည်။ တချို့ကတော့ ထိုငှက်ကို သတ်ပစ်ချင်နေကြသည်။ တချို့ဆိုလျှင် ငှက်ကို မြားနှင့်ပစ်မိစိုးသောကြောင့် မျက်လုံများကို မှိတ်ထားရသည်။
နလပိန်းတုံးငှက်တစ်ကောင်ကြောင့် ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားလေပြီ။
ထိုငှက်သာ တခြားကျောက်တုံးတစ်တုံးပေါ် နားလိုက်မည်ဆိုပါက၊ သားရဲကြီးသည် ထိုငှက်ကို သတိထားချင်မှ ထားမိပေလိမ့်မည်။ သို့သော် အခုတော့ ထိုငှက်က သားရဲကြီး၏ ခေါင်းပေါ်တွင် နားလိုက်မိခြင်း ဖြစ်သည်။
“ဝေါင်း…”
ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ သားရဲကြီး၏ ပါးစပ်ပေါက် ပွင့်လာပြီး သူ့ခေါင်းပေါ်တွင် နားရဲလောက်အောင် အတင့်ရဲသည့် ငှက်အား ကိုက်ချလိုက်သည်။
သားရဲကြီး၏ ဟိန်းဟောက်သံနှင့် ငှက်၏ စူးရှသော အော်မြည်သံတို့ကြောင့် အနားတွင်ရှိသော ငှက်များ လန့်ဖျပ်ပြီး ထွက်ပြေးသွားကြသည်။ သားကောင်ငယ်လေးများလည်း ထွက်ပြေးသွားကြသည်။
ငှက်၏အော်သံ ပျောက်ကွယ်သွားပြီး၊၎င်းဖမ်းလာသောငါးမှာ မြေပြင်ပေါ်ပြုတ်ကျသွားလေ
သည်။ ငှက်၏ပါးစပ်မှ လွတ်လာသော ငါးမှာ ပါးစပ်ကိုဟ၍ လေရှူနေ၏။ မြစ်ထဲသို့ ပြန်ခုန်ဆင်းရန် လုပ်နေစဉ်မှာပင်၊ သားရဲကြီးက တက်နင်းလိုက်သဖြင့် ပြားချပ်သွားပေသည်။
သားရဲကြီးရှိသော မြေပြင်သည် တောင်ကုန်းတစ်ခုလို မို့မောက်နေသည်။ သားရဲကြီးသည် မြေကြီးအောက်မှ မြေပေါ်သို့ ထွက်ပေါ်လာသည်။
သားရဲကြီးသည် ငှက်ကို ဝါးစားနေ၏။ အမဲလိုက်အဖွဲ့သည် သားရဲကြီး၏ နှာမှုတ်သံကြီးကို ပင်ကြားနေရသည်။
သူတို့သည် သားရဲကြီး၏ အရွယ်အစားကို ကြည့်ပြီးနောက် အံ့ဩနေကြသည်။
ရှောက်ရွှမ်သည် ရှင်းရှင်းလင်းလင်းမြင်နိုင်ရန်အတွက် သစ်ပင်တစ်ပင်ပေါ် တက်သွားသည်။
အရိုးသားရဲသည် ဒိုင်နိုဆောကြီးနှင့် ခန္ဓာကိုယ်
ဖွဲ့စည်းပုံခြင်းတူသော်လည်း စရိုက်လက္ခဏာများကတော့ ကွဲပြားပေသည်။ တစ်ကောင်က အသားစားသတ္တဝါဖြစ်ပြီး၊ တစ်ကောင်က အရွက်စား သတ္တဝါဖြစ်သည်။
ဒိုင်နိုဆော၏ ခန္ဓာကိုယ်မှာ ဝဖိုင့်ဖိုင့်ဖြစ်ပြီး အရိုးသားရဲကတော့ ကြံ့ခိုင်သန်မာသည်။ သူတို့၂ကောင်ကို နှိုင်းယှဉ်ရသည်မှာ ဝက်တစ်ကောင်နှင့် ကျွဲရိုင်းတစ်ကောင်ကို နှိုင်းယှဉ်သလို ဖြစနေ၏။
အရိုးသားရဲ၏ အားသာချက်မှာ သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသော အလွန်မာသည့် အရိုးပင်ဖြစ်သည်။
ထောင်ကျန်းနှင့်သူ့လူများသည် သားရဲကြီး သူ့အစာကို စားနေသည်ကိုကြည့်ရင်း တီးတိုး တိုင်ပင်နေကြသည်။
“ဘာဆက်လုပ်ကြမလဲ” တစ်ယောက်ကမေးလိုက်သည်။
“အရှုံးပေးမလို့လား…ဆက်ပြီးလိုက်မလား” ထိုသားရဲကြီးကို ရ၊မရ သူတို့မသေချာပါ။ သူတို့စီစဉ်ထားသည်မှာ အခုလိုမဟုတ်ပေ။
ထောင်ကျန်းစိတ်ထဲတွင် အကြံအစည်များပေါ်လာသော်လည်း တစ်ခုမှ အသုံးမဝင်ပေ။ အရမ်းစွန့်စားရမည့် အကြံများဖြစ်သည်။ အောင်မြင်သွားလျှင်တောင်၊ ဒဏ်ရာရသွားနိုင်သည်။ ထိုကဲ့သို့ သားရဲတစ်ကောင်အတွက်နှင့် သူတို့သည် အသက်အန္တရာယ်ရှိသည်အထိ စွန့်စားမည် မဟုတ်ပါ။
ကျွေ့က ထောင်ကျန်းကို တံတောင်နှင့် တွတ်လိုက်ပြီး တစ်နေရာကို ညွှန်ပြလိုက်သည်။
ထိုအခါ သစ်ပင်ပေါ်မှ ကြည့်ရှုနေသော ရှောက်ရွှမ်ကို ထောင်ကျန်းတွေ့လိုက်ရသည်။ ထောင်ကျန်းက အသံတိုးတိုးဖြင့် “ရှောက်ရွှမ်…မင်းဘယ်လိုသဘောရလဲ” ဟုမေးလိုက်သည်။
