← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

ဝိညာဉ်စမ်းသပ်ခန်းအတွင်း၌ တောက်ရန်တစ်ယောက် စကားတစ်ခွန်းပင် မဟရသေးမီမှာပင် စုကျီကျီနှင့် စုရှင်းချန်တို့သည် စုကျို၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီး သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားကြတော့သည်။

စုကျီကျီမှာ ကြောင်အသွားပြီး “...ကျီကျီ အိမ်သာသွားချင်လို့လား၊ ဘာလို့ ကျီကျီကိုယ်တိုင် မသိရတာလဲ...”

သူ့ စကားပင် မဆုံးသေးခင်မှာပင် စုရှင်းချန်က သူ့ပါးစပ်ကိုလှမ်းပိတ်လိုက်သည်။ စုကျီကျီမှာ မျက်လုံးလေး အဝိုင်းသားဖြင့် ဝိုးတိုးဝါးတားနှင့် အသံထွက်နေရှာသည်။

နောက်တစ်ခဏတွင် ဘေးခန်းတစ်ခုထောင့်၌ ရပ်နေသော စုကျိုမျက်နှာမှာ အလွန်တည်ကြည်နေပြီး သူ့ဝဲယာလက်နှစ်ဖက်တွင် ဖဲချပ်များကစားနေသကဲ့သို့ အဆင့်မြင့်ကျင့်စဉ် ကျောက်စိမ်းပြား ၁၃၊ ၁၄ ပြားခန့်စီကို ယပ်တောင်ပုံစံ ဖြန့်ထုတ်လိုက်သည်။

စုကျီကျီ: “?”

စုရှင်းချန်: “...”

“တစ်ယောက်ကို ကိုးပြားစီ” စုကျို အမြန်တွက်ချက်လိုက်သည်။

စုကျီကျီ၊ စုရှင်းချန်: “???”

ဟင် ?

“တစ်ယောက်ကို အချိန်...” စုကျိုသည် ၇ မိနစ်ခွဲသာကျန်တော့သော Countdown ကို တစ်ချက်ကြည့်လိုက်ပြီး

“အမွှေးတိုင် တစ်စိတ်စာလောက်ပဲ အချိန်ရမယ်”

“ဒီကျင့်စဉ်ကျောက်စိမ်းပြားတွေကို အမြန်ဖတ်ပြီး မသင် ယူနိုင်ရင် အကုန်လုံးပျက်စီးသွားလိမ့်မယ်”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ မျက်လုံးအဝိုင်းသားဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။

စုကျိုသည် စကားကို တစ်အသက်ရှူစာအတွင်းပြောလိုက်ပြီးသည်နှင့် သူနှင့် အနီးဆုံးရှိ ‘သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်’ မိတ္တူကိုးစောင်ကိုဖွင့်ကာ အမြန်လှန်လှောဖတ်ရှုတော့သည်!

ထင်သည့်အတိုင်းပင်၊ ပထမဆုံးကျောက်စိမ်းပြားမှ ခက်ခဲနက်နဲသော စာသားများကို သူ ဖတ်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများထွက်ပေါ် လာသည်။ ‘အသိဉာဏ်ပွင့်လင်းခြင်း’ မန္တန်ကြောင့် စုကျို ထိုကျင့်စဉ်၏ နက်နဲသောအဓိပ္ပာယ်များကို ချက်ချင်း နားလည်သွားတော့သည်။

သူမ၏ ‘ဝိညာဉ်စမ်းသပ်လက်ပတ်’ ပေါ်တွင် သစ်ကိုင်းသစ်လေးတစ်ခု ငါးပုံတစ်ပုံခန့် ချက်ချင်းပေါက်ထွက်လာသည်! သူမ ‘သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်’ ၏ ပထမအဆင့်ကို အောင်မြင်စွာတတ်မြောက်သွားခြင်းပင်!

