← Chapters

နဂါးမျိုးနွယ်စု ပြဿနာရှာခြင်း

Vol. 16 Ch. 191

နဂါးမျိုးနွယ်စု ပြဿနာရှာခြင်း

Vol. 16 Ch. 191

ရဲ့လျိုယွမ်သည် ထိုသို့ပြောပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးထွက်လိုက်၏။ ပထမဆုံးအကြိမ် ကြိုးစားသူဖြစ်သောကြောင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

ပန်းပွဲတော်သို့ တက်ရောက်လာကြသည့် ရှေးဟောင်းနတ်ဘုရားများသည် အနီးနားတစ်ဝိုက်ရှိ ဒေသများမှဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး အနည်းငယ် ရင်းနှီးကျွမ်းဝင်မှုရှိကြသော်လည်း ကျိယွမ်နှင့် ရဲ့လျိုယွမ်နှစ်ယောက်လုံးက သူတို့အတွက် သူစိမ်းများဖြစ်နေ၏။

ထို့ကြောင့် ရဲ့လျိုယွမ်က ပန်းများကို ပွင့်ဝေလာစေရန် ကြိုးပမ်းမှုကို သူတို့က စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်းပင်။

ရဲ့လျိုယွမ်သည် စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး ဖူးပွင့်စပြုနေသော ပန်းတစ်ပွင့်အနီးသို့ ချဉ်းကပ်သွားခဲ့သည်။ ထိုပန်းမှာ နင်ရှန်းကျောက်စိမ်းပန်းဖြစ်ပြီး ထူးခြားသော ရနံ့များသင်းပျံ့နေသည့် မြစိမ်းရောင်အဖူးလေးများရှိနေ၏။ ရှေးယခင်က ချုံးဟွာ မဟာအုပ်စိုးရှင် ရှိခဲ့သောအခါက နင်ရှန်းကျောက်စိမ်းပန်းကို သူမ၏ အိပ်ရာဘေးတွင် အမြဲထားလေ့ရှိ၏။သူမ အနှစ်သက်ဆုံးပန်းများထဲတွင် ပါဝင်လေသည်။

ရဲ့လျိုယွမ်သည် မျက်လုံးများကိုညင်သာစွာမှိတ်ကာ နတ်ဘုရားပုံရိပ်ဖော်ခြင်းကို စတင်လိုက်၏။

ပတ်ဝန်းကျင်မှ လူများကတော့ အချင်းချင်းတိုးတိုးတိတ်တိတ် ပြောဆိုကာ မှတ်ချက်ချရင်း စောင့်ကြည့်နေသည်။

"သူက နင်ရှန်းကျောက်စိမ်းပန်းကို နိုးထစေဖို့ ကြိုးစားရဲတာလား၊ တကယ့်ကို သတ္တိရှိတာပဲ။"

"အရှင်ဝူချန်း၊ ကျုပ်မှတ်မိသလောက်ဆိုရင် ခင်ဗျားလည်း ပြီးခဲ့တဲ့ ပန်းပွဲတော်တုန်းက နင်ရှန်းကျောက်စိမ်းပန်းကို နိုးထစေဖို့ ကြိုးစားပြီး ကျရှုံးခဲ့တယ် မဟုတ်လား။"

"ဒါက အရမ်းခက်ခဲတယ်။ နာမည်မရှိတဲ့ စစ်မှန်နတ်ဘုရားတစ်ပါးက နင်ရှန်းကျောက်စိမ်းပန်းကို ပထမဆုံးကတည်းကကြိုးစားတာက တကယ့်ကို ရဲတင်းလွန်းတယ်ဆိုရမယ်။"

"အကယ်၍ သူကျရှုံးသွားရင်တော့ တော်တော်လေး အရှက်ရစရာ ဖြစ်မှာ။"

စစ်မှန်နတ်ဘုရား အများစုသည် များသောအားဖြင့် ပိုမိုလွယ်ကူသော အရာများမှသာ စတင်လေ့ရှိကြသည်။ ပထမဆုံးအကြိမ် ကြိုးပမ်းမှုမှာတင် ကျရှုံးခဲ့ပါက အလွန်အရှက်ရစရာကောင်းပြီး မြောက်ပင်လယ် ရေမျိုးနွယ်စုအပေါ် မလေးစားရာလည်း ရောက်နိုင်သည်ဟု သူတို့က ယူဆကြ၏။

ဘေးတွင် ရပ်နေသော ကျိယွမ်ပင် ထိုစကားများကြောင့် စိတ်ဝင်တစားဖြစ်လာပြီး ဘေးမှလာအုပ်ကြီးကို အကဲခတ်သည်။

"ငါလည်း သူ့လိုပဲ ပန်းတစ်ပွင့်ကို နိုးထအောင် ကြိုးစားရင် ဒီလိုမျိုး အတင်းပြောခံရမှာလား"

ချီချီက ပြုံး၍ ပြန်ဖြေ၏။

"ဘယ်သူက အဖေ့ကို မေးခွန်းထုတ်ရဲမှာလဲ"

ကျိယွမ်က သူမ၏အဖြေကို သဘောကျသလို ရယ်မောလိုက်သော်လည်း ထပ်မပြောတော့ပေ။ ယခုတစ်ကြိမ်တွင် သူက ကြည့်ရှုသူမျှသာဖြစ်ပြီး ပထမဆုံးကြိုးစားလိုက်သော ရဲ့လျိုယွမ်ကတော့ အတင်းပြောခံနေ ရ၏။

