← Chapters

အခန်း (၁၂၅)

Vol. 12 Ch. 125

အခန်း (၁၂၅)

Vol. 12 Ch. 125

"မင်း သေချာရဲ့လား၊ အားလုံးကိုလား"

ဖန်ချင်းယွမ်က မေးခွန်းကို ထပ်မံမေးလိုက်သည်။ သူသည် မကြာသေးမီကပင် သခင်လေးရှီ နှင့် စကားစမြည် ပြောဆိုဖူးပြီး ထိုလူမှာ တကယ့်ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သဘောကျမိသည်။ သူ၏ နောက်ခံကြောင့် အမြင်ကျဉ်းနေသည်မှာ နှမြောစရာကောင်းသော်လည်း အချိန်ပေးနိုင်လျှင် အောင်မြင်မှုကြီးများ ရရှိမည့်သူဖြစ်သည်။ ထို့ပြင် ထန်ရိုရှန်သည်လည်း သွေးကြောများ ပျက်စီးနေသော်လည်း အသုံးဝင်ဆဲဖြစ်သည်။ သို့သော် ကျန်သည့်လူများမှာမူ မည်သို့သော အရည်အချင်းရှိသည်ကို သူ မသိပေ။

"သေချာပါတယ်" ချန်ဆန်းရှီ၏ အသံမှာ ဟိန်းထွက်သွားသည်။

မလှမ်းမကမ်းရှိ လျန်ကျိုး ဗိုလ်ချုပ်ကျောက်က လှမ်းကြည့်ကာ စေတနာဖြင့် သတိပေးသည် "လူငယ်... ငါ့ရဲ့ လျန်ကျိုးစစ်သည်တွေက တပ်စခန်းရှစ်ခုက လူတွေကို မမီပေမဲ့ သူတို့အားလုံးက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာတဲ့ ဝါရင့်တွေပါပဲ"

"ဗိုလ်ချုပ်ကျောက်... ခွင့်လွှတ်ပါ" ချန်ဆန်းရှီက လက်ဝှေ့ယမ်း ဂါရဝပြုလိုက်ပြီး "ကျွန်တော်က ကျွန်တော့်ရဲ့ ရဲဘော်ဟောင်းတွေနဲ့ပဲ ကျင့်သားရနေလို့ပါ" ဟု ဆိုလိုက်သည်။

"မလိုပါဘူး" ဗိုလ်ချုပ်ကျောက်က အေးစက်စက်ပင် ပြန်ပြောသည်။

"ငါ နားမလည်တာက လူတိုင်းက အထူးချွန်ဆုံးလူတွေကို လုယူနေချိန်မှာ မင်းက ဘာလို့ အားနည်းချက်တွေကိုပဲ ရှာနေရတာလဲ အခြေခံအကျဆုံး စစ်ဗျူဟာတစ်ခုအတွက်တောင် လူ ၅၀၀ လိုအပ်တယ်။ မင်းမှာ လူအလုံအလောက်ရှိရဲ့လား"

"အတိအကျပါပဲ"

ချန်ဆန်းရှီ မြစ်ကို ဖြတ်ကျော်လာစဉ်က လူ ၄၀၀ ကျော်ရှိပြီး၊ အရပ်သားတွေကို ကူညီခဲ့သည့် အဖွဲ့နှင့် ပေါင်းလိုက်လျှင် လူ ၅၀၀ ကျော်ရှိသည်။ ယခုအခါ သူတို့မှာ တပ်စခန်းရှစ်ခုတွင် ယာယီ အကူစစ်သည်များအဖြစ် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်သည်။ စည်းကမ်းအရ မည်သည့်ဗိုလ်ချုပ်မဆို မိမိယုံကြည်ရသော ကိုယ်ရံတော်တပ်သားများကို ခေါ်ဆောင်ခွင့်ရှိသည်။ ၎င်းမှာ ထိုဗိုလ်ချုပ်၏ ကွပ်ကဲမှုစွမ်းရည်ကို ပိုမိုထင်ရှားစေသည်။

