← Chapters

ရတနာတို့၏ မူလအစ

Vol. 16 Ch. 187

ရတနာတို့၏ မူလအစ

Vol. 16 Ch. 187

ကပ်ရောဂါသခင်သည် သူ၏နတ်စွမ်းအားကို ထုတ်ကာတိုက်ခိုက်မှုမှ လွတ်မြောက်ရန် အသည်းအသန်ကြိုးစားလိုက်သည်။

ငါမသေချင်သေးဘူး ။

သို့သော် သူ့ကို ဝိုင်းရံထားသော ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးနဂါးများသည် ကောင်းကင်ဘုံသို့ ခြေလေးလှမ်းရောက်နေသော စစ်မှန်နတ်ဘုရားတစ်ပါးကိုပင် ချက်ချင်းသတ်ဖြတ်နိုင်စွမ်းရှိသည်။သူ့လိုသာမန်စစ်မှန်နတ်ဘုရားလေးတစ်ပါးအနေဖြင့် မည်သို့လွန်မြောက်နိုင်မည်နည်း။

လျှပ်စီးနဂါးများက သူ့အားဝါးမျိုသွားတော့သည်။

"အား.......မင်းတို့ လူယုတ်မာတွေ...ငါမကျေ....နပ်....ဘူး...."

လျှပ်စီးများတဝုန်းဝုန်းတိုက်ခတ်နေသော

ကောင်းကင်ယံတွင် မဟာအုပ်စိုးရှင်ရှန်လဲ့က ခန့်ညားစွာပေါ်လာခဲ့သည်။

သူက အော်ဟစ်နေသော ကပ်ဆရာဂါသခင်ကိုတုန့်ပြန်လိုက်၏။

"မကျေနပ်ရင် သေ..."

"သေလို့ မရဘူး ၊ ကျုပ်ကိုယ်တိုင်သတ်မှာ ၊ သူအသက်ကို ချန်ထား..."

ကျိယွမ်၏ အရေးတကြီးအော်ဟစ်သံကို ကြားလိုက်ရသဖြင့် ရှန်လဲ့သည် ခေတ္တမျှ တွေဝေသွားပြီးမှ လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ခဏအတွင်းမှာပင် တစ်ချိန်က အစွမ်းထက်လှသော ကပ်ရောဂါသခင်သည် ကျွမ်းနုနေသည့် အသားစအသေးလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရှန်လဲ့သည် ထိုအသားစကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း ကျိယွမ်ရှေ့သို့ ရောက်ရှိလာ၏။

"တပည့်ရေ... မင်းပြောတာ နည်းနည်းနောက်ကျသွားတယ်၊ ဒါပေမဲ့ ကံကောင်းတာက သူ့မှာ အသက်ငွေ့ငွေ့လေး ကျန်သေးတယ် "

ရှန်လဲ့က သူ၏ လက်ဖဝါးကြီးကို ဖြန့်ပြလိုက်ရာ အကင်ဆိုင်မှာတွေ့ရသည့် အသားတုံးထက်ပင် ပို၍ကျွမ်းနေသည့် အသားစအသေးလေးကို ကျိယွမ်တွေ့ရသည်။

ထိုသို့သော အခြေအနေမျိုးတွင်ပင် ကပ်ရောဂါသခင်သည် အသက်ရှင်နေဆဲပင်။စစ်မှန်နတ်ဘုရားများ၏ စွမ်းအားမှာ နောက်ပြောင်စရာမဟုတ်ပေ။

ကျိယွမ်သည် ထိုအသားစကို လောဘတတ်နေသောမျက်လုံးများဖြင့် မျက်တောင်မခတ်ကြည့်ရင်း "အရှင်မြတ် အဲ့ဒါကို ကျွန်တော့်ကို ပေးလို့ရမလား" ဟု မေးလိုက်သည်။

သူ၏ရှေ့မှပုဂ္ဂိုလ်သည် စစ်မှန်နတ်ဘုရားတစ်ပါးကိုပင် ကြက်ကလေးများလို့ သတ်နိင်သော မဟာအုပ်စိုးရှင်တစ်ပါးဖြစ်၏။ သူ၏လက်ရှိခွန်အားဖြင့် ထော်လော်ကန့်လန့်လုပ်နိုင်သော အရာမဟုတ်သေးပေ။

ယောက်ျားကောင်းဆိုသည်မှာ အလျှော့ပေးသင့်သည့်အခါ အလျှော့ပေးရမည် မဟုတ်ပါလား။

"မင်းကို လက်ဆောင်ပေးမယ်လို့ ငါပြောထားတာပဲ၊ ဒါကြောင့် ဒါက မင်းအပိုင်ပဲပေါ့"

ရှန်လဲ့က ကျွမ်းနုနေသည့် အသားစကို ကျိယွမ်ထံသို့ ရက်ရက်ရောရော ကမ်းပေးလိုက်သည်။

ကျိယွမ်သည် ထိုအသားစကို ကြည့်လိုက်ပြီး သူ၏ဓားကို ထုတ်လိုက်ရာ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

သူသည် စစ်မှန်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ပြီး အတွေ့အကြုံမှတ်များရယူရန် အသင့်ဖြစ်နေလေပြီ။

"ဒါကို ခံစားလိုက်စမ်း... အဘိုးကြီး"

ကျိယွမ်က အော်ဟစ်လိုက်သည်။

သူသည် မျှော်လင့်ခြင်းလမင်းပစ်မှတ်ကို မက်မောနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူသည် ယခုအခြေအနေသို့ ရောက်ရှိလာစေရန် အသေအချာ စီစဉ်ကြံစည်ခဲ့ရ၏။

ကံကောင်းလို့ ငါ့ရဲ့အတွေ့အကြုံရမှတ်နဲ့ မိစ္ဆာနတ်ဘုရားစွမ်းအားတွေ အဟောသိကံဖြစ်တော့မလို့ ။

"လာစမ်း ."

" ဒိုင်း.."

"ဘာတုန်းဟ...."

ကျိယွမ်သည် လဲကျလုနီးပါး ဖြစ်သွားသည်။

ဓားနဲ့ခုတ်တာ သေနတ်သံထွက်လာရသလား။

အသားစက အလွန်မာကျောလွန်းသဖြင့် သူ၏ဓားက ဒိုင်းခနဲ ခုန်တက်လာခြင်းပင်။

အရှက်တွေတော့ ကွဲပြီ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှန်လဲ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျိယွမ်အား လှောင်၏။

"မင်း အသားများများစားပြီး ခွန်အားရှိအောင် လုပ်ရဦးမယ်။ မင်းရဲ့ ပိန်ကပ်နေတဲ့ လက်မောင်းနဲ့ ခြေထောက်တွေကို ကြည့်ပါဦး၊ တစ်ညကို မိန်းမ သုံးထောင်တောင် နိုင်မှာ မဟုတ်ဘူး"

"ဟမ်..."

