← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

“နောက်ဆုတ်လိုက်တော့... ငါပဲ လုပ်လိုက်မယ်”

ဖင်ကလေးကုန်းကာ အလုပ်ရှုပ်နေသော စုကျီကျီသည် ထိုစကားကိုကြားသည်နှင့် မျက်လုံးလေးများဝင်းခနဲ ဖြစ်သွားရသည်။ သူမသည် စုကျို၏ ‘အကဲခတ်နိုင်စွမ်း’ ကို ယုံကြည်ပြီးသားပင်။ မနက်က မြည်းလှည်းရွေးခဲ့ပုံကို ကြည့်ရုံနှင့် သိနိုင်သည် မဟုတ်ပါလား!

စုရှင်းချန်လည်း အလိုက်တသိဖြင့် စုကျိုအတွက် နေရာဖယ်ပေးလိုက်သည်။ စုကျိုသည် ဝှီးချဲကိုတွန်းရင်း ဝါးခြင်းတောင်းများကို တစ်ခုပြီးတစ်ခု စစ်ဆေးတော့သည်။

[ ပထမတန်းစား အလတ်စား... ခန့်မှန်းတန်ဖိုး ဝိညာဉ်ကျောက်တုံး ၁၄၂... ]

[ ပထမတန်းစား အလတ်စား... ခန့်မှန်းတန်ဖိုး ၁၈၂... ]

တန်ဖိုးပိုမြင့်သော မျိုးစေ့ကိုတွေ့သည်နှင့် စုကျို အချက် ပြလိုက်ရာ စုကျီကျီက အမြန်လဲလှယ်ယူလိုက်သည်။ စုရှင်းချန်ကတော့ ဝှီးချဲတွန်းပေးသည့် တာဝန်ကိုယူထားသည်။ ခြင်းတောင်းပေါင်း ရာနဲ့ချီ စစ်ဆေးပြီးသော်လည်း စုကျို မကျေနပ်သေးပေ။

“ဒုတိယအထပ်ကို တက်ရအောင်”

ဒုတိယအထပ်တွင်လည်း အဝင်ဝ၌ကြေညာထားသည့် ‘ထိပ်တန်းမျိုးစေ့အိတ်’ ကို မတွေ့ရသဖြင့် စုကျိုက လက်မလျှော့ဘဲ တတိယအထပ်သို့ ဆက်တက်ရန် ပြောလိုက်သည်။

---

တတိယအထပ် အဆုံးပိုင်း၌—

“ဘာလို့ ဒီမှာ ဆွေးမြည့်နေတဲ့ မျိုးစေ့တွေ ရှိနေရတာလဲ?”

“ငါတို့ကို စော်ကားချင်လို့ တမင် ထည့်ထားတာလား? အောက်ခြေအဆင့် ဝိညာဉ်လယ်သမားတွေကို ဒီလိုပဲ ဆက်ဆံတာလား?!”

ကျင့်ကြံသူ အများအပြားမှာ နှာခေါင်းကိုပိတ်ကာမျက် မှောင်ကြုတ်လျက် ထိုနေရာမှလှည့်ပြန်ကုန်ကြသည်။ စုကျို လှမ်းကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် မီးလောင်ထားသကဲ့သို့ မည်းတူးနေပြီး ပင့်ကူအိမ်များ ရစ်ပတ်နေသော ဝါးခြင်းတောင်း သုံးခြင်းကိုတွေ့လိုက်ရသည်။ ခြင်းတောင်းအပေါ်ယံတွင် မှိုတက်နေသော မျိုးစေ့များ ဖုံးလွှမ်းနေသည်။

စုကျိုသည် ခေတ္တစဉ်းစားပြီးနောက် ထိုနေရာသို့ သွားရန် အချက်ပြလိုက်သည်။ သူမ အတွေ့အကြုံအရ အပြင်ပန်းကြည့်ရဆိုးသော အရာများတွင် ရတနာဝှက်နေတတ်သည် မဟုတ်ပါလား။ စုကျိုသည် လူတိုင်းရှောင်ဖယ်နေသော ထိုမှိုတက်မျိုးစေ့များကို လှမ်းကိုင်လိုက်စဉ်—

