← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

စုကျို ပိုးစာစိုက်ခင်းမှာ အနောက်တောင်ဘက် အစွန်ဆုံးတွင် ရှိသည်။

သူမ ပတ်ပန်းကျင်တွင်ရှိသော ကျင့်ကြံသူများမှာပြီးခဲ့သည့်လက ဂေဟာမှ ထုတ်ပယ်ခံရလုနီးပါးဖြစ်ခဲ့ကြသူများချည်းပင်။ ထိုသူများသည် ကျင့်ကြံမှုအဆင့်နိမ့်ကာ ပါရမီမှာလည်း သာမန်မျှသာရှိပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်အမြစ်များမှာ အားနည်းကြသည်။

သို့သော် ထိုသို့သောအခြေအနေမျိုးမှာတောင် ချန်ကျိုးမှာ အလွန်အမင်း ရှက်ရွံ့နေပြီး ဘေးပတ်ပန်းကျင်ကို အကဲ ခတ်နေမိသည်။ တစ်စုံတစ်ယောက် မြင်သွားမည်ကို သူ အတော်လေးကြောက်နေခြင်းပင်!

“ကြည့်စမ်း... ရုပ်ဆိုးလိုက်တာ...”

စုကျို ကိုယ်ကိုအသာကိုင်းကာ မြေပြင်ပေါ်မှ လက်ညှိုးခန့်သာရှိပြီး လက်တစ်ဆစ်စာမျှသာရှည်လျားသည့် အစိမ်းရောင် မုန်လာဥပုံသဏ္ဌာန် အရာလေးကိုကောက်ယူကာ အကဲခတ်လိုက်သည်။ ပေါင်းမြက်များကြားတွင် ထိုကဲ့သို့သော အရာလေး ၄-၅ ခု ခန့် ပြန့်ကျဲနေသေးသည်။ သူမက ထိုအရာကို လက်ဝါးပေါ်တင်၍ ချိန်ကြည့်လိုက်သည်။

“အလေးချိန်တောင် သိပ်မရှိပါလား”

ချန်ကျိုး မျက်နှာမှာ ခရမ်းရောင်သန်းသွားပြီး ထိုစကားကို ကြားလိုက်ရချိန်တွင် အရှက်နှင့်ဒေါသကြောင့် မေ့လဲမတတ်ဖြစ်သွားရသည်!

ဒါက ဘာလဲ!

ဒါက ဘာလဲ!

ဘာလို့ သူ့ရဲ့စိတ်အာရုံထဲမှာရှိတဲ့ သာမန် သစ်သားဓာတ် ဝိညာဉ်အမြစ်နဲ့ ဒီလောက်တောင်တူနေရတာလဲ ? မဟုတ်ဘူး... တူရုံတင်မကဘူး၊ တစ်ထပ်တည်းကို ဖြစ်နေတာ!

ချန်ကျိုး တစ်ယောက် စိတ်ဓာတ်တွေပြိုလဲသွားပြီး - “စုကျို! မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ!”

သူ ထိုအရာကို လုယူရန် လက်လှမ်းလိုက်သည်။ သို့သော် သူ့လက်မှာ စုကျိုလက်ထဲရှိ မုန်လာဥစိမ်းလေးကို ထိလု နီးပါး ဖြစ်သွားချိန်မှာပင်... မိုးကြိုးသံနှင့်အတူ လျှပ်စီးတန်းတစ်ခုက သူ့လက်ကို ဖြတ်ရိုက်သွားတော့သည်!

[ ချန်ကျိုးသည် ပိုးစာပဋိညာဉ်ကို ချိုးဖောက်သည်! ]

[ ကုသိုလ်မှတ် - ၁၀ ]

“!”

ချန်ကျိုး မှင်သက်သွားသည်။ ဘေးတွင် အစ်မဖြစ်သူ ညွှန်ကြားချက်ကိုစောင့်နေသော စုကျီကျီမှာလည်း အံ့ဩလွန်း၍ ကြောင်ကြည့်နေမိသည်။

စုကျီကျီအနေဖြင့် အစ်မဖြစ်သူ အင်္ကျီလက်ထဲမှ ထူးဆန်း သော ပစ္စည်းများထွက်လာသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုမြင်ကွင်းကိုတော့ အံ့ဩမှုကို ဖုံးကွယ်မထားနိုင်ပေ။ သူ့ ‘လူသတ်အင်္ကျီလက်’ အောက်ရှိ လက်မောင်းလေးများမှာလည်း သဲ့သဲ့လေး လင်းလက်နေသည်။

“ကျဲ... ဒါ... ဒါ အစ်ကိုချန်ရဲ့ အခြေခံအုတ်မြစ်လား?”

