← Chapters

ငါ့ကိုမြန်မြန်လာသတ်စမ်း

Vol. 1 Ch. 2

ငါ့ကိုမြန်မြန်လာသတ်စမ်း

Vol. 1 Ch. 2

အလှအပက မျက်စိအစာကျွေးစရာဆိုပေမယ့် ကျန်းချန်ဆိုတာ စွမ်းဆောင်ရည်ကောင်းကို တန်ဖိုးထားတဲ့ 'အလုပ်ဦးစားပေး' သူ ယောက်ျားကောင်းတစ်ဦးပေပဲ။

ငါ့ကို မြန်မြန်လာသတ်လှည့်။ ငါသေပြီးရင် အဆင့်တက်နိုင်ပြီ။

အချိန်မဖြုန်းနဲ့တော့။

"ဒင်၊ လက်ခံသူ၏ လက်ရှိအပြုအမူကြောင့် စနစ်မှ ကြင်နာစွာသတိပေးလိုက်ပါသည်။ ပြိုင်ဘက်ကို ရန်စခြင်းအား လက်ခံနိုင်သော်လည်း ၎င်းတို့ကို သင့်အားသတ်ရန်ပြောခြင်းကို လက်ခံသူ၏ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးပမ်းမှုအဖြစ် မှတ်ယူပါမည်။ သင် ကိုယ့်ကိုယ်ကိုယ်သတ်သေလိုလျှင် ၎င်းဆန္ဒကို စနစ်မှ ဖြည့်ဆည်းပေးပါမည်။"

*ဖူး*

စနစ်၏သတိပေးချက်ကြောင့် ကျန်းချန် သွေးအန်ရလေ၏။

ဤအကြံအစည်ကား ပြီးပြည့်စုံလှသည်ဟု တွေးထားခဲ့လေရာ- အပြင်ထွက်နိုင်သည်နှင့် သူ့ကိုသတ်ရန် နေရာတကာသွား၍ ရန်စမည်။ ပိုက်ဆံပေး၍ပါ သတ်ခိုင်းဦးမည်။

ကမ္ဘာ့အသန်မာဆုံးကိုတွေ့ရင် သူအသန်မာဆုံးဖြစ်လာမှာမလား။ အခုတော့မဖြစ်နိုင်‌တော့ပြီ။

ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ်သတ်သေတာတဲ့လား။

"ရှင်ဘာပြောလိုက်တာလဲ။"

ကျိလင်းဟန်မှာ သူ့ရှေ့ရှိလူငယ်ကို အံ့ဩစွာကြည့်မိသည်၊ နားကြားမှားသွားသလားပေါ့။

ဒီလူလောက်ချောတဲ့သူ သူ့ဘဝမှာမမြင်ဖူးဘူး။ မျက်နှာကျမှာ ကောင်းကင်၏မျက်နှာသာပေးခြင်းခံရသကဲ့သို့ ဘယ်လိုကြည့်ကြည့် ပြည့်စုံလှ၏။

ထို့အပြင် ကြီးမြတ်သော ကောင်းကင်တာအို၏ အငွေ့အသက်ကိုလည်း သယ်ဆောင်ထားသေးသည်။

ကျန်းချန်၏ ပုံပန်းသွင်ပြင်ကို ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်နှင့် ကိုက်ညီစေရန် စနစ်ကပြုပြင်ပေးထားခြင်းဖြစ်သည့်အတွက် ၎င်းမှာ ပုံမှန်သာဖြစ်သည်။

ဒါပေမယ့်လည်း ဒီလူချောလေးက ခေါင်းမကောင်းဘူးထင်တယ်။

သူ့ကိုသတ်ဖို့တောင်းဆိုနေတယ်။

"ဘာမှမဟုတ်ပါဘူး။"

ကျန်းချန် အမြန်အဆန်ပဲ လက်ရမ်းလိုက်ပြီး သူဘာမှမပြောခဲ့သလိုဟန်ဆောင်ပြုံးလိုက်လေ၏။

ရန်စလိုက်တာကြောင့်များ အသတ်ခံရရင် ရင်နာရမှာ။

မျက်နှာခြင်းဆိုင်မှာရှိတဲ့ ကျိလင်းဟန်က အခုမှသတိထားမိသွားတယ်၊ ပါးစပ်လေးကိုလက်နဲ့အုပ်လို့ အံ့ဩစွာဖြင့်

