အခန်း (၂၅)
Vol. 3 Ch. 25
['ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)' ကို ကူးယူနေဆဲ...]
မျိုးစေ့ရွေးချယ်ရေး မျှော်စင်ရှေ့တွင် လူပေါင်းတစ်ထောင်ကျော်မှာ အသက်ရှူသံ မထွက်ဘဲကြည့်နေကြပြီး သစ်ရွက်လှုပ်သံကိုပင် အတိုင်းသားကြားနေရသည်။
စုကျို နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသည်။ မျှော်စင်ထိပ်မှာရပ်နေသည် ကျူးပိုင်ယွီမှာ ရုတ်တရက် သူ့ရှေ့ ပေါ်လာပြီး လမ်းပိတ်လိမ့်မယ်လို့ သူ တကယ်မထင်ထား မိခဲ့ပေ။
“ဒီလောက်တောင် နှမြောတာလား ?”
ကျူးပိုင်ယွီ သူ့လက်ကိုဖမ်းဆွဲထားသည့် စုကျိုကိုကြည့်ပြီး တခိခိရယ်သည်။ သူ့ကိုယ်ပေါ်မှ ကျောက်စိမ်းဖဲကြိုး ၈ ခုမှာ လေထဲ တလွင့်လွင့်ဖြစ်နေသည် - “ငါ နင့်မျိုးစေ့တွေကို ခိုးမှာမဟုတ်ပါဘူး”
“ငါ စူးစမ်းချင်ရုံတင်ပါ၊ နင် ရီယွမ်အဆင့် ၆ ကို တကယ် ပြန်တက်သွားတာလား?”
စုကျို မျက်ခုံးပင့်လိုက်သည်။
ကျူးပိုင်ယွီ ရယ်မောရင်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည် - “ကောင်းပါပြီ၊ ငါ ဝန်ခံပါတယ်၊ နင့်ရဲ့ ပါရမီကို ငါ စိတ်ဝင်စားနေလို့ပါ”
သူက မျှော်စင်ထိပ်ကိုမော့ကြည့်ပြီး အော်ပြောလိုက်သည် - “ဟေး! ငါ နိုင်တယ်နော်၊ သူ ထိပ်တန်းမျိုးစေ့တွေကို တကယ် ရွေးသွားနိုင်ခဲ့တယ်!”
ထိုစဉ် မျှော်စင်ထိပ်မှ ငွေအိတ် ၈ အိတ်မှာ ကျူးပိုင်ယွီထံသို့ တပြိုင်တည်းကျဆင်းလာတော့သည်။
“ပျင်းစရာကြီး”
“တောက်... နောက်တစ်ခါတော့ ငါ သေချာပေါက် နိုင်အောင် လောင်းမယ်”
“ဒါဆို ငါ သွားပြီ"
“ငါလည်း သွားပြီ”
“နှုတ်ဆက်ခဲ့ပါတယ်...”
ရွှေရောင်အလင်းတန်း ဝန်းရံနေသော လူ ၈ ယောက်မှာ မျှော်စင်ထိပ်မှ မတ်တပ်ရပ်ကာ အသီးသီးပျောက်ကွယ်သွားကြတော့သည်။
ကျူးပိုင်ယွီပြုံးလျက် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည် - “နောက်တစ်ကြိမ်ကျရင် စုကျိုရဲ့ပါရမီက ဘာလဲဆိုတာကိုလောင်းကြေးထပ်ကြမယ်! ဒီည ငါ့ဆီမှာ လာလောင်းဖို့ မမေ့ကြနဲ့ဦး!”
ထို့နောက် သူ အမူအရာမရှိသော စုကျိုကိုကြည့်ကာ ပြုံးလိုက်သည် - “ငါတို့အားလုံးက ‘သူတော်စင်အဆင့်’ ပါရမီရှင်တွေပဲလေ၊ တစ်ယောက်အစွမ်းတစ်ယောက် သိကြမှာပဲကို ဘာလို့ ဖုံးကွယ်နေမှာလဲ ?”
