အခန်း (၂)
Vol. 1 Ch. 2
စုကျိကျိ စုကျိုအင်္ကျီလက်ကို ခိုးကြောင်ခိုးဝှက် ဆွဲလိုက်ပြီး - “ကျဲ... ပထမထပ်မှာကကြမ်းတမ်းတဲ့ သားရဲတွေ အများကြီးရှိတယ်လေ၊ ကျွန်မတို့ အိမ်ပြင်ကိုလွတ်လွတ်လပ်လပ်ထွက်လို့မရတာက အပြင်ကကွင်းပြင်ထဲရောက်သွားရင် ဒီအထပ်ရဲ့အကာအကွယ်အစီအရင်ရဲ့ ဝိဉာဉ်စွမ်း အင်တွေကို ကုန်ဆုံးစေမိမှာစိုးလို့ပါ”
“ပြီးတော့ ဒီဂေဟာက ကျွန်မတို့လိုအခြေခံကျင့်ကြံသူလေးတွေကို အကာအကွယ်ပေးထားတာလေ”
ဪ... ဒီလိုကိုး
စုကျို ခေါင်းညိတ်လိုက်သည်။
ဒီဝိဉာဉ်ပိုးကောင်ဂေဟာထဲက အရာအားလုံးကိုပိုက်ဆံတောင်းနေတာပဲ၊ ဒီကမ္ဘာကအန္တရာယ်များပြီး အရင်းအ မြစ် ရှားပါးတဲ့နေရာဆိုတာ သူမ တစ်ချက်ကြည့်ရုံနဲ့သိလိုက်ရပြီ။
“ကောင်းပြီ၊ လောလောဆယ်တော့ အပြင်မထွက်တော့ဘူး၊ ဒါပေမဲ့ အဲဒီ ‘ကျိုး’ ဆိုတဲ့ကောင်က ငါ့ကို ဝိဉာဉ်ကျောက်တုံး ၃၉၈,၅၀၀ တိတိပေးဖို့ရှိတယ်” ဟု စုကျိုက မူရင်းဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသား သူ့အပေါ် အကြွေး တင်ထားသမျှကို အမြန်ဆုံးတွက်ချက်လိုက်သည်။
“ဒါကို ဒီအတိုင်း လွှတ်ပေးထားလို့မဖြစ်ဘူး”
ဝတ္ထုထဲမှာဆိုရင် သူက နောက်ပိုင်းမှာ ‘အင်မော်တယ်ဘု ရင်’ ဖြစ်လာပြီး သူ့အားကာကွယ်ပေးသည့် အင်မော်တယ် စောင့်ရှောက်သူ’ဆယ်ဦးပင် ရှိလာလိမ့်မည်။ ဝိဉာဉ်ရတနာများတောင်လိုပုံပြီး၊ ဆေးလုံးဆိုရင်လည်း မြစ်တစ်စင်းစာလောက်ရှိလာမယ့်သူ၊ ၎င်းသည် အရမ်းအာဏာရှိကာသြဇာကြီးမားလာမည့်သူပင်။
ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရဲ့အောင်မြင်မှုတွေက သူ့ရဲ့ချွေးနည်းစာစုဆောင်းမှုတွေပေါ်မှာ တစ်ဆင့်ချင်းတည်ဆောက်ခဲ့တာ မဟုတ်ဖူးလား ?
ဒီအတိုင်းတော့ အရှုံးမခံနိုင်ပါဘူး။
“ဒီမှာ သတင်းပို့တဲ့ ချိုးငှက်တွေကို ဘယ်လိုသုံးရလဲ ? ငါ အကြွေးသွားတောင်းရမယ်”
မောင်နှမနှစ်ယောက်လုံး ကြောင်သွားကြရသည်။ အထူး သဖြင့် စုရှင်းချန်မျက်နှာထက် ဒေါသများဖုံးလွှမ်းသွားပြီး သူမထံမှ အလွန်အမင်း ရယ်စရာကောင်းသောစကားကို ကြားလိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားစွာဖြင့်ကြည့်နေမိသည်။ အကြွေးတောင်းမယ် ဟုတ်လား ?
