← Chapters

မာန်တက်နေသော ရှန်လဲ့မဟာအုပ်စိုးရှင်

Vol. 16 Ch. 188

မာန်တက်နေသော ရှန်လဲ့မဟာအုပ်စိုးရှင်

Vol. 16 Ch. 188

"ငါတစ်ခါက စစ်မှန်နတ်ဘုရားအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ပါရမီရှင်တစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။ ကံဆိုးတာက သူ့ရဲ့ ပါရမီဟာ ဝူရှီးမယ်တော်ထက်တောင် သာလွန်နေခဲ့တာပဲ။ သူ့ကို ဘယ်လောက်ပဲ ရတနာတွေ ပေးအပ်ခဲ့ပါစေ၊ သူဟာ စစ်မှန်နတ်ဘုရားအဆင့်ကို ဘယ်လိုမှ မတက်လှမ်းနိုင်ခဲ့ဘူး"

ရှန်လဲ့က ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရှင်းပြသည်။

သူက ကျိယွမ်အား စိတ်မကောင်းသောမျက်န်းများဖြင့် ကြည့်လိုက်သည်။

"မင်းရဲ့ ပါရမီက အဲဒီလောက်အထိ ထူးကဲမနေဖို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ မင်းလည်း စစ်မှန်နတ်ဘုရားအဆင့်ကို မတက်နိုင်ဘဲ ရွာလည်နေမှာကို မြင်ရတာ.."

ရှန်လဲ့က ကျိယွမ်ထံမှ အကြည့်ကိုရွှေ့ကာ အဝေးတစ်နေရာသို့ စိတ်မကောင်းသလို ငေးကြည့်နေ၏။ ပြီးမှ တည်ငြိမ်စွာ ဆက်ပြောသည်။

"ငါ ..စိတ်မကောင်းဖြစ်နေလိမ့်မယ်..ဟား ဟား ဟား ဟား "

ရှန်လဲ့၏ လှောင်ရယ်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာ၏။

ကျိယွမ်က ရှန်လဲ့အား မျက်နှာသေဖြင့် စိုက်ကြည့်လေသည်။

အဲဒါက စိတ်မကောင်းနေတဲ့အခွက်လား။

ရှန်လဲ့သည် သူတို့သားအဖနှစ်ယောက်လုံးက သူ့ကိုငြင်းလိုက်သဖြင့် အမြင်ကပ်နေပုံပင်။

သူက သိချင်သောအရာကိုသာ မေးလိုက်သည်။

" ဒါဆို ခင်ဗျားပြောချင်တာက တစ်ယောက်ယောက်ရဲ့ပါရမီဟာ ဝူရှီးမယ်တော်ထက် သာနေခဲ့ရင်၊ သူ ချန်ထားခဲ့တဲ့ ရတနာတွေကို သုံးရင်တောင် စစ်မှန်နတ်ဘုရားအဆင့်ကို တက်လို့မရဘူးပေါ့ ဟုတ်လား"

"အတိအကျပဲ"

ရှန်လဲ့က မျက်နှာပိုးသတ်ကာ ခေါင်းညိတ်ပြ၏။

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်းရဲ့ ပါရမီက အထင်ကြီးစရာ ကောင်းပေမဲ့ ဝူရှီးမယ်တော်ထက်တော့ သာမှာ မဟုတ်ပါဘူး။ ဒီလောကမှာ သူမထက် ပါရမီသာတဲ့သူ ဘယ်နှစ်ယောက် ရှိမှာမို့လို့လဲ။ လက်တစ်ဆုပ်စာတောင်ရှိမှာ မဟုတ်ဘူး။ ကျင့်ကြံခြင်းလမ်းစဉ်မှာ ပါရမီတစ်ခုတည်းက အရာအားလုံး မဟုတ်ပါဘူး"

ရှန်လဲ့က ကျိယွမ်အားစိတ်မပူရန်ဖြောင်းဖျ၏။

"ငါတော့ သွားပြီ... ငါကသာ သူ့ထက် သာနေခဲ့ရင် ဘယ်လိုလုပ်မလဲ"

ကျိယွမ်ကတော့ ညည်းညူလိုက်ရင်းမှ ထိုအရာက တကယ်ဖြစ်လာနိုင်သည်ဟု ခံစားနေရသည်။

သေချာစေရန် သူကထပ်မေးသည်။

"ဒါနဲ့..ဝူရှီးမယ်တော်မှာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိခဲ့လား။ သူက ကြယ်ကိုအမြုတေ ဖွဲ့စည်းနိုင်ခဲ့လား"

ရှန်လဲ့သည် ထိုစကားကြောင့် ဆွံ့အသွားပြီး "မင်း အပိုတွေ ပြောနေတာကို ရပ်လို့ရမလား။ ကံကြမ္မာသားတော်တွေတောင် မင်းလောက် ကြွားလုံးမထုတ်ကြဘူး" စိတ်ကုန်သလို ပြန်ပြောလိုက်၏။

ကျိယွမ်သည် ပို၍ပင် စိတ်ပျက်သွားသည်။

"ဒါဆို ပါရမီ အရမ်းများလွန်းတာက ကျိန်စာတစ်ခုပေါ့။ ချမ်းသာတဲ့သူတွေမှာလည်း ကိုယ်ပိုင် အခက်အခဲတွေ ရှိတယ်လို့ လူတွေပြောတာ ငါကြားဖူးပြီး အရင်ကတော့ လှောင်ပြောင်ခဲ့မိတယ်။ ပေါက်စီ ဆယ်လုံးကို တစ်ထိုင်တည်း စားရတာ ဘာခက်ခဲလို့လဲပေါ့။ ဒါပေမဲ့ အခုတော့ ငါ နားလည်သွားပြီ။ ဒါက ချမ်းသာတဲ့သူတွေရဲ့ အခက်အခဲပဲ ဖြစ်ရမယ်။ ပေါက်စီကရှိပေမဲ့ တစ်လုံးထက် ပိုမစားနိုင်အောင် အစာအိမ်က သေးလွန်းနေတာမျိုးပေါ့"

ချီချီက ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏မွေးစားအဖေကို အားပေးလိုက်သည်။