ဘေးနားတွင်ရှိနေသော ဝမ်ဝမ်ချီနှင့်ချီချီတို့က လေထဲမှအဘိုးအိုအား မကြည်သလိုကြည့်လိုက်၏။

မွေးစားအဖေက ဘာလို့ မိန်းမသုံးထောင် လိုမှာလဲ။

ရှန်လဲ့က ထိုကလေးမများကို ဂရုမစိုက်ပါ။

ကျိယွမ်သည် စစ်မှန်သော နတ်ဘုရားတစ်ပါး မဖြစ်သေးကြောင်း သူ သိသည်။

စစ်မှန်သော နတ်ဘုရားတစ်ပါး မဖြစ်ဘဲနှင့် စစ်မှန်နတ်ဘုရားတစ်ပါးကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ သူ့ရှေ့မှ အသားစအသေးလေးကိုပင် ကျိယွမ်အနေဖြင့် လှီးဖြတ်နိုင်ခြင်း မရှိပေ။

ရှန်လဲ့သည် ထိုအရာကို အစကတည်းက သိသော်လည်း တမင်လွှတ်ပေးထားခြင်းဖြစ်၏။

"ဘာလို့ မသေရတာလဲ ၊ ဒီကောင် .."

"ရော့စမ်း.."

ကျိယွမ်က ရှက်ရှက်နှင့်တအားကုန် ခုတ်ပိုင်းထည့်လိုက်သည်။

"ဒုန်း..."

"ရဘူးဟ..."

ကျိယွမ် စိတ်လေသွားသည်။

အောက်တွင်ရှိနေသော ရွာသူရွာသားများမှာ သူတို့၏နတ်ဘုရားကို ရယ်ချင်သော်လည်း မရယ်ရဲကြပေ။

ထိုအချိန်တွင် ကျိယွမ်၏ဘေး၌ရှိသော ဝမ်ဝငမ်ချီသည် သူမ၏ ပိပါတူရိယာ ကြိုးများကို တစ်ချက်ခတ်လိုက်သည်။

စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသားစသည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုခဏ၌ ကျိယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ အတွေ့အကြုံရမှတ်များစွာ စီးဝင်သွားသည်။

ရမှတ်ကမည်မျှများသနည်းဆိုလျှင် သူသည် အဆင့် ၇၀ သို့ ရောက်ရှိပြီးကာစ ဖြစ်သော်လည်း တဟုန်ထိုး မြင့်တက်သွားကာ အဆင့် ၉၀ ပြည့်လုနီးနီးဖြစ်သော အဆင့်၈၉ တွင် ရပ်တန့်သွားသည်။

အစွမ်းထက်သော မိစ္ဆာနတ်ဘုရားစွမ်းအင်များသည်လည်း ကျိယွမ်၏လက်ထဲသို့ ရောက်ရှိလာခဲ့၏။

စိတ်လှုပ်ရှားနေသော ကျိယွမ်သည် ဆံပင်တိုတိုနှင့်အဘိုးကြီးကို ကြည့်ကာ "အရှင်.. အရှင့်ရဲ့ အစွမ်းက တကယ်ကို အားကိုးထိုက်တာပဲ" ဟု ချီးကျူးလိုက်သည်။

"မင်းရဲ့ ပါရမီကလည်း မဆိုးပါဘူး"

ရှန်လဲ့က ကျိယွမ်ကို စေ့စေ့ကြည့်ရင်း သူသိချင်သောအရာကို မေးလိုက်၏။

"ရှေးဟောင်းခေတ်တုန်းက မင်းက ဘယ်ဂိုဏ်းကလဲ"

"အဲ..."

ကျိယွမ်က အနည်းငယ်တုန့်ဆိုင်းသွား၏။

ငါကဘယ်ခေတ်ကမှ မဟုတ်တာ ၊ ဘယ်လိုလုပ်ဂိုဏ်းရှိမှာလဲ ။

သူက ပြောချင်သလိုလို မပြောချင်သလိုလို လုပ်နေပြီးမှ ရှန်လဲ့ကို ကြည့်ကာ အနားသို့တိုးသွားပြီးတိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အထောက်အထားက နည်းနည်းထူးခြားတယ်။ ဆရာ့ကို ကျွန်တော် ပြောပြမယ်၊ ဒါပေမဲ့ တခြားဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့"

ကျိယွမ်သည် တစ်စုံတစ်ခုသော အထူးတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်နိုင်သည်ဟု ရှန်လဲ့က နားလည်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူကိုယ်တိုင်ပင် မကြားဖူးသော စစ်မှန်သော နတ်ဘုရားများအကြောင်းကို ကျိယွမ်က မည်သို့ သိနိုင်မည်နည်း။

"ကျွန်တော်က... တရုတ်ပြည်နဂါးအဖွဲ့ ကပါ"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"တရုတ်ပြည်နဂါးအဖွဲ့လား"

ရှန်လဲ့က ထိုအမည်ကို ရေရွတ်ရင်း အလေးအနက်ထားစရာ အမည်တစ်ခုဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။

"ငါ တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ ပထမဆုံးအကြိမ် ကြားလိုက်ရရုံနဲ့တင်... တကယ့်ကို ထူးခြားတာပဲ"

ကျိယွမ်က ရယ်ချင်သော်လည်း မရယ်ပါ ။ သူက တည်တည်တံ့တံ့ထပ်ပြောလိုက်သည်။

"အရှင်.. နဂါးအဖွဲ့ထဲကို ဝင်ဖို့ စိတ်ဝင်စားလား။ အခုချက်ချင်းဝင်မယ်ဆိုရင် အရှင့်ကို အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ကျွန်တော် ခန့်အပ်ပေးနိုင်တယ်"

မဟာအုပ်စိုးရှင်တစ်ပါး၏ စွမ်းအားသည် အမှန်တကယ်ပင် စည်းရုံးသိမ်းသွင်းထိုက်သည် မဟုတ်ပါလား။

အဖွဲ့ကမရှိသေးပေမဲ့ ငါဘာသာလုပ်လိုက်လို့ရတာပဲကို ။

ရှန်လဲ့က အနည်းငယ်ပြုံးကာ ငြင်းသည်။

"ငါက မင်းကို တပည့်အဖြစ် လာလက်ခံတာလေ၊ နဂါးအဖွဲ့ထဲ ဝင်ဖို့ မဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းက မင်းကို သင်ပေးဖို့ လုံလောက်တယ်လို့ မထင်ဘူးလား။ လာပါ... ငါ့တပည့်လုပ်လိုက်။ ငါ မင်းကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်"

ကျိယွမ်က အံ့သြသွားဟန်ဖြင့် ရှန်လဲ့အားကြည့်၏။

"ခင်ဗျားက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တာလား"

"ဒါပေါ့"

"အရှင့်ရဲ့ အစွမ်းက... အဲ့ဒီအဆင့်ကို မရောက်သေးဘူးထင်တယ်"

"ဘာကွ..."

