← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

စုကျီကျီက သူမကို နှစ်သိမ့်ရန် အလျင်အမြန် လှည့်ကြည့်လိုက်သည် - "ကျဲ စိတ်မပူပါနဲ့၊ အရင်က နှစ်လလုံးလုံး ဒဏ်ရာရနေခဲ့တာဆိုတော့ ဒါ ပုံမှန်ပါပဲ—"

တောက်ရန်မှာမူ တစ်စုံတစ်ခုကိုပြောရန် တွန့်ဆုတ်နေ သည်။

သူ စကားပင် မစရသေးမီ စုကျို နဖူးပေါ်ရှိကြက်သွေး ရောင် ဂဏန်းများမှာ ထပ်မံခုန်တက်သွားပြန်သည်!

[ ၄၉၅၉ → ၄၇၅၇ ]

ဂဏန်းများ ပြောင်းလဲသွားပြီးနောက် ထပ်မံခုန်တက်သွားပြန်သည်!

[ ၄၇၅၇ → ၄၁၉၉ ]

[ ၄၁၉၉ → ၉၉ ]

ဂဏန်း ၉၉ သည် စုကျို နဖူးအလယ်တွင် ရပ်တန့်သွားပြီး ၎င်း၏မှိန်ပျပျငွေရောင်အလင်းတန်းမှာ ကောင်းကင်ယံရှိ လခြမ်းကွေးလေးတစ်ခုကဲ့သို့ တောက်ပနေတော့သည်။

စုကျီကျီ မျက်လုံးများမှာ အရောင်တောက်သွားသည် -

“ဝါး...”

၉၉!

နံပါတ် ၉၉!

ထိပ်တန်း ၁၀၀ ထဲ ရောက်သွားပြီ!

စုရှင်းချန် လက်ကိုမြှောက်ကာ သူ့မျက်လုံးများကို ပွတ်ကြည့်လိုက်မိသည်။

“ကျဲက အဆင့်နှစ်ထောင်၊ သုံးထောင်... မဟုတ်ဘူး၊ အဆင့် လေးထောင်ကျော်တောင် တက်လာတာပဲ!”

စုကျီကျီ လက်ချောင်းလေးများဖြင့် ရေတွက်ရင်း အံ့ဩတကြီး ရေရွတ်နေတော့သည် - “ဒုတိယအစ်ကို့ထက်တောင် ပိုတော်သေးတယ်! ဝါး...”

သူ့ညီမလေး၏ ‘ဝါး’ သုံးကြိမ် အာမေဍိတ်သံကိုကြား လိုက်ရသဖြင့် စုရှင်းချန်မှာ အဆင့်နှစ်ထောင်ကျော်ရှိသော သူ့နဖူးရှိ အမှတ်အသားဆီမှ နာကျင်မှုကိုခံစားလိုက်ရသလိုပင်!

တောက်ရန်ကမူ ထိုသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးသားဖြစ်သဖြင့် စုကျိုကို ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည် - “သူတော်စင်အဆင့် ဆုလာဘ်ကရတဲ့ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ က ဂေဟာကိုပေးရမယ့် အကြွေးတွေကို ခုနှိမ်လိုက်ပေမဲ့၊ ဒါက ဒီလအတွက် နင့်ရဲ့ဝင်ငွေအဖြစ်သတ်မှတ်လို့ရတယ်၊ ပထမဆုံးနေ့မှာပဲ ကျောက်တုံး တစ်သောင်းရှာနိုင်တာက နင့်ကို ထိပ်တန်း ၁၀၀ ထဲ ရောက်စေတာပေါ့”

“ဒါပေမဲ့...”

တောက်ရန်၏ မျက်နှာမှာ ချက်ချင်းတည်ကြည်သွားသည် - “နင် ဒီအဆင့်ကို ဆက်ထိန်းထားရမယ်၊ မဟုတ်ရင် တခြားသူတွေက နင့်ကို အချိန်မရွေးကျော်တက်သွားလိမ့်မယ်”

စုကျို ခေါင်းညိတ်လိုက်သည် - “ဟုတ်ကဲ့၊ နားလည်ပါပြီ”

ဝိညာဉ်ပိုးကောင်ဂေဟာ၏ အဆင့်သတ်မှတ်ချက်မှာ ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်မှုအပေါ်တွင် မူတည်သည်။ သူမ ဆက်လက် ရှေ့တိုးရမည်သာ။

