အဆုံးမဲ့ အရှက်မရှိမှု
Vol. 3 Ch. 29
“ဒင်... လက်ခံသူကို အသက်ပြန်သွင်းပြီးပါပြီ။”
ဖုန်မှုန့်အဖြစ် ချေမှုန်းခံခဲ့ရသော ကျန်းချန်သည် မိုးကြိုးငါးပါးဂိုဏ်း၏ ရင်ပြင်ထက်တွင် လေဟာနယ်ထဲမှ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သူ့ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စက်မျှ မရှိတော့ဘဲ ကောင်းကင်ဘုံပျက်စီးခြင်း၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်၏ ပြီးပြည့်စုံသော ကြွက်သားအချိုးအစားမှာ အားလုံးရှေ့တွင် ထင်ရှားနေတော့သည်။
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဆံပင်တစ်ပင်မှ မကျန်တော့သည်အထိ သေဆုံးသွားရာမှ ပြန်လည်ရှင်သန်လာခြင်းမှာ အံ့ဖွယ်ဖြစ်ရုံသာမက၊ ထိုခန္ဓာကိုယ်မှာလည်း အပြစ်ဆိုဖွယ်မရှိအောင် လှပလွန်းနေသည်။
အမျိုးသားတပည့်များမှာ လှောင်ပြောင်ရန်ပင် မစွမ်းသာဘဲ မနာလိုစိတ်များဖြင့်သာ တောက်ခေါက်နေကြရပြီး သူ့ကို နောက်တစ်ကြိမ် ထပ်မံချေမှုန်းပစ်ချင်စိတ်များ ပေါက်နေကြသည်။
စနစ်သည် ပြန်လည်ရှင်သန်ခြင်းကိုသာ အာမခံပြီး အဝတ်အစားကိုမူ အာမမခံပေ..............
ကျန်းချန်သည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဝတ်ရုံတစ်ထည်ကို အလျင်အမြန် ထုတ်ဝတ်လိုက်ရ၏။
ဤလူများမှာ ကြည့်ရှုခပေးထားသူများ မဟုတ်သဖြင့် အလကားမပြနိုင်ပေ။
ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်ရန် လေထဲသို့ပျံတက်နေကြပြီဖြစ်သော ဟွမ်ဖူကျီတျန်နှင့် အပေါင်းအပါများသည် လေထဲတွင်ပင် ရုတ်တရက်ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ဖွဲ့လုံး မှင်တက်သွားကြရသည်။
“မင်း... မင်းက အသက်ရှင်နေသေးတာလား.........”
ကျန်းချန်သည် ထိုသူ၏ သတ်ဖြတ်မှုအပြီး ပြောဆိုခဲ့သော စကားလုံးတိုင်းကို ကြားခဲ့ပြီးဖြစ်သည်။
သူက အေးအေးလူလူပင် ဆိုလိုက်သည်။
“ဒီဂိုဏ်းချုပ်က မင်းတို့ရဲ့စိတ်ဓာတ်တွေကို စမ်းသပ်ကြည့်ရုံသက်သက်ပဲ။ ကြည့်ရတာ မင်းတို့က တော်တော်လေးကို သတ်ဖြတ်ချင်စိတ်များလှပါလား”
ဟွမ်ဖူကျီတျန် မျက်နှာတစ်ခုလုံး ပြာနှမ်းပြီး တုန်လှုပ်သွားတော့သည်။