"အဖေ..သမီးတို့ နောက်ထပ် ရတနာတွေ သွားရှာကြရအောင်။ အဖေက စစ်မှန်နတ်ဘုရားအဆင့်ကို ရောက်နိုင်မှာလို့ သမီး ကတော့ ယုံကြည်တယ်"

"မဟုတ်ဘူး၊ ငါ အကောင်းမြင်လွန်းခဲ့တယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ငါ့ရဲ့ ပုံရိပ်ဖော်မှုတွေကနေတစ်ဆင့် ငါတို့ ကောင်းကင်နန်းတော်ရဲ့ အစွမ်းထက်တဲ့ နတ်မင်းတွေ အားလုံးကို အသက်သွင်းနိုင်မယ်လို့ ငါအိပ်မက်မက်ခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာ အဲဒီနတ်မင်းတွေထဲက အများစုဟာ ဝူရှီးမယ်တော်ထက် အများကြီး ပိုအစွမ်းထက်နေကြတယ်။ ငါ သူတို့ကို စိတ်ကူးပုံဖော်ခဲ့ရင်တောင် သူတို့ဟာ စစ်မှန်သော နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ကြမှာ မဟုတ်ဘူး"

ကျိယွမ်သည် အမှန်တကယ်ပင် စိတ်ဓာတ်ကျသွား၏။သူသည် အဆင့်နိမ့်သော ပုဂ္ဂိုလ်များကိုသာ ပုံရိပ်ဖော်နိုင်တော့မည်ဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။

"အရင်ကတော့ တရုတ်ပြည်က နဂါးအဖွဲ့ဆို ၊ အခုကျတော့ ကောင်းကင်နန်းတော် ဖြစ်သွားပြန်ပြီလား"

ရှန်လဲ့က ကျိယွမ်အား ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။

ဒီကောင့်ဟာတွေက ဟုတ်မှဟုတ်ရဲ့လား။ တစ်ခုမှ ငါမကြားဖူးဘူး။

"သူတို့က ကောင်းကင်နန်းတော်မှာ စတင်ခဲ့ပြီး နောက်မှ တရုတ်ပြည်ကနဂါးအဖွဲ့ထဲကို ဝင်ခဲ့တာ။ နောက်ဆုံးမှာတော့ သွားခေါတဲ့ နဂါးမင်းနောက်ကို လိုက်သွားကြတာပေါ့"

ကျိယွမ်က ရှင်းပြလေ၏။

ရှန်လဲ့၏မျက်နှာက ရှုံ့မဲ့သွားလေသည်။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့ မူလနတ်ဘုရားရယ်။ မင်းရဲ့ ကောင်းကင်နန်းတော်မှာ တကယ်ပဲ ပါရမီရှင်တွေ အဲဒီလောက်တောင် များနေတာ ဟုတ်ပါ့မလား"

"ဟုတ်ပါတယ်ဆို"

ကျိယွမ်က အခိုင်အမာ ဖြေကြား၏။

"ကောင်းကင်ဘုံနတ်မင်းကြီး လေးပါးဆိုတာ အသေးအဖွဲလေးတွေပါ။ စေတီကိုင်ဆောင်ထားတဲ့ လီကျင့် ၊ နတ်မင်း နီကျား၊ ကျိန်းယွမ် တာအိုနတ်ဘုရား ဒါမှမဟုတ် ဗုဒ္ဓကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူတို့ထဲက တစ်ယောက်ယောက်သာ ရှိရင် ရန်သူမှန်သမျှကို အလွယ်တကူ နှိမ်နင်းနိုင်တယ်"

"သူတို့က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား"

ရှန်လဲ့ကတော့ မယုံသေးပါ။

ကျိယွမ်က သူ့အားစိတ်မရှည်သလို ကြည့်၏။

"ခင်ဗျားမြင်ဖူးတာတွေထက် အများကြီးစွမ်းပါတယ်ဆို"

"တစ်ခါမှ မကြားဖူးပါဘူး။ မင်းဘာသာ လုပ်ကြံပြောနေတာ မဟုတ်လား"

ရှန်လဲ့ကလည်း လက်မခံပါ။

"ကျုပ်လို ဂုဏ်သိက္ခာကြီးမားပြီး ပါရမီမြင့်မားသလို မြင့်လည်းမြင့်မြတ်တဲ့ ရုပ်ချောချောနတ်ဘုရားတစ်ပါးက ဘယ်လိုလုပ် လိမ်ညာမှာလဲ"

ရှန်လဲ့၏မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။

ငါက မင်းအကြောင်းကိုမေးမိလို့လား။

"မင်း သူတို့ကို တကယ် ပုံရိပ်ဖော်ပြနိုင်တဲ့အခါမှ ငါ ယုံမယ်"

ဘာပဲပြောပြော သူကတော့ မယုံရေးချ မယုံနိုင်သေးပါ။

ကျိယွမ်ကတော့ သူယုံသည် မယုံသည်ကို ဂရုမစိုက်ပါ။

သူ စိုးရိမ်ပူပန်နေသည်ကိုသာ ထပ်မေးလိုက်၏။

"ဒီရတနာတွေအပြင် စစ်မှန် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မယ့် တခြားနည်းလမ်း ရှိသေးလား"

"ကျိုးပျက်နေတဲ့ ကောင်းကင်ထောက်တိုင်ကို ပြန်ပြင်နိုင်ရင်တော့ တစ်မျိုးပေါ့"

ရှန်လဲ့က သာမန်ကာလျှံကာ ပြောလိုက်၏။

ထိုအရာက မဖြစ်နိုင်သောကိစ္စမို့ သူကအာရုံပင်မရှိပါ။

ကျိယွမ်၏ မျက်ဝန်းများ တောက်ပသွား၏။

"ငါတို့ ကောင်းကင်တိုင်လုံးကို ပြုပြင်လို့ ရတာပဲ"