“စိတ်မဆိုးပါနဲ့၊ ငါ အရင်ပြောပြမယ်လေ၊ ငါ့ရဲ့ ပါရမီက ‘သစ်ပင်တွေကို အမိန့်ပေးနိုင်စွမ်း’ပဲ၊ အပင်တွေကို စစ်သည်တွေအဖြစ်ပြောင်းလဲပြီး ထိန်းချုပ်လို့ရတယ်”
သူ ပြောရင်းနှင့် ဘေးမှ ကျင့်ကြံသူတစ်ဦး၏ခြင်းတောင်းထဲရှိ မျိုးစေ့ကိုကြည့်လိုက်သည်။ ထိုမျိုးစေ့မှာ ရုတ်တ ရက် ပေါက်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ရှည်ထွက်လာကာ မြေပြင်ကိုပြင်းထန်စွာရိုက် ခတ်လိုက်သော ‘အစိမ်းရင့်ရောင် ကြာပွတ်’ ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်!
မြေပြင်မှာ ၃ လက်မခန့် အက်ကွဲသွားပြီး ပင့်ကူအိမ်သဏ္ဌာန်အက်ကြောင်းများမှာ ထိုလူ့ ခြေထောက်အထိ ပြန့်နှံ့သွားသည်။ ထိုကျင့်ကြံသူမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာဖြူလျော်ကာ တစ်ကိုယ်လုံးတုန်ရီနေတော့သည်။
ကျူးပိုင်ယွီက ပြုံးလျက် - “ရော့... ပြန်ယူလိုက်တော့” ဟု ဆိုလိုက်သည်နှင့် ကြာပွတ်နွယ်ပင်ကြီးမှာ အရင်အတိုင်း တိတ်ဆိတ်သော မျိုးစေ့လေးများအဖြစ်ပြန်လည်ပြောင်း လဲကာ မြေပြင်ပေါ်သို့ကျသွားတော့သည်။
“တကယ် အစွမ်းထက်တာပဲ...”
စုကျီကျီနှင့် စုရှင်းချန်တို့မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြရသည်။
စုကျိုကမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ဒါ သူ ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ မှာ ပထမဆုံးမြင်ဖူးသည့် သူတော်စင်အဆင့် ပါရမီရှင်ပင်။ ချန်ကျိုး ဒါမှမဟုတ် စုရှင်းချန်တို့၏ ပါရမီနှင့်ယှဉ်ရင် ကျူးပိုင်ယွီ စွမ်းရည်မဗာ ကောင်းကင်နဲ့ မြေကြီးသဖွယ် ကွာခြားလွန်းလှသည်။
[ ‘ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)’ ၏ပုံရိပ်ကို အတည် ပြုပြီးပြီ။ ]
[ ပထမဆုံး မိတ္တူကူးယူနေပါပြီ... ]
စုကျိုက သူ့လက်ကို လွှတ်ပေးလိုက်ပြီး အေးဆေးစွာပြုံးလိုက်သည် - “အစ်ကိုကျူး တကယ်ထူးချွန်တဲ့သူပဲ၊ ဒါပေမဲ့ ဒီနေ့တော့ အစ်ကိုက ကိုယ့်သေတွင်း ကိုယ်တူးပြီး ငါ့ဆီကို ရောက်လာတာပဲ”
ကျူးပိုင်ယွီမှာ ကြောင်အသွားပြီးမှ အခြေအနေကို သဘောပေါက်ကာ အိုးတိုးအောင့်တောင့်ဖြင့် နောက်သို့ သုံးလှမ်းဆုတ်လိုက်သည် - “အထင်မမှားပါနဲ့၊ ငါ စူးစမ်း ချင်ရုံတင်ပါ...”