သို့သော် တစ်ချိန်တည်းမှာပင် စုကျိုလက်ထဲရှိ ကိုးခုမြောက် ကျောက်စိမ်းပြားအစွန်းမှ ကျောက်စိမ်းရောင် အလင်းတန်းမှာ တဖြည်းဖြည်းမှိန်ဖျော့သွားသည်။

“မြန်မြန်လုပ်ကြ! အူကြောင်ကြောင်လုပ်မနေနဲ့၊ အမြန်သင် ယူကြ!”

စုကျိုသည် ဒုတိယမြောက် ကျောက်စိမ်းပြားကို ဖွင့်ကာ အပြင်းအထန် စတင်ဖတ်ရှုတော့သည်။

စုကျီကျီနှင့် စုရှင်းချန်တို့မှာ အိပ်မက်မှ နိုးလာသကဲ့သို့ ချက်ချင်းဆိုသလို ခေါင်းငုံ့ကာ ဖတ်ကြတော့သည်!

အားးးးး!

အကုန်လုံး မသင်နိုင်ဘူး၊ တကယ့်ကို မသင်နိုင်ဘူး!

အသိဉာဏ်ပွင့်လင်းစေတဲ့ အစီအရင် ပါဝင်နေရင်တောင်မှ ဒီလောက်အဆင့်မြင့်တဲ့ ကျင့်စဉ်စာသားတွေကို ဖတ်ရတာက သူတို့ရဲ့မျက်လုံးတွေကို ကိုက်ခဲစေသလို အခြေခံအုတ် မြစ်ကိုလည်း အလွန်ပင်ပန်းစေသည်။

ဒီမှာ ကိုးမျက်နှာတောင် ရှိတာ၊ ကိုးခါ ပြန်ဖတ်ရမှာလေ!

စုကျီကျီမျက်နှာနှင့် နှာခေါင်းလေးပေါ်တွင် ချွေးစက်များ စတင် စို့လာတော့သည်။

“စိတ်အေးအေးထား ညီမလေး၊ ငါတို့ လုပ်နိုင်တယ်!”

စုရှင်းချန်က သွားကိုတင်းတင်းကြိတ်ထားသည်။

အရင်ကတော့ သူတို့မှာ သင်ယူစရာ အဆင့်မြင့်ကျင့်စဉ် မရှိခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ တစ်ယောက်ကို ကိုးအုပ်၊ အသိ ဉာဏ်ပွင့်လင်းဖို့ အခွင့်အရေးကိုးကြိမ်တောင်ရနေတာပဲ...!

အချိန်မီအောင် မသင်နိုင်စရာအကြောင်းမရှိဘူး! လုံးဝ မရှိဘူး!

စုရှင်းချန် နဖူးပေါ်တွင် ‘သန်မာသော သစ်သားပါရမီ’ ၏ သစ်မြစ်ပုံစံ ဝိညာဉ်စာသားများ လက်ခနဲပေါ်လာပြီး၊ ခြံဝင်းအတွင်းရှိ မြင့်မားသော သစ်ပင်ကြီးမှ သစ်ကိုင်းသွယ်သွယ်လေးတစ်ခုသည်ပျံထွက်လာကာ သူ့ခေါင်းတွင် လာရောက်ရစ်ပတ်သည်။

ထိုသစ်ကိုင်းမှာ သူ့ခေါင်းကို တစ်ပတ်ပတ်ပြီးနောက် ဆက် လက်ရှည်ထွက်သွားကာ စုကျီကျီခေါင်းကို တစ်ပတ်ပတ်ပြီး စုကျိုခေါင်းဆီသို့ပါ ရောက်ရှိသွားတော့သည်။

စုကျီကျီ: “...”

စုကျို: “...”