အစောပိုင်းက ကျန်းချန်သေပြီဟုထင်မှတ်ကာ အောင်ပွဲခံနိုင်ပြီဟုယူဆခဲ့သဖြင့် သူသည် အလွန်အမင်း မောက်မာခဲ့သည်။ အခြေအနေများ ယခုကဲ့သို့ အလျှင်အမြန် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုမျှပြင်းထန်သော တိုက်ခိုက်မှုမှ ဒဏ်ရာမရဘဲ လွတ်မြောက်လာနိုင်ခြင်းမှာ ဝိညာဉ်အခြေတည်အဆင့်ရှိသူများပင် မစွမ်းဆောင်နိုင်သည့်အရာဖြစ်သည်။
“ဂိုဏ်းချုပ်ကျန်း၊ သေချာကြည့်ပါဦး... အဲ့ဒါ ကျွန်တော် အမိန့်ပေးခဲ့တာ မဟုတ်ပါဘူး”
သူသည် သူ့နောက်မှ အကြီးအကဲများကို လက်ညှိုးထိုးကာ မိမိကိုယ်ကိုယ် အပြစ်မှကင်းလွတ်အောင် အော်ဟစ်လိုက်သည်။
“သူတို့ဘာသာသူတို့ လုပ်ကြတာပါ၊ ကျွန်တော် တားချိန်တောင် မရလိုက်ဘူး”
ထို့နောက် သူသည် တပည့်များဘက်သို့ လှည့်ကာ အစွမ်းကုန် ဆဲဆိုကြိမ်းမောင်းတော့သည်။
“ပြီးတော့ သူတို့လည်းပါတယ်”
“သူတို့တွေက စည်းကမ်းကို ဖောက်ဖျက်တယ်၊ ကျွန်တော့်ရဲ့ တင်းကျပ်တဲ့ အမိန့်ကို လျစ်လျူရှုတယ်၊ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ကြတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ကျန်း... ကျွန်တော့်ကိုယ်စား သူတို့ကို အပြစ်ပေးပေးပါ”
အကြီးအကဲများမှာ ထိုစကားကို ဆက်လက်သည်းမခံနိုင်တော့ဘဲ သူတို့၏ ဂိုဏ်းချုပ်အပေါ် ထားရှိသော လေးစားမှုများမှာ ကွယ်ပျောက်သွားကြရ၏။
“ဟွမ်ဖူကျီတျန်... မင်းက တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ”
“ဂိုဏ်းချုပ်ကျန်း၊ အမှန်တရားကို ကြည့်ပါ။ အားလုံးကို သူပဲ ကြိုးကိုင်ခဲ့တာပါ”
“သူက ကျွန်တော်တို့ကို ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်ဖို့တောင် အတင်းအကျပ် ခိုင်းစေခဲ့တာ။ ကျွန်တော်တို့က အသက်အသေခံပြီး ငြင်းဆန်ခဲ့ပေမယ့် ဒီလူယုတ်မာက ကျွန်တော်တို့ရဲ့ မိသားစုတွေကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်..........”
“ကျွန်တော်တို့က ဂိုဏ်းချုပ်ကျန်းကို ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး...”
ကျန်းချန်မှာ လုံးဝကို အံ့ဩသွားရသည်။ မျက်နှာပြောင်တိုက်ခြင်းတာအိုမှာ အလွန်ပင် နက်ရှိုင်းကျယ်ဝန်းလှပေသည်။ သူ့ထက် အရင် ဤလမ်းကို လျှောက်လှမ်းသွားကြသည့် စီနီယာများမှာ များပြားလှသည်။
ဤလမ်းမှာ အလွန်ရှည်လျားပြီး ကွေ့ကောက်၏။ သူ သင်ယူရန် များစွာလိုအပ်နေသေးသည်။
အကယ်၍ အခြေအနေသာ ပေးမည်ဆိုလျှင် သူတို့၏ စကားလုံးများကို မှတ်စုစာအုပ်ထဲတွင် ကူးရေးထားပြီး နေ့ညမပြတ် လေ့လာချင်မိလေသည်.................
