← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ချင်ထျန်းတောင်ထွတ်ထိပ်တွင် ကျုံးကျဲ၏ စစ်ဘုရင်အမှတ်အသား ပေါင်းစပ်မှုက ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

မူလက ဝေလငါးကြီး ရေကိုဝါးမျိုသကဲ့သို့ စုစည်းရောက်ရှိလာသော သတ်ဖြတ်ခြင်းစွမ်းအားများအားလုံးသည် ယခုအခါ သူ့ခန္ဓာကိုယ်ထဲသို့ အကုန်စီးဝင်သွားပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတစ်မျှင်ချင်းစီ၊ သွေးတစ်စက်ချင်းစီတိုင်းတွင် စစ်ဘုရင်တစ်ပါး၏ အရှိန်အဝါများ ပြည့်နှက်နေ၏။

ကျုံးကျဲကို မြင်လိုက်ရသည်မှာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။

သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်မှ လှံချင်းရိုက်ခတ်သံများနှင့် စစ်သည်တော်များ၏ တိုက်ခိုက်သံများ ထွက်ပေါ်နေသည်။ ကျုံးကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည်။

သူသည် ဖင်တုံးလုံးဖြစ်နေသော်လည်း ကြည့်ရဆိုးမနေဘဲ သဘာဝကျနေသည်မှာ ထူးဆန်းလှ၏။ 😂

ပြောရလျှင် သန်မာပြီး ကြံ့ခိုင်လှပနေသည်။ ကြွက်သားတစ်ထစ်ချင်းစီတွင် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်။ ဤကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်သွားပြီး သဟဇာတဖြစ်နေသယောင်ပင်။

"ဘုန်းးးး"

သူသည် ဆန့်တန်းထားသော လက်နှစ်ဖက်ကို ရုတ်တရက် ပြန်ရုတ်လိုက်သည်။

ညာဘက်လက်မောင်းပေါ်ရှိ စစ်ဘုရင်အမှတ်အသားသည် ရုတ်တရက် လင်းလက်လာပြီး ယခင်ကထက် အဆပေါင်းသောင်းချီ ပိုမိုပြင်းထန်သော အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုသည်မှာ ကောင်းကင်ယံတွင် သွေးရောင်လမင်းကြီးတစ်စင်း ထွက်ပေါ်လာသကဲ့သို့ဖြစ်နေသည်။

ကျုံးကျဲနှင့် စစ်ဘုရင်အမှတ်အသားတို့ လုံးဝ ပေါင်းစပ်သွားပြီဖြစ်၏။ ယခုအခါ သူ့ကို စစ်ဘုရင်ခန္ဓာကိုယ်ပိုင်ရှင်ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် နန်ယန်စီရင်စုတစ်ခုလုံးသည် ထိုအလင်းရောင်ကြောင့် နီရဲသွားလေသည်။

စွမ်းအားကြီးသော ကျင့်ကြံသူများအားလုံးသည် ထိုစွမ်းအားလှိုင်းများကို အာရုံခံမိလိုက်ကြသည်။ သူတို့အားလုံး ကောင်းကင်ပေါ်သို့ ပျံတက်လာကြပြီး မသေမျိုးတစ်သန်းတောင်တန်းရှိရာ ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

လူများစွာ၏ စိတ်အာရုံထဲတွင် ရှေးဟောင်းစစ်မြေပြင်မှ သတ်ဖြတ်ခြင်းပုံရိပ်များ ပေါ်လာသဖြင့် ရူးသွပ်လုနီးပါး ဖြစ်ကုန်ကြ၏။

"မသေမျိုးတစ်သန်းတောင်တန်းမှာ ကံတရားအသစ်တစ်ခု ပေါ်လာတာပဲ... စစ်ဘုရင်တစ်ပါး မွေးဖွားလာပြီနဲ့ တူတယ်..."