စုကျို အတည်ပေါက်ဖြင့် - “ဟုတ်တယ်၊ အစ်ကိုက အရင်စတာနော်၊ အဲ့ဒါကိုပဲ ဝန်ခံလိုက်စမ်းပါ” စုရှင်းချန်နှင့် စုကျီကျီတို့ကလည်း ကျူးပိုင်ယွီထံအပြစ်တင်သော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။
မနေ့ညကတည်းက စုကျိုသည် မည်သည့်အမျိုးသားကျင့် ကြံသူကိုမျှ အရင်မချဉ်းကပ်ခဲ့ပေ။ အကယ်၍ နောက်ပိုင်းတွင် သူမ၏ ‘အစွဲအလမ်း’ ရောဂါပြန်ထလာခဲ့လျှင် ဒီနေ့ တကူးတက လာနှောက်ယှက်သော ကျူးပိုင်ယွီတွင် တာဝန်အရှိဆုံး ဖြစ်ပေလိမ့်မည်။
“အဟမ်း...” ကျူးပိုင်ယွီ နှုတ်ခမ်းများ တွန့်သွားသည် - “အထင်မလွဲပါနဲ့ စုကျိုရယ်၊ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဒီတစ်ထပ်လုံးမှာ သူတော်စင်အဆင့်ပါရမီရှင် သုံးယောက်ပဲ ထပ်တိုးခဲ့တာ၊ အခု နင်က စတုတ္ထမြောက်ဆိုတော့ တခြားထိပ်တန်းကျင့်ကြံသူတွေလည်း နင့်ဆီ လာစုံစမ်းကြဦးမှာပဲ...”
စုကျိုသည်လည်း တခြားသူများ၏ အချက်အလက်ကို စိတ်ဝင်စားမိသည်။ သို့သော် သူ့ သိုလှောင်ရုံအတွင်းမှ ကူးယူမှုအခြေအနေကို ကြည့်လိုက်ရာ ‘ကျူးပိုင်ယွီ၏စတုတ္ထမြောက် မိတ္တူ’ သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ တွေးလိုက်မိသည်... မနေ့ညက ကျူးပိုင်ယွီကို မထိမိအောင် သူ ဘယ်လောက်တောင် စိတ်အင်အားသုံးပြီးထိန်း ချုပ်ခဲ့ရလဲဆိုတာ ? ပထမအချက်မှာ သွေးစွမ်းအင်မလုံ လောက်သဖြင့်၊ ဒုတိယအချက်မှာ ဂေဟာ၏‘ကောင်းမှုဆိုးမှုခန်းမ’ မှ အမှတ်နှုတ်ယူခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
သူ ခေတ္တမျှ ထိန်းထားခဲ့သော်လည်း ယခုမူ... အဆင်ပြေသွားပြီဖြစ်သည်။
စုကျိုက ကျူးပိုင်ယွီကို ပြုံးကြည့်လိုက်သည် - “အစ်ကိုက သိချင်နေမှတော့ ငါ့ ပါရမီကိုပြရတာပေါ့— ဒါပေမဲ့ ဒီကနေထွက်ပေါ်လာမယ့် အကျိုးအမြတ်၊ အမြတ်အစွန်းနဲ့ ရလဒ်အားလုံးက အစ်ကိုကျူးပိုင်ယွီနဲ့ ဘာမှမသက်ဆိုင်ဘူးနော်၊ အရာအားလုံးက ငါ စုကျို တစ်ယောက်တည်းနဲ့ပဲ ဆိုင်ရမယ်”
ကျူးပိုင်ယွီ၏စူးရှသော မျက်လုံးများထဲ ဇဝေဇဝါဖြစ်သွားရသည်။ သူ စကားပြောရန်ပြင်စဉ်မှာပင် သူ့ မျက်ခုံးထောင့်ရှိ ‘T’ အမှတ်အသားမှ ဖောက်ထွင်းမြင်ရသော ရွှေရောင်မျှင်တစ်ခုထွက်ပေါ်လာပြီး စုကျို မျက်ခုံးကြားမှ ငါးရောင်ခြည် ငွေမျှင်နှင့် လာရောက်ချိတ်ဆက်သွားတော့ သည်။
သူတို့နှစ်ဦးကြားတွင် ရွှေရောင်အနားသတ်ပါသော ငါး ရောင်ခြည် ပိုးစာရွက် ပုံသဏ္ဌာန်တစ်ခု လျင်မြန်စွာပေါ် ထွက်လာသည်။
“သစ္စာစကား ပိုးစာပဋိညာဉ်လား ?” စုရှင်းချန် အံ့ဩတကြီး မေးလိုက်သည်။
ကျူးပိုင်ယွီလည်း ထိတ်လန့်သွားရသည်။ စုကျိုနှင့် သူကြားတွင် အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ ပဋိညာဉ်ဖြစ်တည်သွားရသနည်း ? ပြီးတော့ ‘ဂေဟာ’ ကလည်း ဒီသဘောတူညီချက်ကို တရားဝင်အဖြစ် ဘာလို့ချက်ချင်း အသိအမှတ်ပြုလိုက်တာလဲ ? ရီယွမ်အဆင့် ပါရမီတစ်ခုအတွက် ဒီလောက်ထိ လိုအပ်လို့လား?
