← Chapters

နိုင်ငံရေးအပြောင်းအလဲ

Vol. 16 Ch. 195

နိုင်ငံရေးအပြောင်းအလဲ

Vol. 16 Ch. 195

ကျိယွမ်က ရွှေရောင်မျောက်ကို သတ်လိုက်သည်ကို မြင်သောအခါ အစိမ်းရောင်ဝတ်ရုံဝတ် နဂါးအိုကြီးက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သတိပေး၏။

"ဒုက္ခတော့ရောက်ပြီ ...အရှင်က ရှေးဟောင်းမျောက်မျိုးနွယ်စုရဲ့ အတော်ဆုံးပါရမီရှင်ကို သတ်လိုက်ပြီ။ အဲဒီမျိုးနွယ်စုကတော့ ပြဿနာရှာကြတော့မှာပဲ"

ကျိယွမ်က နဂါးအိုကြီးကို ထူးဆန်းသလိုကြည့်သည်။

"ဘာဖြစ်လို့ ဒုက္ခရောက်ရမှာလဲ။ ငါက နဂါးမျိုးနွယ်ရဲ့ အတော်ဆုံးပါရမီရှင် ကျိန်းကျောင်ကိုလည်း သတ်ခဲ့တာပဲ၊ အခု အဆင်ပြေနေတာပဲလေ ၊ သူလို့ မျောက်တစ်ကောင်ကိုသတ်တာက ဘာဆန်းလို့လဲ"

အစိမ်းရောင်ဝတ်ရုံဝတ် နဂါးအိုကြီးမှာ ဆွံ့အသွားရသည်။

ပြောတာက မှန်လွန်းလို့ ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး၊ ဒါပေမဲ့ ဒီစကားက ငါ့တို့ကို စော်ကားနေသလို ဘာလို့ခံစားနေရပါလိမ့်။

သူက သက်ပြင်းချလိုက်ပြီး နောက်ထပ်မပြောတော့ပါ။

ထိုအချိန်တွင် ကျန်နေခဲ့သောမျောက်နှစ်ကောင်မှာ တုန်ရီနေကြသည်။

ရှောင်လျိုဟုခေါ်သော မျောက်တစ်ကောင်သည် ရှေ့သို့တိုးလာပြီး ကျိယွမ်အား ရိုသေစွာ ပြောလိုင်သည်။

"ကုကျင်းက သူ့အပြစ်နဲ့သူ သေရတာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ညီတို့ ရှေးဟောင်းမျောက်မျိုးနွယ်စုကို ပြန်ပြီး အဖြစ်မှန်ကို တင်ပြပါ့မယ်။ ပဋိပက္ခမဖြစ်အောင် အကြီးအကဲတွေကို ပြောပြပါ့မယ်"

၄င်းက ကုကျင်းဆိုသော ရွှေရောင်မျောက်ထက် အသိဉာဏ်ရှိပုံရ၏။ သူတို့၏အမြန်ပြအသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားနေခြင်းပင်။

ကျိယွမ်က ရှောင်လျိုကို ကြည့်ပြီး အဘယ့်ကြောင့်ထိုသို့ပြောမှန်း ချကိချင်းသဘောပေါက်၏။

ဒီမျောက်ကမှ ပါရမီရှိဦးမယ် ၊ ဟိုကောင်ကတော့ နလပိန်းတုံးပဲ။ခွန်အားပဲရှိပြီး ဦးနှောက်ပါမလာတာဖြစ်မယ်။

ကျိယွမ်က ပြုံးလိုက်ပြီး "ကောင်းပြီလေ၊ မင်းတို့မျိုးနွယ်စုအတွက် အခွင့်အရေးတစ်ခု ပေးလိုက်မယ်" ဟုပေါ့ပေါ့ပါးပါးတုန့်ပြန်လိုက်သည်။

နောက်ဆက်တွဲကိစ္စများကို သူက သိပ်ပြီးဂရုမစိုက်ပေ။ အရာအားလုံးသည် ဂိမ်းတစ်ခုသာဖြစ်ပြီး ပျော်ရွှင်ဖို့ကသာ အရေးကြီးဆုံးပင်။

ထို့နောက် သူတို့သည် မြောက်ပင်လယ်နဂါးနန်းတော်မှ ထွက်ခွာလာပြီးနောက် ချုံးဟွာနန်းတော်သို့ ခေတ္တ ဝင်ရောက်ပြီးသောအခါ

