← Chapters

အခန်း (၁၂၃)

Vol. 12 Ch. 123

အခန်း (၁၂၃)

Vol. 12 Ch. 123

ထူးဆန်းသားရဲ အများစုမှာ ၎င်းတို့၏ အာနိသင် ထိရောက်မှုရှိစေရန် လတ်ဆတ်နေဖို့ လိုအပ်သည်။ အချိန်အတော်ကြာအောင် ထားလိုက်ပါက ၎င်းတို့၏ တန်ဖိုးမှာ ချက်ချင်းပင် ထက်ဝက်ကျော် လျော့ကျသွားတတ်သည်။

"ပတ်ချာလည် လည်နေပြီး နောက်ဆုံးတော့ ငါ့ရဲ့ အလုပ်ဟောင်းဆီပဲ ပြန်ရောက်လာတာပဲ"

ချန်ဆန်းရှီသည် လော့ထျန်းတောင်တန်းအတွင်းရှိ အခြေအနေများကို အသေသေချာချာ စုံစမ်းမေးမြန်းတော့သည်။

"အဲဒီမှာ သားရဲတွေ အတော်လေး ရှိတယ် ဥပမာ - ဓားသွားအံစွယ်ကျားပေါ့၊ သူ့ရဲ့သွေးနဲ့ အရက်ချက်သောက်ရင် အတွင်းကလီစာသန့်စင်ဖို့အတွက် တကယ့်ကို အကူညီရာ ရောက်တယ်။ သူ့ခန္ဓာကိုယ်က တခြားအစိတ်အပိုင်းတွေဆိုရင် ပိုတောင် အာဟာရဖြစ်သေးတယ်။ ဒါပေမဲ့ သူတို့က အရမ်းကြမ်းကြုတ်တယ်၊ ယေဘုယျအားဖြင့် ဓားသွားအံစွယ်ကျား တစ်ကောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အတွင်းအားသန့်စင်ခြင်းအဆင့် ရှိတဲ့ သိုင်းသမားတစ်ယောက်နဲ့ အတူတူပဲ"

ဆွန်ပုချီက လက်ချောင်းလေးတွေ ချိုးပြီး ရေတွက်ပြသည် "နောက်ပြီး လူဝံကြီးတွေ၊ ဝက်ဝံရိုင်းတွေ၊ အမှောင်ကျားသစ်တွေ စသဖြင့်ပေါ့ဗျာ... မျိုးစုံပဲ။ တစ်ကောင်ချင်းစီက ခန္ဓာကိုယ်အတွက် အလွန်အားဖြစ်စေတဲ့ ဖြည့်စွက်စာတွေ ဖြစ်သလို၊ တစ်ကောင်ထက်တစ်ကောင်လည်း ပိုပြီး အန္တရာယ်များတယ် ရှာရတာလည်း လုံးဝ မလွယ်ဘူး"

"ဒါနဲ့ အမဲလိုက်တဲ့အခါ သတိထားဦး၊ တောင်အနက်ကြီးထဲအထိ အလွန်အကျွံ မဝင်နဲ့ဦး"

"အဲဒီအတွင်းထဲမှာ အဆိပ်သားရဲ တွေ အများကြီးရှိတယ်"

"အဆိပ်သားရဲလား"

ချန်ဆန်းရှီက နားမလည်နိုင်သလို မေးလိုက်သည် "ငါ့ကို အဲဒီအကြောင်း နည်းနည်းလောက် ထပ်ပြောပြပါဦး"

"ဒီအဆိပ်သားရဲတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှ စပြီး ပေါ်လာတာပါ"

ဆွန်ပုချီက မေးစေ့ကို ပွတ်ရင်း ပြောသည် "ထူးဆန်းသားရဲတွေနဲ့ မတူတာက အဆိပ်သားရဲတွေမှာလည်း ထူးဆန်းသားရဲတွေလို တိုက်ခိုက်ရေးစွမ်းရည် ရှိပေမဲ့ သူတို့ရဲ့အသားကို စားလို့မရဘူး။ စားလိုက်ရင် အတွင်းကလီစာတွေနဲ့ သွေးကြောတွေကို ပျက်စီးစေတယ်။ ဒါ့အပြင် တောင်နက်ထဲမှာဆိုရင် သူတို့ကို အုပ်စုလိုက်ကြီးလည်း တွေ့နိုင်တယ်။ အဝိုင်းခံရရင် အရမ်းအန္တရာယ်များတဲ့အပြင် သူတို့ကို အကုန်သတ်လိုက်ရင်တောင် ဘာအကျိုးအမြတ်မှ မရဘူးလေ။ ဒီတော့ ဘယ်သူက အလကား အပင်ပန်းခံမှာလဲ"