“ကျဲ တကယ်တော်တာပဲ၊ ကျဲရဲ့ မျက်လုံးတွေက ဆောင်း ဦးရေပြင်လို ကြည်လင်နေတာပဲ၊ ဒီဝါကျင့်ကျင့် မြေပုံကြီးထဲမှာ မြှုပ်နေတဲ့ ငွေရောင်ကြယ်ပွင့်လေးတွေကိုတောင် မြင်အောင် ကြည့်နိုင်တယ်နော်”

“ချက်ချင်းကို ကောက်ယူလိုက်နိုင်တာပဲ”

“ကျီကျီ မျက်လုံးတွေကတော့ အတော်ညံ့ညံ့ပဲ၊ သေချာမမြင်ရလို့ နင်းမိတော့မလို့”

ချန်ကျိုး: “?” သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။

“အို... အစ်ကိုချန်၊ ကျီကျီက အစ်ကို့ရဲ့ အခြေခံအုတ်မြစ်ကို ‘သေး’ တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့နော်” စုကျီကျီ အပြစ်ကင်းစင်ဟန်ဖြင့် ခပ်နောက်နောက်လေးပြောလိုက်သည်။

“အစ်ကို စိတ်မဆိုးဘူးမလား ?”

ချန်ကျိုး သွားများကို တင်းတင်းကြပ်ကြပ် ကြိတ်ထားရင်း လက်များကို ဝှေ့ယမ်းကာ - “အဓိပ္ပာယ်မရှိတာ! ဒါက... ဒါက ငါ့ရဲ့ အခြေခံအုတ်မြစ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒါ ငါနဲ့ ဘာမှမဆိုင်ဘူး! ငါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်... ဒီလောက်တောင်...”

‘သေးငယ်’ ဆိုသည့် စကားလုံးက သူ့လျှာကို လောင်မြိုက်နေသကဲ့သို့ ခံစားရသဖြင့် သူ ထိုစကားကိုထုတ်မပြောနိုင်ဘဲ ချွေးစေးများသာ ပြန်နေတော့သည်။

စုကျို အမူအရာမှာ ခနဲ့တဲ့တဲ့ဖြစ်နေသည်။ သူ ကောက်ယူလိုက်သော မုန်လာဥပုံ‌အခေုခံအုတ်မြစ် မိတ္တူပေါ်တွင် စာသားလေးတစ်ခုပါရှိနေသည် - ‘ချန်ကျိုး၏ သာမန်အဆင့် ရီယွမ်အဆင့် ၇ ဝိညာဉ်အမြစ် (၁)’

သူမ ထိုအရာကို ရက်ရက်စက်စက်ပင် ချန်ကျိုး ရှင်းရှင်း လင်းလင်းမြင်နိုင်အောင် လှန်ပြလိုက်သည်။

“...!”

ချန်ကျိုး အပြင်းအထန် ရိုက်နှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အနောက်သို့ သုံးလှမ်းခန့်ဆုတ်သွားကာ ထိတ် လန့်တုန်လှုပ်နေတော့သည် - “ဒါ... ဒါက မှော်အတတ်ပဲ! ဒါတွေက အတုတွေ! ဒါတွေက အစစ်မဟုတ်ဘူး!”

“ဘာ လေးဆသော ရလဒ်လဲ! ဒါ မျက်လှည့်ပဲ ဖြစ်ရမယ်!”

“ဟုတ်တယ်... ဟုတ်တယ်... မင်း လိမ်နေတာ! မြေကြီးပေါ်မှာ ခြောက်ခုတောင်ရှိနေတာကို ဘယ်လိုဖြစ်ပြီး လေးဆသော ရလဒ် ဖြစ်နိုင်မှာလဲ! မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ဒါ ငါ မဟုတ်ဘူး!”

