အခန်း (၁၂၆)
Vol. 12 Ch. 126
"ဒီလေးရဲ့ ကိုယ်ထည်ကို နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရှားပါး 'သွေးသစ်သား' နဲ့လုပ်ထားတာ။ လေးကြိုးကတော့ နှစ်ငါးရာသက်တမ်းရှိတဲ့ ထူးဆန်းသားရဲရဲ့ အကြောကို တခြားပစ္စည်းတွေနဲ့ ရောစပ်ပြီး ကျစ်ထားတာ။ နှစ်ခုလုံးက ဈေးကွက်ထဲမှာ ရှာဖို့ တော်တော်ခက်တဲ့ ပစ္စည်းတွေပဲ" ဟု ဆွန်ပုချီက ရှင်းပြသည်။
'ပေါင်-၆၅၀၀ဆွဲအားရှိတဲ့ လေး'
ဆွဲအားနဲ့တွက်မယ်ဆိုရင် ပေါင်ချိန် တစ်သောင်းနီးပါး ရှိသည်။ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက်အတွက်တော့ သေချာပေါက် ဆွဲနိုင်မယ့်အားမျိုးပင်။
ချန်ဆန်းရှီသည် ဆောင့်ကြောင့်ထိုင်ကာ သူ့ဆီမှာပါလာတဲ့ ကိရိယာတွေနဲ့ လေးအစိတ်အပိုင်းတွေကို တပ်ဆင်လိုက်သည်။ လေးကို ကိုင်ကြည့်လိုက်တဲ့အခါ လက်ကိုင်နေရာမှာ ထူးဆန်းသားရဲရဲ့ သားရေနဲ့ ပတ်ထားတာမို့ ကိုင်ရတာ အလွန်ကို ထိတွေ့မှုကောင်းလှသည်။
သူ အသင့်ဖြစ်ပြီဆိုတာနဲ့ သွေးစွမ်းအား ကို အသုံးချပြီး လေးကြိုးကို ဖြည်းဖြည်းချင်း ဆွဲလိုက်သည်။ ခြေလှမ်း ၂၀၀ အကွာမှာရှိတဲ့ အချင်း ၂၀ စင်တီမီတာလောက်ရှိတဲ့ ထင်းရှူးပင်ပင်စည်ကို ချိန်ရွယ်ပြီး မြှားတစ်စင်း လွှတ်လိုက်တော့သည်။
"ရှူး... ဒိုင်း"
လေကို ဆွဲဖြဲသွားတဲ့ မြှားသံက နားထဲမှာ ဝီခနဲ မြည်သွားပြီး ခဏချင်းမှာပဲ ပထမထင်းရှူးပင်ကို ဖောက်ထွက်၊ ဒုတိယပင်ကို ထပ်ဖောက်ပြီး တတိယမြောက်သစ်ပင်မှာမှ မြှားက စိုက်ဝင်သွားတော့သည်။ ရှေ့က သစ်ပင်နှစ်ပင်လုံးမှာတော့ ဟာလာဟင်းလင်း ဖြစ်သွားတဲ့ မြှားပေါက်ကြီးတွေ ကျန်ရစ်ခဲ့သည်။
"တကယ့် အချက်ကောင်းပဲ"
လေးရဲ့ ဆွဲအားက ပြင်းလေလေ၊ မြှားရဲ့ အရှိန်နဲ့ စွမ်းအားက ပိုကြီးလေလေပင်။ ဒီ ပေါင်-၆၅၀၀ဆွဲအားရှိတဲ့ လေးနဲ့ဆိုရင် အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖို့အတွက် လော်တုန်ချွမ်တို့တုန်းကလို အချိန်အကြာကြီး ပေးနေစရာ မလိုတော့ဘူး။ ရန်သူကသာ အနားကို အမြန်ကပ်မလာနိုင်ရင် မြှား ၁၅ စင်းအတွင်းမှာတင် တစ်ဖက်လူဟာ အားနည်းချက် ပြလာမှာ သေချာသည်။
မြှား ၁၅ စင်းဆိုတာ သူ့အတွက်တော့ ၅ စက္ကန့်ပဲ ကြာတဲ့ အချိန်လေးပါ။