"အမိန့်ထုတ်လိုက်... ဂိုဏ်းစည်းကမ်းအသစ် သတ်မှတ်မယ်... ဂိုဏ်းသားတွေရော အကြီးအကဲတွေရော နောက်နောင် မသေမျိုးတစ်သန်းတောင်တန်းနားကို ခြေမချရဘူး... ချိုးဖောက်တဲ့ကောင် အသေပဲ"

အပြင်လောကတစ်ခုလုံး တုန်လှုပ်နေကြပြီး အင်အားကြီးအင်အားစုများအားလုံးသည် မသေမျိုးတစ်သန်းတောင်တန်းကို အလွန်အမင်း ကြောက်ရွံ့သွားကြလေသည်။

--------------

ချင်ထျန်းတောင်ထွတ်ပေါ်တွင်မူ ကျုံးကျဲ၏ ကိုယ်ပေါ်မှ ဖြစ်ရပ်ဆန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ကျုံးရှန်က လက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ဝတ်ရုံရှည်တစ်ထည်သည် ကျုံးကျဲ၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။

"ဟူး... ရှေးဟောင်းစစ်ဘုရင်ကြီးတွေတောင် ဖင်တုံးလုံးနဲ့ လျှောက်မပြေးကြပါဘူးကွာ..."

ကျုံးကျဲ၏ ခန္ဓာကိုယ်မှ အရိုးအဆစ် မြည်သံများ တဖျစ်ဖျစ် ထွက်ပေါ်လာသည်။

အညစ်အကြေးများ သန့်စင်ပြီးသည့်နောက်တွင် ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်များနှင့် သတ်ဖြတ်ခြင်းစွမ်းအားများ ပေါင်းစပ်သွားသဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် ဒုံးပျံစီးထားသကဲ့သို့ ထိုးတက်သွားတော့သည်။

အဆင့်သုံးဆင့် ဆက်တိုက်တက်သွားပြီး နိယာမနယ်ပယ်၏ သတ္တမအဆင့်ဖြစ်သော တိမ်စီးနင်းနယ်ပယ်သို့ ရောက်ရှိသွားလေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များသည် ပိုမိုသန့်စင်လာပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစွာဖြင့် တိမ်စီး၍ ပျံသန်းနိုင်ပြီဖြစ်သည်။

စစ်ဘုရင်အမှတ်အသား၏ ပံ့ပိုးမှုပါ ပါဝင်လာသဖြင့် ယခုလက်ရှိ ကျုံးကျဲသည် လက်နက်မဲ့နေလျှင်ပင် လင်ချန်နှင့် ဟွမ်ရှားစစ်သည်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ပြီဖြစ်သည်။

အကယ်၍သာ စစ်မင်းဓားကို ကိုင်ဆောင်ထားမည်ဆိုပါက သုံးကွက်အတွင်း ထိုဟွမ်ရှားစစ်သည်သုံးယောက်ကို ရွှေစေတီကျောင်းဆောင်ထဲ၌ပင် သွေးမြေကျစေနိုင်မည်ဖြစ်သည်။

လင်ချန်အတွက်ကတော့ သဲကန္တာရရှေးဟောင်းနတ်ဘုရားဆီက ရတနာဘယ်လောက်များများ ရထားသလဲဆိုသည့်အပေါ်တွင် မူတည်ပေလိမ့်မည်။

ကျုံးကျဲ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့်တပြိုင်နက် ကျုံးရှန်ရှေ့သို့ ချက်ချင်းလျှောက်လာပြီး ဒူးထောက်ချလိုက်သည်။

သူ၏ခေါင်းကို မြေကြီးနှင့် ထိသည်အထိ ဦးညွှတ်လိုက်လေသည်။

"ဘိုးဘေးရဲ့ ပြန်လည်ဖန်ဆင်းပေးတဲ့ ကျေးဇူးတရားကို ကျွန်တော် ကျုံးကျဲ ဦးခိုက်ပါတယ်"

"ဘိုးဘေးရဲ့ ကျေးဇူးက ကြီးမားလွန်းလို့ ကျွန်တော် အခါတစ်သိန်းသေရင်တောင် ကျေမယ်မထင်ပါဘူး"

ကျုံးရှန် ခေါင်းညိတ်လိုက်သည်။

"ထတော့... ကလေး..."

