← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

[ဝိညာဉ်စွမ်းအားစမ်းသပ်မှုရလဒ် - အရွက်တစ်ရွက်သာရှိသည်။ အားနည်းပြီး သာမန်အရည်အချင်းသာရှိကာ ပိုးစာပင်ကိုသာ စိုက်ပျိုးနိုင်သည်။]

[ အညံ့စား! ]

[ သင့်တော်သည့်အဆင့် - အထပ် ၁ မှ ၁၀ ထိ ]

ဝိညာဉ်စမ်းသပ်ပိုးမျှင်သည် ပျက်စီးသွားခြင်းမရှိပေ။ သူမသည် အဆိုးရွားဆုံးသော ကျင့်ကြံခြင်းပါရမီကိုသာပိုင် ဆိုင်ထားဆဲဖြစ်သည်။

စုကျီကျီသည် ဝမ်းနည်းမှုကိုအောင့်အည်းထားရင်း စုကျိုကို စိုးရိမ်တကြီး ကြည့်လိုက်သည် - "ကျဲ... နောက်တစ်ခါ ထပ်စမ်းကြည့်ပါဦး၊ မနေ့ညကနဲ့ ဒီမနက်တင် ကျဲ ဘယ် လောက်တောင် ထူးဆန်းတာတွေ လုပ်ပြနိုင်ခဲ့တာလဲ..."

တောက်ရန်: "?"

“မလောပါနဲ့၊ ပါရမီနိုးထခါစမှာ မတည်ငြိမ်တာက သဘာဝပါပဲ”

စုကျိုသည် တည်ငြိမ်စွာပင် သူ့လက်ကို မြှောက်လိုက်သည် - “အုပ်ချုပ်ရေးမှူးတောက်... ရှင် ခုနက ပြောတာက ပိုးမျှင်ကောင်ပြီး ကျင့်စဉ်စိတ်အာရုံကို လှည့်ပတ်ရမယ်ဆိုတာလေ၊ ကျွန်မ ဒီတစ်ခါဒဏ်ရာရထားတာ တော်တော်ပြင်းထန်တော့ အဲဒီကျင့်စဉ်ကို ဘယ်လိုလှည့်ပတ်ရမလဲဆိုတာ မမှတ်မိတော့ဘူး”

တောက်ရန် နှုတ်ခမ်းများ တွန့်သွားသည်။ စုကျီကျီနှင့် စုရှင်းချန်တို့လည်း ထိုအခါမှသတိရသွားကြသည်။ စုကျို သည် မနေ့ညက နိုးလာပြီးကတည်းက ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ ၏ကျင့်စဉ်တစ်ခုကိုမျှ အသုံးပြုခဲ့ပုံမရပေ။

“အဲဒါတွေကို အကုန်မေ့သွားတာလား ?” တောက်ရန် မျက် မှောင်ကြုတ်လိုက်ပြီး သူ့လက်ညှိုးမှ ဝိညာဉ်အလင်းတန်းတစ်ခုကို စုကျို နဖူးဆီသို့လွှတ်လိုက်သည်။

စုကျိုသည် ထိုပြင်ပဝိညာဉ်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးစွာ စီးဝင်လာပြီး သူ့ရင်ဘတ်ရှိ စွမ်းအင်လမ်း ကြောင်းများတစ်လျှောက် စိတ်အာရုံကို လမ်းညွှန်ပေးကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ဒန်ထျန်းထဲသို့ စီးဝင်သွားသည်ကိုတွေ့လိုက်ရသည်။

[ သွေးစွမ်းအင် (Qi and Blood) +၅၀ ]

[ သွေးစွမ်းအင် (Qi and Blood) +၀.၅ ]

[ ဝိညာဉ်စွမ်းအင် (Spiritual Energy) +၀.၅ ]

စုကျိုသည် အခမဲ့သွေးစွမ်းအင် အမှတ်များရလိုက်လိမ့် မည်ဟု မထင်ထားပေ။ ထို့ပြင် ကျင့်စဉ်ကို လေ့ကျင့်ခြင်းသည် ဒီအတိုင်းလှဲနေခြင်းထက် သွေးစွမ်းအင် ပိုမိုမြန်မြန် တက်လာစေသည်။