ချန်ဆန်းရှီသည် တုနှိုင်းမဲ့ ဓားကောင်းတစ်လက်ကို ရလိုက်တဲ့ ဓားသမားတစ်ယောက်လိုပဲ အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ ရွှေငွေရတနာတွေ ရတာထက်တောင် ပိုပြီး ပျော်နေမိသည်။ သူက လက်သီးစုပ် ဂါရဝပြုကာ ပြောလိုက်သည် "ညီအစ်ကို ပုချီ... ကျွန်တော့်ကိုယ်စား ဘုရင်ခံကို ကျေးဇူးတင်စကား ပြောပေးပါဦး"
"အားနာမနေပါနဲ့၊ မင်းက သူ့ရဲ့ သားနဲ့သမီးကို ကယ်ခဲ့တာပဲဟာ" ဆွန်ပုချီက ဆိုသည်။
"ဒါက ဘာမှမဟုတ်သေးပါဘူး ငါသာဆိုရင် မင်းကို ဒီလို ရွေးချယ်ပွဲတွေ ဘာတွေ လုပ်မနေတော့ဘဲ တန်းပြီး 'တပည့်အရင်း' အဖြစ် ခန့်လိုက်မှာ ငါ့အဖေကတော့ အရမ်း ခေါင်းမာလွန်းတယ်၊ စည်းကမ်းတွေကို လုံးဝ အပျက်မခံဘူး"
"ပုချီ..."
ချန်ဆန်းရှီက မေးလိုက်သည် "ဒီလေးက 'ဟွာကျင်း' (အတွင်းအားလှိုင်း) ကို ထုတ်လွှတ်နိုင်လား"
"မထင်ဘူး"
ဆွန်ပုချီက ပြန်ဖြေသည် "ဒီလေးက ငါ့အဖေ ငယ်ငယ်တုန်းက သုံးခဲ့တာပဲ။ နောက်ပိုင်းကျတော့ သူ လေးမကိုင်တော့ဘူး အဖိုးတန်တယ်ဆိုပေမဲ့ အဲဒီလောက်အထိတော့ မဟုတ်လောက်ဘူး ဒီအတိုင်းပဲ လက်ခံထားလိုက်ပါ
ဟွာကျင်းကိစ္စကိုတော့ ငါ အိမ်မှာ မေးပေးခဲ့တယ်။ အဖေပြောတာကတော့ အချို့သော အထူးပစ္စည်းတွေက အတွင်းအားကို ခဏတာ သိမ်းဆည်းပေးနိုင်တယ်တဲ့ ဒါပေမဲ့ အဲဒါတွေကို ဝယ်လို့မရဘူး၊ ကိုယ့်ဘာသာကိုယ် ရှာဖွေစုဆောင်းရမှာ"
ချန်ဆန်းရှီခေါင်းညိတ်လိုက်သည် "ကောင်းပြီ၊ ငါ မှတ်ထားလိုက်ပါ့မယ်"
ဒါဆိုရင် မျှော်လင့်ချက် ရှိသေးတာပေါ့ လောလောဆယ်တော့ ဒီပေါင်-၆၅၀၀ဆွဲအားရှိတဲ့ လေးကတင် လုံလောက်နေပါပြီ။ ဟွာကျင်းအကြောင်းကိုတော့ အဲဒီအဆင့် ရောက်မှပဲ စဉ်းစားတော့မည်။ အခု အရေးကြီးဆုံးကတော့ ထူးဆန်းသားရဲကို အမြန်ဖမ်းပြီး ကျင့်စဉ်အဆင့်ကို မြှင့်ဖို့ပဲ။
ဘုရင်ခံရဲ့ သားသမီးတွေကို ကယ်ခဲ့လို့ သူတို့က ကျေးဇူးတင်နေတာမှန်ပေမဲ့၊ ဒါကို အခွင့်ကောင်းယူပြီး ပေါ့ပေါ့ဆဆနေလို့ မရဘူးဆိုတာ ချန်ဆန်းရှီသိသည်။ နောင်ကျရင်တော့ ဒီပတ်သက်မှုက သူ့အတွက် မျက်နှာပွင့်စရာ ဖြစ်လာမှာ မှန်ပေမဲ့ 'တပည့်အရင်း' ဖြစ်ဖို့ကတော့ ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်သည်။ အရည်အချင်းမရှိရင် ဘယ်လောက်သင်ပေးပေး တတ်မှာမဟုတ်ဘူးလေ။ ကိုယ်က အရင်ဆုံး အရည်အချင်းရှိကြောင်း သက်သေပြနိုင်မှသာ သင်ယူခွင့် ရမှာ ဖြစ်သည်။