ရှန်လဲ့၏မျက်နှာပေါ်မှ ဂုဏ်ယူနေသောအပြုံးသည် အေးခဲသွားတော့သည်။

"ကျွန်တော်က ဓာတ်ကြီးငါးပါးစွမ်းအင်နဲ့ ကျင့်ကြံတာ၊ ကောင်းကင်ဘုံတာအို အုတ်မြစ်ရှိတယ်၊ ကြယ်အမြုတေကိုလည်း ဖွဲ့စည်းထားတာလေ၊ ကြည့်ရတာတော့ ဆရာ့ရဲ့ အစွမ်းက သာမန်ပါပဲ။ ဆရာက ကျွန်တော့်အဖွဲ့ထဲမှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်ပါတယ်၊ မိုးကြိုးတွေကလှတော့ ရုပ်ရှင်အထူးပြုလုပ်ချက်ပညာရှင်လောက်တော့ရမယ်"

သူ့တွင်ဂီတနှင့် နောက်ခံတေးသံများ ရှိသော်လည်း တိုက်ပွဲအတွက် အထူးပြုလုပ်ချက်ပိုင်းတွင် လိုအပ်နေဆဲ ဖြစ်သည်။

ရှန်လဲ့၏ အဆုံးအစမဲ့ လျှပ်စီးပင်လယ်နှင့် ကြောက်မက်ဖွယ် လျှပ်စီးနတ်ဘုရားပုံစံသည် အထူးပြုလုပ်ချက်များအတွက် လုံလောက်မည်မှာ သေချာသည်။

"စိတ်ဝင်စားစရာပဲ"

ရှန်လဲ့က ကျိယွမ်ကို စေ့စေ့စပ်စပ်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းမှာ ဆရာရှိနေလို့လား"

"ရှိတယ်"

ကျိယွမ်က ရှန်လဲ့ကို ကြည့်ရင်း ဖြေလိုက်သည်။

"ကျွန်တော့်ဆရာက ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ ကျွန်တော်မသိပေမယ့်... သူမက ဆရာ့ထက် အများကြီး ပိုအစွမ်းထက်တာတော့ သေချာတယ်။ ကျွန်တော်ဆိုရင် ကြယ်အမြုတေကို ရရှိထားပေမယ့် သူ့ကိုတော့ မရင်ဆိုင်ရဲသေးဘူး"

ကျိယွမ်က အလေးအနက် ပြောနေခြင်း ဖြစ်သည်။

သူ၏ဆရာမရွမ်ယူချမ်းသည် သူ့အတွက် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့သည် မဟုတ်ပါလား။

ရှန်လဲ့က စိတ်ဝင်စားပုံဖြင့် စဥ်းစားနေသည်။

ကျိယွမ်၏ဆရာသည် တရုတ်ပြည်မှနဂါးအဖွဲ့ဆိုသောလျှို့ဝှက်အဖွဲ့၏ ခေါင်းဆောင် ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းလိုက်သည်။

သူမသည် ကောင်းကင်သို့ ခြေလှမ်း ခြောက်လှမ်း သို့မဟုတ် ခုနစ်လှမ်းအထိ လှမ်းထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေမည်လော။

ဒါဆို ငါလည်းစိန်မခေါ်ရဲဘူး။

သူက သတိထားပြီး မေးလိုက်သည်။

"မင်းရဲ့ဆရာက စိတ်ဝင်စားစရာပဲ။ သူမက အခု ဘယ်မှာလဲ ၊ မင်းအနားမှာ ရှိလား"

သူက မလုံမလဲဖြင့် ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။

သူ့တပည့်ကို လုလို့ဆိုပြီး ငါ့ကိုတိုက်ခိုက်နေရင် ဘယ်လိုလုပ်မလဲ။

"ကျွန်တော့်ဆရာမက နည်းနည်း ရှက်တတ်တယ်။ ကျွန်တော်က သူ့ကို 'မိန်းမ' လို့ ခေါ်နေတော့ သူက ရှက်ပြီး ထွက်ပြေးသွားတာပါ"

"ဟေ...."

ရှန်လဲ့၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားပြီး ကျိယွမ်အား အလန့်တကြားကြည့်လိုက်သည်။

"မင်းက မင်းရဲ့ဆရာကို 'မိန်းမ' လို့ ခေါ်တယ် ...ဟုတ်လား"

"ဟုတ်တယ်လေ ၊ ကျွန်တော့်ဆရာက ကျွန်တော့်မိန်းမပဲ၊ ဘာလို့ မခေါ်ရမှာလဲ"

ကျိယွမ်က ထိုကိစ္စသည် လောက၏အမှန်တရားတစ်ခုအလား ခိုင်မာစွာ ပြောလိုက်သည်။

" အဟွတ် အဟွတ်... ငါ မင်းကို တပည့်အဖြစ် မလက်ခံတော့တာပဲ ကောင်းမယ်။ အဲ့ဒီလောက်အထိ ငါ စိတ်ရှည်မှာ မဟုတ်ဘူး"

ရှန်လဲ့က သူ၏စိတ်ကူးကိုပြောင်းရန် စဥ်းစားမိသည်။

တော်ကြာ လူကြားထဲမှာ ငါ့ကို မိန်းမလို့ခေါ်နေရင် ဘယ်လိုလုပ်မလဲ။

ထိုသို့ဆိုလျှင် အလွန်ပင် အရှက်ရဖွယ် ဖြစ်လိမ့်မည်။

အကယ်၍ သူ၏တပည့်ကို ခေါ်ဆောင်သွားပြီး သူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံချိန်တွင် ထိုတပည့်က သူ့ကို "မိန်းမ" ဟု ထပ်ခါတလဲလဲ ခေါ်နေသည်ကို သူ စိတ်ကူးကြည့်လိုက်ရုံဖြင့်ပင် ကြက်သီးထလာ၏။

သူက တစ်စုံတစ်ခုကို သတိရသွားပြီးကျိယွမ်အားမေးလိုက်သည်။

"မင်းရဲ့ဆရာက သူရဲ့သူငယ်ချင်းတွေနဲ့ မင်းကို ပေးတွေ့ဖူးလား"

"မတွေ့ဖူးဘူး"