သူ၏ ယခင်ဘဝ ကမ္ဘာမြေပေါ်တွင်ဖြစ်စေ၊ အခြားကမ္ဘာများတွင်ဖြစ်စေ ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ မလွန်အတွေ့ရများသော အသဘာဝတစ်ခုပင်။ အင်တာနက်ပေါ်တွင် အငြင်းပွားဖွယ်ရာ ပို့စ်တစ်ခု တင်လိုက်တိုင်း ဝေဖန်ချက်မျိုးစုံ တက်လာတတ်သကဲ့သို့ပင် သူ၏ ပတ်ဝန်းကျင်ရှိ စစ်မှန်နတ်ဘုရားများ၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာလည်း အမျိုးမျိုးထွက်ပေါ်လျှင်ရှိသည်။

"ဒီနေ့တော့ ငါတို့ ပွဲကြည့်ရုံပဲ ကြည့်ကြရအောင်၊ ငါတို့လည်း အတင်းတုတ်တဲ့သူ ဒါမှမဟုတ် အံ့အားသင့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ လုပ်လို့ရတာပဲ"

ကျိယွမ်က အခြားသူများလို နေထိုင်ရန် ဆုံးဖြန်လိုက်သည်။

အမှန်တကယ်မှာလည်း သူသည် ချုံးဟွာ မဟာအုပ်စိုးရှင်ဆိုသူကို မသိသောကြောင့် သူမ၏ပန်းများကို နိုးထစေရန် သူမနှင့် ပတ်သက်သည့် နတ်ဘုရားတစ်ပါးကို စိတ်ကူးပုံဖော်နိုင်စွမ်း မရှိပါ။

ထိုအချိန်တွင် ရဲ့လျိုယွမ်က ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

"ပုံရိပ်ဖော်ခြင်း ပြီးဆုံးပြီ"

သူက တည်ငြိမ်စွာ ကြေညာလိုက်၏။

အားလုံး၏ အကြည့်များက သူ၏အပေါ်သို့ ပို၍ ကျရောက်လာသည်။

"အောင်မြင်ပါ့မလား။"

"တကယ်လို့ နင်ရှန်းကျောက်စိမ်းပန်းသာ ပွင့်လာရင်တော့ ရရှိမယ့် ဆုလာဘ်တွေက တကယ့်ကို အားကျစရာပဲ။"

ရဲ့လျိုယွမ်သည် လက်ကိုဆန့်ထုတ်ကာ နင်ရှန်းကျောက်စိမ်းပန်း၏ ပွင့်ချပ်များကို ထိလိုက်သည်။ ချက်ချင်းပင် နတ်ဘုရားပုံရိပ်ဖော်ခြင်း နည်းစနစ်မှတစ်ဆင့် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏

"ဒါက ဘယ်သူလဲ။"

"ဒီနတ်ဘုရားကို တစ်ခါမှ မမြင်ဖူးပါဘူး။"

ပုံရိပ်ယောင်မှာ သာမန်ရုပ်ရည်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေသည်။

"ဒီစစ်မှန်နတ်ဘုရားရဲ့ အမည်က အရှင်ဟန်ယွမ် ဖြစ်ပါတယ်။ ဟုန်ထန်တိုက်ပွဲ မတိုင်ခင်က သူဟာ ပန်းတွေကို မြတ်နိုးသူတစ်ဦးပါ။ တကယ်တော့ နင်ရှန်းကျောက်စိမ်းပန်းဟာ သူက ကောင်းကင်ပင်လယ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ချုံးဟွာ မဟာအုပ်စိုးရှင်ထံ ဆက်သခဲ့တာဖြစ်ပါတယ်"

ရဲ့လျိုယွမ်က ရှင်းပြနေရင်း သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာသည်။

"ကံမကောင်းတာက အရှင်ဟန်ယွမ်ရဲ့ ချစ်ခြင်းမေတ္တာကို အရှင်မချုံးဟွာက မတုံ့ပြန်ခခဲ့ပါဘူး။"

"သြော် တစ်ဘီးတည်းလိမ့်နေတာပေါ့.."

ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျိယွမ်က ထိုကိစ္စကို ရိုးအီနေသော အချစ်ဇာတ်လမ်းတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။

အခြားသူများကတော့ ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြသည်။

"ဒီလို ဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။"

"မဟာအုပ်စိုးရှင် ချုံးဟွာလို လှပတဲ့သူတစ်ယောက်မှာ ပိုးပန်းသူတွေ ရှိတာက သဘာဝပါပဲ။"

လူအုပ်ကြီးသည် အတိတ်ကို ပြန်လည်တွေးတောရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ ရဲ့ချိုယွင်ကသာ အရှင်ဟန်ယွမ်ကို ပုံရိပိမဖော်ခဲ့ပါက ထိုအကြောင်းကို သိသူမရှိဘဲ သမိုင်းထဲတွင် ပျောက်ကွယ်သွားပေလိမ့်မည်။

အားလုံးကြည့်နေစဥ်မှာပင် အရှင်ဟန်ယွမ်၏ ပုံရိပ်ယောင်က လက်ကိုဆန့်ထုတ်ကာ နင်ရှန်းကျောက်စိမ်းပန်းကို ထိလိုက်၏။ အဖူးမျှသာရှိသော ပန်းသည် စိမ်းလန်းသော ပွင့်ချပ်ခုနစ်ပွင့်ဖြင့် ပွင့်လန်းလာပြီး လေထုထဲတွင် သင်းပျံ့သော ရနံ့များ ပြည့်နှက်သွားစေသည်။