"တောင်ပေါ် တက်ကြစို့"
လက်ထဲမှာ ပေါင်-၆၅၀၀ဆွဲအားရှိတဲ့ လေးကြီးကို ကိုင်ထားရင်း ချန်ဆန်းရှီစိတ်ဓာတ်တွေ တက်ကြွနေသည်။ လော့ထျန်းတောင်တန်းဟာ မိုင်ပေါင်း သောင်းချီ ရှည်လျားပြီး အထဲကို ဝင်ကြည့်မှပဲ ဘယ်လောက် ကျယ်ပြောလဲဆိုတာ သိရတော့သည်။ တောင်တန်းတွေက အဆုံးမရှိသလို တစ်ထပ်ပြီး တစ်ထပ် ပေါ်နေသည်။
လျန်ကျိုးမှာ နှင်းတွေ ကျနေသော်လည်း ပါးပါးလေးသာမို့ အမဲလိုက်ဖို့တော့ အနှောင့်အယှက် မဖြစ်ပေ။ ဒါပေမဲ့ ဆောင်းတွင်းဆိုတော့ တိရစ္ဆာန်တွေက အပြင်ထွက်တာ နည်းသွားသည်။ ချန်ဆန်းရှီမှာ အချိန်ပေးပြီး ရှာနိုင်ပေမဲ့ ဒီလောက်ကျယ်တဲ့ တောင်ကြီးထဲမှာ ဘယ်လောက်ကြာအောင် ရှာရမလဲဆိုတာက မေးခွန်းထုတ်စရာပင်။
"ဗိုလ်ချုပ်... ဒီလမ်းက လိုက်ခဲ့ပါ"
ပိုင်ထင်းကျိီက ရှေ့ကနေ လမ်းပြသည်။ ချန်ဆန်းရှီနဲ့ ဆွန်ပုချီက နောက်က လိုက်လာကြသည်။ လမ်းတစ်လျှောက်မှာ ချန်ဆန်းရှီက သူ့ရဲ့ ခြေရာခံခြင်းနဲ့ ကိုယ်ရောင်ဖျောက်ခြင်းအတတ်တွေကို ဆက်ပြီး လေ့ကျင့်နေသည်။
လော့ထျန်းတောင်တန်းမှာ တောကောင်တွေ တကယ်ကို ပေါလှသည်။ နှစ်မိုင်လောက် လမ်းလျှောက်တိုင်းမှာ အနည်းဆုံး တောကောင်အကြီးစား တစ်ကောင်တော့ တွေ့ရသည်။
"ဟိုမှာ အဆိပ်သားရဲ တစ်ကောင်"
ဆွန်ပုချီက ခြေလှမ်း ၁၀၀ အကွာမှာရှိတဲ့ ကျောက်ပုံကို ညွှန်ပြရင်း အော်လိုက်သည်။ သူ ညွှန်ပြတဲ့နေရာမှာ တောဝံပုလွေ တစ်ကောင် ရှိနေသည်။ ဒီဝံပုလွေက သာမန်ဝံပုလွေတွေထက် နှစ်ဆလောက် ပိုကြီးပြီး မျက်လုံးတွေက သွေးလို ရဲနေသည်။ သူက အခုလေးတင် သေထားတဲ့ သမင်တစ်ကောင်ကို ဝါးမြိန်စွာ စားနေခြင်းဖြစ်သည်။
"မလှုပ်နဲ့၊ ဘယ်သူမှ မလှုပ်နဲ့"
ဆွန်ပုချီသည် ချန်ဆန်းရှီစွန့်ပစ်ခဲ့တဲ့ ပေါင်-၁၉၀၀ဆွဲအားရှိတဲ့ လေးကိုကိုင်ကာ ယုံကြည်မှုအပြည့်နဲ့ အချိန်အတော်ကြာ ချိန်ရွယ်လိုက်သည်။ ပြီးမှ မြှားလွှတ်လိုက်ပေမဲ့ မြှားက ပစ်မှတ်နဲ့ ၁၀ ပေလောက် လွဲသွားတော့သည်။
ပိုင်ထင်းကျိက ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ပေးလိုက်သည်။ "သခင်လေးဆွန်... ခင်ဗျား လက်ရည်က တော်တော် ညံ့တာပဲ"
"ဝူး..."