"ပြီးတော့ အဲဒီအဆိပ်သားရဲတွေက ကူးစက်ရောဂါလိုပဲ ပွားနေတာဗျ။ တစ်ခါကဆိုရင် လူလိုမျိုး လက်နက်ကိုင်တတ်ပြီး လူကိုတုပတတ်တဲ့ လူဝံအိုကြီးတစ်ကောင်တောင် ပေါ်လာဖူးတယ်။ အခုဆိုရင် အဆိပ်အတောက်မျိုးစုံရှိတဲ့ သားရဲတွေ ဖြစ်ကုန်ပြီ"

"ကြားဖူးတာကတော့ လော့ထျန်းတောင်တန်းရဲ့ အလယ်ဗဟိုမှာ ဧရာမ မြွေကြီးတစ်ကောင် ရှိတယ်တဲ့။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက တစ်ယောက်ယောက် မြင်ခဲ့ဖူးတာ၊ ပေ ၅၀၀ ကျော်ရှည်ပြီး အချင်း ၈ ပေလောက် ရှိတယ်လို့ ဆိုကြတယ်"

ဒါက မြွေတစ်ကောင် ဟုတ်သေးရဲ့လား?

ချန်ဆန်းရှီသည် ရှေ့ကအကြောင်းအရာအပေါ် ပို၍ပင် စိတ်ဝင်စားသွားသည်"ဒီလို အဆိပ်သားရဲတွေ ရုတ်တရက်ကြီး ပေါ်လာတာကို ဘယ်သူမှ စုံစမ်းစစ်ဆေးတာမျိုး မရှိဘူးလား"

"ရှိတာပေါ့၊ ဒါပေမဲ့ ဘာကြောင့်လဲဆိုတဲ့ အဖြေကိုတော့ ရှာမတွေ့ခဲ့ကြဘူး" ဆွန်ပုချီက ပခုံးတွန့်ရင်း ပြောသည် "နောက်ဆုံးတော့ ဒီအတိုင်းပဲ ပစ်ထားလိုက်ကြပြီး အဲဒီနေရာကို ဘယ်သူမှ မသွားကြတော့ဘူး"

'ထူးဆန်းတာ တစ်ခုခုရှိရင် နောက်ကွယ်မှာ မိစ္ဆာရှိနေမှာပဲ' ဟု ချန်ဆန်းရှီက စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်လျှင် မသေမျိုးလမ်းစဉ်သို့ တက်လှမ်းနိုင်ဖွယ်ရှိကြောင်း သိပြီးကတည်းက သူသည် ဤကဲ့သို့သော ထူးဆန်းသည့် ကိစ္စရပ်များကို အထူးစိတ်ဝင်စားလာခြင်း ဖြစ်သည်။

"မင်းမသိသေးတဲ့ နောက်ထပ် တစ်ခုရှိသေးတယ်" ဆွန်ပုချီက 'ဆရာကြီး' စတိုင်ဖြင့် စကားကို အားရပါးရ ဆက်ပြောသည်။ "'ဟွာကျင်း'အဆင့်ကို ရောက်ပြီးရင် မင်းသုံးတဲ့ လက်နက်တွေက သာမန်လက်နက်တွေ ဖြစ်လို့မရတော့ဘူး 'အံ့ဖွယ်လက်နက်' တွေကို သုံးရတော့မယ်။"

"ဟွာကျင်း ဆိုတာက ကိုယ့်ရဲ့ သွေးစွမ်းအား ကို ပြင်းထန်တဲ့ အတွင်းအားလှိုင်း အဖြစ် ပြောင်းလဲလိုက်တာပဲ"

"အဲဒီအချိန်ကျရင် အဲဒီအားကို လက်နက်ထဲကို ထည့်သုံးရတယ်"

"အချို့လက်နက်တွေက ဒီအားကို အလေအလွင့်မရှိသလောက် အပြည့်အဝ သယ်ဆောင်ပေးနိုင်ပေမဲ့၊ သာမန်လက်နက်တွေကတော့ အားလှိုင်းစီးဆင်းမှုကို အများကြီး လျှော့ချပစ်လိုက်တတ်တယ်။ အဲဒီအခါ ကိုယ့်ရဲ့ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ မထုတ်နိုင်တော့ဘူး"

"မင်းရဲ့ 'ကျန်းယွဲ့ဓား' ကတော့ အံ့ဖွယ်လက်နက်ပဲ ဒါပေမဲ့ မင်းရဲ့ 'ကျူရွက်လှံ' ကတော့ မရတော့ဘူး၊ နောင်ကျရင် လဲရလိမ့်မယ်"

"တောင်ပေါ်က ထူးဆန်းသားရဲတွေဆီက ရတဲ့ ပစ္စည်းအချို့ကို ဒီလို အံ့ဖွယ်လက်နက်တွေ သွန်းလုပ်ရာမှာ သုံးလို့ရတယ်"

