← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄) ဝက်ဝံနက်နှင့် မိတ်ဖွဲ့ခြင်း

သုန့်ကန်းသည် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်ခေါင်းညိတ်ပြသောအခါ ပစ္စည်းများကို သယ်လာကြသည်။

ရှောက်ရွှမ်သည် သလင်းကျောက် ၅လုံးကို ထုတ်လိုက်ပြီး “ခင်ဗျားတို့ပေးတဲ့ဈေးက သင့်တော်ပါတယ်…ဒီသလင်းကျောက်တွေကို ခင်ဗျားတို့ ပိုင်သွားပါပြီ” ဟုပြောလိုက်သည်။

အန်းယန်ကပြုံးလိုက်သည်။ အားလုံးလည်း အခုမှ စိတ်သက်သာရာရသွားသည်။

သူ့လူများအား သလင်းကျောက်များကို ယူစေပြီး၊ အန်းယန်သည် ဒယ်အိုးကြီးကို သူ့လူများအား ပြန်ထောင်ခိုင်းလိုက်သည်။ ထို့နောက် “ဒီဒယ်အိုးကြီးကို အလျော်အနေနဲ့ မင်းတို့ကို ပေးလိုက်မယ်”

သွန်းလုပ်မှုညံ့ဖျင်းသော်လည်း၊ ကြေးကတော့ ကြေးပင်ဖြစ်သည်။ လက်နက်များလုပ်၍မရလျှင်၊ အခြားကြေးထည်ပစ္စည်းများတော့ လုပ်၍ရနိုင်ပါသည်။ သင့်တော်သော လျော်ကြေးပေးမှု တစ်ခုဖြစ်သည်ဟု ဝက်ဝံနက်ပင် ထင်မိသည်။

သုန့်ကန်းသည်လည်း စိတ်ကျေနပ်သွားပြီး၊ အဆုံးအဖြတ်ပေးမည့် ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ ယနေ့ခေတ်လူငယ်များသည် မာနကြီးလွန်းလှသည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် အကျိုးရမည့်ကိစ္စမျိုးကို ငြင်းပယ်လေ့ရှိကြသည်။

သို့သော် ရှောက်ရွှမ်ကတော့ ထိုသို့မဟုတ်ပါ။ သူပြုံးပြလိုက်ပြီး၊ လက်ဆောင်ကို လက်ခံလိုက်ပါသည် “ကျေးဇူးတင်ပါတယ်”။

အဖွဲ့၂ဖွဲ့ကြားက ပစ္စည်းဖလှယ်မှု ပြီးဆုံးသွား

ပြီ ဖြစ်သည်။ အန်းယန်နှင့် သူ့လူများ ထွက်ခွာသွားပြီးနောက်၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ရန်ပွဲဖြစ်လျှင် အလစ်သုတ်ရန်ချောင်းနေသူများ စိတ်ပျက်သွားကြသည်။ အခုတော့ ရန်ပွဲမဖြစ်တော့ပါ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပစ္စည်းများကို သိမ်းဆည်းပြီးနောက်၊ ဆူညံနေသော နေရာမှ ထွက်ခွာလာခဲ့သည်။ စီစဉ်ထားသည့်အတိုင်း၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များလည်း ထွက်ခွာလာသည်။

ဝက်ဝံနက်၏ လူများက ထွက်ခွာသွားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ကြည့်နေပါသည်။ တစ်ယောက်က “အရှင်…သူတို့နောက်ကို လိုက်သွားရမလား” ဟုမေးလိုက်သည်။

“လိုက်သွားရမှာပေါ့…ငါဒီကောင်တွေကို မယုံဘူး” ဝက်ဝံနက်က အံ့ကို ကြိတ်ရင်း ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်

ဟယ်မျိုးနွယ်စုဝင်များ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ သူတို့သွားမည့် လမ်းတလျှောက်တွင် ကင်းထောက်များ ထားထားပြီး၊ လာလမ်းအတိုင်း လျင်မြန်စွာ ထွက်ခွာသွားကြသည်။

နဂိုတုန်းကတော့၊သုန့်ကန်းသည် တခြားလမ်းမှသွားရန် စိတ်ကူးထားခြင်း ဖြစ်သည်။ အခေါက်တိုင်းလည်း ထိုသို့ လုပ်ဆောင်နေကြဖြစ်သည်။ အသွားတုန်းကတစ်လမ်းသွားပြီး၊ အပြန်ကျတော့ တခြားလမ်းတစ်ခုမှ ပြန်ခြင်း ဖြစ်သည်။ ရှောက်ရွှမ်ကိုယ်တိုင်လည်း မူလအစီအစဉ်အတိုင်းလုပ်မည်ဟု စိတ်ကူးပြီးမှ၊ စိတ်ပြောင်းသွားခြင်းဖြစ်သည်။ ဘယ်လမ်းက သွားသွား၊ သိပ်မထူးလှပါ။ ကုန်သည့်အချိန်က အတူတူလောက်ပင် ဖြစ်သည်။ သူတို့ရွေးခဲ့သည်လမ်းတွင် အနှောင့်အယှက်လည်း သိပ်မရှိသလို၊ ကင်းထောက်များလည်း ချထားသည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် အစောပိုင်းတွင်တော့ ရှောက်ရွှမ်၏ ဆုံးဖြတ်ချက်ကို ငြင်းဆိုကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက

ထိုလမ်းမှသာ သွားမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့်သာ၊ သူတို့၏ သဘောထားကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ရှောက်ရွှမ်၏ ဆုံးဖြတ်ချက်ကို စိတ်မပါတပါဖြင့် လက်ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့ရလာသော ဒယ်အိုးကြီးကို မီးခိုးရောင်အဝတ်စဖြင့် ထုပ်ထားသဖြင့် ထင်သာမြင်သာ သိပ်မရှိတော့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက်တော့ ထိုဒယ်အိုးကြီးကို သယ်ရသည်မှာ အခက်အခဲမဟုတ်ပါ။ ခရီးတွင်စေရန်အတွက် ဒယ်အိုးကြီးကို တစ်ယောက်တလှည့်ထမ်းကြပါသည်။

လာလမ်းအတိုင်းပြန်ခြင်းက အန္တရာယ်တော့များပါသည်။ ကံမကောင်းလျှင် ဓားပြတိုက်ခံရမည် ဖြစ်သည်။ မီးတောက်ဦးချိုအဖွဲ့သည် မြိုးမြိုးမြက်မြက်ကလေး ရသွားသည့်သတင်းကို ကြားထားကြသဖြင့်၊ လမ်းတွင် ဖြတ်လုချင် ဖြတ်လုကြမည် ဖြစ်သည်။ အပြန်ခရီးတွင်တော့ သတိဝီရိယအပြည့်ဖြင့် ပြန်လာကြပါသည်။

“ဝှစ်…”

ရုတ်တရက် လေတိုးသံတချက် ထွက်ပေါ်လာသည်။

“ဓားပြတွေများလား”

သူတို့အားလုံးစိုးရိမ်သွားကြသည်။

ရှောက်ရွှမ်ကတော့ အနားကပ်လာသော လူရိပ်ကို ကြည့်ရင်း ပြုံးလိုက်သည်။

“ရောက်လာကြပြီ” ရှောက်ရွှမ်က ပြောလိုက်သည်။

“ငါတို့လိုက်လာမယ်ဆိုတာ မင်းသိလို့လား” ဝက်ဝံနက်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

“ခန့်မှန်းကြည့်လိုက်တာပါ” ရှောက်ရွှမ်က စကားသိပ်မပြောပါ။ဝက်ဝံနက်အကြောင်း ကြားဖူးထား

သော သတင်းများနှင့် ကုန်ဖလှယ်တုန်းက အကဲခတ်မိသော ဝက်ဝံနက်၏ သဘောထားကို အခြေခံ၍ သူတို့နောက်သို့လိုက်လာမည်ဟု ရှောက်ရွှမ်က ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အားလုံးကို မူလလမ်းကြောင်းအတိုင်း ပြန်ရန် အမိန့်ပေးလိုက်ခုင်းဖြစ်သည်။ မူလလမ်းကြောင်းအတိုင်း ပြန်ရုံနှင့် သူတို့အတွက် သိပ်ထိခိုက်မှုမရှိပါ။ ထိုလမ်းကြောင်းအဆင်မပြေလျှင်၊ လမ်းကြောင်းကို ပြောင်းလိုက်ရုံပင် ဖြစ်သည်။

ဝက်ဝံနက်၏ မျက်ခုံးများ မြင့်တက်သွားပြီး၊ ကျယ်လောင်စွာ ရယ်လိုက်ပြီး “မင်းတို့ မီးတောက်ဦးချိုမျိုးနွယ်စုက စိတ်ဝင်စားဖို့ တော်တော်ကောင်းတာပဲ”ဟု ပြောလိုက်သည်။ နောက်မှ လိုက်လာနိုင်သည်ဟု ခန့်မှန်းမိပြီးနောက်တော့၊ ဝက်ဝံနက် ဘာဆက်လုပ်မည်ကို မေးနေရန်ပင် မလိုတော့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဝက်ဝံနက် ထင်ထားသည်ထက် ပါးနပ်နေပါသည်။

ဝက်ဝံနက်ကို မြင်သောအခါ အစောင့်

များသည် လမ်းဖယ်ပေးလိုက်ပါသည်။ သုန့်ကန်းက ရှေ့ကို တိုးလာပြီး “ဈေးဝယ်ချင်သေးလို့လား”

အလျင်အမြန်ထွက်ခွာလာကြသဖြင့် သူတို့တွင် မရောင်းရသေးသော ပစ္စည်းတချို့ ကျန်နေပါသေးသည်။ ထိုက်ဟယ်မျိုးနွယ်စုတွင်လည်း ပစ္စည်းတော်တော်များများ ကျန်နေပါသေးသည်။ သူတို့ကလည်း ဝက်ဝံနက်အနေဖြင့် သူတို့ဆီမှ ပစ္စည်းများကို ဝယ်ယူလျှင် ကောင်းမည်ဟု မျှော်လင့်နေကြပါသည်။

“ဟုတ်တယ်” ဝက်ဝံနက်က အသံကို နှိမ့်ပြီး “ မင်းတို့မှာ အရောင်တောက်တဲ့ သလင်းကျောက်တွေရှိနေသေးတာ ငါသိတယ်…အန်းယန်ပေးတဲ့ဈေးအတိုင်း ပေးမယ်ဆိုရင် မင်းတို့ ငါ့ကို ရောင်းမလား”