ချင်းရွှေရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ချုံးဟွာအရှင်မကတော့ နန်းတော်၌သာ ကျန်ရစ်ခဲ့သည်။သူမက "ပန်းနတ်သမီးနည်းစနစ်ရိပ်" ကို လေ့လာရန်နှင့် နဂါးမျက်စိဒေသမှ ထွက်ပေါ်လာမည့် ရတနာများအားလုံးကို ကျိယွမ်အတွက် စုဆောင်းပေးရန် တာဝန်ယူရမည်ဖြစ်သည်။

အပြန်ခရီးတွင် အခြားသော နတ်ဘုရားများက ကျိယွမ်ကို စောင့်ကြိုနှုတ်ဆက်ကြ၏။

ပန်းပေါင်းစုံပွဲတော်တွင် ကျိယွမ်၏ သူတော်စင်တပည့်က မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို အောင်နိုင်ခဲ့ခြင်းနှင့် ချုံးဟွာအရှင်မကို နိုးထစေပြီး သူမ၏ သခင်အဖြစ်နေရာယူနိုင်ခြင်းတို့မှာ လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး လေးစားမှုကို ရရှိခဲ့လေသည်။

"အရှင်မြတ် ကျိယွမ်၊ ကျွန်တော်ကရွှမ်ခုန်းတောင်မှာ နေပါတယ်။ အဲဒီနားကို ဖြတ်သွားရင် အကောင်းဆုံး စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံပါ့မယ်"

နတ်ဘုရားတစ်ပါးက လေးစားစွာဖိတ်ကြားသည်။

ပါးစပ်ကထုတ်မပြောသော်လည်း ရဲ့လျိုယွမ်မှာအခြားသူများထက် ပို၍ တုန်လှုပ်လျက်ရှိသည်။

၎င်းတွင် နဂါးသွေးပါရှိသဖြင့် နဂါးနိုင်သူတော်စင်နောက်ကွယ်မှ ထွက်ပေါ်လာသော နဂါးအလောင်းက အဆင့် (၇) ရှိသော ရွှေရောင်နဂါးစစ်စစ်ဖြစ်ကြောင်း သိရှိနေသည်။ ထိုမျှ အစွမ်းထက်သော နဂါးကိုသာမန်ခရမ်းရောင်နန်းတော်တစ်ပါးက မည်သို့နှိမ်နင်းနိုင်သည်ကို ၎င်းနားမလည်နိုင်ပေ။

နောက်ဆုံးတွင် ဆည်းဆာနတ်ဘုရားအဘိုးအိုက ကျိယွမ်ကို ကြည့်ကာ သတိပေးသည်။

"မင်းရဲ့ ပါရမီမျိုးနဲ့ဆိုရင် ဒီလိုကျဆုံးနယ်မြေမှာ နေတာက အန္တရာယ်များလွန်းတယ်"

ကျိယွမ်၏ ပါရမီမှာ အနှိုင်းမဲ့ဖြစ်သည်။ ဒဏ္ဍာရီအဆင့် နတ်ဘုရားပုံရိပ်ဖော်မှု နှစ်ဆယ်ကို ဆက်တိုက်ပြုလုပ်နိုင်သည်အထိ ထူးခြားလွန်းလှသည်မဟုတ်ပါလား။

သူက ထိုပါရမီရှင်မျိုးကို နှမြောနေသည်။

"အဘိုးက ကျွန်တော့်အတွက် စိုးရိမ်နေရင် ကျွန်တော့်ရဲ့ သက်တော်စောင့် လုပ်ပါလား"

ကျိယွမ်က ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်ရာ ဆည်းဆာနတ်ဘုရားက ရယ်မောရုံသာ တတ်နိုင်သည်။

ထိုမျှလောက်ထိ စွန့်လွှတ်အနစ်နာခံရန် သူ့အတွက် မလွယ်ကူပေ။

"ဒါဆိုလည်း အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်"

ကျိယွမ်နှင့် သူ၏နောက်လိုက်များသည်

အလင်းတန်းများအဖြစ်ပြောင်းလဲပြီး မြောက်ပိုင်းနယ်မြေဘက်သို့ ဦးတည်ပျံသန်းသွားကြသည်။

ဆည်းဆာနတ်ဘုရားက ထွက်ခွာမသွားသေးဘဲ အလင်းတန်းများပျောက်ကွယ်သည်အထိ ငေးကြည့်နေခဲ့သည်။အတန်ကြာမှ သက်ပြင်းချကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

......................