ထို့နောက် ဖြူစင်သော အလင်းတန်းနှစ်ခုက ဖျတ်ခနဲ ပေါ်လာပြီး ယဲ့လျိုယွမ်၏ လက်ထဲသို့ ကျဆင်းလာသည်။

"သူရတနာ ရသွားပြီ"

"နှစ်ခုတောင်မှလား"

နံဘေးမှရပ်ကာ အတင်းတုတ်နေကြသော နတ်ဘုရားများသည် ထိုအလင်းတန်းများကို အားကျခြင်း၊ မနာလိုခြင်းများဖြင့် ကြည့်နေကြ၏။

ကျိယွမ်ကလည်း ထိုမြင်ကွင်းကို အားကျလာပြီး ညည်းညူမိသည်။

"တီဗီဇာတ်လမ်းတွေထဲက ဇာတ်လိုက်က စွမ်းဆောင်ပြနေတာကို ကြည့်နေရတဲ့ ဇာတ်ပို့တွေရဲ့ ခံစားချက်ကို အခုမှပဲ ငါနားလည်တော့တယ်၊ ရတနာနှစ်ခုတောင်မှပဲ၊ ငါတကယ် မနာလိုဖြစ်မိတယ်"

ရတနာနှစ်ခုသည် စစ်မှန်နတ်ဘုရားနှစ်ပါးရရှိမည်ဟု ဆိုလို၏။

ငါအလိုအပ်ဆုံးအရာတွေပဲ။

သူစိတ်ကူးထားသည့် သောင်းဂဏန်းရှိသော ကောင်းကင်စစ်သည်များနှင့် နတ်ဘုရားစစ်သူကြီးများအတွက် အရင်းအမြစ်အမြောက်အမြားလိုအပ်နေသည် မဟုတ်ပါလား။

ယဲ့လျိုယွမ်၏ အောင်မြင်မှုက အခြားနတ်ဘုရားများကို သတိပေးလှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။

သူတို့ကလည်း မဟာအုပ်စိုးရှင်ချုံးဟွာ နှင့် ပတ်သက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ ပုံရိပ်ဖော်ထားသော နတ်ဘုရားများက ပန်းများကို နိုးထစေနိုင်ခြင်း ရှိသည် ၊ မရှိသည်ကို ကံစမ်းရန် လက်တပြင်ပြင်ဖြစ်လာကြသည်။

သူတို့က တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ကြ၏။

သို့သော် ကံမကောင်းစွာဖြင့် ရလဒ်များမှာ ညံ့ဖျင်းလှသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ပန်းသုံးပွင့်၊ လေးပွင့်ခန့်သာ ပွင့်လန်းလာပြီး ၎င်းတို့မှာလည်း သာမန်ပန်းများသာဖြစ်ကာ ဆုလာဘ်များကလည်း အလွန်သာမန်ဆန်လှသည်။

ထိုမြင်ကွင်းကို ပန်းနန်းတော်၏ အတွင်းပိုင်းတွင် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် စောင့်ကြည့်နေခဲ့သည်။

"ပန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ပိုပိုပြီး ညံ့လာသလိုပဲ။"

သူမက ပွဲတော်ကို စီစဉ်သူနှင့် မြောက်ပင်လယ်နတ်ဘုရားမျက်စိ၏ ပိုင်ရှင်ဖြစ်သောချုံးဟွာ နန်းတော်သခင်မ ဖြစ်သည်။ မဟာအုပ်စိုးရှင်ချုံးဟွာမှာ သူမ၏ဆရာဖြစ်လေ၏။

နှစ်ပေါင်းများစွာအတွင်း သူမသည် ပန်းပွဲတော်ကို အကြိမ်ကြိမ် ကျင်းပခဲ့ပြီး အရပ်ရပ်မှ ဧည့်သည်များကို ဖိတ်ကြားခဲ့သည်မှာ သူမ၏ ဆရာကို နိုးထလာစေရန်ပင်။

သို့သော် ဝမ်းနည်းစရာမှာ ရလဒ်များမှာ တဖြည်းဖြည်း ညံ့ဖျင်းလာခဲ့၏။

"လီယောင်၊ ရှင် ဖိတ်ထားတယ်ဆိုတဲ့ ဖီးနစ်မျိုးနွယ်စုနဲ့ ပတ်သက်မှုရှိတဲ့သူက ဘယ်တော့မှ ပုံရိပ်ဖော်မှာလဲ။ ငါမှတ်မိသလောက်ဆိုရင် ဖီးနစ်မျိုးနွယ်စုရဲ့ တတိယမြောက် သမီးတော်က ငါ့ဆရာနဲ့ ပတ်သက်မှု ရှိခဲ့ဖူးတယ်၊ သူမက ပန်းတွေကို ပွင့်လာအောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။"

အတိတ်ကာလကဆိုလျှင် နန်းတော်သခင်မသည် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ယခုအခါ ပွဲတော်၏ ရလဒ်များ ကျဆင်းလာသည်နှင့်အမျှ သူမသည် ဖြစ်နိုင်သမျှသော မျှော်လင့်ချက်တိုင်းကို ဆုပ်ကိုင်ထားရတော့သည်။