---

ပထမထပ်ရှိ သစ်သားအိမ်စုများရှိရာနေရာ

ချန်ကျိုး နေ့လယ်စာ စားနေသည်။ သူ့ ထမင်းပန်းကန်ထဲတွင် ဝိညာဉ်ဆန်အပြင် ကြက်ဥတစ်လုံးနှင့် ဝိညာဉ်ကြက် ပေါင်တစ်ခု ပါဝင်သည်။

“သား... အများကြီးစား၊အမြန်ဆုံး အဆင့် ၅၀ ထဲ ရောက်အောင်လုပ်၊ တို့ချန်မိသားစုက သားကိုပဲ အားကိုးရမှာ” ချန်ကျိုးအမေသည် ရွှေရောင်ဝင်းနေသော ကြက်စွပ်ပြုတ်နှင့် ပြောင်းဖူးမုန့်ကို စားရင်းပြောလိုက်သည်။

“အမေ ဒီနေ့ ရေတွက်ကြည့်တာ ဝိညာဉ်ဆန်နဲ့ ဆေးလုံးတွေ သိပ်မကျန်တော့ဘူး၊ သား... ဟို စုမိသားစုက ကောင် မလေးဆီကနေ ရအောင် ထပ်တောင်းဖို့နည်းလမ်းရှာဦး”

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့တစ်မိသားစုလုံးက ပိန်ပိန်ပါးပါး အားနည်းနေတာပဲ၊ အကောင်းစားတွေ စားနေတာကအလ ကားပဲ၊ တို့မိသားစုကို ပေးလိုက်တာကမှပိုတန်သေးတယ်”

ချန်ကျိုးထံ ထိုအကြံရှိသော်လည်း စုကျိုသည် မနေ့ကနှင့် ဒီမနက်တွင် သူ့အား မျက်နှာသာလုံးဝမပေးခဲ့ပေ။

“ဝိညာဉ်ဆန်နဲ့ ဆေးလုံးတွေဆိုတာ ထားလိုက်ပါဦး၊ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မပေးတဲ့အပြင် အရင်ကအကြွေးဟောင်းတွေကိုပါ ပြန်ရှင်းခိုင်းနေသေးတာ၊ သူ ဘာဖြစ်နေမှန်းကို မသိဘူး၊ ဖျားပြီး နိုးလာကတည်းက အရမ်းဒေါသကြီးနေတာ”

“ဟွန်း... သူ့ရဲ့ ငယ်သူငယ်ချင်းက သူ့ကို ပစ်ထားပြီး အဆင့်မြင့်ဖို့ပဲ ကြိုးစားနေတာကို သိသွားလို့နေမှာပေါ့၊ အခုကျမှ သားက သူ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိပြီး ‘ငိုပြ၊ ရန်ဖြစ်ပြ၊ အသေခံမယ်လို့ ခြိမ်း ခြောက်ပြ’ တဲ့ နည်းလမ်းဟောင်းတွေကို သုံးနေတာဖြစ်မှာပါ”

ချန်ကျိုး အမေသည် ဒီမနက် စုကျိုပေးလိုက်သော အကြွေးစာရင်းကို သတိရကာမျက်နှာပျက်သွားသည် - “ဒီနေ့လည်း တခြားလူတွေကို စိုက်ခင်းထဲမှာ ကူညီခိုင်းနေတယ်ဆိုတာက သားကို သူ့ရဲ့ ‘တာအိုလက်တွဲဖော်’ ဖြစ် လာအောင် အကျပ်ကိုင်ဖို့ကြံစည်နေတာပဲ ဖြစ်ရမယ်!”

ချန်ကျိုး မျက်နှာပေး ပြောင်းလဲသွားသည်။ သူ အိမ်မက်မက်နေတာပဲ!

သူမထံ ကျင့်ကြံခြင်းပါရမီလည်း မရှိ၊ ပါရမီကလည်း နိုးထမလာသေးဘဲနဲ့၊ သူ့သွေးကို ရောင်းပြီး ရလာတဲ့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်းပါးပါးနဲ့ သူ့ကို လက်ထပ်ဖို့ ကြံနေတာလား ?