စုရှင်းချန် သွားကို ကြိတ်ကာ - “ငါ့ရဲ့ ‘သန်မာတဲ့ သစ်သားပါရမီ’ က သစ်ကိုင်းတွေကတစ်ဆင့် ငါတို့သုံးယောက်ရဲ့ အသိစိတ်ပင်လယ်ကို ယာယီချိတ်ဆက်ပေးထားနိုင်တယ်”

စုကျိုနှင့် စုကျီကျီတို့ အံ့အားသင့်စွာရေရွတ်လိုက်ကြသည်။

“တစ်ယောက်ယောက်က တစ်ခုခုကိုတွေးလိုက်တာနဲ့ ကျန်တဲ့နှစ်ယောက်ကပါ အာရုံခံနိုင်မယ်၊ ဒါဆို သုံးယောက်လုံး တစ်ပြိုင်တည်း သင်ယူနေတာနဲ့အတူတူပဲ”

“ပြီးတော့ သစ်ပင်တွေဆီကနေ အာဟာရဓာတ်တွေကိုလည်း စုပ်ယူလို့ ရသေးတယ်”

စုကျိုသည် စုရှင်းချန်၏ ‘ချိုင့်ဝှမ်းရှိ သစ်ခွကျင့်စဉ်’ ကို ဖတ်ရှုနားလည်မှုကို ချက်ချင်းကြားလိုက်ရသလို၊ စုကျီကျီ၏ ‘သစ်သားဆူးတစ်ထောင်ကျင့်စဉ်’ အပေါ် အပေါ်ယံ နားလည်မှုကိုလည်း လျင်မြန်စွာအာရုံခံမိလိုက်သည်!

သူမသည် ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်ရာ သူတို့လည်း သူ့ ‘သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်’ ဖတ်ရှုသံကို ကြားနေရပုံပေါ်သည်။

ငါတို့ လုပ်နိုင်တယ်!

စုကျို ရုတ်တရက် ယုံကြည်ချက်များ ပြည့်နှက်သွားသည်။

ခေါင်းတစ်လုံးတည်းနဲ့မသင်နိုင်ရင် ခေါင်းသုံးလုံးနဲ့ ပေါင်း သင်လိုက်လို့ ရတာပဲ!

ဘန်း—

ကျောက်စိမ်းပြားများ ကွဲကြေသွားသည့်အသံများ မြေပြင်ပေါ်တွင် ဆက်တိုက်ဆိုသလိုထွက်ပေါ်လာသည်။

ထို့နောက် သာယာသော ‘ပေါ့’ ခနဲ အသံလေး သုံးကြိမ် ထွက်ပေါ်လာသည်။

တောက်ရန်သည် ဝိညာဉ်စမ်းသပ်ခန်း၏ပြတင်းပေါက်ကို သံသယဖြင့် ကြည့်ကာ အပြင်ထွက်စစ်ဆေးရန် ပြင်နေစဉ်မှာပင် ကန့်လန့်ကာကြီးပွင့်သွားတော့သည်။

“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် ဆရာကြီးတောက်”

စုကျို ပါးပြင်လေးများ ရဲတက်လျက် ပြုံးကာနှုတ်ဆက်လိုက်သည်။ သူ့နောက်တွင်တော့ အမောတကောနှင့် ချွေးဒိုင်ဒိုင်ကျနေသော ကလေးနှစ်ယောက်ပါလာသည်။

ထူးခြားသည်မှာ သူတို့သုံးဦးလုံး၏ကိုယ်ပေါ်တွင် ကျင့်စဉ်အဆင့် တက်လှမ်းအောင်မြင်သွားသည့် အလင်းတန်းများ ဝန်းရံနေခြင်းပင်!

စုကျီကျီမှာ ရီယွမ်အဆင့် ၄၊ စုရှင်းချန်မှာ အဆင့် ၆ သို့ ရောက်ရှိသွားကြသည်။ စုကျိုမှာမူ သူ ဒဏ်ရာမရခင်က ကျင့်ကြံမှုအဆင့်ဖြစ်သော ရီယွမ်အဆင့် ၆ သို့ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

တောက်ရန်: “?”