ရှန်လဲ့က ကျိယွမ်အား သနားသလိုကြည့်လိုက်သည်။

ဒီကောင့်ခေါင်းက တစ်ခုခုပဲ။

"ဒဏ္ဍာရီတွေအရတော့ စစ်မှန်နတ်ဘုရားအဆင့်ထက် သာလွန်တဲ့ နတ်ဘုရားတစ်ပါးဟာ အဲဒီ ကျိုးပျက်နေတဲ့ ကောင်းကင်တိုင်လုံးထဲမှာ နေထိုင်တယ်လို့ ဆိုကြတယ်။ မူလနတ်ဘုရား... ငါ မင်းအပေါ် မျှော်လင့်ချက်ကြီးကြီး ထားပါတယ်။ မင်းသာ အဲဒီတိုင်လုံးကို ပြုပြင်နိုင်ရင် မင်းဟာ ငါတို့ကမ္ဘာရဲ့ အကြီးမြတ်ဆုံး ကျေးဇူးရှင် ဖြစ်လာလိမ့်မယ်။ ငါကိုယ်တိုင်လည်း မင်းကို ဆရာလို့တောင် ခေါ်ဦးမှာ"

ကျိယွမ်က ရှန်လဲ့၏လှောင်ပြောင်မှုကို မတုန့်ပြန်ပါ ။ သူက လေးနက်စွာ စဥ်းနေ၏။

"စစ်မှန်နတ်ဘုရားအထက်ဆိုတော့ ယန်နတ်ဘုရားလား"

ကျိယွမ်က တိုင်လုံးကိုပြင်ရန်ဆိုသော အတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။

ယန်နတ်ဘုရားများသည် အစွမ်းကုန် အသုံးပြုပါက ကြယ်တစ်စင်းလုံးကိုပင် ဝါးမြိုနိုင်ကြောင်း သူ၏ သမီးဖြစ်သူ ကျိကျန့်ကျွင်းထံမှ ကြားဖူးထား၏။

သူ၏အမြုတေကလည်း အခြားစကြဝဠာတစ်ခုတွင်ရှိနေသဖြင့် ယန်နတ်ဘုရားများကို ရင်ဆိုင်နိုင်စွမ်း မရှိသေးပါ။

ထို့ကြောင့် ယန်နတ်ဘုရားများနှင့် ရင်ဆိုင်ရမည်ကို ကျိယွမ်သည် အမှန်တကယ်ပင် ကြောက်ရွံ့လေ၏။

"ယန်နတ်ဘုရားဆိုတော့လည်း ဘာဖြစ်လဲကွ ။ မင်းရဲ့ တရုတ်ပြည်ကနဂါးအဖွဲ့ ဒါမှမဟုတ် ကောင်းကင်နန်းတော်က ဗုဒ္ဓလို ပုဂ္ဂိုလ်မျိုးကို စေလွှတ်ပြီး ပြုပြင်ခိုင်းလိုက်ရင် ရတာပဲကို"

ရှန်လဲ့က အခွင့်အရေးရခိုက် ကျိယွမ်အား ခနဲ့တဲ့တဲ့ ပြောလိုက်၏။

"ခင်ဗျားပြောတာလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ကျုပ်က ဗုဒ္ဓကို ပုံရိပ်ဖော်လိုက်ရင်တောင် ကျုပ်ရဲ့ နောက်လိုက်တွေက စစ်မှန်နတ်ဘုရားအဆင့်ကို မတက်နိုင်သလို ဗုဒ္ဓရဲ့ တကယ့်အစွမ်းကိုလည်း အသုံးမပြုနိုင်ကြဘူး။ အဲဒီတော့ သူတို့က ကောင်းကင်တိုင်လုံးကို ဘယ်လိုလုပ် ပြင်နိုင်မှာလဲ"

ကျိယွမ်က ထိုသို့ရှင်းပြပြီးနောက် လေးနက်စွာစဉ်းစားနေ၏။

ပုံရိပ်ဖော်ခြင်း နည်းလမ်းသည် သူ၏ နောက်လိုက်များကို လျင်မြန်စွာ ကျင့်ကြံနိုင်စေပြီး သူတို့ပုံရိပ်ဖော်ထားသော နတ်ဘုရားများထံမှ စွမ်းအားအချို့ကို ငှားရမ်းနိုင်စေခြင်းသာ ဖြစ်၏။ ထိုနောက်လိုက်များက မူရင်းနတ်ဘုရားများ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ကျိယွမ်သည် မဖြစ်နိုင်သောကိစ္စကို အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ ရှန်လဲ့မှာ ဘာပြောရမှန်းပင် မသိတော့ဘဲ ဖြစ်သွားရ၏။

ထိုအချိန်တွင် ချီချီက ရှန်လဲ့ကို မျက်စိမှိတ်ပြကာ တိုက်တွန်းလိုက်သည်။

"မဟာသူတော်စင် ရှန်လဲ့၊ ကျွန်မရဲ့ အဖေကကို ရတနာအချို့ ပေးလိုက်ပါလား။ အဖေစစ်မှန်နတ်ဘုရားအဆင့်ကို ရောက်ဖို့ ရတနာ ဘယ်နှစ်ပါးလောက် လိုမလဲဆိုတာ စမ်းကြည့်ရအောင်"

ကျိယွမ်က စဥ်းစားနေရာမှ ရှန်လဲ့အားကြည့်လာ၏။

ရှန်လဲ့က လက်နှစ်ဖက်ကို ဖြန့်ပြကာ ချက်ချင်းငြင်းလိုက်သည်။

"ငါက လူပျိုကြီးပါ၊ ငါ့မှာ ဘာရတနာမှ မရှိဘူး"

"ထင်သားပဲ"

ကျိယွမ်က အထင်းသေးဟန်ဖြင့် နှာခေါင်းရှုံ့၏။

"ခင်ဗျားမျက်နှာက အရာအားလုံးကို ဖော်ပြနေတယ်။ ခင်ဗျားဆီက ဘာရတနာမှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ"

"ငါ နားမလည်တဲ့ စကားလုံးတွေနဲ့ ငါ့ကို မစော်ကားနဲ့"

ကျိယွမ်က အခြားခေါင်းစဥ်ကို ပြောင်းလိုက်သည်။

"မဟာသူတော်စင် ရှန်လဲ့၊ ခင်ဗျားရဲ့ ပညာဉာဏ်နဲ့ဆိုရင် စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ တခြားနည်းလမ်းကို အကြံပေးနိုင်မယ်လို ကျုပ်ယုံကြည်နေတယ်"

