← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

၎င်းတို့သည် ပိုးစာစိုက်ခင်း၏ ကောင်းကင်ယံထက်သို့ လျင်မြန်စွာ ဆိုက်ရောက်လာကြသည်။

စုကျိုသည် မြေပြင်ပေါ်ရှိ ကြွက်သားအဖုအထစ်များနှင့် အမျိုးသားခန္ဓာကိုယ် ရွှံ့ရုပ်လေးကို လက်ချောင်းနှစ်ချောင်းဖြင့်ညှပ်၍ မြှောက်ယူလိုက်သည်။ သူမသည် ထိုရုပ်တုလေး၏ဝမ်းဗိုက်ကြွက်သား အရေအတွက်ကို မသိမသာ ရေတွက်ကြည့်ပြီးနောက် ကျူးပိုင်ယွီကို ချီးကျူးသလိုလို အကြည့်တစ်ချက်ပေးလိုက်သည်။

ကျူးပိုင်ယွီ၏ နားရွက်များမှာ နီရဲတက်လာတော့သည်။

သူ့ ကျောပြင်ကြီးမှာလည်း တောင့်တင်းသွားရသည်။

သူ့ ညာဘက်လက်မောင်းပေါ်တွင် နွေးထွေးသော လက်တစ်စုံက လာရောက်ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရသည်။

“...”

ကျူးပိုင်ယွီသည် သူ့လက်ကိုလွှတ်ပေးရန် အော်ဟစ်ချင်စိတ်ကိုအံကြိတ်ကာ အတင်းအကြပ် ထိန်းချုပ်ထားရသည်။ သူသည် အသက်ကိုပြင်းပြင်းရှူကာ မျက်လုံးများကိုမှိတ်ထားလိုက်သော်လည်း၊ မျက်လုံးမှိတ်ထားသည့်အခါ သူမ၏ထိတွေ့မှုတို့က ပိုမိုသိသာထင်ရှားနေသဖြင့် ချက်ချင်းပြန်ဖွင့်လိုက်ရပြန်သည်။

လေထဲတွင် စုကျိုတို့ မောင်နှမကို သယ်ဆောင်ထားသော ပိုးစာခြင်းတောင်းကြီးမှာ အနည်းငယ်တုန်ခါသွားသည်။ ပန်းကန်လုံးခန့် အရွယ်အစားရှိသော အစိမ်းရင့်ရောင် နွယ်ပင်များမှာ ယိမ်းထိုးနေပြီး အချို့မှာ ‘ဂျောက်’ ခနဲ အသံနှင့်အတူ ပြတ်တောက်ကုန်သည်။

စုကျိုသည် ရွှံ့ရုပ်လေးကို ကိုင်ထားရင်း မော့ကြည့်လိုက်သည် - “အစ်ကို အဆင်ပြေရဲ့လား ?”

“...အဆင်ပြေပါတယ်” ကျူးပိုင်ယွီက အံကြိတ်ကာ ဖြေ သည် - “အဲဒါကို ပြန်ချလိုက်ပါ၊ မကိုင်... မကိုင်နဲ့တော့”

စုကျို သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည် - “ဒါ ပိုးစာပဋိညာဉ်အရ ငါ ပိုင်တဲ့ပစ္စည်းလေ”

ကျူးပိုင်ယွီသည် အသက်ကိုတစ်ချက်ပြင်းပြင်းရှူကာ ထုတ်လိုက်ပြီးနောက်၊ သူ့ ငွေရောင်ပေါက်တူးပေါ်သို့ ‘အရှိန်မြှင့်မန္တန်’ သုံးခုကိုပစ်တင်လိုက်ရာ သူ့ အရှိန်မှာ ချက်ချင်းမြန်ဆန်သွားတော့သည်။

သူသည် စုကျို ပါရမီစွမ်းအားကို စတင်နားလည်လာပြီဖြစ်သည်။ သူမ ကိုင်ထားသော ‘ရုပ်တု’ မှာ သူနှင့် အာရုံ ခံစားမှု ချိတ်ဆက်နေသည့် သူ့ ပုံစံငယ်လေးပင်။ ထိုရုပ် တု၏ပုံသဏ္ဌာန်မှာ အစောပိုင်း မျိုးစေ့ရွေးချယ်ရေးမျှော် စင်ရှေ့တွင် သူ စုကျိုအား လှမ်းကိုင်ရန်ပြင်ဆင်နေသည့် ပုံစံအတိုင်းဖြစ်သည် - ညာဘက်လက်ရှေ့ထုတ်ကာ ဘယ်ဘက်လက်ကို သဘာဝအတိုင်းချထားသည့် ပုံစံပင်။

သူမသည် ထိုအချိန်က သူ့ ခန္ဓာကိုယ်အခြေအနေကို ပုံတူကူးယူလိုက်ခြင်းသာ!