အရင်ကဆိုရင် သူမသည် လူများအား ပိုက်ဆံဆိုအဆုံးအစမရှိပေးကမ်းတတ်ပြီး ဘယ်တော့မှပြန်မတောင်းတတ် သော သူ မဟုတ်ပါလား ?
စုရှင်းချန် ခေတ္တတွေဝေသွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာကာ နှာခေါင်းရှုံ့လိုက်သည်။ — “သိပြီ၊ အဲဒီ ‘ကျိုး’ ဆိုတဲ့ကောင်က ကျဲကို မလိုချင်တော့ဘူးမလား ? ပိုက်ဆံပြန်လိုချင်တယ်ဆိုရင်တော့ အဲဒါတွေကို ‘အစ်ကိုချန်’ ဆီ သွားပေးလိုက်ဦးမှာပေါ့”
စုကျို: “?”
စုကျိကျိမျက်ဝန်းထဲက အလင်းရောင်လေးများလည်း ခေတ္တမှိန်ဖျော့သွားသည်။
မိန်းကလေးငယ်လေးသည် သူမ၏ဖာထေးထားသော အင်္ကျီစလေးကို ဆုပ်ကိုင်ရင်း — “ကျဲ... ဒီလရမယ့် ‘အနှစ် သာရမြှင့်ဆေးလုံး’ လေးတွေကိုတော့ ကျဲအတွက်ပဲ သိမ်း ထားပါနော်၊ ဟုတ်ပြီလား ? ကျွန်မ တောင်းပန်ပါတယ်... အဲဒီဆေးလုံးတွေကို ‘အစ်ကိုချန်’ ဆီ ထပ်မပေးပါနဲ့တော့နော်။ယ”
စုကျို: “???”
နေပါဦး... ဘယ်က အစ်ကိုချန်လဲ ?
အစ်ကိုချန်ဆိုတာ ဘယ်သူလဲ ?! ငါ ဝတ္ထုကိုသုံးခန်းပဲ ဖတ်ခဲ့ပြီး ကျန်တာကို ဗီဒီယိုအတိုလေးတွေထဲကပဲ သိခဲ့တာလေ၊ ဇာတ်လမ်းအသေးစိတ်အား သူမ သိပ်မသိချေ။
“သူ့ကို ဖျောင်းဖျနေလို့ ဘာထူးမှာလဲ ? အစ်ကိုချန်ဆီမပေးရင်တောင် ‘အစ်ကိုရွှီ’ ဆီပေးမှာပဲကို” ဟု စုရှင်းချန်က လှောင်ပြောင်လိုက်သည်။
စုကျို: ဟိုက်... သွားပြီ
“နေဦး... နင်တို့ ငါ့ကို သေသေချာချာ ရှင်းပြစမ်း”
ငါ့မှာ ငယ်သူငယ်ချင်းတွေ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ ?
“ဟက်... သိပ်မများပါဘူး” ဟု စုရှင်းချန်က မျက်လုံးလှန်ကြည့်ရင်း — “ခုနစ်ယောက်ပဲ ရှိတာ”
စုကျို: “...?”
တစ်နာရီခွဲခန့် ကြာပြီးနောက် စုရှင်းချန်၏ရွဲ့စောင်းပြောဆိုမှုများနှင့် စုကျိကျိ အလေးအနက်ရှင်းပြမှုများကြောင့် စုကျို အခြေအနေအား နားလည်သွားတော့သည်။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်မှာ ‘လုံအောင်ထျန်း’ တစ်ယောက် တည်းကို ချစ်နေခဲ့တာမဟုတ်ဘူးပဲ၊ သူက အချစ်ရူးမဟုတ်ဘဲ ‘စတော့ရှယ်ယာ’ ရင်းနှီးမြှုပ်နှံသူပါလား!