ချင်းရွှေရွာသည် တိတိဆိတ်အေးချမ်းလျှက်ရှိ၏။

ရွာလူကြီးနှင့်နတ်ကွန်းတာဝန်ခံတို့မှာ မြို့သို့ ပစ္စည်းဝယ်ရန် သွားနေကြသည်။

ကျိယွမ်သည် သွေးရောင်လွှမ်းသော ကောင်းကင်ကို မော့ကြည့်ကာ တစ်ခုခုကို စဥ်းစားနေ၏။

သူသည် မြေကျင်းထဲတွင် အမြဲတမ်းအိပ်စက်ခဲ့သော်လည်း ယခုအခါမှာတော့ တားမြစ်နယ်မြေမှ အဝတ်အစားမကောင်းဆိုးရွားများကဲ့သို့ သစ်ပင်ပေါ်တွင် တွဲလောင်းခိုအိပ်ရန် ဆုံးဖြတ်လိုက်သည်။

"သတို့သမီးလေး.. ငါတို့ ဒီည သစ်ပင်ပေါ်မှာ အိပ်ကြမလား"

သတို့သမီးလေးက မည်သည့်တုန့်ပြန်မှုမှ မပြပါ။

"ငါ့သဘောလို ပြောတာပေါ့လေ ၊ အဲဒါဆိုလည်း သစ်ပင်ပေါ်မှာပဲအိပ်ကြတာပေါ့ ၊ မြေကြီးထဲမှာ အမြဲအိပ်တာက ကျန်းမာရေးအတွက် မကောင်းဘူး"

ကျိယွမ်က မြင့်မားသောသစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ကာ အဖျားပိုင်းမှ ကိုင်းတစ်ကိုင်းတွင် တွဲလောင်းခိုလိုက်သည်။

လေညင်းခံရင်း ကြယ်များက်ုကြည့်ရသည်မှာလည်း ရိုမန်တစ်ဆန်သည်ဟု ရုတ်တရက် ခံစားရ၏။

သို့သော် ကျိယွမ်သည် ထူးဆန်းစွာပင် ချက်ချင်းအိပ်မပျော်နိုင်ဖြစ်နေသည်။

ငါဂိမ်းထဲက ခဏထွက်ကြည့်ရင်ကောင်းမလား။

သူ့အတွက်ခက်နေသည်မှာ ဂိမ်းလောက၏ အချိန်စီးဆင်းမှုမှာ ထူးဆန်းနေခြင်းပင်။ ဂိမ်းထဲမှ ထွက်လိုက်လျှင် သူက အရေးကြီးသောတစ်ခုခုကို လွတ်သွားမည်ဟု ခံစားနေရ၏။

မည်သည့်အရာဖြစ်မည်ဟု မသိသော်လည်း ထားခဲ့ရမည်ကို အလွန်စိတ်မချဖြစ်နေ၏။

ဒီနေရာရဲ့ဆယ်နှစ်က အပြင်လောကရဲ့ မိနစ်ပိုင်းတောင် ရှိပါ့မလား။

သူက မရေရာမသေချာသဖြင့် ထွက်ရမည်ကို ဝန်လေးနေမိသည်။

ငါ့နောက်လိုက်တွေ အင်အားကြီးသွားမှ စဥ်းစားတာပေါ့ ။

ထို့နောက် သူ၏စိတ်က လက်ရှိအခက်အခဲများအကြောင်းကို ရောက်သွားပြန်သည်။သူက အင်အားတည်ဆောက်နေဆဲအချိန်ဖြစ်ပြီး အမှားမရှိအောင်ဂရုစိုက်နေရသည်။

ကျိယွမ်သည် သူ၏နောက်လိုက်များဖြစ်သော နဂါးနိုင်သူတော်စင်နှင့် ကျားနိုင်သူတော်စင်တို့ကို စစ်မှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ကူညီပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့အတူ သူကိုယ်တိုင်လည်း စစ်မှန်နတ်ဘုရားအဖြစ်သို့ မတတ်ရောက်နိုင်ဖြစ်နေ၏။