“ဒါ...ဒါက ဘာတွေ လုပ်နိုင်လဲ ?” ကျူးပိုင်ယွီ မေးသည် - “ငါ ဒါကို ပြန်ဝယ်ချင်တယ်၊ နင် လိုချင်တဲ့ဈေးပြော”

စုကျိုသည်လည်း သူ့ သိုလှောင်ရုံအတွင်းရှိ မိတ္တူပါအချက်အလက်များကို ဖတ်ရှုနေလေသည် -

---

【 ကျူးပိုင်ယွီ ကိုယ်အထက်ပိုင်း ပုံစံတူငယ်- အသုံးပြုသူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် မူတည်၍ ရုပ်တုတစ်ခုစီသည် ရီယွမ်အဆင့် ၅ မှ ၇ ကြားရှိသော ခွန်အားကို ထုတ်ဖော်နိုင်သည်။ 】

【 ကြံ့ခိုင်မှု- တစ်နေ့လျှင် ခုနစ်ကြိမ် အသုံးပြုနိုင်ပြီး တစ်ကြိမ်လျှင် အမွှေးတိုင်တစ်တိုင်စာကြာမြင့်မည်။ ကန့်သတ် ချက်ကို ကျော်လွန်ပါက ရုပ်တု၏ခွန်အားမှာ တဖြည်း ဖြည်း လျော့နည်းသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ရွှံ့ရုပ်တစ်ခုလုံး ပျက်စီးသွားမည်။ 】

【 အသေအချာ ဂရုစိုက်ပါက ဤရွှံ့ရုပ်မှာ သုံးနှစ်အထိ ခံမည်ဟု ခန့်မှန်းရသည်။ 】

【 ဤရွှံ့ရုပ်သည် ပုံတူမိတ္တူဖြစ်သော်လည်း မူရင်းပိုင်ရှင် ကျူးပိုင်ယွီနှင့် ချိတ်ဆက်မှုအားနည်းသည်။ မိတ္တူမှ မူရင်းအား လွှမ်းမိုးနိုင်ခြေ အနည်းငယ်သာရှိသည်။ 】

【 ခန့်မှန်းတန်ဖိုး- တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ၁၉၉၉ (ကြံ့ခိုင်မှုအားနည်းသော တူညီသည့်အဆင့်ရှိ ရုပ်သေးရုပ်များ၏ဈေးနှုန်းများအား ကိုးကားထားသည်) 】

-

ခန့်မှန်းတန်ဖိုးကို မြင်လိုက်ရသောအခါ စုကျို ကျူးပိုင်ယွီထံ အားကျသလိုကြည့်လိုက်မိသည်။ ၉ ခုဆိုလျှင် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ နီးပါးပင်။ သူ တကယ့်ကို သူဌေးမကြီးဖြစ်သွားပြီ။

သို့သော် အရင်းအမြစ်ရှားပါးသော ဤ ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ တွင် ငွေထက် အဖိုးတန်သော ဝိညာဉ်ပစ္စည်းများနှင့် အရင်းအမြစ်များက ပိုအရေးကြီးသည်။

“မရောင်းဘူး” စုကျိုသည် သူ့ဘေးရှိ ပိန်ပိန်ပါးပါး စုရှင်းချန်နှင့် စုကျီကျီတို့ကိုကြည့်လိုက်သည်။

ဤမိသားစုအတွက် သန်မာသောလုပ်သားများ အသည်း အသန် လိုအပ်နေသည်။ လှုပ်ရှားလိုက်တိုင်း အားအင်ကုန်ခမ်းတတ်သော သူ့ခန္ဓာကိုယ်မှာလည်း ပြန်လည်ကောင်း မွန်လာသည့်တိုင်အောင် ကူညီမည့် သူ လိုအပ်နေသေးသည်။

“မင်းကို ငါ သုံးဖို့ အစီအစဉ်ရှိတယ်” စုကျို ကျူးပိုင်ယွီအားကြည့်ကာ ပြောလိုက်သည် - “ဝိညာဉ်ကျောက်တုံးတွေနဲ့ မလဲနိုင်ဘူး”

ကျူးပိုင်ယွီ သူ့မျက်ခုံးများ တုန်ယင်မသွားအောင် အတင်းထိန်းထားရသည်။ စုကျို မြည်းလှည်းပေါ်မှ ကျန်ရှိနေသော သူ့ ကိုယ်အထက်ပိုင်းရွှံ့ရုပ်လေးများကို ကောက်ယူလိုက်တိုင်း သူ့ ကျောပြင်ကြွက်သားများမှာ လိုက်၍တင်းသွားရသည်။

သိပ်မကြာမီမှာပင် စုကျို၏နွေးထွေးသော လက်ချောင်းများက သူ့ ပခုံးကို လာထိသည်ဟု ခံစားလိုက်ရသည်... သူမ လက်ထိပ်လေးများမှာ သူဝတ်ထားသော အဆင့်မြင့်ဝတ်ရုံကိုဖောက်ထွင်း၍ သူြဘယ်ဘက်ပခုံးရိုးပေါ်သို့ တိုက်ရိုက်ကျရောက်လာသကဲ့သို့ ယားကျိကျိနှင့် ပူရှိန်းရှိန်း ဖြစ်သွားရသည်။

ကျူးပိုင်ယွီသည် ငွေရောင်ပေါက်တူးပေါ်တွင် ဒူးထောက်ကျလုနီးပါး ဖြစ်သွားပြီး မျက်လုံးများပင် နီမြန်းလာတော့ သည်။

သူမကမူ ရုပ်တု ၅ ခုလုံးကို ကိုင်တွယ်ခဲ့သော်လည်း အား လုံးကို သူ ခံစားရခြင်းမဟုတ်ပေ။ သို့သော် နှစ်ကြိမ်တိုင်တိုင် သူမ ရုပ်တုကို ကောက်ယူလိုက်သည့်အခါတွင်မူ သူ့ ကိုယ်ပိုင်အသားကို လာထိသကဲ့သို့ ထူးဆန်းသောခံစားချက်ကြီးကို သူ ခံစားလိုက်ရခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ငူတို့သည် စုကျို၏ပိုးစာစိုက် ခင်းမြေရိုင်းဆီသို့ နောက်ဆုံး ရောက်ရှိလာခဲ့ကြသည်။

မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် တစ်ခဏမှာပင် စုကျို ခေါင်းကို ရုတ်တရက်လှည့်ကြည့်လိုက်ရာ ကျူးပိုင်ယွီမှာ ရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကျောပြင်ကြီး တောင့်တင်းကာ ကိုယ်ကိုကိုင်းထားသည်ကို သတိပြုမိသွားသည် - “အစ်ကိုက ဒီလောက်တောင် အာရုံခံစားမှု ကောင်းတာလား ?”