ထောင်ကျန်းသည် ဝါစဉ်ကြီးပုဂ္ဂိုလ်၏ အမြင်ကို မေးကြည့်လိုက်သည်။ ရှောက်ရွှမ်သည် သူ့ထက် ရာထူးကြီးသည် မဟုတ်ပါလား။
“ကျွန်တော် ကြိုးစားကြည့်မယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
“ဘာပြောလိုက်တယ်” ထောင်ကျန်းသည် နားကြားမှားသွားမှာ စိုးသဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
“ကြိုးစားကြည့်မယ်” ရှောက်ရွှမ်က ပြောရင်းနှင့် သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။
ကျန်သောအဖွဲ့သားများက ရှောက်ရွှမ်ကို ကြည့်နေကြသည်။ သူတို့ကတော့ ရှောက်ရွှမ်၏ အကြံကို သိပ်သဘောမကျပါ။
“အရိုးသားရဲကို လျှော့မတွက်နဲ့” ထောင်ကျန်းက လေးနက်စွာ ပြောလိုက်သည်။
တချို့သားရဲများသည် ခန္ဓာကိုယ်ကြီးမားသဖြင့် နှေးကွေးသလို ထင်ရသည်။ သို့သော် တကယ်တမ်းတိုက်ခိုက်သောအခါတွင်တော့ မနှေးကွေးကြပေ။
“ကျွန်တော်သိပါတယ်”
သားရဲကြီး၏ ခေါင်းပေါ်တွင်နားသော ငှက်သည် မြန်ပါသည်။ သို့သော် သားရဲကြီးက မိအောင် ဖမ်းနိုင်သည်။ ရှောက်ရွှမ်သည် သားရဲကြီး၏ ခွန်အားကိုလည်း မြင်တွေ့လိုက်ရပါသည်။ ခွန်အားကြီးမားသောကြောင့်သာ မြေကြီးအောက်မှ လျင်မြန်စွာ ထွက်လာနိုင်ခြင်းဖြစ်သည်။
“ကျွန်တော်ကြိုးစားကြည့်မယ်…မစိုးရိမ်ပါနဲ့…ကျွန်တော့်မှာ အကြံရှိပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
ရှောက်ရွှမ်၏စကားကိုကြားသောအခါ၊ ကျန်သူများ အနည်းငယ် စိတ်သက်သာရာရသွား
သည်။သူတို့သည် ရှောက်ရွှမ်တွင် အခြားစွမ်းအင်များရှိနေဦးမလား တွေးနေကြသည်။
“သတိထားပါ…မအောင်မြင်ဘူးဆိုရင် ငါတို့မင်းနောက်မှာရှိတယ်…ထွက်သာပြေးခဲ့” ထောင်ကျန်းက ပြောလိုက်သည်။
“ကျွန်တော် မနိုင်ရင် ပြောမှာပါ…ကျွန်တော်အကူအညီ မတောင်းဘဲနဲ့ ဘာမှ မလှုပ်ရှားနဲ့နော်” ရှောက်ရွှမ်က ပြောလိုက်သည်။
ထောင်ကျန်းအနည်းငယ်တွေဝေသွားသည်။ နောက်မှ “ကောင်းပြီလေ”ဟု ပြောလိုက်သည်။
ထောင်ကျန်းက လက်နက်များပေးသော်လည်း ရှောက်ရွှမ်က မယူပါ။
“ကျေးဇူးပါ…ကျွန်တော့်မှာ ရှိပါတယ်” ရှောက်ရွှမ်က သူ့အိတ်ကို ပုတ်ပြလိုက်ပြီး မြစ်နားသို့ လျှောက်သွားလိုက်သည်။
ရှောက်ရွှမ်ထွက်သွားသောအခါ၊ တစ်ယောက်က မေးလိုက်သည် “အဲဒီဓားတိုလေးတစ်ချောင်းအပြင် သူ့မှာ ဘာလက်နက်ပါသေးလဲ”။
“မသိဘူး” ထောင်ကျန်းက ခေါင်းခါလိုက်၏။
“အဲဒီဓားက ကျောက်တုံးနဲ့ လုပ်ထားတာ မဟုတ်လား” တစ်ယောက်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ထောင်ကျန်းလည်း သက်ပြင်းချလိုက်ပြီး “အခုမှတော့ စောင့်ကြည့်ဖို့ပဲ ရှိတော့တာပေါ့”
ရှောက်ရွှမ်သည် အသံမထွက်ဘဲ သားရဲကြီးနားချဉ်းကပ်သွားသည်ကို မြင်သောအခါ၊ အားလုံးက အထင်ကြီးသွားကြသည်။ ကြည့်ရသည်မှာ ရှောက်ရွှမ်သည် အမဲလိုက်အတွေ့အကြုံ အတော်ရင့်ကျက်ပုံရပါသည်။
ထို့နောက် ရှောက်ရွှမ်သည် ခပ်မြင့်မြင့် သစ်ပင်တစ်ပင်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရ
ပါသည်။ ထို့နောက် ရှောက်ရွှမ်သည် သားရဲကြီးကို မချိန်ရွယ်ဘဲ၊ ကျောက်တုံးတစ်တုံးကို ပစ်ပေါက်လိုက်သည်။