[ စုကျို ယခုတစ်ကြိမ်ရရှိမည့် အကျိုးအမြတ်အားလုံးသည် စုကျို တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပြီး ကျူးပိုင်ယွီနှင့် မသက်ဆိုင်ပါ။ ]
[ ကျူးပိုင်ယွီသည် အထက်ပါအချက်ကို သဘောတူညီသည်။ ]
[ အကယ်၍ ပဋိညာဉ်ကိုဖောက်ဖျက်ပါက ‘ကောင်းမှုဆိုးမှုခန်းမ’ (Merit and Demerit Hall) မှ မိုးကြိုးပစ်၍ အပြစ် ပေးခြင်းခံရမည်! ]
-
ကျူးပိုင်ယွီမှာ မယုံနိုင်အောင်ဖြစ်နေရသည်။ အစောပိုင်း သူ့ ဝိညာဉ်စွမ်းအားဖြင့် မျိုးစေ့ခြင်းတောင်းများကို စစ် ဆေးစဉ်က ဘာသက်ရှိအရိပ်အယောင်မျှမတွေ့ခဲ့ရပေ။ သူသည် ‘သစ်ပင်များကို အမိန့်ပေးနိုင်စွမ်း’ မှာ ပထမထပ်တွင် ထိပ်တန်းသစ်သားဓာတ် ပါရမီဖြစ်သော်လည်း သူ မှားယွင်းစွာအကဲဖြတ်မိခဲ့သည်။ သို့သော် စုကျို ပါရမီကြောင့် ဖြစ်ပေါ်လာသော ဤပဋိညာဉ်မှာအလွန်တင်းကျပ် လွန်းနေသည်။
“သွားရအောင်... စိုက်ခင်းကိုပဲ သွားကြစို့”
ကျူးပိုင်ယွီသည် ဘေးပတ်ဝန်းကျင်မှ စုပြုံကြည့်နေသော ကျင့်ကြံသူများနှင့် ချန်ကျိုး၏ စူးစမ်းသောအကြည့်များကို စိတ်ပျက်လာသဖြင့် သူြငွေရောင်ပေါက်တူးပေါ်သို့ တက်ကာ လေထဲသို့ပျံတက်လိုက်သည်။
သူသည် အဖိုးတန်မျိုးစေ့ ၂၀ ခန့်ကို လေထဲသို့ ပစ်ထုတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် အစိမ်းရင့်ရောင် နွယ်ပင်များမှာ လေထဲတွင် ခြင်းတောင်းကြီးတစ်ခုအလား ယှက်နွယ်သွားပြီး စုကျို၏ ဝှီးချဲ၊ စုရှင်းချန်၊ စုကျီကျီနှင့်မြည်းလှည်းတို့ကို သိမ်းကျုံးမယူလိုက်တော့သည်။ ၎င်းတို့သည် မျိုးစေ့ရွေးချယ်ရေး မျှော်စင်နှင့် လူအုပ်ကြီးကို ထားရစ်ခဲ့ကာ ကောင်းကင်ယံသို့ လျင်မြန်စွာပျံသန်းသွားကြတော့ သည်။
“စုကျို... အစကတော့ နင့်ပါရမီက ဝိညာဉ်လက်နက်တွေနဲ့ ဆိုင်တယ်ထင်တာ၊ ဒါပေမဲ့ အခုတော့ ရတနာအကဲဖြတ်တာနဲ့ ဆိုင်နေသလိုပဲ၊ မဟုတ်သေးပါဘူး... အတော်ဆုံး အကဲဖြတ်သူတောင်မှ တိုက်ခိုက်ရေးစွမ်းအားမရှိဘူးလေ၊ ဒီလို အခြေအနေမျိုးမှာပဲ သုံးလို့ရတဲ့ ပါရမီက ‘သူတော် စင်အဆင့်’ သတ်မှတ်ခံရဖို့ မလွယ်ဘူး၊ ဒါပေမဲ့ ‘ကောင်းမှုဆိုးမှုခန်းမ’ ကလည်း နင့်ကို အလေးအနက်ထားနေပြန်ရော” ကျူးပိုင်ယွီ လှည်းမောင်းသမားအဖြစ် တာဝန်ယူရင်း စပ်စုကာမေးမြန်းလို့နေသည်။