ကျူးပိုင်ယွီ: “...”

“ကျမလည်း မပြောဘူး၊ အစ်ကိုလည်း မပြောဘူးဆိုရင် ဒါ အစ်ကို့ပုံစံငယ်ဆိုတာ ဘယ်သူသိမှာလဲ ? လည်ပင်းကနေ အောက်ပိုင်းပဲ ပါတာလေ” စုကျို လည်ပင်းမပါဘဲ ကိုယ် ထည်သက်သက်သာရှိသော ရွှံ့ရုပ်လေးကိုတစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

“...”

ကျူးပိုင်ယွီကမူ တိတ်ဆိတ်နေဆဲပင်။ စုကျို၏ထိတွေ့မှုကို သူကိုယ်တိုင်ခံစားနေရသည်ဟု သူ သေချာပေါက် ဖွင့်ပြောလိမ့်မည် မဟုတ်ပေ။

စုကျိုသည် ရွှံ့ရုပ် ခါးနေရာမှ ‘ကျူးပိုင်ယွီ၏ကိုယ်အထက်ပိုင်း’ ဟူသော စာလုံးများကို သေချာကြည့်ပြီးနောက်၊ စုကျီကျီကို အသုံးမလိုသော အဝတ်စုတ်အချို့ထုတ်ခိုင်းကာ ရွှံ့ရုပ်ခါးတွင် ပတ်ခိုင်းလိုက်သည်။ ထိုသို့ဖြင့် ‘ကျူးပိုင်ယွီ’ ဟူသော စာလုံးသုံးလုံးကို ဖုံးကွယ်ပေးလိုက်ခြင်းဖြင့် သူမ အလိုက်တသိရှိကြောင်း ပြသလိုက်သည်။

စုကျိုနှင့် စုကျီကျီတို့၏လက်ချောင်းလေးများ ရွှံ့ရုပ်မျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေစဉ် ကျူးပိုင်ယွီမျက်နှာအမူအရာမှာ တစ်ခဏအတွင်းမှာပင် ရှုံ့မဲ့သွားလိုက်၊ ပြောင်းလဲသွားလိုက်နှင့် ဖြစ်နေတော့သည်။

“စုကျို!”

“ဟင် ?”

“နင် ဒါတွေကို ရောင်းချင်တဲ့အခါကျရင် ငါ့ဆီကိုပဲ လာခဲ့ပါ၊ ငါ ဘယ်လောက်ဈေးပဲဖြစ်ဖြစ် ပေးဖို့ အသင့်ပဲ”

ကျူးပိုင်ယွီ ထိုနေရာတွင် တစ်စက္ကန့်မျှ ထပ်မနေနိုင်တော့ပေ။

တစ်ထပ်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ဆီမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုံကျင်သွားစေနိုင်တဲ့ ‘ထုံဆေး’ ရှိသည်ဟု သူ ကြားဖူးသည်။ ယခင်က ကျင့်ကြံသူများသည် ကောင်းကင်ကိုဆန့်ကျင်ပြီး ကျင့်ကြံနေကြခြင်းဖြစ်ရာ၊ ခန္ဓာကိုယ် နာကျင်မှုလေးလောက်အား အဘယ့်ကြောင့် ထုံဆေးသုံးနေရမှာလဲဟုတွေးကာ အဓိပ္ပာယ်မရှိဟုထင်ခဲ့မိသည်။

သို့သော် ယခုမူ သူ ထိုဆေးကို သေချာပေါက် သွားဝယ်ရတော့မည်!

“စုကျို... မှတ်ထားဦး၊ ဒါတွေကို တခြားဘယ်သူ့ကိုမှ... ပေးလို့ မရဘူးနော်”

ပိုးစာပဋိညာဉ်အရ ကျူးပိုင်ယွီသည် စုကျိုအား ငြင်းဆန်ခွင့်မရှိသဖြင့် သူ့ငွေရောင်ပေါက်တူးပေါ်သို့တက်ကာ အမြန်ဆုံး ပျံတက်သွားတော့သည်။ သူ ထပ်ရှိနေရင် သူ့ ထူးဆန်းသော အမူအရာများမှာ လူသိရှင်ကြားပေါ်သွားမည်ကို စိုးရိမ်နေခြင်းပင်။

သုံးမီတာခန့် အမြင့်သို့ ရောက်သောအခါ ပိုးစာခြင်း တောင်းကြီးမှာ ပျက်စီးသွားပြီး နွယ်ပင်များမှာ သူ့လက်ဖ ဝါးထဲသို့ ပြန်လည်ဝင်ရောက်ကာ မျိုးစေ့ ၂၀ ခန့်အဖြစ် ပြန်ပြောင်းသွားသည်။ သူ လေထဲတွင် ခေတ္တရပ်တန့်ကာ စူးစမ်းလိုစိတ်ကို မအောင့်နိုင်ဘဲ အောက်သို့ ငုံ့ကြည့်လိုက်မိသည် -

“နင် ဒါတွေကို... ဘယ်လို သုံးဖို့ စိတ်ကူးထားတာလဲ ?”