ထိုအရာသည် အစွမ်းထက်လွန်းသော ပုံရိပ်များကို ဖော်ဆောင်ခြင်းကြောင့် ခရမ်းရောင်နန်းတော်အဆင့်တွင် ပိတ်မိနေခြင်းလား သို့မဟုတ် ထူးချွန်သူများကို စစ်မှန်နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်စေရန် အတားအဆီးတစ်ခုခုကို ချမှတ်ထားသလားဟု မည်သူမှ မခွဲခြားနိုင်ကြပေ။

အတားအဆီးချထားတယ်ဆိုရင် ဘယ်သူချတာလဲ။

ကောင်းကင်တိုင်လုံးထဲက သတ္တဝါကချထားတာလား ၊ ဖန်ထုန်နယ်မြေအပြင်ဘက်က သတ္တဝါက ချထားတာလား။

ဒီပြဿနာကို ဘယ်လိုရှင်းရမလဲ။

ကျိယွမ်မှာ အိပ်မပျော်နိုင်ဘဲ အတွေးများနေတော့သည်။

ထိုအချိန်တွင် ဖေးဟွမ်မြို့၌ဖြစ်သည်။

မြို့စားအိမ်တော်သို့ ဝမ်မိသားစုမှ လူငါးဦး ရောက်ရှိလာသည်။ ဝမ်မိသားစုသည် ဖေးဝူမြို့ရှိ အရက်ဆိုင်အများစုကို ပိုင်ဆိုင်သော ဩဇာရှိသည့် မိသားစု ဖြစ်၏။

"ဝမ်ကတော်... ဘာကိစ္စရှိလို့လဲ"

ဟွမ်မုန့်ရင်က အမျိုးသမီးကြီးအား မေးမြန်းလိုက်သည်။

ဝမ်ကတော်ဟူသော အမျိုသမီး၏ ပုံစံကအရေးတကြီးနိုင်ကာ စိုးရိမ်နေပုံရှိသည်။

"ဧကရာဇ်မင်းကြီး နတ်ရွာစံသွားပြီ။ အခု မင်းသား (၃) နန်းတက်ပြီ"

"ရှင်..."

ဟွမ်မုန်ရင်၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့သည်။

မင်းသား ၃ က အာဏာရသွားတာလား။

မင်းသား (၃) သည် ခေတ်သစ်မိစ္ဆာနတ်ဘုရားများကို ကိုးကွယ်သူပင်။ ထီးနန်းလုပွဲ၌ပင် မိစ္ဆာနတ်ဘုရားများ၏ ကူညီမှုများကို ယူခဲ့မည်မှာ သေချာ၏။

မင်းသား ၃ နန်းတက်သွားခြင်းသည် တိုင်းပြည်အတွက် သေချာပေါက် အမှောင်ထုထဲသို့ ကျရောက်တော့မည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။

"အခုဆိုရင် နန်းတွင်းထဲက ရှေဟောင်းနတ်ဘုရားကို ထောက်ခံသူတွေကို ဖိနှိပ်နေပါပြီ၊ အမတ်ကြီး ကျူးကော့လည်း ရာထူးကနေ ထုတ်ပယ်ခံရတယ်တဲ့"

ထို့ကြောင့် ဝမ်မိသားစုသည် တိုင်းပြည်မှ ထွက်ခွာရန် ပြင်ဆင်နေပြီး ဟွမ်မိသားစုကိုလည်း အတူလိုက်ရန် လာရောက်ဖိတ်ခေါ်ခြင်းပင်။

"သခင်မလေး အချိန်ရတုန်း မြန်မြန်ဆုံးဖြတ်စေချင်ပါတယ်"

ဝမ်ကတော်၏ ဖိတ်ခေါ်မှုကို ဟွမ်မုန်ရင်က ချက်ချင်းလက်မခံခဲ့ပါ။ ဝမ်မိသားစုနှင့် ဟွမ်မိသားစုက အခြေအနေချင်း မတူပေ။

ငါတို့က ကိုယ်လွန်ရုန်းသွားရင် ငါ့မြို့သားတွေကို ဘယ်လိုမျက်နာပြရတော့မှာလဲ။

ထို့ကြောင့် သူမက မယုတ်မလွန်သာ တုန့်ပြန်လိုက်သည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ် ဝမ်ကတော်၊ ဒီကိစ္စကို သေသေချာချာစဥ်းစားလိုက်ပါ့မယ်"

