အခန်း (၁၃၀)
Vol. 12 Ch. 130
မကြာသေးမီရက်ပိုင်းအတွင်း မြို့တော်တစ်ခုလုံးမှာ စစ်ဝန်ကြီးဌာထုတပြန်ထားသောဝရမ်းပြေး ပိုစတာတွေ နေရာအနှံ့ ကပ်ထားပါတယ်။
သတင်းတွေအရ လျန်ကျိုးရဲ့ အဓိကဂိုဏ်းကြီး ၇ ဂိုဏ်းထဲက 'ထုံရွှမ်းဂိုဏ်း' နဲ့ 'လျို့ရှာစံအိမ်' တို့ဟာ တစ်ညတည်းမှာတင် အထိနာသွားခဲ့ကြတယ်။ တပည့်အရင်း ၅ ယောက်၊ ၆ ယောက်စီအပြင် အတွင်းစည်းတပည့် အယောက် ၄၀ ကျော် သတ်ဖြတ်ခံလိုက်ရတာပါ။ အဲဒီထဲမှာ 'ဝက်ဝံသံမဏိခန္ဓာ' ပိုင်ရှင် ပါရမီရှင်တစ်ယောက်တောင် ပါသွားခဲ့တယ်။ အဆိုးဆုံးကတော့ အဲဒီလောက် အုတ်အော်သောင်းနင်း ဖြစ်သွားတာတောင် မျက်မြင်သက်သေ တစ်ယောက်မှ မရှိတာပါပဲ။ သေဆုံးသူတွေဟာ နှလုံးသွေး တွေ အထုတ်ယူခံထားရတာကြောင့် ဒါဟာ မိစ္စာဂိုဏ်းရဲ့ လက်ချက်လို့ အားလုံးက တထပ်တည်း ယူဆနေကြပါတယ်။
"ဒါက မဖြစ်နိုင်တာ"
ချန်ဆန်းရှီ ဇဝေဇဝါ ဖြစ်နေမိသည်။
ဂိုဏ်းကြီးနှစ်ခုရဲ့ အသည်းနှလုံးနေရာအထိ တစ်ပြိုင်တည်း ဝင်ရောက်သတ်ဖြတ်နိုင်ဖို့ဆိုတာ တစ်ယောက်တည်းနဲ့ မရပါဘူး။ ဒါဟာ အုပ်စုလိုက် လုပ်ဆောင်ချက်ပါ။ ဒါပေမဲ့ ဒီနေရာက လျန်ကျိုးစစ်တပ်နဲ့ ဆွန်ဒူရှန်တို့ အခြေစိုက်တဲ့နေရာ ဖြစ်နေတာကြောင့် ဒီလောက်လူအများကြီး ဘယ်မှာ ပုန်းနေနိုင်မလဲဆိုတာ စဉ်းစားစရာပါ။ ရှန်ထင်ချွန်တောင်မှ ရွှေခေါင်းလောင်းဘုရားကျောင်းမှာ သဲလွန်စ ရှာတွေ့နိုင်ခဲ့သေးတာပဲ။
'တောင်ပေါ်က အမည်းရောင် အရှိန်အဝါကရော သူတို့နဲ့ ပတ်သက်နေမလား' လို့ သူ တွေးနေမိသည်။ သူသည် မိစ္စာဂိုဏ်းက အဆင့်မြင့်လူတွေကို ဖမ်းမိရင် "မသေမျိုးရတနာ" ပစ္စည်းတွေရဲ့ တည်နေရာ၊ အရင်က လုပ်ခဲ့တဲ့ သွေးပူဇော်ပွဲရဲ့ ရည်ရွယ်ချက်နဲ့ သိုင်းသမားတွေကို သတ်တာဟာ သူတို့အတွက် ဘာအသုံးဝင်လဲဆိုတာကို သိချင်နေတာပါ။
အတွေးတွေနဲ့အတူ ချန်ဆန်းရှီသည် အတွင်းမြို့ စစ်စခန်းအဝင်ကို ရောက်လာပြီး မြင်းပေါ်က ဆင်းလိုက်သည်။ မြင်းဖြူလေး ရှောင်ရှင်းကတော့ အိမ်မွေးခွေးလေးတစ်ကောင်လိုပဲ လွှတ်ထားပေးရင် သူဘာသာ လျှောက်ကစားပြီး အချိန်တန်ရင် ပြန်လာတတ်သူပါ။
စစ်ရေးလေ့ကျင့်ရေးကွင်းထဲမှာတော့ ရွေးချယ်ပွဲဝင်မယ့် ဗိုလ်ချုပ်လောင်းတွေ အကုန်နီးပါး ရောက်နေကြပါပြီ။ မင်းသားလေး ချောင်ဖန်နဲ့ ယင်ဟန်
ဝမ်တို့လည်း ပါတာပေါ့။ ဒါပေမဲ့ ဖန်ချင်းယွမ်က ယင်ဟန်ဝမ်ဟာ ဒဏ်ရာကြောင့် ရွေးချယ်ပွဲကနေ နှုတ်ထွက်သွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
"ညီအစ်ကို ယင်"
ချန်ဆန်းရှီက ယင်ဟန်ဝမ်ရဲ့ ပုခုံးကို ဖြတ်ခနဲ လှမ်းပုတ်လိုက်သည်။
"ဘာလို့ ရွေးချယ်ပွဲက နှုတ်ထွက်လိုက်တာလဲ"
"အား..."