ကျူးပိုင်ယွီသည် သူ့ စိုးရိမ်စိတ်ကို မဖုံးကွယ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုရွှံ့ရုပ်လေးများနှင့် သူ့ကြားတွင် အာရုံခံစားမှု အချို့ရှိနေသဖြင့် ကြိုတင်၍စိတ်ပြင် ဆင်ထားချင်သောကြောင့် ဖြစ်သည်။

စုကျိုကမူ အသုံးပြုပုံလမ်းညွှန်ကို ဖတ်ပြီးကာစပင် ရှိသေးသည် -

[ အသုံးပြုသည့်အခါ ၎င်း၏အမည်ကိုခေါ်၍ အသက်သွင်းပါ။ ]

စုကျို မျက်ခုံးပင့်လိုက်ရင်း မြေပြင်ပေါ်ရှိ အဆင့်မြင့် ပိုးစာမျိုးစေ့ သုံးခြင်းနှင့် သူမ ထွန်ယက်ထားသော စိုက် ခင်းမြေရိုင်းကိုကြည့်လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူမသည် လက်ထဲမှ ရွှံ့ရုပ် ၅ ခုကို ပိုးစာစိုက်ခင်း မြေဆီ လွှာပေါ်သို့ ကျွမ်းကျင်စွာပစ်ချလိုက်တော့သည် -

“ကျူးပိုင်ယွီ... သွားတော့”

လေထဲမှ ကျူးပိုင်ယွီ: “???”

လက်သီးဆုပ်ခန့်ရှိသော ရွှံ့ရုပ်လေး ၅ ခုမှာ မြေပြင်ပေါ်သို့ ကျသည်နှင့် ဝိညာဉ်အလင်းတန်းများထွက်ပေါ်လာပြီး၊ ၎င်းတို့၏ရွှံ့လက်မောင်းနှစ်ဖက်မှာ ‘ဂျောက်ဂျက်’ အသံများနှင့်အတူ မြင့်တက်လာကြသည်။

စုကျို အမိန့်ပေးလိုက်သည် - “အားလုံးပဲ... အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ လူခွဲပြီး မျိုးစေ့ချကြစမ်း၊ ပြီးရင်တော့ ရှိတဲ့နေရာမှာပဲ နားနေကြ”

“!”

လေထဲတွင် တစ်ဝက်တစ်ပျက်ရောက်နေသော ကျူးပိုင်ယွီမှာ ကျောက်ရုပ်ကြီးအလား အေးခဲသွားတော့သည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ခေါင်းမပါသော ရွှံ့ရုပ်လေးများမှာ အမိန့်ကိုနာခံလျက် အလုပ်စတင်လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ထိုကိုယ်တစ်ပိုင်း ရွှံ့ရုပ်လေး ၅ ခုမှာ တစ်ညီတစ်ညွတ်တည်း လှုပ်ရှားနေကြပြီး အလွန်ထိရောက်မှု ရှိလှသည်။ သူတို့ အလုပ်လုပ်ပုံမှာ လက်တစ်ဖက်ကလေထဲရှိ ဝါးခြင်းတောင်းထဲမှ ပိုးစာမျိုးစေ့ တစ်ရာခန့်ကိုယူလိုက်ပြီး၊ ကျန်လက်တစ်ဖက်က ထွန်ကြောင်းများထဲသို့ လျင်မြန်စွာ စိုက်ပျိုးခြင်းဖြစ်သည်။

မျိုးစေ့တစ်ခုနှင့်တစ်ခုကြား အကွာအဝေးမှာလည်း အတိ အကျပင် - ဝေးလွန်းခြင်း၊ နီးလွန်းခြင်းမရှိဘဲ နောင်တွင် ပိုးစာပင်များ ကြီးထွားလာရန်အတွက် နေရာလွတ်ကို အကောင်းဆုံး တွက်ချက်ထားပုံရသည်။

ဤကဲ့သို့ လျင်မြန်ပြီး ကျွမ်းကျင်လှသော စိုက်ပျိုးနည်း စနစ်မှာ ဤအထပ်တစ်ခုလုံးတွင် ဝိညာဉ်အပင်များနှင့် ဆက်သွယ်နိုင်သော ပါရမီရှင်များ သို့မဟုတ် အလွန်အတွေ့အကြုံရင့်သော ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

စိုက်ပျိုးရာတွင် အလွန်ဝေးသွားပါက အဖိုးတန်သော ဝိညာဉ်မြေဆီလွှာကို ဖြုန်းတီးရာရောက်မည်ဖြစ်ပြီး၊ နီးကပ်လွန်းပါက အမြစ်များရောယှက်ကာ ပိုးစာပင်များ ကြပ်ညပ်ကုန်ပြီး နေရာမလောက် ဖြစ်တတ်သည်။

ကျူးပိုင်ယွီသည် ထိုမြင်ကွင်းကိုကြည့်ကာ မျက်လုံးများကိုတင်းတင်းမှိတ်ထားလိုက်တော့သည်။ သူ့ မျက်တောင်များမှာ တုန်ယင်နေသည်။ ဤရွှံ့ရုပ် ၅ ခုမှာ သူနှင့် တစ်ခါ တစ်ရံ အာရုံခံစားမှုချင်း ဆုံရုံတင်မကဘဲ၊ သူ့ ခန္ဓာကိုယ်စွမ်းဆောင်ရည်များကိုပါ ပုံတူကူးယူထားခြင်းပင်။

