အခန်း (၁၂၄)
Vol. 12 Ch. 124
"အရင်ဆုံး... ရွေးချယ်ပွဲ ကိုပဲ အာရုံစိုက်ကြရအောင်"
ချန်ဆန်းရှီက ပြောလိုက်သည် "ရွေးချယ်ပွဲမှာ သေသေချာချာ ယှဉ်ပြိုင်၊ မင်းက ငါ့ထက်တောင် အဆင့်မြင့်တဲ့ နေရာကို ရနိုင်တာပဲ"
ဒီစားသောက်ပွဲကို တက်ရောက်နိုင်သူတွေဟာ အရည်အချင်းနဲ့ ကျင့်စဉ်အဆင့်အတန်း အားလုံး ထူးချွန်ကြသူတွေချည်း ဖြစ်သည်။
"ဒါဆိုရင် ကျွန်တော် ဗိုလ်ချုပ်နောက်ကိုပဲ လိုက်ပါတော့မယ် ဗိုလ်ချုပ်... အခု အဆင့်နိမ့်နေတာက ခဏတာပါ၊ ဗိုလ်ချုပ် သေချာပေါက် အနိုင်ရလိမ့်
မယ်လို့ ကျွန်တော် ယုံကြည်တယ်"
ပိုင်ထင်းကျိီက ခိုင်ခိုင်မာမာ ပြောလိုက်သည် "ဗိုလ်ချုပ်... ဒီနေ့ ကိစ္စအတွက် တောင်းပန်ပါတယ် နောက်မှ ကျွန်တော် ဗိုလ်ချုပ်အတွက် 'ထူးဆန်းသားရဲ' တစ်ကောင် ဖမ်းပေးပြီး တောင်းပန်ပါ့မယ်"
ချန်ဆန်းရှီအနည်းငယ် အံ့သြသွားရသည် "မင်းက ထူးဆန်းသားရဲ ဘယ်မှာရှိလဲဆိုတာ သိလို့လား"
"သိတာပေါ့"
ပိုင်ထင်းကျိက ဆိုသည် "ကျွန်တော် လျန်ကျိုးကို ရောက်နေတာ သုံးလရှိပြီ၊ ပိုက်ဆံကလည်း တစ်ပြားမှ မရှိတော့ဘူး ကျင့်စဉ်တိုးတက်ဖို့အတွက် တောင်ပေါ်ကိုပဲ အားကိုးခဲ့ရတာ နှစ်လလောက် ပတ်ရှာပြီးတော့မှ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ထူးဆန်းသားရဲတွေရဲ့ ခြေရာကို ရှာတွေ့ခဲ့တာပါ"
"ဒါဆိုရင်တော့ ကောင်းတာပေါ့" ချန်ဆန်းရှီက သဘောတူလိုက်သည်။ "မနက်ဖြန် ငါ့အိမ်ကို လာခဲ့၊ ငါတို့ တောင်ပေါ်တူတူ တက်ကြတာပေါ့"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
ထိုအခါမှသာ ပိုင်ထင်းကျိီသည် သူ့နောက်ကနေ လိုက်နေခြင်းကို ရပ်တန့်လိုက်တော့သည်။
"ဒါက ဘာလဲဟ... ငါ့ရဲ့ အရူးအမူး ပရိသတ်ကြီးလား"
ချန်ဆန်းရှီသည် ထိုလူ၏ စိတ်အားထက်သန်လှသော အကြည့်ကိုကြည့်ပြီး အသားမကျသလို ခံစားနေရသည်။
ဟုန်ကျီမြစ်ကမ်းက ပြဿနာနဲ့ ဧကရာဇ်မင်းကြီးရဲ့ ကြေညာချက်ကြောင့် သူဟာ တကယ့်ကို နာမည်ကြီးလူသား ဖြစ်နေပြီဖြစ်သည်။ ပြဿနာတစ်ခုပဲရှိတာက သူ့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေခြင်းပင်။ ပုံမှန်ဆိုရင်တော့ ဒါက ကိစ္စမရှိပေမဲ့၊ ဒီနှစ်မှာတော့ တစ်ပြည်လုံးက ပါရမီရှင်တွေ အကုန်