စုကျိုကမူ ခြင်းတောင်းထဲထိုင်လျက် အောက်ဘက်ရှိ တောင်တန်းအလှကို စိတ်ဝင်တစားကြည့်နေသည်။ စုကျီကျီမှာမူ စကားပြောချင်သော်လည်း အစ်မဖြစ်သူကို အားနာသဖြင့် ထိန်းထားရသည်။ စုကျိုသည် ဖုံးကွယ်ထားရန်အစီအစဉ်မရှိသဖြင့် သူလေးအား ပြောခွင့်ပေးလိုက်သည်။
စုကျီကျီ ဝမ်းသာအားရပြုံးလိုက်သည် - “အစ်ကိုကျူ... အုပ်ချုပ်ရေးမှူးတောက်က ပြောတယ်၊ ကျဲရဲ့ပါရမီက ‘ထွက်နှုန်းလေးဆ’ တဲ့”
ကျူးပိုင်ယွီ သဘောပေါက်သွားရသည် - “ဪ... ထွက်နှုန်းတိုးပွားစေတဲ့ ပါရမီကိုး၊ ဒီလို ပါရမီမျိုးက အလားအ လာရှိတာမို့ ဂေဟာက တန်ဖိုးထားတာ မထူးဆန်းပါဘူး”
သို့သော် သူ တစ်ခုခုကို သံသယဝင်သွားသည် - “ဒါပေမဲ့ လေးဆတည်းနဲ့ ‘သူတော်စင်အဆင့်’ ဖြစ်နိုင်ပါ့မလား ?” သူ့အပင်များကို ထိန်းချုပ်နိုင်စွမ်းနှင့် ယှဉ်လျှင် လေးဆဆိုသည်မှာ အားနည်းလွန်းသည်ဟု သူ ထင်မိသည်။ ထို့ ပြင် ဤပါရမီသည် စုကျို၏မျိုးစေ့ရွေးချယ်နိုင်စွမ်းနှင့်လည်း သက်ဆိုင်ပုံမရပေ။
[ ‘ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)’ ပထမဆုံး မိတ္တူ ကူးယူပြီးပြီ! ]
[ ...ကိုးခုမြောက် မိတ္တူအထိ ကူးယူပြီးပြီ! ]
[ သိုလှောင်ရုံအတွင်းသို့ ထည့်သွင်းပြီးပြီ။ ]
စုကျို သတိပေးသံကိုကြားလိုက်ရသဖြင့် ပထမထပ်ရှိ ပိုးစာစိုက်ခင်းကြီး၏မြင်ကွင်းကျယ်ကို ကြည့်နေရာမှ အာရုံပြန်လည် စုစည်းလိုက်သည်။
သို့သော် သိုလှောင်ရုံထဲမှ သတိပေးချက်ကို မြင်လိုက်ရသောအခါ သူ မျက်တောင်မခတ်နိုင်အောင် ဖြစ်သွားရသည်။
[ သိုလှောင်ရုံ ဆံ့ငင်အား မလုံလောက်ပါ (နှလုံးသွေးကြောနှင့် ဝိညာဉ်အိမ်ဂေဟာရှိ သိုလှောင်ထားသော ဝိညာဉ်စွမ်းအင်အပေါ် မူတည်ပါသည်။ ကျင့်ကြံမှုအဆင့်ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ မြှင့်တင်ခြင်းဖြင့် ဆံ့ငင်အားကိုတိုးနိုင်ပါသည်) ]
[ ‘ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)’ ၏ မိတ္တူ ၉ ခုအား သိုလှောင်ရန် ပျက်ကွက်ခဲ့ပါသည်! ]
စုကျို: “...”
သူမကောင်းသော အငွေ့အသက်တစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ သိပ်မကြာမီမှာပင် သူ မမျှော်လင့်ထားသော လျှံထွက်မှုသတင်းအချက်အလက်များက တစ်ခုပြီးတစ်ခု တက်လာတော့သည်!