“ဆရာကြီးတောက်... ဒါဆိုရင် ကျွန်မတို့ကို ခွင့်ပြုပါဦး၊ ကျေးဇူးတင်ပါတယ်”

စုကျိုသည် ယနေ့ရရှိသော အကျိုးအမြတ်များအတွက် ကျေနပ်နေသည်။ သူမသည် တောက်ရန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် ညီမဖြစ်သူနှင့်မောင်ဖြစ်သူဘက် လှည့်လိုက်သည် - “ဘေးခန်းမှာ ဒဏ်ရာသွားကုရအောင်”

သူမသည် အဆင့်မြင့်ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် သွေးစွမ်းအင်မှာ နှစ်ဆမြန်မြန်ပြန်တက်နေသော်လည်း လှုပ်ရှားလိုက်တိုင်း သွေးစွမ်းအင်လျော့နည်းနေဆဲဖြစ် သည်။ ကျူပိုင်ယွီ ပြောခဲ့သလိုပင် သူမ၏ဒဏ်ရာမှာ သာမန်ဒဏ်ရာ မဟုတ်ပုံရသဖြင့် ဆရာဝန်နှင့်ပြရန်လိုအပ်သည်။

သို့သော် သူထွက်လာချိန်တွင် ဝိညာဉ်စမ်းသပ်ခန်းမှညာ ဘက်သို့ ကွေ့လိုက်လျှင် ဆွေးနွေးကုသမှုခန်းမရှိသည်ကို တွေ့ရသည်။

“ဟင် ? စုကျို... ဒဏ်ရာဟောင်းကို ကုချင်လို့လား ?”

စုကျို စကားကို ကြားသောအခါ တောက်ရန်ဆံပင်နှင့် မုတ်ဆိတ်များမှာ တုန်ခါသွားသည်။

သူသည် အပြင်ဘက်ရှိနေရောင်ကို တစ်ချက်ကြည့်လိုက်ရာ၊ သူသည် ဤအထပ်တွင် အချိန်နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ့ပထမထပ် တာဝန်ကျချိန်မှာ ကုန်ဆုံးသွားပြီဖြစ်၍ ဒုတိယအထပ်သို့တက်ရန် အချိန်ရောက်ပြီဖြစ်သည်။

တောက်ရန်က အော်ပြောလိုက်သည် - “စုကျို... ဒီအထပ်ရဲ့ကုသရေးပိုင်းကလည်း ငါ့ လက်အောက်မှာပဲရှိတာ၊ ဒါပေမဲ့ ငါ နောက်လမှပြန်လာမှာဆိုတော့၊ နင် ဒီအတော အတွင်း ဂျင်ဆင်းတချို့ဝယ်စားပြီး ကျင့်ကြံမှုကိုပဲအာရုံ စိုက်ထားလိုက်၊ လောလောဆယ်တော့ ဒီအတိုင်းကြံ့ကြံ့ခံထားဦး”

ထို့နောက် သူ အပြင်သို့ ထွက်သွားကာ ဝိညာဉ်စမ်းသပ်ခန်းကို ‘ပိတ်ထားသည်’ ဟူသောတံဆိပ်ကပ်လိုက်ပြီး ကုသရေးခန်းမတွင်လည်း ‘တာဝန်ပြီးဆုံး’ အမှတ်အသားထား ခဲ့တော့သည်။

စုကျို နှုတ်ခမ်းများ တွန့်သွားသည်။

စုကျီကျီ သက်ပြင်းချလိုက်သည် - “ကျဲ... မေ့သွားပြီလား? လဆန်း ၁ ရက်နေ့ မနက်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ငါတို့ရဲ့ပထမထပ်က ‘ဆရာတစ်ရာဂေဟာ’ မှာ တာဝန်ကျတဲ့သူ တစ်ယောက်မှမရှိဘူးလေ”

စုကျို ဒဏ်ရာရနေသော လက်များမှာ တုန်ရီသွားသည် - “ဒါဆို... အရင်က ငါ့ကို ကုပေးဖို့ ဘယ်ဆရာဝန်ကိုရှာခဲ့ကြတာလဲ ?”