လျန်ကျိုးကို စုပြုံရောက်နေကြတာမို့ ရွေးချယ်ပွဲရဲ့ စံနှုန်းတွေက နှစ်ဆမက မြင့်တက်နေပြီး သူ့အဆင့်က အားနည်းသလို ဖြစ်နေရသည်။
အိမ်ပြန်ရောက်သောအခါ စီချင်း နှင့် မော့ဟွာ တို့က အရာအားလုံးကို အဆင်သင့် စီစဉ်ထားပြီးဖြစ်သည်။ ချန်ဆန်းရှီကတော့ စားသောက်ပြီး ကျင့်စဉ်ကျင့်ရန်သာ လိုတော့သည်။
[ကျင့်ကြံမှု့ - တသားထည်းဖြစ်ခြင်းလှံသိုင်း (ကျွမ်းကျင်အဆင့်)]
[တိုးတက်မှု့ - ၄၂၃ / ၁၀၀၀]
ညဘက်တွင်တော့ ဇနီးမောင်နှံတို့၏ တာဝန်ဝတ္တရားများကို ထုံးစံအတိုင်း ဖြည့်ဆည်းလိုက်ကြသည်။
နောက်တစ်နေ့ နံနက်စောစော။
ပိုင်ထင်းကျိီက အိမ်ရှေ့မှာ အဆင်သင့် စောင့်နေသည်။
သို့သော် သူတို့ တောင်ပေါ်ကို အမဲလိုက်ဖို့ မထွက်ရသေးခင်မှာပဲ လီချန်ကျုံး ရောက်လာသည်။
"မင်းတို့ နှစ်ယောက်လုံး ငါနဲ့အတူ 'တပ်စခန်းရှစ်ခု' ဆီကို အရင်လိုက်ခဲ့ပါ။ ဗိုလ်ချုပ်ဖန်က ဒီစစ်ဆေးပွဲရဲ့ ပထမဆုံး အရေးကြီးတဲ့ တာဝန်ကို ကြေညာပါလိမ့်မယ်"
"ရွေးချယ်ပွဲက နောက်ထပ် ၁၀ ရက်နေမှ စမှာ မဟုတ်ဘူးလား"
"သခင်လေးချန်... ရောက်ရင် သိပါလိမ့်မယ်"
တပ်စခန်းရှစ်ခု ဆိုသည်မှာ သာမန်ကင်းစောင့်တပ်ဖွဲ့များကဲ့သို့ မဟုတ်ဘဲ အထူးချွန်ဆုံး အထူးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ နေထိုင်ရာ နေရာသည်လည်း သာမန် တဲများ မဟုတ်ဘဲ သီးသန့် သတ်မှတ်ထားသော နယ်မြေဖြစ်ရာ မြို့ထဲက မြို့တစ်မြို့ဟုပင် ဆိုနိုင်သည်။
လမ်းတစ်လျှောက်တွင် ကင်းလှည့်နေသော စစ်သားများသည် တန်ဖိုးကြီး ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လက်နက်ကောင်းများကို ကိုင်ဆောင်ထားကြသည်။ တစ်ယောက်ချင်းစီမှာ ဇွဲလုံ့လ အပြည့်ရှိနေပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကြသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ထိုနေရာတွင် အရွယ်အစားမျိုးစုံရှိသော သိုင်းကွင်း ပေါင်း ဒါဇင်နှင့်ချီ၍ ရှိသည်။
အလယ်ဗဟို သိုင်းကွင်းကြီးတွင် ဖန်ချင်းယွမ် က စင်မြင့်ထက်မှာ ထိုင်နေပြီး အောက်တွင်တော့ ယခုအကြိမ် ရွေးချယ်ပွဲအတွက် အရန်ဗိုလ်ချုပ်