သူ၏ ‘သစ်ပင်များကို အမိန့်ပေးနိုင်စွမ်း’ ပါရမီကြောင့် သူသည် မျက်လုံးမှိတ်ထားသော်လည်း ဝိညာဉ်အပင်အားလုံးကိုကိုင်တွယ်နိုင်စွမ်းရှိပြီး လက်ဟန်တစ်ချက်ဖြင့်ပင် ပြီး ပြည့်စုံအောင်စိုက်ပျိုးနိုင်စွမ်းရှိသည်။

ကောင်းတယ်

ကောင်းလိုက်တဲ့ ပါရမီပါလား

ရွှံ့ရုပ်လေး တစ်ခုချင်းစီသည် ရီယွမ်အဆင့် ၆ ရှိသည့် သူ့၏ခန္ဓာကိုယ်အထက်ပိုင်း ခွန်အားမျိုးအားထုတ်ဖော်နေကြခြင်း ဖြစ်သည်။

“စုကျို”

ကျူးပိုင်ယွီသည် အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ပိုးစာစိုက်ခင်းထဲရှိ ဝှီးချဲပေါ်တွင်ထိုင်ကာ အမိန့်ပေးညွှန်ကြားနေသည့် အမျိုးသမီးကိုကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် သူမ အမည်ကို လေးလေးနက်နက်ခေါ်လိုက်သည်။

“ငါ ခုနက ပြောခဲ့တဲ့စကား... ဘယ်လောက်ဈေးပေးရပေးရ ဒါတွေကိုပြန်ဝယ်မယ်ဆိုတာ အမြဲတမ်း အတည်ပဲ၊ သေချာစဉ်းစားထားပါ”

ကျူးပိုင်ယွီသည် သူ့ညာဘက်လက်ဖြင့် မျက်မှောင်ကို ဖိထားရင်း လက်ချောင်းများကို တင်းတင်းဆုပ်ထားမိသည် - “ပြီးတော့... ဒါတွေကို တခြား ‘ထူးထူးဆန်းဆန်း’ ကိစ္စတွေအတွက် မသုံးပါနဲ့ဦး”

စုကျို စူးရှလှသော နေရောင်ခြည်ကို လက်ဖြင့်ကာရင်း မျက်နှာမော့ကြည့်လိုက်သည် - “ဘာထူးဆန်းတဲ့ ကိစ္စလဲ?”

“...”

ကျူးပိုင်ယွီ ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားရသည်။ သူ စကားအပို ပြောမိသွားပြီဖြစ်သည်။

နေရောင်အောက်တွင် သူမ မျက်ခုံးကြားရှိ [ ၉၉ ] ဂဏန်းမှာ ဝေဝါးနေပြီး ငွေရောင်မင်သားများမှာ ကခုန်နေသကဲ့ သို့ သူ မြင်လိုက်ရသည်။

“ပထမထပ်က ထိပ်တန်းဆယ်ယောက်အခန်းမှာ ငါ စောင့်နေမယ်”

“နင်သာ ထိပ်တန်းဆယ်ယောက်စာရင်းထဲ ရောက်လာရင် ဒီရုပ်တုတွေရဲ့ခွန်အားက နင့်အတွက် အားနည်းသွားပြီး အသုံးဝင်မှာမဟုတ်တော့ပါဘူး”

ထိုနေ့သည် ဝေးတော့မည်မဟုတ်ဟု သူ ယုံကြည်နေသည်။ ကျူးပိုင်ယွီသည် ငွေရောင်ပေါက်တူးပေါ်သို့တက်ကာ လှည့်ပျံသွားတော့သည်။

စုကျို စိတ်ထဲမှ ချက်ချင်းတွက်ချက်လိုက်သည် - အသုံးမဝင်တော့သည့် ပစ္စည်းဟောင်းများကို ပြန်ရောင်းခြင်းက သူ့အတွက် အမြတ်ထွက်စေသည် မဟုတ်ပါလား ?

“ပြဿနာမရှိဘူး! တခြားသူတွေထက် ဈေးပိုပေးနိုင်သရွေ့ ဒါတွေကို အစ်ကို့ဆီပဲ သေချာပေါက်ပြန်ရောင်းမှာပါ!” စုကျို ကောင်းကင်ယံသို့ လက်ယမ်းပြလိုက်သည်။

ကျူးပိုင်ယွီ ခန္ဓာကိုယ်မှာ တစ်ချက်ယိမ်းသွားပြီး ငွေရောင်ပေါက်တူးမှာ ရုတ်တရက်အရှိန်မြင့်တက်ကာ ပျောက်ကွယ်သွားတော့သည်။

စုကျို စိုက်ခင်းဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။ အမွှေးတိုင်တစ်ဝက်စာ အချိန်ပင်မပြည့်သေးမီမှာပင် ရွှံ့ရုပ်အလုပ်သမားလေးများမှာ ထွန်ကြောင်းငါးကြောင်းစာကို စိုက်ပျိုးပြီးစီးသွားပြီဖြစ်သည်။ သူ ကျေနပ်စွာခေါင်းညိတ် လိုက်သည်။

“နင်တို့က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ ?” စုကျို မြည်းလှည်းပေါ်တွင် လှဲအိပ်နားနေရန်ပြင်စဉ် အနောက်တွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲဖြစ်သော စုကျီကျီနှင့် စုရှင်းချန်တို့ကို သတိပြုမိသွားသည်။

“ကိုယ့်အလုပ် ကိုယ် သွားလုပ်ကြလေ၊ ဝှီးချဲပေါ်က လူမမာတစ်ယောက်ထက်တော့ နင်တို့ အလုပ်နှေးမနေသင့်ဘူးမလား?”

