← Chapters

အခန်း (၁၂၇)

Vol. 12 Ch. 127

အခန်း (၁၂၇)

Vol. 12 Ch. 127

မုဆိုးမျိုးရိုးဖြစ်သော ချန်ဆန်းရှီသည် တကယ်ပင် စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။

"ကျွန်တော်လည်း မသိဘူးဗျ" ပိုင်ထင်းကျိီက ခေါင်းခါပြသည်။

"ဆက်သွားကြစို့"

သူတို့တစ်ဖွဲ့လုံး တောင်စဉ်တောင်ခဲတွေကို ဆက်လက်ဖြတ်ကျော်ခဲ့ကြသည်။ ချန်ဆန်းရှီ၏ "ခြေရာခံခြင်းနှင့် ပုန်းကွယ်ခြင်း" ကျွမ်းကျင်မှုမှာလည်း တရိပ်ရိပ် တက်လှမ်းနေသည်။ ပတ်ဝန်းကျင်ကို သူလေ့လာကြည့်ရှုသည့်အခါ အရာအားလုံးမှာ တဖြည်းဖြန်း ပိုမိုကြည်လင်ပြတ်သားလာသည်။ သားကောင်တွေရဲ့ အမွှေးအမျှင်လေးတွေကို မြင်ရရုံတင်မကဘဲ နောက်ဆုံးမှာတော့ ထိုသတ္တဝါတွေရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကိုပါ မြင်နေရသလို သူ ခံစားလာရသည်။

ထိုစဉ် ဝေဝေဝါးဝါး ခံစားချက်တစ်ခုနှင့်အတူ...

သူ့မျက်စိရှေ့မှာ မျက်နှာပြင်တစ်ခု ပေါ်လာတော့သည်။

[စွမ်းရည် - ခြေရာခံခြင်းနှင့် ပုန်းကွယ်ခြင်း (အထွတ်ထိပ်အဆင့်)]

[တိုးတက်မှု့ - ထပ်မံတိုးမြှင့်၍ မရနိုင်တော့ပါ]

[စွမ်းဆောင်ရည် - အရှိန်အဝါ မြင်နိုင်ခြင်း]

[အရှိန်အဝါမြင်နိုင်ခြင်း - ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ အရှိန်အဝါကိုကြည့်ရှုနိုင်ခြင်း မည်သူမျှပုန်းကွယ်၍မရနိုင်ပေ]

ရှင်းပြရခက်သော နည်းလမ်းတစ်ခုဖြင့် ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်းသို့ ဆန်းကြယ်သော စွမ်းအားတစ်ခု စီးဝင်လာပြီး နောက်ဆုံးတွင် သူ၏ မျက်လုံးများဆီသို့ စုစည်းသွားသည်။ သူ ကမ္ဘာလောကကြီးကို ပြန်ကြည့်

လိုက်သည့်အခါ အရာအားလုံးမှာ ကိုယ်ပိုင် "အရှိန်အဝါ" တစ်ခုစီ ရှိနေကြသည်ကို မြင်လိုက်ရသည်

နှင်းထဲက ယုန်ဖြူလေးတွေ၊ ခေါင်းပေါ်က ပျံသန်းနေတဲ့ သိမ်းငှက်တွေ၊ သစ်ခေါင်းထဲမှာ အိပ်စက်နေတဲ့ ဝက်ဝံမည်းတွေ၊ တွင်းထဲက ရှဉ့်တွေ... အကုန်လုံးမှာ အရှိန်အဝါတွေ ရှိနေကြသည်။

လူတွေမှာလည်း ရှိသည်

ဒီအရှိန်အဝါဟာ ဆွန်ပုချီမှာတော့ အလွန်ပါးလျနေပြီး ပိုင်ထင်းကျိီမှာတော့ အားကောင်းမောင်းသန် ဖြစ်နေကာ သူ့ကိုယ်သူ ပြန်ကြည့်တဲ့အခါမှာတော့ အားအကောင်းဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ ဒါဟာ တစ်ယောက်ချင်းစီရဲ့ ကျင့်စဉ်အဆင့်အတန်းနဲ့ ဆက်စပ်နေပုံရသည်။