“မြန်မြန်လေး လုပ်ပေးလို့ ရမလား”
အစောကတည်းကရောက်နှင့်နေသည့် မျက်စိသုံးလုံးကျားသည် သူ၏ခြေထောက်ကလေးကို ဆန့်ထုတ်ကာ နားရွက်ကြားရှိ ရွှေရောင်အမွှေးစုလေးကို ခါယမ်းရင်း ပျင်းရိငြီးငွေ့စွာဖြင့် ဆိုလိုက်သည်။
ကျန်းချန်က တာဝန်မပေးသေးသဖြင့် ကြိုတင်လှုပ်ရှားနေခြင်းမှာ အပိုအလုပ်ဟု သူက ယူဆထားသည်။ သူက အလွန်သေးငယ်ပြီး အရှိန်အဝါများကိုလည်း ထုတ်မထားသဖြင့် မည်သူမျှ သတိမထားမိကြပေ။
ထိုပျင်းရိပြီး မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကိုကြည့်ကာ ကျန်းချန်သည် သနားစိတ် ရုတ်တရက် ဝင်လာမိသည်။ အမြဲတမ်း အခိုင်းခံနေရခြင်းကို မည်သူက သည်းခံနိုင်မည်နည်း။
စနစ်သည် ဆင့်ခေါ်အဆောင်ကို တစ်ကြိမ်သုံးအဖြစ်သာပေးသည်။ ဤကျားကို ထပ်ခါထပ်ခါ ဆင့်ခေါ်နေရမည့်အစား သူ့ကိုယ်ပိုင် "ဝိညာဉ်သားရဲ စီးတော်ယာဉ်" အဖြစ် ဘာကြောင့် မလုပ်ထားရမည်နည်း။
ကျန်းချန်သည် တစ်ဖက်သားကို ကူညီလိုစိတ်ဖြင့် ဤသို့လုပ်ခြင်းဖြင့် မျက်စိသုံးလုံးကျားသည်လည်း ခရီးသွားရသည့်ပင်ပန်းမှုမှ သက်သာသွားမည်ဟု တွေးလိုက်သည်။
မျက်စိသုံးလုံးကျား...
“ညောင်... ညောင်... မင်း ဘာပြောလိုက်တာလဲ............”
ကျန်းချန်က လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။
“သူတို့ကို အပြတ်ရှင်းလိုက်တော့။”
*ဝုန်း*
ကျားသည် နေရာမရွေ့ပေ။ သို့သော် ဝိညာဉ်လှိုင်းတစ်ခု အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွား၏။
ရင်ပြင်တစ်ခုလုံးတွင် ဘာမှမဖြစ်သယောင် ထင်ရသော်လည်း၊ တစ်စက္ကန့်အကြာတွင်...
*ဘုန်း*
ကောင်းကင်ယံမှ လူများ မိုးရွာသကဲ့သို့ ပြုတ်ကျလာကြသည်။ ဟွမ်ဖူကျီတျန်၊ အကြီးအကဲများနှင့် ဂိုဏ်းသား ၇,၀၀၀ လုံး မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲကျသွားကြသည်။
သူတို့ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စက်မျှ မရှိသော်လည်း အသက်ရှူသံများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အမှန်တကယ် သေဆုံးသွားကြ၏။
ကျား၏ ဝိညာဉ်စွမ်းအားကြောင့် ဝိညာဉ်ပင်လယ်သာမက ချီပင်လယ်နှင့် သွေးကြောများပါ ကြေမွသွားခဲ့သဖြင့် နတ်မင်းကြီးပင်လျှင် သူတို့ကို ပြန်လည်အသက်သွင်းနိုင်မည် မဟုတ်ပေ။
ဤပြကွက်ကြောင့် ကျန်းချန်သည် မျက်စိသုံးလုံးကျား၏ စွမ်းအားကို အသစ်တစ်ဖန် ပြန်လည်အကဲဖြတ်လိုက်ရသည်။ ဤကျားကလေးကား ကြောက်စရာကောင်းလွန်းလှသည်။
“မင်းက စိတ်ကူးရုံလေးနဲ့ ရှင်းလို့ရနေတာကို၊ ပြီးခဲ့တဲ့ နှစ်ခေါက်က ဘာလို့ သွေးချောင်းစီးအောင် လုပ်ခဲ့တာလဲ”
မျက်စိသုံးလုံးကျားသည် သူ၏ ခြေသည်းများကို မှုတ်လိုက်ပြီး အေးဆေးစွာဆိုသည်။
“အဲ့ဒီလို မြင်ကွင်းကမှ ကြည့်လို့ ပိုမိုက်တာ။ ကျေနပ်ပြီလား.....”