လောင်းများ စုဝေးနေကြသည်။
လူတိုင်းကို မြေပုံတစ်ခုစီ ပေးလိုက်သည်။ ချန်ဆန်းရှီက ထိုမြေပုံကို ကြည့်လိုက်သည်နှင့် ၎င်းမှာ 'တံခါးလေးပေါက် နစ်မြုပ်ခြင်း စစ်ဗျူဟာ'
ဖြစ်ကြောင်း အလွယ်တကူ သိလိုက်သည်။
ဤစစ်ဗျူဟာသည် 'ပါကွား'ပုံစံအတိုင်း စီစဉ်ထားခြင်းဖြစ်သည်။ တစ်ခါ နေရာချပြီးပြီဆိုလျှင် စစ်သားများသည် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်သွားပြီး စည်းလုံးသွားကြလိမ့်မည်။ ရန်သူက ဘယ်နေရာမှာပဲရှိရှိ စစ်သားများက ဖြတ်ကျော်နေရာယူကာ ရန်သူကို အဝိုင်းခံထားရသလို ခံစားရအောင် လုပ်နိုင်သည့် အဆင့်မြင့် စစ်ဗျူဟာတစ်ခု ဖြစ်သည်။ ၎င်းသည် စစ်သားများ၏ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို အကြီးအကျယ် စမ်းသပ်သည့် စစ်ဗျူဟာလည်း ဖြစ်သည်။
"လူကြီးမင်းတို့"
ဖန်ချင်းယွမ်က အေးအေးဆေးဆေး စကားပြောလိုက်သော်လည်း သူ၏အသံမှာ ကြည်လင်ပြတ်သားလှသည်။ "ရွေးချယ်ပွဲ ဆိုတာက စစ်တပ်ကို ကွပ်ကဲနိုင်တဲ့ ဗိုလ်ချုပ်တွေကို ရွေးချယ်တာပါ။ အကယ်၍ စစ်အရာရှိတစ်ယောက်က စစ်သည်တွေကို နေရာမချတတ်ဘူး၊ စစ်ဗျူဟာမခင်းတတ်ဘူးဆိုရင် သူဟာ ထာဝရ စစ်မြေပြင်မှာ ဝင်တိုက်ရတဲ့ သာမန်
စစ်သည်တစ်ယောက်ပဲ ဖြစ်နေပါလိမ့်မယ်"
"ဒါကြောင့် ရွေးချယ်ပွဲရဲ့ ပထမဆုံး စစ်ဆေးမှုကတော့ 'စစ်ဗျူဟာခင်းကျင်းခြင်း' ပဲ ဖြစ်တယ်"
"မင်းတို့ထဲက စစ်ဗျူဟာကို လေ့လာထားတဲ့သူတွေဆိုရင် ဒီစစ်ဗျူဟာက'တံခါးလေးပေါက် နစ်မြုပ်ခြင်း စစ်ဗျူဟာ' ဆိုတာကို သိကြလိမ့်မယ်။ ဒါက အလွန်ခက်ခဲတဲ့ အဆင့်မြင့် စစ်ဗျူဟာတစ်ခုပါ"
"ခဏနေရင် လျန်ကျိုးရဲ့ ဗိုလ်ချုပ်ကျောက်က သူ့လက်အောက်က စစ်သည်တွေကို ခေါ်လာလိမ့်မယ်။ အဲဒီစစ်သည်တွေက လျန်ကျိုး ကာကွယ်ရေးတပ်ရဲ့ အတော်ဆုံး စစ်သည်တွေပဲ။ မင်းတို့ တစ်ယောက်ချင်းစီက သူတို့ထဲကနေ ကိုယ်တိုင် စစ်သည်တွေကို ရွေးချယ်နိုင်ပါတယ်"
"အဲဒီနောက်မှာတော့ မင်းတို့မှာ ဒီစစ်ဗျူဟာကို လေ့ကျင့်ဖို့ ၉ ရက် အချိန်ရမယ်။ ၉ ရက်ပြည့်ရင်တော့ ငါတို့ ဒီနေရာမှာပဲ စစ်ဆေးမှု လုပ်မယ်"