ချန်ဆန်းရှီသည် သေနေသော ဝံပုလွေကို ကြည့်လိုက်သောအခါ ၎င်း၏ အရှိန်အဝါမှာ အခြားသတ္တဝါများ သို့မဟုတ် လူသားများနှင့် လုံးဝမတူဘဲ "သွေးရောင်" လွှမ်းနေသည်ကို မြင်လိုက်ရသည်။ အရောင်မှာ ဖျော့သော်လည်း ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဒါဆို ထူးဆန်းသားရဲ တွေရဲ့ အရှိန်အဝါကရော ဘယ်လိုရှိမလဲ ဒီအရှိန်အဝါမြင်နိုင်ခြင်းရဲ့ အခြေခံသဘောတရားက ဘာလဲ ဘာလို့ အရာအားလုံးမှာ အရှိန်အဝါ ရှိနေရတာလဲ မြေကြီးမှာတောင် ရှိနေသေးသည်။ မြေပြင်ကို ကြည့်လိုက်သည့်အခါ အရှိန်အဝါအမျိုးမျိုး ရောယှက်နေသည်ကို သူ မြင်နိုင်သည်။ လူသားတွေ သိုင်းပညာကျင့်ကြံပြီး ခန္ဓာကိုယ်ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်တာဟာ ဒီအရှိန်အဝါတွေကြောင့်လား

သူ ချက်ချင်းပင် အသက်ရှူကျင့်စဉ် ကို အသက်သွင်းလိုက်သည်။

မှန်ပေသည်

အသက်ရှူကျင့်စဉ်ကို 'မြင်းပုံစံလေ့ကျင့်ခန်း'နှင့် တွဲဖက်လိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီးကြားက ရောနှောနေသော အရှိန်အဝါ တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ 'ဒါကြောင့်ကိုး'

[အရှိန်အဝါမြင်နိုင်ခြင်း] ရဲ့ အသုံးဝင်မှုက ဒီမှာတင် ရပ်မသွားပေ။ တစ်စုံတစ်ရာသော အကွာအဝေးအတွင်းမှာ ရှိနေတဲ့ သက်ရှိအားလုံးရဲ့ အရှိန်အဝါကို ချန်ဆန်းရှီ သိနေနိုင်တာကြောင့် ဘယ်သူမှ သူ့ကို ပုန်းအောင်းပြီး ချောင်းမြောင်းတိုက်ခိုက်လို့ မရတော့သလို၊ သားကောင်တွေရဲ့ သွားရာလာရာကိုလည်း သူ အလွယ်တကူ ခြေရာခံနိုင်သွားပြီ ဖြစ်သည်။

သူသည် "ခြေရာခံခြင်းနှင့် ပုန်းကွယ်ခြင်း" အတတ်ကို အစွန်းကုန် ရောက်အောင် တတ်မြောက်သွားပြီ ဖြစ်သဖြင့် ထပ်မံတိုးမြှင့်၍ မရနိုင်တော့ပေ။

"ဆန်းရှီ... မင်း ဘာတွေကို စိုက်ကြည့်နေတာလဲ" ဆွန်ပုချီက သူ့မျက်စိရှေ့မှာ လက်ဝှေ့ယမ်းပြီး မေးလိုက်သည်။

"လာလေ... ငါတို့ သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်"

"အေး... ဟုတ်သားပဲ"

ချန်ဆန်းရှီ သတိပြန်ဝင်လာပြီး သူတို့နှစ်ယောက်နှင့်အတူ ဆက်လျှောက်ခဲ့သည်။ လမ်းတွင် သူ၏ ညာဘက်အခြမ်း၌ အရှိန်အဝါတစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်ကို သတိပြုမိလိုက်သည်။ လော့ထျန်းတောင်တန်းဟာ လူပေါင်းများစွာကို ကျွေးမွေးနိုင်လောက်အောင် ကျယ်ပြောလှတာကြောင့် ဒီတောင်ပေါ်မှာ သူတို့တစ်ဖွဲ့တည်း အမဲလိုက်နေတာ မဟုတ်ဘူးဆိုတာ သဘာဝကျပါသည်။

"ရှေ့တည့်တည့်မှာပဲ"

နေဝင်ရီတရော အချိန်လောက်မှာ ပိုင်ထင်းကျိီ ရပ်လိုက်သည် "မကြာသေးခင်က ဒီနားမှာ ဓားသွားအံစွယ်ကျား တစ်ကောင် သမင်ဖြူတစ်ကောင်ကို လိုက်ဖမ်းနေတာ တွေ့ခဲ့တာ ဒါပေမဲ့ သူ့ဂူက ဘယ်မှာလဲဆိုတာတော့ အတိအကျ မသိဘူး အတူတူ လိုက်ရှာရမယ် ထင်တယ်"