"ရှင်က သာမန်လူလား၊ ဘယ်လိုလုပ်ပြီး ဒီထဲရောက်နေတာလဲ။"

သူက ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့ရဲ့နတ်အာရုံကိုသုံးလို့ အာရုံခံကြည့်လိုက်တဲ့အခါ ကျန်းချန်ရဲ့ကိုယ်တွင်းမှာ ဝိညာဉ်ချီမရှိတာတွေ့သွားတယ်။

"သာမန်လူက ဝင်လာလို့မရဘူးလား။"

ကျန်းချန်က အဖြေကိုသိလိုစိတ်နဲ့မေးလိုက်တယ်။

"ဒီနေရာက စည်းပိတ်ထားတဲ့ သီးသန့်နေရာတစ်ခုပဲ။ ဖိအားက အရမ်းပြင်းထန်တယ်။ သာမန်လူတစ်ယောက် ဒီနေရာကိုဝင်လာရင် သွေးကြောတွေပေါက်ကွဲပြီး သေသွားလိမ့်မယ်။"

ဟမ်၊ ဒီလိုဆိုရင် သူ ဘာလို့ အစကတည်းက ဘာမှမခံစားမိတာလဲ။

စနစ်ကများငါ့ကို ကာကွယ်ပေးထားတာလား။

"ဟူး.."

ကျန်းချန်မှာ သက်ပြင်းရှည်ကြီးချပြီး သူ့စိတ်ခံစားချက်ကို ပြန်ပြင်လိုက်၏။

"ကောင်မလေး၊ ဒီအဖိုးကြီးက ဒီနေရာမှာထိုင်နေတာ နှစ်တစ်ထောင်ကျော်ပြီ၊ ကံစပ်တဲ့သူကိုစောင့်နေခဲ့တာ။ ဂုဏ်ယူပါတယ်ကောင်မလေး၊ နင်က ကံစမ်းမဲပေါက်ပါတယ်။"

*အဟိ*

"နှစ်တစ်ထောင် ဟုတ်လား။"

ကျိလင်းချန်မှာတော့ မကြာခင်ကမှ နောက်ကလိုက်ဖမ်းခံထားရပေမယ့် အခုတော့ ဒီစကားတွေကိုကြားလို့ ရယ်မိသွားတယ်။

"လျှောက်ပြောမနေနဲ့။ သာမန်လူတစ်ယောက်အတွက် နှစ်တစ်ထောင်မပြောနဲ့ နှစ်တစ်ရာလောက်အသက်ရှင်ဖို့ဆိုတာ အလွန်ခက်တယ်။"

သူမယုံတာသဘာဝကျပါတယ်။ ကျင့်ကြံသူတစ်ယောက်အတွက် ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားဖို့ဆိုရင် အနည်းဆုံးတော့ သူတော်စင်အဆင့်ကို ရောက်နေဖို့လိုတယ်လေ။ သူ့ရှေ့ကလူမှာ ဝိညာဉ်ချီတစ်စက်မှမရှိတာ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကျန်းချန် လက်ကိုနောက်ပစ်လို့ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။

သူ နောက်တစ်ခုထပ်မေးတာက

"ဒီဂူက ဒီလောက်နက်တာ၊ သာမန်လူတစ်ယောက် ပြုတ်ကျလာရင် အသက်ရှင်နိုင်ပါ့မလား။"