သူသည် ဒေါသတကြီးဖြင့် စုကျိုထံသို့ အတင်းခုန်အုပ်ရန် ပြင်သည်။ လက်ဖမိုးပေါ်သို့ မိုးကြိုးထပ်ပစ်ရင်တောင် ဂရုမစိုက်တော့ဘဲ သူမကို ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။ သို့သော် စုကျို လက်ထဲမှ ပိုးစာပဋိညာဉ် အရှိန်အဝါများမှာ လေထဲတွင် သစ်ပင်သဏ္ဌာန် ကာကွယ်ရေးအလွှာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူမကို လုံးဝခွဲထုတ်ထားလိုက်သည်။

စုကျိုသည် ကူးယူထားသော အချက်အလက်များထဲမှ တန်ဖိုးဖြတ်ချက်ကို တစ်ချက်ကြည့်လိုက်သည် -

[ သာမန်အဆင့် သစ်သားဓာတ် အခြေခံအုတ်မြစ် - ကျင့်ကြံမှု နှေးကွေးသူများ သို့မဟုတ် ကျင့်ကြံ၍မရသော သာမန်လူသားများအတွက် သင့်တော်သည်။ သို့သော် ပါရမီမှာ အလွန်နိမ့်ကျပြီး အာနိသင်မှာလည်း သာမန်မျှသာ။ ဝတ်ဆင်ထားပါက ကျင့်ကြံမှုအရှိန်ကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်မည်။ ]

[ တည်မြဲမှုမရှိဘဲ တစ်ကြိမ်လျှင် အမွှေးတိုင်တစ်ဝက်စာ အချိန်သာ ခံသည်။ ]

စုကျို ချန်ကျိုးထံ အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ခန့်မှန်းတန်ဖိုးက ဝိညာဉ်ကျောက်တုံး ၉၉၉ တုံးပဲ ရှိတာလား၊ ပျော့လိုက်တာ”

ချန်ကျိုး မျက်နှာတစ်ခုလုံး နီရဲတွန်းတက်လာပြီး ပါးစပ်ကို ဟစိဟစိလုပ်ရင်း - “တော်တော့... တော်တော့! ဆက်မပြောနဲ့တော့!” ဟု အော်ဟစ်လိုက်ရသည်။

စုကျိုကမူ အားမလိုအားမရဖြစ်နေသည့်ဟန်ဖြင့် သိုလှောင်ရုံထဲမှ ကျန်နေသော မုန်လာဥခေါင်းလေး သုံးခုကိုထပ်ထုတ်လိုက်ပြီး သူ့လက်ထဲမှ ကိုးခုနှင့် မြေကြီးပေါ်မှ အရာများကို ပေါင်းလိုက်သည်။

“ဆရာတောက်က ငါ့ဝိညာဉ်အမြစ်ကို စမ်းသပ်တုန်းက ရလဒ်က လေးဆပဲ ထွက်တာ၊ အခု ဘာလို့ ကိုးခုတောင် ဖြစ်နေရတာလဲ ? အဖြေက ရှင်းပါတယ်၊ နင့်ရဲ့အ‌ေခြခံအုတ်မြစ်က အရမ်းအားနည်းလွန်းလို့ပဲ...”

“ဒါကိုတောင် ငါ့ကို ပြန်မေးရဲသေးတယ်နော်” စုကျို လှောင်ပြုံးပြုံးလိုက်သည်။

ချန်ကျိုး မြင်ကွင်းများမှာ ဝေဝါးလာတော့သည်။ စုကျို သည် ပိုးစာပဋိညာဉ် အကာအကွယ်စက်ကွင်းထဲတွင် ရပ်လျက်၊ ကူးယူထားသော ဝိညာဉ်အမြစ်ကိုးခု၏ တန်ဖိုးကို တွက်ချက်ကာ အကြွေးစာရင်းကိုထုတ်လိုက်သည်။

“အကြွေး ဝိညာဉ်ကျောက်တုံး ၉၀,၀၀၀ ကျန်သေးတယ်၊ အသုံးမကျတဲ့ကောင်”

သူမသည် အကြွေးလက်ကျန်ကိုအသစ်ပြင်ရေးပြီး ချန်ကျိုး နဖူးပေါ်သို့ ‘ဘုတ်’ ခနဲ ကပ်လိုက်သည်။

ချန်ကျိုးမှာ ဒူးများပင် တုန်ယင်လာတော့သည်။ စုကျိုမှာ ကြည့်လိုက်လျှင် ပိန်ပိန်ပါးပါးနှင့် ဖြူစင်နုနယ်သော ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။ သူမ ကျင့်ကြံမှုနှင့် ခန္ဓာကိုယ်မှာလည်း သူ့ထက်မသန်မာပေ။ သို့သော် ယခုအချိန်တွင်မူ သူမအား ခုခံရန် သတ္တိအစအနမျှပင် သူ မမွေးမြူနိုင်တော့!