ရှောက်ရွှမ်က ခေါင်းညိတ်ပြလိုက်သဖြင့်၊ သုန့်ကန်းပျော်သွားပါသည်။ မကြာခင်တွင် သူတို့တွင်ကျန်သော ကုန်ပစ္စည်းများ ကုန်သွားပါသည်။ သုန့်

ကန်းတစ်ယောက် ပြုံးပြုံးကြီး ဖြစ်နေပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည်လည်း အပြုံးများကို ဖုံးကွယ်မထားနိုင်တော့ပါ။ သူတို့သည် မှန်ကန်သော ဆုံးဖြတ်ချက်အတွက် ရှောက်ရွှမ်ကို ကျေးဇူးတင်မိပါသည်။ သူတို့တွင်ပါသော ကုန်ပစ္စည်းများ ရောင်းထွက်သွားသဖြင့်၊ အားလုံး စိတ်ကျေနပ်သွားပါသည်။

အပေးအယူကိစ္စပြီးဆုံးသွားသောအခါ၊ ဝက်ဝံနက်က သလင်းကျောက်သုံးနည်းကို ရှောက်ရွှမ်ဆီမှ မေးနေပါသည်။ ရှောက်ရွှမ်ကရှင်းပြပြီးသွားသောအခါ ဝက်ဝံနက်သည် ခေါင်းတွင် ဆောင်းထားသော ဦးထုပ်ကြီးကို ချွတ်လိုက်ပြီး၊ ဝက်ဝံပုံ ရေးဆွဲထားသော ကျောက်တုံးလေးတစ်တုံးကို ရှောက်ရွှမ်ကို ပေးလိုက်ပါသည်။ “အဲဒီလို ပစ္စည်းလေးတွေရှိရင် ငါတို့ဆီကို တခါတည်းသာ လာခဲ့လိုက်…သားရေချပ်တွေ၊ အခြား လူသုံးကုန်ပစ္စည်းတွေလည်း ငါတို့ဝယ်တယ်…နောက်ပြီးတော့ မင်းလုပ်တဲ့ ကျောက်ဆစ်ရုပ်လေးတွေ လိုချင်သေးတယ်…ဧရာမဝက်ဝံကြီးမျိုးထဲက ဘယ်မျိုးစိတ်ပဲ ဖြစ်ဖြစ်၊ ဝက်ဝံရုပ်ဆိုရင် ငါ

သဘောကျတယ်…ဝက်ဝံရုပ်မပါလည်း တခြားပစ္စည်းတွေ လာရောင်းလို့ရပါတယ်” ဟု ဝက်ဝံနက်က ပြောလိုက်ပါသည်။

အန်ဘမြို့တော်က နေရာတစ်နေရာအကြောင်းကို ဝက်ဝံနက်က သူတို့ကို ပြောပြပါသည်။ ဝက်ဝံနက်ပေးသွားသော တံဆိပ်ပါသွားလျှင် မြို့တော်ထဲတွင် ဝက်ဝံနက်မရှိလည်း ကုန်ပစ္စည်းဖလှယ်ခွင့်ရသွားမည် ဖြစ်သည်။ ကုန်ဖလှယ်သောနေရာများတွင် လူဝင်တိုးနေစရာမလိုတော့ပါ။

ဝက်ဝံနက်နှင့် ပူးပေါင်းတော့မည်လား။

ထိုက်ဟယ်မျိုးနွယ်စုဝင်များ အံ့ဩသွားကြသည်။ ဝက်ဝံနက်သည် နာမည်ကျော်တစ်ယောက်ဖြစ်သော်လည်း သူပုံမှန်ပစ္စည်းလဲနေကျ ဖောက်သည်တော့ မရှိပါ။ သူတို့သည် ကြိုက်နှစ်သက်ရာနေရာတွင် ကုန်ပစ္စည်းဖလှယ်နိုင်သည်ဖြစ်ပြီး အန်ဘမြို့တော်မှ လူများကို ကြောက်ရွံ့နေစရာမလိုပါ။ မြို့တော်မှလူများသည် အန်ဘမြို့တော်၏ ရန်သူဖြစ်လျှင်

တောင် ၊ ကုန်ပစ္စည်းဖလှယ်နေကြသေးသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ပဍိပက္ခအနည်းငယ်ရှိခြင်းက စာမဖွဲ့လောက်ပါ။ သို့သော် ဝက်ဝံနက်က သူနှင့်ပူးပေါင်းရန် မီးတောက်ဦးချိုမျိုးနွယ်စုကို စည်းရုံးလိုက်သဖြင့်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များ အံ့ဩသင့်နေပါသည်။ ရှောက်ရွှမ်၏ သလင်းကျောက်သည် ထိုမျှပင် စိတ်ဝင်စားစရာ ကောင်းနေသည်များလား။

အပေးအယူကိစ္စပြီးသွားသောအခါ၊ ဝက်ဝံနက်က ဆက်ပြောလိုက်ပါသည် “အန်ဘမြို့တော်က လူတွေကို မယုံနဲ့…ဒီကောင်တွေရဲ့စည်းကမ်းတွေဆို ပိုပြီးတောင် ယုံလို့မရသေးတယ်…သူတို့ပိုင်နက်ထဲရောက်တာနဲ့ သူတို့စည်းကမ်းအတိုင်းလုပ်လို့ရမယ် ထင်နေတာ”။

အန်ဘမြို့တော်တွင် ပုံသေစည်းမျဉ်းများ မရှိပါ။ အန်ဘမြို့တော်ကို ကုန်ပစ္စည်းလာမရောင်းခင်က၊ မီးတောက်ဦးချိုမျိုးနွယ်စုသည် နာမည်မကျော်ကြားပါ။ သူတို့တွင် တန်ဖိုးရှိသောပစ္စည်းများလည်း များများစားစားမ

ရှိပါ။ သို့သော် အခုတစ်ခေါက်တွင်တော့ အရင်အခေါက်များလို့ မဟုတ်တော့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အန်ဘမြို့တော်က သခင်လေးတစ်ယောက်နှင့် ခိုက်ရန်ဖြစ်ပွားသလို၊ တန်ဖိုးရှိသော ပစ္စည်းများလည်း ပါလာပါသည်။

“ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။

“မင်းအနေနဲ့ ငါ့ကိုလည်း ယုံစရာမလိုပါဘူး” ဝက်ဝံနက်က ရှောက်ရွှမ်ဘေးတွင် ရှိသော သေတ္တာကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် “သေတ္တာထဲမှာ ဘာတွေရှိလဲ ငါသိလို့ရမလား” ဟုမေးလိုက်ပါသည်။ ရှောက်ရွှမ်က သေတ္တာကို နေရာရွှေ့လိုက်သဖြင့် အသံထွက်ပေါ်လာသည်။ သတ္တုပစ္စည်းများမှ ထွက်ပေါ်လာသည့် အသံမျိုးမဟုတ်ဘဲ၊ ကျောက်တုံးများ အချင်းချင်းထိခိုက်မိ၍ ထွက်ပေါ်လာသော အသံမျိုးဖြစ်သည်။ “သူတို့မှာ မရောင်းရသေးတဲ့ ပစ္စည်းတွေကျန်နေသေးတာလား”ဟု ဝက်ဝံနက်တွေးလိုက်မိသည်။

ဝက်ဝံနက်သည် ကုန်သည်တစ်ယောက်ပီသစွာ ကုန်ပစ္စည်းများအနံ့ကို ရလိုက်သည်။

“အဲဒီပစ္စည်းတွေက ရောင်းဖို့ မဟုတ်ဘူး” ရှောက်ရွှမ်က ငြင်းလိုက်သည်။

ရှောက်ရွှမ်က ငြင်းလိုက်သဖြင့်၊ ဝက်ဝံနက်က ပို၍ပင်စိတ်ဝင်စားသွားသည်။ ကြေးထည်ပစ္စည်းများကို လက်ဆောင်ပစ္စည်းအဖြစ်ထုတ်လိုက်ပြီးနောက်၊ ရှောက်ရွှမ်သည် သေတ္တာကို ဖွင့်လိုက်ပါသည်။ အထဲတွင် ရှိသော အရာကိုတွေ့သောအခါ၊ ဝက်ဝံနက်သည် ထူးထူးဆန်းဆန်းအော်ရယ်လိုက်ပါသည်။ စိတ်ကောင်းဝင်နေသဖြင့်၊ သူ့လူများကို ထွက်ခွာသွားရန် အမိန့်ပေးလိုက်သည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ သေတ္တာထဲမှ ပစ္စည်းကို မမြင်လိုက်ရပါ။ သူတို့သည် သေတ္တာထဲတွင် မည်သည့်ပစ္စည်းရှိမလဲ သိချင်နေကြသည်။

ထိုက်ဟယ်မျိုးနွယ်စု၏ အကြည့်များကို မသိချင်ယောင်ဆောင်ပြီး၊ ရှောက်ရွှမ်သည် သူ့ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ ထို့နောက် မပြီးသေးသောလူများကို စောင့်နေလိုက်ပါသည်။ လမ်းကြောင်းပြောင်းရန် အချိန်ကျပြီ ဖြစ်သည်။ သူတို့သည် ဝက်ဝံနက်နှင့် မိတ်ဖွဲ့ပြီးပြီ ဖြစ်သဖြင့်၊ အန်ဘမြို့တော်တွင် စိတ်ကြိုက် ကုန်ရောင်းခွင့် ရသွားပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် ခြေ၂လှမ်းလောက် လှမ်းလိုက်ပြီး၊ ရပ်တန့်လိုက်သည်။ ဒယ်အိုးကို ထုပ်ထားသော အဝတ်စပြဲနေသဖြင့်၊ သုန့်ကန်းက အဝတ်စ ပြောင်းလိုက်ပါသည်။

အသုံးဝင်သော ဒယ်အိုးမဟုတ်သော်လည်း၊ ကြေးသားကတော့ ကောင်းပါသည်။ ဒယ်အိုးပေါ်တွင် စာများ၊ ပန်းချီများ ရေးဆွဲထားသဖြင့် ရှေးဟောင်းပစ္စည်းတစ်ခုနှင့် တူနေပါသည်။

