← Chapters

ငါ့ကိုခေါ်သွားမှာမဟုတ်ဘူးလား

Vol. 27 Ch. 265

ငါ့ကိုခေါ်သွားမှာမဟုတ်ဘူးလား

Vol. 27 Ch. 265

နောက်ဆုံးတွင် ကျန်းချန်နားလည်သွားသည်။ ထိုစဉ်က အထက်အင်မော်တယ်လောကမှတက်လှမ်းသူအဖြစ် အတည်ပြုခြင်းခံရသူမှာ သူတစ်ဦးတည်းရှိခဲ့၏။ ကျန်သောသူများမှာမူ လူသိရှင်ကြား ထုတ်ဖော်ခြင်းမခံရသေးချေ။ ထို့အပြင် သူသည် ကျိုယန်အင်မော်တယ်ဧကရာဇ်ကို သတ်ခဲ့သူဖြစ်သည်။ ထိုအချိန်တွင် သူ့ကိုသိသည်ဟုဝန်ခံခြင်းမှာ မိုက်မဲရာကျပေမည်။ ရှောင်ဟန်နှင့် အင်မော်တယ်မိုတို့ ဤသို့လုပ်ဆောင်ခဲ့ခြင်းမှာ မှန်ကန်လှသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ်အရှင်မြတ်ယွမ်ကျိက ဆက်ပြောသည်။

"အဲဒီတုန်းက အထက်အင်မော်တယ်လောကကနေ အင်မော်တယ်ဧကရာဇ်ပေါင်းများစွာဆင်းလာပြီး ဂိုဏ်းတည်ဘိုးဘေးရဲ့ခြေရာကို နေရာအနှံ့လိုက်ရှာခဲ့ကြတာပါ။ ဒါဟာ နှစ်သန်းပေါင်းဆယ်ချီကြာမြင့်ခဲ့ပြီး မကြာသေးခင်ကမှ အခြေအနေက နည်းနည်းပြေလျော့သွားတယ်။ ဖေးရှန်ဂိုဏ်းသာ ဘိုးဘေးကြီးရဲ့အမွေအနှစ်ဖြစ်မှန်း သူတို့သိခဲ့ရင် တစ်ဂိုဏ်းလုံး ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မှာမဟုတ်ပါဘူး..."

"ဒါပေမဲ့ ဂိုဏ်းတည်ဘိုးဘေးတွေက ဘိုးဘေးကြီးကို အမြဲတမ်းလွမ်းဆွတ်တမ်းတနေခဲ့ကြတာပါ။ ဒါကြောင့် သူတို့စွန့်စားပြီး ဘိုးဘေးကြီးရဲ့ အင်မော်တယ်ကျောက်စိမ်းရုပ်တုကိုထုဆစ်ခဲ့ကြပြီး မျိုးဆက်အလိုက် ဂိုဏ်းချုပ်တွေနဲ့ မဟာအကြီးအကဲတွေကို လက်ဆင့်ကမ်းထိန်းသိမ်းခိုင်းခဲ့ပါတယ်"

ဒါကြောင့်ကိုး...

သူတို့တွေ တကယ့်ကို စဉ်းစားပေးကြတာပဲ။ အစ်ကိုကြီးချန်အတွက် ရခဲလှသောနွေးထွေးမှုကို ခံစားလိုက်ရသည်။

"အဲဒီနှစ်တွေတုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ သူတို့ ဘာလို့အထက်အင်မော်တယ်လောကကို အတူတူမသွားကြတာလဲ။ အင်မော်တယ်မြို့တော်တက်လှမ်းခြင်းစစ်ပွဲ မရှိဘူးလား"

သူ့မှတ်ဉာဏ်ထဲတွင် လူတိုင်းမှာ စုပေါင်းပြီးတက်လှမ်းခဲ့ကြခြင်းဖြစ်သည်။

"ဒါကတော့..."