ယခုအခါမှာတော့ ကျိယွမ်က နှိမ့်ချစွာ မေးမြန်းလိုက်ခြင်းဖြစ်သည်။

"ကောင်းကင်တိုင်လုံးကို ပြုပြင်တာကလွဲရင် တခြားနည်းလမ်း မရှိဘူး"

ရှန်လဲ့က အပြတ်ပြော၏။ သို့သော် ကျိယွမ်အား သတိပေးလိုက်သည်။

"မင်းက လမ်းလွဲနေပြီ။ မင်းရဲ့ ပါရမီက ဝူရှီးမယ်တော်ထက် ဘယ်လိုလုပ် သာနိုင်မှာလဲ။ ရတနာတွေ ပိုစုလိုက်ရုံနဲ့ အဆင်ပြေသွားမှာပါဆို ၊ ဘယ်တိုင်လုံးကိုမှ ပြင်စရာမလိုဘူး၊ ဘာလို့ အဲဒီလောက် စိုးရိမ်နေတာလဲ"

"ဟူး... စာကလေးတစ်ကောင်က ဇာမဏီငှက်ရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"

ကျိယွမ်က ညည်းတွားလိုက်ပြီး ထိုကိစ္စကို ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ယခုပြဿနာကို မဖြေရှင်းနိုင်ပါက သူသည် ကောင်းကင်ဘုံနတ်မင်းကြီး လေးပါးကဲ့သို့ အဆင့်နိမ့်နတ်ဘုရားများကိုသာ စိတ်ကူးပုံဖော်နေရလိမ့်မည်ဟု ခံစားနေရ၏။ ထို့ထက် ပို၍အစွမ်းထက်သည့် အရာမှန်သမျှမှာ လက်လှမ်းမမီ ဖြစ်နေပေလိမ့်မည်။

"ငါ ဘာလုပ်ရရင်ကောင်းမလဲ"

................

ရက်အနည်းငယ် ကြာပြီးနောက်။

ချီချီသည် သူမ၏ အစေခံမလေး ရှောင်ရွှယ်နှင့်အတူ ချင်းရွှေရွာလမ်းလေးအတိုင်း လျှောက်လာနေသည်။

ရုတ်တရက် အဘွားအိုတစ်ယောက်သည် သူမတို့ရှေ့တွင် ပေါ်လာခဲ့၏။

"သူက ဇွဲကောင်းလှချည်လား"

ချီချီက အံ့သြသွားသော်လည်း အဘွားအိုအား အပြတ်ငြင်းလိုက်သည်။

"ကျွန်မ အဘွားကို မသိဘူး။ ပြီးတော့ အဖေ့ကို ထားခဲ့ပြီး အဘွားနောက်ကိုလည်း လိုက်မှာမဟုတ်ဘူး ၊ ဆက်မနှောက်ယှက်ပါနဲ့တော့"

အဘွားအိုက သူမ၏ ခြောက်ကပ်နေသော လက်ကို ဆန့်ထုတ်လိုက်ပြီး ဖိတ်စာတစ်စောင်ကို ပေးသည်။

"ဒါက နင့်အတွက် ဖိတ်စာ"

ရွှေရောင်ဖိတ်စာသည် ချီချီ၏ လက်ထဲသို့ ကျရောက်လာ၏။

အဘွားအိုက ချီချီကို မှုန်ဝါးသောမျက်ဝန်းများဖြသ့် တစ်ချက်ကြည့်ပြီး တိုက်တွန်း၏။

"သွားလိုက်ပါ... အဲဒီမှာ ကောင်းတဲ့အရာတွေ ရှိတယ်..ပြီးတော့.နင်လည်း..."

စကားမဆုံးမီပင် အဘွားအိုမှာ ပျောက်ကွယ်သွားတော့၏။

"ဘာဖြစ်သွားတာလဲ"

ချီချီမှာ ဝေခွဲမရ ဖြစ်ကျန်ရစ်ခဲ့၏။

သူမသည် ဖိတ်စာကို ဖွင့်ဖတ်ကြည့်လိုက်သည်။

"ပန်းတစ်ရာပွဲတော်တဲ့လား ၊ ဒါက ဘာလဲ၊ အဖေ့အတွက် ဖိတ်စာလား"

အနည်းငယ်တွေဝေနေပြီးနောက် သူမသည် မဟာအုပ်စ်ုးရှင်ရှန်လဲ့ကို သွားရှာရန်ဆုံးဖြတ်လ်ုက်သည်။

သူကတော့ သိမှာသေချာတယ်။

ယခုအခါ ချင်းရွှေရွာတွင် ရှန်လဲ့သည် အမြင့်ဆုံးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။ ချီချီတွင် မေးစရာရှိတိုင်း သူ့ထံသို့သာ သွားလေ့ရှိသည်။

သူမသာမက ရွာသားများပင်လျှင် လွတ်သွားသော ကြက်များကို လိုက်ဖမ်းပေးရန်မှအစ အိမ်ကမိန်းမ လင်ငယ်နောက်လိုက်သည့်ကိစ္စအဆုံး သူ့ထံတွင် အကူအညီ တောင်းနေကြ၏။

ဤသို့ဖြင့် မဟာအုပ်စိုးရှင်ရှန်လဲ့သည် ရွာရှိတစ်ခုလပ်၊ နှစ်လင်ကွာ ၊ မုဆိုးမအရွယ် မိန်းမကြီးများအကြားတွင် လျင်မြန်စွာပင် ရေပန်းစားလာခဲ့သည်။

အချို့မိန်းမကြီးများဆိုလျှင် အကြောင်းမရှိအကြောင်းရှာကာ တမင်သွားမေးနေကြတော့သည်။

ချီချီသည် ထိုင်ခုံတွင် အေးအေးလူလူလဲလျောင်းနေသော ရှန်လဲ့ကို တွေ့လိုက်ရသည်။

"မဟာအုပ်စိုးရှင် ရှန်လဲ့၊ ဒီဖိတ်စာက ဘာလဲဟင်။ အန္တရာယ် ရှိလား"

ရှန်လဲ့သည် ရွှေရောင်ဖိတ်စာကို ယူကြည့်လိုက်၏။ဖိတ်စာပါ အကြောင်းအရာကို ဖတ်ရှုပြီးနောက် ချီချီကို အံ့သြသလို ကြည့်သည်။ ထို့နောက် သူက အားမနာလျှာမကျိုး မှတ်ချက်ချလိုက်သည်။