သူသာ အဆင့် ၅၀ ထဲ ရောက်သွားရင် ဒီအထပ်မှာရှိတဲ့ အမျိုးသမီးကျင့်ကြံသူ အများကြီးထဲက ကြိုက်တာရွေးလို့ ရပြီ။ ဖြစ်နိုင်ရင် အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် အကြီးအကဲရဲ့သမီး၊ မြေးတွေနဲ့တောင် ကျင့်ကြံဖော် ဖြစ်နိုင်သေးတာ!

“ကျွန်တော် သူ့ကို ဘယ်တော့မှ လက်မထပ်ဘူး” ဟု ချန်ကျိုးက ပြတ်သားစွာ ပြောလိုက်သည်။

“ဟုတ်တယ်” ဟု ချန်ကျိုး၏ အမေအိုက တံတွေးတစ်ချက် ထွေးလိုက်သည် - “သူမကိုယ်သူမလည်း ပြန်ကြည့်ဦးမှပေါ့၊ အရိုးပေါ် အရေတင်နေတဲ့ အပေါစားမလေး၊ ပါရမီကလည်း ငါ့သားထက် အများကြီးနိမ့်တယ်၊ အသုံးမကျတဲ့ တစ်မိသားစုလုံးပဲ၊ သူမဆီကနေ ကောင်းတဲ့မျိုး ဆက်လည်း ရမှာမဟုတ်ဘူး၊ ဒါကိုတောင် ချန်မိသားစုထဲ ဝင်ဖို့ စိတ်ကူးယဉ်နေသေးတယ်! သောက်တလွဲ!”

ချန်ကျိုး အမေအိုသည် ဆဲဆိုကျိန်ဆဲပြီးနောက် ရွှေဝါရောင် ကြက်စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြန်သည် - “သူမ သွေးရောင်းပြီး ဝယ်ပေးထားတဲ့ ဝိညာဉ်ကြက်တွေက တော်တော်လေးအားရှိတာပဲ၊ အခု သူမ နိုးလာပြီဆိုတော့ လူငှားခိုင်းဖို့ ပိုက်ဆံလည်း ရှိနေတာပဲ၊ သူမကို နောက်ထပ် ဝိညာဉ်ကြက်တွေ သွားဝယ်ခိုင်းလိုက်ဦး၊ သားရဲ့ နေ့စဉ်ကျင့်ကြံမှုအတွက် အဟာရလိုတယ်လေ၊ တစ်လကို အနည်းဆုံး ငါးကောင်... မဟုတ်ဘူး၊ ဆယ်ကောင်လောက်တော့ စားရမယ်!”

ချန်ကျိုး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ဒီမနက် သူ့ စိုက်ခင်းအလုပ်များမှာ အလွန်ပင် မြန်ဆန်ပြီး သေသပ်လှသည်။ ပထမထပ်၏ဈေးနှုန်းအရဆိုလျှင် ထိုလူငှားခမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်ထောင်ခန့် ရှိမည်ဖြစ်သည်။

ထိုပိုလျှံနေသော ငွေများဖြင့် သူမသည် သူ့အတွက် ကြက်ဆယ်ကောင်ကို အသာလေးဝယ်ပေးနိုင်သည် မဟုတ်ပါလား!

“သူမကို ပိုကောင်းတဲ့ ဝိညာဉ်ပေါက်တူး တစ်ခုလောက်ရှာခိုင်းလိုက်ရင် ကျွန်တော့်အဆင့်က အများကြီးတက်လာနိုင်သေးတယ်”

ချန်ကျိုးအမေက သူမ ပေါင်ကို 'ဖြန်း' ခနဲ ရိုက်လိုက်သည် - “ဟုတ်တာပေါ့! ဒီအရှက်မရှိတဲ့ ကောင်မလေးကြောင့်သာ မဟုတ်ရင် ငါ့သားရဲ့ ကျင့်ကြံမှုခရီးက ဒီလောက်အထိ နှောင့်နှေးနေမှာ မဟုတ်ဘူး!”