သူ့စကားဆုံးသည်နှင့် ကျုံးကျဲ၏ ခန္ဓာကိုယ်အောက်မှ မမြင်ရသော စွမ်းအားတစ်ခု ပေါ်လာသည်။ ကျုံးကျဲသည် သူ့ခန္ဓာကိုယ်ကို သူ မထိန်းချုပ်နိုင်တော့ဘဲ ထိုစွမ်းအား၏ ပင့်တင်မှုကြောင့် အလိုအလျောက် မတ်တပ်ရပ်လျက်သား ဖြစ်သွားရသည်။

'နှုတ်ထွက်စကားက ဥပဒေဖြစ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ... ဘိုးဘေးက တကယ့်နတ်ဘုရားတစ်ပါးပါလား...'

သူ့စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်မိသွားသည်။

ကျုံးရှန်သည် ကြောက်လွန်းသဖြင့် ငုံးကလေးများကဲ့သို့ ငြိမ်ကုပ်နေသော မြေးအဘိုးနှစ်ယောက်ကို ကြည့်ပြီး ရယ်ချင်သွားသည်။

"မင်းတို့ကလည်း... အရမ်းကြီး သတိထားမနေပါနဲ့... လာ... ထိုင်ကြ"

"ကျုံးကျဲ... မင်း တောင်ခါးပန်းက သစ်သားအိမ်လေးထဲသွားပြီး ဝိုင်တစ်အိုးလောက် သွားယူခဲ့"

ကျုံးရှန် ပေါ့ပါးစွာပင် ခိုင်းစေလိုက်သည်။

"ဟုတ်ကဲ့ပါ ဘိုးဘေး"

"ကျွန်တော် စစ်မှုထမ်းတုန်းက စစ်သူကြီးဝိုင်ငှဲ့နည်းကို သင်ထားဖူးပါတယ်... တော်တော်လေး ဆန်းကြယ်တဲ့နည်းပါ... ခဏနေရင် ဘိုးဘေးကို အဲ့ဒီနည်းနဲ့ ဝိုင်ငှဲ့ပေးပါ့မယ်"

သူ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

စစ်ဘုရင်ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများနှင့် အမှတ်အသားထဲမှ စစ်သည်တော်စိတ်ဓာတ်များကို ခံစားရင်း သူ၏ခြေလှမ်းများသည် လေပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးနေသည်။

ကျုံးကျဲသည် တောင်စွန်းရှိ လူသွားလမ်းကလေးအတိုင်း တောင်ခါးပန်းဆီသို့ ပျော်ရွှင်စွာ ဆင်းသက်သွားလေသည်။

သူ ဝေးရာသို့ ရောက်သွားသည်ကို မြင်မှ ကျုံးရှန်သည် မတ်တပ်ရပ်လျက်သား ကျန်နေသေးသော ကျုံးချီမင်ကို မော့ကြည့်လိုက်သည်။

"ချီမင်... မင်းက ဘာလို့ မထိုင်တာလဲ"

"ဘုန်း"

ကျုံးချီမင်သည် ချက်ချင်း ဒူးထောက်ချလိုက်သည်။

"ဘိုးဘေး... ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်... မထိုင်ရဲပါဘူး"

"ကျွန်တော်က ဘိုးဘေးရဲ့ အမိန့်ကို ဖောက်ဖျက်ပြီး ချင်ထျန်းတောင်ထွတ်ကို လာပြီး ဘိုးဘေးရဲ့ ကျင့်ကြံတာကို နှောင့်ယှက်မိပါတယ်... သေဒဏ်ပေးရင်တောင် ထိုက်တန်ပါတယ်"

