← Chapters

အခန်း (၁၀၁၇)

Vol. 69 Ch. 1017

အခန်း (၁၀၁၇)

Vol. 69 Ch. 1017

ရင်းနှီးနေသော ရှေးဟောင်းစင်္ကြန်လမ်းကို ငေးမောကြည့်ရင်း ကျူးဝူရ စိတ်လှုပ်ရှားနေမိသည်။ တခြားကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး သူသည် ဂျူနီယာညီလေး၏ အမြတ်ထုတ်ခြင်းကို ခံရတော့မည်ဟု သူ့ကိုယ်သူ သဘောပိုက်လိုက်သည်။

အပြင်ပန်းတွင် သူ တည်ငြိမ်နေသော်လည်း လက်တွေ့တွင်မူ သူ ဂရုတစိုက် ပြင်ဆင်ထားပြီးဖြစ်ကာ သူတော်စင်ရတနာအမျိုးမျိုး အဆင်သင့် ရှိနေသည်။

သူသည် သူ၏လက်များကို နောက်ပစ်ထားပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေပေ၏။

ကျူးဝူရသည် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို ဖုံးကွယ်ထား၍ မရချေ။

ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ခြေလှမ်းမချမီ ကျူးဝူရက တည်ကြည်လေးနက်စွာဖြင့် အသံပေးပို့ပြီး သတိပေးလိုက်သည်။

"ဂျူနီယာညီလေး... ဒီခရီးစဉ်က အရမ်းအန္တရာယ်များတယ်... မင်း ပေါ့ဆလို့ မဖြစ်ဘူး... မိတိဆွေဟောင်းတချို့က ငါ့ကို မှော်ရတနာတွေ အများကြီး ပေးလိုက်တယ်... အဲ့ဒီအထဲမှာ တောက်ပတိမ်တိုက်ပိုးချည်နဲ့ ချင်းချင်လက်ကောက် ပါတယ်... ဒါတွေက ထိပ်တန်း သူတော်စင်ပစ္စည်းတွေပဲ"

"ငါတို့တွေက ဘေးကင်းလုံခြုံမှု ရှိအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တစ်ယောက်နည်းနည်းစီ ခွဲယူကြမယ်... ဒီကောင်လေးက သူတော်စင်ပစ္စည်းတွေရဲ့စွမ်းအားကို အသုံးပြုနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် သူ့ကိုပေးဖို့ မလိုဘူး"

ဒီလူအိုကြီးတွေကတော့...

လွန်ခဲ့တဲ့ နှစ်ရက်အကြာက သူတို့အားလုံးသည် နှုတ်ဖြင့်ငြင်းပယ်ခဲ့ကြသော်လည်း သူတို့၏ မွေးရာပါ သူတော်စင်ရတနာတွေကို တိတ်တဆဆိတ် ငှားရမ်းပေးခဲ့ကြသည်။ သူတို့သည် သူတို့၏ညီအစ်ကိုများကို ကာကွယ်နိုင်ရန်အတွက် ပစ္စည်းများ၏တန်ဖိုးကို ထည့်မတွက်ကြချေ။

ဤကဲ့သို့ သံယောဇဉ်မျိုးကို စကားလုံးများဖြင့် ဖော်ပြနိုင်မည် မဟုတ်ချေ။

ဝေ့သုန်းဟိုင်သည် ဤစကားကို ကြားချိန်၌ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာပြီး ကျူးဝူရ စိတ်အေးစေမည့် စကားကို တုံ့ပြန်ပေးပို့လိုက်၏။

"စီနီယာအစ်ကို... စိတ်အေးအေးထားပါ... ဒီတစ်ခေါက် ရှေးဟောင်းစင်္ကြန်လမ်း ခရီးစဉ်မှာ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး... ကျွန်တော့်ကို ယုံပါ"

ထိုအသံသတင်းစကားကို ပေးပို့ပြီးနောက် ဝေ့သုန်းဟိုင်က သူ၏ရှေ့ရှိ ကြယ်တာရာလမ်းကြောင်းကို ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

သူ၏အမူအယာသည် အလွန်ခိုင်မာပြတ်သားပြီး ယုံကြည်မှုအပြည့် ရှိနေပုံရသည်။

ကျူးဝူရသည် သံသယများဖြင့် ဝေ့သုန်းဟိုင်ကို ကြည့်နေပြီး ဤမျက်ကန်းယုံကြည်မှုကြောင့် ဇဝေဇဝါ ဖြစ်နေသည်။