အန်းယန်က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ စိတ်ကျေနပ်သွားအောင် ဒယ်အိုးကြီးကို ပေးလိုက်

ခြင်း ဖြစ်သော်လည်း၊ အများကတော့ ကြေးနှင့်လုပ်ထားသော ဒယ်အိုးဖြစ်နေ၍ ပေးလိုက်သည်ဟု ထင်နေကြသည်။ အခြားကြေးထည်ပစ္စည်းများ ပြန်လုပ်၍ရသဖြင့်၊ ဒယ်အိုးကြီးကို မီးတောက်ဦးချိုမျိုးနွယ်စုက လက်ခံလိုက်သည်ဟု အများက ထင်ကြသော်လည်း၊ ရှောက်ရွှမ်ကတော့ ထိုရည်ရွယ်ချက်နှင့် လက်ခံလိုက်ခြင်းမဟုတ်ပါ။ ရှောက်ရွှမ်သည် ဒယ်အိုးပေါ်တွင် ရေးဆွဲထားသော စာများ၊ပန်းချီများကို စိတ်ဝင်စား၍ လက်ခံလိုက်ခြင်း ဖြစ်သည်။

မြို့ကြီး၆မြို့တွင် ပွဲတော်များကျင်းပသည့်အခါ၊ ထိုဒယ်အိုးကြီးများကို သုံးလေ့ရှိသည်။ ထိုဒယ်အိုးသည် မြို့တော်၏ အာဏာကိုကိုယ်စားပြုသည်။ ပွဲတော်တစ်ကြိမ်ကျင်းပလျှင် ဒယ်အိုးကြီးပေါ်တွင် တစ်ခါမှတ်တမ်းတင်သည်။ ရှောက်ရွှမ်က ထိုအချက်ကို စိတ်ဝင်စားခြင်း ဖြစ်သည်။

လူအများစုသည် စာလုံးများကို နားလည်နိုင်သော်လည်း၊ သူတို့၏ နားလည်နိုင်စွမ်းမှာ

အကန့်အသတ်ရှိပါသည်။ ကုန်ပစ္စည်းဖလှယ်ရန်အတွက်လောက်သာ ပြောဆိုနိုင်ပြီး၊ ရှုပ်ထွေးသော စာများကိုတော့ နားမလည်ပါ။ ဒယ်အိုးပေါ်တွင် ရေးဆွဲထားသော စာများ၊ပန်းချီများက ရှုပ်ထွေးလွန်းသဖြင့်၊ တိုင်းရင်းသားများက စိတ်မဝင်စားကြပါ။

အများစုသည် လက်နက်များကို သွန်းလုပ်ပြီးသည့်အခါ၊ လက်နက်ပေါ်တွင် စာရေးထွင်းလေ့မရှိပါ။ ထိုအစား၊ မျိုးနွယ်စု၏ နတ်ရုပ်ပုံဖြစ်စေ၊ မျိုးနွယ်စု၏ နာမည်ဖြစ်စေကို ရေးထွင်းလေ့ရှိသည်။ မြို့တော်က လူများကတော့ ထိုသို့မဟုတ်ပါ။ မြို့တော်များမှ လူများကတော့ လက်နက်များ သွန်းလုပ်ပြီးလျှင် ရှုပ်ထွေးသောပန်းချီများ၊ စာများကို ရေးထွင်းလေ့ရှိသည်။

ဒယ်အိုးကြီးကို ထုပ်ပိုးပြီးသွားသောအခါ၊ ရှောက်ရွှမ်က သုန့်ကန်းကို မော့ကြည့်လိုက်သည်။

“လမ်းကြောင်းပြောင်းမယ်” သုန့်ကန်းက အနားယူနေသော လူများကို လှမ်းအမိန့်ပေးလိုက်ပါသည်။

ထိုအခါ အားလုံးလည်း ခရီးဆက်ရန် ပြင်ဆင်ကြပါသည်။

ဝက်ဝံနက်သည် သူ့လူများကို ခေါ်၍ ထွက်ခွာသွားပါသည်။ ရှောက်ရွှမ်တို့ဆီမှ ပစ္စည်းများလုမည့် သူများလည်း ထွက်ခွာသွားပြီး အရာအားလုံး အေးချမ်းစွာ ပြီးဆုံးသွားပါသည်။

“အရှင်…ဟိုချာတိတ်လေးရဲ့သေတ္တာထဲမှာ ဘာတွေ့လိုက်တာလဲ” ဝက်ဝံနက်၏ လူတစ်ယောက်က မေးလိုက်သည်။

“စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခုဆိုပါတော့” ဝက်ဝံနက်က ပြန်ပြောလိုက်သည်။

“အရှင်က ဘာလို့ ထရယ်တာလဲ” ကျန်သူများက သိချင်နေကြသည်။

“မင်းတို့ဘယ်လိုထင်လဲ…အန်းယန်မြို့တော်က စေလွှတ်လိုက်တဲ့ လူဘယ်နှယောက် ပြန်လာမယ်လို့ မင်းထင်လဲ” ဝက်ဝံနက်က ပြန်မေးလိုက်

သည်။

အန်ဘမြို့တော်သည် လူအင်အားတောင့်ပေသည်။ ဝက်ဝံနက်တို့သည် အန်းယန်၏ လှုပ်ရှားမှုများကို သိနေပါသည်။ အန်းယန်က သူကိုယ်တိုင်စည်းကမ်းများကို လိုက်နာပါမည်ဟု ပြောသော်လည်း မယုံရပါ။ အန်းယန်သည် ရက်စက်သည့် လူတစ်ယောက် ဖြစ်ပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ထွက်ခွာသွားသောအခါ၊ အန်းယန်သည် သူ့လူများအား နောက်မှလိုက်စေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုက တခြားလမ်းကြောင်းတစ်ခုကို သုံးမည်ကို သိသောအခါ၊ သူ့လူများကို ထိုလမ်းအတိုင်း လိုက်စေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ပထမလမ်းကြောင်းကိုပင် အသုံးပြုမည်ဟု သူမမျှော်လင့်ထားသလို လမ်းတစ်နေရာတွင် ဆုံတွေ့မည်ဟုလည်း မမျှော်လင့်ထားပါ။

လမ်းကြောင်း၂ခုလုံးမှာ စိတ်မချရပါ။ တစ်လမ်းတွင် ခြုံခိုတိုက်ခိုက်မည့် သူများရှိနေပြီး၊တစ်

လမ်းတွင် အန်းယန်၏ လူများ ရှိနေပါသည်။ အချိန်ရသေးလျှင်တော့ ဝက်ဝံနက်သည် မီးတောက်ဦးချိုမျိုးနွယ်စုကို ကူညီနိုင်မည်ဖြစ်သည်။ သို့သော် အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုသည် ကံဆိုးတော့မည် ဖြစ်သည်။

ဝက်ဝံနက်၏ မျက်နှာထားကို မြင်သောအခါ သူ့လူတစ်ယောက်က မနေနိုင်တော့ဘဲ “ အရှင်…အန်ဘမြို့တော်ကစေလွှတ်လိုက်တဲ့ လူထဲက ဘယ်နှယောက် ပြန်လာမယ်ထင်လဲ…မအောင်မြင်ဘူးဆိုရင်တောင် လူတစ်ဝက်လောက်တော့ ကျန်သင့်ပါတယ်…ဟုတ်တယ်မလား” ဟုမေးလိုက်ပါသည်။

“တစ်ဝက်ဟုတ်လား…၁ယောက်…၂ယောက်လောက် ကျန်ရင်တောင် ကံကောင်း”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ကျန်သူများက ဝက်ဝံနက်၏ စကားကို သိပ်မယုံကြပါ “ထောင်ခြောက်များလား…အဲဒီလိုတော့ ဖြစ်မယ်မထင်ပါဘူး”

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အထင်သေးခြင်း မဟုတ်သော်လည်း၊ မျိုးနွယ်စုဝင်များသည် လက်နက်များကို တန်ဖိုးထားကြောင်း သူတို့ သိထားကြသည်။ထောင်ခြောက်ထောင်မည်ဆိုလျှင်တောင် မျိုးနွယ်စုဝင်များသည် ကြိုးများနှင့် သစ်သားများကိုသာသုံးမည်ဖြစ်သည်။ သတ္တုပစ္စည်းများကိုတော့ နှမြော၍ သုံးမည် မဟုတ်ပါ။ သစ်သားထောင်ခြောက်များသည် သတ္တုထောင်ခြောက်များလောက် အသက်အန္တရာယ်မရှိပါ။ အရိုးနှင့်လုပ်သော ပစ္စည်းများကိုတော့ အဆင်ပြေမည် မဟုတ်သဖြင့် သုံးမည်မဟုတ်ပါ။ ထို့ကြောင့် ထောင်ခြောက်လုပ်ရာတွင်၊ မျိုးနွယ်စုဝင်များသည် မြို့ကြီး၆မြို့မှလူများနှင့် ယှဉ်နိုင်မည် မဟုတ်ပါ။

“ကမ္ဘာပေါ်မှာ သစ်သားနဲ့ သတ္တုပဲရှိတာမဟုတ်ဘူး” ဝက်ဝံနက်က ပြောလိုက်သည်။

ကျောက်လက်နက်ကိရိယာများ…။ ထိုပစ္စည်းများသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး

သမိုင်းမှတ်တမ်းများတွင် တွေ့ရပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုတွင် ကျောက်လက်နက်ပစ္စည်းများကို တွေ့ရပါသည်။ ကျောက်လက်နက်ပစ္စည်းများကို မြင်သောအခါ၊ ထိုပစ္စည်းများကို ပြုလုပ်သူသည် ထိုပစ္စည်းများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဟု ဝက်ဝံနက်သိလိုက်ပါသည်။ ပင့်ကူတစ်ကောင်သည် သူထုတ်လုပ်သော ကြိုးမျှင်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သလို၊ ကျောက်လက်နက်ကိရိယာများကို ထုတ်လုပ်သူသည်လည်း သူ့ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါသည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၃၉၅)

သလင်းကျောက်များကို မရောင်းချမီ၊ ကုန်ပစ္စည်းများဖလှယ်သောနေရာတွင် ရှောက်ရွှမ်သည် အချိန်အားရလျှင်ရသလို ကျောက်လက်နက်ကိရိယာများ ပြုလုပ်နေပါသည်။