စုကျို လှည်းပေါ်တွင် လှဲချလိုက်ရင်း မောင်နှမနှစ်ယောက်ကို လှမ်းပြောလိုက်သည်။

စုကျီကျီ မျက်နှာမှာ ချက်ချင်းနီရဲသွားသည် - “ကျီကျီ အစွမ်းကုန်ကြိုးစားပါ့မယ် ကျဲ!”

စုရှင်းချန်လည်း လက်သီးကိုတင်းတင်းဆုပ်ကာ လှည့်ထွက်သွားသည်။

သို့သော် ‘ဖုန်း’ ခနဲ အသံများနှင့်အတူ စုကျိုသည် သူ့ သို လှောင်အိတ်ထဲမှ ကျောက်စိမ်းခုတင်လေး ၅ ခုကိုထုတ် ယူကာ သူတို့ရှေ့သို့ ပစ်ပေးလိုက်သည်။

“ငါ့မှာ ပစ္စည်းအသစ်တွေ ရထားပြီဆိုတော့ ဒါတွေက ငါ့အတွက်ဟောင်းသွားပြီ၊ အသုံးမဝင်တော့ဘူး”

“နင်တို့ကို ငှားမယ်၊ တစ်နေ့ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ”

စုကျီကျီ မျက်လုံးများဝင်းခနဲ ဖြစ်သွားသော်လည်း သူ့ အင်္ကျီစကို ရှက်ကိုးရှက်ကန်းဆုပ်ကိုင်ထားသည် - “ကျဲ... ညီမတို့က အမြဲတမ်း ကျဲရဲ့အကူအညီကိုပဲ ယူနေရတာ...”

စုရှင်းချန် မျက်မှောင်ကြုတ်လိုက်သည် - “ကျောက်တုံး ၁၀ တုံးတည်းနဲ့ လောက်ပါ့မလား ?”

သူ့ညီမလေး၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး စိုက်ပျိုးရေးပစ်မှတ်တွေကိုတောင် ကျော်လွန်အောင် ကူညီပေးနိုင်တဲ့ ဝိညာဉ်လက်နက်တစ်ခုကို တစ်နေ့ ၁၀ တုံးတည်းနဲ့ ငှားတာလား ? သူသည် အရင်ကတည်းက အစ်မဖြစ်သူ စုကျိုအား မကြိုက်ခဲ့သလို သူ့အပေါ် အကြွေးအတင်ခံရမှာကိုလည်း မလိုလားပေ။

ယနေ့တွင် သူမ ပြောင်းလဲသွားသည်မှန်သော်လည်း... သူသည် အရင်က သူမ သူများအပေါ် မှီခိုလွန်းခဲ့သည်အားမုန်းခဲ့သလို၊ အခု သူကိုယ်တိုင်က သူမ အပေါ် မှီခိုနေရတော့မှာလား ?

သို့သော် စုကျို၏နောက်ထပ်စကားကြောင့် သူတို့နှစ်ဦးလုံး မှင်သက်သွားရသည်။

“ငါက အသုံးဝင်တဲ့ပစ္စည်းတွေကို သိမ်းထားပြီး အဟောင်းတွေကိုတော့ အမြဲတမ်းစွန့်ပစ်မှာပဲ”

အန္တရာယ်တွေကြားမှာ သူ ဝန်စည်စလွယ် ပေါ့ပေါ့ပါးပါးနျင့်သာခရီးဆက်ချင်သည်။ သူ့ခါးထက် သိုလှောင်အိတ်မှာလည်း အနိမ့်ဆုံးအဆင့်အစုတ်အပြတ်မို့ လက်ဖဝါးနှစ်ဖက်စာ နေရာလွတ်သာရှိသည်။ ပစ္စည်းအများကြီး မဆံ့ချေ။

“မပျက်စီးသေးသရွေ့တော့ ငါ ပြန်ရောင်းမှာပဲ၊ သုံးမလား၊ မသုံးဘူးလားဆိုတာကတော့ နင်တို့ အပေါ်မှာပဲ မူတည်တယ်”

စုရှင်းချန်သည် သူ့အသက်ထက် ပိုရင့်ကျက်သူဖြစ်သော် လည်း ‘မပျက်စီးသေးသရွေ့’ ဆိုသည့် စကားကြောင့် ခေတ္တ ကြောင်သွားရသည်။

သူ စုကျိုကို ကြည့်ကာ - “တခြားလူတွေကို ပိုမြင့်တဲ့ဈေးနဲ့ ငှားလို့ရတာပဲလေ”

ဒါ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်တယ်ဆိုတာသာ လူသိသွားရင် သေချာပေါက်ဈေးကောင်းပေးမည့်သူ ရှိမှာပင်။

စုကျို မျက်ခုံးပင့်လိုက်ရင်း - “နင့် သဘောပဲ၊ နင်တို့ မလို ချင်ရင် ငါ့အတွက် တခြားသူကို လိုက်ငှားပေးလေ၊ အကျိုးဆောင်ခ ၁၀ ရာခိုင်နှုန်းပေးမယ်”