သို့ရာတွင် အခြေအနေသည် ဤအဆင့်ထိ ရောက်လာပြီ ဖြစ်သောကြောင့် သူသည် စကားထပ်မပြောတော့ဘဲ သူ၏စိတ်ကို တင်းထားလိုက်သည်။ သူသည် မှော်ရတနာအမျိုးမျိုးကို အဆင်သင့်ပြင်ဆင်ထားပြီး သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူ ပြတ်ပြတ်သားသားဖြင့် ရှေ့သို့တိုးတော့မည့်အချိန်တွင် ဝေ့သုန်းဟိုင်က အရင်ရှေ့ထွက်လိုက်ပြီး အပြုံးဖြင့် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"ညီအစ်ကိုရီ... ကြွပါ"

အမ်...

ကျူးဝူရသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

သူ သေချာကြည့်လိုက်ချိန်၌ ဝေ့သုန်းဟိုင်က ရိုသေလေးစားစွာ ဦးညွှတ်နေပြီး ရှေ့မှ လျှောက်လှမ်းသွားသော ရီဖုန်းသ​ည်လည်း သက်တောင့်သက်သာပုံစံမျိုး ရှိနေသည်။ ထိုလူငယ်သည် အေးအေးလူလူ လမ်းလျှောက်ထွက်သည့်အလား ဝင်ပေါက်ထံသို့ လျှောက်လှမ်းသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်သား စကားပြောဆိုပြီး ရယ်မောနေကြကာ အလွန်သက်တောင့်သက်သာ ရှိနေကြသည်။

သူတို့၏အပြုအမူများသည် နွေဦးရာသီ အပျော်ခရီး ထွက်နေသည့်အလားပင်။

ကျူးဝူရသည် ကြည့်လေလေ ပို၍နားမလည်လေလေ ဖြစ်လာပြီး သူ၏မျက်လုံးများထဲတွင် စိုးရိမ်စိတ်နှင့် ဒေါသအရိပ်အမြွက်များ ထင်ဟပ်လာသည်။

ဝေ့သုန်းဟိုင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခေါ်ဆောင်လာသည်မှာ သိသာထင်ရှားသည်။ ဤလူငယ်ထံတွင် ပါရမီအနည်းငယ် ရှိပြီး သူ၏ဂျူနီယာညီလေးက တပည့်အဖြစ် လက်ခံရန် အမှန်တကယ် ရည်ရွယ်ထားလျှင်ပင် ဤမျှထိ ယဉ်ကျေးနေရန် မလိုအပ်ချေ။

'ဒါက တပည့်လက်ခံနေတာ ဟုတ်သေးရဲ့လား သူတို့က ရွယ်တူတန်းတူတွေလို ဖြစ်နေပြီ.....'

သူသည် တိတ်တဆိတ် လိုက်ပါသွားပြီး သူတို့၏နောက်မှ လျှောက်လှမ်းလာခဲ့သည်။

လမ်းတစ်လျှောက်လုံး သူတို့နှစ်ယောက်သား စကားပြောဆိုပြီး ရယ်မောနေသည်ကို သူ စောင့်ကြည့်ခဲ့ပေ၏။ သူ၏ဂျူနီယာညီလေး ဝေ့သုန်းဟိုင်ထံတွင် ရိုသေလေးစားမှုများပင် ရှိနေပုံရပြီး ရံဖန်ရံခါ ဦးညွှတ်ကာ တောင်းပန်သကဲ့သို့ ပြုံးနေသည်။

ကျူးဝူရသည် တစ်စုံတစ်ခု မှားနေပြီဟု ခံစားလိုက်ရပြီး မယုံကြည်နိုင်စွာဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။

ယခုချိန်၌ သူသည် ပုံမှန်မဟုတ်သော တစ်စုံတစ်ရာကို အာရုံခံမိလေပြီ။

တခြားလူများ မသိရင်လျှင်ပင် သူသည် သူ့ဂျူနီယာညီလေး၏ စိတ်နေသဘောထားကို ကောင်းစွာသိရှိထားသည်။

ဝေ့သုန်းဟိုင်သည် ကိစ္စများကို လုပ်ဆောင်ရာတွင် နူးညံ့ပြီး တည်ငြိမ်သော်လည်း သူ၏စိတ်ထဲတွင်မူ လားတစ်ကောင်ကဲ့သို့ ခေါင်းမာသည်။ ဤသည်မှာ အပြင်ပန်း တင်းမာသော်လည်း အတွင်းစိတ်နူးညံ့သော သူ၏စရိုက်သဘာဝနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ပင်။