အင်မော်တယ်အရှင်မြတ်ယွမ်ကျိက ဆိုသည်။

"တကယ်တော့ အင်မော်တယ်မြို့တော် တက်လှမ်းခြင်းစစ်ပွဲဟာ ဘိုးဘေးကြီးတို့မျိုးဆက်ကတည်းက ပယ်ဖျက်ခြင်းခံလိုက်ရတာပါ"

"ဟင်... ပယ်ဖျက်လိုက်တာလား။ ဘာလို့လဲ"

အစ်ကိုကြီးချန်သည် သူထွက်လာပြီးနောက် အောက်အင်မော်တယ်လောကတုန်းကလို နောက်ထပ်တက်လှမ်းခြင်းစစ်ပွဲတစ်ခုတွင်ပါဝင်ရန် ကြံရွယ်ထား၏။ ယခုအခါ ကလေးနှစ်ယောက် နိုးလာပြီဖြစ်ရာ သားအဖတွေအင်အားပေါင်းစပ်ပြီး ပွဲတိုင်းအနိုင်ယူကာ လူတိုင်းကိုသတ်ဖြတ်ပြီး အထက်အင်မော်တယ်လောကသို့ အေးအေးဆေးဆေးတက်လှမ်းနိုင်မည်ဟု သူတွေးထားခဲ့သည်။

အင်မော်တယ်အရှင်မြတ်ယွမ်ကျိနှင့် ယွမ်ရှန့်တို့က သူ့ကို အနည်းငယ်အနေရခက်သောအမူအရာဖြင့် ကြည့်လိုက်ကြသည်။ ဒါက ဘိုးဘေးကြီးကြောင့်မဟုတ်ဘူးလား။

ဘိုးဘေးကြီးက အောက်အင်မော်တယ်လောကရှိ အင်မော်တယ်မြို့တော်ရာပေါင်းများစွာ၏ အနှစ်သာရအမြုတေများကို ဖျက်ဆီးခဲ့ပြီးနောက် အလယ်အင်မော်တယ်လောကရှိ အခြားမြို့တော် ၉ ခုကိုပါ ဖျက်ဆီးခဲ့သည်မဟုတ်ပါလား။ ဤမျှကြီးမားသောလှုပ်ခတ်မှုကို ဖြစ်စေခဲ့မှတော့ ဘယ်လိုလုပ်ပြီး ဆက်ကစားနိုင်တော့မှာလဲ။

တက်လှမ်းသူ၏စွမ်းအားမှာ အထက်၊ အလယ်၊ အောက် အင်မော်တယ်လောက ၃ ခုလုံးကို လုံးဝတုန်လှုပ်သွားစေခဲ့သည်။ သူက အောက်လောကတွင် အလားတူကြောက်စရာကောင်းသော လူများစွာရှိနေသည်ဟု လူအများကို မှားယွင်းယုံကြည်စေ၏။ သူတို့သာတက်လာပါက အင်မော်တယ်လောကရှိ ဒေသခံအင်မော်တယ်မြို့တော်များမှာ ယှဉ်နိုင်တော့မည်မဟုတ်။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းကို ပယ်ဖျက်လိုက်တော့သည်။

ဤအကြောင်းရင်းကိုကြားလိုက်ရသောအခါ အစ်ကိုကြီးချန်မှာ အဓိပ္ပာယ်မရှိသလိုခံစားရသော်လည်း တစ်ဖက်တွင်လည်း မရှင်းပြနိုင်သောဂုဏ်ယူမှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သောနှစ်သန်းပေါင်း ၁၀၀ ကျော်က သူရောက်လာရုံနှင့်ပင် အင်မော်တယ်လောကတစ်ခုလုံးကို လွှမ်းမိုးခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့။ မင်းသားကတော့ မင်းသားပါပဲ...