သားရေချပ်များကုန်သွားသည်ဖြစ်သောကြောင့်၊ မပြန်ခင်ရက်အနည်းငယ်မှာ ပျင်းစရာဖြစ်နေသည်။ ရှောက်ရွှမ်က အပြင်သွားသူများကို ကျောက်တုံးများ မှာယူပြီး၊ ထိုသူများယူလာသော ကျောက်တုံးများထဲမှ သူနှစ်သက်သောကျောက်တုံးများကို ရွေးချယ်ပြီး၊ လိုအပ်မည့် ကျောက်တုံးကိရိယာများ လုပ်နေသည်။

သူတို့ပြန်လာသော ခရီးလမ်းသည် တောင်တန်းများထူထပ်သလို၊ သီးပင်စားပင်များ ပေါများပေသည်။ ထိုတောင်တန်းများမှ ပန်းမန်များသည် တမူထူးခြားပါသည်။ ထိုအကြောင်းများကို ရှော

က်ရွှမ်သည် သုန့်ကန်းနှင့် အခြားသူများဆီမှ သိလာရခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် ကျောက်လက်နက်ကိရိယာများလုပ်ရင်း၊ မည်သို့ ထောင်ခြောက်များ ထောင်လျှင် ကောင်းမလဲ စဉ်းစားနေပါသည်။ သုန့်ကန်း၏ အတွေ့အကြုံအရဆိုလျှင်၊ အန်းဘမြို့တော်မှ ကုန်ပစ္စည်းဖလှယ်ပြီး ပြန်လာသော အပြန်ခရီးများတွင် ခြုံခိုတိုက်ခိုက်မှုများနှင့် ကြုံတွေ့ရဖူးကြောင်း သိရပါသည်။ ဒီနေ့တွင် သင်နှင့် ပြုံးရယ်ပြီး စကားပြောနေသူကလည်း၊ နောက်နေ့တွင် သင့်ကိုသတ်ပြီး ပစ္စည်းလုမည့်သူဖြစ်နေနိုင်ပါသည်။

ကုန်ပစ္စည်းဖလှယ်မှုပြီးသွားသည်နှင့် ဘာစည်းကမ်းမှ မရှိတော့ပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် ကျောက်လက်နက်ကိရိယာများကို လုပ်နေခြင်းဖြစ်သည်။ နောက်မှ လူအုပ်ကြီးလိုက်လာပါက တားဆီးရန်လည်း ဖြစ်ပါသည်။

ကျောက်လက်နက်ကိရိယာများမှာ သတ္တုနှင့် မတူပါ။ ကျောက်လက်နက်ပစ္စည်း ပြုလုပ်ရန် လိုအပ်သောပစ္စည်းသိပ်မရှိပါ။ ကျောက်လက်နက်ပစ္စည်းလုပ်၍ရနိုင်မည့် ကျောက်တုံးများကို တောင်တန်းအနှံ့တွေ့နိုင်ပါသည်။ မျိုးနွယ်စုဝင်တိုင်းရင်းသားများအတွက် ဓားမြောင်လေးတစ်ချောင်းသည် အလွန်အဖိုးတန်ပါသည်။ အသုံးပြုပြီးလျှင် ပြန်လုပ်၍မရသော လက်နက်များ ဥပမာ မြားတံကဲ့သို့ ပစ္စည်းများကို သတ္တုနှင့် မပြုလုပ်နိုင်ပါ။ သတ္တုနှင့် ပြုလုပ်ပါက မွဲသွားမည် ဖြစ်သည်။

ရှောက်ရွှမ်တို့နောက်ကိုလိုက်ရန် အန်းယန်စေလွှတ်လိုက်သူများသည်လည်း ထိုကဲ့သို့ တွေးမိပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အတိတ်က အကြောင်းများကို စုံစမ်းလိုက်သောအခါ မျိုးနွယ်စုဝင်များသည် ထောင်ခြောက် ကြီးကြီးမားမားများ သုံးလေ့မရှိကြောင်းကို သူတို့သိလိုက်ရပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အရင်အခေါက်များက ပြန်နေကျလမ်းအတိုင်း မပြန်သဖြင့်၊ နောက်မှလိုက်သူများသည် မျက်ခြည်ပြတ်သွားပါသည်။

ခဏနေသောအခါမှ ခြေရာများကို တွေ့လိုက်ပြီး၊ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြကာ၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ နောက်သို့ ဆက်လိုက်ကြပါသည်။ ထိုအချိန်တွင် သူတို့သည် အသံတိုးတိုးလေးတစ်ခုကို ကြားလိုက်ရသည်။

ဆူးချွန်များသည် သူတို့ဆီသို့ ရုတ်တရက် ပြေးဝင်လာပါသည်။ ဆူးချွန်များသည် လျင်မြန်လွန်းသဖြင့် သူတို့သည် လွတ်အောင် မရှောင်နိုင်ကြပါ။

တစ်ယောက်က လက်ထဲမှဓားကို ဝှေ့ယမ်းလိုက်ပါသည်။ ဓားသည် ဒိုင်းတစ်ခုသဖွယ် ပြေးဝင်လာသော ဆူးချွန်များကို ကာကွယ်ပေးပါသည်။ တစ်ယောက်က ထိုဆူးချွန်များကို ခုန်ရှောင်လိုက်သည်။ သို့သော် သူခြေချမိသောနေရာတွင် တစ်စုံတရာ ရှိနေပါသည်။ ခြေထောက်အောက်တွင် ကြိုးတစ်ချောင်းကို နင်းမိသလို ခံစားလိုက်ရသဖြင့် သူသည် ခြေထောက်ကို အမြန်ရုတ်လိုက်သည်။ ခြေထောက်ကို ရုတ်လိုက်

သောအခါ သူ့ဘေးဘက်မှ ဆူးချွန်များ ပျံထွက်လာပါသည်။ ဆူးချွန်များကို ရှောင်တိမ်းလိုက်တိုင်း ထောက်ခြောက်ခလုတ်များကို ဖြုတ်မိလျက်သားဖြစ်နေသည်။

သူတစ်ယောက်တည်း ထိုကဲ့သို့ ဖြစ်နေခြင်း မဟုတ်ပါ။ လူ၁ယောက်၊၂ယောက် လောက်က ထောင်ခြောက်များကို တက်နင်းမိသောအခါ၊ ကျန်သူများသည် အကြောက်လွန်ပြီး ပြေးလွှားကြသည်။ ထိုအခါ နောက်ထပ် ထောက်ခြောက်များ၏ မောင်းခလုတ်များ ပြုတ်ကုန်လေသည်။

ဆူးချွန်များသည် သတ္တုလောက်မမာသော်လည်း ပစ်လွှတ်လိုက်သော အရှိန်ပြင်းသဖြင့်၊ ထိမိလျှင် နာကျင်ပေသည်။ ထိုဆူးချွန်များအပြင် အခြားထောင်ခြောက်များလည်း ရှိပါသေးသည်။ ကုတ်လိုက်မိသည်နှင့် သွေးထွက်အောင် ပြင်းထန်သော အဆိပ်များကို ဆူးချွန်များပေါ်တွင် သုတ်လိမ်းထားပါသည်။ ကုတ်လိုက်မိသည်နှင့် အဆိပ်များသည် သွေးကြောများထဲဝင်သွားမည် ဖြစ်သည်။ အသက်မသေနိုင်

သော်လည်း အတော်လေးဒုက္ခများသွားမည် ဖြစ်သလို၊ ခရီးလည်း တွင်တော့မည် မဟုတ်ပေ။

“ဝုန်း…”

အသံခပ်အုပ်အုပ်နှင့် ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြီး၊ လေထဲတွင် အဝါရောင်အမှုန့်များ ဖုံးလွှမ်းသွား၏။

အဝါရောင်အမှုန့်များ ဖုံးလွှမ်းနေသော စက်ကွင်းမှာ လွတ်နေသော သူများသည် နောက်သို့ ခုန်ဆုတ်သွားသည်။ ဘာပဲဖြစ်ဖြစ်၊ လွတ်အောင်ရှောင်သည်က ကောင်းသည် မဟုတ်ပါလား။ ဆူးချွန်များနှင့် တိုက်ခိုက်ခံရသောသူကတော့၊အဝါရောင်အမှုန့် အဆိပ်ငွေ့များဖြစ်နေမည် စိုးရိမ်သဖြင့် အသက်အောင့်ထားလိုက်သည်။ထိုလူသည် ဆူးချွန်တစ်ခုကို ရှောင်တိမ်းရင်း၊ ထောင်ခြောက်များမရှိနိုင်သောနေရာကို ခုန်ထွက်လာသည်။ လေထဲတွင် အဝါရောင်အငွေ့များ ပျောက်ကွယ်သွားသည်ကို မြင်ရမှ၊ သူသည် အသက်ကို စိတ်ချလက်ချ ရှူနိုင်တော့သည်။

အားလုံးရပ်တန့်သွားသောအခါ၊ အဖွဲ့ခေါင်းဆောင်သည် မြေပြင်တွင် လဲကျနေသူများ၊လူးလှိမ့်နေသူများကို ကြည့်ပြီး ညည်းတွားလိုက်ပါသည်။ လဲနေသူများဘေးမှ သစ်ပင်တစ်ပင်ကို ကြည့်လိုက်သောအခါ၊ ပင်စည်တွင် ဆူးချွန်ဆယ်ချောင်းထက်မနည်း စိုက်ဝင်နေသည်ကို သူတွေ့လိုက်ရပါသည်။ ထောင်ခြောက်များမရှိတော့သည် သေချာသွားသောအခါမှ၊ သူသည် သစ်ရွက်တစ်ရွက်ကို ခူးလိုက်ပြီး၊ ဆူးချွန်ကို သစ်ရွက်ဖြင့်အုပ်ကိုင်ကာ ပင်စည်မှ ဆွဲနှုတ်လိုက်သည်။

ဆူးချွန်များမှာ တောင်တန်းများပေါ်ရှိ သစ်ပင်တမျိုးစီမှ ချိုးယူလာခဲ့သော ဆူးချွန်များဖြစ်ကြောင်းကိုတွေ့လိုက်ရသည်။ ဆူးချွန်၏ဖင်ပိုင်းတွင် စိမ်းညိုရောင်ဖြစ်နေသဖြင့် ချိုးယူလာသည်မှာ မကြာသေးကြောင်း သိနိုင်ပါသည်။

