← Chapters

အခန်း (၁၂၂)

Vol. 12 Ch. 122

အခန်း (၁၂၂)

Vol. 12 Ch. 122

ထိုလူ၏ အသံမှာ အလွန်တရာ ကျယ်လောင်လှသဖြင့် စားသောက်ဆိုင်အတွင်းရှိ လူအားလုံးနီးပါး ခေါင်းလှည့်ကြည့်လာကြသည်။

ပိုင်ထင်းကျိီသည် ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေပြီး ဘေးဘီကိုပင် မျက်လုံးကစားခြင်း မရှိဘဲ တစ်ဖက်လူ၏ တုံ့ပြန်မှုကိုသာ တည့်တည့်စိုက်ကြည့်ကာ စောင့်ဆိုင်းနေသည်။

"ဒီလူက ဘယ်က ရောက်လာတာလဲ၊ ဘာလို့ ဒီလောက်တောင် စည်းကမ်းမရှိရတာလဲ"

"ဝတ်ပုံစားပုံ ကြည့်ရတာတော့ တောက လာတဲ့သူနဲ့ တူတယ်..."

"သူ ဝင်လာပြီးချင်း မင်းသားလေးနဲ့ တခြားလူတွေကို အရင်ဆုံး အရက်

ခွက်မြှောက်ပြီး ဂါရဝပြုသင့်တာလေ။ အခုတော့ ချန်ဆန်းရှီနဲ့ မိတ်ဖွဲ့ချင်တာကို အဲဒီလောက် အသံကျယ်ကြီးနဲ့ အော်ပြောနေတာကတော့..."

ဒါက ' ဂါရဝပြုခြင်း' သဘောမျိုး ဖြစ်နေသည်။ သို့သော် ပြဿနာမှာ ချန်ဆန်းရှီသည် လူသစ်တစ်ယောက်သာ ဖြစ်ပြီး၊ ကျင့်စဉ်အဆင့်ကလည်း မမြင့်သေးသလို၊ ခိုင်မာသော နောက်ခံအင်အားလည်း မရှိသေးသဖြင့် ကိုယ်ပိုင်အုပ်စု တစ်ခုကို ဦးဆောင်ရန် အရည်အချင်း မပြည့်မီသေးခြင်းပင်။

"နေဦး..." ဝမ်ချိုးရှီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းရှေ့မှာ မင်းသားလေး ရပ်နေတာတောင်၊ မင်းက သူ့ကို အရင်ဆုံး အရက်ခွက် မမြှောက်ဘူးလား"

"မင်းသားလေး" ပိုင်ထင်းကျိီက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။ "ငါ မင်းသားလေးဆိုတာကို မသိဘူး၊ ငါက ဗိုလ်ချုပ်ချန်ကိုပဲ သိတယ်"

ယခုအခါ ချန်ဆန်းရှီသည် ပဉ္စမအဆင့် 'သူရသတ္တိပြည့်စုံတဲ့ဗိုလ်ချုပ်' ဘွဲ့ကို ရရှိထားပြီး ဖြစ်သဖြင့် သူသည် တကယ့် စစ်ဗိုလ်ချုပ်စစ်စစ် ဖြစ်နေပြီ ဖြစ်သည်။

"အလိုက်တာ"

ယင်ဟန်ဝမ်က ဒေါသတကြီး ပြောလိုက်သည်"မင်းရဲ့ ဗိုလ်ချုပ်ချန်တောင်မှ မင်းသားလေးကို အရင်ဆုံး အရက်ခွက်မြှောက်ပြီး ဂါရဝပြုရတာကွ မင်း စည်းကမ်းတွေကို နားမလည်ဘူးလား"

"ညီအစ်ကိုပိုင်... မင်းသားလေးကို အမြန်ဆုံး အရက်ခွက်မြှောက်ပြီး ဂါရဝပြုလိုက်ပါ" ချန်ဆန်းရှီသည် ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် အချိန်မီပင် မတုံ့ပြန်နိုင်ဖြစ်သွားရသည်။

"ဒီအတိုင်းကြီး ရပ်မနေနဲ့လေ"