သို့သော် ရွေးချယ်ပွဲဝင်မည့်သူ အများစုမှာ မြို့တော်နှင့် ပြည်နယ် ၃၆ ခုမှ လာကြသူများဖြစ်ရာ အချို့မှာ စစ်မတိုက်ဖူးသလို လက်အောက်ငယ်သားလည်း မရှိကြပေ။ ထို့ကြောင့် တရားမျှတမှုရှိစေရန် လျန်ကျိုးစစ်တပ်မှ စစ်သည်များကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားခြင်းဖြစ်သည်။

"ဗိုလ်ချုပ်ဖန်..."

ချန်ဆန်းရှီက ဆက်ပြောသည် "ဒီရွေးချယ်ပွဲမှာ ကျွန်တော့်ရဲ့ မူလလက်အောက်ငယ်သားတွေကိုပဲ သုံးသွားဖို့ စီစဉ်ထားပါတယ်။ အကယ်၍ သူတို့ရဲ့ စွမ်းဆောင်ရည်က သတ်မှတ်ချက် ပြည့်မီခဲ့ရင် သူတို့ကို တပ်စခန်းရှစ်ခုမှာ စစ်သည်အစစ်အမှန်တွေအဖြစ် ရာထူးတိုးပေးဖို့ ဖြစ်နိုင်မလားခင်ဗျာ"

"ဖြစ်နိုင်တာပေါ့" ဖန်ချင်းယွမ်က အတည်ပြုပေးသည်။

"သူတို့ကို အကူစစ်သည်တွေအဖြစ် ထားခဲ့တာက သူတို့ရဲ့ အရည်အချင်းကို ငါမသိသေးလို့ပဲ။ အကယ်၍ သူတို့က အစကနေ အဆုံးထိ တောင့်ခံနိုင်တယ်ဆိုရင် သူတို့ရဲ့ အရည်အသွေးက ပြဿနာမရှိဘူးဆိုတာ သက်သေပြပြီးသား ဖြစ်သွားမယ်။ အဲဒီကျရင်တော့ ရာထူးတိုးပေးဖို့က သဘာဝပါပဲ"

"ညီအစ်ကိုချန်... မင်းကတော့ မိုက်မဲလိုက်တာ" ယန်ချန်းချင်းက အပြေးအလွှား ရောက်လာပြီး တားမြစ်သည်။ "ဒါကို လုံးဝ မလုပ်သင့်ဘူး

ပိုယန်ခရိုင်က ပါလာတဲ့ စစ်ပြေးစစ်ကြွင်းတွေကို ဒီစစ်ဆေးပွဲမှာ ဘယ်လိုလုပ် သုံးမှာလဲ အကယ်၍ စစ်ဗျူဟာသာ ပျက်သွားရင် သူတို့က ပထမအဆင့်မှာတင် ပြုတ်သွားပြီး ဒုတိယဗိုလ်ချုပ်ရဲ့ လူသစ်စုဆောင်းရေးထဲ ရောက်သွားလိမ့်မယ်။ အဲဒီကျရင် သူတို့အတွက် တပ်မှူးရာထူးပြန်ရဖို့ ခက်သွားလိမ့်မယ်"

ပိုယန်... တောမြို့လေးတစ်မြို့ဒါရှန်အင်ပါယာရဲ့ နယ်စပ်က တပ်သားတွေရဲ့ အရည်အသွေးကို လူတိုင်း သိကြသော်လည်း အပြင်ထုတ်မပြောကြပေ။ နေရာတော်တော်များများမှာ စာရင်းလိမ်ပြီး လစာထုတ်တာတွေ၊ မြှားနဲ့ လက်နက်တွေကို ခိုးရောင်းတာတွေ ရှိနေကြသည်။ ဆွန်ဒူရှန် မြောက်ပိုင်းကို ရောက်လာပြီးမှသာ ဒါတွေက လျော့နည်းသွားသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကတော့ အလွန်နိမ့်ကျနေဆဲ ဖြစ်သည်။