“လဆန်း ၁ ရက်နေ့ကလွဲရင်... ပုံမှန်ဆိုရင် ဒုတိယအစ်ကိုက သူဝယ်ထားတဲ့ ဆေးကျမ်းတွေကိုကြည့်ပြီး ကျဲ အတွက် ဆေးစပ်ပေးတာလေ”

“!”

စုကျိုသည် သူ့ ရင်ဘတ်ကို ဖိထားလိုက်မိသည်။ သူ ဘာလုပ်လုပ် သွေးစွမ်းအင်တွေ ဘာကြောင့် ဒီလောက်ဆုံးရှုံးနေရသလဲဆိုသည်အား အခုမှ နားလည်တော့သည်။

သူမသည် လူပျိုပေါက်အရွယ်သာရှိသေးသော စုရှင်းချန်အား ရန်ထောင်သည့် အကြည့်ဖြင့်ကြည့်လိုက်သည် - “တတ်ယောင်ကား သမားတော်!”

စုရှင်းချန် မျက်နှာရဲတက်သွားပြီး - “ဒါ တကယ့်ဆေး ကျမ်းအစစ်ပဲ၊ ငါ လတိုင်း ဆရာကြီးတောက်ကို မေးမြန်းတိုင်ပင်နေတာပဲလေ” ဟုဆိုကာ ခေါင်းလွှဲသွားတော့သည်။

စုကျိုသည် တောက်ရန်ပေးခဲ့သော ‘အားဖြည့်ဆေးလုံး’ ပုလင်းကိုဖွင့်ကာ ဆေး ၁၂ လုံးစလုံးကို ပါးစပ်ထဲတစ်ခါ တည်း သွတ်သွင်းလိုက်သည်။ သူ့ သွေးစွမ်းအင်တန်ဖိုး ၁၁၅၉ သို့တက်သွားမှသာ သူ့ စိတ်မှာ ငြိမ်သက်သွားတော့ သည်။

“ကဲ... ငါ ဂိတ်တံခါး ပိတ်တော့မယ်”

“အားလုံး အမြန်ထွက်ကြတော့!”

စုကျိုတို့ သုံးယောက်တင်မကဘဲ ဆရာတစ်ရာဂေဟာတွင် စောင့်ဆိုင်းနေသော တခြား အနိမ့်တန်းကျင့်ကြံသူများ အားလုံးမှာလည်း တောက်ရန်၏အင်္ကျီလက်ခါလိုက်သော အရှိန်နှင့်အတူ ခြံဝင်းတံခါးဆီသို့ သုံးလံခန့်လွင့်စင်ထွက်သွားကြတော့သည်!

စုကျိုဝှီးချဲမှာမူ လေထဲတွင် ညင်သာစွာပျံဝဲသွားပြီး တံခါးဝရှိမြည်းလှည်းပေါ်သို့ အသာအယာ ကျဆင်းသွားသည်။

သို့သော် သူမြည်းလှည်းပေါ်သို့ ရောက်သည်နှင့် သူ့ မျက် နှာပေးမှာ ထူးဆန်းသွားတော့သည်။

[အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၉ ရှိသော တောက်ရန်၏ 'ဝိညာဉ်လေဟုန်ဝါးမြိုလက်ဝါး' တိုက်ကွက်ကိုရှာဖွေတွေ့ရှိသည်။]

[ထိတွေ့ချိန်- ၃ စက္ကန့်။]

[သွေးစွမ်းအင် လုံလောက်မှုရှိသဖြင့် ကူးယူခြင်း စတင်နေပြီ...]

“!”

-

“ခဏနေရင် သူ အပြင်ထွက်လာတာနဲ့ စုကျိုကို သွားထိလိုက်၊ အတင်းဖက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ပြ၊ ဒီ ‘သူတော်စင်အဆင့်’ ပါရမီရှင်မလေးကို အတင်းတွယ်ကပ်ချင်သလိုမျိုး ကြမ်းကြမ်းတမ်းတမ်းလုပ်ရမယ်၊ နားလည်လား ?”