“ကျိုအာ... ငါ နင်တို့ကို မနည်းရှာလိုက်ရတယ်! နင် ပါရမီနိုးထလာတာကို ဘာလို့ ငါ့ကို မပြောတာလဲ ? ငါသာရှိရင် စမ်းသပ်ပွဲကို အတူလိုက်ပေးမှာပေါ့... ဟူး... ထားပါတော့၊ အခု မျိုးစေ့လာရွေးတာဆိုတော့... ငါ ကူညီပေးမယ်!”

ချန်ကျိုးသည် အမောတကော ပြေးဝင်လာပြီး စုကျို ဝှီးချဲနောက်ကျောပေါ်သို့ မှီချလိုက်လုနီးပါးဖြစ်သွားသည်။ စုကျို မော့မကြည့်ရသေးမီမှာပင် ပြင်းထန်သောချွေးနံ့ကို အရင်ရလိုက်သည်။

လှည့်ကြည့်လိုက်ရာ၊ အမြဲတမ်း သပ်သပ်ရပ်ရပ်ရှိနေတတ်သော ချန်ကျိုးမှာ ယနေ့တွင် ရွှံ့များပေကျံနေပြီးဖိနပ်တစ် ဖက်ပင် ပျောက်နေကာ ရွှံ့ပေနေသော ခြေအိတ်တစ်ဖက်တည်းနှင့်ဖြစ်နေသည်!

စုကျိုကမူ ရွံရှာသောအကြည့်ဖြင့် - “ထွက်သွားစမ်း”

ချန်ကျိုး ဆံပင်ဖရိုဖရဲ၊ ဦးထုပ်စောင်းလျက်ဖြင့် - “ကျိုအာ... ငါ ရှင်းပြပါ့မယ်၊ ငါ ဒီလိုပုံစံဖြစ်သွားတာ အကြောင်းရှိပါတယ်၊ မျိုးစေ့ရွေးပွဲဖွင့်တာနဲ့ နင့်ကိုကူညီဖို့ ငါ အပြေးလာခဲ့တာ၊ ဒါပေမဲ့ ဘယ်သူက သိမှာလဲ... လမ်းမှာ ရိုင်းစိုင်းတဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ချောင်းတိုက်ပြီး ‘လေဟုန်ပို့လက်ဝါး’ ၉ ချက်တောင် ဆက်တိုက်သုံးသွားတာလေ!”

“တကယ် လွန်လွန်းတယ်! အဲဒီလူက လူယုတ်မာပဲ! ငါ ဒါကို အုပ်ချုပ်ရေးမှူးဆီ သွားတိုင်ဦးမယ်၊ မျိုးစေ့ရွေးပွဲကိုတောင် လွဲတော့မလို့... တကယ့်ကို စိတ်ဓာတ်ယုတ်ညံ့တဲ့သူပဲ!”

ချန်ကျိုး ဒေါသတကြီး ဆဲဆိုနေတော့သည်။ စုရှင်းချန်နှင့် စုကျီကျီတို့မှာ ကြောင်အသွားကြပြီး စုကျိုအား တအံ့တဩလှမ်းကြည့်လိုက်ကြသည်။

စုကျိုကမူ ခနဲ့တဲ့တဲ့ အပြုံးလေးဖြင့် - “နင်က အဲဒီ ပိုးစာ ပင်နောက်မှာ ရှိနေခဲ့တာလား?”

“ဟုတ်တယ်! အာ... ကျိုအာ၊ နင် မြင်လိုက်တာလား?”