မေးခွန်းကို မေးခွန်းနဲ့ပြန်ဖြေတာက လက်ဦးမှုယူတာပဲလေ၊ ဟုတ်တယ်မလား။

ကျိလင်းချန်က အဲ့ဒါကိုတွေးကြည့်လိုက်တော့ မှန်နေတာ သွားတွေ့တယ်။ သူ့လို ခန္ဓာကိုယ်တည်ဆောက်ခြင်း၊ သွေးကြောဖွဲ့တည်ခြင်းပြီးစီးလို့ မူလဖြစ်တည်မှုအတွက် ယွမ်ချီစုစည်းနေတဲ့ ကျင့်ကြံသူတစ်ဦးတောင် ပြုတ်ကျလို့ ခန္ဓာအနှံ့ ဒဏ်ရာရသေးတာပဲ။ သာမန်လူသာဆို အသားပုံဖြစ်သွားမှာပဲလေ။

"ဒါဆို ရှင့်မှာ ဘာလို့ ဝိညာဉ်ချီ လုံးဝမရှိတာလဲ။"

ကျန်းချန်က အကြောင်းပြချက်တစ်ခုကို ပြင်ဆင်ထားပြီးပြီလေ။

"ဒီလူအိုကြီးက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ဆရာသခင်ထိုက်ချူပါ၊ ဒေသတစ်ခုလုံးကို ကြီးစိုးခဲ့တာပေါ့။ ငါ့ရဲ့ရန်သူကြီးနဲ့ တစ်ယောက်ချင်းတိုက်ခိုက်နေတုန်းမှာ ခြုံခိုတိုက်ခိုက်ခံရလို့ ကျင့်ကြံမှုကို စည်းပိတ်ခံလိုက်ရပြီး ဒီနေရာမှာ ထောင်ချောက်မိနေတာပဲ။"

"ကောင်မလေး၊ ဒီလူအိုကြီးကိုသာ အပြင်ခေါ်ထုတ်သွားပေးရင် ဒီလူအိုကြီးက ကံကြမ္မာကောင်းတွေပေးမယ်။"

သူ့မှာ ကနဦးဇုန်ကတောင်မထွက်ရေသေးဘူး၊ ကံကြမ္မာကောင်းဆိုတာ ဘယ်မှာရှိမှာလဲ။ ဒါပေမယ့် ကျိလင်းရှန်ကို လှည့်ဖျားဖို့ သေသေချာချာ ကြိုးပမ်းရမှာပေါ့။

ကျိလင်းချန်ကတော့ ဒီဆရာသခင်ထိုက်ချူကို တစ်ခါမှမကြားဖူးပေမယ့် ဖေးယွင်စီရင်စုက ကျယ်ပြောလှတယ်။ စီရင်စုခုနှစ်ခုပါဝင်ဖွဲ့စည်းထားပြီး ချင်လန်စီရင်စုတစ်ခုတည်းကိုက မိုင်ထောင်ပေါင်းများစွာကျယ်ပြီး မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေ၊ မိသားစုတွေရှိတာကြောင့် ကျွမ်းကျင်သူတိုင်းရဲ့နာမည်ကိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အထူးသဖြင့် သူက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဖြစ်နေတော့ ပိုဆိုးတာပေါ့။

နှစ်တစ်ထောင်လောက်အသက်ရှင်ဖို့ဆိုတာ ကောင်းကင်ကံကြမ္မာ အဆင့်မှာ ရှိနေမှရမှာ။

ကျင့်ကြံမှုအဆင့်တွေက ခန္ဓာကိုယ်သန့်စင်ခြင်း၊ သွေးကြောဖွဲ့တည်ခြင်း၊ ချီစုစည်းခြင်း၊ ဝိညာဉ်ပုံဖော်ခြင်း၊ မူလဖြစ်တည်ခြင်း၊ ဝိညာဉ်ခွဲထုတ်ခြင်း၊ ဝိညာဉ်အခြေတည်၊ ကောင်းကင်ကံကြမ္မာ၊ တာအိုနန်းတော်ဆိုပြီး အဆင့်ဆင့်ရှိတယ်။

ကောင်းကင်ကံကြမ္မာအဆင့်ဆိုတာ ချင်လန်စီရင်စုတစ်ခုလုံးမှာရှိတဲ့ အမြင့်ဆုံးအဆင့်ထက် ပိုမြင့်နေတော့ ကျိလင်းဟန်တစ်ယောက် အဲ့ဒီအဆင့်မှာရှိတဲ့ အားကြီးတဲ့အစွမ်းနဲ့ နတ်အစွမ်းတွေကို စိတ်ကူးတောင်ယဉ်မကြည့်နိုင်ဘူး။ သူ့ရှေ့ကလူက အဲ့လိုပုံမျိုးမရှိနေတာ သေချာတယ်။