လီယောင်က တောင်းပန်သည့် အမူအရာဖြင့် ခေါင်းငုံ့ကာ လျှောက်တင်သည်။

"နန်းတော်သခင်မ၊ သူမက ရှေးဟောင်းနတ်ဘုရား မဟုတ်ပါဘူး၊ ရှေးဟောင်းနတ်ဘုရားက သူမဘေးက အမျိုးသားပါ"

"အဲဒီလိုလား"

နန်းတော်သခင်မက ချီချီဘေးမှ ကျိယွမ်ကို ကြည့်လိုက်သည်။အခြားသူများက ပန်းပွင့်ရန် အလုပ်များနေချိန်တွက် ထိုသူက ဘယ်အချိန်က ယူလာမှန်းမသိသော စပျစ်သီးများကို အေးအေးဆေးဆေးစားရင်း အခြားနတ်ဘုရားများကို ပွဲကြည့်သလိုကြည့်နေ၏။

သူက စစ်မှန်နတ်ဘုရားတောင် မဟုတ်သေးဘူးပဲ။ ပြီးတော့ အလေးအနက်လည်း ရှိပုံမရဘူး။

လီယောင်သည် ဖီးနစ်မျိုးနွယ်စု၏ ကျေးဇူးကို ဆပ်ရန်အတွက် သူမတတ်နိုင်သမျှ ကြိုးစားခဲ့ခြင်း ဖြစ်ပုံရ၏။သို့သော် သူမ၏ ကြိုးပန်းမှုက အလဟဿဖြစ်သွားခဲ့ရသည်။

"ရပြီ ၊ ရှင့်နေရာ ရှင်သွားတော့ "

သူမသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ မျှော်လင့်ချက်များ ပိုမို ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

ပွဲတော်သည် ဆက်လက် ကျင်းပနေပြီး ရှေးဟောင်းနတ်ဘုရားများက ပန်းများကို နိုးထစေရန် ပို၍ ကြိုးပမ်းလာကြသည်။

ရတနာရရှိသူအချို့ ထပ်မံ ထွက်ပေါ်လာရာ အခြားသူများကလည်း အားကျမခံ ကြိုးစားကြပြန်သည်။

သို့သော် နန်းတော်သခင်မအတွက်မူ ထိုအရာများမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာပင် ။

ဘာမှ အရာမရောက်ဘူး။

ထိုအချိန်၌ အပြင်သို့ထွက်သွားသော လီယောင်က အထိတ်တလန့် ပြန်ပြေးလာလေသည်။

"နန်းတော်သခင်မ၊ သတင်းဆိုးပါ၊ နဂါးမျိုးနွယ်စုက ထပ်ပြီး ပြဿနာရှာနေကြပြန်ပြီ"

နန်းတော်သခင်မသည် မျက်နှာ ပျက်သွားပြီး

ဒေါသတကြီး ရေရွတ်လိုက်၏။

"ဒီမိုက်မဲတဲ့ နဂါးတွေက တကယ့်ကို ရွံစရာကောင်းလိုက်တာ"

မြောက်ပင်လယ် နဂါးမျိုးနွယ်စုနှင့် ချုံးဟွာ နန်းတော်၏ရေမျိုးနွယ်စုတို့သည် မြောက်ပင်လယ် နတ်ဘုရားမျက်စိအောက်တွင် အတူယှဉ်တွဲ နေထိုင်ကြသော်လည်း မကြာခဏ ပဋိပက္ခဖြစ်လေ့ရှိကြသည်။

လောကီရေးရာများကို ရှောင်ရှား၍ တသီးတခြား နေထိုင်လိုသော ရေမျိုးနွယ်စုနှင့် မတူဘဲ မြောက်ပင်လယ် နဂါးမျိုးနွယ်စုမှာမူ မကြာခဏ ထွက်လာပြီး ပြဿနာရှာလေ့ရှိသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော မျိုးနွယ်ဖြစ်၏။

"သူတို့ကို တားထားလိုက်၊ ပွဲတော်ကို နှောင့်ယှက်ခွင့် မပေးနဲ့"

နန်းတော်သခင်မက အရေးတကြီး အမိန့်ပေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် မောက်မာသော အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"ငါတို့ နဂါးမျိုးနွယ်စုက ချုံးဟွာ မဟာအုပ်စိုးရှင်ကို နိုးထစေဖို့ စိတ်ရင်းစေတနာနဲ့ လာခဲ့တာပါ။ တခြားသူတွေတောင် ပွဲတော်ကို တက်ရောက်နိုင်ရင် ငါတို့က ဘာလို့ မတက်ရောက်နိုင်ရမှာလဲ။နင်တို့က ခွဲခြားခွဲခြားလုပ်တာလား"

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာပြီး သူ၏ထံမှ စစ်မှန်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူနှင့်အတူ အခြားနဂါးခြောက်ကောင် ပါလာပြီး အားလုံးမှာ ပထမအဆင့် အထွတ်အထိပ်၌ ရှိကြသော စစ်မှန်နတ်ဘုရားများ ဖြစ်ကြပြီး နတ်ဘုရားပေါက်တစ်ခုစီ ရှိကြ၏။

ပွဲတော်သို့ တက်ရောက်လာကြသော စစ်မှန်နတ်ဘုရားများထဲတွင် ထိပ်တန်းအဆင့် အနည်းငယ်ကသာ ထိုနဂါးခြောက်ကောင်ကို ယှဉ်နိုင်မည်ဖြစ်ပြီး ဒုတိယအဆင့် နတ်ဘုရားဖြစ်သော ရွှေဝတ်စုံဝတ် အမျိုးသားကိုမူ ဆိုဖွယ်ရာမရှိပေ။