ချန်ကျိုးမှာ သူ့ အရှက်ရဖွယ် အခြေအနေကို စုကျို မြင်သွားမည်စိုးသဖြင့် မျက်နှာပျက်သွားသည်။

“ကျိုအာ... အဲဒီလူက ထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက် ဖြစ်ရမယ်! အဆင့် ၅၉ ရှိတဲ့ ငါ့ကို ဒဏ်ရာရ အောင် လုပ်နိုင်တာ သူတို့ပဲ ရှိတာ၊ ထားလိုက်ပါတော့ အဲဒီလူယုတ်မာအကြောင်း... ငါ့ရဲ့ ပါရမီက ‘ဝိညာဉ်အပင်တွေနဲ့ဆက်သွယ်နိုင်တာ’ ဆိုတော့ ငါ နင့်အတွက် မျိုးစေ့ ရွေးပေးမယ်လေ”

စုကျို မကြားချင်ယောင်ဆောင်ကာ ရှေ့ရှိမှိုတက်နေသော ဝါးခြင်းတောင်းကိုသာ လှမ်းကိုင်လိုက်တော့သည်။

“ဟေ့... ဟေ့! ကျိုအာ၊ အဲဒါကြီးကို မကိုင်နဲ့လေ၊ ညစ်ပတ်လိုက်တာ!”

ချန်ကျိုးသည် လက်ကိုင်ပဝါဖြင့် သူ့ပါးပေါ်မှ ဖုန်များကို အမြန်သုတ်ကာ သိုလှောင်အိတ်ထဲမှ အရောင်မတူသော အထည်ဖိနပ်တစ်ဖက်ကို ထုတ်စီးလိုက်သည်။

“နင် မျိုးစေ့ကောင်းအချို့ကို ရွေးနိုင်တာတွေ့တော့ နင့်ပါရမီကလည်း ဝိညာဉ်အပင်တွေနဲ့ ဆက်သွယ်နိုင်တာလို့ ငါထင်နေတာ၊ ဒါပေမဲ့ မဟုတ်ဘူးပဲ၊ ငါ့ ပါရမီကိုသုံးပြီး တစ်မျှော်စင်လုံးက အပင်တွေနဲ့ ဆက်သွယ်ကြည့်ပြီးပြီ၊ ဒီမှိုတက်နေတဲ့ ခြင်းတောင်းသုံးခြင်းပဲ ဘာသက်ရှိအငွေ့ အသက်မှမရှိဘဲ ငါ့ကို တုံ့ပြန်မှုမပေးတာ”

“ပြီးတော့ ဒီသုံးခြင်းက ဒီမှာပဲကျန်နေသေးတယ်ဆိုက တည်းက ဒါတွေက ဘာရတနာမှမဟုတ်ဘူးဆိုတာသေချာ နေပြီလေ”

ချန်ကျိုး သူမကို တားဆီးလိုက်သည်။ အနောက်မှ ပြေးလိုက်လာသော အဖွားအိုချန်ကလည်း သားဖြစ်သူကိုယ်ပေါ်မှ ဖုန်များကို ခါပေးရင်းထောက်ခံလေသည် - “ဟုတ်တယ် စုကျို၊ ငါ့သား စကားနားထောင်တာ မမှားစေရဘူး! သူက ဒီအထပ်မှာ အလားအလာအရှိဆုံးပဲ၊ ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးလေးပဲ လိုတာ!”

“ဒါနဲ့ နင်ဆုရထားတဲ့ အဆင့်မြင့်ကျင့်စဉ်ကော ? ငါ့သားကို မြန်မြန်ပေးလိုက်လေ”

စုကျို မကြားချင်ယောင်ဆောင်ကာ သူ့ညာဘက်လက်ညှိုးဖြင့် မှိုတက်နေသော ဝါးခြင်းတောင်းကို ထိလိုက်သည်။

[ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့- တန်ဖိုး ၉၉၀ ဝိညာဉ်ကျောက်တုံး ]