ထိုအပင်သည် တောင်တန်းများပေါ်တွင် ပေါပါသည်။ တိရစ္ဆာန်များတွင်တော့ ထူထဲသော

အရေခွံများရှိသဖြင့်၊ ဆူးချွန်များကို မမှုကြပါ။ သို့သော် လူသားများတွင် ထူထဲသော အရေခွံမရှိသဖြင့်၊ ထိုဆူးဒဏ်ကို မခံနိုင်ကြပါ။ ထိုဆူးပင်၏ အဆိပ်မှာ အသက်သေစေလောက်သည်အထိ မပြင်းထန်သည်မှာ ကံကောင်းခြင်း ဖြစ်သည်။

“အပေါစားလှည့်ကွက်လေးတွေနဲ့ကွာ…” အဖွဲ့ခေါင်းဆောင် စိတ်တိုလာပါသည်။

ဆူးချွန်များ မိုးရွာသလို ဝဲပျံလာအောင် ဘယ်လိုများ လုပ်ထားလဲ မသိပါ။ အခြားသော တစ်စုံတဦးက ခြုံခိုတိုက်ခိုက်ချင်၍ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလား။ သို့မဟုတ် မီးတောက်ဦးချိုမျိုးနွယ်စုမှ ချာတိတ်လေး၏ လက်ချက်လား။

ထိုအချိန်တွင် မွှေးပျံ့သောရနံ့တစ်ခုထွက်ပေါ်လာပါသည်။ ပန်းရနံ့လား၊ သစ်ပင်မှ ရနံ့လားတော့ သူသေချာမသိပါ။

အဖွဲ့ခေါင်းဆောင်သည် ကိုင်ထားသော ဆူးချွန်များကို လွှတ်ပစ်လိုက်ပြီး၊ မျက်မှောင်ကြုံ့နေ

ပါသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို ကြည့်နေပါသည်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံလိုက်ရသော်လည်း၊ ထောင်ခြောက်များ၏ အရိပ်အယောင်ကို မတွေ့ရပါ။

“ဆက်လိုက်ကြ” အဆိပ်မိထားသူများကို ဒီအတိုင်းထားခဲ့ပြီး၊ ကျန်သူများက ဆက်လက် လိုက်ကြရန် ဆုံးဖြတ်လိုက်ပါသည်။

“အားလုံးသတိဝီရိယနဲ့ နေကြနော်…ဒီတိုင်းရင်းသားတွေက ဥာဏ်များတယ်” အဖွဲ့ခေါင်းဆောင်က သတိပေးလိုက်ပါသည်။ သူတို့အမြင်တွင်တော့ ထောင်ခြောက်များသည် ကလေးဆန်နေပေသည်။

ခြေ၂လှမ်းလောက်သွားပြီးသည့်အခါ၊ “ဝှစ်”ခနဲ အသံတစ်ခုကို ကြားလိုက်ရပြီး၊ အားလုံးသည် ခုနက တိုက်ခိုက်မှုများကို ပြန်တွေးမိလိုက်ကြသည်။ အားလုံးသည် လက်နက်များကို ဝှေ့ယမ်း၍ ကာကွယ်လိုက်သည်။ အဖွဲ့ခေါင်းဆောင်သည် အဖွဲ့သားတစ်ယောက်၏ ဒိုင်း

တစ်ခုကို ဆွဲယူ၍ ကာထားလိုက်ပြီး အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်နေပါသည်။

ဒီတကြိမ်တွင် ဆူးချွန်များနှင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊လခြမ်းသဏ္ဍာန် သစ်သားချောင်းလေးများ ပျံထွက်လာခြင်း ဖြစ်သည်။ သစ်သားချောင်းလေးများသည် သူတို့နှင့် ဆန့်ကျင်ဘက်အရပ်သို့ ပျံထွက်သွားပါသည်။

သစ်သားချောင်းလေးများသည် သစ်ကိုင်းများ၊သစ်ရွက်များကြားမှ ဖြတ်သန်းသွားပြီး အဝေးသို့ ရောက်သွားပါသည်။

“ဒုတ်… ဒုတ်… ဒုတ်…”

သစ်သားချောင်းလေးများ မည်သည့်အရာနှင့် ဝင်တိုက်မိလဲ သူတို့မသိပါ။ သို့သော် အသံကို ကြားလိုက်ရသောအခါ၊ ကြောက်ရွံ့သွားကြပါသည်။

သစ်သားချောင်းလေးများသည် တစ်စုံတခုနှင့်

ဝင်တိုက်မိပြီးသောအခါ၊ တဝီဝီမြည်သံနှင့် သူတို့ဘက်ကို တဖန်ပျံလာပါသည်။

အဖြေကို‌ သိသွားသောအခါ၊ အဖွဲ့ခေါင်းဆောင်က “သစ်ရွက်ပျားတွေဟေ့…ပြေးကြ…”ဟုအော်လိုက်ပါသည်။

သစ်ရွက်ပျားများသည် သာမန်ပျားများထက် ၂ဆ၊၃ဆလောက်အထိ ကြီးမားပြီး လျင်မြန်စွာ ပျံသန်းနိုင်ကြပါသည်။ဦးခေါင်တွင် မာကြောသော အရေခွံဖြင့် ဖုံးအုပ်ထားသဖြင့်၊ အတားအဆီးများကို ဖြတ်ကျော်နိုင်စွမ်းရှိပါသည်။ ထိုပျားအတုပ်ခံရပါက၊ နောက်ဆက်တွဲပြဿနာများသည် တော်တော်ဆိုးသွားမည် ဖြစ်သည်။

“ဒီနားမှာ ပျားအုံတစ်အုံရှိရမယ်” အဖွဲ့ခေါင်းဆောင်က သတိပေးလိုက်ပါသည်။

သစ်ရွက်ပျားများသည် ပုံမှန်ဆိုလျှင် တိုက်ခိုက်လေ့မရှိပါ။ ရန်အစခံရလျှင်တော့၊ အလွန်ကြောက်

ဖို့ကောင်းပါသည်။ ပျားအုံကြီးမှာ ကြီးမားသဖြင့်၊ ပျားအုံတစ်အုံထဲနှင့် သစ်ပင် တစ်ပင်လုံး ပြည့်နှက်နေပါသည်။ ပျားအကောင်ရေမှာလည်း အလွန်များပါသည်။ ထို့ကြောင့် ထိုပျားအုံနားမှ သွားလာသော သားရဲများသည် သတိနှင့် သွားလာကြပါသည်။

နောက်မှလိုက်လာသူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ပျားများကို ထိုကဲ့သို့ အသုံးချလိမ့်မည်ဟု မမျှော်လင့်ထားပါ။ လခြမ်းနှင့်တူသော သစ်သားချောင်းလေးများမှာ ပျားအုံကို တိုက်ခိုက်ရန် ပျံထွက်လာခြင်း ဖြစ်သည်။

ပျားများ စိတ်ဆိုးနေပြီဖြစ်ပြီး ဝီဝီမြည်သံများ ကျယ်လောင်လာပါသည်။

သစ်ရွက်ပျားများဖြစ်ကြောင်း သိလိုက်သောအခါ၊ တဖွဲ့လုံး ကြောက်လန့်သွားပြီး၊ ပျားများကို အာရုံလွှဲရန် လူစုခွဲလိုက်ပါသည်။ ထိုနည်းဖြင့် သူတို့သည် ပျားများလက်မှ ထွက်ပြေးလာပါသည်။

သို့သော် ကွင်းပြင်ထဲသို့ရောက်လာသည်အထိ၊ အနောက်မှ သစ်ရွက်ပျားများက လိုက်လာနေပါသည်။

မွှေးပျံ့သော အဝါရောင်အမှုန့်များကြောင့် ပျားများ သူတို့နောက်သို့ လိုက်နေခြင်းဖြစ်မည်။

အဖြေကို စဉ်းစားမိသောအခါ၊ အဖွဲ့ခေါင်းဆောင်သည် ဒေါသူပုန်ထသွားပါသည်။ လူအနည်းငယ်လောက်သေသွားသည်က အကြောင်းမဟုတ်ပါ။ ဘာမဟုတ်သည့် ပစ္စည်းလေးများနှင့် ဒုက္ခပေးနေသည်က တော်တော်ခံပြင်းစရာကောင်းလှသည်။

တချို့က ပျားများကို သတ်နိုင်လိုက်သော်လည်း၊ ပျားများ၏ ဒေါသကို ပိုဆွပေးနေသလို ဖြစ်နေပါသည်။တောအုပ်ထဲတွင် တဝီဝီမြည်သံများ ဆူညံနေပါသည်။

တစ်ယောက်ကတော့ ပျားများကို ရှောင်တိမ်း

ရင်း၊ သုတ်ကိုင်းတွင်ချိတ်မိကာ လေထဲတွင် ဇောက်ထိုးကြီး ဖြစ်နေပါသည်။ နွယ်ကြိုးများကို ဖြတ်ရန်ကြိုးစားသော်လည်း လက်၂ဖက်လုံး လှုပ်၍မရပါ။ခဏကြာသောအခါ ထိုသူသည် အသံပင် မထွက်နိုင်တော့ပါ။

ရုတ်တရက် လေထဲတွင် သွေးနံ့များ ထွက်ပေါ်လာသည်။

ကျန်သူများလည်း ထိုသူကဲ့သို့ အသက်သေစေနိုင်သည့် ထောင်ခြောက်များတွင် မိကုန်ကြပါသည်။

ပျားအုပ်ကြီး၏ တဝီဝီမြည်သံအပြင်၊ လူများ၏ ကြောက်လန့်တကြား အော်ဟစ်သံများက တောအုပ်ထဲတွင် ဆူညံနေပါသည်။

တောင်ခြေတွင်တော့ မျိုးနွယ်စု၂ခုသည် ခရီးဆက်နေကြပါသည်။ ထိုမျိုးနွယ်စု၂ခုမှာ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုတို့ ဖြစ်ကြပါသည်။

တောထဲမှ ထွက်ပေါ်လာသော အသံများကို ၂ဖွဲ့လုံးကြားနေရပါသည်။ သူတို့သည် မကြာခဏ ရှောက်ရွှမ်ကို ကြည့်မိကြပါသည်။