ဤလူငယ်မှာ စည်းကမ်းစနစ်များကို လုံးဝနားမလည်သော ခေါင်းမာသည့် ငတုံးလေးဖြစ်ကြောင်း ချန်ဆန်းရှီ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ဤလုပ်ရပ်မှာ မောက်မာလှသော မင်းသားလေးကို အကြီးအကျယ် စော်ကားလိုက်ခြင်းပင်။

"ခင်ဗျားက မင်းသားလေးလား ဗိုလ်ချုပ်ချန်က ခင်ဗျားကို အရက်ခွက်

မြှောက်ခိုင်းလို့... ကဲ ချီးယားစ် "

ပိုင်ထင်းကျိီ၏ စကားကြောင့် လူအားလုံး ထပ်မံ အံ့အားသင့်သွားကြရသည်။ 'ဒီလူကတော့ ကျူထုံလိုပဲ ဉာဏ်နည်းတာလား' ဟု ချန်ဆန်းရှီ တွေးမိကာ ကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

ချောင်ဖန်သည် ဒေါသကြောင့် နှုတ်ခမ်းများ တုန်ရင်နေပြီး မျက်လုံးကို မှေးကြည့်ကာ "ဘယ်က လမ်းဘေးခွေးက ငါမင်းသားလေးနဲ့ အရက်အတူသောက်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလဲ" ဟု ဆိုလိုက်သည်။

"ခင်ဗျားက မသောက်ချင်ရင်လည်း မသောက်နဲ့လေ၊ ဘာလို့ လူကို ဆဲရတာလဲ" ပိုင်ထင်းကျိီက ဒေါသတကြီး ပြန်စိုက်ကြည့်ကာ "ခင်ဗျား ချချင်လို့လား" ဟု မေးလိုက်သည်။

"ထွက်သွားစမ်း"

ထိုစဉ် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အခြားလူငယ်တစ်ဦး ချဉ်းကပ်လာသည်။ သူကား လက်ရှိ ဝန်ကြီးချုပ်၏ မြေးဖြစ်သူ 'ယန်ချန်းချင်း' ပင် ဖြစ်သည်။ သူက လက်ဝှေ့ယမ်း ဂါရဝပြုရင်း "မင်းသားလေး... ဒီလူက စည်းကမ်းမသိတဲ့ တောသားတစ်ယောက် ဖြစ်မှာပါ ဘာလို့ သူ့လိုလူမျိုးနဲ့ အဆင့်တူ ဆင်းပြီး အငြင်းပွားနေမှာလဲ" ဟု ဝင်ဖြန်ဖြေပေးလိုက်သည်။

ချန်ဆန်းရှီက မျက်ရိပ်ပြလိုက်သောကြောင့် ပိုင်ထင်းကျိီသည် လက်ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။

"ယန်ချန်းချင်း... မင်း ပြောရမယ့် အချိန်ရောက်ပြီလား" ချောင်ဖန်က ရန်လိုစွာ ပြောလိုက်သည် "မင်းက ဘယ်လိုသတ္တိနဲ့ လျန်ကျိုးကို လာပြီး ငါနဲ့ ရွေးချယ်ပွဲမှာ ပြိုင်ချင်နေတာလဲ"

"ရွေးချယ်ပွဲက တရားမျှတတဲ့ ပြိုင်ပွဲတစ်ခုပါ၊ ပြီးတော့ ကျွန်တော်က ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ လာခဲ့တာပါ" ယန်ချန်းချင်းက ခေါင်းငုံ့ကာ ရိုရိုသေသေ ပြန်ပြောသော်လည်း သူ၏ လေသံမှာ အလွန်ပင် တည်ငြိမ်လှသည်။ "မင်းသားလေး စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့"

"ကောင်းပြီ၊ ဘာဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ချောင်ဖန်က နှာခေါင်းရှုံ့လိုက်ပြီး ချန်ဆန်းရှီကို ကြည့်ကာ "ညီအစ်ကိုချန်... ငါ မင်းကို သတိပေးလိုက်မယ် ယန်သားအဖတွေက ဆောင်းဦးကုန်ခါနီး နှံကောင်တွေလိုပဲ၊ သိပ်ပြီး မခုန်နိုင်တော့ဘူး ဘက်ရွေးတာကို သေသေချာချာ ရွေးပါ၊ မဟုတ်ရင် နောင်တရတာ နောက်ကျသွားလိမ့်မယ်" ဟု ဆိုလိုက်သည်။