"ညီအစ်ကိုချန်" ယန်ချန်းချင်းက နားနားကပ်ပြီး တိုးတိုးလေး ပြောသည်။ "မင်း သစ္စာရှိတာကို ငါသိပါတယ် ဒါပေမဲ့ မင်းရဲ့ လူတွေကို ငဲ့ညှာရင်တောင် တစ်ခုတော့ သိထားရမယ် မင်းသာ ရွေးချယ်ပွဲမှာ အဆင့်ကောင်းကောင်းရပြီး တပ်စခန်းရှစ်ခုမှာ နေရာတစ်နေရာ ရသွားပြီဆိုရင် သူတို့ကို အနှေးနဲ့အမြန် ပြန်ခေါ်လို့ ရတာပဲ"

"သခင်လေးယန်... ကျွန်တော့်အတွက် စိတ်မပူပါနဲ့"

ချန်ဆန်းရှီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် "ကျွန်တော့်လူဟောင်းတွေကို သုံးရတာက အချင်းချင်း ညှိနှိုင်းရမယ့်အချိန်ကို သက်သာစေချင်လို့ပါပြီးတော့ ကျွန်တော် သူတို့ကို ယုံကြည်ပါတယ်"

တကယ်တော့ ပိုယန်ခရိုင်က အခြေအနေကောင်းသည့် နေရာတစ်ခုဖြစ်သည်။ ရှန်ထင်ချွန်သည် ရည်မှန်းချက်ကြီးသူဖြစ်ပြီး စစ်စည်းကမ်းကို တင်းကျပ်စွာ ထိန်းသိမ်းခဲ့သည်။ စစ်ပွဲကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် အသက်ရှင်ကျန်ရစ်သူများသည် တကယ့် စွမ်းရည်ရှိသူများ ဖြစ်လာခဲ့ကြသည်။

"ဟင်း... နာမည်ကောင်းရခြင်းရဲ့ အကျိုးကျေးဇူးကို အသုံးချနေတာပဲ" အခြားတစ်ဖက်တွင် ယင်ဟန်ဝမ်က အသံကျယ်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။ "ကိုယ်ကျင့်တရား ကောင်းချင်ယောင်ဆောင်နေတာနဲ့ ကိုယ့်အနာဂတ်ကို ဖျက်ဆီးပစ်ရမှာ မကြောက်ဘူးလား"

"မတတ်နိုင်ဘူးလေ၊ လူလိမ်လူညာတွေက လူတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူတဲ့နေရာမှာ အတော်ဆုံးပဲ မဟုတ်လား" ဝမ်ချိုးရှီကလည်း ဘေးကလူတွေ ကြားအောင် ထပ်လောင်းပြောဆိုလိုက်သည်။

"တကယ်တော့... သူ ဟန်ဆောင်နေတာ မဟုတ်ဘူးလို့ ငါထင်တယ်" ရွေးချယ်ပွဲဝင်မည့် ဗိုလ်ချုပ်လောင်းများထဲတွင် အခြေအနေမှန်ကို သိသူများလည်း ရှိသည်။ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။ "သခင်လေးချန်က အရပ်သားတွေကို ကယ်ဖို့ အသက်

စွန့်ခဲ့တဲ့သူပဲ၊ သူက ဘယ်လိုလုပ် ဟန်ဆောင်နေမှာလဲ"

"ထန်ရင်ခ... မင်းက ဘယ်ဘက်ကလဲ" ယင်ဟန်ဝမ်က စိုက်ကြည့်ကာ "သူတို့ဘက်က ရပ်တည်နေတာလား၊ မင်း ရူးသွားပြီလား"