ကျိယွမ်က ခေါင်းခါပြသည်။

ရှန်လဲ့ နားလည်သွားသလိုခေါင်းညိတ်၏။

သူ့ဆရာမကလည်း ငါ့လိုအတွေးရှိပုံရတယ်။သူငယ်ချင်းတွေကြား အရှက်မကွဲချင်တဲ့ပုံပဲ။

ကျိယွမ်က ရှန်လဲ့၏ အတွေးကို ရိပ်မိသွားပုံရသည်။

" နားလည်မှုလွဲနေပြီ ထင်တယ်။ ကျွန်တော်က ယောင်္ကျားတွေကို 'မိန်းမ' လို့ ခေါ်တဲ့ အကျင့်မရှိပါဘူး"

"အေးပါ ငါသိပါတယ်"

"ခင်ဗျား... ကျွန်တော့်ရဲ့ အထူးပြုလုပ်ချက်အဖွဲ့ထဲကို ဘာလို့ မဝင်တာလဲ။ အခုဝင်မယ်ဆိုရင်... ခေါင်းဆောင်တောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ တရုတ်ပြည် နဂါးအဖွဲ့ရဲ့ နတ်ဘုရားတွေ ဆင်းသက်လာတဲ့အခါကျရင်တော့ အဖွဲ့ဝင်လေးတစ်ယောက်ပဲ ဖြစ်တော့မှာနော်"

ကျိယွမ်က ရှန်လဲ့ကို ထပ်မံအကြံပြုသည်။

သူ၏ အမြင်တွင် မဟာအုပ်စိုးရှင်ရှန်လဲ့သည် စည်းရုံးသိမ်းသွင်းရန် ထိုက်တန်နေဆဲပင်။

ရှန်လဲ့က ယတိပြတ်မငြင်းပါ။

"မင်းရဲ့ တရုတ်နဂါးအဖွဲ့ကို ငါ တော်တော်စိတ်ဝင်စားသွားပြီ။ ဘယ်လိုနတ်ဘုရားတွေ ပါမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်၊ ငါသိတဲ့သူ တစ်ယောက်တစ်လေပါရင်လည်း ပါမှာပေါ့"

"ခင်ဗျား..ချင်းရွှေကျေးရွာမှာ နေလို့ရပါတယ်၊ ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ ရှိတယ်၊ ကျွန်တော် သတ်ရမယ့် ရန်သူတွေကို ကြားဖြတ်မသတ်ပါနဲ့"

ကျိယွမ်က အရေးကြီးဆုံးအချက်ကို ပြောလိုက်သည်။

သူသည် အတွေ့အကြုံမှတ်များစွာ ရရှိမည့် အခွင့်အရေးကို ကြားဖြတ်လုယူခြင်းကို အလွန်ပင် မုန်းတီးသူ ဖြစ်သည်။

"အေးပါ"

ရှန်လဲ့က ကျိယွမ်ကို စိုက်ကြည့်ရင်း ခေါင်းညိတ်၏။

"ငါကလည်း မဆင်မခြင် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ အခြား အစွမ်းထက်တဲ့သူတွေကို ဆွဲဆောင်မိသွားရင် ငါလည်း အသတ်ခံရနိုင်တယ်"

ယနေ့ သူ၏ တိုက်ခိုက်မှုတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ အခြားအစွမ်းထက်နတ်ဘုရားသစ်များ၏ အာရုံစိုက်မှုကို ခံရပါက သူ၏ဒဏ်ရာအခြေအနေကြောင့် လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။

"အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့"

ကျိယွမ်က သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် ဖေးဟွမ်မြို့၌ မြို့စားမင်း၏ အိမ်တော်အတွင်းရှိ လူများသည် အံ့အားသင့်နေကြသည်။

"ကပ်ရောဂါသခင်ရဲ့ အရှိန်အဝါ... ပျောက်ကွယ်သွားပြီ"

"ပျောက်သွားပြီ ဟုတ်လား"

"ဟို ကြောက်စရာကောင်းတဲ့ လျှပ်စီးတွေကို မြင်လိုက်ကြလား"

"ဒါဟာ စစ်မှန်နတ်ဘုရားတစ်ပါးပဲ ဖြစ်ရမယ်၊ မူလနတ်ဘုရားမှာ အကူအညီ ရှိနေတာပဲ"

"ငါတို့ သူ့အပေါ် နားလည်မှုလွဲခဲ့တာပေါ့..."

ဟွမ်မုန့်ယင်သည် ထိုစကားများကို ကြားသောအခါ နောင်တရမိသွားသည်။

သူတို့သည် မူလနတ်ဘုရားအပေါ် သံသယဝင်ခဲ့ကြသည်မဟုတ်ပါလား။သူ့အား သစ္စာဖောက်သူတစ်ယောက်ဟု အထင်သေးခဲ့ကြ၏။

ယခုအခါ အမှန်တရား ပေါ်ပေါက်လာသဖြင့် သူမသည် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

အခြားသူများကလည်း ရှက်ရွံ့သလို ခံစားနေကြရသည်။

ရူယွီဆိုလျှင် မူလနတ်ဘုရားကို ကြောက်ရွံ့သဖြင့် သူ၏မြို့မှ ထွက်ပြေးကာ ဖေးဟွမ်မြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သောကြောင့် ပို၍ပင် ရှက်မိနေသည်။

ထိုစဉ် နန်းကုန်းဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကပ်ရောဂါသခင် ကျဆုံးသွားပြီ၊ ဒါပေမဲ့... ဖေးဟွမ်မြို့ရဲ့ အကြီးမားဆုံး အကျပ်အတည်းက အခုမှ စတာပဲ"

သူ၏စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

ယခင်က ကပ်ရောဂါသခင်၏ အာရုံစိုက်မှုကို ခံထားရသဖြင့် အခြားနေရာမှ မိစ္ဆာနတ်ဘုရားများက ဖေးဟွမ်မြို့ကို ရန်မမူခဲ့ကြခြင်း ဖြစ်သည်။ ယခု သူ သေဆုံးသွားပြီဖြစ်ရာ ထိုမိစ္ဆာနတ်ဘုရားများသည် ဖေးဟွမ်မြို့ကို တိုက်ခိုက်လာကြတော့မည်။

"ချင်းရွှေကျေးရွာကို သွားပြီး မူလနတ်ဘုရားကို တွေ့ရအောင်"

ဟွမ်မုန့်ယင်က ဆုံးဖြတ်လိုက်သည်။

ကျန်သောသူများကလည်း အချင်းချင်းကြည့်ကာ ခေါင်းညိတ်ကြ၏။

"သွားကြမယ်"

သို့သော် သူတို့ မထွက်ခွာမီမှာပင် ကြည်လင်သော အသံတစ်ခုသည် ဖေးဟွမ်မြို့တစ်ခွင် ပဲ့တင်ထပ်လာခဲ့သည်။

"မူလနတ်ဘုရား၏ အမိန့်တော်အရ"

"ကပ်ရောဂါသခင် ကျဆုံးသွားသဖြင့်"