ရင်းနှီးမြှုပ်နှံထားတဲ့သူများ၏ စာရင်းကိုကြည့်ပြီး စုကျို လက်များပင် တုန်လာရသည်။
(ငါးခုနစ်ကောင် - ကျင့်စဉ်အဆင့်အမြင့်ဆုံးမှအနိမ့်ဆုံးသို့)
၁။ ကျိုးအောင်ထျန်း (ဇာတ်လိုက်မင်းသား): ဝိဉာဉ်ပိုး ကောင်မျှော်စင်၏အထပ် ၁၀၀ ရှိ ပါရမီရှင်၊ ယခုဆေး ဖော်စပ်ခြင်းဘက် ကူးပြောင်းသွားပြီး မိသားစုကြီးတစ်ခု၏မွေးစားသားဖြစ်နေ၊ မိဘအမွေများထဲမှ အရင်းနဲ့ အတိုးပေါင်း ဝိဉာဉ်ကျောက်တုံး ၃၉၀,၀၀၀ ဖိုးအား ၁၃ နှစ်တိုင်တိုင် ထောက်ပံ့ခဲ့သည်။ ၎င်းမှာ ယခုအခါမြို့တော်သို့ရောက်ရှိနေလေပြီ။
၂။ ရွှယ်ရွေ့ကျင်: အထပ် ၈၉ မှပါရမီရှင်၊ လွန်ခဲ့သော ၂ နှစ်ခန့် လက်နက်ပစ္စည်းဂိုဏ်းသို့ရောက်သွားသည်။ သူမ ၏ ‘ဝိဉာဉ်သွေး’ အားရောင်းချပြီး ၇ နှစ်တိုင်တိုင်ထောက် ပံ့ခဲ့သည်၊ စုစုပေါင်း ဝိဉာဉ်ကျောက်တုံး ၂၁၀,၀၀၀ ခန့်။
၃။ ရှုယိဝမ်: အထပ် ၇၂ မှ Class A အသင်း၏ ဒု-ခေါင်းဆောင်...
၄။ လျောင်ချွမ်း: မနှစ်က တစ်နှစ်ကွယ်က သေဆုံးသွားသည်...
၅။ ကျင်ချန်: အထပ် ၃၅ ၏အကြီးအကဲ...
၆။ ဖုရှင်း: မနှစ်က သေဆုံးသွားသည်...
၇။ ချန်ကျိုး: ပထမထပ်မှ ထူးချွန်သော ပိုးကောင်မွေးမြူသူ...
စုကျို: “…”
သတင်းကောင်းကတော့... သူမ ဒီဘဝကိုကူးပြောင်းလာချိန်မှာ ဝိဉာဉ်ကျောက်တုံး တစ်သန်းလောက်အမွေဆက်ခံလိုက်ရတာပဲ။
သတင်းဆိုးကတော့... အဲဒါတွေအားလုံးက ‘အကြွေးစာချုပ်’ များဖြစ်နေခြင်းပင်။
ဒါတင်မကသေးဘူး၊ အခုရှိနေတဲ့ လူတွေရဲ့နာမည်တွေကိုလည်း တော်တော်လေးရင်းနှီးနေသလိုပဲ။
"ဝတ္ထုအား မိနစ်ပိုင်းအတွင်းနားထောင်ခြင်း" ဆိုတဲ့ ဗီဒီယိုထဲမှာပြောသွားတဲ့ ဇာတ်လိုက်မင်းသားဘေးက အင်မော်တယ်စောင့်ရှောက်သူတွေရဲ့ နာမည်တွေနဲ့အတော်လေး ဆင်တူနေတာကို သူ သတိထားမိလိုက်သည်။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်ကတော့ စတော့ရှယ်ယာ ရွေးချယ်ရာမှာ တကယ်မျက်စိကောင်းရှိတာပဲ။
သူ့မှာ အင်မော်တယ်ဖြစ်လာမယ့် ရည်းစားဟောင်းတွေရှိနေတာလား?
"ဟူး..."
စုကျို ခေါင်းမော့ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။
သူ ဒီလို အရှက်မရှိတဲ့ ရည်းစားဟောင်း အစုတ်အပဲ့တွေဆီကပြန်တောင်းရမည့် "အကြွေးစာရင်း" အပေါ်ရှိ နာမည်များနှင့် ပမာဏတွေကို သူ့ဝိဉာဉ်ထဲ စွဲမြဲသွားအောင် သုံးခေါက်တိတိ သေသေချာချာဖတ်လိုက်ရသည်။
ဒီနေ့ကစပြီး ဒါတွေအားလုံးက ငါ့ပိုက်ဆံတွေပဲ။
ဒီလူခုနစ်ယောက်ဆီကနေ အရင်းရော အတိုးရော အပြတ် အသတ်ပြန်တောင်းရမယ်! သေသွားတဲ့ လူဆိုရင်တောင် အုတ်ဂူတူးပြီးပြန်ရှာရမယ်! တစ်ပြားတစ်ချပ်မှ မကျန်အောင် သိမ်းကျုံးတောင်းပစ်မယ်!