ဤကဲ့သို့ လူစားမျိုးသည် ဂျူနီယာတစ်ယောက်ကို ဤမျှထိ လွယ်လင့်တကူ ယဉ်ကျေးစွာ ဆက်ဆံနေမည် မဟုတ်ချေ။

သူတို့သည် ရှေးဟောင်းစင်္ကြန်လမ်းထဲကို ဝင်ရောက်ကာစသာ ရှိသေးသဖြင့် များစွာအန္တရာယ် မရှိသေးချေ။ ဝေ့သုန်းဟိုင်၏အပြုအမူများကြောင့် သူ၏ အံ့အားသင့်မှုနှင့် သံသယများကို မထိန်းချုပ်နိုင်တော့သဖြင့် သူသည် စူးစမ်းလိုစိတ်ဖြင့် အသံသတင်းစကား ပေးပို့လိုက်၏။

"ဂျူနီယာညီလေး... မင်းရဲ့ အမူအယာက သိပ်ပြီးမဟုတ်သေးပါဘူး"

"မင်းက ဂျူနီယာတစ်ယောက်ကို ဘာလို့ ဒီလောက် ညင်ညင်သာသာ ဆက်ဆံနေတာလဲ"

"ကြည့်ရတာတော့...မင်းမှာ လေးစားမှုတချို့​​တောင် ရှိနေတဲ့ပုံပဲ"

ထိုအသံသတင်းစကားကို ပေးပို့ပြီးနောက် ကျူးဝူရက ဖုံးကွယ်ထားသော အမှန်တရား တစ်ခုခုကို ဖော်ထုတ်ချင်သည့်အလား ဝေ့သုန်းဟိုင်ကို စူးစိုက်၍ ကြည့်လိုက်၏

သို့ရာတွင် ဝေ့သုန်းဟိုင်သည် မည်သို့မျှ တုံ့ပြန်အ​ဖြေမပေးချေ။ သူသည် ရီဖုန်းနှင့်အတူ ရှေ့ဆက်သွားရန်သာ စိတ်အားထက်သန်နေပြီး တခြားအရာများသည် အရေးမကြီးသည့်အလား ပျော်ရွှင်သော အမူအယာဖြင့် ရှိနေသည်။

ဤကဲ့သို့ အရေးပေးမှုအဆင့်မျိုးသည် သူ ရတနာတစ်ခုခုကို ရှာတွေ့ထားသည့်အလားပင်။

ကျူးဝူရသည် လုံးလုံးလျားလျား နားမလည်တော့ဘဲ ဂရုစိုက်ရန်လည်း စိတ်မပါတော့ချေ။

ဖြစ်နိုင်သည်မှာ ရီဖုန်းထံ၌ ထူးခြားသော ပါရမီအရည်အချင်း ရှိနေသောကြောင့် သူ၏ဂျူနီယာညီလေးသည် ဤမျှထိ ဂရုစိုက်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ပြင် အဘိုးအိုဖုနန်ထျန်းကလည်း ဤလူငယ်ကို ရတနာတစ်ပါးကဲ့သို့ သဘောထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုသို့စဥ်းစားမိသဖြင့် ကျူးဝူရက သူ၏အတွေးများကို ဘေးဖယ်ထားလိုက်သည်။

သူတို့သည် ခရီးအတော်ပေါက်လာပြီဖြစ်ကာ ရှေးဟောင်းစင်္ကြန်လမ်း၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်တော့မည်ကို သူ မြင်လိုက်ရသည်။

ကြယ်ပင်လယ်သည် နေ့အချိန်ကဲ့သို့ ဖြစ်နေပြီး ဆူညံပွက်လောရိုက်မှုများသည် ဒီရေအလားပင်။

ကြောက်မက်ဖွယ်ကောင်းသော အမှတ်တရများက ကျူးဝူရ၏စိတ်ထဲတွင် ထွက်ပေါ်လာပြီး ကြီးမားသော အန္တရာယ်က သူ၏မျက်စိရှေ့တွင် ရှိနေသည်။ ကျူးဝူရ၏အမူအယာသည် မယုံနိုင်လောက်အောင် တင်းမာနေပြီး သူ၏လက်ဖြင့် သူတော်စင်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပေ၏။ သူသည် ခါးတွင် တောက်ပတိမ်တိုက်ပိုးချည်ကို ချည်နှောင်ထားပြီး သူ၏လက်တွင် ချင်းချင်လက်ကောက်ကို ဝတ်ဆင်ထားသည်။