"ဒါပေမဲ့ ဒါက မင်း ဟွာကျင်းအဆင့် ရောက်မှ လိုအပ်မယ့် ကိစ္စပါလောလောဆယ် ဝေးသေးတယ်၊ ငါက ကြိုပြောပြထားရုံတင်ပါ"

"အတွင်းအားလှိုင်း နဲ့ အံ့ဖွယ်လက်နက် ဟုတ်လား" ချန်ဆန်းရှီ စဉ်းစားနေမိသည် "ဒီအားကို လေးနဲ့ မြှားမှာရော သုံးလို့ရလား"

သူသည် လေးနှင့်မြှားမှာ စွမ်းအားနည်းလာသည်ဟု ခံစားနေရသည်မှာ ကြာပြီဖြစ်သည်။ 'အတွင်းအားသန့်စင်ခြင်း' အဆင့်ရှိသည့် သိုင်းသမားတစ်ယောက်ကို သတ်ရန်မှာ အလွန်ခက်ခဲလှပြီး တစ်ဖက်လူ မူးဝေလာသည်အထိ အချိန်အကြာကြီး ပစ်ခတ်နေရသည်။ ထို့ကြောင့်ပင် နောက်ပိုင်းတွင် သူသည် လှံရှည်ကိုင်ကာ အသက်စွန့် တိုက်ခိုက်ခဲ့ရခြင်း မဟုတ်ပါလား။

သို့သော် အကယ်၍ သူသာ ဤအတွင်းအားလှိုင်းကို လေးမြှားတွင် ထည့်နိုင်ပါက...

ချန်ဆန်းရှီသည် မိစ္စာဂိုဏ်း၏ အဆင့်မြင့်သိုင်းသမား အာမူကူ၏ တိုက်ခိုက်ပုံကို ပြန်သတိရသွားသည်။ တိုက်ခိုက်မှုအများစုမှာ တိုက်ရိုက်ထိတွေ့စရာမလိုဘဲ မမြင်ရသော အားလှိုင်းတစ်ခုဖြင့် တိုက်ခိုက်ခြင်းပင်။ ၎င်းမှာ ဤ 'အတွင်းအားလှိုင်း' ပဲ ဖြစ်ရမည်။

အကယ်၍ သူသာ ဤအားကို မြှားတွင် ကပ်နိုင်ပါက အဝေးကနေ အတွင်းအားလှိုင်းဖြင့် တိုက်ခိုက်နိုင်မည် မဟုတ်ပါလားပိုလေးသော လေးကြီး

နှင့်သာ တွဲဖက်လိုက်လျှင် သူသည် 'အရိုးဖွဲ့စည်းခြင်းအဆင့်' မှာတုန်းကလိုပဲ အဆင့်တူ သိုင်းသမားတွေကို ကြက်ကလေး ငှက်ကလေးလို သတ်နိုင်ဦးမှာ ဖြစ်သည်။

သို့သော် ဆွန်ပုချီ၏ အဖြေက သူ့ကို စိတ်ပျက်သွားစေသည်။

"မရဘူး"

ဆွန်ပုချီက ပြန်ဖြေသည် "ဒီအတွင်းအားလှိုင်း ဆိုတာက ခဏတာ ပေါက်ကွဲထွက်လာတဲ့ အရာမျိုးပဲ၊ ခန္ဓာကိုယ် ဒါမှမဟုတ် ကိုင်ထားတဲ့ လက်နက်မှာပဲ ကပ်နေတာ 'ထူးခြားဖြစ်စဉ်' အဆင့်ကို ရောက်ပြီး ဟွာကျင်း ကနေ 'ဂန်း' အဖြစ် ပြောင်းလဲနိုင်မှသာ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်သွားနိုင်တာ။ ဒါတောင်မှ မသေချာဘူး မင်း အခြေခံအဆင့် ရောက်ရင် ငါ့အဖေကို မေးကြည့်ပေါ့ သူ သိလိမ့်မယ်"

ချန်ဆန်းရှီခေါင်းညိတ်လိုက်သည်။ လောလောဆယ် အဝေးကြီး မတွေးသေးဘဲ အခြေအနေကို ကြည့်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

အရင်ဆုံး ထူးဆန်းသားရဲတစ်ကောင်ကို အမိဖမ်းပြီး 'ရွေးချယ်ပွဲ' မစခင်အသေးစားအောင်မြင်မှု ရောက်အောင် အရင်ကြိုးစားရမည်။ လျန်ကျိုးမြို့... ဒါက တကယ့် ပါရမီရှင်တွေရဲ့ ထိပ်တိုက်တွေ့ဆုံပွဲပဲနေရာအသီးသီးက အစွမ်းအထက်ဆုံး လူတွေ ရောက်နေကြတာ၊ အားလုံးရဲ့ ရည်ရွယ်ချက်က စစ်နတ်ဘုရားအထက်က လျှို့ဝှက်ချက်တွေအတွက်ပဲ။