နဂါးခုနစ်ကောင်ရောက်ရှိလာမှုက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

ချုံးဟွာနန်းတော်သခင်မက ရှေ့သို့ အမြန်တိုးထွက်လာပြီး မျက်နှာထားတင်းတင်းဖြင့်

တားမြစ်သည်။

"နင်တို့ က ငါ့ရဲ့ ချုံးဟွာနန်းတော်ကို မဖိတ်ခေါ်ဘဲ ကျူးကျော်ဝင်ရောက်လာတာက လွန်လွန်းတယ်"

ရွှေဝတ်စုံဝတ် အမျိုးသားက ချုံးဟွာ နန်းတော်သခင်မ၏ လှပကျော့ရှင်းသောကိုယ်ဟန်ကို ရမ္မက်ခိုးဝေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ချုံးဟွာ မဟာအုပ်စိုးရှင်ကို နိုးထစေဖို့နဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူး"

နန်းတော်သခင်မက လက်မခံနိုင်ပါ။ ထိုအဖွဲ့က စေတနာကောင်းနှင့်လာခြင်း မဟုတ်ပေ။

သူမက ခေါင်းဆောင်လာသူကို မျက်မှောင်ကြုတ်ကာ မေးသည်။

"ကျိန်းကျောင်၊ နင် ဘာသဘောနဲ့ ပန်းပွဲတော်ကိုလာတာလဲ"

"ဘာမှ မသဘောဘူးလေ ၊ ချုံးဟွာ မဟာအုပ်စိုးရှင်ကို နိုးထစေဖို့ပေါ့"

ကျိန်းကျောင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ အမှန်စင်စစ် သူတို့သည် အခြားအရာထက် ဖျော်ဖြေရေးအတွက် အပျင်းပြေ လာခဲ့ခြင်း ဖြစ်၏။

"ဒီမှာရှိတဲ့သူတွေက ပွဲတော်ရဲ့ ဧည့်သည်တွေပဲ၊ ကျိန်းကျောင်၊ နင့်ရဲ့ အပြုအမူကို ဆင်ခြင်ပါ"

ချုံးဟွာနန်းတော်သခင်မက အေးစက်သော အသံဖြင့် သတိပေးလိုက်သည်။

ချုံးဟွာနန်းတော်သည် ချုံးဟွာ မဟာအုပ်စိုးရှင်ကြောင့် မြောက်ပင်လယ် နဂါးမျိုးနွယ်စုထက် ပိုမို အင်အားကြီးမားခဲ့ခြင်းဖြစ်၏။ သို့သော် ချုံးဟွာအရှင် အိပ်မောကျသွားသောအခါမှစ၍ နဂါးမျိုးနွယ်စုက ပြန်လည်အသာစီးရလာပြီး မကြာခဏရန်စမှုများ ရှိလာခဲ့ခြင်းပင်။

ချုံးဟွာနန်းတော်သခင်မသည် ကျိန်းကျောင်ကို တိုက်ခိုက်ရန်ထက် အခြေအနေကို ထိန်းချုပ်နိုင်ရန်သာ ကြိုးစားရတော့သည်။

"စိတ်မပူပါနဲ့၊ ငါက ရတနာတွေအတွက် လာတာပါ၊ ပြဿနာရှာဖို့ စိတ်ကူးမရှိပါဘူး"

ကျိန်းကျောင်က ထိုသို့ဆိုရင်း ပွဲတော်အတွင်းသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဝင်လာသည်။

သူသည် မပွင့်သေးသော အဖူးများကို ကြည့်ကာ ပုခုံးတွန့်၏။

"ဒီပန်းတွေ အကုန်လုံးသာ ပွင့်လာရင်တော့ တကယ့်ကို လှပတဲ့ မြင်ကွင်းကောင်းတစ်ခု ဖြစ်မှာပဲ"

သူက လှောင်ပြောင်သည့်သလိုဖြင့် ပွဲတော်ထဲမှ နတ်ဘုရားများကို ကြည့်သည်။

သူနှင့်အတူ ပါလာသော နဂါးခြောက်ကောင်ကလည်း ဖြည့်စွတ်၏။

"ကံမကောင်းတာက မပွင့်သေးတဲ့ ပန်းတွေက အရမ်းများနေတာပဲ၊ ဒီပွဲတော်မှာလည်း အကုန်ပွင့်လာဖို့ မဖြစ်နိုင်ပါဘူး"

"ပန်းတစ်ရာပွဲတော်က ဆုတ်ယုတ်နေပြီ။ ဒီအတိုင်းဆိုရင် ပန်းတွေအားလုံး ပွင့်လာဖို့ နောက်ထပ် ပွဲတော်တစ်ရာလောက် ကျင်းပရဦးမယ်။ဟား ဟား ဟား ဟား "

"ဒီတစ်သက် ချုံးဟွာအရှင်က နိုးထလာဦးမှာလား"

နဂါးများသည် လုံးဝအထိန်းအကွပ်မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဝေဖန်ပြောဆိုကြသည်။