ထောင်ကျန်းတို့အားလုံးသည် ရှောက်ရွှမ်က အယောင်ပြတိုက်ခိုက်လိုက်သည်ဟု ထင်လိုက်ကြပါသည်။ သို့သော် ဖြစ်ပေါ်လာသော မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ရှောက်ရွှမ်သည် သားရဲကြီးကို တိုက်ရိုက် တိုက်ခိုက်လိုက်ပေသည်။
ထောင်ကျန်းတစ်ယောက် နှလုံးဖောက်မလို ဖြစ်သွားတော့၏။
“ဒီကောင်ဘာတွေလုပ်နေတာလဲ…ငါ့ကိုပြောတော့ မစိုးရိမ်ပါနဲ့ဆို”
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၃၈၃) ဝါစဉ်ကြီးပုဂ္ဂိုလ်၏ စွမ်းရည်
တိမ်တစ်အုပ်က နေမင်းကြီးကို ဖုံးလွှမ်းသွားသဖြင့် အနည်းငယ်မှောင်သွားသလို တောအုပ်ထဲတွင် အရိပ်များ ဖြစ်ပေါ်သွားသည်။
သဲသောင်ပြင်နားတွင် ပေါက်နေသော အပင်များမှာ အလွန်မြင့်မားကြသည်။ ရှောက်ရွှမ်က ထိုအချက်ကို သဘောကျနေသည်။ သစ်ပင်အမျိုးအစားများနှင့် အမြစ်များ၏ ကြံ့ခိုင်သန်စွမ်းမှုများကို သူလေ့လာခဲ့ပါသည်။ သူရပ်လိုက်သောနေရာသည် စတင်တိုက်ခိုက်ရန် အကောင်းဆုံးသော နေရာဖြစ်သည်။
ထိုကဲ့သို့သော သားရဲမျိုးကို တိုက်ရိုက်တိုက်ခိုက်ရန် မသင့်တော်ပါ။ တကယ်တော့ ရှောက်ရွှမ်သည် တခြားနည်းလမ်းတစ်ခုကို အသုံးပြုသင့်ပေသည်။
ယနေ့ရာသီဥတုကောင်းမွန်နေပါသည်။ ရှောက်ရွှမ်သည် သစ်ပင်တစ်ပင်ပေါ်တွင် ပုန်းအောင်းရင်း သားရဲကြီးကို ချောင်းမြောင်းခဲ့သည်။
သို့သော် ရှောက်ရွှမ်၏ မှန်းဆချက်များမှာ စိတ်ကူးသက်သက်သာ ဖြစ်သည်။ သူ့အနေဖြင့် သတိထားရမည်ပင်။ ရှောက်ရွှမ်သည် အကာအကွယ်အနေဖြင့် တီကောင်သားရေကို မဝတ်ဆင်ခဲ့ပါ။ တီကောင်သားရေကို ပင်မမျိုးစေ့အား ထုပ်ပိုးရန် အသုံးပြုခဲ့လိုက်ပြီ ဖြစ်သည်။ အကာအရံမပါသဖြင့်၊ ပိုသတိထားရမည်ဖြစ်သည်။ အခြေအနေမကောင်းလျှင် ဒဏ်ရာရသွားနိုင်သည် မဟုတ်ပါလား။
သို့သော် သူ့တွင် ပိုးချည်မျှင်များတော့ပါသည်။ ရှောက်ရွှမ်သည် ပိုးချည်မျှင်တစ်စနှင့် ကျောက်သားသံတစ်ချောင်းကို ပူးချည်လိုက်သည်။
မြေပြင်ပေါ်သို့ သံပြုတ်ကျသွားသောအခါ၊
အစာစားနေသော သားရဲကြီးသည် သတိဝင်သွားလေသည်။ ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွား၏။
ကျောက်သားသံလေးကို လူတစ်ယောက်က ပစ်လိုက်သည်ကို သိသွားသောအခါ၊ သားရဲကြီးသည် ဟိန်းဟောက်လိုက်ပြီး လက်သည်းများကို ဆန့်တန်းလိုက်သည်။
ရှောက်ရွှမ်က သားရဲကြီး၏ လက်သည်းများကို ရှောင်တိမ်းလိုက်ပြီး၊ ပိုးချည်မျှင်နှင့် ချည်ထားသော ဝက်အူတစ်ချောင်းကို ပစ်လိုက်ပါသည်။ ထိုအခါ ပိုးချည်မျှင်က ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကို ရစ်ပတ်ပြီးသား ဖြစ်သွားသည်။
ရှောက်ရွှမ်သည် သူ့ဓားကို မသုံးရသေးပါ။ ဓားနှင့် ခုတ်ရန် အခွင့်အရေးများပေါ်လာသော်လည်း၊ သေစေလောက်သော ဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။ အရေပြားစုတ်ပြဲရုံလောက်သာ ဒဏ်ရာရမည် ဖြစ်ပြီး၊ ဒဏ်ရာရသွားပါက သားရဲကြီးသည် ဒေါသပိုထွက်လာမည်ဖြစ်သည်။ သားရဲ
ကြီး၏ အစွမ်းကို မသိသေးဘဲနှင့်၊ သူ၏ဒေါသကို မဆွသင့်ချေ။
လက်သည်းချက်များကို ရှောက်ရွှမ်က လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ လက်သည်းကြီးများက ရှောက်ရွှမ်ကို ထိမလို ဖြစ်လိုက်၊ ရှောက်ရွှမ်က ရှောင်ထွက်သွားလိုက် ဖြစ်နေသည်။
ထောင်ကျန်းနှင့်သူ့လူများသည် ချွေးပြန်နေပေသည်။ သူတို့အမြင်တွင် ရှောက်ရွှမ်သည် သေမင်းနှင့် ဆော့ကစားနေသလို ဖြစ်နေ၏။ ရှောက်ရွှမ်တစ်ယောက် ခုနကငါးလို ပြားချပ်သွားမည်ကို စိုးရိမ်နေကြသည်။