စုကျို မျက်ခုံးပင့်လိုက်မိသည်။

“ကျိုအာ... ငါ့လက်ကိုင်ပဝါယူပြီး လက်ကဖုန်တွေကို အမြန်သုတ်လိုက်ဦး” ချန်ကျိုးကမူ ကြင်နာဟန်ဆောင်နေ သည်။ သို့သော် သူ့လက်မှာ စုရှင်းချန်၏ ပုတ်ထုတ်ခြင်း ခံလိုက်ရသည်။

စုကျိုသည် ဘေးတစ်ဖက်တစ်ချက်ရှိ ကျန်သောခြင်း တောင်းနှစ်ခြင်းကိုပါ ထိကြည့်လိုက်ပြန်သည်။

[ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့- တန်ဖိုး ၁၀၉၀ ဝိညာဉ်ကျောက်တုံး ]

[ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့- တန်ဖိုး ၉၉၉ ဝိညာဉ်ကျောက်တုံး ]

စုကျို တိတ်ဆိတ်သွားသည်။ တစ်မျှော်စင်လုံးမှာ အဆင့်မြင့်မျိုးစေ့က ဆယ်ခြင်းထက်မကရှိနေသည်ကိုး။

“ကျိုအာ... နင်က အကုန်တော်ပေမဲ့ ခေါင်းမာလွန်းတာပဲ၊ သူများအကြံပေးတာကိုလည်း နားမထောင်ဘူး၊ ဟူး...” ချန်ကျိုး သက်ပြင်းချလေသည်။

စုကျို သူ့အား လူအတစ်ယောက်ကိုကြည့်သလို လှည့်ကြည့်လိုက်ပြီး၊ မျိုးစေ့ခြင်းတောင်း သုံးခြင်းကိုထမ်းထားသော စုရှင်းချန်ကို လက်ဖျောက်တီးကာ ခိုင်းလိုက်သည် - “ဒီသုံးခြင်းနဲ့ လဲလိုက်”

“ကျိုအာ... နင် ရူးနေတာလား ?”

စုရှင်းချန်သည် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်သော်လည်း၊ နောက်ဆုံးတွင်တော့ ဘာမှမပြောဘဲ ရှေ့သို့တက်ကာ ခြင်း တောင်းအပေါ်ယံမှ မှိုတက်နေသော မျိုးစေ့များကိုဖယ် ရှားလိုက်သည်။ ထို့နောက် အင်္ကျီလက်ကိုလိပ်ကာ လက် မောင်းဖြင့် အတွင်းထဲအထိနှိုက်ကြည့်လိုက်သည်။

ချန်ကျိုး၊ စုကျီကျီနှင့် ဘေးပတ်ဝန်းကျင်မှ လူများအား လုံး အသက်အောင့်ကာကြည့်နေကြသည်။ သို့သော် စုရှင်းချန် နှိုက်ထုတ်လိုက်သည်မှာ အနက်ရောင်မျိုးစေ့တစ်ဆုပ်ဖြစ်ပြီး အပေါ်ယံထက်ပင် ပိုမှိုတက်နေကာ အဖြူရောင်မျှင်များပင် ထွက်နေသည်။

“ငါ ပြောသားပဲ၊ ဒါတွေက လုံးဝသုံးလို့မရဘူး!” ချန်ကျိုး စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။

စုရှင်းချန် မျက်မှောင်ကြုတ်သွားသော်လည်း စုကျီကျီက အစ်ကိုဖြစ်သူ လက်မောင်းကိုဆွဲကာ တိုးတိုးလေးပြော သည် - “ဒုတိယအစ်ကို... မြည်းလှည်း”

စုရှင်းချန် သဘောပေါက်လိုက်သည်။ မနက်က စုကျိုရွေးခဲ့သော မြည်းလှည်းမှာ တစ်ထပ်လုံးတွင် ရှားပါးလှသည့် ပစ္စည်းကောင်းဖြစ်နေခဲ့သဖြင့် သူ့ အကဲခတ်မျက်လုံးမှာ သာမန်မဟုတ်ကြောင်း သိသာသည်။