အကုန်သာပြန်ရရင်တော့... ဟဲဟဲ... ငါ ကျင့်စဉ်လောကရဲ့ သူဌေးမကြီး ဖြစ်လာတော့မှာ။
"ကျဲ... အရင်... အရင်ဆုံး စားလိုက်ပါဦးမလား ?"
စုကျို သွားကြိတ်လိုက်ပြီးမှ အရူးတစ်ယောက်လိုပြုံးလိုက်လုပ်နေတာကို ကြည့်ပြီး စုကျီကျီ ကြောက်ကြောက်လန့်လန့်နှင့် ပြောလိုက်သည်။
"အင်... စားမယ်"
စုကျိုက သူဌေးမကြီးဖြစ်မယ့် အိပ်မက်များနှင့် ပျော်ရွှင်နေရင်း [ဝိဉာဉ်ကျောက်တုံး ၅ တုံး] တန်တဲ့ ကြွေပန်းကန်လုံးထဲက ဆန်ပြုတ်ကိုလှမ်းယူလိုက်သည်။
စုကျီကျီ အံကြိတ်ပြီး သူ့ခါးထက် မုန်ညင်းစေ့အိတ်ထဲမှကျောက်စိမ်းရောင် ဝိဉာဉ်ဆေးလုံးတစ်လုံးအားထုတ်ကာ ဆန်ပြုတ်ပန်းကန်ထဲကို ဂရုတစိုက်ထည့်ပေးလိုက်သည်။
ခဏချင်းမှာပင် သာမန်ထမင်းဖြူလေးမှ တောက်ပသည့် အစိမ်းရောင်အလင်းများထွက်ပေါ်လာပြီး ဝိဉာဉ်စွမ်းအင်တွေ စီးဆင်းသွားတော့သည်။
"ကျဲ ဒါ ခွန်အားဖြည့်ဆေးလုံး၊ ဒါလေးသောက်လိုက်ရင် မြန်မြန်သက်သာလာမှာ" ဟု စုကျီကျီ လေသံတိုးတိုးနဲ့ ပြောလာသည်။
စုရှင်းချန်ကမူ မျက်စောင်းထိုးနေသော်ငြား စုကျိုကတော့ အရှက်မရှိကျေးဇူးတင်စကားပြောပြီး အားရပါးရ စားလိုက်တော့သည်။
ချိုမြိန်တဲ့ထမင်းနံ့ ဆေးနံ့များမှာ သူ့ လည်ချောင်းထဲစီးဝင်သွားသည်။ သူ့ကိုယ်လက်အင်္ဂါတွေနှင့် အရိုးအဆစ်တွေများသည် ဒီလောက၏ နူးညံ့တဲ့ဝိဉာဉ်စွမ်းအင်များဖြင့်ဆေးကြောသန့်စင်ခံလိုက်ရသလို ခံစားလိုက်ရပြီး သွေးလေများလည်း ပြန်လည်နိုးကြားလာခဲ့၏။
စားသောက်ပြီးတဲ့နောက် စုကျို အကြွေးဘယ်လိုတောင်းရမလဲဆိုတာ စဉ်းစားနေမိသည်။ ယခု သူတို့မောင်နှမသုံးယောက်လုံးထံ ဝိဉာဉ်ကျောက်တုံး တစ်ဒါဇင်လောက်သာ ကျန်တော့သဖြင့် အိမ်ထဲ အိပ်ဖို့ရာခုတင်ဖိုးပင် မလောက်ငှချေ။
အရမ်းကို ဆင်းရဲလွန်းတယ်။
ဝိဉာဉ်ကျောက်တုံးတွေရဖို့ နည်းလမ်းရှာရမယ်။
ဒါပေမဲ့ စုကျို ဒီလိုတွေးလိုက်တာနဲ့ သူမရဲ့ ရင်ဘတ်ထဲ ပူနွေးလာပြီး ရင်ဘတ်ပေါ် မှောင်မည်းမည်းအရာတစ်ခု တဖြည်းဖြည်း ပုံဖော်လာသည်ကို ခံစားလိုက်ရသည်။ အဲ့တာက စတုရန်းပုံဂိုဒေါင်သေးသေးလေးနဲ့ လက်ကိုင်စကင်နာ တစ်ခုပါနေသလိုပဲ။
စုကျို: "?"