နန်းတော်သခင်မသည် မကျေမနပ် ဖြစ်သော်လည်း သူတို့၏ စကားများမှာ အမှန်တရားဖြစ်ကြောင်း ဝန်ခံရပေမည်။ ချုံးဟွာ မဟာအုပ်စိုးရှင် နိုးထလာရန် အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။ သို့သော်လည်း နန်းတော်သခင်မသည် သူမ၏ဆရာ နိုးထလာစေရန် မျှော်လင့်ချက်ဖြင့် မြောက်ပင်လယ်နတ်ဘုရားမျက်စိမှ ရတနာများကို ပွဲတော်အတွက် ဆက်လက် သုံးစွဲနေဦးမည် ဖြစ်၏။

ထိုအချိန်တွင် ကျိန်းကျောင်က နန်းတော်သခင်မဘက်သို့ လှည့်လိုက်သည်။

"နန်းတော်သခင်မ၊ နင် ချုံးဟွာ မဟာအုပ်စိုးရှင်ကို မနိုးထစေနိုင်ဘူးဆိုရင် ငါတို့ မြောက်ပင်လယ် နဂါးမျိုးနွယ်စုရဲ့ ကမ်းလှမ်းချက်ကို ဘာလို့ မစဉ်းစားတာလဲ။ ငါ့ကို လက်ထပ်လိုက်ပါလား၊ ဒါဆိုရင် ငါတို့ နဂါးမျိုးနွယ်စုရဲ့ နတ်ဘုရားဆင့်ခေါ် တံဆိပ်တော်ကို သုံးလို့ရမယ်။ ဒါဆိုရင် ချုံဟွာ မဟာအုပ်စိုးရှင် နိုးထလာကောင်း နိုးထလာလိမ့်မယ်။"

"တော်စမ်း"

ချုံးဟွာနန်းတော်သခင်မ၏ မျက်နှာထားမှာ ပိုမို တင်းမာသွားသည်။

နဂါးမျိုးနွယ်စုက ထိုစကား၏နောက်ကွယ်၌ မည်သည့်အရာအား လိုချင်နေသည်ကို သူမသိထားပြီးသားပင်။ နတ်ဘုရားဆင့်ခေါ် တံဆိပ်တော်က ချုံးဟွာ မဟာအုပ်စိုးရှင်ကို အမှန်တကယ် နိုးထစေနိုင်ပါသည်။ သို့သော် ဆရာ၏ဝိညာဥ်ကို မဟုတ်ဘဲ နဂါးတစ်ကောင်၏ ဝိညာဉ်ကို နိုးထစေမည်ဖြစ်သည်။ နဂါးမျိုးနွယ်စု၏ မဟာအုပ်စိုးရှင်တစ်ပါးသည် ဖီးနစ်မျိုးနွယ် တတိယမြောက်သမီးတော်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် နဂါးမျိုးနွယ်စုသည် ချုံးဟွာ မဟာအုပ်စိုးရှင်၏ ခန္ဓာကိုယ်ကို သူတို့အတွက် အခွံတစ်ခုအဖြစ် အသုံးချရန် ကြံစည်နေခြင်းပင်။

သူမက အပြတ်ငြင်းလိုက်၏။

ကျိန်းကျောင်က သူမ၏စကားကို အလေးမထားဘဲ သူပြောချင်ရာကို ဆက်ပြောနေသည်။

"မြောက်ဘက်ဒေသက အေးချမ်းတာ မဟုတ်ဘူး။ မြောက်ပင်လယ် နတ်ဘုရားမျက်စိကို စောင့်ရှောက်ဖို့ မဟာအုပ်စိုးရှင်တစ်ပါးမှမရှိရင် မဟာအုပ်စိုးရှင်အဆင့် မိစ္ဆာနတ်ဘုရားသုံးပါးက နတ်ဘုရားမျက်စိရဲ့ ကာကွယ်ရေးကို ဖျက်ဆီးသွားနိုင်တယ်။ မြောက်ပင်လယ် နတ်ဘုရားမျက်စိအောက်က ရေမျိုးနွယ်စုတွေအတွက် မဟာအုပ်စိုးရှင်တစ်ပါးက အရေးပေါ် လိုအပ်နေပြီ"

နန်းတော်သခင်မက တုန့်ပြန်ရန်ပြင်လိုက်ပြီးမှ မပြောတော့ချေ။ ကျိန်ကျောင်းပြောသည်မှာ အမှန်တရားဖြစ်သော်လည်း ဆရာ၏ ခန္ဓာကိုယ်ကို နဂါးအိုကြီးတစ်ကောင်က သိမ်းပိုက်သွားသည်ကို သူမက ဘယ်သောအခါမှ ခွင့်မပြုနိုင်ပေ။

နန်းတော်သခင်မက ခွန်းတုန့်မပြန်သောအခါ ကျိန်းကျောင်းကလည်း ထိုကိစ္စကိုဆက်မပြောတောဘဲ ပွဲတော်ဘက်သို့ အာရုံပြန်ရောက်သွား၏။

ထိုနောက် ကျိန်းကျောင်သည် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ ချီချီဘက်သို့ ရုတ်တရက် လှည့်ကာ သေချာနေသည် ။ထို့နောက် သူက ချီယွမ်ကိုလည်း ကြည့်လိုက်သည်။ အခြားနဂါးခြောက်ကောင်ကလည်း ချီချီကိုသတ်ထားမိကာ ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြ၏။

ယဲ့လျိုယွမ်က ထိုအကြည့်များကို သတိပြုမိပြီး စိုးရိမ်သွားကာ ကျိယွမ်ထံသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။

"ညီနောင်ချီ၊ သူတို့နဲ့ မပတ်သက်တာ အကောင်းဆုံးပဲ၊ တစ်ခုခုဖြစ်ရင် ငါတို့ ချက်ချင်း ထွက်သွားကြရအောင်"