ဝမ်ကတော်ကလည်း ထပ်မံအရေးမဆိုတော့ပါ။သူမတို့က အမြန်ဆုံးထွက်ခွာရန်စီစဥ်ထားပြီမို့ ဟွမ်မုန်ရင်အား နှုတ်ဆက်ကာ အရေးတကြီး ပြန်သွားလေသည်။

ဝမ်ကတော်တို့ ထွက်ခွာသွားသည်နှင့် ဟွမ်မုန့်ရင်က ယခုသတင်းကို ကျိယွမ်ထံ အမြန်သတင်းပို့ရန် စီစဉ်ရတော့သည်။

ဘာပဲပြောပြော အခုချိန်မှာ မိစ္ဆာနတ်ဘုရားတွေကို အံတုရဲတာ သူပဲရှိတော့တာ။

...............

ဖေးဟွမ်မြို့မှ ထွက်ခွာလာသော လမ်းမတွင်ဖြစ်သည်။

မြောက်ပိုင်းနယ်မြေမှ ထွက်ခွာရန်အတွက် ခရီးသွားများသည် ချင်းရွှေရွာပိုင်နက်ကို ဖြန်သန်းရ၏။

ဝမ်မိသားစု၏ လှည်းတန်းသည်လည်း ချင်းရွှေရွာပိုင်နက်သို့ ရောက်ရှိလာခဲ့သည်။

"သခင်မကြီး..ရှေ့မှာ ချင်းရွှေရွာက နတ်ဘုရားအချို့ရှိနေပါတယ် ၊ တစ်ခုခုကို ရှာဖွေနေပုံပဲ"

လှည်းသမားက ဝမ်ကတော်အား တင်ပြလိုက်သည်။

"ဘာမှ မဖြစ်ဘူး ၊ သူတို့က မိစ္ဆာနတ်ဘုရားဘက်တော်သားတွေ သူတို့ရွာထဲရောက်မနေအောင် စစ်နေကြတာနေမှာ ၊အမေ ..နားနေလိုက် ၊ သမီး ရှင်းပြလိုက်မယ်"

ဝမ်မိသားစု၏ သမီးတစ်ယောက်ဖြစ်သော ဝမ်ဝမ်ယာက ထိုသို့ပြောကာ လှည်းပေါ်မှ ဆင်းခဲ့သည်။

သူမလှမ်းကြည့်လိုက်သောအခါ စစ်ဆေးနေသူများကို ဦးဆောင်နေသူမှာ သူမ သိနေသူတစ်ယောက်နှင့်တူနေ၏။

"ကျောက်ကျွင်းလား..."

သူမ၏ အသံကြောင့် ထွားကြိုင်းသောလူငယ်တစ်ယောက်က လှည့်ကြည့်လာ၏။

"ဝမ်ယာလား..နင်တို့ဘယ်သွားမလို့လဲ ၊ ဒီအချိန် အပြင်မှာ အရမ်းအန္တရာယ်များတယ်"

ချင်းရွှေရွာလက်အောက်ခံဒေများမှ လွဲလျှင် ကျန်သောနေရာများ၌ မိစ္ဆာနတ်ဘုရားများလက်အောက်ခံများဖြစ်ပြီး မထင်လျင်မထင်သလို ရမ်းကားတတ်ကြ၏။

ကျောက်ကျွင်းမှာ ယခင်က ဝမ်ဝမ်ယာနှင့် ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသောကြောင့် ငယ်သူငယ်ချင်းဖြစ်သူကို ပြန်တွေ့သောအခါ စေတနာနှင့် သတိပေးခဲ့ခြင်းပင်။

ယခုအချိန်က ခရီးထွက်၍ ကောင်းသောပာလမျိုးမဟုတ်ပေ။

ဝမ်ဝမ်ယာက ကျောက်ကျွင်းအား လက်ရှိအခြေအနေအား တီးတိုးရှင်းပြလိုက်သည်။

ကျောက်ကျွင်းက သူမ၏စကားကို နားထောင်ရင်းမှ ထိုကိစ္စ၏အရေးပါပုံကို သဘောပေါက်သွားသည်။

ဒီကိစ္စ အရှင်မြတ်ကို တင်ပြရမယ်။

"ကျောက်ကျွင်း ...နင်လည်းမိသားစုမရှိတော့ဘူးမှတ်လား ၊ ငါတို့နဲ့ လိုက်ခဲ့လေ ၊ အမေကလည်း နင့်ကိုသိပြီးသားပဲ ၊ သဘောတူမှာသေချာတယ် ၊ ငါတို့လည်း အားကိုးဖို့ လူရတာပေါ့ "