ရှောက်ရွှမ် ဘာတွေလုပ်ခဲ့လဲ သူတို့လည်း သေချာမသိပါ။ လမ်းကြောင်းပြောင်းပြီးသောအခါ၊ ရှောက်ရွှမ်က သူတို့ကို မူလလမ်းအတိုင်း ဆက်သွားစေပါသည်။ ခဏနားပြီးသောအခါ၊ ရှောက်ရွှမ်သည် ထိုက်ဟယ်မျိုးနွယ်စုများဆီမှ ဆေးပင်တချို့တောင်းပြီး၊ လူတချို့နှင့် ထွက်ခွာသွားပါသည်။

အဖွဲ့၂ဖွဲ့လုံး၏ လုံခြုံရေးအတွက် ဖြစ်သဖြင့်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ပါ။ ရှောက်ရွှမ် အလိုရှိသမျှ ပစ္စည်းများကို ပေးလိုက်ပါသည်။သစ်ရွက်ပျားကို ဆွဲဆောင်နိုင်သော ဆေးမှုန့်များကို ထိုက်ဟယ်မျိုးနွယ်စုဝင်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပျားများကို ရှောင်ကွင်းနိုင်သော နည်းလမ်းများကို သိထားသဖြင့် ထိုက်ဟယ်မျိုးနွယ်စု

ဝင်များသည် ပျားများကို မကြောက်ကြပေ။

ကျန်ခဲ့သောသူများသည် တောင်ခြေတွင် စောင့်နေကြပါသည်။ ခဏအကြာတွင်တော့ ရှောက်ရွှမ်နှင့် ကျန်သူများ ပြန်ရောက်လာကပါသည်။ သူတို့၏ မျက်နှာထားများမှာ ထူးဆန်းနေပါသည်။ ခေါင်းမူးလာသည့်ပုံပေါ်နေသော်လည်း၊ မျက်နှာများကတော့ မျှော်လင့်ချက်အပြည့်ပင်။

သုန့်ကန်းလည်း ရှောက်ရွှမ်နှင့် အတူလိုက်သွားခဲ့ပါသည်။ သူတို့နောက်ကို လိုက်လာသူများကို တားဆီးရန် ထွက်လာခဲ့သည်ဟု သုန့်ကန်းက ထက်ထားခဲ့သော်လည်း၊ တောင်ကုန်းဘေးသို့ ရောက်သောအခါ ရှောက်ရွှမ်က သူတို့ကို ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက် သစ်ပင်တမျိုးမှ ဆူးများ ချိုးယူပေးရန်၊ သစ်ပင်ခုတ်ရန်၊ နွယ်ကြိုးများရှာရန် ရှောက်ရွှမ်က သူတို့ကို ခိုင်းစေပါသည်။ ရှောက်ရွှမ်ကတော့ သူ၏ သေတ္တာလေးနှင့် တောင်ကြောတလျှောက် ထောင်ခြောက်များ လိုက်ထောင်ပါသည်။

ရှောက်ရွှမ်က နောက်မှလိုက်လာသူများကို သူတားဆီးနိုင်သည်ဟု ပြောသော်လည်း၊ သုန့်ကန်းက မယုံပေ။ အခုတော့ တောင်တန်းများဆီမှ အသံများ ထွက်ပေါ်လာသည်။ ရှောက်ရွှမ်ပြောသည့်အတိုင်း ဖြစ်လာသည့်ပုံပင်။

“ဖလတ်…ဖလတ်”

ငှက်တစ်အုပ်က တောအုပ်ပေါ်မှ ဖြတ်ပျံသွားသည်။

“အဲဒီငှက်တွေက…”ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည်။ ထို့နောက် အသံများဆူညံစွာ ထွက်ပေါ်နေသော တောင်တန်းကြီးကို ကြည့်လိုက်မိသည်။

ထိုငှက်များသည် အသေကောင်စားငှက်များဖြစ်သည်။ ၎င်းတို့သည် သွေးနံ့ကို ဝေးကွာသော နေရာမှရနိုင်ပြီး၊ အစာရှိမည့်နေရာကို သိရှိနိုင်ကြသည်။

တောင်တန်းများပေါ်တွင် အမဲလိုက်ကြသောအခါ၊ အသေကောင်စားသတ္တဝါများ၏ လှုပ်ရှားမှုများကို ကြည့်ပြီး အခြေအနေများကို ခန့်မှန်းရသည်။ အခု အသေကောင်စားငှက်များ ပျံသန်းသွားသောနေရာမှာ ရှောက်ရွှမ်ထောင်ခြောက်များ ထောင်ထားသော နေရာဖြစ်ပါသည်။

“အဲဒီလူတွေ အကုန်သေကုန်ပြီလား” တစ်ယောက်က မေးလိုက်သည်။

“အဲဒီလောက်တော့ မလွယ်ဘူး” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။ထို့နောက် “ဒါပေမဲ့ နောက်ထပ် ထောင်ခြောက်တွေတော့ ကျန်ပါသေးတယ်” ဟုဆက်ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် မျက်နှာလွှဲလိုက်ကြပြီး၊ တိတ်ဆိတ်စွာ ခရီးဆက်ကြတော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၃၉၆) ထူးဆန်းသော ဒယ်အိုး

ရှောက်ရွှမ်တို့အဖွဲ့သည် သူတို့၏ ခြေရာများကို မဖျောက်ကြပါ။ ဖျောက်မည်ဆိုလျှင်တောင် အားလုံးအကုန်ဖျောက်နိုင်မည် မဟုတ်သောကြောင့်၊ ဖျောက်မနေတော့ခြင်း ဖြစ်ပါသည်။ သူတို့အဖွဲ့တွင် လူ၁၀၀ကျော်ပါသောကြောင့်၊ ခြေရာဖျောက်ရန်လည်းမလွယ်ကူပါ။

ခရီးလမ်းတလျှောက်တွင် ရှောက်ရွှမ်သည် ထောင်ခြောက်များကို ထပ်ဆင်လာခဲ့ပါသည်။ ရှောက်ရွှမ်၏ ထောင်ခြောက်များ ပိုထိရောက်မှုရှိအောင် ထိုက်ဟယ်မျိုးနွယ်စုဝင်များက ကူညီကြပါသည်။ သူတို့သည် ထောင်ခြောက်များလုပ်ရင်းနှင့် ပျော်ရွှင်လာကြပါသည်။

ရန်သူကို ထောင်ခြောက်များနှင့် တိုက်ခိုက်၍ရလျှင် ဘာကြောင့်၊ အင်အားသုံးပြီးတိုက်ခိုက်တော့

မည်နည်း။ အချိန်ကုန်သက်သာ၊လူပင်ပန်း သက်သာသွားသဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များ ပျော်ရွှင်နေကြပါသည်။ ရှေ့ခရီးလမ်းတွင် ကြုံတွေ့နိုင်သော အလစ်ချောင်းတိုက်ခိုက်မှုများကိုသာ သတိထားရတော့မည် ဖြစ်သဖြင့် စိတ်သက်သာရာ ရသွားကြသည်။

နောက်၂ရက်ကြာသောအခါ အလစ်ချောင်းတိုက်ခိုက်မှုများ လျော့ကျသွားပါသည်။ နေ့တဝက်လောက်အထိ မည်သည့်လုယက်မှုမှ မကြုံခဲ့ပါ။ သုန့်ကန်းတလျှောက် စိတ်ပူပန်မှုများ အတော်လျော့ကျသွားပါသည်။ ရှေ့လမ်းခရီးတွင်၊ သားရဲများ၏ ရန်ကိုသာ ဂရုစိုက်ရတော့မည် ဖြစ်သည်။

ရှောက်ရွှမ်၏ အစီအစဉ်များကြောင့်၊ နောက်မှလိုက်သူများ မျက်ခြည်ပြတ်သွား ကြပါသည်။ အသေကောင်စားသတ္တဝါများ သူတို့ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားသည်ကိုသာ ရှောက်ရွှမ်တို့မြင်လိုက်ကြရသည်။

လမ်းတလျှောက်တွင် ရှောက်ရွှမ်သည် ကျောက်လက်နက်ကိရိယာများကို လုပ်လာခဲ့သည်။ မျိုးနွယ်စုမှ လူများက ကျောက်လက်နက်ကိရိယာအသုံးပြုနည်းများကို ရှောက်ရွှမ်ထံတွင် မေးမြန်းခဲ့သည်။ တောင်ပေါ်တွင် အခြားလက်နက်မရှိသော အချိန်နှင့် ကြုံရပါက၊ ကျောက်လက်နက်များကို အသုံးချတတ်ရန် သင်ကြားနေကြခြင်း ဖြစ်သည်။

အစပိုင်းတွင်မူ၊ ရှောက်ရွှမ်သည် ကျောက်လက်နက်များကို အသုံးပြုခြင်းမှာ သူ့တွင် ကြေးလက်နက်ပစ္စည်းအနည်းငယ်သာရှိသောကြောင့်ဟု ထင်ထားခဲ့ကြသည်။ အရင်တုန်းကတော့ ကျောက်လက်နက်များမှာ လူရိုင်းများသာ အသုံးပြုသော လက်နက်များဟု ယူဆခဲ့ပြီး သိပ်အရေးမလုပ်ခဲ့ပါ။ သို့သော် လွန်ခဲ့သော ၂ရက်က ဖြစ်ခဲ့သော အဖြစ်များကြောင့်၊ ကျောက်လက်နက်များ၏ အရေးပါပုံကို သူတို့ သိရှိသွားကြသည်။

ပင်လယ်တဖက်ကမ်းမှ သူတို့နောင်တော်များသည် ကျောက်လက်နက်များ အသုံးပြုပြီး၊ သားရဲကြီးများကို အနိုင်ယူခဲ့သည်။ သူတို့၏ နောင်တော်များသည် ကြောက်မက်ဖွယ်လူသားများပင် ဖြစ်ကြသည်။ အခွင့်အရေးရပါက သူတို့နောင်တော်များ အမဲလိုက်ပုံကိုပင် သူတို့အားလုံး မြင်တွေ့ဖူးနေချင်ကြသည်။