ဒါပေမဲ့ ဒါ တိုက်ဆိုင်မှုသက်သက်ပဲလား? သူ့ရဲ့ ပါရမီက ဝိညာဉ်အပင်တွေ ရွေးချယ်တဲ့နေရာမှာ ဘာမှမပတ်သက်ဘူးလေ။

စုရှင်းချန် တိတ်ဆိတ်နေမိသည်။ လစဉ် မျိုးစေ့ရွေးချယ်မှုသည် ပိုးစာရွက်ထွက်နှုန်းနှင့် ဝိညာဉ်ကျောက်တုံးရရှိမှု အတွက် အလွန်အရေးကြီးသည်။ စုကျို အဆင့်တက်လာသည်မှန်သော်လည်း အကယ်၍ မျိုးစေ့ရွေးချယ်မှုသာ မှားယွင်းသွားပါက သူနှင့် ညီမလေးမှာ ဤလတွင် အောက်ဆုံးသို့ ရောက်သွားပေလိမ့်မည်။ သူ တောင့်ခံနိုင်သော်လည်း ညီမလေးမှာမူ ဂေဟာမှ ထုတ်ပယ်ခံရမည့် အခြေအနေတွင်ရှိနေသည်။ သူတို့ တကယ်လောင်းကြေး ထပ် ရမှာလား?

စုကျို သူ့ ဝေခွဲမရဖြစ်နေပုံကိုကြည့်ကာ ရယ်ချင်သွားသည် - “ဘာတွေ စိတ်ပူနေတာလဲ ? အရင်က နင် ကိုယ် တိုင်ရွေးပေးခဲ့တုန်းကကော ကျီကျီအဆင့်က တက်လာလို့လား?”

စုရှင်းချန် ဆွံ့အသွားသည်။

စုကျီကျီ ရင်ဘတ်ကို မတ်ကာ - “ဒုတိယအစ်ကို... ကျီကျီက ကျဲစကားကို နားထောင်မယ်၊ လောင်းကြေးထပ်ရ အောင်၊ ပျက်နေတဲ့ လှည်းတောင် မြည်းလှည်းဖြစ်လာသေးတာပဲ!”

စုရှင်းချန် နှုတ်ခမ်းများတွန့်သွားသည်။ သူ့ညီမလေးမှာ လောင်းကစားဝါသနာပါနေမှန်း သူ အခုမှ သိတော့သည်။ သူ စဉ်းစားနေတုန်းမှာပင် စုကျီကျီ ဖင်လေးကုန်းကာ အဆိုးဆုံးဟုထင်ရသော မှိုတက်ခြင်းတောင်းကို သူမဆီသို့ အတင်းဆွဲယူလိုက်တော့သည်။

သူမသည် အကောင်းဆုံးဟုထင်ရသော ခြင်းတောင်းကို စုကျိုထံပေးလိုက်ပြီး၊ အလယ်အလတ်အဆင့်ကိုတော့ သူ့ ဒုတိယအစ်ကိုထံ ပေးလိုက်သည်။

လူအများက သူတို့သုံးယောက်ကို လူအ,များကဲ့သို့ကြည့်နေကြသော်လည်း အချို့မှာမူ သံသယဝင်လာကြသည်။

“တကယ်ပဲ ထိပ်တန်းအဆင့် ဖြစ်နိုင်ပါ့မလား?”

“နောက်နေတာလား? မှိုတက်နေတာလား၊ ထိပ်တန်းအဆင့်လားဆိုတာ ဒီအထပ်မှာရှိတဲ့ စူးရှတဲ့အမြင်အာရုံနဲ့ အပင်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ပါရမီရှင်တွေက မခွဲခြားနိုင်ဘဲ နေပါ့မလား?”

