အခန်း (၁၃၂)
Vol. 12 Ch. 132
ဒီပွဲဟာ ပုံမှန်စစ်ဘက်ဆိုင်ရာ စစ်ဆေးမှုမျိုးမဟုတ်ဘဲ ထူးခြားတဲ့ သိုင်းပညာစစ်ဆေးမှုဖြစ်တာကြောင့် ဆွန်ဒူရှန်တစ်ယောက်တည်းက ဆုံးဖြတ်လို့မရပါဘူး။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဗိုလ်ချုပ်လောင်းတွေဟာ ဆွန်မိသားစုရဲ့ စစ်သည်တွေမဟုတ်ဘဲ နိုင်ငံတော်ရဲ့ စစ်သည်တွေဖြစ်မှန်း သိသာစေဖို့ မျက်မြင်သက်သေတွေ အများကြီး လိုအပ်ပါတယ်။ ဒီစည်းကမ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကမှ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး အရင်ကတော့
ဆွန်ဒူရှန်ကပဲ အရာရာကို ဆုံးဖြတ်ခဲ့တာပါ။
"ဘုရင်ခံဆွန်..."
မြို့ဝန်မင်း လျူက လက်ထဲက လက်ဖက်ရည်ခွက်ကို ချရင်း ပြုံးလျက် စကားစလိုက်သည်။
"ဒီတစ်ခါတော့ ပါရမီရှင် လူငယ်တွေ အတော်များသားပဲ တချို့ဆိုရင် နည်းနည်းလေး ပျိုးထောင်ပေးလိုက်ရုံနဲ့ အနာဂတ်မှာ စစ်ဗိုလ်ချုပ်ကြီးတွေ သေချာပေါက် ဖြစ်လာမှာဗျ"
"ဟုတ်ပါတယ်"
ချည်သားအကြမ်းထည် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆွန်ဒူရှန်ဟာ ကုလားထိုင်ပေါ် မှီထိုင်ရင်း မျက်လုံးကို တဝက်မှိတ်ကာ ပြန်ပြောသည် "ဒါဟာ ငါ့အတွက် တပည့်လက်ခံမယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်တယ်၊ တစ်ခုခု ထူးခြားတာမျိုး ရှိလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"
"မစ္စတာလျူ..."
မစ္စတာဟောက် ရဲ့ အသံက စူးရှရှထွက်လာပြီး လက်ဖက်ရည်အိုး ကိုင်ထားတဲ့ လက်ချောင်းလေးတွေကလည်း ဟန်ပါပါ ကွေးထားသေးသည်"ဒီတစ်ခါရော ခင်ဗျား ဘယ်သူ့ကို မျက်စိကျနေလဲ"
"မင်းသားလေးပေါ့"
မြို့ဝန်မင်းလျူက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သည်"မင်းသားလေးမှာ 'နဂါးနှလုံးသား ကျားအရိုး'ရှိတယ်။ ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ 'နဂါးစိမ်းလခြမ်းဓား' ကိုလည်း ကိုင်ဆောင်ထားသလို၊ အတွင်းအားသန့်စင်ခြင်း အဆင့်ကိုလည်း ပြီးပြည့်စုံအောင် ကျင့်ထားပြီးပြီ။ သူက
'ဟွာကျန်း' အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒီပွဲရဲ့ နံပါတ်တစ်က သူကလွဲလို့ တခြားသူ မရှိဘူး ဆွန်ဒူရှီကသာ သူ့ကို တပည့်ရင်းအဖြစ် လက်ခံလိုက်မယ်ဆိုရင် အနာဂတ်မှာ 'နဂါးဆရာ' တောင် ဖြစ်လာနိုင်တာဗျ"
"မစ္စတာလျူက စောလွန်းနေပြီ ထင်တယ်"
မစ္စတာဟောက်က သဘောထားကွဲလွဲကြောင်း ပြသပြီး နာမည်အချို့ကို တည်ငြိမ်စွာ ထုတ်ဖော်လိုက်သည် "ကျွန်တော့်အမြင်မှာတော့ အမတ်ကြီးယန်ရဲ့ မြေး 'ယန်ချန်းချင်း' ကလည်း ရွေးချယ်စရာ ကောင်းတစ်ခုပဲ မနေ့ကတင် သူလည်း အတွင်းအားသန့်စင်ခြင်း အဆင့်ကို ပြီးပြည့်စုံအောင် ချိုးဖောက်နိုင်ခဲ့ပြီ။ သူ့ရဲ့ 'ချီလင်ခန္ဓာ'အရ သေချာပေါက် စစ်နတ်ဘုရားဖြစ်လာမယ့်လူပဲ မြို့တော်မှာဆိုရင် သူ့ကို 'ချီလင်သားတော်' လို့တောင် ခေါ်ကြတာ"