ရှောက်ရွှမ်က ကျောက်တုံးအမျိုးအစားများကို ပြောပြသောအခါ၊ အများစုသည် နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့အမြင်တွင်မူ၊ ကျောက်တုံးအားလုံးသည် အတူတူပင် ဖြစ်သည်။သို့သော် မျက်နှာကို မမှတ်မိသည် ရောဂါဖြစ်နေသော ကွမ်းယီကတော့ ကျောက်တုံးများအကြောင်းကို အမြန်ဆုံး နားလည်သွားသည်။

မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုတို့ ပြန်သွားပြီးနောက်၊ အန်းဘမြို့တော်တွင်…။

အန်းယန်သည် သူ့ရှေ့တွင် ရပ်နေသည် ရွှံ့များ၊

သွေးများပေကျံနေသူများကို ကြည့်နေပါသည်။ သူတို့ကို မြင်သောအခါ အန်းယန်၏မျက်နှာသည် ညိုမဲသွားပြီး “အသုံးမကျတဲ့ကောင်တွေ” ဟုရေရွတ်လိုက်ပါသည်။

အဆူခံနေရသော လူများသည် တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်နေကြပါသည်။ အခုတခေါက်တွင် သူတို့ဘက်မှ အကျအရှုံးများခဲ့သည်။ ရှောက်ရွှမ်၏ ထောင်ခြောက်များနှင့် တိုးခဲ့ရုံသာမက၊ ဓားပြလည်းအတိုက်ခံခဲ့ရသည်။ ထို့ကြောင့် အကျအရှုံးများသွားခြင်း ဖြစ်သည်။

အန်းဘမြို့တော်အပြင်ရောက်သွားလျှင်၊ ကိုယ်နှင့် ခင်မင်သော တိုင်းရင်းသားသည်လည်း ကိုယ့်စီမှ ဓားပြတိုက်သွားနိုင်ပါသည်။ မြို့ကြီး၆မြို့ထဲတွင် ပါဝင်သော မြို့မှ လူများဖြစ်နေလျှင်လည်း သူတို့က ဂရုစိုက်မည် မဟုတ်ပါ။

အန်းယန်လွှတ်လိုက်သော လူများသည် ရှောက်ရွှမ်၏ ထောင်ခြောက်များကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ လူအယောက်၁၀၀လွှတ်လိုက်

သော်လည်း၊ ၁၀ယောက်သာ ပြန်လာနိုင်ခဲ့သည်။ အန်းယန်ကတော့ စိတ်ဆိုးလွန်းသဖြင့်၊ အသက်ရှူသံများ ပြင်းထန်နေပါသည်။ စိတ်ဆိုးလွန်းသဖြင့် သွေးအန်မတတ်ပင် ဖြစ်နေပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီမှ သလင်းကျောက်များကို မရခဲ့သလို၊ ဒယ်အိုးကြီးကိုလည်း ပြန်မယူဆောင်လာနိုင်ခဲ့ပါ။

အန်းယန်သည် မည်သည့်အကြောင်းကြောင့်၊ ဒယ်အိုးကြီးကို လွယ်လင့်တကူ ပေးလိုက်သနည်း။

အကြောင်းရင်းတစ်ခုကတော့ ၊ လူအများက ၎င်းတို့ကို အားကျစေရန်ဖြစ်သည်။ အန်းယန်က မီးတောက်ဦးချိုမျိုးနွယ်စုကို သတိထားမိသူများ ပိုများလာစေချင်သည်။ သို့မှသာ မီးတောက်ဦးချိုမျိုးနွယ်စုသည် ပြဿနာတစ်ခုမဟုတ် တစ်ခုနှင့် ကြုံတွေ့ရမည် မဟုတ်ပါလား။

ဒုတိယအအကြောင်းရင်းကတော့၊ မီးတောက်

ဦးချိုမျိုးနွယ်စုကို ခရီးမတွင်အောင် လုပ်ရန် ဖြစ်သည်။ တောတောင်ထဲတွင် ထိုမျှကြီးမားသော ဒယ်အိုးကြီးတစ်လုံးကို သယ်ဆောင်ရာမည်မှာ မလွယ်ကူလှပါ။ ထို့ပြင် ကျန်ခဲ့သော ခြေရာလက်ရာများကို ကြည့်ပြီး၊ ရှောက်ရွှမ်တို့နောက်ကို ခြေရာခံလိုက်နိုင်မည် ဖြစ်သည်။

သို့သော် ရလာဒ်ကတော့ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

ကြေးထည်ပစ္စည်းများသည် တိုင်းရင်းသားများအတွက် အလွန်ရှားပါးပါသည်။ သွန်းလုပ်ရန်လည်း မလွယ်ကူပါ။ ထိုမျှကြီးမားသော ဒယ်အိုးကြီးကို သွန်းလုပ်ရန် လူအင်အားများများသုံးရမည် ဖြစ်သည်။ ပါဝင်ပစ္စည်းလည်း များများသုံးရမည်။ ထိုဒယ်အိုးကြီးမျိုးကို ကျွန်ပိုင်ရှင်များက ထူးခြားသည့်အချိန်များတွင်သာ အသုံးပြုလေ့ရှိသည်။ မြို့တော်၆မြို့လုံးမှ အုပ်ချုပ်သူလူတန်းစားအားလုံးတွင် ထိုဒယ်အိုးမျိုးတစ်လုံးစီရှိကြပါသည်။ မြို့တော်များမှ ကျွန်ပိုင်ရှင်များပင်

ထိုကဲ့သို့ ဒယ်အိုးမျိုးကို မပိုင်ဆိုင်နိုင်ကြပါ။

အန်းယန်သည် အာဏာရှိသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်သဖြင့်၊ ထိုဒယ်အိုးကြီးကို အခြားလူတစ်ယောက်သို့ ဆုချနိုင်ခွင့်ရှိပါသည်။ သို့သော် တိုင်းရင်းသားများကို ပေးလိုက်မည်ဟုတော့ တခါမှ စိတ်မကူးဖူးပါ။ သူသည် ဒယ်အိုးကြီးကို စစ်တုရင်ရုပ်တစ်ခုလို အသုံးချလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် သူ့စစ်တုရင်ရုပ် ဆုံးရှုံးရမည်ကိုတော့ မမျှော်လင့်ထားမိပါ။

“အဲဒီဒယ်အိုးက ပြန်ကောရဦးမှာလား”

“ခွမ်း…”

ဖန်ခွက် နောက်တစ်ခွက် ကျကွဲသွားသည်။

“ထွက်သွားကြစမ်း” သူ့ရှေ့တွင် ရပ်နေသောသူများကို မြင်ရသောအခါ၊ အန်းယန်သည် ပိုဒေါသထွက်လာပါသည်။ အသက်ရှင်နေသေးသူမှန်သမျှ အန်းယန်အတွက် အသုံးဝင်နေပါသေး

သည်။ အသုံးမဝင်တော့ဘူးဆိုပါက၊ ထိုသူများကို အန်းယန် သတ်မိတော့မည် ဖြစ်သည်။

အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အန်းဘမြို့တော်သို့ ကုန်ဖလှယ်ရန် နောက်တခေါက်လာသည်ကို စောင့်ရုံသာ ရှိတော့သည်။ ထိုအခါကျမှ အကြွေးများကို ဆပ်ရမည်။

သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုက ဝက်ဝံနက်နှင့် မိတ်ဖွဲ့လိုက်သောကြောင့်၊ လေဟာပြင်ဈေးသို့ သွားရန် မလိုတော့သည်ကို အန်းယန် မသိရှာပါ။

ရှောက်ရွှမ်တို့ ရွာသို့ပြန်ရောက်သောအခါ၊ ရာသီဥတုက အေးနေပြီဖြစ်သည်။ အမြင့်တစ်နေရာမှ ကြည့်လိုက်မည်ဆိုပါက၊ ရွှေရောင်သမ်းနေသော တောင်တန်းများကို တွေ့ရမည် ဖြစ်သည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ဆိုသူမှာ

အလွန်အစွမ်းထက်ကြောင်း သိသွားကြပါသည်။

လက်ရုံးရည်ရော၊နှလုးရည်ပါ ပြည့်စုံသူတစ်ယောက် ဖြစ်ပါသည်။

လူအင်အားအနည်းငယ်နှင့် ထောင်ခြောက်များဆင်ခဲ့သော ရှောက်ရွှမ်၏ အစွမ်းကတော့ ပြောမကုန်နိုင်ဖြစ်နေသည်။ ရှောက်ရွှမ်က ထိုထောင်ခြောက်များကို သုံးပြီး သူတို့ကို မတိုက်ခိုက်ခဲ့သည်ကို ကြိတ်ကျေးဇူးတင်နေမိကြသည်။ ရှောက်ရွှမ်သာ ထိုထောင်ခြောက်များဖြင့် သူတို့ကို တိုက်ခိုက်ခဲ့မည်ဆိုပါက၊ သေလျှင်သေ၊ မသေလျှင် ရူးကုန်ကြမည် ဖြစ်သည်။

ထိုက်ဟယ်မျိုးနွယ်စုနှင့် လမ်းခွဲပြီးသောအခါ၊ သုန့်ကန်းသည် ပြုံးပြုံးကြီး ဖြစ်လာပါသည်။ သူသယ်လာသော ကြေးဒယ်အိုးကြီးက နေရောင်တွင် တလက်လက် တောက်ပါနေပါသည်။ ရွာနားသို့ ပြန်ရောက်ပြီ ဖြစ်သဖြင့်၊ အဝတ်စကြီးနှင့် အုပ်ထားစရာလည်း မလိုတော့ပါ။

သုန့်ကန်းသည် ထိုဒယ်အိုးကြီးအကြောင်းကို ကြွားချင်လှပြီ ဖြစ်သည်။ ကွမ်းယီကတော့ အားလုံးကို လူစုကွဲမသွားအောင် သတိပေးနေပါသည်။

နောက်ဆုံးတွင်တော့ ရွာအစွန်တွင်ရှိသော မြစ်ကို မြင်လိုက်ရပြီ ဖြစ်သည်။ မြစ်တစ်ဖက်ကမ်းတွင် အကြီးအကဲခေါင်းဆောင်သော တစ်ရွာလုံးမှ လူများ လာကြိုနေကြပါသည်။