"ဒါဆို အခု အထက်အင်မော်တယ်လောကကို ဘယ်လိုသွားရတာလဲ"

အင်မော်တယ်အရှင်မြတ်ယွမ်ရှန့်က ပြန်ဖြေသည်။

"နည်းလမ်းနှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ အင်မော်တယ်ဘုရင်အဆင့်အထိ မြှင့်တင်ဖို့ပါ၊ ဒါဆိုရင် အထက်အင်မော်တယ်လောကရဲ့ အတားအဆီးကို တိုက်ရိုက်ဖြတ်ကျော်နိုင်ပါတယ်။ ဒီဂိုဏ်းရဲ့ ဒုတိယ၊ တတိယနဲ့ စတုတ္ထမျိုးဆက် ဂိုဏ်းတည်ဘိုးဘေးတွေအားလုံး ဒီလမ်းစဉ်နဲ့ပဲ တက်လှမ်းသွားကြတာပါ"

အစ်ကိုကြီးချန်မှာ ပထမတွင် ကျေနပ်သွားသော်လည်း နောက်ပိုင်းတွင် အနည်းငယ်လက်မခံနိုင်သလိုဖြစ်သွားပြီး သူ၏သိက္ခာကို အကြီးအကျယ်ထိခိုက်သွားသလို ခံစားလိုက်ရသည်။

"မင်းပြောတာက ငါ့ရဲ့အရင်တပည့်တွေ... စတုတ္ထမျိုးဆက်တပည့်တွေအထိ အားလုံးက အင်မော်တယ်ဘုရင်တွေဖြစ်ကုန်ကြပြီလား"

စနစ်‌ရေ... စနစ်...

မင်းကတော့ ငါ့ကိုသတ်နေတာပဲ...

ဒီပြန်လည်စတင်မှုက ငါ့ကိုနှစ်သန်းပေါင်း ၁၀၀ အိပ်ခိုင်းထားပြီး ငါကအခုထိ အဆင့် ၁ ရွှေအင်မော်တယ်ပဲရှိသေးတယ်...

အနာဂတ်မှာ အဲဒီတပည့်တွေကိုတွေ့တဲ့အခါ သူတို့က ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတစ်ချက်ကြည့်ရုံနဲ့သိသွားရင် ရှက်စရာကြီးမဟုတ်ဘူးလား...

အကယ်၍ ယွမ်ကျိနှင့် ယွမ်ရှန့်တို့သာ သူ၏အတွေးကိုသိသွားပါက လုံးဝနားလည်နိုင်မည်မဟုတ်ချေ။

ဘိုးဘေးကြီးက အင်မော်တယ်ဧကရာဇ်တွေကိုတောင်သတ်ခဲ့တာပဲ၊ ဘာကိုမကျေနပ်နိုင် ဖြစ်နေရတာလဲ...

အင်မော်တယ်ဧကရာဇ်တွေရဲ့ ၉၉ ရာခိုင်နှုန်းတောင် ဒါမျိုးမလုပ်နိုင်ပါဘူး၊ အင်မော်တယ်ဘုရင်တွေကို မနာလိုဖြစ်နေဖို့လိုလို့လား...

"ဟုတ်ပါတယ်... အဲဒီမျိုးဆက်သုံးခကဂိုဏ်းတည်ဘိုးဘေးတွေအားလုံး အလွန်ပါရမီထူးချွန်ပြီး ကံတရားကြီးမားကြသူတွေပါ။ အင်မော်တယ်ဘုရင်တွေဖြစ်လာတာက သူတို့အတွက်တော့သဘာဝကျပါတယ်"

သူ့တပည့်များကို ထိုသို့ဖော်ပြသည်ကို ကြားလိုက်ရချိန်တွင် အစ်ကိုကြီးချန် မျက်နှာပျက်ပြီးဆွံ့အသွား၏။

သူတို့ရဲ့ပါရမီတွေက ထူးချွန်တာပေါ့၊ အဲဒါတွေအားလုံးက ငါကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာလေ ဟုတ်ပြီလား...

ငါသာမရှိရင် သူတို့ထဲကအများစုက သာမန်လူတွေဖြစ်မှာ၊ အချို့ဆိုရင် အမှိုက်တွေတောင်ဖြစ်နေမှာ...