သူမသည် သူ့အပေါ် ဖိနှိပ်ထားသော မြင့်မားသည့်တောင်ကြီးတစ်လုံးကဲ့သို့လည်းကောင်း၊ သူ့ ‘အဆင့် ၅၀ ရှိထိပ် တန်းကျင့်ကြံသူ’ ဟူသော ဟန်ဆောင်မှုအား ဖောက်ထွင်းလိုက်နိုင်သည့် ထက်ရှသောဓားတစ်စင်ကဲ့သို့လည်း ကောင်း သူ ခံစားနေရပေသည်။

“ဒီကိုလာခဲ့၊ ကောင်မလေး”

စုကျို စုကျီကျီအား လှမ်းခေါ်လိုက်သည်။ စုကျီကျီမှာ လန့်သွားပြီးမှ တရကြမ်းပြေးလာခဲ့သည်။

“ဒါက ဟိုအသုံးမကျတဲ့ကောင်တွေနဲ့... အရင် မင်းအပေါ် ကျဲ မှားခဲ့တာတွေအတွက် လျော်ကြေးပဲ...” စုကျို တည် ကြည်စွာပြောလိုက်သည်။

အကြွေးဆိုသည်မှာ ဆပ်ရမည်။ ဤသည်မှာ လောကနိ ယာမပင်။ သူမ ကိုယ်တိုင်ပင်လျှင် ဤစည်းမျဉ်းကို ချိုးဖောက်၍မရပေ။

“နင် ကျင့်ကြံရတာနှေးပြီး ပါရမီအားနည်းတယ် မဟုတ်လား ?” စုကျိုက စဉ်းစားဟန်ဖြင့် ပြောရင်း၊ ‘ပြင်ပဝိအခြေခံအုတ်မြစ်’ ဟုခေါ်သော အစိမ်းရောင် မုန်လာဥခြောက်လေး ကိုးခုအား ညီမလေး၏ ဆံပင်ထုံးထဲသို့ ထိုးစိုက်ပေးလိုက်သည်။

“ဒါတွေကို ဝတ်ထားပြီး အားသွန်ခွန်စိုက်ကျင့်ကြံစမ်း”

စုကျီကျီ မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်သွားရသည်။ သူ မှင်သက်သွားရသည်မှာ— အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ခေါင်းပေါ်မှ အရာများ ယိမ်းထိုးနေသလိုခံစားရသည်။ သူလေး သူ့သိုလှောင်အိတ်ထဲမှ ကြေးမှန်လေးကို ထုတ်၍ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် သူ ငိုချင်သွားတော့သည် - “ဒါက နည်းနည်း ရုပ်ဆိုးနေသလိုပဲ ကျဲရယ်”

“ဟုတ်လို့လား ?”

စုကျို အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မုန်လာဥတွေ အပြည့်ဖြစ်နေသော ညီမလေး ခေါင်းကို အကဲခတ်လိုက်သည် - “လှ... လှပါတယ်ဟယ်”

စွမ်းအားရဖို့အတွက်ဆိုရင် ရုပ်နည်းနည်းဆိုးတာလောက်က ဘာဖြစ်လဲ ?

“ကျဲ... ကျီကျီခေါင်းက သေးသေးလေးဆိုတော့ အကုန်လုံး မဆံ့ဘူး” စုကျီကျီ မှန်ထဲကြည့်ရင်း မုန်လာဥစိပ်လေး လေးခုကို သူ့ ဆံပင်ကုတ်လေးတွေထဲ ကလစ်အဖြစ် ညှပ်ထားလိုက်သည်။

ဤအစိမ်းရောင် အလှဆင်ပစ္စည်းလေးမှာ သေးသေးလေးနှင့် ချစ်စရာတော့ကောင်းသား။ ထိုသို့ ညှပ်လိုက်သည်နှင့် သူ့ ကျင့်ကြံမှုအရှိန်မှာ အမှန်ပင် သုံးပုံတစ်ပုံခန့်ပိုမြန်လာသည်ကို ခံစားလိုက်ရသည်! အဆင့်တက်တော့မည့် နိမိတ်ကိုပင် သူလေး အာရုံရနေပြီဖြစ်သည်။