သုန့်ကန်းသယ်လာသော ဒယ်အိုးကြီးကြောင့် အားလုံး၏မျက်လုံးများ ကျိန်းစပ်သွားကြသည်။

အကြီးအကဲ ကျန်းလော်ကတော့ သူ့မျက်လုံးများကို သူမယုံနိုင်ဖြစ်ပြီး၊ မျက်လုံးကို မှိတ်ထားလိုက်၊ ပြန်ဖွင့်ကြည့်လိုက် လုပ်နေပါသည်။ ဒယ်အိုးကြီးကို ထမ်းလာသော သုန့်ကန်းကို မြင်မှ တကယ်ဖြစ်နေကြောင်း သိလိုက်ရပါသည်။

ဒယ်အိုးကြီးကို ဘာပစ္စည်းနဲ့များ လဲလာကြသလဲ။ ဘယ်လိုလုပ်ပြီး အဲဒီလို ပစ္စည်းတစ်ခုကို ရ

လာကြတာလဲ။

ဒယ်အိုးကြီး၏ မညီညာသော အောကခြေကို မြင်ရသောအခါ၊ ကျန်းလော်ပို စိတ်ရှုပ်သွားသည်။

“အဲဒါဘာကြီးလဲ” ကျန်းလော်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ လက်နက်များနှင့် ထိုဒယ်အိုးကြီးကို လဲခဲ့သည်ဆိုလျှင်တော့၊ အဖွဲ့ခေါင်းဆောင်သုန့်ကန်းကို ရာထူးမှ ဖယ်ရှားရမည် ဖြစ်သည်။

သုန့်ကန်းကတော့ ဒယ်အိုးကြီးကို အောက်ချပြီး အကြောဆန့်နေပါသည်။ ထို့နောက် ပြုံးလိုက်ပြီး “ဒီဒယ်အိုးကြီးကို ပြောတာလား…အဲဒါရှောက်ရွှမ်ဟာလေ” ဟုပြောလိုက်ပါသည်။

ထိုစကားကို ကြားလိုက်သောအခါ၊ အကြီးအကဲ၏ မျက်နှာ ပိုတင်းမာသွားသည်။ သုန့်ကန်းသည် ရှောက်ရွှမ်ကို ဘာကြောင့် မတားရသနည်း။ သို့သော် အကြီးအကဲသည် သုန့်ကန်းဆက်ရှင်းပြသည်ကို နားထောင်နေလိုက်သည်။

အကြောင်းစုံကို နားထောင်ပြီးသောအခါ၊ အကြီးအကဲသည် စိတ်ကို ပြန်ထိန်းလိုက်ပြီး “ငါတို့ကိုပေးတယ်ဆိုတော့လည်း၊ ယူရမှာပေါ့လေ” ဟုပြုံးရင်း ပြောလိုက်ပါသည်။

သုန့်ကန်းရှင်းပြသည်ကိုနားထောင်ပြီးနောက်၊ အကြီးအကဲသည် အဖြစ်မှန်ကို နားလည်သွားပါသည်။

အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနှင့်၊ သုန့်ကန်း ထိုသို့ ဆောင်ရွက်လာခဲ့ရသည်ကို အကြီးအကဲနားလည်သွားပါသည်။။ ထိုဒယ်အိုးမျိုးဆိုသည်မှာ လက်ဆောင်အနေနှင့် ပေး၍ မရသောပစ္စည်းမျိုးဖြစ်ပါသည်။ ကျန်းလော် သည် အန်းယန်၏ မျက်နှာကြီး ရှုံ့မဲ့နေမှာကို မြင်ယောင်နေမိပေသည်။

သူတို့သည် ဒယ်အိုးကြီးကို ခိုးယူလာခဲ့ခြင်းမဟုတ်ပါ။ သူတို့ကို လက်ဆောင်အနေနှင့် ပေးလိုက်သောကြောင့် ထိုက်ထိုက်တန်တန်ရရှိ

လာခဲ့ခြင်း ဖြစ်သည်။

ဝက်ဝံနက်နှင့် မိတ်ဖွဲ့လာသည့်အကြောင်းကို သုန့်ကန်းဆီမှ သိလိုက်ရသောအခါ၊ ကျန်းလော်မှာ ပြုံးပြီးရင်း ပြုံးနေရပါတော့သည်။

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်”

အကြီးအကဲက စိတ်လက်ကြည်သာနေသဖြင့်၊ ရှောက်ရွှမ်ကို ခေါ်ပြီး လိုင်နင်စများ၊ ပိုးထည်များကိုပေးပါသည်။ ထို့နောက်ပြောလာ၏။ “ တခြားကုန်ဖလှယ်အဖွဲ့တွေရလာတဲ့ ပစ္စည်းတွေလေကွာ…ငါ့မှာအများကြီးရှိတယ်…”

ချည်ကြမ်းများမှာ အသားကြမ်းသော်လည်း၊ ဈေးသက်သာပြီး ဝယ်ရလွယ်ကူသောကြောင့် ပိုးထည်များထက် ပိုသုံးကြပါသည်။ ပိုးထည်များကိုတော့ ကြီးကျယ်သော ကျွန်ပိုင်ရှင်များသာ အသုံးများကြသည်။

ရှောက်ရွှမ်ကို လိုင်နင်စနှင့် ပိုးထည်များ

ပေးလိုက်ပြီးနောက်၊ ကျန်းလော်သည် ရှောက်ရွှမ်၏ အတွေ့အကြုံများကို မေးနေပါသည်။ သုန့်ကန်းက အကျဉ်းချုပ်ပြောပြထားသော်လည်း သူက အသေးစိတ်သိချင်နေပါသေးသည်။

ရှောက်ရွှမ်ရှင်းပြသည်ကို နားထောင်ပြီးသောအခါ၊ အကြီးအကဲသည် ဒယ်အိုးကြီးကို ထပ်မံကြည့်လိုက်ပြီး “ဒီတိမ်ပုံစံတွေက ရှမျိုးနွယ်စုတွေ ထွင်ထားတာဖြစ်ရမယ်” ဟုပြောလိုက်ပါသည်။

“အရင်တုန်းကတော့ ရှမျိုးနွယ်စုဆိုတာ ရှိခဲ့တာပေါ့…သူတို့က ပန်းပဲ ပညာကျွမ်းတယ်…ဒါပေမဲ့ နောက်ပိုင်းကျတော့ ရှမျိုးနွယ်စု ပြိုကွဲသွားတယ်…ကျန်ခဲ့တဲ့လူတွေက မျိုးရိုးနာမည်ကို ကုန်း လို့ပြောင်းပြီး၊ ပန်းပဲ ပညာနဲ့ အသက်မွေးနေကြတယ်…ဒီနှစ်တွေ အတောအတွင်းမှာ သိုသိုသိပ်သိပ်နေခဲ့ကြတယ်…အခုခေတ်မှာ မြို့ကြီး၆မြို့က ဒယ်အိုးလုပ်ရင် အဝိုင်းပုံစံတွေ၊လေးထောင့်ပုံစံတွေပဲ လုပ်ကြတယ်…ဒယ်အိုးအပြားကြီး မလုပ်ကြဘူး…ဒယ်အိုးအပြားတွေလုပ်တာ ရှ မျိုးနွယ်စု

တွေပဲရှိတယ်…ဒါပေမဲ့ ကြေးသွန်းထားတာက တလွဲကြီးဖြစ်နေတယ်” ကျန်းလော်သည် ဒယ်အိုးအပြားကြီးကို ကြည့်ရင်း ပဟေဠိဖြစ်နေသည်။

နားမလည်သဖြင့်၊ ကျန်းလော်သည် အချိန်ကုန်ခံပြီး စဉ်းစားမနေတော့ပါ။ ထို့နောက် သူသည် ရှောက်ရွှမ်ကို “ဒီဒယ်အိုးကြီးက မင်းအပိုင်ပဲ…မင်းကြိုက်သလိုသာ သုံးပေတော့”

ရှောက်ရွှမ်သည် ဒယ်အိုးကြီးကို သယ်လာပြီး အိမ်သို့ပြန်လာခဲ့သည်။ ဒယ်အိုးကြီးကို ကျောက်လက်နက်များ ပြုလုပ်ရာအခန်းထဲတွင် ထားလိုက်ပါသည်။ ထိုအခန်းထဲတွင် ဆိုလျှင် ဒယ်အိုးကြီးကို လေ့လာရ ပိုလွယ်ကူသွားမည် ဖြစ်သည်။

ဒယ်အိုးပေါ်တွင် ရေးထားသောစာများမှာ ရှေးဟောင်းစာများ ဖြစ်ပါသည်။ အခြားလူများသာဆိုပါက၊ ထိုစာများကို ဖတ်ပြီးလျှင် နားလည်ကြမည် မဟုတ်ပါ။ သို့‌သော် ရှောက်ရွှမ်ကတော့ အချို့တဝက်ကို နားလည်ပေသည်။

ထိုဘာသာစကားကို အသုံးမပြုတော့သည်မှာ နှစ်ထောင်ချီနေပြီ ဖြစ်သည်။ တချို့စာလုံးများဆိုလျှင် အဓိပ္ပါယ်များ၊ သဒ္ဒါများပင် ပြောင်းလဲနေပြီဖြစ်သည်။ သို့သော် ရှောက်ရွှမ်ကတော့ ကန္တာရထဲက လူများဆီမှ သင်ယူလာခဲ့သဖြင့်၊ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက အရေးအသားများကို သိပါသည်။ ဒယ်အိုးပေါ်တွင် တွေ့ရသော စာများမှာ ထိုကဲ့သို့ အရေးအသားများ ဖြစ်ကြသည်။

ရှောက်ရွှမ်သည် ဒယ်အိုးပေါ်မှ စာများကို အဝတ်စတစ်ပေါ်တွင် ကူးယူလိုက်ပြီး၊ သေချာလေ့လာတော့သည်။

စာလုံးများကို လေ့လာကြည့်ရင်းနှင့် ရှောက်ရွှမ်သည် ဒယ်အိုးကြီးကို ကြည့်နေမိသည်။ ထိုအခါ ဒယ်အိုးပေါ်မှ ပန်းချီများသည် ထူးဆန်းလာသလို ရှောက်ရွှမ်ခံစာလိုက်ရသည်။ ပန်းချီသည် လူတစ်ယောက်ကို ဆွဲခေါ်နေသော ဝဲကတော့ တစ်ခုနှင့် တူနေပါသည်။

(ဆက်ရန်…)

All Chapters