ကံတရားနဲ့ပတ်သက်ရင်လည်း ဒီလူအုပ်ထဲမှာ ဇာတ်လိုက်ကျော်တွေတောင် ပါသေးတယ်၊ သူတို့ကံတရားက ဘယ်လိုလုပ်နိမ့်ပါးမှာလဲ...

အဖိုးကြီးနှစ်ယောက်ဖြစ်သော ယွမ်ကျိနှင့် ယွမ်ရှန့်တို့က သူ၏စိတ်ခံစားချက်ကိုမသိဘဲ ဂုဏ်ယူဝင့်ကြွားနေကြဆဲ။

"ဂိုဏ်းတစ်ခုတည်းကနေ အင်မော်တယ်ဘုရင်ထောင်ချီ ထွက်ပေါခဲ့တာပါ"

"အခြေခံအဆောက်အအုံပိုင်းအရဆိုရင် ကျွန်တော်တို့ဖေးရှန်ဂိုဏ်းက အလယ်အင်မော်တယ်လောကတစ်ခုလုံးမှာ အကောင်းဆုံးတွေထဲကတစ်ခုပဲ"

"ဒုတိယ၊ တတိယနဲ့ စတုတ္ထမျိုးဆက် ဘိုးဘေးတွေ ဒီမှာ ဖေးရှန်ဂိုဏ်းရဲ့အုတ်မြစ်ကို စတင်တည်ထောင်ခဲ့စဉ်တုန်းက အစပိုင်းမှာမလွယ်ကူခဲ့ပါဘူး။ ပတ်ဝန်းကျင်က အင်မော်တယ်ဂိုဏ်းတွေက စောင့်ကြည့်နေခဲ့ကြတာပါ။ ပထမဆုံးဂိုဏ်းချုပ်က အားလုံးကိုဦးဆောင်ပြီး အရပ်ရပ်ကိုအောင်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်းဆယ်သန်းအတွင်းမှာ ချမ်လန်ကောင်းကင်နယ်မြေက အင်မော်တယ်ဂိုဏ်းပေါင်းရာချီကို သိမ်းပိုက်နိုင်ခဲ့ပါတယ်"

"အဲဒါဟာ ကျွန်တော်တို့ ဖေးရှန်ဂိုဏ်းရဲ့အတောက်ပဆုံးအချိန်ပါပဲ။ ဂိုဏ်းရဲ့ကျော်ကြားမှုဟာ ကောင်းကင်နယ်မြေအသီးသီးကို ပျံ့နှံ့သွားခဲ့တယ်။ ကမ္ဘာဦးခေတ်ကတည်းကရှိခဲ့တဲ့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတချို့တောင်မှ ကျွန်တော်တို့နဲ့မဟာမိတ်ဖွဲ့ဖို့ ဦးဆောင်ကြိုးပမ်းခဲ့ကြပြီး လေးလေးစားစားဆက်ဆံခဲ့ကြတာပါ"

"ဂိုဏ်းတည်ထောင်ခြင်း နှစ်သန်း ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာဆိုရင် အလယ်အင်မော်တယ်လောကတစ်ခုလုံးက ထိပ်တန်းဂိုဏ်းတွေအားလုံးနီးပါး လာရောက်ဂုဏ်ပြုခဲ့ကြတာဟာ မကြုံစဖူးပါပဲ"

အစ်ကိုကြီးချန် နားထောင်လေလေ၊ စိတ်မသက်မသာ ဖြစ်လေလေပင်။ ဟန်ထုတ်ဘုရင်ဖြစ်သောသူသည် ထိုကဲ့သို့သောကြီးကျယ်ခမ်းနားသည့် အခမ်းအနားများတွင် မပါဝင်ခဲ့ရခြင်းမှာ အလွန်နှမြောစရာကောင်း၏။ အကယ်၍ သူသာ ထိုဟန်ထုတ်ကြွားဝါးနိုင်မည့် ကိစ္စကြီးများကို ဦးဆောင်ခဲ့မည်ဆိုလျှင် တုန်လှုပ်မှုတန်ဖိုး မည်မျှအထိရရှိနိုင်မည်နည်း။