ချန်ကျိုးလည်း ဒေါသထွက်လာသည်။ အကယ်၍ စုကျိုသာ နှစ်လလောက် မဖျားခဲ့ဘဲ၊ သူမရဲ့သွေးကိုရောင်းပြီး သူ့အတွက် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ အချိန်မီဝယ်ပေးခဲ့ရင် သူ အခုချိန်မှာ အဆင့် ၅၀ ထဲ ရောက်နေလောက်ပြီ!

သူမက တကယ့်ကို သူ့လမ်းကိုပိတ်ဆို့နေတဲ့အဟန့်အတား တစ်ခုပဲ!

ချန်ကျိုး ဒေါသထွက်လွန်းသဖြင့် ထမင်းပင်ဆက်မစားနိုင်တော့ပေ။ ထိုစဉ် အပြင်ဘက်မှစကားသံများကို ကြား လိုက်ရသည်။

“ဟေး... ကြားပြီးပြီလား? စုကျိုတစ်ယောက် ဝိညာဉ်စွမ်းအား စစ်ဆေးဖို့သွားတယ်တဲ့!”

“တကယ်လား? သူ နှစ်ပေါင်းများစွာ ဘာမှမထူးခြားခဲ့တာလေ၊ နင် မျက်စိမှားတာ နေမှာပါ”

“သူ့ မောင်လေးက မြည်းလှည်းနဲ့တင်သွားတာ ငါ အသေ အချာ မြင်လိုက်တာပါ”

ပန်းကန်လုံးကြီးများကို ကိုင်ထားသော ချန်ကျိုးနှင့် သူ့အမေမှာ အိမ်ထဲမှင်သက်သွားကြသည်။

“ဘာ ? အပြင်မှာ သူ့အကြောင်း ပြောနေကြတာလား?” ချန်ကျိုး အမေသည် သူကြားလိုက်ရသည်ကိုပင် မယုံနိုင်ဖြစ်နေသည်။

သို့သော် နားပါးသော ချန်ကျိုးကမူ အသေအချာကြား လိုက်ရသဖြင့် ချက်ချင်းဒေါသတကြီးဖြင့် - “အမေ... အမေ ကြားတာ မှန်ပါတယ်၊ ဒါကြောင့်လည်း သူ မနေ့ညက ကျွန်တော့်ကို ဒေါသတကြီးဆက်ဆံနေတာကိုး”

သူ့ ပါရမီက နိုးထလာခဲ့ပြီပေါ့။

ဒါကြောင့်မို့လို့ သူ ခေါင်းမော့ချင်နေတာကိုး!

ချန်ကျိုး မျက်နှာမှာ မည်းမှောင်သွားတော့သည်။ အမေအို ချန်ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်၊ အကယ်၍ စုကျိုသာ အစွမ်းထက်သော ပါရမီတစ်ခုခု ရသွားပါက သူမကို ထိန်းချုပ်ရန် ခက်ခဲသွားလိမ့်မည်။

သို့သော် သူမ ချက်ချင်းပင် ရယ်မောလိုက်ပြန်သည် - “ဒီလောက် နောက်ကျမှ နိုးထလာတဲ့ ပါရမီက ဘယ်လောက်များ ထူးခြားနိုင်မှာမို့လို့လဲ? အသုံးမကျတဲ့ ဝိညာဉ်စွမ်း အားလေး နိုးထလာတာနဲ့ တခြားလူတွေကို မြှူဆွယ်နိုင်မယ်လို့ ထင်နေတာလား ?”

“သူ့ ပါရမီက သူ့ညီမလေးရဲ့ အညံ့စား အရွက်စိုက်ပျိုးတဲ့ အဆင့်ထက် နည်းနည်းလေးပိုသာရင်တောင် ကံကောင်းလှပြီ!”

ချန်ကျိုးလည်း ထိုနည်းလည်း‌ကောင်း တွေးလိုက်သည်။ အကယ်၍ သူမသာ ကောင်းကောင်းကျင့်ကြံနိုင်ရင် သွေးရောင်းနေပါ့မလား?