“ဒါပေမဲ့ သူ့မှာက ‘သူတော်စင်အဆင့်’ ပါရမီ ရှိတယ်လေ”

“ဟူး... ပါရမီအချို့က မျိုးစေ့ရွေးတဲ့နေရာမှာ အသုံးမဝင်ပါဘူး၊ သူတော်စင်အဆင့် ဖြစ်နေရင်တောင် အလကားပဲ၊ သူကတော့ လျှောက်လုပ်နေတာပဲ!”

“အရမ်းမာနကြီးတာပဲ! သူတော်စင်အဆင့် ပါရမီ နိုးထလာတာနဲ့ပဲ မြင်းကို သမင်လို့ဇွတ်ပြောနေတော့တာ!”

ဘေးလူများမှာ လျင်မြန်စွာလူစုခွဲသွားကြပြီး၊ ချန်ကျိုးနှင့် သူ့မိခင်မှာလည်း စုကျို ‘မိုက်မဲမှု’ ကြောင့် ဆွံ့အသွားရသည်။

ချန်ကျိုးက မျှော်လင့်ချက်မဲ့စွာ ခေါင်းခါလိုက်ပြီး - “ငါက နင့်ကို ကူညီဖို့ တကူးတကပြေးလာခဲ့တာကိုး”

“ဟုတ်ပါ့! သူတော်စင်အဆင့် ပါရမီရှင်တွေ ဘာတွေနဲ့၊ တကယ်တော့ တစ်မိသားစုလုံး လူအ,တွေချည်းပဲ!” အဖွားအိုချန်လည်း ကျိန်ဆဲလေသည်။

သို့သော် စုကျိုတို့ မောင်နှမသုံးယောက် မျိုးစေ့ရွေးချယ်ရေး မျှော်စင်အပြင်ဘက်သို့လှမ်းထွက်လိုက်သည်နှင့် ဝိညာဉ်အလင်းတန်းများမှာ ရေတံခွန်အလား စုကျို ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာတော့သည်။

[ စုကျိုသည် ယခုလအတွက် ထိပ်တန်းအဆင့် ပိုးစာမျိုး စေ့ သုံးခြင်းကို မျိုးစေ့ရွေးချယ်ရေးမျှော်စင်မှ ရွေးချယ်နိုင်ခဲ့သည်! ]

[ ဆုလာဘ်- ဝိညာဉ်ကျောက်တုံး ၁,၀၀၀! ]

ခံ့ညားထည်ဝါသော အသံကြီးမှာ မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားတော့သည်!

တစ်ခဏအတွင်းမှာပင် စုကျိုကိုင်ထားသော မှိုတက်မျိုးစေ့များမှာ ဖုန်မှုန့်များ ဆေးကြောသန့်စင်ခြင်း ခံလိုက်ရသကဲ့သို့ ပြန်လည်လန်းဆန်းလာပြီး၊ အခွံဟောင်းများမှာ အလွှာလိုက် ကွာကျသွားကာ အတွင်းဘက်ရှိ တောက်ပ သောဝိညာဉ်မျိုးစေ့များမှာ တောင်ပင်လယ်မှ ပုလဲလုံးကြီးများအလား ပေါ်ထွက်လာတော့သည်။

လေတစ်ချက်အဝေ့တွင် ထိုမျိုးစေ့များမှာ အရောင်ခုနစ်မျိုးရှိသော ကျောက်မျက်ရတနာများကဲ့သို့ တလက်လက် တောက်ပနေတော့သည်။ မျှော်စင်အတွင်းရော အပြင်မှာပါ ရှိနေသူအားလုံး မှင်သက်သွားကြသည်။

ချန်ကျိုးနှင့် အဖွားအိုချန်တို့မျက်နှာပေါ်မှ မထီမဲ့မြင်ပြုသော အမူအရာများမှာ မပျောက်ပျက်သေးမီမှာပင် ရေခဲရိုက်သွားသကဲ့သို့ အေးခဲသွားတော့သည်!