ဝမ်ဝမ်ယာက ကျောက်ကျွင်းအား သူတို့နှင့်အတူ လိုက်ခဲ့ရန် ဖိတ်ခေါ်နေသည်။ သေချာကြည့်လျှင် သူမ၏ လည်ပင်းလေးများနီရဲကာ ရှက်နေကြောင်းတွေ့နိုင်၏။

သူမက ကျောက်ကျွင်းအပေါ် ငယ်စဥ်ကပင်သံယောဇဥ်ရှိသူလေးပင်။ အခြေအနေများကြောင့် ကွဲကွာခဲ့ရာမှ ပြန်ဆုံချိန်တွင် တတ်နိုင်သမျှ အကူအညီပေးချင်နေ၏။

"ငါ့ကို နင်နဲ့အတူ လိုက်စေချင်တာလား"

ကျောက်ကျွင်းက တီးတိုးရေရွတ်ရင်းမှ

အဝေးမှ လှည်းတန်းကို လှမ်းကြည့်မိသည်။

ထိုအခိုက် လှည်းပြတင်းပေါက်မှ ခေါင်းပြူကာ သူတို့အားအကဲခတ်နေသော ဝမ်ကတော်ကို မြင်ရ၏။

ကျောက်ကျွင်းက သူမအား အဝေးမှအရိုအသေပြုကာ နှုတ်ဆတ်လိုက်သည်။

ဝမ်ကတော်က သူ့အားမှတ်မိဟန်တူသည် ။ ပြုံးကာ ခေါင်းညိတ်ပြလေသည်။

"ဘယ်လိုလဲ ၊ ကျောက်ကျွင်း ...နင် ငါနဲ့ လိုက်ခဲ့မှာလား "

သူ့အားမျှော်လင့်သောမျက်ဝန်းလေးများဖြင့်ကြည့်နေသော ဝမ်ဝမ်ယာကို ငေးကြည့်ကာ ကျောက်ကျွင်းက သက်ပြင်းကြိတ်ချလိုက်မိသည်။

ထို့နောက် သူက ခေါင်းယမ်းပြလိုက်၏။

"ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ငါ့ရဲ့ အနာဂတ်က မူလနတ်ဘုရားအရှင်ပေးထားတာ။ ငါ ဘယ်မှ မသွားဘူး"

သူက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

ဝမ်ဝမ်ယာက အနည်းငယ်အံ့သြသွားသေူ်လည်း ထပ်မံမဖိတ်ခေါ်တော့ဘဲ လှည်းသို့ပြန်သွားလေသည်။

ဝမ်ကတော်က ကျောက်ကျွင်း၏ အရှိန်အဝါသည် အလွန်ထူးကဲနေကြောင်း သတိပြုမိ၏။

"တစ်နှစ်အတွင်းမှာ ဒီလောက်အထိ တိုးတက်လာတာဆိုတော့ သူကျင့်ကြံတဲ့ နတ်ဘုရားပုံရိပ်က တကယ်ကို အစွမ်းထက်တာ ဖြစ်မယ်"

"ဒါပေမဲ့ ဒီနယ်မြေက ကျဆုံးနေပြီ ၊ သူကမထွက်ခွာချင်မှတော့ ဘယ်တတ်နိုင်မလဲ"

ဝမ်မိသားစုကတော့ အန္တရာယ်ရှိသော ဤနယ်မြေတွင် မနေနိုင်သဖြင့် မူလအစီအစဥ်အတိုင်း ဘေးကင်းရာနေရာသို့ ဆက်လက်ထွက်ခွာသွားကြသည်။

ဝမ်ဝမ်ယာက ကျန်နေခဲ့သော ကျောက်ကျွင်း၏ ပုံရိပ်ကို လှည်းပြတင်းမှ မသိမသာလှည့်ကြည့်နေရှာသည်။

သူက ပြတ်သားလိုက်တာ ၊ ငါ့အပေါ် တကယ်သံယောဇဥ်မရှိဘူး ထင်ပါတယ်။

All Chapters