ထန်ရင်းခသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သူသည် စားသောက်ဆိုင်ကတည်းက ချောင်ဖန်နောက်ကို လိုက်နေသူဖြစ်ရာ မြို့တော်က သခင်လေးတစ်ဦး ဖြစ်မှာ သေချာသည်။

"သူက မပြောရဲပေမဲ့ ငါပြောမယ်" ပိုင်ထင်းကျိီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းတို့အားလုံးက လူညာတွေ ဖြစ်နေပြီးတော့ တခြားလူက ကိုယ်ကျင့်တရား ကောင်းတာကို မကြည့်ရက်ကြဘူးလားဘာအမှိုက်တွေလဲ နောက်ပြီး ဟိုမင်းသားလေးဆိုတာလည်း... သူသုံးတဲ့ စစ်သားတွေက မြို့တော်ကနေ ပြောင်းလာတဲ့လူတွေချည်းပဲလို့ မနေ့ညက ငါကြားတယ်၊ ဘာလို့ ပြိုင်နေဦးမှာလဲ သူ့ကိုပဲ အနိုင်ပေးလိုက်ပါတော့လား"

"ဟူး... လာပြန်ပြီ..." ချန်ဆန်းရှီတကယ်ပဲ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပေ။ ပါးစပ်ဆိုတာ တခြားလူတွေရဲ့ မျက်နှာပေါ်မှာ ရှိနေတာ မဟုတ်လား။

ချောင်ဖန်ရဲ့ လူတွေက မြို့တော်က လာတာလား ရှင်းနေသည်မှာ ဘယ်နေရာမှာမဆို လုံးဝဥဿုံ တရားမျှတမှုဆိုတာ မရှိနိုင်ပေ။ ဆင်းရဲတဲ့ နောက်ခံကလာတဲ့ ဗိုလ်ချုပ်လောင်းတစ်ယောက်အနေနဲ့ လျန်ကျိုးရဲ့ ဝါရင့်တပ်သားတွေကို ကွပ်ကဲခွင့်ရတာတောင် ကံကောင်းလှပြီ ဖြစ်သည်။ ထို့ပြင် စစ်

ဗျူဟာခင်းကျင်းခြင်းက ပထမဆုံး စစ်ဆေးမှုသာ ရှိသေးသည်။ အမှတ်အများဆုံးရသူမှသာ 'တပည့်အရင်း' ဖြစ်မှာ မဟုတ်ပါလား။

"ဒီကောင်စုတ်... မင်းက ဘယ်လိုသတ္တိနဲ့ မင်းသားလေးကို စော်ကားရဲတာလဲ" ယင်ဟန်ဝမ်က ဒေါသထွက်လွန်း၍ လက်နက်ကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

မင်းသားလေး ချောင်ဖန်က သူ့ကို တားလိုက်သည်။ သူသည် ဒေါသမထွက်သော်လည်း အသံကတော့ အေးစက်လှသည်"မင်း နာမည်က ပိုင်ထင်းကျိီလား"

"ငါ့နာမည်လည်း မပြောင်းဘူး၊ ငါ့မျိုးရိုးလည်း မလဲဘူး" ပိုင်ထင်းကျိီက မတ်မတ်ရပ်ကာ ပြန်ဖြေသည်။

"နာမည်မပြောင်း မျိုးရိုးမလဲဆိုတဲ့ စကားက ကောင်းသားပဲ" ချောင်ဖန်က ချန်ဆန်းရှီနှင့် ယန်ချန်းချင်းကို ကြည့်ကာ ပြောလိုက်သည် "ပိုင်ထင်းကျိီ... မင်းကတော့ သခင်အတွက် ဟောင်ပေးတဲ့ ခွေးလိမ္မာလေးပဲ နှမြောစရာကောင်းတာက မင်းရဲ့သခင်က ငါမဟုတ်သလို၊ မင်းက သခင်ကိုလည်း မှားရွေးလိုက်မိတယ် သူတို့က မင်းကို ကာကွယ်ပေးနိုင်မယ် ထင်နေလား"