အမှန်တကယ်ပင် ချောင်ဖန်သည် ချန်ဆန်းရှီကို 'ယန် အုပ်စု' ၏ လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ တကယ်တော့ ယန်ချန်းချင်းက ဝင်မကူညီခဲ့လျှင်ပင် ဤအမြင်မှ လွတ်ရန် မလွယ်ကူပေ။

နန်းတွင်းက နိုင်ငံရေး အားပြိုင်မှုများမှာ အလွန်ရှုပ်ထွေးလှသည်။ အထင်ရှားဆုံးမှာ ယန် အုပ်စု နှင့် ကောင်း အုပ်စု တို့ ဖြစ်သည်။ ဤအကြောင်းများကို လူသိရှင်ကြား မပြောဆိုကြသော်လည်း နန်းတွင်းရှိ လူအားလုံးက ထိုအုပ်စုနှစ်ခု၏ နောက်ကွယ်တွင် ဧကရာဇ်နှင့် အိမ်ရှေ့မင်းသား အသီးသီး ရှိနေကြကြောင်း နားလည်ထားကြသည်။

ချန်ဆန်းရှီသည် ဧကရာဇ်၏ အမိန့်တော်ကို လက်ခံရရှိထားသူ ဖြစ်သဖြင့် သဘာဝကျကျပင် ဧကရာဇ်၏ လူအဖြစ် မြင်ကြပြီး ယန် အုပ်စုနှင့် ပို၍ နီးစပ်သည်ဟု ယူဆခြင်း ခံရသည်။ သူသည် အကြိမ်ပေါင်းများစွာ မလိုလားသော်လည်း ဤနိုင်ငံရေး ရွှံ့နွံထဲသို့ မသက်ဆိုင်ဘဲ ပါဝင်သွားရတော့သည်။ ဒါက အရာရှိတစ်ဦး ဖြစ်လာလျှင် ရှောင်လွှဲ၍ မရသော ကံကြမ္မာပင်။

ကံကောင်းသည်မှာ သူက မြို့တော်တွင် မရှိခြင်းပင်။ သို့မဟုတ်ပါက နေ့စဉ် နိုင်ငံရေး ကစားကွက်များကြားတွင် ဗျာများနေရပေလိမ့်မည်။

ဒါဟာ ဧကရာဇ်ရဲ့ အကြံအစည်လည်း ဖြစ်နိုင်ပါသည်။ လက်အောက်ငယ်သားများကို အုပ်စုကွဲစေပြီး အချင်းချင်း စောင့်ကြည့်ခိုင်းထားခြင်းဖြင့် ဧကရာဇ်က ထိန်းချုပ်ရ ပိုလွယ်ကူသွားစေသည်။

"သခင်လေးချန်... ခုနက ကျွန်တော် အလုပ်များနေလို့ နှုတ်မဆက်မိတာ ခွင့်လွှတ်ပါ" ယန်ချန်းချင်းသည် မင်းသားလေးကို လွှတ်လိုက်ပြီးနောက် အေးအေးဆေးဆေး စကားပြောလာသည်။ "ဒါပေမဲ့ နောင်ကျရင်တော့ သခင်လေးရဲ့ လူတွေကို သေသေချာချာ ထိန်းရလိမ့်မယ်။ ဒါက သာမန်စားပွဲမို့လို့ တော်သေးတယ်၊ တကယ်လို့ နန်းတွင်းထဲမှာသာဆိုရင်..."

"ဒီလူက ကျွန်တော့်လူ မဟုတ်ပါဘူး" ချန်ဆန်းရှီက ပြန်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... ကူညီပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးယန်"

"သခင်လေးချန်ကလည်း အားနာစရာကြီးဗျာ" ယန်ချန်းချင်းက ပြုံးရင်း အနားကပ်လာသည်။

"ကျွန်တော်တို့နှစ်ယောက်လုံးက ဧကရာဇ်ရဲ့ လူယုံတော်တွေပဲလေ၊ ရှေ့မှာရှိတဲ့ ပြိုင်ပွဲမှာ အချင်းချင်း ကူညီကြရမှာပေါ့။ တကယ်လို့ ကျွန်တော်သာ ပထမနေရာကို ရပြီး 'တပည့်အရင်း' ဖြစ်သွားခဲ့ရင်၊ သခင်လေးချန်က ကျွန်တော့်ရဲ့ အားကိုးရတဲ့ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်"