【 နေရာမလုံလောက်သဖြင့် ပဉ္စမမြောက် မိတ္တူလျှံထွက်သွားသည်! 】
【 နေရာမလုံလောက်သဖြင့် ဆဋ္ဌမမြောက် မိတ္တူလျှံထွက်သွားသည်! 】
【 ...နဝမမြောက် မိတ္တူအထိ လျှံထွက်သွားသည်! 】
တစ်ချိန်တည်းမှာပင် သူ့ ရင်ဘတ်ထဲမှ ပူစပ်ပူလောင်ဖြစ် လာပြီး ထိုအပူရှိန်မှာ ညာဘက်လက်မောင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူ့အသားအရေမှာ လောင်ကျွမ်းတော့မည့်အလား ခံစားလိုက်ရပြီးနောက် တစ်စုံတစ်ခုမှာ အင်္ကျီလက်ထဲမှ လိမ့်ဆင်းသွားတော့သည်။
“ပလွတ်!”
“ပလွတ်!”
...
“ပလွတ်!”
စုကျီကျီမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး စုရှင်းချန်လည်း လှမ်းကြည့်လိုက်သည်။ သူတို့ထက် ၃-၄ မီတာခန့် မြင့်သောနေရာတွင် ငွေရောင်ပေါက်တူးပေါ် ရပ်နေသော ကျူးပိုင်ယွီသည် အသံကြားသဖြင့် ငုံ့ကြည့်လိုက်ရာ—
သူ့အပြုံးမှာ ချက်ချင်းဆိုသလို အေးခဲသွားပြီး သရဲတစ်ကောင်ကိုမြင်လိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်!
စုကျို၏အစိမ်းနုရောင် အင်္ကျီလက်ထဲမှ အဖြူရောင်အရာဝတ္ထု ၅ ခု လိမ့်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ အစတွင် လက်သီးဆုပ်ခန့်ရှိသော အရုပ်လေးများဟုထင်ရသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၃ ရှိသော ကျူးပိုင်ယွီ၏အမြင်အာရုံက ထိုအရာများမှာ ထူးဆန်းနေကြောင်း ချက်ချင်းတပ်အပ်သိလိုက်သည်။
မြည်းလှည်းပေါ်တွင် လိမ့်နေသော ထို ၅ ခုမှာ အမျိုးသားတစ်ဦး၏ခန္ဓာကိုယ်အထက်ပိုင်းအား ထုလုပ်ထားသည့် ရွှံ့ရုပ်လေးများဖြစ်နေသည်! အချို့ကမူ မတ်တပ်၊ အချို့က မူ လဲလျက်၊ အချို့ကမူ ဘေးတိုက်... လိမ့်နေသော ပုံစံမျိုးစုံပင်။
သို့သော် ကျူးပိုင်ယွီသည် ထိုရွှံ့ရုပ်လေးများ၏ လက် မောင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားပုံစံများမှတစ် ဆင့် တစ်စုံတစ်ခုကိုရိပ်မိသွားသည်။ ပိုထူးဆန်းသည်မှာ ထိုရုပ်တုလေးများ၏ဘယ်ဘက်ရင်အုံအောက် ၃ လက်မခန့်တွင် သေးငယ်ပြီး တောက်ပသော အနီရောင်မှည့်လေးတစ်လုံးစီ ပါရှိနေခြင်းပင်။ ထိုမှည့်မှာ သူ့အတွက်အလွန်ရင်းနှီးကျွမ်းဝင်လို့နေသည်။
ကျူးပိုင်ယွီသည် လေဟုန်စီးနေသော သူ့ငွေရောင်ပေါက် တူးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားပြီး သူ့ရင်ဘတ်ကို မယုံနိုင်စရာဟန်ဖြင့် ပြန်စမ်းကြည့်လိုက်သည်။
“စု... ကျို... ဒါ... ဒါတွေက... ဘာတွေလဲ...?”
ကျူးပိုင်ယွီ၏ နူးညံ့သောအသံမှာ လေထဲတွင်တုန်ရီနေပြီး သူ့ကိုယ်ပေါ်မှ ကျောက်စိမ်းဖဲကြိုး ၈ ခုမှာလည်း အငြိမ်မနေနိုင်အောင် ခါယမ်းနေတော့သည်။
စုကျိုသည် ခေတ္တစဉ်းစားပြီးနောက် - “ဒါက... ငါ့ရဲ့ ပါရမီစွမ်းအား ဖြစ်နိုင်မလား?”