ရှောက်ရွှမ်က ရှောင်လိုက်တိုင်း၊ သားရဲကြီး၏ လက်သည်းချက်များမှာ ပိုမိုမြန်ဆန် ပြင်းထန်လာသည်။ တချီတွင် ရှောက်ရွှမ်ကို မိမလို ဖြစ်ပြီးမှ၊ အနားက သစ်ပင်ကြီးကို ကုတ်ခြစ်မိသွားသည်။ သစ်ပင်ကြီးသည် ကျိုးကျတော့မတတ် တုန်ခါသွားတော့သည်။
“ဂျွတ်”
နောက်ထပ် သစ်ပင်ကြီးတစ်ပင် ထက်ပိုင်းကျိုးသွားသည်။
ရှောက်ရွှမ်သည် အခုအချိန်ထိ သူ၏ဓားကို မသုံးရသေးပါ။ သူ့ဗျူဟာမှာ သားရဲကြီးကို စက်ဝိုင်းပုံစံ ပြေးခိုင်းနေခြင်းဖြစ်သည်။
“သူဘာတွေလုပ်နေတာလဲ” ကျွေ့က မနေနိုင်ဘဲ မေးလိုက်မိသည်။
ကျန်သူများလည်း နားမလည်နိုင်အောင် ဖြစ်သွားသည်။ သို့သော် သားရဲကြီး၏ တိုက်ခိုက်မှုများကို ရှောက်ရွှမ်က ကာကွယ်နိုင်သည်ကို မြင်လိုက်ရသဖြင့်၊ သူတို့၏ စိုးရိမ်ပူပန်မှုများ အနည်းငယ်လျော့သွားပါသည်။
“စောင့်ကြည့်ကြတာပေါ့…အခြေအနေမဟန်လည်း ရှောက်ရွှမ်ကတော့ လွတ်အောင် ပြေးနိုင်မှာပါ…နောက်ပြီးတော့ သူက ငါတို့ကို အကူအညီ
မတောင်းသေးဘူး” ထောင်ကျန်းက ပြောလိုက်သည်။
“သူဘာနဲ့ပစ်လိုက်တာလဲ” တချိန်လုံး ဘာမှမပြောသော ဝူကျန်းက မေးလိုက်သည်။
“ဓားလား…လှံသွားလား မပြောတတ်ဘူး…တိရစ္ဆာန်တစ်ကောင်ကို အဲဒီလို ပစ္စည်းနဲ့ ပေါက်တာ တစ်ခါမှ မမြင်ဖူးဘူး” ထောင်ကျန်းက ခေါင်းခါလိုက်သည်။
တိမ်တိုက်များက နေလုံးကို ဖုံးထားသောကြောင့် အနည်းငယ်မှောင်နေပါသည်။ ထို့ကြောင့် သူတို့သည် အခြေအနေကို အသေးစိတ်မမြင်ရပါ။ ရှေ့ဆက်တိုး၍လည်း မဖြစ်ပါ။ ရှေ့ဆက်တိုးလိုက်လျှင် ရှောက်ရွှမ်၏ အစီအစဉ်ကို နှောင့်ယှက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူတို့အားလုံး အဝေးမှ တိတ်ဆိတ်စွာ ကြည့်နေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရှောက်ရွှမ်သည် သစ်ပင်တစ်ပေါ်တက်သွားပြီ၊ အပင်ပေါ်မှ တပတ်ကျွမ်းထိုးချလိုက်သည်။ ရှောက်ရွှမ်၏ အောက်တည့်တည့်တွင်တော့ သားရဲကြီးက သွားများကို ဖြဲကာ အသင့်စောင့်ဆိုင်းလျက်ရှိသည်။
“အား…” စစ်သည်တော်များအားလုံး အော်လိုက်မိကြသည်။ ရှောက်ရွှမ်သည် လေထဲတွင်တော့ ရှောင်တိမ်းနိုင်မည်မဟုတ်ပါ။ ထောင်ကျန်းသည် ရှောက်ရွှမ်ကို ကျိန်ဆဲရင်း ရှေ့ကို ပြေးထွက်သွားသည် “ဒီကောင်လေး ဘာလို့ အကူအညီမတောင်းသေးတာလဲ”။
ရှောက်ရွှမ်သည် သူ့အောက်မှ ပါးစပ်ကြီးကို ကြည့်နေပေသည်။ ရှောက်ရွှမ်၏ မျက်လုံထဲတွင် သရော်လိုသော ဟန်ပန်များဖြစ်ပေါ်လာပါသည်။ အမဲလိုက်ရာတွင် မုဆိုးနှင့်သားကောင်သည် ဗုံလုံတလှည့်၊ငါးပျံတလှည့်ဖြစ်သည်။
အခုတော့ သားရဲကြီးသည် ရှောက်ရွှမ်၏
အကွက်ထဲ ဝင်လာပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် သားရဲကြီး၏ပါးစပ်ထဲမှ သွေးညှီနံ့များကိုပင် ရနေပြီဖြစ်သည်။
သားရဲကြီးက လှမ်းဟပ်လိုက်သောအခါ၊ ရှောက်ရွှမ်သည် လေထဲကို ပြန်ခုန်တက်သွားသည်။
“လေထဲမှာ ခုန်လိုက်တာလား…ဘယ်လိုလုပ်ပြီး ခုန်လိုက်တာလဲ”
အားလုံးမျက်လုံးပြူးသွားကြသည်။
ရှောက်ရွှမ်သည် တစ်ခါတည်း ခုန်ခြင်းမဟုတ်၊ လေထဲတွင် လှေကားထောင်ထားသလို၊ ဆင့်ကာ ဆင့်ကာ ခုန်သွားခြင်းဖြစ်သည်။
သားရဲကြီးသာမက၊ အမဲလိုက်အဖွဲ့မှ လူအားလုံးလည်း အံ့ဩသွားကြသည်။