*တောက်! မင်းကလည်း ဆရာကြီးလုပ်ချင်တဲ့ ကောင်ပဲကိုး*
“ဆရာကြီး... အသွားအပြန် ခရီးက ပင်ပန်းပါတယ်၊ ဒီမှာပဲ နေလိုက်တာက အကောင်းဆုံးပဲမလား...”
“ဟေး... ဟေး... မပြေးပါနဲ့ဦး ဆရာကြီးရေ”
မျက်စိသုံးလုံးကျားသည် စကားပင် ပြန်မပြောတော့ဘဲ ပိုမိုမြန်ဆန်စွာ ပျံထွက်သွားတော့သည်။
“နောက်တစ်ခါ လာလည်ဦးနော်”
ကျန်းချန်သည် ထိုဆရာကြီးနှင့် မခွဲခွာချင်သော်လည်း လက်ဝေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
*ဝုန်း*
ဝေးကွာသွားပြီဖြစ်သောကျားသည် တောင်တစ်လုံးကို ခေါင်းနှင့်တိုက်မိသွား၏။
မိုးကြိုးငါးပါးဂိုဏ်းကို သိမ်းပိုက်ပြီးနောက် ကျန်းချန်၏ရမှတ်များသည် ၁၂,၀၀၀ အထိ ရောက်ရှိသွားခဲ့သည်။
သူသည် စနစ်စာမျက်နှာကိုဖွင့်ကာ တွန့်ဆုတ်မနေဘဲ အဆင့်မြှင့်လိုက်သည်။ တစ်ရက်လျှင် ပြန်လည်ရှင်သန်ခွင့် တစ်ကြိမ်ပိုရခြင်းမှာ ကြွားဝါရန်အခွင့်အရေး တစ်ကြိမ်ပိုရခြင်းပင် မဟုတ်ပါလား.............
စနစ်အချက်အလက်များ ပြောင်းလဲသွား၏...........
အဆင့်- ၃
အမှတ်- ၀ / ၁၀၀,၀၀၀
လက်ကျန်အမှတ်- ၂,၅၄၇
လက်ရှိစွမ်းရည်- တစ်ရက်လျှင် ၃ ကြိမ် ပြန်လည်ရှင်သန်ခွင့် (စုဆောင်း၍မရပါ)။ ပြန်လည်ရှင်သန်ပြီးနောက် ရန်သူကိုအနိုင်ယူနိုင်သည်။
နောက်ထပ်စွမ်းရည်- လက်ခံသူသည် အမှတ်များသုံး၍ အခြားသူတစ်ဦးကို အဆင့်တစ်ဆင့် အတင်းအကျပ် မြှင့်တင်ပေးနိုင်သည်။ (အများဆုံး ၁ ဦး၊ သုံးရန်ကြာချိန် ၁ လ)
“ဘာ.........”
ဖော်ပြချက်ကို ဖတ်ပြီးနောက် ကျန်းချန်၏ ပါးစပ်မှာ အံ့ဩလွန်း၍ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
လူတစ်ယောက်ကို အဆင့်တစ်ဆင့်လုံး မြှင့်တင်ပေးနိုင်သည်ဆိုခြင်းမှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်မှ ဝိညာဉ်အခြေတည်အဆင့်သို့ မြှင့်တင်ပေးနိုင်ခြင်းဖြစ်၏။
အကယ်၍ သူသည် တာအိုနန်းတော်ကျွမ်းကျင်သူကို မြှင့်တင်ပေးလျှင် ထိုသူသည် ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့် ဖြစ်သွားမည်လော......
အကယ်၍ မျက်စိသုံးလုံးကျားကို မြှင့်ပေးလျှင် မိစ္ဆာဘုရင်ထက်ပင် ပိုမိုအားကောင်းလာမည်လော......