"ရပြီ... မလိုတော့ဘူး"

ချန်ဆန်းရှီ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ ထက်မြက်နေသည်။ သူသည် ခြေလှမ်း ၂၀၀ ပတ်လည်အတွင်းမှာရှိတဲ့ အရှိန်အဝါအားလုံးကို မြင်နေရပြီ ဖြစ်သည်။ ထို့အပြင် ယခင်က သူပိုင်ဆိုင်ထားသည့် "အတွင်းသိအမြင်"နှင့် "ငှက်မွှေးကဲ့သို့ ပေါ့ပါးခြင်း"တို့သည်လည်း ပျောက်ကွယ်မသွားဘဲ ပို၍ပင် အားကောင်းလာခဲ့သည်။

ကြောက်လန့်တကြား ထွက်ပြေးသွားသော တောရိုင်းတိရစ္ဆာန်လေးများ၏ ခြေရာများကို ကြည့်ခြင်းအားဖြင့် သူသည် ဓားသွားအံစွယ်ကျား၏ အမဲလိုက်နယ်မြေကို ချက်ချင်း ရှာတွေ့သွားပြီး သိပ်မဝေးသောနေရာက ဂူတစ်ခုကိုလည်း တွေ့ရှိသွားတော့သည်။

"ခဏစောင့်ဦး"

ချန်ဆန်းရှီ သည် အနီးအနားက တောအုပ်ထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ပုန်းကွယ်လိုက်သည်။ ဓားသွားအံစွယ်ကျားဆိုသည်မှာ သာမန် ကျားသစ် မဟုတ်ပေ။ ၎င်းသည် 'အတွင်းအားသန့်စင်ခြင်း' အဆင့်ရှိ သိုင်းသမားနှင့် တန်းတူ ခွန်အားရှိသော ကြမ်းတမ်းသည့် ထူးဆန်းတဲ့သားရဲ ဖြစ်သည်။ မုဆိုးပီပီ သူသည် ကျားကို အခြားသားကောင်တစ်ခုဖြင့် အရင်မြှူထုတ်ရန် စီစဉ်လိုက်သည်။

"သခင်လေး... ကျွန်တော်ပဲ ရှေ့ကနေ တက်ပေးပါ့မယ်"

သို့သော် မထင်မှတ်ဘဲ ပိုင်ထင်းကျိီသည် ကျောပေါ်က ဓားမကြီးကို ဆွဲထုတ်ကာ ကျားဂူထဲသို့ တားမနိုင် ဆီးမရ ဝင်သွားတော့သည်။

"ဝေါင်း..."

ထို့နောက်တွင်တော့ ကျောချမ်းစရာကောင်းလှသော ဟိန်းသံကြီးနှင့်အတူ တိုက်ခိုက်သံများ ထွက်ပေါ်လာတော့သည်။

"ဒီကောင်က တကယ်ကို မာတာပဲ"

ပိုင်ထင်းကျိီသည် ဂူအတွင်းပိုင်းမှ အလန့်တကြား ပြန်ထွက်လာသည်။ ဝတ်ထားသည့် အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီ ဖြစ်ရာ ဓားသွားအံစွယ်ကျားနှင့် အနီးကပ် တိုက်ပွဲဖြစ်ခဲ့ပြီး သူ၏ 'ဝရဇိန်ခန္ဓာ'ကြောင့်သာ ဒဏ်ရာအပြင်းအထန် မရဘဲ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဝေါင်း..."

နောက်ထပ် ကျားဟိန်းသံကြီး တစ်ခုနှင့်အတူ ဧရာမ အရိပ်မည်းကြီးတစ်ခု ဂူထဲကနေ ပြေးထွက်လာသည်။ ဘယ်လောက်တောင် ကြီးမားတဲ့ သတ္တဝါလဲ

ဒီထူးဆန်းကျားဟာ ခန့်မှန်းခြေ ၈ ပေလောက် မြင့်ပြီး ၁၅ ပေလောက် ရှည်သည်။ ဟထားတဲ့ ပါးစပ်ကြီးထဲမှာတော့ ဓားရှည်နှစ်လက် စိုက်ထားသလိုမျိုး ချွန်ထက်တဲ့ အံစွယ်ကြီးနှစ်ခု ရှိနေသည်။ ရှေ့ခြေလက်တွေက လက်သည်းတွေဟာလည်း သံမဏိလို မာကျောနေပြီး နေဝင်ချိန်အလင်းရောင်အောက်မှာ သွေးရောင်တွေ တောက်နေသည်။