"သတိထား၊ သားရဲက လာပြီ"
ပုံမှန်ဆိုရင် ကျား ဒါမှမဟုတ် ဝက်ဝံလို သားရဲကြီးတွေကသာ လူကိုမြင်ရင် မပြေးတာပါ။ တခြားသတ္တဝါတွေကတော့ အရင်ဆုံး ပြေးကြတာချည်းပဲ။ ဒါပေမဲ့ ဒီဝံပုလွေကတော့ မပြေးတဲ့အပြင် သူတို့ဆီကို ဒေါသတကြီးနဲ့ ပြေးဝင်လာသည်။
"ငါ လုပ်မယ်" ဆွန်ပုချီက မြှားတွေ တစ်စင်းပြီးတစ်စင်း မနားတမ်း ပစ်နေသည်။
ဝံပုလွေက ခြေလှမ်း ၂၀ အကွာအဝေးကို ရောက်လာချိန်အထိ သူက တစ်
ချက်မှ မမှန်သေးတာကြောင့် ပိုင်ထင်းကျိီက သူ့ကျောပေါ်က ဓားမကြီးကို ဆွဲထုတ်ဖို့ ပြင်လိုက်ပြီဖြစ်သည်။
"ထိပြီ"
ဆွန်ပုချီသည် ဒေါသရော၊ ရှက်စိတ်ပါ ရောထွေးနေပြီး လှံရှည်ကို ကောက်ကိုင်ကာ 'ပျံလွှားမြွေ လှံ' နည်းစနစ်နဲ့ ဝံပုလွေရဲ့ နှလုံးသားကို ထိုးဖောက်လိုက်ပြီးမှ စိတ်ကျေနပ်သွားတော့သည်။
သူက အကောင်ကို ဆွဲယူလာပြီး "ဆန်းရှီ... ကြည့်ဦး၊ ဒါက အဆိပ်သားရဲပဲ" ဟု ပြသည်။
ချန်ဆန်းရှီက ငုံ့ကြည့်ပြီး စစ်ဆေးလိုက်သည်။ အရွယ်အစားကလွဲရင် ဒီဝံပုလွေရဲ့ အထူးခြားဆုံး လက္ခဏာက သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေပင် ဖြစ်သည်။ ဒါကလွဲရင် တခြား ထူးခြားတာ မတွေ့ရပေ။
"မျက်လုံးတွေကိုပဲ ကြည့်လိုက်" ပိုင်ထင်းကျိီက ဝင်ပြောသည်။ "အဆိပ်သားရဲနဲ့ ထူးဆန်းသားရဲရဲ့ ကွာခြားချက်က မျက်လုံးမှာပဲ ရှိတာ။ အဆိပ်သားရဲတွေရဲ့ မျက်လုံးက သွေးလိုရဲနေပြီး ညဘက်မှာဆိုရင် အရောင်တောင် တောက်နေတတ်တယ်။ သူတို့အသားကို စားလို့မရဘူး၊ အဆိပ်ရှိတယ်"
"ဒါက ဘာကြောင့် ဖြစ်ရတာလဲ"