စုကျို အသက်ကို ပြင်းပြင်းရှူကာ နဖူးပေါ်မှ ချွေးစက်များကိုသုတ်လိုက်သည် - “ဒီလိုပါ ဆရာကြီး... ကျွန်မ အိမ်သာသွားရင်းနဲ့ အဲဒီကျင့်စဉ်စာအုပ်ကို တစ်ချက်လောက် လှန်ကြည့်လိုက်မိလို့ပါ”

“? ဟင် ?” တောက်ရန်မှာ ဆွံ့အသွားရသည်။

‘သစ်သားစိမ်းကျင့်စဉ်’ မှာ အသိဉာဏ်ပွင့်လင်းစေတဲ့ အစီအရင်ပါဝင်တယ်ဆိုပေမဲ့ တစ်ခါပဲ သုံးလို့ရတာလေ၊ စုကျိုကအိမ်သာတစ်ခါသွားရုံနဲ့ အဆင့်တက်လာတယ်ဆိုတာ... ဒါ ‘သူတော်စင်အဆင့်’ ပါရမီရှင်တွေရဲ့ အနိုင်ကျင့်မှုလား?

“ဒါဆို...”

တောက်ရန်က ဘေးက ကလေးနှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည် - “သူတို့ကျတော့ကော...”

“ဪ...” စုကျိုက ခေါင်းညိတ်ပြသည် - “သူတို့က ကျွန်မရဲ့ဘေးတစ်ဖက်တစ်ချက်က အိမ်သာခန်းတွေထဲမှာ ရှိနေကြတာလေ၊ ကျွန်မ ကျင့်စဉ်ကို ရွတ်ဖတ်နေတာကို သူတို့ ကြားသွားကြပုံရတယ် ဆရာကြီး”

တောက်ရန်: “...? ကြားရုံနဲ့ သင်ယူပြီး အဆင့်တက်သွားကြတာလား ?”

“ဟုတ်ကဲ့” စုကျိုက အသာအယာ ပြုံးလိုက်သည် - “ဆရာ ကြီးပေးတဲ့ အဆင့်မြင့်ကျင့်စဉ်က တကယ် အစွမ်းထက်တာပဲ”

တောက်ရန်မှာ မျက်လုံးအဝိုင်းသားဖြစ်နေတော့သည်။ စုကျီကျီနှင့် စုရှင်းချန်တို့ မျက်နှာများမှာမူ ရှက်လွန်းသဖြင့် နီမြန်းနေကြသည်။ သူတို့တစ်ယောက်ချင်းစီမှာ ကျင့်စဉ်မိတ္တူ ၉ စောင်စီကို ‘ဝါးမြို’ ခဲ့ကြသည် မဟုတ်ပါလား ?

ထိုခဏ၌ ဘေးခြံဝင်းအတွင်းရှိ ကျင့်စဉ်ကျောက်စိမ်းပြား ၂၇ ပြားလုံးမှာ အမှုန့်အဖြစ်ပြောင်းလဲသွားချေပြီ။ စုရှင်းချန် အသုံးပြုခဲ့သော သစ်ကိုင်းဝိညာဉ်များမှာလည်း ချက် ချင်း ညှိုးနွမ်းသွားသဖြင့် စုကျီကျီမှာ သူ့ ‘အသက်ပေးပါရမီ’ ကိုသုံးကာ မနည်းပြန်လည်အသက်သွင်းခဲ့ရသည်။

စုကျိုသည် ယခုအခါ အဆင့်မြင့်ကျင့်စဉ် သုံးမျိုးစလုံးကို စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်သည်။ သို့သော် သူ့အတွက် လက်ရှိအရေးကြီးဆုံးမှာ ‘သွေးစွမ်းအင်’ ဖြစ်သဖြင့် ‘အသက်ပြုစုပျိုးထောင်ခြင်းကျင့်စဉ်’ကိုသာ အဓိကထား ရွေးချယ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ သွေးစွမ်းအင်မှာအဆ မတန် တိုးပွားလာတော့သည်။

“ဆရာကြီး... ကျွန်မတို့ ဆက်လုပ်ကြမလား ?”

စုကျိုသည် ပင်ပန်းနွမ်းနယ်မှုကြောင့် လက်ထိပ်ကလေးများ တုန်ရီနေသော်လည်း ဝှီးချဲပေါ်ပြန်ထိုင်ကာ သူ့ သွေးစွမ်းအင်တက်လာမှုကို စစ်ဆေးနေသည်။

[+၀.၂ +၀.၂]

“...ဒါဆိုလည်း...”