"ဖေးဟွမ်မြို့၌ ဝမ်းနည်းခြင်းပွဲတော်ကို သုံးရက်တိတိ ကျင်းပမည်"

ချင်းရွှေကျေးရွာသို့ သွားရန် ပြင်နေသော လူအုပ်ကြီးသည် ခြေလှမ်းများ ရပ်တန့်သွားကြသည်။

နန်းကုန်းဝူကျိက ခေါင်းခါကာ သက်ပြင်းချ၏။

"မူလနတ်ဘုရားက တကယ့်ကို ထူးခြားတဲ့သူပါ။ နှမြောစရာဖို့ ကောင်းလိုက်တာ"

"ဘာကို နှမြောတာလဲ"

အခြားတစ်ယောက်က နားမလည်သလိုမေးသည်။

"ငါက ဝူရှီးမယ်တော်ကို ကိုးကွယ်တာ ဖြစ်နေလို့လေ ၊ မဟုတ်ရင် ဒီပွဲတော်မှာ ငါလည်း ပါဝင်ဆင်နွှဲလို့ ရမှာ"

နန်းကုန်းဝူကျိက ပြောလိုက်သည်။

"ဘာများလဲလို့..မင်းဘာသာအငတ်ခံနေတဲ့ကိစ္စကို"

"အေးလေ..."

အားလုံးက ရယ်မောလိုက်ကြသည်။

"မူလနတ်ဘုရားက ဖေးဟွမ်မြို့မှာ သုံးရက်တိုင်တိုင် ပွဲတော်ကျင်းပခိုင်းတယ်ဆိုရင် သူက တာဝန်ယူလိုက်ပြီလို့ အဓိပ္ပာယ်ရတယ်။ မိစ္ဆာနတ်ဘုရားတွေ ကိစ္စကိုတော့ သူပဲ ဖြေရှင်းပါလိမ့်မယ်။ ငါတို့ စိတ်ပူစရာ မလိုတော့ဘူး"

နန်းကုန်းဝူကျိက အခြားသူများကို အားပေးလိုက်သည်။

ချင်းရွှေကျေးရွာ၏ ကျေးရွာအဆင့် နတ်ဘုရားဖြစ်သော မူလနတ်ဘုရားက စစ်မှန်နတ်ဘုရားဖြစ်သော ကပ်ရောဂါသခင်ကို သတ်ဖြတ်လိုက်သည်ဟူသော သတင်းသည် အနီးအနားရှိ မြို့ရွာများသို့ တောမီးကဲ့သို့ ပြန့်နှံ့သွားတော့သည်။

စစ်မှန်နတ်ဘုရားများစွာက ကျိယွမ်ကို စိတ်ဝင်တစား စောင့်ကြည့်လာကြသလို အချို့သော မိစ္ဆာနတ်ဘုရားများကမူ သူ့ကို အလေးမထားဘဲ လျစ်လျူရှုထားဆဲရှိ၏။

ကံကောင်းလို့ ငါးဖားလောင်းက ဖားဖြစ်လာတာပါ။

သူ့ကို စစ်မှန်နတ်ဘုရားတစ်ပါးက ကူညီလိုက်တာတဲ့ ၊ ငါမသိရင် ခက်မယ်။

သို့သော် ရှေးဟောင်းနတ်ဘုရားအချို့ကမူ သိသိသာသာ စိတ်ဝင်တစား ရှိလာကြ၏။

မြောက်ပင်လယ် နတ်ဘုရားမျက်စိနေရာ ကျုံးဟွာနန်းတော်တွင်ဖြစ်သည်။

ခမ်းနားထည်ဝါသော ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးသည် သူမ၏ လက်နုနုလေးများဖြင့် ဖိတ်စာအချို့ကို ကိုင်ထားသည်။

သူမ၏ မျက်လုံးများတွင် စိတ်ဝင်စားသောအရိပ်အယောင်များနှင့်အတူ အပြုံးတစ်ခု ပေါ်လွင်နေသည်။

"ချင်းရွှေကျေးရွာက မူလနတ်ဘုရားဆိုတဲ့နတ်ပေါက်စက .စစ်မှန်နတ်ဘုရားတစ်ပါးကို အနိုင်ယူလိုက်တယ် ဟုတ်လား။ စိတ်ဝင်စားစရာပဲ"

မူလနတ်ဘုရားဟူသော အမည်ကို သူမ ကြားရခြင်းမှာ ဤသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။

ပထမအကြိမ်မှာ လွန်ခဲ့သော ရက်အနည်းငယ်က မြောက်ပင်လယ် နတ်ဘုရားမျက်လုံးအရှင်က ပန်းပေါင်းတစ်ရာပွဲတော် ကျင်းပရန် ပြင်ဆင်နေချိန်တွင် ရှေးဟောင်းနတ်ဘုရားများထံ ဖိတ်စာများ ပေးပို့ခဲ့စဉ်က ဖြစ်သည်။

သူမက ထိုကိစ္စအား စီစဉ်ညွှန်ကြားသူ ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်က သူငယ်ချင်းဟောင်းတစ်ဦးသည် သူမထံသို့ ရောက်လာပြီး လူတစ်ယောက်အတွက် ဖိတ်စာတစ်စောင် တောင်းခံခဲ့သည်။

ထိုလူသည် ကျေးရွာအဆင့် အစောင့်အရှောက်နတ်ဘုရားသာ ဖြစ်ပြီး စစ်မှန်နတ်ဘုရားပင် မဟုတ်သည့်အပြင် ခရမ်းရောင်နန်းတော်အဆင့်ပင် မရှိနိုင်ကြောင်း သူမ မြင်ခဲ့သည်။

ထိုသူမျိုးကို အဘယ့်ကြောင့် ဖိတ်ကြားခွင့်ပြုနိုင်မည်နည်း။

ထို့ကြောင့် သူမက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

ပန်းပေါင်းတစ်ရာပွဲတော်ဆိုသည်မှာ မည်သူမဆို တက်ရောက်နိုင်သည် မဟုတ်ပေ။

သို့သော် ယခုအခါ ထိုသူသည် စစ်မှန်နတ်ဘုရားအဆင့် စွမ်းအားကို ပြသနိုင်ခဲ့သဖြင့် သူမသည် သူငယ်ချင်းဖြစ်သူကို ကျေးဇူးဆပ်သည့်အနေဖြင့် ဖိတ်စာပေးရန် ဆုံးဖြတ်လိုက်သည်။

"တစ်ယောက်ယောက်ရှိလာ... မားပိုကို ခေါ်ခဲ့စမ်း"

ဝတ်ရုံဝတ်အမျိုးသမီးက အမိန့်ပေးလိုက်၏။

မကြာမီပင် အဘွားအိုတစ်ဦး နန်းတော်ထဲသို့ ဝင်လာသည်။

ထိုအဘွားအိုသည် တွေဝေငေးမောနေဟန်ရှိပြီး မျက်လုံးများမှာ မှုန်ဝါးကာ စိတ်ကျန်းမာရေး မကောင်းသကဲ့သို့ ဖြစ်နေသည်။