"ဒါ့အပြင် လျန်ကျိုးက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းသားလေး 'လုရှုဟွာ' ဆိုရင်လည်း မွေးရာပါ ဓားနှလုံးသား ရှိတာကြောင့် တစ်နေ့မှာ 'ဓားသူတော်စင်' ဖြစ်လာမှာ။ တခြား ဝင်ပြိုင်မယ့် ဝမ်ချိုးရှီ၊ ဝမ်ရှောင်ယန်၊ ဖေးယုလျန် တို့ဟာလည်း ထိပ်တန်း ပါရမီရှင်တွေချည်းပဲ။ ဒီလောက် လူတော်တွေ အများကြီးကို မစ္စတာလျူ မမြင်တာလား"
မြို့ဝန်မင်းလျူက ဟားဟားတိုက် ရယ်မောလိုက်သည်"လူတော်တွေ များပေမဲ့ စစ်နတ်ဘုရားအဆင့်အထိ တကယ်ရောက်မယ့်လူက နှစ်ယောက် သုံးယောက်ထက် မပိုပါဘူး။ မစ္စတာဟောက် မမေ့ပါနဲ့... နောက်ဆုံး စစ်ဆေးမယ့် 'အရိုးအခြေခံ'စစ်ဆေးမှုက ရလဒ်အပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်"
အရိုးအခြေခံ စစ်ဆေးမှုမှာ အဆင့် 'A' ရတာဟာ တခြားဘာသာရပ်တွေမှာ အဆင့် 'A' နှစ်ခုရတာနဲ့ ညီမျှတယ်လေ။
နောက်ဆုံး နံပါတ်တစ် ရရှိသူဟာ နိုင်ငံတော်ဆီက အကောင်းဆုံး ဆေးဝါးတွေနဲ့ ပံ့ပိုးမှုတွေကို ရရှိမှာ ဖြစ်တာကြောင့် အလားအလာ အကောင်းဆုံးလူကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ တချို့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေက အစောပိုင်းမှာ ကျင့်စဉ် မြန်ဆန်ပေမဲ့ အဆင့်မြင့်တဲ့နေရာ ရောက်တဲ့အခါ တိုးတက်မှုက ရပ်တန့်သွားတတ်ကြပါတယ်။ ဥပမာ- 'ထျန်ကန်းခန္ဓာ' ပိုင်ရှင်တွေဟာ သိုင်းသူတော်စင် အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိကြပါဘူး။ ဒါကြောင့် 'အရိုးအခြေခံ' စစ်ဆေးမှုက အရမ်းအရေးကြီးတာပါ။
သာမန်နှစ်တွေမှာဆိုရင် 'ထျန်ကန်းခန္ဓာ' လောက်ရှိရင်တောင် ထိပ်တန်းလို့ သတ်မှတ်နိုင်ပေမဲ့၊ ဒီနှစ်ကတော့ ဆွန်ဒူရှန်ရဲ့ နောက်ဆုံးတပည့် ရွေးချယ်တဲ့ပွဲဖြစ်လို့ တစ်ကမ္ဘာလုံးက ပါရမီရှင်တွေ စုပြုံလာကြတာကြောင့် ပွဲက နှစ်ဆလောက် ပိုခက်ခဲသွားပါတယ်။
"ဒါပဲလား"
အသက်ကြီးသော်လည်း အားမာန်ပါတဲ့ အသံဖြင့် ဆွန်ဒူရှန်က မေးလိုက်
သည် "မင်းတို့ အထင်ကြီးနေတာ ဒါတွေပဲလား"
"ဘုရင်ခံဆွန်ရော ဘယ်သူ့ကို ထပ်ထည့်ချင်သေးလဲ"
မြို့ဝန်မင်းလျူက မေးလိုက်ရာ၊ ဆွန်ဒူရှန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည် "ငါ့အမြင်မှာတော့ ဒီစည်းကမ်းတွေကို ပြောင်းဖို့ လိုနေပြီ'မွေးရာပါ သိုင်းသူတော်စင်ခန္ဓာ' ရှိတာက သိပ်ပြီး အသုံးမဝင်လှဘူး။ ငါ့မှာ မွေးရာပါ သိုင်းသူတော်စင်ခန္ဓာ ရှိတဲ့ တပည့်သုံးယောက် ရှိခဲ့ဖူးတယ်။ အခု တစ်ယောက်ပဲ စစ်နတ်ဘုရားဖြစ်လာပြီး ကျန်တဲ့ နှစ်ယောက်ကတော့ 'ပုံရိပ်ယောင်နယ်ပယ်' မှာပဲ နှစ်ပေါင်းများစွာ ပိတ်မိနေကြတယ်။ အရိုးအခြေခံ အပြင် ထိုးထွင်းသိမြင်မှု ကလည်း လိုအပ်သေးတယ်လေ"