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ? မျှော်စင်ထဲမှာ လစဉ်ထွက်တဲ့ ထိပ်တန်းမျိုးစေ့က ဆယ်ခြင်းပဲ ရှိတာ မဟုတ်ဘူးလား?”

ထိုစဉ် ခံ့ညားသော အသံကြီးမှာ ထပ်မံ ထွက်ပေါ်လာပြန်သည် -

[ ထိပ်တန်းအဆင့် မျိုးစေ့များကို မျှော်စင်အတွင်းရှိ လူတိုင်း ရွေးချယ်နိုင်သည်။ ]

[ အမြင်အာရုံ စူးရှသူတို့သည် လှိုင်းလုံးများကြားမှ ရွှေကို ရှာတွေ့နိုင်၏။ ]

[ အမြင်အာရုံ ညံ့ဖျင်းသူတို့မှာမူ အောက်တန်းစား မျိုးစေ့ကိုပင် ခွဲခြားသိမြင်လိမ့်မည် မဟုတ်။ ]

[ အားလုံး ကျင့်ကြံမှုကို ဆက်လက်အားထုတ်ကြလော့။ ]

လူအုပ်ကြီးမှာ အံ့ဩတကြီးရေရွတ်ရင်း ထွက်ခွာသွားသော စုကျို၏ကျောပြင်ကိုသာ ကြည့်နေကြတော့သည်။

ထိုစဉ် အပြာနုရောင် ဝတ်ရုံရှည်ကို ဆင်ယင်ထားသော အမျိုးသားတစ်ဦးသည် ဖန်စီမျှော်စင်ထိပ်မှ သွယ်လျစွာ ခုန်ဆင်းလာပြီး စုကျိုထံသို့ လမ်းလျှောက်လာသည်။ ၎င်းမှာ ကျူးပိုင်ယွီပင်။

“တစ်ခြင်းမှ မမှားဘဲ ထိပ်တန်းမျိုးစေ့ သုံးခြင်းလုံးရွေးနိုင်တာကတော့ တကယ် အံ့ဩစရာပဲ”

သူက ပြောရင်းနှင့် သူမ သယ်လာသော ဝါးခြင်းတောင်းထဲမှတောက်ပနေသော မျိုးစေ့များကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကိုင်လိုက်သည် - “ဒီကိစ္စကြောင့် ‘ကောင်းမှုဆိုးမှုခန်းမ’က လူတွေတောင် ထွက်ရှင်းပြရတယ်ဆိုတော့... ခုနက မှိုတက်နေတဲ့သုံးခြင်းက ဒါတွေလား?”

စုကျို မျိုးစေ့မရွေးမီကပင် ‘ယွမ်အားဖြည့်ဆေးလုံး’ ၁၂ လုံးကို တစ်ခါတည်း သောက်ထားခဲ့သဖြင့် သူ့တွင် ၁၂ ကြိမ်အထိ ကူးယူနိုင်သော သွေးစွမ်းအင် လုံလောက်စွာရှိနေသည်။

ကျူးပိုင်ယွီ ဝါးခြင်းတောင်းကို လှမ်းကိုင်ရန်ပြင်စဉ်၊ စုကျိုသည် ကမ္ဘာပျက်ကပ်တွင် အစားအစာကို ကာကွယ်တတ်သော အလေ့အကျင့်ကြောင့် သူ့လက်ကောက်ဝတ်ကို သံညှပ်ကြီးအလား ဖမ်းဆွဲလိုက်မိသည်။

သို့သော် တစ်ခဏအတွင်းမှာပင် သူ့ မျက်ခုံးများတွန့်သွားရတော့သည် -

[ ‘ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)’ ကို အတည်ပြုသည်။ ]

စုကျို တိတ်ဆိတ်သွားသည်၊ နောက်ကျသွားချေပြီ။

[ ၃ စက္ကန့်ကြာ ထိတွေ့မိသည်။ ]

[ ကူးယူခြင်း စတင်နေပါပြီ... ]

All Chapters