"ဘိုးဘေး စိတ်ကျေနပ်တဲ့အထိ အပြစ်ပေးပါ... မဟုတ်ရင် ကျွန်တော် စိတ်မသန့်ပါဘူး"

သူ ခေါင်းကို ငုံ့ထားပြီး လေးနက်စွာ ပြောလိုက်သည်။

ကျုံးရှန်သည် ကျောက်စားပွဲခုံကို လက်ဖြင့် ဖွဖွလေး ပွတ်သပ်လိုက်သည်။

"အင်း... ငါချမှတ်ထားတဲ့ စည်းကမ်းအရဆိုရင်တော့ မင်းက အပြစ်ပေးခံရမှာပဲ..."

"ကဲ... ဒါဆိုရင်လည်း မင်းရဲ့ ရင်ဘတ်ထဲက နံရိုးနှစ်ချောင်းကို မင်းဘာသာ ပြန်ထုတ်လိုက်"

သူ လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။

ကျုံးချီမင်သည် ထိုစကားကို ကြားသောအခါ ဦးညွှတ်လိုက်သည်။

"ဘိုးဘေးရဲ့ အမိန့်အတိုင်းပါ"

"အပြစ်ပေးတာကို လက်ခံပါတယ်"

သူသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ လက်နှစ်ဖက်တွင် ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။

နောက်တစ်ခဏတွင် သူ၏လက်များသည် နံရိုးကြားထဲသို့ စိုက်ဝင်သွားသည်။ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ရင်ဘတ်ကို ခွဲကာ နံရိုးနှစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။

သူ့ခန္ဓာကိုယ်ကြီး ပျော့ခွေကျသွားတော့မလို ဖြစ်သွားသော်လည်း ချက်ချင်းပင် ဝိညာဉ်စွမ်းအင်များကို အရိုးအဖြစ်ပြောင်းလဲပြီး ရင်ဘတ်ကို ပြန်လည်ထောက်မလိုက်သည်။

နံရိုးသည် သူ၏တာအိုအခြေခံ မဟုတ်သောကြောင့်သာ တော်သေးသည်။ မဟုတ်လျှင် သူ၏မူလစွမ်းအားများ ထိခိုက်သွားပေလိမ့်မည်။

သူ့ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ နံရိုးကို အရှင်လတ်လတ် ဆွဲထုတ်လိုက်ရသဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံလာသော စိတ်ခိုင်မာမှု ရှိသော်ငြား သူ့ခန္ဓာကိုယ်ကြီး တုန်ခါသွားရရှာသည်။

ကျုံးရှန်ကတော့ ဘာမှမဖြစ်သကဲ့သို့ပင် တည်ငြိမ်နေဆဲ။

"ကဲ... ပြီးပြီဆိုရင် လာထိုင်တော့"

သူ လက်ယပ်ခေါ်လိုက်သည်။

ကျုံးချီမင်သည် နံရိုးနှစ်ချောင်း ဆုံးရှုံးသွားသော်လည်း ဝိညာဉ်စွမ်းအင် လည်ပတ်မှု ကောင်းမွန်နေဆဲဖြစ်သည်။ ဝိညာဉ်အရိုးများက ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားနိုင်သည်။

ထို့ကြောင့် သူ့အမြင်တွင် နံရိုးထုတ်လိုက်ရသည်မှာ ကြီးမားသော ကိစ္စမဟုတ်ပေ။ ဘိုးဘေးက သူ့ကို တကယ်ပဲ သက်ညှာပေးလိုက်တာပဲ ဟု တွေးနေမိသည်။

"ဟုတ်ကဲ့ပါ ဘိုးဘေး"

သူ ဖြည်းဖြည်းချင်း လျှောက်လာပြီး ကျုံးရှန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"နံရိုးနှစ်ချောင်း မရှိတော့တဲ့ ခံစားချက်က ဘယ်လိုနေလဲ"