ယင်ဟန်ဝမ်ဟာ နာကျင်လွန်းလို့ အော်ဟစ်ပြီး မြေပြင်ပေါ် ခွေကျလုနီးပါး ဖြစ်သွားသည်။ မျက်နှာတစ်ခုလုံးလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။
"မစ္စတာချန်... ခင်ဗျား ဘာလုပ်တာလဲ" ဝမ်ချိုးရှီက ဒေါသတကြီးနဲ့ ပြေးလာပြီး ယင်ဟန်ဝမ်ကို တွဲလိုက်သည်။
"အာ"
ချန်ဆန်းရှီက အံ့သြသွားဟန်ဖြင့် "တကယ် တောင်းပန်ပါတယ်ဗျာ ညီအစ်ကိုယင် ဒဏ်ရာရထားမှန်း ကျွန်တော် မသိလို့ပါ ဒါကြောင့်ပဲ ရွေးချယ်ပွဲက နှုတ်ထွက်သွားတာကိုး ဘာဖြစ်တာလဲ... မိစ္စာဂိုဏ်းသားတွေ လက်ချက်လား"
ယင်ဟန်ဝမ်က အံကြိတ်ပြီး "ဟုတ်တယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက အရက်
ဆိုင်က အပြန်မှာ သူတို့နဲ့ တိုးလို့ ဓားနဲ့ ထိုးခံလိုက်ရတာ ကံမကောင်းစွာပဲ သူတို့ကို မတားနိုင်လိုက်ဘူး" လို့ လိမ်ပြောလိုက်သည်။
"ဒါဆို ညီအစ်ကိုယင်က တစ်ဦးတည်းသော မျက်မြင်သက်သေပေါ့" ချန်ဆန်းရှီက ထပ်မေးသည် "သူတို့ ဘယ်ကို ပြေးသွားလဲ မြင်လိုက်လားအခု မြို့ထဲမှာ သူတို့ကို လိုက်ရှာနေတာ သူတို့ကို ရှာတွေ့အောင် ကူညီနိုင်ရင် တကယ့်ကို အောင်မြင်မှုကြီးပဲ"
"ဟားဟား... အဲဒီလောက် ကံမကောင်းပါဘူး" ယင်ဟန်ဝမ်က မကျေမနပ် ရေရွတ်သည်။
"သူတို့ရဲ့ ကိုယ်ဖော့အတတ် က အရမ်းကောင်းလို့ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာ ငါ လိုက်လို့ မမှီလိုက်ဘူး"
"ဒါဆိုလည်း ဂရုစိုက်ပြီး အနားယူပါဦး" ချန်ဆန်းရှီက ဂါရဝပြုပြီး လှည့်ထွက်လာခဲ့သည်။
သူ့မြှားမှန်ခဲ့တာ ယင်ဟန်ဝမ်ဆိုတာ အခုတော့ သေချာသွားပြီ ပုခုံးမှာ အပေါက်ကြီးဖြစ်သွားပြီး အရိုးပါ ပဲ့သွားတာဆိုတော့ ဆေးကောင်းတွေ သုံးရင်တောင် အကြာကြီး ကုရမှာပါ။
"မင်းသားလေး" ယင်ဟန်ဝမ်ရဲ့ အသံက နာကျင်မှုကြောင့် တုန်ရင်နေသည်။ "မြင်လားသူ ဘယ်လောက်တောင် မောက်မာလဲဆိုတာ"
"ဒါ မင်းရဲ့ အစီအစဉ်ပဲလေ ဒဏ်ရာရတာကို သည်းခံလိုက်"
ချောင်ဖန်က အေးစက်စက် ပြောလိုက်သည် "ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းအတွက် ငါ လက်စားချေပေးမယ် သူ မင်းကို မြှားတစ်စင်း ပစ်ခဲ့ရင် ငါက အနည်းဆုံး သူ့လက်တစ်ဖက်ကို ဖြတ်ပစ်ပြီး ဒုက္ခိတဖြစ်အောင် လုပ်ပေးမယ်"
"ကျေးဇူးတင်ပါတယ် မင်းသားလေး"
ယင်ဟန်ဝမ်က အငြိုးတကြီး ရေရွတ်သည်"သူက အတွင်းအားသန့်စင်ခြင်း ကျွမ်းကျင်မှု့အဆင့် ဘဲရှိတာပါ။ ပြိုင်ပွဲမှာ မင်းသားလေးက ၅ ကွက်
အတွင်းမှာတင် သူ့ကို အလဲထိုးနိုင်မှာပါ"