ထိုအချိန်တွင် လေပြည်ညှင်းက တိုက်ခတ်လာပါသည်။ ကောင်းကင်ပေါ်မှ တိမ်များလွင့်စဉ်သွား
ပြီး၊ လင်းလင်းချင်းချင်း ဖြစ်လာ၏။
ထိုအခါ ထောင်ကျန်းနှင့် သူ့လူများသည် သားရဲကြီးနားတွင် ဝဲပျံနေသော ပိုးချည်မျှင်လေးများကို တွေ့လိုက်ရသည်။
ရှောက်ရွှမ်သည် ပိုးချည်မျှင်လေးများကို အားပြု၍ ဆင့်ကာ၊ဆင့်ကာ ခုန်ထွက်သွားခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် မှောင်နေသောအချိန်အတွင်း၊ ပိုးချည်မျှင်များကို ပစ်ထုတ်ထားခြင်း ဖြစ်ပါသည်။
ထို့နောက် ရှောက်ရွှမ်သည် ကျောက်စရစ်ခဲတစ်ခဲကိုယူကာ ရှေ့သို့ လှမ်းပစ်လိုက်ပါသည်။ ထိုအခါ ပိုးချည်မျှင်များ တုန်ခါသွားပါသည်။
ခလုတ်တစ်ခုကို နှိပ်လိုက်သလို၊ ဖြတ်တောက်သံများ ပေါက်ကွဲထွက်လာပါသည်။ ကျောက်တုံးတစ်တုံးကို သံနှင့်ရိုက်လိုက်သလို နားကွဲလုမတတ် အသံများ ထွက်ပေါ်လာပါသည်။ ထောင်ကျန်းနှင့်သူ့လူများသည် ကြက်သီးမွှေး
ညှင်းများထသွားကြသည်။
အရိုးသားရဲမှာ ပိုးချည်မျှင်များနှင့် ချည်နှောင်ခြင်းကို ခံလိုက်ရပါသည်။ သားရဲကြီးသည် ရုန်းကန်သော်လည်း၊ တချက်ရုန်းလိုက်တိုင်း အသံများက ပိုစူးရှလာပါသည်။ သစ်သားကို မီးလောင်သော အနံ့ထွက်လာသည်။
“ဂျွတ်… ဂျွတ်… ဂျွတ်”
တဂျွတ်ဂျွတ်မြည်သံများ တောအုပ်တခွင် ပဲ့တင်ထပ်သွားသည်။ မြင့်မားသောသစ်ပင်ကြီးများသည် ထက်ပိုင်းဖြစ်သွားကြသည်။ တချို့သစ်ပင်များမှာ အဖျားပိုင်းတွင် ထက်ပိုင်းကွဲသွားပြီး၊ အချို့သစ်ပင်များကတော့ အောက်ခြေပိုင်းတွင် ထက်ပိုင်းကွဲသွားသည်။
“ဝေါင်း…”
သားရဲကြီးက ရုန်းလိုက်သောအခါ မြင့်မားလှသော အပင်ကြီးဆယ်ပင်မှာ ထက်ပိုင်းကွဲသွား
ပါသည်။ သားရဲကြီးသည် အချိန်မီ ကိုယ်ဟန်ချက်ကို မထိန်းလိုက်နိုင်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပေသည်။
ရှောက်ရွှမ် စောင့်ဆိုင်းနေသော အချိန်ရောက်လာလေပြီ။
ရှောက်ရွှမ်သည် သားရဲကြီးကို ပိုးချည်မျှင်များဖြင့် ချည်နှောင်ထားရန် မရည်ရွယ်ပါ။ သားရဲကြီးအနေဖြင့် ထိုပိုးချည်မျှင်များနှင့် ခလုတ်ဝင်တိုက်မိရန်သာ ရည်ရွယ်ပါသည်။
ရှောက်ရွှမ်သည် ကိုယ်ထဲမှ နတ်စွမ်းအင်များကို နှိုးထလိုက်သည်။ မျက်နှာပေါ်တွင် လိမ်းကျံထားသော ရွှံ့များက နတ်အမှတ်အသားများကို မဖုံးကွယ်နိုင်ပါ။ ထို့နောက် ရှောက်ရွှမ်သည် အားကုန်ထုတ်၍ ခုန်အုပ်လိုက်ပါသည်။
ရှောက်ရွှမ်သည် အလွန်လျင်မြန်လှသော အရှိန်ဖြင့် သားရဲကြီးဆီ ပြေးဝင်သွားပါသည်။ မျက်စိတမှိတ်အတွင်း ရှောက်ရွှမ်သည် သားရဲကြီးကို
လက်သီးဖြင့် ထိုးချလိုက်ပါသည်။
သားရဲကြီးသည် ချော်လဲရာမှ မော့ကြည့်လိုက်သောအခါ၊ ၎င်းဆီသို့ ရှောက်ရွှမ်၏ လက်သီးဝင်လာသည်ကို မြင်လိုက်ရသည်။ လက်သီးချက်နှင့်အတူ ပြင်းထန်သော လေတိုးသံပါ ထွက်ပေါ်လာသည်။
“ဖောင်း…”
အားလုံးတုန်လှုပ်သွားကြသည်။ အသံကိုနားထောင်ရုံဖြင့် လက်သီးချက် မည်မျှ ပြင်းထန်ကြောင်းကို သိနိုင်ပေသည်။
ကျွေ့သည် အရိုးသားရဲကြီးကိုကြည့်လိုက်ပါသည်။ အခုတော့ သားရဲကြီး၏ ဦးခေါင်းသည် မြေကြီးထဲ နစ်ဝင်သွားပြီ ဖြစ်သည်။ ထိုသားရဲကြီးလို ဖြစ်ခဲ့သော ဒိုင်နိုဆောအကြောင်းကိုတွေးမိသောအခါ ကျွေ့၏ မျက်နှာရှုံ့မဲ့သွားပါသည်။ အခုတော့ သူကိုယ်တိုင် ရှောက်ရွှမ်၏ အစွမ်းကို မြင်လိုက်ရပြီဖြစ်သည်။ အံ့ဩဖွယ်ကောင်းလှ