စုရှင်းချန်သည် သူ့ အားနည်းလှသော ညီမလေးကို တစ်ချက်ကြည့်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ကျွန်တော်တို့... တစ်နေ့ကို ၅၀ ပေးပါ့မယ်”

“အခုလောလောဆယ် အကြွေးမှတ်ထားပေးပါ၊ ဒီညကျရင် အကြွေးစာချုပ်ရေးပေးမယ်”

ပြောပြီးသည်နှင့် သူသည် ဝေခွဲမရဖြစ်နေသော ညီမလေး ၏လက်ကိုဆွဲကာ လှည့်ထွက်သွားတော့သည်။ စုကျိုကမူ ပုခုံးတစ်ချက်တွန့်ကာ သဘောတူလိုက်သည်၊ ငွေပိုရတာကို သူ မငြင်းပေ။

“ဒုတိယအစ်ကို... ခုနက ဘာလို့ ကျွန်မကိုစကားပြောခွင့်မပေးတာလဲ ? ကျွန်မ ဘာမှတောင် မပြောရသေးဘူး...” စုကျီကျီ၏သက်ပြင်းချသံကို သဲ့သဲ့လေးကြားလိုက်ရသည်။

စုရှင်းချန် သူမ လက်ကိုဆုပ်ကိုင်ထားရင်း - “ဝိညာဉ်ကျောက်တုံးတွေကို ငါပဲ ပေးပါ့မယ်”

စုကျီကျီက “ဪ...” ဟုသာ တိုးတိုးလေး ပြန်ထူးလိုက်တော့သည်။

သို့သော် ၎င်းတို့၏စိုက်ခင်းမြေကွက်ဆီသို့ ရောက်သော အခါ စုရှင်းချန် တစ်ခုခုမှားနေပြီဆိုသည်အား သတိထားမိသွားသည်။ ကျောက်စိမ်းခုတင်လေးပေါ်တွင် “[ အသုံးပြုရန် ဝိညာဉ်ကျောက်တုံးတစ်တုံးထည့်သွင်းပါ ]”ဟု အထင်းသား ရေးထားသည် မဟုတ်ပါလား ??

စုရှင်းချန်: “...”

ဒီတော့... ဒါက ဝန်ဆောင်ခပေးရမယ့် ပစ္စည်းပေါ့လေ..

-

၎င်းတို့ထွက်သွားပြီးနောက် စုကျိုသည် ညာဘက်အင်္ကျီလက်ကို မတင်ကာ လက်မောင်းရှိ ‘ဝိညာဉ်စမ်းသပ်လက် ပတ်’ ကို ကြည့်လိုက်သည်။ သူ့ ကျင့်ကြံမှုအဆင့်ကို ဖော်ပြနေသော ပိုးစာခက်ခြောက်ခက်လုံးမှာ ယခုအခါ မည်းမှောင်နေပြီဖြစ်သည်။

သူ စုတ်တစ်ချက်သတ်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။ ကျူးပိုင်ယွီ၏ကိုယ်အထက်ပိုင်းကို ကူးယူလိုက်ခြင်းက သူ့ဝိညာဉ်စွမ်းအင်အားလုံးကို တစ်ခဏအတွင်းကုန်ခမ်းသွားစေခဲ့ခြင်းပင်။ တန်ဖိုးကြီး မိတ္တူတစ်ခုအား ထုတ်ယူတိုင်း အားအင်အမြောက်အမြားသုံးစွဲရပြီး သူ့ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များမှာ ထိုးကျသွားရတော့သည်။

“ကိုယ်အထက်ပိုင်းပဲ ဖြစ်လို့ တော်သေးတာပေါ့...”

“အဝတ်တောင် မဝတ်ရသေးဘူး...”

စုကျို မြည်းလှည်းပေါ်တွင် လူသေတစ်ယောက်လိုပင် ငြိမ်သက်စွာလှဲချလိုက်တော့သည်။ သူ ကျင့်စဉ်သုံးမျိုးကို အလှည့်ကျကျင့်ကြံရင်း သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို အမြန်ပြန်လည်ဖြည့်တင်းနေမိသည်။

မသိလိုက်ဘဲ အိပ်ပျော်သွားရာမှ ပြန်နိုးလာချိန်တွင် ညနေ စောင်းနေပြီ ဖြစ်သည်။ ငှက်အုပ်များမှာ ရွှေရောင်သန်းနေသော နေဝင်ချိန်ကောင်းကင်ယံကို ဖြတ်ပျံနေကြပြီး၊ မြေနံ့သင်းသော လေပြေညင်းက သူ့ ပါးပြင်ကို အသာအယာ တိုက်ခတ်သွားသည်။ အဝေးတွင် စုကျီကျီတစ်ယောက် အလုပ်ရှုပ်နေသည်ကိုမြင်ရပြီး စိုက်ခင်းတစ်ခုလုံးမှာလည်း စိုက်ပျိုးပြီးစီးသွားပြီဖြစ်သည်။

မြေပြင်ပေါ်တွင် နားနေကြသော ကိုယ်တစ်ပိုင်းရုပ်တုလေးများမှာလည်း သူ့ မြည်းလှည်းဘေးတွင် သပ်သပ်ရပ်ရပ် တန်းစီလျက်စောင့်ဆိုင်းနေကြသည်။ စုကျိုသည် ညာ ဘက်လက်ကိုအားပြုကာ အိပ်မှုန်စုန်မွှားဖြင့် ထိုင်လိုက်စဉ် တစ်ကိုယ်လုံးပူနွေးလာသည်ကို ခံစားလိုက်ရသည်။

[ မြည်းလှည်းကို ၁ စက္ကန့်၊ ၂ စက္ကန့် ထိတွေ့နေသည်... ]

“!”