“ငါးခု ပိုနေသေးတာဆိုတော့ ကျဲလည်း ခေါင်းမှာတပ်ထားလိုက်ပါလား ? တစ်ဝက်စီ ခွဲတပ်ထားရင် နှစ်ယောက်လုံး ကျင့်ကြံရတာ ပိုမြန်တာပေါ့”

မဖြစ်နိုင်တာ~

စုကျိုမှ မကြားချင်ယောင်ဆောင်ကာ ငြင်းလိုက်သည် - “နင်ကမှ ကျင့်ကြံတာနှေးတာ၊ ငါတော့ အဲဒီပြဿနာ မရှိဘူး”

သို့သော် စုကျီကျီမှာမူ ထိုမုန်လာဥကလစ်လေးများနှင့်အတူ ကျန်နေသောငါးခုအား စုကျိုလက်ထဲသို့ အတင်းထိုးထည့်ကာ စိုက်ခင်းထဲသို့ပြေးဝင်သွားတော့သည် - “ကျီကျီအတွက် ဒါဆို လောက်ပါပြီ၊ အလုပ်သွားလုပ်တော့မယ် ကျဲ!”

ချန်ကျိုး လက်များတုန်ယင်နေသည်။ သူ မသေသေးဘူးလေ! သူ ဒီမှာ ရှိနေတုန်းပဲ!

ဒီလူတွေက သူ့ကို လုံးဝအရေးမစိုက်ကြတော့တာလား ?!

“လွန်သွားပြီ စုကျို! ပညာရှိဆိုတာ အသတ်ခံရရင် ခံရမယ်၊ အရှက်ခွဲတာတော့ မခံနိုင်ဘူး!”

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

စုကျို နှာခေါင်းတစ်ချက်ရှုံ့ရင်း - “ကျယ်ကျယ်လေး ထပ်အော်စမ်းပါ”

ချန်ကျိုး တစ်ချက် အသက်ရှူကျပ်သွားရသည်။ ထိုစဉ် အနီးနားရှိ စိုက်ခင်းမှ စကားသံများလွင့်ပျံလာသည်။

“အို... ကျီကျီလေး၊ ခေါင်းမှာတပ်ထားတဲ့ အလှဆင်ပစ္စည်းက ဘာလေးလဲ ? ဆန်းလည်း ဆန်းတယ် လည်းလှတယ်၊ ဝိညာဉ်စွမ်းအင်တွေတောင် စုပေးနေသလိုပဲနော် ?”

“ဟဲ့... အဲဒီပေါ်မှာ စာလုံးတွေလည်း ပါတယ်လား?”

“ဟုတ်!” စုကျီကျီ၏ ပျော်ရွှင်နေသော အသံက လေထဲတွင် လွင့်ပျံလာသည် - “ဒါ ချန်ကျိုးရဲ့ ‘အခြေခံအုတ်မြစ်အသေးလေး’ လေ!”

ချန်ကျိုး မြင်ကွင်းများ မှောင်အတိကျသွားပြီး လဲကျတော့မည့်အလား ဖြစ်သွားရသည်။

“ငါ့စိုက်ခင်းထဲမှာ လဲကျရဲရင် ဘာဖြစ်မလဲ ကြည့်ထားလိုက်”

စုကျိုသည် သူ့အရှေ့မှာတင် ‘ချန်ကျိုး’ ဟု အမည်ရေး ထားသော ကျန်နေသည့် မုန်လာဥစိပ်လေး ငါးခုအားမြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

“သွားကြစမ်း... ချန်ကျိုးရဲ့အခြေခံအုတ်မြစ်လေးတွေ”

“ပေါင်းမြက်ရှင်းတဲ့ မန္တန်ကို သုံးလိုက်”

ချက်ချင်းဆိုသလိုပင် ချန်ကျိုး၏အခြေခံအုတ်မြစ်ပုံသဏ္ဌာန်နှင့် သူ့အမည်ပါသော မုန်လာဥစိပ်လေး ငါးခုမှာ စိုက်ခင်းထဲတွင် ‘ဝှစ်’ ခနဲ မတ်တပ်ရပ်လာသည်ကို ချန်ကျိုးမြင်လိုက်ရတော့သည်!

ချန်ကျိုး: “...!”

“ခဏလေး... ခဏလေး စုကျို! ငါ ပြန်ပေးပါ့မယ်၊ မင်း ဘာလိုချင်လဲ ပြော၊ ငါ အကုန်ပေးမယ်!”