သော ခွန်အားပင်ဖြစ်သည်။
“ဘာ…ဘာ…”
ကျွေ့၏ စကားမဆုံးမီ နောက်လက်သီးချက်တစ်ချက် ထွက်လာ၏။
မြေပြင်ပေါ်မှ ခေါင်းထောင်လာသော သားရဲကြီးသည် နောက်တစ်ကြိမ်မြေကြီးထဲ ခေါင်းစိုက်သွားပြန်သည်။ ရှောက်ရွှမ်၏ တိုက်ခိုက်မှုကို မြင်သောအခါ ကျွေ့တစ်ယောက် နှုတ်ဆိတ်သွားတော့သည်။
ထောင်ကျန်းနှင့် သူ့လူများကတော့ အံ့ဩလွန်း၍ ကြောင်တောင်တောင်ဖြစ်ပြီး ရှောက်ရွှမ်ကို အော်ဟစ်အားပေးရန်ပင် မေ့နေကြသည်။
ရှောက်ရွှမ်သည် သူ့လက်သီးများကို ပွတ်သပ်နေသည်ကို ထောင်ကျန်းတို့ မြင်လိုက်ရပါသည်။ ထို့နောက် ရှောက်ရွှမ်သည် ကျောက်တုံးတစ်တုံးကို ပြေးကောက်ပြီး၊ သားရဲကြီးကို ပစ်ပေါက်
လိုက်သည်။
ကျောက်တုံးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားသော်လည်း၊ သားရဲကြီး၏ ဦးခေါင်းသည်တော့ ဘာမှမဖြစ်ပေ။
“ဒီကောင်ရုန်းနေသေးတာလား…ရတယ်လေ…နောက်တစ်လုံးပေါ့”
ထောင်ကျန်းတို့လည်း ခဲများတစ်လုံးပြီးတစ်လုံး ပစ်ပေါက်နေသော ရှောက်ရွှမ်ကို ကြည့်နေရင်း သားရဲကြီးကို သနားမိသွားတော့သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၃၈၄) အမဲလိုက်သော ဝါစဉ်ကြီးပုဂ္ဂိုလ်
ရှောက်ရွှမ်၏ တိုက်ခိုက်မှုကြောင့် အရိုးသားရဲကြီးသည် သတိလစ်သွားပါသည်။ ပြန်နိုးလာလျှင်လည်း ရှောက်ရွှမ်က ကျောက်တုံးထပ်ပေါက်မည်သာ။ ထို့ပြင် ထောင်ကျန်းတို့လည်း ရှိနေပေသည်။
ထောင်ကျန်းနှင့် ကျန်သူများသည် စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်သွားကြသည်။ သားရဲကြီး သတိမေ့နေတာ သေချာသွားမှ၊ အနည်းငယ်ရဲတင်းသွားပြီး သားရဲကြီးကို ကြိုးတုပ်ထားရန် နွယ်ပင်များကို ရှာဖွေကြလေသည်။ ထို့နောက် သားရဲကြီးကို နွယ်ကြိုးများဖြင့် အထပ်ထပ် ချည်လိုက်ကြသည်။ ပါးစပ်ကိုလည်း ကြိုးနှင့်စည်းထားပါသည်။ သားရဲကြီးသည် အသက်သာ ရှူနေနိုင်ပြီး၊ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သားရဲကြီးကို ကြိုးနှင့်တုပ်ပြီးသောအခါ၊ လက်
နှင့်စမ်းသပ်ကြည့်ကြလေသည်။ အနည်းငယ်ရဲတင်းသူများက ပါးစပ်ကို ဖြဲ၍ သွားများကို ကြည့်ကြသည်။ သားရဲကြီးမှာ သတိမေ့နေသဖြင့် ကြွက်သားများမှာ ပျော့ပြောင်းနေ၏။ နှုတ်ခမ်းနှင့် နှာခေါင်းမှ လွဲ၍ တကိုယ်လုံးကို မာကျောသော သားရေများက ဖုံးလွှမ်းထားသည်။ နှုတ်ခမ်းနှင့် နှာခေါင်းမှာ ထိုသားရဲ၏ အားနည်းချက် ဖြစ်ပေသည်။
စိတ်ချရသောအခါ၊ သားရဲကြီးကို စခန်းချရာနေရာသို့ ဆွဲခေါ်လာကြသည်။ အမဲလိုက်အဖွဲ့များသည် အုပ်စုခွဲ၍ အမဲလိုက်ကြသော်လည်း၊ စခန်းချရာနေရာကတော့ အတူတူပင် ဖြစ်သည်။ သားကောင်မှာ ကြီးမားသဖြင့်၊ စခန်းတွင် ပြန်လာထားရခြင်းပင်။
သားရဲကြီးမှာ ကြီးမားသော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ ကြံ့ခိုင် သန်မာကြပေသည်။ သူတို့သည် သားရဲကြီးကို တရွတ်ဆွဲသွားကြပြီး၊ ဆွဲသွား၍ အဆင်မပြေသောနေရာများ
တွင် မ သွားကြသည်။
“ရှောက်ရွှမ်…မင်းတို့ရွာကလူတွေကော မင်းလိုပဲ အားကောင်းတာပဲလား…ငါတို့အရွယ် အဆင့်မြင့်စစ်သည်တော်တွေ အများကြီးပဲလား” ထောင်ကျန်းက မေးလိုက်သည်။
အားလုံးက ရှောက်ရွှမ်ကို ကြည့်လိုက်ကြသည်။