"သခင်လေးယန်..." ဆွန်ပုချီက ကြားဖြတ်ပြောလိုက်သည်။ "ဆန်းရှီကိုယ်တိုင် 'တပည့်အရင်း' ရာထူးကို ရသွားနိုင်တဲ့ အခြေအနေမျိုးကိုရော မစဉ်းစားမိဘူးလား"

"အော်..." ယန်ချန်းချင်းက နှုတ်ခမ်းကို တွန့်လိုက်ရင်း "မစော်ကားလိုပါဘူး၊ ဒါပေမဲ့ သခင်လေးချန်က အတွင်းအားသန့်စင်ခြင်းအဆင့်ကို အခုမှ စတာမဟုတ်လား ကျန်တဲ့သူတွေက အနည်းဆုံး အသေးစားအောင်မြင်မှု့ကို ရောက်နေပြီ။ ကျွန်တော်ဆိုရင် 'ဟွာကျင်း' ကို ကူးဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ နောက်ဆုံး သိုင်းပြိုင်ပွဲမှာတော့ ဒါက ကျော်ဖြတ်ရခက်တဲ့ အတားအဆီးတစ်ခု ဖြစ်နေမှာကို စိုးရိမ်မိလို့ပါ" ဟု ဆိုလိုက်သည်။

"ကျွန်တော့်အမြင်အရတော့... ကျွန်တော်က မင်းသားလေးထက် အဆင့်

နိမ့်တယ်လို့ နာမည်ထွက်နေပေမဲ့၊ ကျွန်တော်သာ ပြီးပြည့်စုံမှု့ကို အမြန်ဆုံး ရောက်သွားခဲ့ရင် သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိနေတုန်းပဲ"

ယန်ချန်းချင်းသည်လည်း အတွင်းအားသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံမှု့သို့ ရောက်ရန် နီးစပ်နေသူ ဖြစ်သည်။

ချန်ဆန်းရှီသည် စိတ်ထဲတွင် အရေးပေါ်အခြေအနေတစ်ရပ်ကို ခံစားလိုက်ရသည်။ သူသည်လည်း အမြန်ဆုံး အသေးစားအောင်မြင်မှု့သို့ ရောက်အောင် လေ့ကျင့်ရပေတော့မည်။ မဟုတ်ပါက ပြိုင်ပွဲတွင် အနိုင်ရရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။

စားပွဲကြီးသည် ညဉ့်နက်သည်အထိ ဆက်လက်ကျင်းပနေသော်လည်း ချန်ဆန်းရှီကတော့ စောစောစီးစီး ပြန်လာခဲ့သည်။

သူက မေးလိုက်သည် "ပုချီ... လျန်ကျိုးနားက လော့ထျန်းတောင်တန်းမှာ 'ထူးဆန်းသားရဲ' တွေ အများကြီးရှိတယ်လို့ မှတ်တမ်းမှာ ဖတ်ဖူးတယ်ဟုတ်လား"

"ဟုတ်တယ်၊ ငါ နေရာတစ်ခု သိတယ်" အမဲလိုက်မည့်အကြောင်း ကြားသောအခါ ဆွန်ပုချီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားသည်။ "မင်း ကျင့်စဉ်မြှင့်ဖို့ အသားစားချင်လို့လား"

ချန်ဆန်းရှီက အတည်ပြုသောအားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဆေးဝါးများကိုတော့ အလွန်အကျွံ သုံးစွဲနေပြီ ဖြစ်သည်။ ကျင့်စဉ်ကို ပိုမိုမြန်ဆန်စေရန်အတွက် အာဟာရပြည့်ဝသော အစားအစာ လိုအပ်သည်။ ထူးဆန်းသားရဲ များသည် ဆေးဝါးများကဲ့သို့ပင် ငွေနှင့်ဝယ်ယူ၍ မရနိုင်သော ရှားပါးအရင်းအမြစ်များ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် သိုင်းပညာရှင်များသာ ၎င်းတို့ကို ရှာဖွေအမဲလိုက်ကြပြီး ရရှိလျှင်လည်း ကိုယ်တိုင်သာ စားသုံးကြကာ ပိုလျှံသည်များကိုသာ ရောင်းချလေ့ရှိကြသည်။

All Chapters