ချန်ဆန်းရှီက စမ်းတဝါးဝါးဖြင့် မေးလိုက်သည်။

"ပုချီ... မင်းအဖေရဲ့ တပည့်အရင်းတွေထဲမှာ 'စစ်နတ်ဘုရား' အထက်အဆင့်ကို ဘယ်သူမှ မရောက်တာက သူတို့မှာ ပါရမီ မရှိလို့လား၊ ဒါမှမဟုတ် တခြား အကြောင်းရင်း ရှိသေးတာလား"

"အများစုကတော့ ပါရမီ မရှိကြလို့ပါပဲ" ဆွန်ပုချီ စိတ်မကောင်းစွာ ပြောသည် "အကြီးဆုံးစီနီယာကတော့ အဲဒီအဆင့်ကို နည်းနည်း ထိတွေ့နိုင်နေပြီလို့ ထင်ရပေမဲ့၊ ငါ့အဖေက သူ့ကို ပညာဆက်မသင်ပေးဘူး။ ဘာကြောင့်လဲတော့ ငါလည်း မသိဘူး။ သူကလည်း အဲဒီလို ခံရမှာပဲ၊ ဒီနှစ်ပိုင်းတွေမှာ သူက နန်းတွင်းက လူတွေနဲ့ ပေါင်းပြီး ငါ့အဖေရဲ့ အာဏာကို ခွဲဝေယူဖို့ ကြိုးစားနေတာ"

အကြီးဆုံးစီနီယာ ချန်ဆန်းရှီသည် ဟုန်ကျီမြစ်ကမ်းမှာ တွေ့ခဲ့ရသော ဧရာမ လှံရှည်ကြီးကို ကိုင်ထားသည့် ကြမ်းတမ်းသော လူကြီးကို ပြန်သတိရသွားသည်။

"ဗိုလ်ချုပ်ချန်"

စားသောက်ဆိုင်မှာတုန်းက စည်းကမ်းမရှိဘဲ အော်ဟစ်ခဲ့သော ပိုင်ထင်းကျီိက မြင်းရထားကို တားလိုက်သည်။ သူသည် ကျောမှာ ဓားမကြီးတစ်လက်ကို လွယ်ထားသည်။ "ကျွန်တော် တောင်းပန်ဖို့ လာတာပါ ခုနက ကျွန်တော့်ရဲ့ လုပ်ရပ်က ဗိုလ်ချုပ်ချန်အတွက် ပြဿနာ ဖြစ်စေနိုင်တယ်လို့ လူတွေက ပြောကြလို့... ကျွန်တော် တကယ် တောင်းပန်ပါတယ်"

"..."

ချန်ဆန်းရှီက ကိစ္စမရှိကြောင်း လက်ကာပြလိုက်ပြီး စကားအများကြီး မပြောတော့ဘဲ ရထားမောင်းသမားကို ဆက်မောင်းခိုင်းလိုက်သည်။

"သခင်လေးချန်... ကျွန်တော့်ကို သခင်လေးနောက် လိုက်ခွင့်ပြုပါ"

ပိုင်ထင်းကျိီက မြင်းရထားနောက်ကနေ ပြေးလိုက်လာသည် "ကျွန်တော် သခင်လေးကို အရမ်းကြည်ညိုသွားလို့ တစ်သက်လုံး နောက်လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ"

"ညီအစ်ကိုပိုင်"

ချန်ဆန်းရှီက ပြောလိုက်သည်"မနောက်စမ်းပါနဲ့၊ ငါ့မှာ အခု လျန်ကျိုးမှာ ဘာရာထူးမှ မရှိသေးဘူး၊ ငါ့နောက်လိုက်ပြီး မင်း ဘာလုပ်မှာလဲ"

"ဘာပဲဖြစ်ဖြစ် လုပ်ပါ့မယ်" ပိုင်ထင်းကျိီက ဇွဲမလျှော့ဘဲ ပြေးလိုက်ရင်း "သခင်လေး... ကျွန်တော်က ဆင်းရဲတဲ့ မိသားစုက လာတာ၊ ငယ်ငယ်ကတည်းက သိုင်းကျင့်လာတာက သစ္စာရှိရမယ့် ခေါင်းဆောင်တစ်ယောက်ကို ရှာဖို့ပါ။ နန်းတွင်းက ခွေးတွေနောက်တော့ မလိုက်ချင်ဘူး၊ သခင်လေးနောက်ကိုပဲ လိုက်ချင်တာပါ"

All Chapters