လစဉ်လတိုင်း ထိုသူကိုပင် ထပ်ကာထပ်ကာ မြှင့်တင်ပေးနေမည်ဆိုလျှင်...
ဤစွမ်းရည်မှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။
သုံးရန်ကြာချိန်တစ်လဆိုသည်မှာ ကြာသည်ဟု ထင်ရသော်လည်း ထိပ်တန်းကျွမ်းကျင်သူများအတွက် တစ်လဆိုသည်မှာ ခဏတာမျှသာ။
သို့သော် နောက်တစ်ဆင့်အတွက် လိုအပ်သော ရမှတ်မှာလည်း ဆယ်ဆ (တစ်သိန်း) အထိ တက်သွားခဲ့သည်။
ထိုအချိန်မှာပင် စနစ်မှ အသံထွက်ပေါ်လာပြန်သည်။
“အဆင့် ၃ သို့ ရောက်ရှိပါပြီ၊ ကံစမ်းမဲအဆင့် ၂ ကို ဖွင့်လှစ်လိုက်ပါပြီ။”
“ကံစမ်းမဲအဆင့် ၂ လား”
၎င်းက မည်သည်ကို ဆိုလိုသနည်း။ ယခင်ကကံစမ်းမဲမှာ အခြေခံအဆင့်သာ ဖြစ်ခဲ့သည်လော....
စနစ်သည် တုံ့ပြန်ခြင်းမရှိ အေးစက်နေဆဲ။
သို့သော် ကျန်းချန်တွင် အတွေ့အကြုံ ရှိနေပြီဖြစ်သဖြင့် ကံစမ်းမဲစာမျက်နှာကို သေချာကြည့်ရှုရာ၊ အောက်ခြေတွင် နောက်ခံအရောင်နှင့် ဆင်တူနေသော စာသားလေးကို တွေ့လိုက်ရသည်။
‘ကံစမ်းမဲအဆင့် ၂၊ တစ်ကြိမ်လျှင် အမှတ် ၁၀,၀၀၀။’
“မင်းမေကြီးတော်.....”
“ဒီစနစ်က ငါ့အမှတ်တွေကို ခိုးဖို့ကြံစည်နေမှန်း ငါသိသားပဲ”
ကျန်းချန်မှာ ဒေါသကို မထိန်းနိုင်တော့ပေ။ ကံစမ်းမဲအဆင့် ၂ ဆိုသည်မှာ ကောင်းသတင်းဟု ထင်ခဲ့သော်လည်း.... ၎င်းမှာ အမှတ်များကို ဝါးမျိုမည့် ထောင်ချောက်တစ်ခုသာ ဖြစ်နေသည်။ တစ်ကြိမ်တစ်သောင်းဆိုသည်မှာ ဓားပြတိုက်နေခြင်းပင်။
သို့သော် စိတ်အေးအေးထားပြီး စဉ်းစားကြည့်သောအခါ ပုံစံတစ်ခုကို မြင်လာရသည်။ အဆင့် ၂ ဆိုင်တွင် အဆင့် ၂ စွမ်းရည်များ ရှိနိုင်ပေသည်။
ထို့ကြောင့် သူသည် အမှတ်များပိုလိုအပ်လာလေပြီ။
‘အမှတ်တွေအတွက် အသက်နဲ့ရင်းပြီး ရှာနေရတာ... ငါတော့ ကုမ္ပဏီကျွန်တစ်ယောက်လို ခံစားနေရပြီ’
ကောင်းကင်မှမိုးကြိုးများမှာ အိပ်ပျော်နေ၍သာတော်တော့သည်။ မဟုတ်လျှင် ထိုစကားကြောင့် ကျန်းချန်အား ပစ်သတ်လိုက်လောက်ပြီ ဖြစ်သည်....
သူသာ ဒုက္ခရောက်နေသည်ဟုဆိုလျှင်... အဆင့်တစ်ဆင့်တက်လှမ်းနိုင်ရန် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားနေရသော ကျင့်ကြံသူများမှာ မည်သို့ခံစားရမည်နည်း။