"မဟုတ်သေးပါဘူး ၊ ဒီ ကျိယွမ်ဆိုတဲ့ လူလိမ်က ပန်းတစ်ရာပွဲတော်ကို တက်ရောက်ဖို့ ဘာအရည်အချင်း မရှိဘူး ၊ ဖိတ်တဲ့သူက ရူးများရူးနေလား"

အခြားသူများက ထိုသို့ပြောလျင် ချီချီက သေချာပေါက်စိတ်ဆိုးမည်ဖြစ်သည်။ သို့သော် မဟုအုပ်စိုးရှင်ရှန်လဲ့နှင့်မွေးစားအဖေတို့၏ ဆက်ဆံရေးကို သိနေသဖြင့် သူမက ထိုစကားများကို အလေးမထားပါ။

ချီချီက အဘွားအိုနှင့် တွေ့ဆုံခဲ့ပုံကို ရှန်လဲ့အား ပြန်ပြောပြလေ၏။

ထိုအခါမှ ရှန်လဲ့က ချက်ချင်း နားလည်သွားပြီး ချီချီအားကြည့်လိုက်သည်။

"လက်စသတ်တော့ နင့် မှာ ဖီးနစ်မျိုးနွယ်ရဲ့ သွေးပါနေတာပဲ။ ဖီးနစ်မျိုးနွယ်ဟာ မြောက်ပင်လယ် ရေအောက်မျိုးနွယ်တွေနဲ့ ရင်းနှီးကြတာဆိုတော့ ဒါက အဓိပ္ပာယ်ရှိပါတယ်"

သူတို့၏စကားကို ကြားသောအခါ ကျိယွမ်သည် ကျောင်းဆောင်ထဲမှ ထွက်လာ၏။

သူက နားကြားများမှားသလားဟုထင်ကာ သေချာအောင်မေးလ်ုက်သည်။

"ဖီးနစ်မျိုးနွယ်သွေး ဟုတ်လား"

"အေးလေ...မင်းက ရူးနေလို့လား ၊ ကိုယ်ရဲ့ မွေးစားသမီးက ဘာမျိုးနွယ်လဲဆိုတာတောင် မေ့နေပြီပေါ့"

ရှန်လဲ့၏ စကားကိုကျိယွမ်က ချက်ချင်းတုန့်ပြန်၏။

"မေ့စရာလား ၊ ဒါကို ကျုပ်အရင်က ကြားဖူးပါတယ်"

"ဟုတ်လား ..လုပ်စမ်စပ်းပါဦး "

ရှန်လဲ့က စိတ်ဝင်တစား ဖြစ်သွားပြီး ထိုမှတစ်ဆင့် ကျိယွမ်၏ ရှေးဟောင်း မူလဇစ်မြစ်ကို သိရမည်ဟု မျှော်လင့်လိုက်မိသည်။

"ဖီးနစ်သွေးကို သောက်သုံးရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ရဲ့ ရင်သားဆိုဒ်က စီ (C) ကနေ ဘီ (B) အထိတောင် ကြီးလာနိုင်တယ်တဲ့"

"ချီးတယ်မှ..."

ရှန်လဲ့သည် ကျိယွမ်၏ နောက်ခံနှင့် ပတ်သက်ပြီး အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမှ ရလိမ့်မည် မဟုတ်ကြောင်း နားလည်သွားတော့သည်။

ဒီကောင့်ပါးစပ်က စကားကောင်းထွက်ဖို့မျှော်လင့်နေမိတာကိုက ငါမှားတာ ။

"မင်း စစ်မှန်နတ်ဘုရားအဆင့် တက်ဖို့ ရတနာတွေ လိုနေတယ် မဟုတ်လား။ ဒါက မင်းအတွက် အခွင့်အရေးပဲ"

ရှန်လဲ့က ဖိတ်စာကို ကျိယွမ်ထံ ပစ်ပေးလိုက်၏။

"ပန်းတစ်ရာပွဲတော်ကို နှစ်တစ်ရာမှာ တစ်ကြိမ် ကျင်းပတာ။ အဲဒီမှာ ရှားပါးရတနာတွေ အများကြီး ရှိတယ်။ အဲဒီထဲက အများစုဟာ မင်းကို စစ်မှန်နတ်ဘုရားအဆင့် ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်။ မင်းသာ ထင်ပေါ်အောင် လုပ်နိုင်ရင် ရတနာတွေ အများကြီး ရနိုင်တယ်"

ကျိယွမ်၏ မျက်ဝန်းများ တောက်ပသွားပြီး ဝမ်းသာအားရမေးသည်။

"အများကြီးလား"

"ဟုတ်တယ်၊ ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တာပေါ့လေ"

ရှန်လဲ့က ကျိယွမ်အား "မင်း ရမှာမဟုတ်ပါဘူး" ဟူသောအကြည့်ဖြင့် ခပ်နှိမ်နှိမ်ကြည့်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သူသည်လည်း ပန်းတစ်ရာပွဲတော်အကြောင်းကို သူတစ်ပါးထံမှသာ ကြားဖူးထားခြင်း ဖြစ်သဖြင့် အပြည့်အစုံမသိပါ ။ သို့သော်လည်း သူကဝန်ခံမည်မဟုတ်ပေ။

"ခင်ဗျား ကျုပ်ရဲ့ ကိုယ်ရံတော်အဖြစ် ပန်းတစ်ရာပွဲတော်ကို လိုက်ခဲ့မလား"

ကျိယွမ်က ဖိတ်ခေါ်လိုက်၏။

"စိတ်မဝင်စားဘူး"

ရှန်လဲ့က လက်ယမ်းကာ အပြတ်ငြင်းသည်။

သူကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်ရံတော် လုပ်ရမည်တဲ့လား။

ငါ့ကို သိက္ခာချနေတာလား။

ထို့အပြင် ပန်းတစ်ရာပွဲတော်သို့ တက်ရောက်ခြင်းဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်ပြီး အစွမ်းထက်သော ရန်သူများစွာ၏ တိုက်ခိုက်မှုကို ခံရနိုင်ချေ ရှိသေးသည်။

"နှမြောစရာပဲ"