“ငါ ထွက်လာတဲ့အထိ စောင့်နေ၊ ပြီးရင် ငါ့ကိုကြောက်လို့ ထွက်ပြေးသွားတဲ့ပုံစံ လုပ်ရမယ်၊ မှတ်ထားနော်”

ခြံဝင်းဘေးရှိ ပိုးစာတောကွင်းပြင်တွင် ချန်ကျိုးသည် ဘေးအိမ်မှ လူပေလူတေ လေလွင့်သူတစ်ဦးကို ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် လမ်းညွှန်နေသည်။

ထိုလူပေလူတေ လေလွင့်ကမူ တဟဲဟဲရယ်လျက် - “သိပါတယ်ကွာ၊ မင်းက မင်းသမီးကို ကယ်တဲ့သူရဲကောင်းလုပ်ချင်လို့ ငါ့ကို လူကြမ်းလုပ်ခိုင်းတာမလား? ဝိညာဉ်ကျောက်တုံး တစ်ထောင်ပေး!”

ချန်ကျိုး နှမြောတသဖြင့် ထိုငွေကို ပေးလိုက်ရသည်။

‘သားကောင်ကို ဖမ်းချင်ရင် သားငယ်ကို အရင်းပြုရမယ်’ ဆိုသလိုပင်! သူသည် သူတော်စင်အဆင့်ရှိသော စုကျိုအား သူ့ကောင်းကွက်များကို ပြန်လည်မြင်ယောင်လာစေရန် ဇာတ်လမ်းတစ်ပုဒ် ခင်းကျင်းနေခြင်းသာ။

“မြန်မြန်လုပ်၊ သူ လှည်းနဲ့လာနေပြီ!”

ချန်ကျိုးသည် ပိုးစာပင်နောက်မှနေ၍ ထိုလူပေလူတေ အား အပြင်သို့တွန်းထုတ်လိုက်သည်။

စုကျိုသည် မြည်းလှည်းပေါ်ထိုင်လျက် သူ့သိုလှောင်ရုံအချက်အလက်များကိုကြည့်နေသည်။

[သိုလှောင်ရုံနေရာ မလုံလောက်သဖြင့် သိမ်းဆည်း၍မရပါ။]

[တောက်ရန်၏အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၉ ‘လေဟုန်ပို့လက်ဝါး’ တိုက်ကွက် ၉ ခု (မိတ္တူ - ရီယွမ်အဆင့် ၉ အကြမ်းစားသို့ လျှော့ချထားသည်) လျှံထွက်တော့မည်။]

စုကျို မျက်ခုံးများတွန့်သွားသည်။ သူမ လမ်းဘေးရှိလူ သွားလူလာများကို ရှောင်ရှားလျက် သူမ ညာဘက်လက်ကိုလမ်းမပေါ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့အမြန်ပစ်မှတ်ထားလိုက်သည်။

သို့သော် အချိန်က အလွန်စိုးရိမ်နေပြီဖြစ်ရာ သူ့ညာလက်မှာ ပိုးစာပင်၏ဘေးကိုင်းတစ်ခုဆီသို့ ရောက်ရုံသာရှိသေးသော်လည်း ဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့ပေ။

“ဖယ်ကြစမ်း!”

စုကျို အော်ဟစ်လိုက်သည်နှင့် သူ့ ညာဘက်အင်္ကျီလက်မှာ လေပြင်းများ တိုးဝင်လာသကဲ့သို့ ဖောင်းကားသွားပြီးနောက်၊ လက်တွင်းမှ လေပြင်းတိုက်ကွက်တစ်ခုမှာ ပိုးစာ ပင်ဆီသို့ ဒိုင်းခနဲပစ်ထွက်သွားတော့သည်!

သူ့ထံသို့ ပြေးဝင်လာသော လူပေလူတေမှာ မှင်သက်သွားသည်။ ဖုန်မှုန့်များထသွားသည်အထိ ပြင်းထန်သောလေ ပြင်းကို မြင်သည်နှင့် သူ အလိုအလျောက် ဘေးသို့ရှောင်လိုက်မိသည်။

ထို့နောက် သူ ဆဲဆိုလိုက်သည်။

ပိုးစာပင်နောက်တွင် ပုန်းနေသော ချန်ကျိုးမှာမူ ‘ဝုန်း’ ခနဲ အသံနှင့်အတူ ရိုက်ခတ်ခံလိုက်ရပြီး လေထဲသို့ စွန်တစ်ကောင်အလား လွင့်စင်ထွက်သွားတော့သည်...

ချန်ကျိုး: “!”

လူပေလူတေ : “...?”

All Chapters