"အဲဒီအချိန်ကျရင် စစ်သေနာပတိချုပ်၊ မြို့ဝန်မင်း၊ ကြီးကြပ်ရေးမှူးနဲ့ ဗိုလ်ချုပ်အတော်များများက လာကြည့်ကြလိမ့်မယ်။ ဘယ်သူက အချောမွေ့ဆုံးနဲ့ အခိုင်မာဆုံး စစ်ဗျူဟာကို လေ့ကျင့်ပေးနိုင်လဲ၊ ဘယ်သူ့တပ်ဖွဲ့က ပရမ်းပတာ မဖြစ်ဘဲ တည်ငြိမ်နေသလဲဆိုတာကို ကြည့်ပြီး အနိုင်အရှုံး သတ်မှတ်မယ်"
"ကဲ... အခု ဗိုလ်ချုပ်ကျောက်ဆီကိုသွားပြီး မင်းတို့အတွက် စစ်သည်တွေကို ရွေးချယ်နိုင်ပါပြီ လေ့ကျင့်မှုကို ဒီနေ့ကစပြီး လုပ်ရမယ်"
စည်းကမ်းချက်များကို ကြေညာပြီးသွားသည်။
ရွေးချယ်ပွဲဝင်မည့် လှံကိုင်ဗိုလ်ချုပ်လောင်းများသည် တစ်ယောက်ပြီးတစ်ယောက် ဗိုလ်ချုပ်ကျောက်ဆီသို့ သွားကာ သူတို့အတွက် စစ်သည်ရွေးရန် ပြင်ကြတော့သည်။
စစ်ဗျူဟာခင်းကျင်းခြင်း
ချန်ဆန်းရှီတွင် [စစ်သည်များကို ကျွမ်းကျင်စွာ လေ့ကျင့်ပေးနိုင်ခြင်း] ဆိုသည့် ထူးခြားချက် ရှိနေသည်။ ထို့ကြောင့် စစ်သည်သစ်များကို ပေးလျှင်ပင် သူက ၉ ရက်အတွင်း ချောမွေ့အောင် လေ့ကျင့်ပေးနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
သို့သော်လည်း စစ်ဗျူဟာက ဘယ်လောက်အထိ ခိုင်မာမလဲဆိုတာနဲ့ ဘယ်လိုနည်းလမ်းနဲ့ စမ်းသပ်မလဲဆိုတာကိုတော့ သူ မသေချာသေးပေ။ ထိုအချက်နှင့် ယှဉ်လျှင် သူသည် သူကိုယ်တိုင် ခေါ်လာသော လူများကို ပို၍ ယုံကြည်သည်။
သူ့လူများတွင် [နစ်မြုပ်ခြင်း စစ်ဗျူဟာ၏ သေမင်းတမန် စိတ်ဓာတ်] ဆိုသည့် ထူးခြားချက် ရှိနေကြသည် မဟုတ်ပါလား။
ထိုသို့တွေးပြီး ချန်ဆန်းရှီရှေ့သို့တက်ကာ မေးလိုက်သည် "ဗိုလ်ချုပ်ဖန်... ကျွန်တော် ပိုယန်ခရိုင်ကနေ ခေါ်လာတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စစ်သည်တွေကို သုံးလို့ ရမလားခင်ဗျာ"
"အော်... ရတာပေါ့ သုံးလို့ရပါတယ်" ဖန်ချင်းယွမ်က ခေါင်းညိတ်သည်။ "ဒါပေမဲ့ မင်း သေသေချာချာ စဉ်းစားဦးနော် ကျန်တဲ့သူတွေက လျန်ကျိုးရဲ့ အထူးတပ်ဖွဲ့ဝင်တွေကို သုံးကြမှာ သူတို့က နယ်စပ်မှာ လူရိုင်းတွေနဲ့ တိုက်ပွဲဝင်ထားတဲ့ ဝါရင့်တွေလေ မင်း ပိုယန်က ခေါ်လာတဲ့ လူတွေကတော့..."
"ကျွန်တော် သေချာပါတယ်" ချန်ဆန်းရှီကပြတ်သားစွာ ပြောလိုက်သည်။