ကျူးပိုင်ယွီ: “???”
သူသည် ထိုရွှံ့ရုပ်လေးများ၏ ခါးနေရာတွင် လှပသော လက်ရေးဖြင့် ရေးထွင်းထားသည့် စာလုံး ၆ လုံးကိုမြင်လိုက်ရပြီဖြစ်သည် - “ကျူးပိုင်ယွီ၏ ကိုယ်အထက်ပိုင်း”
ကျူးပိုင်ယွီ: “!!”
အားးးးး! ဒါ ဘာကြီးလဲ?! ဘယ်လို ပါရမီမျိုးက ဒီလိုမျိုး ဖြစ်နေရတာလဲ?! ဒါကို ‘ထွက်နှုန်းလေးဆ’ လို့ ခေါ်တာလား?! တောက်ရန်ရဲ့မျက်လုံးတွေက အဆင်ပြေရဲ့လား ?
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး! မြည်းလှည်းပေါ်မှာ သူ့ရဲ့ကိုယ်အထက်ပိုင်း ရွှံ့ရုပ်လေး ၅ ခုတောင် ရှိနေတာ!!! လေးခုတောင် မဟုတ်ဘူး၊ ငါးခု! ဘယ်နေရာက ‘လေးဆ’ လဲ ? ဘယ်နေရာက ‘ထွက်နှုန်း’ လဲ ? ဘာတစ်ခုမှ မပတ်သက်ဘူး!
ကျူးပိုင်ယွီ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး - “စုကျို... ခဏနေဦး၊ ငါ့စိတ်ငြိမ်အောင် အရင်လုပ်ပါရစေဦး၊ ပြီးမှ ငါ နင် ပြောတာကို နားထောင်မယ်”
စုကျို: “...” (သူ့ရဲ့ စိတ်ရှည်နိုင်စွမ်းကို ကြည့်ပါဦး)
သူမသည် နှလုံးသွေးကြော သိုလှောင်ရုံထဲ ကျန်ရှိနေသေးသော မိတ္တူ ၄ ခုအား ပြန်စစ်ကြည့်ရင်း တိတ်တဆိတ်နေလိုက်သည်။
[ ‘ကျူးပိုင်ယွီ (ကျင့်ကြံမှုအဆင့် ၃)’ ၏ ခန္ဓာကိုယ်ပုံရိပ်ကို အောင်မြင်စွာ ကူးယူနိုင်ခဲ့သည်။ ]
[ ကျူးပိုင်ယွီ၏ ခန္ဓာကိုယ်မှာ အခြေခံအုတ်မြစ်တည် ဆောက်ခြင်း အဆင့်ဖြစ်ပြီး အရပ် ၇ ပေ ၉ လက်မ ရှိသည်။ ကျွမ်းကျင်မှုအဆင့် နိမ့်ပါးနေသေးသဖြင့် ကူးယူစဉ်အတွင်း အနည်းငယ် မှားယွင်းမှုဖြစ်ပေါ်ခဲ့သည်။ ]
[ ကျူးပိုင်ယွီ၏ကိုယ်အထက်ပိုင်း ၉ ခုကို ရရှိခဲ့သည်။ အပြင်ဘက် ဝတ်ရုံကိုကူးယူရန် ပျက်ကွက်ခဲ့ပြီး ကျင့်ကြံသူမှာ အတွင်းခံဝတ်ဆင်မထားသဖြင့် အဝတ်အစားမပါသော မိတ္တူကို အချိုးအစားအတိုင်းလျှော့ချ၍ ရရှိခဲ့ခြင်း ဖြစ်သည်။ ]
စုကျို သက်ပြင်းချလိုက်သည်။
“အစ်ကိုကျူး... ငါ ဒါကို ပြောသင့် မပြောသင့်တော့ မသိဘူး”
“?”
“ငါ့ရဲ့ ကျွမ်းကျင်မှုက အချိန်မရွေးတိုးတက်လာနိုင်တာမို့... နောက်တစ်ခါကျရင် ဘောင်းဘီတော့ ဝတ်ထားပေးပါဦး”
“...!”