သူသည် မိတ်ဆွေများထံမှ သူတော်စင်ပစ္စည်းများ အားလုံးကိုလည်း အဆင်သင့် ဖြစ်နေပြီး ကြောက်မက်ဖွယ် ရန်သူကို ရင်ဆိုင်ရတော့မည့်အလား အသင့်အနေအထားဖြင့် ရှိနေသည်။

သူ၏ဂျူနီယာညီလေးကိုဖြစ်စေ ထိုလူငယ်ကို ဖြစ်စေ သူ ဂရုတစိုက် ကာကွယ်ပေးရပေမည်။

သူတို့သုံးယောက်သည် ကြယ်တာရာပင်လယ် စင်္ကြန်လမ်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။

သူတို့၏ခြေထောက်အောက်ရှိ စင်္ကြန်လမ်းသည် ပို၍ခိုင်မာလာပြီး ပတ်ဝန်းကျင်နေရာတဝိုက်သည် ကြယ်ရောင်များကြောင့် နေ့အချိန်အလား လင်းထိန်နေသည်။

ကျူးဝူရ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေပြီး အထူးသတိထားနေပေ၏။

သူ၏နတ်ဘုရားစိတ်အာရုံသည် ချက်ချင်းပျံ့နှံ့သွားပြီး အကန့်အသတ်သို့ ရောက်ရှိသွားသည်။

သူသည် မှော်ရတနာအမျိုးမျိုးကို အသက်သွင်းထားပြီး သူ၏လက်ထဲရှိ သူတော်စင်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ အချိန်မရွေး သေသည်အထိတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။

သူတို့၏ခြေထောက်အောက်ရှိ နေရာကို အလင်းလမ်းသွယ်ဟုခေါ်ပြီး ရှေးဟောင်းစင်္ကြန်လမ်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် တည်ရှိနေသည်။

သူပင်လျှင် ဤနေရာ၌ အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိချေ။

ရှေးဟောင်းစင်္ကြန်လမ်းသို့ ဝင်ရောက်ရန်အတွက် အခြေခံလိုအပ်ချက်မှာ သူတော်စင် ကျင့်ကြံဆင့် ဖြစ်သည်ဟု လောကကြီးတခွင်လုံး သိထားကြသော်လည်း ဤသည်က ရှေ့ဆက်သွားနိုင်ရန် အခြေခံသာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် လျှို့ဝှက်နေရာတစ်ခု သို့မဟုတ် ဤကဲ့သို့ နက်ရှိုင်းသော နေရာမျိုးသို့ ရောက်ရှိပါက...

သာမန် သူတော်စင်တစ်ပါးသည် သေချာပေါက် သေဆုံးရပေလိမ့်မည်။

ဤအလွန်တင်းမာနေသော အချိန်အခိုက်အတန့်တွင် ကျူးဝူရသည် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို သတိထားနေရင်း သူ၏ဂျူနီယာညီလေးနှင့်လူငယ်ကို တိတ်တဆိတ် စောင့်ကြည့်လိုက်၏

သူ ကြည့်လိုက်ချိန်၌...

ဤသို့ဖြစ်လာမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း...

"ညီအစ်ကိုရီ... ဒါက အလင်းလမ်းသွယ်ပါ... တော်တော်လေး နာမည်ကြီးတယ်"

"ဒါက တကယ်ပဲ အန္တရာယ်များတာလား... ကျွန်တော်ကတော့ အဲ့ဒီလို မမြင်မိဘူး"

"အမ်.. အန္တရာယ်မရှိဘူး... အန္တရာယ်မရှိပါဘူး... အဲ့ဒါက လူတွေကြားထဲက ကောလဟာလပါ"

"ကျွန်တော် လည်း အဲ့ဒီလိုပဲ ထင်တယ်... ကျွန်တော်က ဘာအန္တရာယ်ကိုမှ မခံစားရဘူးလို့ ပြောသားပဲ... ဒါကြောင့် အဲ့ဒါက ကောလဟာလပါ... ကောလဟာလတွေကို ယုံလို့ မရဘူး"

"ဟုတ်တယ်... ဟုတ်တယ်... ဒါက အမှန်ပဲ.. ကောလာလတွေကို ယုံလို့မရဘူး... တကယ့်ကို ယုံလို့မရပါဘူး"

...

ငတုံးငအနှစ်ယောက်သည် ပျော်ပွဲစားထွက်လာသည့်အလား စကားပြော​ဆိုပြီး ရယ်မောနေကြသည်။

ကျူးဝူရ၏မျက်နှာ မည်းမှောင်သွားပြီး သူသည် ဆဲဆိုလုနီးပါး ဖြစ်သွားပေ၏။

All Chapters