မကြာခင်မှာပဲ သူ့ စိတ်ထဲမှာ စာသားတွေပေါ်လာခဲ့သည်။
[စုကျို: ဝိဉာဉ်အမြုတေ အဆင့် ၃ (ယခင်က အဆင့် ၆ ရှိခဲ့သော်လည်း ဒဏ်ရာကြောင့် အဆင့်ကျသွားခြင်း)]
[ခန္ဓာကိုယ်ကြံခိုင်မှု : ၁၃၄]
[မွေးရာပါစွမ်းရည်: ကောပီကူးယူခြင်း - Imprint Copy (LV1)]
[ခန္ဓာ ၁၀၀ တိုင်းအတွက် ကော်ပီတစ်ခု ကူးယူနိုင်သည်]
စုကျို ခေါင်းမော့ကြည့်လိုက်တဲ့အခါ အခန်းထဲက ပစ္စည်းတွေဟာ သူမမျက်လုံးထဲမှာ ဝိုးတဝါး ပုံရိပ်နှစ်ခုစီ ဖြစ်နေတာကိုတွေ့လိုက်ရသည်။ ကြွေပန်းကန်လုံး၊ စားပွဲ၊ ကုလားထိုင်၊ ကျောက်စိမ်းခုတင်... အားလုံး အတွဲလိုက်တွေဖြစ်နေသည်။
သူမ လက်လှမ်းလိုက်မယ့်အချိန်မှာပဲ ပြတင်းပေါက်အပြင်ဘက်ကနေ အလင်းနဲ့ အရိပ်တွေလှုပ်ရှားသွား၏။
"ကျိုအာ... နိုးပြီလား ? တော်သေးတာပေါ့! ဒီလအတွက် 'ယွမ်အဆင့်မြှင့်ဆေးလုံး' မသောက်ရသေးဘူးမလား ? မြန်မြန် ငါ့ကိုပေး!" ဟု ပြောရင်း ဝတ်ရုံစိမ်းနှင့် အရပ်ရှည်ရှည် လူတစ်ယောက် အခန်းထဲကိုဝင်လာခဲ့သည်။
ပညာတတ်ပုံစံပေါက်နေသည့် ထိုလူမှာ ဇောချွေးများနှင့် ပြောလာသည်ကား — "မင်းဆီမှာရှိတဲ့ ဝိဉာဉ်ကျောက်တုံးတွေ အကုန်လုံးလည်းပေးဦး၊ မြန်မြန်! ငါ 'အရိုးသန့်စင်ဆေးလုံး' သွားဝယ်ရမယ်!"
စုကျို: "...?"