ကျိယွမ်က သက်ပြင်းချပြီး အခြားတစ်မျိုးပြောင်းကာ စဥ်းစားလိုက်သည်။

"ပွဲတော်စဖို့ သုံးရက်ပဲ လိုတော့တာဆိုတော့ ငါ ပြင်ဆင်မှုတွေ စလုပ်ရမယ်"

ချင်းရွှေရွာမှ ထွက်ခွာပြီး ခရီးသွားရခြင်းမှာ လုံခြုံမှု မရှိဟု သူခံစားရသည်။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် စစ်မှန်နတ်ဘုရားများကို ပို၍ စိတ်ကူးပုံဖော်ရန် လိုအပ်လာလေပြီ။

"လွယ်ပါတယ် ၊ မင်းပြောတဲ့ ကောင်းကင်ဘုံ နတ်မင်းကြီး လေးပါးလုံးကို ပုံရိပ်ဖော်လိုက်ပေါ့ "

ရှန်လဲ့ အခွင့်သာခိုက် အကြံပြုလိုက်၏။

ကျိယွမ်သည် စကားကြီးစကားကျယ်များပြောနေခြင်းလား သို့မဟုတ် တကယ်ပဲ တစ်ခုခု လုပ်ပြစရာ ရှိနေခြင်းလား ဆိုသည်ကို သူ မြင်ချင်နေသည်။

"ကောင်းပြီ၊ အခုပဲ လုပ်လိုက်မယ်။ ခရီးဝေးသွားရမှာဆိုတော့ အပိုလုံခြုံရေးတွေ ပြင်ဆင်ထားဖို့ လိုတယ်"

ကျိယွမ်က အလေးအနက် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် ကောင်းကင်ဘုံအစောင့်နတ်မင်းကြီး လေးပါးနှင့် အဆင့်တူသော အခြား နတ်ဘုရားများကိုပါထည့်ပြီး အနည်းဆုံး ငါးပါးလောက်ကို စိတ်ကူးပုံဖော်ရန် စီစဉ်ထား၏။

ထို့ထက် ပိုအစွမ်းထက်သည့် နတ်ဘုရားများကတော့ ဖြစ်နိုင်ဦးမည် မဟုတ်ပေ။

သူသည် ခဏမျှ စဉ်းစားပြီးနောက် ပုံရိပ်ဖော်ခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်သွား၏။

ကျိယွမ်က ပုံရိပ်ဖော်ခန်းထဲသ်ု့ ဝင်သွားသည်ကိုမြင်သည်နှင့် ရှန်လဲ့ကလည်း အချိန်မဖြုန်းဘဲ သူ၏ ကိုယ်ပိုင် စကားပြောအဖွဲ့ထဲသို့ ဝင်လိုက်၏။

သူ၏စကားပြောခန်းက ကျိယွမ်တို့လိုအငယ်များမဟုတ်ဘဲ အကြီးအကဲများချည်း ရှိနေသောအုပ်စုဖြစ်သည်။

"မဟာအုပ်စိုးရှင် ရှန်လဲ့ ပါလား၊ ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ။ ပုံရိပ်ဖော်စရာတစ်ခုခု ရှိလို့လား"

"ခင်ဗျားမှာ တစ်ခုခု ဝှက်ထားတာများ ရှိနေတာလား"

"ဟဲဟဲ၊ မဟုတ်ပါဘူး။ မကြာသေးခင်က ရှေးဟောင်းနတ်ဘုရားပေါက်စလေးတစ်ပါးက ငါ့ရဲ့ တပည့်ဖြစ်ချင်တယ်လို့ လာပူဆာနေလို့။ ငါက စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ သူက သူငယ်ချင်းတစ်ယောက်ရဲ့ ထောက်ခံချက်နဲ့ လာတာဆိုတော့ သူ့ကို စောင့်ကြည့်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်။ အခု သူက ပုံရ်ပ်ဖော်ခြင်းကို စတော့မှာဆိုတော့ သူ့ကို စောင့်ကြည့်ဖို့ ပုံရိပ်ဖော်တောင် ကို သွားမလို့"

ရှန်လဲ့က အုပ်စုထဲတွင် ရှင်းပြလိုက်၏။

သို့သော် အများစုက လက်မခံပါ။

"ခင်ဗျားက ဘယ်လို စောင့်ကြည့်မှာလဲ ၊ ရှန်လဲ့ အမှန်အတိုင်းပဲ ပြောစမ်းပါ ၊ ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"

"နတ်ဘုရားပေါက်စလေးတစ်ယောက်အတွက် ခင်ဗျားကတကူးတက လာတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးနော်"

"ငါတို့ကို ကလေးတွေများမှတ်နေလား"

ရှန်လဲ့ မျက်မှုန်ကုပ်သွားသည်။

ဒီကောင်တွေက ဘာလို့မယုံရတာလဲ။

"အဟမ်း... သူက ဒဏ္ဍာရီအဆင့် နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်နိုင်တယ်လို့ ကြားထားလို့ လာကြည့်တာပါ"

"ဒဏ္ဍာရီအဆင့် နတ်ဘုရားလား ၊ အဲဒါဆိုရင်တော့ ပါရမီ မဆိုးပါဘူး။ ငါလည်း တပည့်တစ်ယောက် လိုနေတာ။ သူ့ကို ငါ့ဆီပဲ လွှဲပေးလိုက်ပါလား"

"ဖယ်စမ်းပါ၊ မင်းမှာ တပည့် ခုနစ်ယောက်တောင် ရှိနေပြီပဲ ၊ ငါ့မှာ မရှိသေးဘူး"

"ဒဏ္ဍာရီအဆင့် နတ်ဘုရားတစ်ပါးဆိုတာ မဆိုးပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ နောက်ဆုံးတပည့် ဖြစ်ဖို့တော့ မလုံလောက်သေးဘူး။ ငါ့ရဲ့ နောက်ဆုံးတပည့်ဆိုရင် ဒဏ္ဍာရီအဆင့် နတ်ဘုရား နှစ်ပါးနဲ့ ဂန္ဓဝင်အဆင့် ကိုးပါးကို ပုံရိပ်ဖော်နိုင်ခဲ့တာ"