တောက်ရန်သည် ဝှီးချဲပေါ်ရှိ သူမ၏ ‘အားနည်းပုံရသော’ အသွင်အပြင်ကို ကြည့်ကာ နှုတ်ခမ်းများတွန့်သွားသည် - “အခု နင့်ရဲ့ ခွင့်ရက်ကို ပယ်ဖျက်ပေးလိုက်တော့မယ်”

စုကျို ခေါင်းညိတ်ပြရာ တောက်ရန်လက်ညှိုးမှ အလင်း တန်းတစ်ခု ထွက်ပေါ်လာပြီး စုကျီကျီတို့ထက် ၃ လက်မခန့် ပိုကြီးသော ‘ခရမ်းရွှေရောင်’ သစ်သားတံဆိပ်ပြားတစ်ခု စုကျို ခါးထက် လာရောက်ချိတ်တွဲသွားသည်။

-

[ စုကျို - ရီယွမ်အဆင့် ၆ ]

[ ရာထူး - ဝိညာဉ်ပိုးကောင်ဂေဟာ၊ ပထမထပ် ပိုးစာဥယျာဉ် ]

[ ပါရမီစွမ်းရည် - လျှို့ဝှက် (ထွက်နှုန်း ၄ ဆ၊ အုပ်ချုပ်ရေးမှူးနှင့် အထက်သာ ကြည့်ရှုခွင့်ရှိသည်) ]

[ စုစုပေါင်း အကြွေး - ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ (နေမကောင်းခွင့် ၂ လစာနှင့် လူမှုဖူလုံရေးစရိတ် ၁၅,၀၀၀ စီ) ]

-

စုကျို မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။

“ဒါက ပုံမှန်ပါပဲ” ဟု တောက်ရန်က ရယ်မောလျက်ဆို သည် - “နင် နှစ်လလုံးလုံး ဘာမှမထုတ်လုပ်နိုင်ခဲ့ဘူးလေ၊ ဂေဟာက နင့်ကို ခိုလှုံခွင့်ပေးထားပြီး နှင်မထုတ်ခဲ့တာပဲ ကျေးဇူးတင်ရမယ်၊ အကျိုးဆက်မရှိရင် တခြားကြိုးစားနေတဲ့သူတွေအတွက် မတရားရာ ရောက်မှာပေါ့။”

စုကျို အသက်ကို ပြင်းပြင်းရှူကာ ခေါင်းညိတ်လက်ခံလိုက်သည်။ သူမအတွက် အကြွေးဆိုသည်မှာ ဘယ်နေရာမှာမဆို ဆပ်ရမည့်အရာသာ။

“နှုတ်ယူထားလိုက်ပါ ဆရာကြီး”

“နင် တော်တော်လေးလိမ်မာသားပဲ”

တောက်ရန်က ပြုံးလျက် သူ့သစ်သားပြားကို အသာအယာ ထိလိုက်သည်။ သူမ ယခုလေးတင် ဆုရရှိထားသော ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ နှင့် အခြားဆုကြေးများမှာ အကြွေးစာရင်းမှ ချက်ချင်းနှုတ်ယူခြင်း ခံလိုက်ရသည်။

ရလဒ်မှာ အကြွေး ၁၇,၀၀၀ သာ ကျန်တော့သည်။

ထို့နောက် သူက လက်ကိုမြှောက်ကာ စုကျိုနဖူးကိုထိလိုက်သည်။ စုကျိုသည် သူ့မျက်စိသူငယ်အိမ်ထဲတွင် ထင်ဟပ်နေသော ကိန်းဂဏန်းများကိုမြင်လိုက်ရသည် -

[ ၀ → ၄၉၅၉ ]

သူ့ မျက်ခုံးနှစ်ခုကြားရှိ ကြက်သွေးရောင် ‘သုည’ ဂဏန်းမှာအရှိန်အဟုန်ဖြင့် ခုန်တက်သွားပြီးနောက် တည်ငြိမ်သွားတော့သည်။ စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း ထိုသို့ဖြစ် လာမည်ကို မျှော်လင့်ထားပြီးသားပင်။

All Chapters