"စီနီယာ"

သူ့ကိုမယုံပေမယ့်လည်း သတိထားတာမမှားပါဘူး၊ ဆိုတော့ အခေါ်အဝေါ်ပြောင်းလိုက်တာပေါ့။

"ကျွန်မလည်းပျံမတက်နိုင်ဘူးရယ်။"

"ဟမ်၊ မင်းလည်းမပျံနိုင်ဘူးလား။"

"ကျွန်မ ပျံနိုင်ပါတယ် ဒါပေမယ့် ဒီနေရာက စည်းပိတ်ထားတဲ့မြေပြင်လေ၊ ဝိညာဉ်ခွဲထုတ်ခြင်းမဆင့်မရောက်မချင်း ဒီနေရာကဖိအားကို မကျော်လွှားနိုင်ဘူး။"

ကျန်းချန် အတော်စိတ်ပျက်သွားတယ်။ ဒီ 'ကိရိယာ' လေးက လုံလောက်အောင်မသန်မာဘူး။

သူ့ကို နည်းနည်းခြင်း ဉာဏ်အလင်းဖွင့်ပေးရမယ့်ပုံပေါက်နေတယ်။ အချိန်တန်ရင်တော့... သူက မျှော်လင့်ချက်ပြည့်မီပြီး သူ့ကိုသတ်ပေးနိုင်မယ်ထင်ရတယ်။

"သူ့ကိုတွေ့ပြီ။"

"သူဒီမှာ။"

ရုတ်တရက်ဆိုသလို ဂူအဝင်ဝမှာ အလောတကြီးအော်သံတွေထွက်ပေါ်လာပြီး လူလေးယောက် ခုန်ဆင်းလာတော့တယ်။

"ချီးထုပ်မလေး၊ နင်ဘယ်ပြေးနိုင်ဦးမလဲ ကြည့်ချင်သေးတယ်။"

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ရက်စက်ပြတ်သားတဲ့မျက်နှာပေါက်ရှိတဲ့ မိန်းမတစ်ဦးက ကျိလင်းဟန်ကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ဓားနဲ့ရွယ်ပြီးပြောသည်။ သူ့နောက်မှာတော့ အခြားယောက်ျားလေးတပည့်သုံးယောက်က ချက်ခြင်းပဲ တိုက်ခိုက်မယ့် ပုံစံဖော်လေ၏။

*သူတို့က သေချာပေါက်ကို လေ့ကျင့်ထားကြတာပဲ* ကျန်းချန် တိတ်တိတ်လေးညည်းညူမိလေသည်။

"ယောင်ယွင်ရွှမ်၊ ရှင်တကယ်ပဲ ကျွန်မကို လက်စဖျောက်တော့မှာလား။"

ကျိလင်းဟန် ရှေ့ထွက်လာပြီး ကျန်းချန်ကို ကွယ်၍ပြောလိုက်၏။

ဤအပြုအမူလေးက သူ့ 'ကိရိယာ' အပေါ် ထင်မြင်ချက်ကောင်းတစ်ခုရစေသည်။

"ဟမ့် ကျိလင်းဟန်၊ နင် အရင်က အရမ်းအစွမ်းထက်နေတာမလား။"

"မနှစ်က ဂိုဏ်းခုနှစ်ဂိုဏ်းပြိုင်ပွဲမှာ လူတွေရှေ့မယ် ငါ့ကိုအနိုင်ယူပြီး မျက်နှာပျက်ရအောင်လုပ်ခဲ့တာလေ။ ပျော်ခဲ့တယ်မလား။"

"အခု နင့် ဖေးရှန်ဂိုဏ်း ဖျက်စီးခံရတော့ ပျော်နိုင်သေးရဲ့လား။"

All Chapters