အမဲလိုက်အဖွဲ့ထဲမှ လူအများစုသည် တောင်ကုန်းထိပ်နားတွင် နေကြသူများ ဖြစ်သဖြင့်၊ အခြားလူများထက် အသိအမြင်ပိုရှိပေသည်။ အချို့က သူများပြောစကားများမှ သိလာကြသလို၊ အချို့က လူကြီးမိဘများဆီမှ သိလာကြခြင်းဖြစ်သည်။အများစုက ရှောက်ရွှမ်၏ ရာဇဝင်ကို လူကြီးများဆီမှ သိထားပြီးသား ဖြစ်သည်။
ထောင်ကျန်း၏ မေးခွန်းကို ကြားလိုက်သောအခါ၊ ရှောက်ရွှမ်က ပြုံးရင်း ခေါင်းခါပြ
လိုက်ကာ “ဟင့်အင်း… အဆင့်မြင့်စစ်သည်တော်တွေက သိပ်မများပါဘူး…ဒါပေမဲ့ ခွန်အားကောင်းတဲ့လူတွေတော့ အများကြီးရှိပါတယ်”
ရှောက်ရွှမ်၏စကားကို ကြားလိုက်သောအခါမှ၊ ထောင်ကျန်းတို့ စိတ်အေးသွားကြသည်။ ရှောက်ရွှမ်လိုလူမျိုးသိပ်မရှိသည့်အပြင်၊ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ အဖွဲ့ခွဲ၂ဖွဲ့လုံးတွင် ဝါစဉ်ကြီးပုဂ္ဂိုလ်ဟူ၍ ရှောက်ရွှမ်တစ်ယောက်တည်းသာ ရှိပေသည်။
စခန်းသို့ အပြန်လမ်းတွင်၊ တခြားသားကောင်များတွေ့ပါက၊ သယ်လာသော သားကောင်ကို အောက်ချပြီး တွေ့လိုက်သောသားကောင်နောက်ကို လိုက်ကြမည် ဖြစ်သည်။
တခြားလူများ အေးအေးဆေးဆေး အမဲလိုက်လို့ရအောင်၊ ရှောက်ရွှမ်က သတိမေ့နေသော အရိုးသားရဲကို ကြည့်ပေးနေပါသည်။ ထောင်ကျန်းတို့အမဲလိုက်နေစဉ်အချိန်တွင်၊ အရိုးသားရဲက နိုးလာတော့မလို ဖြစ်လာသဖြင့် ရှောက်ရွှမ်သည်
ကျောက်တုံးကြီးတစ်တုံးဖြင့် နောက်တစ်ကြိမ် ထုချလိုက်ပြန်သည်။
စခန်းချရာနေရာတွင် အဖွဲ့ပေါင်းများစွာ အနားယူနေကြသည်။ တချို့က တစ်ညတာအိပ်စက်ကြမည် ဖြစ်သည်။ သို့သော် အများစုကတော့ စိတ်အပန်းဖြေရန် လာအနားယူကြခြင်း ဖြစ်သည်။
စခန်းချရာနေရာသည် တောအုပ်အလယ်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ဖြစ်သည်။ ထိုနေရာတွင် သစ်ပင်များ သိပ်မထူထပ်ပါ၊ သဘာဝအတိုင်းဖြစ်ပေါ်နေသော လှိုဏ်ဂူတစ်ခုကို သားကောင်းများသိုမှီးရန်နှင့်၊ မုဆိုးများ အနားယူရန် ပြုပြင်ထားခြင်း ဖြစ်သည်။
ဖျက်ရလွယ်ကူသော သားကောင်များကို သတ်ပြီး၊ ဂူထဲသို့ သယ်ကြသည်။ ဖျက်ရမလွယ်ကူသောအကောင်များကိုတော့ ကြိုးနှင့်တုပ်ထားပြီး၊ ရွာသို့ ပြန်သယ်ကြမည် ဖြစ်သည်။
တချို့လူများက ဂူအပြင်ဘက်တွင် ကင်းစောင့်နေကြသည်။
ကုန်းမြင့်ပေါ်တွင် ရှိသောလူများသည် တောအုပ်ထဲမှ လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့်၊ ဝီစီမှုတ်ပြီး တောင်အောက်မှ လူများကို လှမ်းသတိပေးလိုက်သည်။
မကြာခင်မှာတော့၊ သူတို့မြင်လိုက်ရသော လှုပ်ရှားမှုမှာ သားရဲတစ်ကောင်မဟုတ်ဘဲ သူတို့လူများ သားကောင်တစ်ကောင်ကို ဆွဲ၍ ပြန်လာကြခြင်း ဖြစ်သည်ကို သိသွားကြပါသည်။ ပြန်လာသောသူများမှာ ထောင်ကျန်းနှင့် သူ့လူများ ဖြစ်သည်။
အားလုံးက ထောင်ကျန်းနှင့် သူ့လူများ၏ အစွမ်းကို သိထားပြီးသား ဖြစ်ကြသည်။ ထောင်ကျန်းတို့ အမဲလိုက်ထွက်တိုင်း သားကောင်ကြီးများ မိလာတတ်ကြသည်။ ထောင်ကျန်း၊ ကျွေ့နှင့် ဝူကျန်းတို့သည် မျိုးနွယ်စုထဲတွင် အတော်ဆုံး လူငယ်စစ်သည်တော်များဖြစ်ပြီး၊ နာမည်
ကျော်မုဆိုးများဖြစ်သည်။
“ထောင်ကျန်း…ဒီတစ်ခေါက်ဘာ…”အစောင့်ကြသောသူသည် ထောင်ကျန်းကို မေးလိုက်ဟန်ပြင်သော်လည်း၊ သားကောင်ကိုမြင်လိုက်ရသောအခါ ဆွံ့အသွားလေသည်။
“အရိုးသားရဲလား” အစောင့်၂ယောက် အော်လိုက်ကြသည်။