"ငါ့ကို ခြိမ်းခြောက်နေစရာ မလိုဘူး" ပိုင်ထင်းကျိီက မကြောက်မရွံ့ ပြောသည် "မင်းသား တစ်ခုခုလုပ်ချင်ရင် အခုပဲ လုပ်လိုက်"

"တော်တော့" ဖန်ချင်းယွမ်က တည်ငြိမ်သော်လည်း ဩဇာပါသော အသံဖြင့် ဝင်တားလိုက်သည် "မကျေနပ်တာရှိရင် ပြိုင်ပွဲကွင်းထဲမှာပဲ ရှင်းကြ ဘယ်သူမဆို သီးသန့် ရန်ဖြစ်တာတွေ့ရင် ရွေးချယ်ပွဲကနေ ထုတ်ပယ်မယ်"

ထိုအခါမှသာ နှစ်ဦးသား ငြိမ်ကျသွားတော့သည်။

ဗိုလ်ချုပ်လောင်းများ လူစုခွဲသွားကြသည်။ ချန်ဆန်းရှီသည်လည်း သူနှင့် ရက်အတော်ကြာ မတွေ့ရသော သူ့လက်အောက်ငယ်သားများနှင့် သိုင်းကွင်းထဲတွင် တွေ့ဆုံလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ကျင့်စဉ်အဆင့်များလည်း တိုးတက်လာကြသည်။ ကျူထုံနှင့် ဝမ်လီတို့မှာ အရိုးဖွဲ့စည်းခြင်းကို စတင်နေပြီဖြစ်ပြီး ကျန်သူများလည်း တိုးတက်မှု အသီးသီး ရှိနေကြသည်။

"စိတ်ချပါ သခင်လေး" အားလုံးက ယုံကြည်ချက် အပြည့်ရှိနေကြသည်။ "ကျင့်စဉ်မှာတော့ ကျွန်တော်တို့က မယှဉ်နိုင်ပေမဲ့ စစ်ဗျူဟာနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ဘယ်သူက ကျွန်တော်တို့ကို ကျော်နိုင်မှာလဲ ဒီမှာရှိနေတဲ့လူတွေက အလောင်းပုံကြားထဲကနေ တွားထွက်လာတဲ့လူတွေချည်းပဲ"

"ဟုတ်တယ်၊ ဘယ်လိုစစ်ဗျူဟာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြန်ဆုံး သင်ယူနိုင်ပါတယ်"

ဝမ်ကျိီက အာမခံလိုက်သည် "ဆန်းရှီ... ငါနဲ့ ရွှီဝမ်ချိုင်ကိုပဲ လွှဲပေးလိုက် ၉ ရက်တောင် မလိုဘူး၊ ၅ ရက်အတွင်းမှာတင် 'တံခါးလေးပေါက်' အခြေခံစစ်ဗျူဟာကို စစ်မြေပြင်မှာ သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးလိုက်မယ်"

ထိုသို့ ပြောဆိုပြီးနောက် ချန်ဆန်းရှီသည် ညနေအထိ ကိုယ်တိုင် စောင့်ကြည့်ပြီး ပြဿနာမရှိကြောင်း သေချာမှ လှံရှည်နှင့် မြှားကိုယူကာ တောင်ပေါ်သို့ တက်ခဲ့သည်။

ထိုအတောအတွင်း သူသည် ပိုင်ထင်းကျိီ၏ နောက်ခံအကြောင်းကိုလည်း သိခဲ့ရသည်။ သူသည် ယူပြည်နယ်၊ ကွမ်လင်ခရိုင်က ဖြစ်ပြီး ဖခင်မှာ ပညာတတ်တစ်ဦး ဖြစ်ကာ သူကိုယ်တိုင်မှာ သိုင်းပညာကို ဝါသနာပါသူ ဖြစ်သည်။ စစ်တပ်ထဲ ဝင်ရောက်ပြီးနောက် သူသည် 'ဝရဇိန်ခန္ဓာ'ပိုင်ရှင်မှန်း သိခဲ့ရသည်။ သူသည် သူ့ထံမှ ရွေးချယ်ပွဲနေရာကို လုယူလိုသူများကို သတ်ပစ်ခဲ့သဖြင့် ဒေသခံ အတော်များများကို ရန်စခဲ့မိသူ ဖြစ်သည်။