စုကျိုကမူ သူ့အား အာရုံစိုက်မနေတော့ဘဲ လှည့်ထွက်သွားတော့သည်။

[ချန်ကျိုး၏အခြေခံအုတ်မြစ်အတုလေးများကို မိမိကိုယ် တိုင် ဝတ်ဆင်မထားပါက အပြင်ဘက်သုံး ‘မန္တန်အဆောင်’ အဖြစ် တိုက်ရိုက်အသုံးပြုနိုင်ပါသည်။]

[သို့သော် အသုံးပြုနိုင်သည့် မန္တန်အမျိုးအစားမှာ ချန်ကျိုး ကျွမ်းကျင်သည့် မန္တန်များဖြစ်သော ‘နေရောင်ခြည်မန္တန်’၊ ‘မြေသြဇာကျွေးမန္တန်’၊ ‘ပေါင်းမြက်ရှင်းမန္တန်’ နှင့် ‘မိုးရွာသွန်းစေသောမန္တန်’ တို့သာ၊ ကျန်ရှိသော မန္တန်များကို ချန်ကျိုးကိုယ်တိုင် မကျွမ်းကျင်သည့်အတွက် ဤအခြေခံအုတ်မြစ်အတုဖြင့် အသုံးပြု၍မရနိုင်ပါ။]

[အပြင်ဘက်သုံးမန္တန်အဖြစ် အသုံးပြုပါက ဝိညာဉ်စွမ်း အင်ကို ၅၀ ရာခိုင်နှုန်းသာ အသုံးချနိုင်မည် ဖြစ်သည်။]

စုကျိုသည် ထိုအချက်အလက်ကိုဖတ်ပြီးနောက် အသုံးမကျသော ပစ္စည်းဟု ထပ်မံသတ်မှတ်လိုက်ပြန်သည်။

ဒီအခြေခံအုတ်မြစ်က ဘာလို့ ဒီလောက်တန်ဖိုးနည်းနေရလဲဆိုတာ မဆန်းပါဘူး။ တတ်တဲ့မန္တန်ကလည်း နည်းသလို အာနိသင်ကလည်း ထက်ဝက်ပဲ ရှိတာကိုး။ ‘ငါးနံပါတ် ၇’ ကတော့ တကယ် အားနည်းလွန်းသေးတယ်၊ သူ့ကို အား ကိုးဖို့တော့ မဖြစ်နိုင်ဘူး။

ခဏနေရင် ‘ငါးနံပါတ် ၆’ ရဲ့ သင်္ချိုင်းကိုသွားပြီး မပုပ်မသိုးသေးတဲ့ ရုပ်အလောင်းကို တူးဖော်နိုင်မလား ကြည့်ရမယ်၊ ဒါမှ သူ့ ဝိညာဉ်အမြစ်ကို ကူးလို့ရမှာ၊ ပြီးတော့ ‘ငါးနံပါတ် ၅’ ကျင်းချန် ဆိုရင်တော့ ပိုပြီးအစွမ်းထက်တဲ့ မန္တန်တွေ တတ်မှာသေချာတယ်။

“စုကျို... အဲဒါတွေကို မသုံးပါနဲ့၊ ငါကိုယ်တိုင် ကူညီပါ့မယ်! တောင်းပန်ပါတယ်!” ချန်ကျိုး လက်အုပ်ချီကာ အသည်း အသန်တောင်းပန်နေတော့သည်။

စုကျို သူ့အား လူအတစ်ယောက်လို ကြည့်လိုက်ပြီး - “ငါ့ကို အူကြောင်ကြောင်လို့ ထင်နေတာလား ? ဒါတွေက အသုံးမဝင်ဘူးဆိုရင်တောင် နင့် ကိုးယောက်စာနဲ့ ညီမျှတယ်၊ နင်တစ်ယောက်တည်း ကူညီတာက ဒါတွေလောက် အသုံးမဝင်ဘူး”

“ဖယ်စမ်း၊ ငါ့ရှေ့မှာ လာပိတ်မနေနဲ့”

စုကျိုက စိတ်မရှည်စွာဖြင့် လက်ယမ်းထုတ်လိုက်သည်။

သူမက အလုပ်လုပ်နေတာတဲ့လား ?

ချန်ကျိုးမှာ စုကျို၏မောက်မာလှသော အမူအရာကြောင့် စကားပင် မပြောနိုင်တော့ချေ!

All Chapters