သူ့ရဲ့ အရွယ်အစားတင်မကဘဲ ပေါက်ကွဲအားကောင်းလှတဲ့ အရှိန်ကလည်း ကြောက်စရာကောင်းလှရာ 'အတွင်းအား ကျင့်စဉ်' အသေးစားအောင်မြင်မှု့အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ကျားကြီးသည် တစ်ချက်တည်းနှင့် ပေ ၁၀၀ ကျော်အထိ ခုန်နိုင်ပြီး သူ၏ ထက်မြက်သော လက်သည်းများဖြင့် ပိုင်ထင်းကျိီ၏ ကျောပြင်ကို ကုတ်ခြစ်လိုက်သည်။

"ကျွိ... ဒေါင်"

သံချောင်းချင်း ပွတ်တိုက်သံကြီး ထွက်ပေါ်လာပြီး ပိုင်ထင်းကျိီ၏ ဝဇိရခန္ဓာမှာ အစွမ်းကုန် အလုပ်လုပ်နေရသည်။ ပိုင်ထင်းကျိီသည် ပေပေါင်းများစွာ လွင့်ထွက်သွားပြီး တောအုပ်ထဲသို့ လဲကျသွားတော့သည်။

"ရှူး... ရှူး... ရှူး..."

ဆွန်ပုချီသည် အသည်းအသန် မြှားတွေ ပစ်နေသည်။ နောက်ဆုံး မြှားနှစ်စင်း မှန်သွားသော်လည်း အရေးကြီးသည့် နေရာကို မထိတာကြောင့် ဓားသွားအံစွယ်ကျားကို ပို၍ ဒေါသထွက်သွားစေရုံသာ ရှိသည်။

"ဝေါင်း... ဝေါင်း..."

ဒေါသကြောင့် မျက်စိမှောင်နေသော ကျားကြီးသည် တောင်စောင်းပေါ်ကနေ သူ့သားကောင်ဆီသို့ ကောင်းကင်က ဆင်းသက်လာတဲ့ စစ်နတ်ဘုရားတစ်ပါးလို ဒုန်းစိုင်းခုန်ဆင်းလာတော့သည်။

"ဝုန်း..."

အမြောက်ဆံတစ်ဆူလို ပြင်းထန်လှတဲ့ မြှားတစ်စင်း ကျားကြီးရဲ့ နှလုံးသားကို အတိအကျ ထိုးဖောက်သွားသည့်တိုင်အောင်ပင်။

စစ်နတ်ဘုရားလို ခုန်ဆင်းလာတဲ့ ကျားကြီးဟာ လေထဲမှာတင် ဝုန်းခနဲ ပြုတ်ကျသွားပြီး မြေပြင်ပေါ်မှာ အကြိမ်ကြိမ် လိမ့်သွားကာမှ ရပ်တန့်သွားတော့သည်။

ပေါင်-၆၅၀၀ဆွဲ အားရှိတဲ့ လေးကြီး

တိရစ္ဆာန်တွေက လူတွေကို မယှဉ်နိုင်တာ တစ်ခုရှိသည်။ အသိဉာဏ်မရှိဘဲ ဘယ်လိုရှောင်ရမလဲ မသိတဲ့အတွက် ဒီလောက်ပြင်းတဲ့ မြှားတစ်စင်း မှန်လိုက်တာနဲ့ သေမင်းနဲ့ တွေ့ဖို့ လုံလောက်သွားပြီ ဖြစ်သည်။

"တကယ်ကို အစွမ်းထက်တာပဲ" ချန်ဆန်းရှီ ကိုယ်တိုင်ပင် အံ့သြသွားရသည်။

နှလုံးသားကို မြှားမှန်သွားတာတောင် ဓားသွားအံစွယ်ကျားက ချက်ချင်း မသေသေးပေ။ မြေပြင်မှာ လဲလျောင်းရင်း ထဖို့ ကြိုးစားနေတာက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အသက်ရှင်လိုစိတ်ကို ပြနေသည်။

"ဆွစ်... ဆွစ်... "

ချန်ဆန်းစီသည် တွန့်ဆုတ်မနေဘဲ ကျားကြီးကို အပြီးသတ်ရန် နောက်ထပ် မြှားနှစ်စင်းကို အမြန်ဆုံး ထပ်ပစ်လိုက်တော့သည်။

All Chapters