ကျုံးရှန်က ပေါ့ပါးစွာ မေးလိုက်သည်။

ကျုံးချီမင် ကြောင်သွားသည်။ ဘိုးဘေးက ဒီလိုမေးခွန်းမျိုး မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခဏလောက် စဉ်းစားပြီးမှ ရိုးသားစွာ ဖြေလိုက်သည်။

"နာပါတယ်... အရမ်းနာပါတယ်"

ကျုံးရှန် မတ်တပ်ရပ်လိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

"ဒါဆိုရင် နံရိုးမရှိတော့တဲ့နောက် လှုပ်ရှားရတာ ဘာကွာခြားသွားသလဲ"

ကျုံးချီမင် ကြက်သေသေသွားသည်။

ဒီတစ်ကြိမ်တွင်တော့ အချိန်အတော်ကြာသည်အထိ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"ပေါ့ပါးသွားပါတယ်... တစ်ခါမှ မခံစားဖူးလောက်အောင်ကို ပေါ့ပါးလွတ်လပ်သွားသလိုပါပဲ"

ကျုံးရှန် ပြုံးလိုက်သည်။

"အခုမှပဲ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘာလို့ ရှေ့မတိုးတော့တာလဲဆိုတာကို နားလည်ပြီလား"

"မင်းရဲ့ ခန္ဓာကိုယ်အရိုးအဆစ်တွေက အပိုတွေ ဖြစ်နေပြီး မင်းခန္ဓာကိုယ်ကိုတောင် ကောင်းကောင်း မထောက်ပံ့နိုင်တော့ဘူး... မင်းက ဉာဏ်ရည်ကောင်းပေမဲ့ ခန္ဓာကိုယ်ကျင့်ကြံဖို့ကို လစ်လျူရှုထားခဲ့တယ်..."

"တာအိုနဲ့ ခန္ဓာကိုယ် တသားတည်းမဖြစ်ရင် ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ"

ကျုံးရှန်၏ အသံသည် ကောင်းကင်ဘုံမှ တရားသံကဲ့သို့ ကျုံးချီမင်၏ နှလုံးသားထဲသို့ တိုးဝင်သွားသည်။

သူ့စိတ်ထဲတွင် ဖုံးကွယ်နေသော အရာများ ပွင့်ထွက်သွားပြီး ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ဖြစ်သွားရသည်။

နိယာမနယ်ပယ် အဆင့် ၂၅ ၏ တံခါးဝကိုပင် လှမ်းမြင်လိုက်ရသလို ခံစားလိုက်ရ၏။ သူသာ အဆင့်တက်ထားသည်မှာ မကြာသေး၍ အခြေခံမခိုင်သေးခြင်းမျိုး မဟုတ်ခဲ့လျှင် ယခုချက်ချင်းပင် နောက်တစ်ဆင့် ထပ်တက်သွားလောက်သည်။

ကျုံးရှန်၏ စကားတစ်ခွန်းက သူ့ကို အမြင်မှန်ရစေခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်ပြီး နားလည်မှုများ တိုးပွားလာခဲ့ရသည်။

"လမ်းပြပေးတဲ့ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"

"ဘိုးဘေးရဲ့ စကားတစ်ခွန်းက ကျွန်တော် နှစ်သောင်းချီ ကျင့်ကြံခဲ့တာထက်တောင် ပိုထိရောက်ပါသေးတယ်"

သူ ဝမ်းသာအားရဖြင့် ဒူးထောက်ရန် ပြင်လိုက်သည်။

"တော်ပါတော့... ထပ်မလုပ်နဲ့တော့"

ကျုံးရှန် လက်ကာပြလိုက်ပြီး သူ့လက်ဝါးကို ဖြန့်လိုက်ရာ ကြည်လင်သန့်ရှင်းသော အလင်းလုံးလေးတစ်ခု ပေါ်လာသည်။

"ယွဲ့အာရဲ့ ဆန်းကြယ်ကောင်းကင်အရိုး... အခု မင်းကို တပ်ဆင်ပေးမယ်"

Thank For Reading.

All Chapters