ကံကောင်းစွာဖြင့် ရွေးချယ်ရေးအရာရှိ ရောက်လာပြီး သူ့ကို ခေါ်ထုတ်သွားသဖြင့် ဘေးကင်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပိုင်ထင်းကျိီသည် အတွင်းအားသန့်စင်ခြင်း အခြေခံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ချန်ဆန်းရှီကဲ့သို့ပင် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း လူမှုဆက်ဆံရေးတွင် မိုက်ရူးရဲဆန်လှသည်။

ယခု တောင်ပေါ်သို့ အမဲလိုက်ရန် သွားရာတွင် ဆွန်ပုချီနှင့် ပိုင်ထင်းကျိီတို့ ပါဝင်လာကြသည်။ ဆွန်ပုချီသည် လေးတစ်လက်ကို ကိုင်ဆောင်ထားပြီး ကျောပေါ်တွင် ဘာရှိမှန်းမသိသော သေတ္တာကြီးတစ်လုံးကို လွယ်ထားသည်။

ချန်ဆန်းရှီသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ "ပုန်းကွယ်ခြင်းနှင့်ခြေရာခံခြင်း" နည်းစနစ်ကို အကြီးစားအောင်မြင်မှု့အဆင့်သို့ ရောက်အောင် ကြိုးစားပြီး ဘာထူးခြားမလဲဆိုသည်ကို သိလိုနေသည်။

"ရှောင်ရှင်း... မင်းလည်း လိုက်မှာလား ငါ အမဲလိုက်နေတုန်း မင်းက ဘာလုပ်နေမှာလဲ" သူက ရောက်လာသည့် မြင်းဖြူလေး၏ ခေါင်းကို ပွတ်ကာ မေးလိုက်သည် "မင်းက အပြင်ထွက် ကစားချင်နေတာ မဟုတ်လား ကဲ... သွားတော့၊ မှောင်မလာခင် လော့ထျန်းတောင်ခြေမှာ ငါ့ကို လာရှာဦး"

မြင်းဖြူလေးမှာ ပျော်ရွှင်စွာဖြင့် ဒုန်းစိုင်းပြေးထွက်သွားတော့သည်။

"ဆန်းရှီ..."

ဆွန်ပုချီက မြင်းကိုကြည့်ကာ"မင်းရဲ့ မြင်းက တစ်ခုခုတော့ ထူးခြားနေပြီ သူက 'ထူးဆန်းသားရဲ' အဆင့် သေချာပေါက် ရောက်နေပြီ"

ချန်ဆန်းရှီက မေးလိုက်သည် "မြင်းတွေထဲမှာလည်း ထူးဆန်းသားရဲ ရှိတာလား"

"ရှိတာပေါ့"

ဆွန်ပုချီက ခေါင်းညိတ်သည် "ဒါပေမဲ့ အရမ်းရှားတယ် ငါ့စီနီယာအစ်ကိုအကြီးဆုံးရဲ့ 'မီးမြင်း' ဆိုရင် မျက်လုံးက သွေးလိုရဲနေပြီး ပြေးတဲ့အခါ တစ်ကိုယ်လုံးက အပူငွေ့တွေ ထွက်နေတာ၊ ကြည့်ရတာ မီးတောက်နေသလိုပဲ။ မင်းရဲ့ မြင်းဖြူကတော့ ကြည့်ရတာ သာမန်ပဲ၊ ဒါပေမဲ့ ဘာလို့ ဒီလောက်မြန်နေရတာလဲ သူက တစ်စုံတစ်ရာ မျိုးဗီဇပြောင်းလဲထားတာ ဖြစ်နိုင်တယ်"