"မားပို.. ရှင်ပြောတဲ့ ချင်းရွှေကျေးရွာက စောင့်ရှောက်သူနတ်ဘုရားက စစ်မှန်နတ်ဘုရားအဆင့် စွမ်းအားရှိပုံရတယ်။ အစတုန်းကတော့ သူက ပန်းပေါင်းတစ်ရာပွဲတော်ကို တက်ရောက်ဖို့ အရည်အချင်းမရှိဘူး၊ ဒါပေမဲ့ ငါတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး သူ့ကို ငါ ဖိတ်စာပေးလိုက်မယ်"

အမျိုးသမီးက မားပိုဟူသော အဘွားအိုထံသို့ ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်သည်။

အဘွားသည် ဖိတ်စာကို လှမ်းယူလိုက်ချိန်တွင် သူမ၏ မျက်လုံးများ ခေတ္တမျှ ကြည်လင်သွားပြီး "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

အမျိုးသမီးက သိမ့်မွေ့စွာပြုံးကာ ခေါင်းယမ်း၏။

"ငါတို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီ ရှေးဟောင်းနတ်ဘုရားကို ပွဲတော်မှာ နေတက်ထိုင်တတ်ဖို့ကို ရှင်သတိပေးလိုက်ဦး။ ဒီတစ်ခါ တက်ရောက်မယ့် ဧည့်သည်တွေက အဆင့်အတန်း မြင့်မားတဲ့သူတွေချည်းပဲ။ အကယ်၍ သူက တစ်စုံတစ်ယောက်ကို စော်ကားမိရင် ငါတောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး"

"နားလည်ပါပြီ"

မားပိုက လျှင်မြန်စွာ ခေါင်းညိတ်ပြသည်။

အမျိုးသမီးက အဘွားအိုကို ကြည့်ရင်း လွမ်းဆွတ်တသဟန်ဖြင့် သင်ပြင်းချသည်။

"ငါတို့ မျိုးနွယ်စု နှစ်ခုက တစ်ချိန်တုန်းက ရင်းနှီးတဲ့ မဟာမိတ်တွေ၊ ရှေးဟောင်းခေတ်က မျိုးနွယ်စုကြီးတွေပေါ့။ခုတော့ နှမြောစရာပဲ..."

မြောက်ပင်လယ် နတ်ဘုရားမျက်စိမှ ကျုံးဟွာနန်းတော်တွင် ရေနေမျိုးနွယ်စုများ နေထိုင်ကြသည်။

ထိုသတ္တဝါများ၏ ခွင့်ပြုချက်မရှိဘဲ စစ်မှန်နတ်ဘုရားများပင် မြောက်ပင်လယ် နတ်ဘုရားမျက်စိသို့ မဝင်ရောက်နိုင်ကြပါ။

ထိုအချက်နှင့် အခြားသော ပထဝီဝင်အနေအထားများကြောင့် ယခုအချိန်အထိ မည်သည့် မိစ္ဆာနတ်ဘုရားကမျှ မြောက်ပင်လယ် နတ်ဘုရားမျက်စိမှ ကျုံးဟွာနန်းတော်ကို ရန်မပြုဝံ့ကြသေးပေ။

ဆိုရလျှင် မြောက်ဘက်အရပ်တွင် ဤနေရာသည် အလုံခြုံဆုံး နေရာတစ်ခုပင်။

နှစ်စဉ်နှစ်တိုင်း စစ်မှန် နတ်ဘုရားများစွာသည် မြောက်ပင်လယ် နတ်ဘုရားမျက်လုံးတွင် ခိုလှုံခွင့် တောင်းခံလေ့ရှိကြသည်။

သူမ၏ စကားကိုကြားသောအခါ မားပို၏ မှုန်သီသောမျက်လုံးများတွင် ပြတ်သားသောအမူအယာများ ပေါ်လာပြီး ခိုင်မာစွာ ရေရွတ်လ်ုက်သည်။

"ဖီးနစ်မျိုးနွယ်စုဟာ ပြာပုံထဲကနေ ပြန်လည် နိုးထလာလိမ့်မယ်"

အကယ်၍ သူမသည် သူမ၏ သခင်မလေးကို ဘိုးဘွားပိုင်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်သွားနိုင်လျှင် သခင်မလေးသည် ဖီးနစ်မျိုးနွယ်စု၏ အမွေအနှစ်ကို ဆက်ခံကာ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်မည့် အခွင့်အရေးရှိကြောင်း သူမ သိထားသည်။

ဖီးနစ်မျိုးနွယ်စုသည် တစ်ချိန်က ကောင်းကင်ဘုံသို့ ခြေလှမ်းခြောက်လှမ်းအထိ လှမ်းနိုင်ခဲ့သည့် အစွမ်းထက်ပုဂ္ဂိုလ်များစွာကို မွေးထုတ်ပေးခဲ့သော မျိုးနွယ်စုကြီးဖြစ်၏။

ရှေးဟောင်းခေတ်တွင် သူတို့သည် အစွမ်းအထက်ဆုံး အင်အားစုများထဲတွင် ပါဝင်ခဲ့သည်။

ထိုအချိန်တွင် ချင်းရွှေကျေးရွာ၌

ကျိယွမ်သည် ရတနာများကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း ရှုပ်ထွေးသော အမူအရာ ရှိနေသည်။

"ဒီရတနာ ငါးခုက... ငါ့ကို စစ်မှန်နတ်ဘုရားအဆင့် ရောက်အောင် မကူညီပေးနိုင်ဘူးလား"

အဆင့် ၈၉ သို့ ရောက်ရှိပြီးနောက် ကျိယွမ်သည် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ကြံရွယ်ခဲ့သည်။

သို့သော် ရတနာငါးခုတိတိအထိ ပြင်ဆင်ထားသော်လည်း ထိုရတနာများသည် အဆင့်တက်ရန် လုံလောက်မည်မဟုတ်ကြောင်း သူ ကြိုတင်ခံစားနေရသည်။

သူက ရတနာငါးခုကို စစ်ဆေးကြည့်လိုက်သည်။

【လျှို့ဝှက်ဆန်းကြယ် ဝိညာဉ်သံချပ်ကာ - ၎င်း၏ မူလအစမှာ အနည်းငယ် ဆန်းကြယ်သည်။ ၎င်းသည် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် ကူညီပေးနိုင်သည် ။】

...