“ဘာ…အရိုးသားရဲလား” နောက်ထပ်လူများ ရောက်လာလေသည်။
အရိုးသားရဲကို သူတို့ မိလေ့မိထ မရှိပါ၊ ထိုသားကောင်မျိုးကို လိုက်ရခြင်းမှာ အလွန်ပင်ပန်းအားကုန်လှပါသည်။ အရိုးသားရဲနောက်လိုက်တိုင်း လက်ချည်းဗလာနှင့်သာ ပြန်လာရမြဲဖြစ်သည်။ တခါတရံ ဒဏ်ရာများပင် ရလာတတ်သေးသည်။ အခုတော့ ထောင်ကျန်း၏ အဖွဲ့က ဘေးမသီရန်မခဘဲ အရိုးသားရဲကို ရလာပြီ ဖြစ်သည်။
ထောင်ကျန်းနှင့် သူ့လူများသည် အများကဝိုင်းကြည့်နေသောအခါ စိတ်လှုပ်ရှားသွားကြပါသည်။ အရိုးသားရဲကို ရရန်၊ သူတို့ဘာမှ မလုပ်လိုက်ရပါ။ သူတို့ရထားသော ဒဏ်ရာအသေးအမွှားများမှာ အခြားသားကောာင်များကို လိုက်ရင်း ရခဲ့ခြင်း ဖြစ်ပါသည်။
“ဒီကောင်ကို ဝါစဉ်ကြီးပုဂ္ဂိုလ် ရှောက်ရွှမ် ဖမ်းလာတာ” ထောင်ကျန်းက ပြောလိုက်သည်။
ကျန်သူများက မယုံကြပါ။ ရှောက်ရွှမ်တစ်ယောက်တည်း ဖမ်းလာသည်ဆိုသည်မှာ မဖြစ်နိုင်ပါ။ သားရဲကြီးမှာ အရွယ်ရောက်ပြီးသား သားရဲကြီတစ်ကောင် ဖြစ်သည်။
ထောင်ကျန်းနှင့် သူ့လူများက သားရဲကြီးရလာပုံကို ရှင်းပြလိုက်သောအခါ၊ သူတို့သည် ပိုစိတ်လှုပ်ရှားသွားကြပါသည်။ အားလုံးက သားရဲကြီးကို ဝိုင်းသယ်ရင်း၊ မေးခွန်းများမေးကြလေသည်။
ထောင်ကျန်း၏အဖွဲ့ထဲတွင် မိန်းကလေး၃ယောက်ပါဝင်သည်။ အခုတော့ သူတို့သည် ကြောက်ရွံ့မနေတော့ဘဲ စကားများ ပြောဆိုနေကြပါသည်။
“ရှောင်လင်…အရိုးသားရဲကို ရှောက်ရွှမ်တစ်ယောက်တည်း ဖမ်းလာတယ်ဆိုတာ တကယ်ပဲလား” တစ်ယောက်က မေးလိုက်သည်။
“ဟုတ်တယ်” လင်ဆိုသည့်ကောင်မလေးက ရှောက်ရွှမ် အမဲလိုက်ပုံကို စိတ်လှုပ်ရှားစွာ ပြောပြနေပါသည်။
သုန့်ကန်း သူသိလိုသည်များကိုမေးရန် ရှောက်ရွှမ်ကို ဆွဲခေါ်သွားပါသည်။
သုန့်ကန်းသည် အရိုးသားရဲအကြောင်းကို စိတ်မဝင်စားပေ။ သူငယ်စဉ်က အရိုးသားရဲတစ်ကောင်ကို ဖမ်းခဲ့ဖူးပါသည်။ သို့သော် အဖွဲ့နှင့် ဖမ်းခြင်းဖြစ်သည်။
ရှောက်ရွှမ်က သုန့်ကန်းမေးသမျှကို အသေးစိတ်ဖြေပါသည်။ ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့နှင့် အသားကျသွားပြီကို သိမှ၊ သုန့်ကန်းစိတ်အေးသွားသည်။ သုန့်ကန်းသည် ရှောက်ရွှမ်ကို သူသိမ်းထားသော ဆေးပင်များကို ထုတ်ပြလိုက်သည်။
ရှောက်ရွှမ်သည် ရေရှားသောနေရာမှ ဆေးပင်များ အကြောင်းကို လောင်ကျွီဆီမှ သင်ကြားခဲ့ပြီး ဖြစ်သော်လည်း တောအုပ်ထဲမှ ဆေးပင်များအကြောင်းကိုတော့ သိပ်မသိပါ။ အခုဆေးပင်များသည် သူတွေ့ဖူးသော ဆေးပင်များနှင့် မတူပါ။
ဆေးပင်များအကြောင်းကို လေ့လာပြီးသောအခါ၊ အသားကင်များကို တဝတပြဲ စားသောက်ကြပါသည်။ ထို့နောက် ကင်းသမားများမှ လွဲ၍ ကျန်လူများသည် အိပ်ရာဝင်သွားကြပါသည်။
နှစ်ခြိုက်စွာ အိပ်စက်ရသဖြင့်၊ ရှောက်ရွှမ်တစ်
ယောက် လန်းလန်းဆန်းဆန်း နိုးလာသည်။
ရှောက်ရွှမ်သည် ဂူထဲမှ ထွက်လာပြီးတောအုပ်ထဲကို ကြည့်လိုက်သည်။ အသက်ကိုဝအောင် ရှူလိုက်ပြီး၊ လက်များကို ဆန့်တန်းလိုက်သည်။
သူမိလာသော သားကောင်ကိုတော့၊ အတွေ့အကြုံရှိမုဆိုးများက စောင့်ကြည့်ပေးနေပါသည်။
မကြာခင်တွင် ဒုတိယအကြိမ် အမဲလိုက်ခြင်း စတင်တော့မည်။ ဆောင်းရောက်လျှင် သားကောင်သိပ်ရှိတော့မည် မဟုတ်သဖြင့်၊ အခုအချိန်တွင် သားကောင်များများ ရှာထားရမည်ဖြစ်သည်။ ဆောင်းရာသီအတွက် အခုကတည်းက ပြင်ဆင်ထားသင့်သည် မဟုတ်ပေလား။
(ဆက်ရန်…)