သူ့ စိတ်ထဲ လျှပ်ခနဲ အသိတစ်ခုဝင်လာပြီး ခါးကအိတ်ထဲကနေ အစောပိုင်း သေသေချာချာမှတ်ထားတဲ့ "စွန့်ပစ်ငါးများ၏ အကြွေးတောင်းစာရင်း" အား ဆွဲထုတ်လိုက်သည်။
မျက်လုံးနှင့် အမြန်စစ်လိုက်ရာ —
> ၇။ ချန်ကျိုး: ဝိဉာဉ်ပိုးကောင်ဂေဟာ ပထမထပ်မှ ထူးချွန်သော ပိုးကောင်မွေးမြူသူ၊ အဆင့် ၅၉ ယခုနှစ် အောက်တိုဘာလကစပြီး ထောက်ပံ့ခဲ့သည်။ အရင်းနှင့် အတိုးပေါင်း ၃၇၉၄ ဝိဉာဉ်ကျောက်တုံး... လက်ရှိကျင့်စဉ်အဆင့် ဝိဉာဉ်အမြုတေ အဆင့် ၆
ထိုလူ့ရင်ဘတ်၌ ချိတ်ထားသည့် "ဝိဉာဉ်ပိုးကောင်ဂေဟာ နာမည်ကတ်" ပေါ်မှ 'ချန်ကျိုး' ဆိုသည့် အမည်ကိုကြည့်ရင်း၊ ဒီလူဟာ ဇာတ်လိုက်မင်းသား၏ (၁၂) ယောက်မြောက်အင်မော်တယ်စောင့်ရှောက်သူ ဖြစ်လာမည့်သူနှင့် နာမည်တူနေသည်အား သတိပြုမိလိုက်ချိန်မှာ စုကျိုဖြတ်ခနဲ ပြုံးလိုက်သည်။
ကောင်းတယ်... ကောင်းတယ်... တကယ် ကောင်းတယ်။
သူ့မှာတော့ သူ့ကို ဘယ်မှာသွားရှာရမလဲဆိုပြီး စိုးရိမ်နေခဲ့တာ !!!
"နံပါတ် ၇... နင် ရောက်လာပြီပဲ"
ချန်ကျိုး: "?"
အစောပိုင်းတွင် ဒေါသထွက်ပြီး စိတ်ပျက်နေကြသည့် စုကျီကျီနှင့် စုရှင်းချန်တို့သည် စုကျိုခေါ်သံကြောင့် လန့်သွားကြသည်။
"ဘာ နံပါတ် ၇ လဲ ? ကျိုအာ... ကလေးကလား လာမလုပ်နဲ့၊ ငါ မင်းနဲ့ စကားပြောနေဖို့ အချိန်မရှိဘူး၊ ဒီနေ့ တစ်ထပ်လုံးမှာ 'အရိုးသန့်စင်ဆေးလုံး' သုံးလုံးပဲ ရောင်းမှာ၊ ငါ အမြန်သွားလုရမယ်၊ ဝိဉာဉ်ကျောက်တုံးတွေ မြန်မြန်ပေး!"
ပြောပြောဆိုဆိုနှင့် သူ စုကျိုရဲ့ခါးမှာချိတ်ထားသည့် အရောင်လွင့်နေသော ပိုးသားသိုလှောင်အိတ်ထံ လှမ်းနှိုက်လိုက်သည်။
စုရှင်းချန် ချက်ချင်း ထရပ်လိုက်သော်လည်း..
စုကျိုက ပိုမြန်သည်။ သွေးရောင်းစားခဲ့ရတဲ့ နှစ်တွေကြောင့် အရိုးပေါ်အရေတင်နေတဲ့ သူ့ညာဘက်လက်က အလိုက်ကန်းဆိုးမသိတဲ့ ထိုလက်မောင်းအားလှမ်းဖမ်းလိုက်သည် !
"နံပါတ် ၇... နင် ဘယ်သူ့ပစ္စည်းကို ယူမလို့လဲ?" စုကျိုက ဖြတ်ခနဲ ပြုံးလိုက်သည်။
ချက်ချင်းဆိုသလို သူ့ရင်ဘတ်ပေါ်က ဂိုဒေါင်နဲ့တူသည့်အရာမှာ တဖျတ်ဖျတ်လှုပ်ခတ်လာပြီး အနီရောင်အလင်း တန်းပေါ်လာသည်။
[အရာဝတ္ထုအား အတည်ပြုပြီး - 'ချန်ကျိုး (ဝိဉာဉ်အမြုတေ အဆင့် ၆ ကျင့်ကြံသူ)']
[ထိတွေ့မှု သုံးစက္ကန့်ပြည့်ပါပြီ]
[ကူးယူခြင်း စတင်နေပါပြီ...]
စုကျို: "?"
['ချန်ကျိုး (ဝိဉာဉ်အမြုတေ အဆင့် ၆ ကျင့်ကြံသူ)' ၏ အစိတ်အပိုင်းအချို့ကို ကူးယူပြီးပါပြီ!]
[ဂိုဒေါင်အတွင်းသို့ ထည့်သွင်းလိုက်ပါပြီ။]
စုကျို: "!"