【ပျော်ရွှင်ခြင်းသုံးပါး ကျောက်စိမ်း - ၎င်း၏ မူလအစမှာ အနည်းငယ် ဆန်းကြယ်သည်။ ၎င်းသည် စစ်မှန်သော နတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် ကူညီပေးနိုင်သည် ။】

"ဒါတွေက ကူညီပေးနိုင်တယ်လို့ အထင်အရှား ဖော်ပြထားတာပဲ... ဒါဆို ဘာလို့ သုံးလို့မရတာလဲ။ ဖြစ်နိုင်တာက... ငါက လူမဟုတ်လို့များလား"

"အဲဒါဆို ငါကဘာကောင်လဲ"

ကျိယွမ်သည် ထိုရတနာများကို ကြည့်ရင်း ထူးဆန်းသလိုလို နားမလည်နိုင်သလိုလိုခံစားနေရသည်။

အတန်ကြာသောအခါ သူကထိုအရာကို ခေတ္တထားရန် ဆုံးဖြတ်လိုက်သည်။

ထားလိုက်တော့ ။ သေသေချာချာ စုံစမ်းပြီးမှ ထပ်လုပ်မယ်။

သူသည် နတ်ကွန်းအပြင်သို့ ထွက်လာခဲ့လေ၏။

သူ၏ မွေးစားသမီးလေး ချီချီနှင့် မဟာအုပ်စိုးရှန်လဲ့တို့ကို ကိစ္စတစ်ခုကို ငြင်းခုန်နေသည်အား ချက်ချင်း တွေ့လိုက်ရသည်။

ချင်းရွှေကျေးရွာသို့ ရောက်ရှိလာစဥ်က ရှန်လဲ့သည် ကျိယွမ်ကို တပည့်အဖြစ် လက်ခံရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျိယွမ်က ဆရာရှိပြီးသားဖြစ်နေ၏။သူက ချီချီနှင့် တွေ့ဆုံပြီးနောက်တွင် သူမကို တပည့်အဖြစ် လက်ခံရန် ပြောင်းလဲစဉ်းစားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ချီချီကလည်း သူအား ငြင်းပယ်ခဲ့ပြန်သည်။

ရှန်လဲ့မှာ သူကိုယ်သူပင် ယုံကြည်ချက်များ ပျောက်ဆုံးချင်လာ၏။

အဖေလည်းငြင်း သမီးလည်းငြင်း ။ ဘာတွေလဲ ။

မဟာအုပ်စိုးရှင်တစ်ပါးရဲ့ အရည်အချင်းက က ဒီရွာလေးမှာ ဆရာလုပ်စားဖို့တောင် မလုံလောက်တော့ဘူးလား။

ဒီရွာသားတွေက ဘာတွေဖြစ်နေပါလိမ့်။

ချီချီကတော့ရှင်းပါသည်။

သူမက မွေးစားဖခင်၏ ကြိုးစားအားထုတ်မှုကို အားကိုးနိုင်နေသရွေ့ သူမကိုယ်တိုင် အဘယ်ကြောင့် ခက်ခဲပင်ပန်းစွာ ကြိုးစားနေရမည်နည်း။

ကျင့်ကြံရတာ ပင်းပန်တယ်။

"ချီချီ... နင့်ရဲ့ ပါရမီက နင့်မွေးစားအဖေထက် မနိမ့်ပါဘူး။ နင် အဲ့ဒါကို အလဟဿ အဖြစ်မခံသင့်ဘူး"

ရှန်လဲ့က အားမလျှော့သေးဘဲ တိုက်တွန်းသည်။

ချီချီက ခေါင်းခါလိုက်ပြီး ယခင်အတိုင်းတုန့်ပြန်၏။

"ထပ်ပြောမနေပါနဲ့တော့။ သမီး ငြင်းပါတယ်ဆို"

ထိုအချိန်တွင် ကျိယွမ်၏ ရယ်မောသံ ထွက်ပေါ်လာသည်။

"ချီချီ လုပ်တာ မှန်တယ်။ တကယ်လို့ သမီးက သူ့ကို ဆရာအဖြစ် လက်ခံလိုက်ရင် သူက ငါနဲ့ အဆင့်တူ ဖြစ်သွားမှာပေါ့။ အဲ့ဒါက ငါ့အတွက် အရှုံးကြီးပဲ"

ရှန်လဲ့၏ မျက်လုံးများ ပြူးသွားသည်။

သူကကျိယွမ်အား ချက်ချင်းတုန့်ပြန်လိုက်၏။

"ဘာကွ .ငါနဲ့ အဆင့်တူဖြစ်ရတာက မင်းအတွက် နိမ့်ကျတယ်ပေါ့ ၊ မင်းခေါင်းများ ကောင်းသေးရဲ့လား"

"နည်းနည်းတော့ နိမ့်ကျတာပေါ့"

ကျိယွမ်က ရိုးသားသော အမူအယာဖြင့်ပြန်ဖြေသည်။

"မင်းကတော့.."

အကယ်၍ အကြည့်ဖြင့် သတ်နိုင်မည်ဆိုပါက ရှန်လဲ့သည် ကျိယွမ်ကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။

"မင်းက လူကသာ ဘာမှမဟုတ်တာ ၊ လေကတော့ ကောင်းကင်ဘုံကမဆင်းဘူး ၊ မြင်ယောင်နေသေးတယ် ၊ မင်းပါးစပ်က ဆိုးလွန်းလို့ အဲဒီပါးစပ်ကြောင့် မင်းက ဘေးသင့်ဦးမှာ "

ထိုသို့ ပြောလိုက်သော်လည်း ရှန်လဲ့သည် ကျိယွမ်ကို အတော်ပင် သဘောကျနေသည်။

ဒီကောင် စစ်မှန်နတ်ဘုရားတောင် မဟုတ်

သေးဘူး ငါလိုမဟာအုပ်စိုးရှင်ကို မထီလေးစားပြန်ပြောရဲတယ် ၊ ငါငယ်ငယ်က အတိုင်းပဲ။

"ကျွန်တော် နေ့တိုင်း သွားတိုက်ပါတယ်၊ ကျွန်တော့်ရဲ့ ပါးစပ်က မဆိုးပါဘူး"

ကျိယွမ်က ထိုသို့ပြောရုံသာမက သူ၏ဖြူဖွေးသော သွားများကိုပါ ဖြီးပြလိုက်သည်။

"ဆရာ့ကို သွားတိုက်ဆေး တစ်မျိုးလောက် အကြံပေးရမလား.၊ လေဆာ သုံးတာ အသေချာဆုံးပါ တဲ့ ၊ ဆရာနဲ့ဆို တကယ့်ကို ကွက်တိပဲ"

ရှန်လဲ့က မျက်လုံးလှန်ပြလိုက်သည်။ သူက ထပ်မံငြင်းခုန်ရန် စိတိမရှိတော့ပါ။

"မင်း စစ်မှန်နတ်ဘုရားအဆင့်ကို တက်ဖို့ ပြင်နေတာ မဟုတ်ဘူးလား။ ဘာလို့ အပြင်ထွက်လာတာလဲ"