"မင်းသားလေးတောင် မလိုပါဘူး ငါနဲ့တွေ့ရင် သူ့ကို ချိုးနှိမ်ပစ်လိုက်မယ်" ဝမ်ချိုးရှီက အထင်သေးစွာ ပြောလိုက်သည်။
"တကယ်တော့ သူက ပထမဆုံး စစ်ဗျူဟာခင်းကျင်ခြင်းအဆင့်မှာတင် ပြုတ်သွားနိုင်ပါတယ်။ တောကလာတဲ့ အညတရ တပ်သားတွေကို ဦးဆောင်နေတာဆိုတော့ ဘယ်လောက်ပဲ ကျင့်ကျင့် တိုက်ပွဲဝင်ရင် ပြိုကွဲသွားမှာပဲ"
"ဘုရင်ခံက သူ့စစ်သည်တွေကို သားသမီးလို ချစ်တတ်တာကြောင့် ဒီကောင်က မြို့ဝန်မင်းကို ဟန်ပြလုပ်ပြနေတာလား မသိဘူး" လို့ တစ်ယောက်က ဆိုတယ်။
"ဒီကောင်က တကယ်ကို ဉာဏ်များတာပဲ သူ့ရဲ့ မျိုးရိုးက နိမ့်ကျပြီး ပါရမီကလည်း ထိပ်တန်းမဟုတ်မှန်း သူသိတယ်။ ဒါကြောင့် အနာဂတ်ကောင်းဖို့အတွက် အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုကို နည်းလမ်းမျိုးစုံနဲ့ ယူနေတာ။ အရင်က အရပ်သားတွေကို မြစ်ကူးပေးပြီး ဧကရာဇ်မင်းရဲ့ မျက်နှာသာပေးမှုကို ယူခဲ့သလို၊ အခုလည်း ရဲဘော်ဟောင်းတွေအပေါ် သံယောဇဉ်ကြီးသယောင် လုပ်ပြပြီး ဘုရင်ခံကို သိမ်းသွင်းနေတာ တကယ့် နည်းဗျူဟာသမားပဲ"
"မင်းတို့ အရမ်းတွေးနေတာပါ ဘုရင်ခံက သစ္စာရှိတဲ့လူကို သဘောကျတာ မှန်ပေမဲ့၊ ဒီကောင်က အသုံးမကျတဲ့ အမှိုက်တွေကို စစ်မြေပြင်ခေါ်လာရင် ဆွန်ဒူရှန်က ရိပ်မိမှာပေါ့ အဲဒီအခါကျရင် သူ့ရဲ့ ဟန်ဆောင်မှုက သူ့ကိုပဲ ပြန်
ဒုက္ခပေးလိမ့်မယ်"
"ဟုတ်တယ်... နောက်ဆုံးကျတော့ စစ်ကွပ်ကဲနိုင်စွမ်းကိုပဲ စစ်မှာလေ"
"သူ့ကို သူ့ဘာသာ ဟန်ဆောင်ခွင့် ပေးလိုက်ပါ ငါတို့ကတော့ အဲဒီလူရွှင်တော်ပွဲကို ထိုင်ကြည့်နေရုံပဲပေါ့"
မင်းသားလေးတွေကို ထောက်ခံတဲ့လူတွေက အားရပါးရ ပြောဆိုနေကြပေမဲ့၊ ချောင်ဖန် ကိုယ်တိုင်ကတော့ တည်ကြည်စွာ ပြောလိုက်သည် "ဖြစ်နိုင်ချေ နည်းပါတယ်"
ဝမ်ချိုးရှီက သံသယနဲ့ မေးတယ် "မင်းသားလေး... ဘာကို ဆိုလိုတာလဲ"
"သူ့တပ်သားတွေ လေ့ကျင့်တာကို ငါ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်" ချောင်ဖန်က တည်ငြိမ်စွာ ရှင်းပြသည် "ယွမ်ကျိုးကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ပေမဲ့ စာပေပညာရှင်ကြီး တစ်ယောက်ရဲ့ လက်အောက်မှာ တကယ်ကို စနစ်တကျနဲ့ ကျွမ်းကျင်အောင် လေ့ကျင့်ထားကြတယ်။ သူတို့က သေဘေးက လွတ်လာတဲ့လူတွေဆိုတော့ မင်းတို့ထင်သလို မပျော့ညံ့ဘူး။ ငါ့အမြင်အရတော့ ပထမအဆင့်မှာ သူ အေးအေးဆေးဆေး အောင်မြင်လိမ့်မယ်"
တကယ်တော့ မြို့တော်ကနေ ချောင်ဖန်ဆီကို သတင်းတစ်ခု ပို့ထားတာ ရှိပါတယ်။ အဲဒါကတော့ အခွင့်အရေးရရင် ချန်ဆန်းရှီကို သူတို့ဘက်ပါအောင် စွဲဆောင်ဖို့ပါပဲ။