မြို့ရိုးပေါ်ကို ရောက်လာတဲ့ ဖန်ချင်းယွမ်က သူ့ဘေးက ဆွန်ပုချီကို လှည့်မေးလိုက်သည် "ပုချီ... ငါ မှတ်မိသလောက်ဆိုရင် ချန် (ချန်ဆန်းရှီ) က 'နဂါးကိုးပါးခန္ဓာ'ပိုင်ရှင် မဟုတ်လား"
"ဟုတ်ပါတယ် အကိုကြီး သူ့ရဲ့ ကျင့်စဉ်တွေကို ကျွန်တော့်အမကိုယ်တိုင် မြင်ခဲ့တာပါ"
ဆွန်ပုချီက သက်ပြင်းချရင်း ဆိုသည် "ဆန်းရှီတော့ အထိနာတော့မှာပဲ နဂါးကိုးပါးခန္ဓာက အဆင့်မြင့်တဲ့ အဆင့်အထိ ရောက်နိုင်ပေမဲ့ သူ့ရဲ့ အကန့်အသတ်ကလည်း အဲဒီမှာတင် ရပ်သွားတတ်တာလေ"
"အရင်နှစ်တွေမှာဆိုရင် နဂါးကိုးပါးခန္ဓာက အဆင့် 'A' ရဖို့ ပြဿနာမရှိပေမဲ့ ဒီနှစ်မှာတော့ မွေးရာပါ သိုင်းသူတော်စင်ခန္ဓာတွေ ပေါနေတော့ သူ့ရဲ့ ပါရမီက တန်ဖိုးနည်းသလို ဖြစ်နေပြီအဆင့် 'B' လောက်ပဲ ရရင်တော့ သွားပြီပဲအကိုကြီး... သူ့ကို ကူညီနိုင်မယ့် နည်းလမ်းများ ရှိမလား"
"ဒါက တော်တော် ခက်ခဲတဲ့ကိစ္စပဲ"
ဖန်ချင်းယွမ်က သူ့တပည့်တွေကို အမိန့်ပေးလိုက်သည် "ငါ့အခန်းထဲက 'သိုင်းခန္ဓာ'တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ အကုန်သွားယူခဲ့"
"အာ အကိုကြီးလည်း ဆန်းရှီကို အနိုင်ရစေချင်နေတာပဲလား" ဆွန်ပုချီက အံ့သြစွာ မေးသည်။
"ငါ တစ်ယောက်တည်း မဟုတ်ဘူး" ဖန်ချင်းယွမ်က အရှေ့မှာ ထိုင်နေတဲ့ သူ့ဆရာ ဆွန်ဒူရှန်ကို ညွှန်ပြရင်း ဆိုသည်"ဟို အဖိုးကြီးလည်း သူ့ကို အနိုင်ရစေချင်နေတာ"
"ကျွန်တော့်အဖေကလား" ဆွန်ပုချီက ပျော်သွားသည်။ သူ့အဖေက ဆန်းရှီကို ဒီလောက်အထိ မျက်စိကျနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။
"ဟူး..." ဖန်ချင်းယွမ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "နှမြောစရာကောင်းတာက စည်းကမ်းဆိုတာ စည်းကမ်းပဲလေ။ မြို့ဝန်မင်းနဲ့ မစ္စတာဟောက်တို့ ရှေ့မှာ ငါ့ဆရာတောင်မှ ဘက်လိုက်ဖို့ ခက်ခဲလိမ့်မယ်။ ငါ အရင်စစ်ကြည့်လိုက်ဦးမယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်းမှာ နဂါးကိုးပါးခန္ဓာနဲ့ စစ်နတ်ဘုရား ဖြစ်ခဲ့တဲ့လူ တစ်ယောက်လောက်ပဲ ရှိခဲ့ဖူးရင်တောင် သူ့ကို အဆင့် 'A' ပေးဖို့ အကြောင်းပြချက် ရနိုင်တာပဲ"
ဖန်ချင်းယွမ်တစ်ယောက်တည်းသာ သိတာကတော့... ချန်ဆန်းရှီ အနိုင်ရခြင်း၊ မရခြင်းဟာ ဒီပွဲရဲ့ နံပါတ်တစ် ဖြစ်ဖို့ထက် ပိုပြီး အရေးကြီးနေပါတယ်။ ဒါဟာ လောကကြီးရဲ့ အနာဂတ် ဗျူဟာတွေကိုပါ ပြောင်းလဲသွားစေနိုင်တဲ့ ကိစ္စတစ်ခုပါ။
ဒီကစားပွဲမှာ လူရှစ်ယောက်သေရမယ်၊ တစ်ယောက်က ဒုက္ခိတဖြစ်မယ်၊ တစ်ယောက်ပဲ အသက်ရှင်မယ်။ အဲဒီ သေခြင်း၊ ရှင်ခြင်းဆိုတာတွေဟာ ပိုယန်ခရိုင်ကလာတဲ့ ဒီတပည့်လေး (ချန်ဆန်းရှီ) ဘယ်လောက်အထိ ခရီးပေါက်မလဲ ဆိုတာပေါ်မှာပဲ မူတည်နေတော့တာပါ။