အုပ်စုဝင်တစ်ဦးက ကြွားလုံးထုတ်လိုက်၏။

ထိုစကားကို ကြားသောအခါ ရှန်လဲ့က မတတ်သာသလိုပြောသည်။

"အေးကွာ.. သူ့ရဲ့ ပါရမီက နည်းနည်းလေး လိုနေတာ။ သူသာပါရမီကောင်းရင် ငါက သူ့ကို တပည့်အဖြစ် သည်းခံပြီး လက်ခံလိုက်မှာပေါ့ ၊ အခုတော့ လက်ခံဖို့ တော်တော်စဥ်းစားနေရတယ်"

ရှန်လဲ့၏ ရည်မှန်းချက်မှာ ရိုးရှင်းပါသည် ။

သူက အုပ်စုထဲတွင် ကြွားလုံးထုတ်ရန် ဖြစ်၏။ သို့သော် ပထမဦးစွာ မျှော်လင့်ချက်များကို အနည်းငယ် လျှော့ချထားရန် လိုအပ်လေသည်။

မကြာမီ ကျိယွမ်သည် ဒဏ္ဍာရီအဆင့် နတ်ဘုရားသုံးပါးကို တစ်ပြိုင်နက် ပုံရိပ်ဖော်ပြီး လူတိုင်းကို တုန်လှုပ်စေလိမ့်မည်ဟု သူ တွေးထားကာ သူတို့၏ အံ့အားသင့်နေသော တုံ့ပြန်မှုများကို သူ ခံစားချင်နေ၏။

ကြည့်ထား..ဒီလောက်ပါရမီကောင်းတဲ့သူကိုတောင် ငါကတပည့်အဖြစ် သိပ်လက်မခံချင်ဘူးလို့ ပြောရမယ်။ ဒီကောင်တွေ လန့်ကုန်မှာပဲ ဟားဟား ဟားဟား ။

"အဲဒီကောင် အခု စတော့မယ်။ ပုံရိပ်ဖော်တောင်မှာ ရွှေရောင်အလင်းတန်းတွေကို မကြာခင် မြင်ရတော့မှာဖြစ်ပြီး ငှက်ပေါင်းတစ်ရာရဲ့ အသံကိုလည်း ကြားရတော့မယ်။ သူသာ ဒဏ္ဍာရီအဆင့်နတ်ဘုရား သုံးပါးလောက်ကို စိတ်ကူးပုံဖော်နိုင်ရင် သူ့ကို ငါ့ရဲ့ နာမည်ခံတပည့်အဖြစ် ငါ လက်ခံပေးလိုက်မယ်"

ရှန်လဲ့က အနည်းငယ် ထပ်ကြွားလိုက်၏။

" ရှန်လဲ့၊ ခင်ဗျားကလည်း လွန်လှချည်လား။ ဒဏ္ဍာရီအဆင့်နတ်ဘုရား သုံးပါးကို ဖန်တီးတာတောင် နာမည်ခံတပည့်ပဲ လုပ်ခိုင်းမယ် ဟုတ်လား"

" ရှန်လဲ့၊ မင်း ဟန်ဆောင်မနေပါနဲ့တော့။ အဲဒါ ငါ မင်းကို ထောက်ခံပေးခဲ့တဲ့ မူလနတ်ဘုရား မဟုတ်လား"

ရှန်လဲ့မျက်လုံးပြူးသွားသည် ။ ဘယ်ကောင်က အာဝင်ချောင်နေတာလဲ။

"မင်းတို့ ထင်ရာတွေ လျှောက်ပြောမနေနဲ့"

သူက အလျင်အမြန် ပြန်ဖြေလိုက်ပြီး

သူ၏ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုသည် ပုံရိပ်ဖော် တောင်ဆီသို့ လွင့်မျောသွားသည်။

ရုတ်တရက် တောင်ကြီးတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး ငှက်ပေါင်းတစ်ရာ၏ တေးသံများ ပေါ်ထွက်လာ၏။

ရှန်လဲ့က အုပ်စုထဲသို့ စာပိူ့သည်။

"ကဲ... ဒဏ္ဍာရီအဆင့် နတ်ဘုရား တစ်ပါး ရပြီ"

"မဆိုးဘူး။ နာမည်ခံတပည့် ဖြစ်ဖို့ ထိုက်တန်ပါတယ်"

အုပ်စုထဲမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးက မှတ်ချက်ပေး၏။

အခြားသောရှေးဟောင်းနတ်ဘုရားများကလည်း ရွှေရောင်အလင်းကို မြင်ရသောအခါ အတော်လေး စိတ်လှုပ်ရှားသွားကြသည်။

ဒဏ္ဍာရီအဆင့် နတ်ဘုရားတစ်ပါးသည် နောင်တစ်ချိန်တွင် မဟာအုပ်စိုးရှင်တစ်ဦး ပေါ်ထွက်လာမည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို ပုံရိပ်ဖော်တောင်သည် ရွှေရောင်အလင်းတန်းများဖြင့် တစ်ဖန် ပြန်လည်တောက်ပလာပြီး နှစ်ကြိမ်တိုင်တိုင် လင်းလက်သွား၏။

"ဒဏ္ဍာရီအဆင့်နတ်ဘုရား သုံးပါးလား"

အဖွဲ့ဝင်များမှာ ဆွံ့အသွားကြကုန်သည်။

တစ်ခဏအတွင်း ဒဏ္ဍာရီအဆင့် ၃ ပါးတဲ့။ ဘယ်လိုတောင်မှလား။

"မဟာအုပ်စိုးရှင် ရှန်လဲ့၊ ဒါ ခင်ဗျားအစောကြီးကတည်းက စီစဉ်ထားတဲ့ အစီအစဉ်မှတ်လား"

"ခင်ဗျားကတော့ တကယ့်ကို ပလီပလာများတာပဲ"

"ဒီရှေးဟောင်းနတ်ဘုရားကတော့ ခင်ဗျားရဲ့ တိုက်ရိုက်တပည့် ဖြစ်ဖို့ အပြည့်အဝ ထိုက်တန်သွားပြီ။ သူ့ကို ဘာလို့ ငါ ,ပိုင်ကု ဆီ မထောက်ခံပေးခဲ့ကြတာလဲ"