ယဲ့လျိုယွမ်သည် နဂါးမျိုးနွယ်စုမှ ဖြစ်သော်လည်း မြောက်ပင်လယ် နဂါးမျိုးနွယ်စုနှင့် မတည့်သော မျိုးနွယ်စုခွဲမှ ဖြစ်ကာ ယခုအခါ သီးခြားဖြစ်သော ရှေးဟောင်းရေတွင်းတစ်ခုတွင် နေထိုင်နေရသူ ဖြစ်သည်။

ကျိန်းကျောင်၏ အကြည့်မှာ ချီယွမ်ထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူနှင့် စစ်မှန်နတ်ဘုရားခြောက်ပါးတို့က ကျိယွမ်အနီးသို့ ချဉ်းကပ်လာကြသည်။

"မင်းကို ကြည့်ရတာ ဂုဏ်အရည်အချင်းကြီးမားတဲ့သူထင်တယ် ၊ လူတွေထဲက ဖီးနစ်တစ်ကောင်လိုပဲ"

ကျိယွမ်က ကျိန်းကျောင်၏ စကားကို မကြားသလို လျစ်လျူရှုနေပြီး သူ၏နောက်တွင် ဂဏာမငြိမ်ဖြစ်နေသော ကျောက်ကျွင်းဘက်သို့ လှည့်ကာ မေး၏။

"မင်း ဘာဖြစ်နေတာလဲ"

နဂါးခုနစ်ကောင်ကို စိုက်ကြည့်နေသော ကျောက်ကျွင်းသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်နေသည်။

ယခင်က ယဲ့လျိုယွမ်နှင့် တွေ့စဉ်ကလည်း ဤကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့သော်လည်း ယခုတစ်ကြိမ်မှာမူ ပိုမို ပြင်းထန်လှကာ သူ၏ မျက်လုံးများမှာ နီမြန်းနေသည်။

"သခင်... ကျွန်တော်... နည်းနည်း ဗိုက်ဆာလို့ပါ"

ကျောက်ကျွင်းက နဂါးများကိုကြည့်ကာ တံတွေးမျိုချရင်း တိုးတိုးလေး ပြောလိုက်သည်။

ကျိန်းကျောင်သည် ထိုစကားကိုကြားသော် မကျေမနပ်ဖြစ်ကာ မျက်နှာပျက်သွားသည်။

သူက ဒေါသထွက်သွားသော်လည်း ကျိယွမ်၏အနီးမှ စစ်မှန်နတ်ဘုရားခြောက်ပါးကို သတိထားမိပြီး ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။

သူက ကျိယွမ်အား အထက်စီးမှကြည့်ကာ တည်ငြိမ်သော လေသံဖြင့်

"မင်းရဲ့ အစေခံမလေးမှာ ဖီးနစ်မျိုးနွယ်စုရဲ့ သွေးပါနေတယ်။ ငါတို့ မြောက်ပင်လယ် နဂါးမျိုးနွယ်စုက ဖီးနစ်မျိုးနွယ်စုနဲ့ မတည့်တာ ကြာပါပြီ။ မင်း ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို ငါ့လက်ထဲ အပ်မလား။ အပေးအယူအနေနဲ့ ငါ့ရဲ့ ကိုယ်လုပ်တော်အသစ် သုံးယောက်ကို ရွေးယူနိုင်ပါတယ်"

အခြားသူများအတွက်ဆိုလျှင် ကျိန်းကျောင်၏ ကမ်းလှမ်းချက်မှာ ရက်ရောလှသည်ဟု ဆိုနိုင်၏။ နတ်ဘုရားသားတော်များအကြားတွင် အစေခံများနှင့် ကိုယ်လုပ်တော်များကို လဲလှယ်ခြင်းမှာ မဆန်းသကဲ့သို့ ကြီးကျယ်သော ကိစ္စတစ်ခုအဖြစ်လည်း မယူဆကြချေ။

ကျိယွမ်၏ မောက်မာသော ပုံစံကို မြင်ရသောအခါ ကျိန်းကျောင်က သူကဲ့သို့ပင် အလိုလိုက်ခံထားရသော နတ်ဘုရားမျိုးဆက်တစ်ခုဟု ယူဆလိုက်ခြင်းပင်။

ကျိယွမ်က မျက်ခုံးပင့်လိုက်၏။

သူက ကျိန်ကျောင်းကို စေ့စေ့ကြည့်ကာ ပြန်မေးသည်။

"မင်းက ငါ့ဆီကနေ မျက်နှာသာရဖို့ ဘာများ ထိုက်တန်လို့လဲ"

"ဘာ.."

ကျိန်းကျောင် အနည်းငယ်မျှ မှင်တက်သွားသည်။ အခြားသော နတ်ဘုရားများမှာလည်း အံ့အားသင့်သွားကြပြီး ကျိယွမ်အားထူးဆန်းသလိုကြည့်မိကြသည်။

ဒီကောင်က အသိဉာဏ်နည်းလှချည်လား။

ကျိန်းကျောင်က သူ့ကိုယ်ကိုယ် နှိမ့်ချ၍ ပြောဆိုခဲ့သော်လည်း ထိုအရူးက မျက်နှာသာပေးခြင်း မရှိခဲ့ချေ။

ရာဇဝတ်အိုးကို တုတ်နဲ့ထိုးတာပဲ။

ကျိန်းကျောင်၏ မျက်နှာမှာ အေးစက်သွားသော်လည်း သူက သတိကြီးစွာ ထားနေဆဲပင် ဖြစ်သည်။

"မင်း ငါ့ကို မျက်နှာသာမပေးတာက ထားပါတော့၊ ဒါပေမဲ့ ငါတို့ မြောက်ပင်လယ် နဂါးမျိုးနွယ်စုကိုတော့ မစော်ကားသင့်ဘူး မဟုတ်လား။"

"စော်ကားတာလား.."