ချန်ကျိုးသည် ယုံကြည်ချက်အပြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သစ်သားအိမ်များစွာ၏ ပြတင်း ပေါက်များ ပွင့်လာကြပြီး လူအများအပြားမှာ စပ်စုစွာဖြင့် အပြင်ကိုကြည့်နေကြသည်။

လူတိုင်း စောင့်ကြည့်နေကြသည်။

“ပုံမှန်ဆိုရင် စမ်းသပ်ပိုးမျှင်က မြန်မြန်တုံ့ပြန်လေ၊ ပါရမီက ပိုအားကောင်းလေပဲ”

“ဒီလောက်ကြာနေတာတောင် ဘာသတင်းမှ မကြားသေးဘူးလား ? အဘိုးကြီးလျို... နင် သူတို့ကို ဘယ်အချိန်မှာ မြင်လိုက်တာလဲ ?”

ချန်ကျိုး အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဟုတ်သည်၊ စမ်းသပ်ပိုးမျှင်က အချိန်အကြာကြီး ဘာမှမတုံ့ပြန်ဘူးဆိုတာ သူမဟာ အသုံးမကျသူ ဖြစ်နေလို့ပဲ ဖြစ်ရမည်။ ဒီအသုံးမကျတဲ့ မိန်းမဟာ နောက်ပိုင်းမှာ ဝိညာဉ်ကျောက်တုံးလေးတွေနဲ့ပဲ ရုန်းကန်နေထိုင်ရမှာပါ။

နောက်တစ်ခဏတွင် ကောင်းကင်ယံသို့ ဖြူစင်သော အလင်းတန်းတစ်ခု ထိုးတက်သွားသည်။

“သာမန်ပါရမီပဲ!”

“ထင်တဲ့အတိုင်းပဲ၊ အရမ်းအားနည်းတဲ့ ပါရမီပဲ!”

“သာမန်ပါရမီနဲ့ အရွက်စိုက်ရတာဟာ တစ်သက်လုံး နွား ကျောင်းသား၊ မြေတူးသမား ဘဝနဲ့ပဲ ပြီးဆုံးမှာပဲ!”

“‘ဝိညာဉ်ပိုးထည်ယက်လုပ်သူ’ အဆင့်အထိ တက်လှမ်းနိုင်ဖို့ လမ်းစမရှိတော့ဘူး!”

ချန်ကျိုးနှင့် သူ့အမေမှာ သက်ပြင်းချလိုက်ကြပြီး အပြုံးများကို မနည်းထိန်းထားရသည်။

“သား... နင် သူ့ကို ဘယ်တော့မှ လက်မထပ်နဲ့၊ နင့်ရဲ့ တာအိုလက်တွဲဖော်အဖြစ်လည်း မရွေးချယ်နဲ့!” ဟု အမေဖြစ်သူက အထင်သေးစွာ ပြောလိုက်သည်။

“ဒါပေမဲ့ သူ့ရဲ့ ပါရမီက နိုးထလာပြီဆိုတော့ သူမရဲ့ ဝိညာဉ်သွေးက ပိုပြီးဈေးကောင်းရလိမ့်မယ်၊ နောက်ကျ ငါ့သားအတွက် ဝိညာဉ်ကျောက်တုံးတွေကို နှစ်ဆတိုးပေးဖို့ သူ့ကိုပြောရမယ်! အဲဒီအခါကျမှ နင် သူ့ကို စကားလေး ဘာလေး နည်းနည်းပြန်ပြောပေးလိုက်ပေါ့!”

ချန်ကျိုး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူသည် ဒီနေ့ညတွင် စုကျိုထံသို့သွားပြီး သူမအား နောက်ဆုံးသတိ ပေးချက်ပေးရန် စိတ်ထဲတွင် တွက်ချက်နေတော့သည်။

သို့သော် ထိုခဏမှာပင် စူးရှတောက်ပလှသော ငါးရောင်ခြယ် အလင်းတန်းကြီးတစ်ခုသည် ‘ဝိညာဉ်စွမ်းအား စစ်ဆေးခြင်း ခန်းမ’ ဆီမှကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကိုလင်းထိန်သွားစေကာ၊ ချန်ကျိုးနှင့် သူ့အမေအိုတို့၏ မှင်သက်အံ့အားသင့်နေသော မျက်နှာများကိုပါ ရိုက်ခတ်သွားလေတော့သည်။

All Chapters