ကျိယွမ်က ရတနာငါးခုကို ထုတ်ပြလိုက်ပြီး ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချ၏။

" ဘာကြောင့်လဲတော့ မသိဘူး၊ ဒီရတနာတွေက ကျွန်တော့်ကို အဆင့်တက်ဖို့ မကူညီပေးနိုင်ဘူး ဖြစ်နေတယ်"

"ဟေ "

ရှန်လဲ့ အံ့သြသွားသည်။

"အဆင့်တက်လို့ မရဘူး ဟုတ်လား"

"ဟုတ်တယ်၊ မရဘူး"

ကျိယွမ်က အလေးအနက် ခေါင်းညိတ်ပြသည်။

ရှန်လဲ့က ခေတ္တငြိမ်သွားပြီးမှ သူ၏ မျက်လုံးများတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဒီရတနာတွေက လူတွေကို စစ်မှန်နတ်ဘုရားအဆင့် ရောက်အောင် အမှန်တကယ် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့... ထူးကဲတဲ့ ပါရမီရှင်တွေ၊ ကြီးမားတဲ့ အလားအလာရှိတဲ့သူတွေကျတော့ အဆင့်တက်ဖို့အတွက် ရတနာတစ်မျိုးထက်မက လိုအပ်တာမျိုး ရှိတတ်တယ်။ မင်းက... အဲ့ဒီလို ပါရမီရှင်တွေထဲက တစ်ယောက်လား ၊ ငါကြည့်တုန်းကတော့ မင်းက သာမန်ပါပဲ ၊ အခုမှ ဘယ်လိုပါလိမ့်"

သူက အလွန်အံ့အားသင့်သွားသည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် အလွန်ပင် ရှားပါးလှသဖြင့် တွေ့ရမည်ဟု ထင်မထားခဲ့ပါ။

ကျိယွမ်၏ မျက်နှာက ညှိုးငယ်သွားသည်။

"အဲ့ဒီလိုကြီးလား"

ဤကမ္ဘာပေါ်တွင် ယင်ရှင်းကျောက်တုံး ကဲ့သို့သော ရတနာများမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်း သူ သိထားသည်။

ထို့ကြောင့် ထိုသို့သော အဆင့်တက်ရတနာများက အရေအတွက် အနည်းငယ်သာ ရှိပေလိမ့်မည်။

အကယ်၍ သူ၏ အဆင့်တက်မှုမှာ ဤအချက်ကြောင့် ဟန့်တားခံနေရပါ အားလန်ချန်းကဲ့သို့သော နတ်ဘုရားများကို ပုံရိပ်ဖော်နိုင်လျှင်ပင် ထိုနည်းစနစ်ဖြင့် ထိုနတ်ဘုရားများကလည်း အဆင့်တတ်ရန် မဖြစ်နိုင်တော့ပေ။

ရတနာတွေက မလုံလောက်ဘူး ၊ တစ်ပါးစာတောင် ရပါ့မလား။

"ဒါကို ရှင်းပြဖို့ဆိုရင် ရှေးဟောင်းခေတ်ကို ပြန်သွားရလိမ့်မယ်"

ရှန်လဲ့က စိတ်ဓာတ်ကျနေသော ကျိယွမ်ကို ကြည့်ရင်း မေးခွန်ထုတ်သည်။

"ဒီရတနာတွေက ဘာတွေလဲဆိုတာ မင်းသိလား"

"ဟင်"

ကျိယွမ် ဇဝေဇဝါ ဖြစ်သွားပြီး သူ၏လက်ထဲမှ ရတနာများကို ကြည့်၏။

ရတနာက ရတနာပေါ့ ၊ ဘာဖြစ်ရဦးမှာလဲ။

"ဒီရတနာတွေက တကယ်တော့... ဝူရှီးမယ်တော် ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ သူမရဲ့ အကြွင်းအကျန်တွေပဲ"

ရှန်လဲ့က ဝမ်းနည်းဖွယ်အသံဖြင့် ရှင်းပြသည်။

"ဟုန်ထန်တိုက်ပွဲခေတ်အတွင်းမှာ ဝူရှီးမယ်တော်ဟာ လူ့လောကမှာဆိုရင် အစွမ်းအထက်ဆုံး ရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့တယ်။ သူရဲ့ စွမ်းအားက စစ်မှန်နတ်ဘုရားအဆင့်ကို ကျော်လွန်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မိစ္ဆာနတ်ဘုရားတွေနဲ့ တိုက်ပွဲမှာ သူမ ကျဆုံးခဲ့ရတယ်။"

"မိစ္ဆာနတ်ဘုရားတွေ ကျူးကျော်လာပြီး သူတို့က ကောင်းကင်ထောက်တိုင်ကို ဖျက်ဆီးပစ်ခဲ့ကြတယ်၊ ဒါကြောင့် လူ့လောကမှာရှိတဲ့ ဘယ်သူမဆို စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်တော့ဘူး။ ဝူရှီးမယ်တော်က ဒါကို သည်းမခံနိုင်ဘူး၊ ဒါကြောင့် သူမ မသေဆုံးခင်မှာ လူ့လောကက လူသားတွေအတွက် အစားထိုးလမ်းစဉ်တစ်ခု ချန်ထားပေးဖို့ သူမကိုယ်သူမ ဒီရတနာတွေအဖြစ် ပြောင်းလဲပစ်ခဲ့တာပဲ"

တည်ငြိမ်နေခဲ့သော ကျိယွမ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

ဝူရှီးမယ်တော်၏ စွန့်လွှတ်အနစ်နာခံမှုသည် ဝေလငါးတစ်ကောင် သေဆုံးချိန်တွင် သက်ရှိပေါင်းများစွာကို အသက်ပေးလှူသွားသကဲ့သို့ပင်။

"ဒါကြောင့်မို့လို့၊တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ ပါရမီက ဝူရှီးမယ်တော်ထက် သာလွန်နေမယ်ဆိုရင် ရတနာတစ်မျိုးတည်းက သူတို့အတွက် စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ လုံလောက်မှာ မဟုတ်ဘူး။ တကယ်တော့ အချို့သော ထူးကဲတဲ့ ပါရမီရှင်တွေဆိုရင် ရတနာများစွာ ရှိနေရင်တောင် အဆင့်တက်နိုင်ဖို့ မဖြစ်နိုင်တာမျိုး ရှိတတ်တယ်"

ရှန်လဲ့က ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

ဝူရှီးမယ်တော်သည် လူ့လောကတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း သူမ၏ ပါရမီမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းမျိုး မဟုတ်ခဲ့ပေ။

"အဲဒီလိုလား.."

All Chapters