သူ ချက်ချင်း သတိဝင်လာကာ ညာဘက်လက်ကိုအမြန်မြှောက်လိုက်သည်။ သိုလှောင်ရုံအတွင်းမှ အချက်အလက်ကိုကြည့်လိုက်ရာ သူမ ကျောချမ်းသွားရသည် -

[ ကောက်ရိုးကို ၁ စက္ကန့်၊ ၂ စက္ကန့် ထိတွေ့မိသည်... ပြောင်းလဲမှု ခေတ္တရပ်ဆိုင်းထားသည်။ ]

[ အဆင့်နိမ့် သိုလှောင်အိတ်ကို ၁ စက္ကန့် ထိတွေ့မိသည်... ပြောင်းလဲမှု ခေတ္တရပ်ဆိုင်းထားသည်။ ]

“...”

[ စုကျို၏အစိမ်းနုရောင်ဝတ်ရုံ (ဝိညာဉ်ပိုးကောင်ဂေဟာမှ သာမန်ရက်ကန်းသမား ရက်လုပ်သည်) ကို ၃ စက္ကန့် ထိတွေ့မိသဖြင့် ပုံရိပ်ကူးယူခြင်း စတင်သည်... ]

[ အစိမ်းနုရောင် ပိုးထည်အလိပ်ပေါင်းများစွာကို မိတ္တူ ၉ ခု ကူးယူပြီးစီးသည်။ ]

စုကျို: “!”

[ သိုလှောင်ရုံ ဆံ့ငင်အား မလုံလောက်ပါ... ]

[ သိမ်းဆည်းရန် ပျက်ကွက်သဖြင့် ပစ္စည်းများ လျှံထွက်လာသည်... ]

စုကျိုသည် ဘာကိုမှ ထပ်မထိရဲတော့ဘဲ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားရင်း ကျိန်ဆဲလိုက်မိသည်။ သို့သော် သူမ လက်ကိုလှုပ်ရှားလိုက်သည့်အခါ သူ့ ကိုယ်ပေါ်တွင် အစိမ်းနုရောင် ပိုးထည်လိပ် ၄၀-၅၀ ခန့် ဖုံးလွှမ်းနေရုံတင်မကဘဲ... တောက်ပနက်မှောင်သော ဆံနွယ်ကျစ်ဆံမြီးကြီး တစ်ခုနှင့် ‘ဝိညာဉ်စမ်းသပ်လက်ပတ်’ ၄၀-၅၀ ခန့်ပါ လျှံထွက်လာသည်ကို တွေ့လိုက်ရတော့သည်။

စုကျိုသည် သူမ၏ ကူးယူခြင်းပါရမီ ရုတ်တရက်ထပ်မပွင့်လာစေရန် လက်နှစ်ဖက်ကို အဝတ်စုတ်များဖြင့် သေ သေချာချာပတ်ထားလိုက်ပြီးမှ မြည်းလှည်းပေါ်မှဆင်းကာ မြေပြင်ပေါ်ရှိ ရွှံ့ရုပ်လေးများကိုလိုက်ကောက်တော့သည်။

“အဝတ်သန့်စင်တဲ့ မန္တန်စက္ကူလိုချင်လား အစ်ကိုသုံး ?”

“လိုချင်တာပေါ့၊ တစ်နေကုန် အလုပ်ရှုပ်နေတာ အဝတ်တွေလည်း နွမ်းဖတ်ကုန်ပြီ”

အနီးနားမှ ကျင့်ကြံသူများ၏စကားသံကို ကြားလိုက်ရသဖြင့် စုကျိုသည် နားစွင့်လိုက်ပြီး မြည်းလှည်းပေါ်တွင် စုပုံနေသော အစိမ်းနုရောင် ပိုးထည်လိပ်များကို တစ်ချက်ကြည့်လိုက်သည်။

နေဝင်ရီတရောအချိန်တွင် ပိုးစာစိုက်ခင်းများပေါ်သို့ နေရောင်ခြည်က တစောင်းကျနေသည်။ စုရှင်းချန်မှာ တစ်ကိုယ်လုံး ဖုန်တထောင်းထောင်းနှင့် မနည်းလမ်းလျှောက်နေရသော်လည်း သူ့လက်ထဲရှိ ငှက်ရုပ်သဏ္ဌာန် ကျောက် စိမ်းခုတင်လေးအား ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေမိသည်။

ယနေ့တွင် သူသည် မိမိစိုက်ခင်းကိုပြုပြင်ရုံ၊ မျိုးစေ့ချရုံတင်မကဘဲ အပိုအလုပ်တစ်ခုကိုပါ လက်ခံလုပ်ကိုင်ခဲ့သဖြင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ရရှိခဲ့သည်။ လက်ရှိတွင် သူ့ဘယ်ဘက်လက်မောင်းမှာ နုံးချည့်နေသော်လည်း လက်မောင်းရှိ သွေးကြောများအတွင်း ဝိညာဉ်အလင်း တန်းလေးများ စီးဆင်းနေသည်ကိုခံစားနေရသည်။ သူ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အဆင့်တက်တော့မည့် နိမိတ်ပင်။

All Chapters