ချန်ဆန်းရှီသည်လည်း အမြဲ သိချင်နေခဲ့သည်။ ဘယ်လောက်ပဲ ကောင်းသောမြင်းဖြစ်ပါစေ၊ တစ်နေ့ မိုင်တစ်ထောင် ပြေးပြီးလျှင် နားရမည်ဖြစ်သော်လည်း ရှောင်ရှင်းကတော့ မနားတမ်း ပြေးနိုင်ရုံတင်မကဘဲ မြင်းထိန်းကျောင်းခြင်း အတတ်တိုးတက်လာသည်နှင့်အမျှ ပို၍ မြန်လာသည်။ ရှန်ထင်ချွန်သည် သူ့ကို တကယ်ပင် အဖိုးတန်သော မြင်းတစ်ကောင် ပေးခဲ့ခြင်း ဖြစ်သည်။

"ရောက်ပြီ ရှေ့က တောအုပ်ကို ဖြတ်လိုက်ရင် လော့ထျန်းတောင်တန်းရဲ့ ပထမထပ်တောင်ကို ရောက်ပြီ"

"လော့ထျန်းတောင်တန်းက မိုင်ပေါင်း သောင်းချီ ရှည်လျားပြီး စုစုပေါင်း ၆၆ ထပ် ရှိတယ်။ ထူးဆန်းသားရဲကို ရှာချင်ရင် ၇ ထပ်မြောက်တောင်ကို ကျော်မှ ရလိမ့်မယ်။ သိုင်းသမားတွေအတွက်တောင် တစ်ရက်ကျော်ကျော် သွားရမှာဆိုတော့ တောင်ပေါ်မှာ အိပ်ရလိမ့်မယ်"

ဆွန်ပုချီက စိတ်လှုပ်ရှားစွာ ပြောသည်"ငါ အိမ်က ထွက်လာတော့ ငါ့အဖေက မင်းနဲ့အတူ အမဲလိုက်သွားမယ်ဆိုတာ သိတယ်။ သူက ငါ့ကို အပြစ်မတင်တဲ့အပြင် ဒါကို မင်းအတွက် ယူသွားပေးဖို့ ပြောလိုက်သေးတယ် ငါက ပျော်

လွန်းလို့ မေ့တောင်မေ့တော့မလို့"

ပြောပြောဆိုဆိုနှင့် ကျောပေါ်က သေတ္တာကို ချလိုက်ပြီး ဖွင့်ပြလိုက်သည်။ အထဲတွင် အစိတ်အပိုင်းများ မတပ်ဆင်ရသေးသော်လည်း ဟောင်းနွမ်းနေသော လေးကြီးတစ်လက် ရှိနေသည်။ ချန်ဆန်းရှီသည် ထိုလေး၏ ကုန်ကြမ်းမှာ အလွန်ထူးခြားကြောင်းနှင့် ဆွဲအားမှာလည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်မည်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

"ဒါက ငါ့အဖေ ငယ်ငယ်တုန်းက သုံးခဲ့တဲ့ လေးပဲ"

ဆွန်ပုချီက လေးကို ကမ်းပေးလိုက်သည် "ပေါင်-6500ဆွဲအား

ရှိတဲ့ လေးပဲ ကြိုးတပ်ပြီး စမ်းဆွဲကြည့်လိုက်ပါဦး"

(ပိသာကနေ-ပေါင်နဲ့ပြောင်းသုံးပါမယ် ပြီးတော့ Uk တွက်နည်းနဲ့တရုတ်တွက်နည်းမတူလို့တရုတ်တွက်နည်းယူလိုက်ပါမယ် Ukက 1-Stone ကို 14Lb /ရှေးခေတ်တရုတ်က 1-Stone ကို 130Lb ဆိုတော့တရုတ်လိုဘဲတွက်ပါမယ်)

All Chapters