စိတ်ကူးယဉ်ကမ္ဘာကို ကူးပြောင်းသွားတဲ့ ကျန်းချန်တစ်ယောက် စစချင်းမှာပဲ အသက်ပေါင်း သန်း ၁၀၀ ရရှိသွားသည်။ သူအသတ်ခံရတိုင်း သူ့ကိုအသက်ပြန်ရှင်စေ၍ ပြိုင်ဘက်ကိုအနိုင်တိုက်ရန် ကျပန်းအစွမ်းတစ်ခု ရရှိမည်ဖြစ်၏။ ဒီအချိန်ကစပြီး သူကြိုးစားသမျှက အသတ်ခံရဖို့... "ဒင်၊ လက်ခံသူကို အသက်ပြန်သွင်းလိုက်သည်။ ပြိုင်ဘက်၏ဖခင်ထံမှ ခွန်အားအားလုံးကို ရရှိသည်။" နိုင်ငံတစ်ခုရဲ့အင်ပါယာ- "သေပြီလား၊ ကျန်းချန်ဆိုတာ ဒါလေးပဲလား။" "ဒင်၊ လက်ခံသူကို အသက်ပြန်သွင်းလိုက်သည်။ ဘိုးဘေးနဂါး၏အစွမ်း ပေးသနားလိုက်သည်။" အထက်လောကမှအင်မော်တယ်- "ဒီကျန်းချန်က အရမ်းစွမ်းတယ်ထင်နေတာ။ မီးခိုးမြူထဲ တစ်ချက်ချစာပဲရှိတာပါလား။" "ဒင်၊ လက်ခံသူကို အသက်ပြန်သွင်းလိုက်သည်။ ရှေးဟောင်းမိစ္ဆာသခင်၏သွေးကို ရရှိသည်။" မြင့်မြတ်နယ်မြေတစ်ခုမှ သူတော်စင်မ- "ဒီလောက်ပဲလား။" "ဒင်၊ လက်ခံသူကို အသက်ပြန်သွင်းလိုက်သည်........" အစ်ကိုကြီးချန်- အသတ်ခံရတဲ့အရေအတွက် အကန့်အသတ်ရှိမယ်ဆိုရင် အကြိမ်ပေါင်း သန်း ၁၀၀ ရှိဖို့ မျှော်လင့်တယ်။