ရှန်လဲ့က ဝေဖန်မှုများကို ဖတ်ကာ မိန့်မိန့်ကြီးလုပ်နေ၏။

အားကျကြစမ်း ။

ထိုအချိန်တွင် ကျိယွမ်သည် ပုံရိပ်ဖော်တောင်အနီးတွင်သာရှိသေးပြီး

ကျန်ရှိနေသော မိစ္ဆာနတ်ဘုရားစွမ်းအားများကို ပျော်ရွှင်စွာ စစ်ဆေးနေသည်။

သူက အလွန် စိတ်လှုပ်ရှားနေခြင်းပင်။

"ဒီ ယင်နတ်ဘုရားအဆင့် စွမ်းအားတွေက တကယ့်ကို ထိရောက်တာပဲ ၊ ငါ ကောင်းကင်ဘုံစောင့်နတ်မင်းကြီး သုံးပါးကို စိတ်ကူးပုံဖော်ပြီးပြီ၊ ဒါတောင် စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကျော် ကျန်နေသေးတယ် ဟုတ်လား။ မဖြစ်နိုင်ဘူး၊ ငါ နောက်ထပ် စိတ်ကူးပုံဖော်ရမယ်...နတ်သူတော်စင် ဆယ့်ရှစ်ပါးဆိုရင်ရော ဘယ်လိုလဲ"

ကျိယွမ်သည် ထိုသို့အကြံရသည်နှင့်

နတ်သူတော်စင် ၁၈ ပါးကို ပုံရိပ်ဖော်ရန် စတင်လိုက်သည်။

သူက မျက်လုံးအစုံအားမှိတ်လျှက် ပထမဆုံးသူတော်စင်ကို အာရုံပြု၏။

တစ်ဖက်မှာတော့ ရှန်လဲ့သည် အခြားသူများ၏ ချီးမွမ်းစကားများကြောင့် ဘဝင်ခိုက်နေသည်။

"အခုဆို ဒဏ္ဍာရီအဆင့် နတ်ဘုရား လေးပါး ရှိသွားပြီဆိုတော့ ။အေးလေ... သိပ်ပြီးအားမရပေမဲ့ သူ့ကို ငါ့တပည့်အဖြစ် အားနာနာနဲ့လက်ခံပေးလိုက်မယ်"

" ရှန်လဲ့၊ မင်းကတော့ မြှောက်ပေးတာနဲ့တင် လွင့်နေပြီ။ ငါတို့ တစ်ခါ ချီးမွမ်းတာနဲ့တင် ကြွားလုံးထုတ်နေတော့တာပဲလား။ အဲဒီလောက်အထိ အပိုတွေ လုပ်နေဖို့ မလိုပါဘူး"

"ငါ့ကို ရတနာ အခု ၂၀ လောက်ပေးရင်တော့ သူ့ကို မင်းတို့ဆီ လွှဲပေးမယ်လေ ၊ ဘယ်လိုလဲ "

ရှန်လဲ့က ဘဝင်ကိုင်ကာ စျေးခေါ်လိုက်သည်။

"တော်စမ်းပါ၊ ရတနာတွေက ပိုအရေးကြီးတယ်။ ဒီတပည့်က တော်ပေမဲ့ ရတနာအခု ၂၀ တော့ မတန်ဘူး"

"အေးလေ..မတန်မရာတွေ "

"ဘာကို မတန်မရာ..မင်းတို့.."

ရှန်လဲ့၏ စာပင်ဆုံးအောင် မပို့ရသေးပါ ။ ရုတ်တရက်ဆိုသလို ပုံရိပ်ဖော်တောင်မှ

ရွှေရောင်အလင်းများက တစ်ဖန် ပြန်လည်တောက်ပလာပြန်၏။

"လင်းလာပြန်ပြီဟ"

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... ဆယ်ကြိမ်...

အဖွဲ့ဝင်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဆယ့်နှစ်ကြိမ်..

ဆယ့်သုံးကြိမ်...

"မပြီးတော့ဘူးလား .."

"ဘာတွေဖြစ်နေတာလဲ"

အခြားသူများပင်မဆိုထားနှင့် ရှန်လဲ့ကိုယ်တိုင်ပင် လန့်လာ၏။

ဒါကြီးက ..

အားလုံးမျက်လုံးပြူးနေကြသလို ရွှေရောင်အလင်းတန်းများကလည်း ဆက်တိုက် လက်နေဆဲပင် ရှိ၏။

တောင်ကြီးဆီမှ အလင်းရောင် တစ်ခါလက်တိုင်း အုပ်စုထဲမှ မဟာအုပ်စ်ုးရှင်များ၏ နှလုံးခုန်သံများမှာလည်း တစ်ချက်စီ တုန်လှုပ်သွားကြသည်။

နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းများသည် ဆယ့်ရှစ်ကြိမ်အထိ လင်းလက်ပြီးမှ ရပ်တန့်သွားတော့သည်။

ပုံရိပ်ဖော်တောင်တန်းတွင် ငှက်ပေါင်းတစ်ရာ၏ တေးသံများသာမကဘဲ ငှက်ပေါင်းထောင်ချီ၏ သံပြိုင်တေးသံများကဲ့သို့ မြိုင်ဆိုင်ဆူညံနေလေသည်။

မဟာသူတော်စင်များမှာ ပြောစရာစကားများပင် ခေတ္တမျှ မေ့ကုန်၏။

"ငါ မြင်နေရတာ တကယ်မှဟုတ်ရဲ့လား.."

"မင်းတို့ရော မြင်လား"

"ဆယ့်ရှစ်ကြိမ်တောင် လင်းလက်သွားတာနော်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သူတို့အားလုံးက ဒဏ္ဍာရီအဆင့်တွေချည်းပဲလား"

"ဒါ တကယ်ပဲ မင်းရဲ့ တပည့်လား၊ရှန်လဲ့"

"ရှန်လဲ့ ၊ ခင်ဗျား အခု ဘယ်မှာလဲဆိုတာပြောလိုက် ၊ ငါ ရတနာ ၂၀ မကဘူး ၂၅ ခု ပြင်ဆင်ထားပြီးပြီ။ အခုချက်ချင်း ငါ့တပည့်ကို လာခေါ်တော့မယ်"

"ဘာကို ရတနာ ၂၀ လဲ ၊ ငါ ၃၀ ပေးမယ် "

All Chapters