ကျိယွမ်က ကျိန်ကျောင်းကို စိုက်ကြည့်၏။

မင်း ငါ့ရဲ့သမီးလေးကို အပေးအယူလုပ်ဖို့ ပြောကတည်းက ငါ့ကိုစော်ကားပြီးသားပဲလေ၊ ငါက ဘာလို့ မင်းကို မျက်နှာသာပေးရမှာလဲ၊မင်းတို့ နဂါးမျိုးနွယ်ကရော ဘာမို့လို့လဲ"

"မင်းကဘဝင်မြင့်နေတာ သပ်သပ်ပဲ ၊ ဖျက်ဆီးဝံပုလွေလောက်တောင် အဆင့်မရှိလို့ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတောင်မဖြစ်နိုင်ဘူး၊ တကယ်ကို သနားစရာကောင်းဆယ်"

"မင်း..."

ကျိန်းကျောင်က ကျိယွမ် ပြောလိုသည့် အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်လည်း မိမိကို စော်ကားနေခြင်း ဖြစ်ကြောင်းကိုတော့ သိပါသည်။

သို့သော်လည်း သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူမဟုတ်သဖြင့် ကျိယွမ်၏အကြောင်းကို စုံစမ်းပြီးမှ လှုပ်ရှားရန်အတွက် လောလောဆယ် နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်သည်။

"ဒီစော်ကားမှုကို ငါမှတ်ထားမယ်၊ ကျိယွမ်"

ကျိန်းကျောင်က အေးစက်စွာပြောလျှက် လှည့်ထွက်သွားသည်။

အခြားနတ်ဘုရားများက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြပြီး အချို့ကတော့ ကျိယွမ်ကို သနားသလိုကြည့်နေကြ၏။

တကယ်တော့ ဤနေရာသည် မြောက်ပင်လယ် နတ်ဘုရားမျက်စိဖြစ်ပြီး နဂါးမျိုးနွယ်စု၏ နယ်မြေဖြစ်သည်။ အကယ်၍ သူတို့က လက်စားချေရန် ဆုံးဖြတ်လိုက်ပါက မဟာအုပ်စိုးရှင်၏ သားတော်ပင် ဖြစ်ပါစေ လွတ်မြောက်ရန် မလွယ်ကူပေ။

အများစုက ကျိယွမ်သည် ရန်သူ၏ သည်းခံမှုကို အသုံးချ၍ မိမိအသက်ကို ဘေးကင်းအောင် မလုပ်ဘဲ မဆင်မခြင် ပြုမူနေသည်ဟု ယူဆကြသည်။

ထိုအချိနိမှာပင် ကျိယွမ်က နောက်လှည့်သွားသော ကျိန်းကျောင်ကို လှမ်းခေါ်လိုက်သည်။

"မင်းက ငါ့ကို စော်ကားပြီး ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား။ မင်းက ငါ့ကို ဟာသတစ်ခုလို သဘောထားနေတာလား။"

ကျိယွမ်ကတော့ ယခုလောက်အရာလေးကို

သတိထားနေရန် စိတ်ကူးမရှိချေ။ ဂိမ်းတစ်ခုတွင် သာမန် NPC လေးများကို ရှင်းလင်းပစ်ခြင်းသည် သူ့အတွက်သာမန်ကိစ္စတစ်ခုသာဖြစ်၏။

သူက ဘာကြောင့် နောက်ဆုတ်နေရမည်နည်း။

"မင်းတို့ ငါးမွေထိုးခုနစ်ကောင်လုံး ပြန်ချင်ပြန်သွားလို့ ရတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ နတ်ဘုရားစွမ်းအင်တွေကိုတော့ ချန်ထားခဲ့ရမယ်"

ကျိယွမ်၏ ခြိမ်းခြောက်သော လေသံကြောင့် လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။

သူက သေလမ်းရှာနေတာလား။

ကျိန်းကျောင်တို့က သူတို့ထက်အင်အားသာနေတာ အသိသာကြီးလေ။

ကျိန်းကျောင်တို့အဖွဲ့၏ အင်အားမှာ ကျိယွမ်၏ စစ်မှန် နတ်ဘုရားစခြောက်ပါးထက် အဆပေါင်းများစွာ သာလွန်သည်။ သူ၏ အစောင့်အရှောက်များမှာ သန်မာသော်လည်း အစောပိုင်းအဆင့် နတ်ဘုရားများသာ ဖြစ်ကြပြီး နတ်ဘုရားပေါက်များစွာ မပွင့်သေးသည်မှာ ထင်ရှားသည်။

"မင်းက ဘာအားကိုးနဲ့ ဒီလောက်ရဲတင်းနေရတာလဲ"

ကျိန်းကျောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့လောက်ကို ငါ့တပည့်ကတောင် အသာလေးဖြေရှင်းနိုင်တယ် ၊ ငါက ဘယ်က အားကိုးထပ်ရှာနေရဦးမှာလဲ"

All Chapters