"နှမြောစရာကောင်းတာက စတုတ္ထမျိုးဆက်ဘိုးဘေးတွေ တစ်ယောက်ပြီးတစ်ယောက် အထက်အင်မော်တယ်လောကကို တက်လှမ်းသွားကြချိန်မှာ ဆက်ခံသူမရှိတော့ဘဲ ကျွန်တော်တို့ဂိုဏ်းဟာ တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့တယ်"

"နောက်ပိုင်းတပည့်တွေထဲမှာ အင်မော်တယ်ဘုရင်ဖြစ်သူ အလွန်နည်းပါးသွားပါတယ်..."

"မကြာသေးခင် နှစ်သန်းပေါင်းဆယ်ချီအတွင်းမှာတော့ တစ်ယောက်မှမပေါ်ထွက်တော့ပါဘူး"

"နှမြောစရာပါပဲ... ကျွန်တော်တို့ အခုဆိုရင် ချမ်လန်ကောင်းကင်နယ်မြေမှာ ထိပ်တန်း ၁၀၀ ထဲမှာတောင် မနည်းရပ်တည်နေရပြီး အလယ်အင်မော်တယ်လောကတစ်ခုလုံးမှာဆိုရင် ပိုပြီးတော့တောင်မထင်မရှားဖြစ်နေပါပြီ"

ထိုသို့ပြောရင်း အဖိုးကြီးနှစ်ယောက်မှာ မျှော်လင့်ချက်အပြည့်ဖြင့် ကျန်းချန်ကိုကြည့်လိုက်ကြ၏။ သူတို့သည် ဂိုဏ်းတည်ဘိုးဘေးကြီးဖြစ်သူက လူတိုင်းကိုဦးဆောင်ပြီး ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပေးရန် မျှော်လင့်နေကြပုံရသည်။

ဤပထမမျိုးဆက်ဘိုးဘေးကြီး၏ လုပ်ဆောင်ချက်များကို ဒုတိယ၊ တတိယနှင့် စတုတ္ထမျိုးဆက် ဂိုဏ်းတည်ဘိုးဘေးများက များစွာထုတ်ဖော်မပြောခဲ့ကြသော်လည်း ကျန်းချန်ဟူသော အမည်နာမတစ်ခုတည်းနှင့်ပင် လုံလောက်နေလေပြီ။ ဤသူသည် အင်မော်တယ်ဧကရာဇ်များကိုသတ်နိုင်သူ မဟုတ်ပါလား။

ထို့အပြင် ဒုတိယ၊ တတိယနှင့် စတုတ္ထမျိုးဆက်အားလုံးမှာ လူထူးလူဆန်းများဖြစ်ကြသော်လည်း သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ရာ သူကိုယ်တိုင်မှာ မည်မျှအထိ ကောင်းကင်ဖီဆန်နိုင်မည်ကို မတွေးရဲလောက်အောင်ပင်။

အစ်ကိုကြီးချန် နှုတ်ခမ်းတွန့်လိုက်သည်။ ဤလူနှစ်ယောက် ဘာတွေးနေသည်ကို သူမြင်နိုင်သည်။ သို့သော် သူသိပ်စိတ်မဝင်စားပေ။

ဘာလဲ... မင်းတို့က ပါရမီတွေ နောက်ထပ် အကြီးအကျယ်မြှင့်တင်ပေးဖို့ မျှော်လင့်နေတာလား...

စနစ်ချို့ယွင်းချက်က ပြုပြင်ပြီးသွားပြီ။ ယခုအခါ သူက ပါရမီများကို ထပ်မံမြှင့်တင်ပေးမည်ဆိုလျှင် အပိုအမှတ်မရရှိတော့ဘဲ ကုသိုလ်မှတ်များသာ အလကားကုန်ဆုံးပေလိမ့်မည်။

သူနှင့် မျိုးဆက်များစွာခြားနေသော ဖေးရှန်ဂိုဏ်းသားများမှာ ဂိုဏ်းအမည်တူနေသော်လည်း လုံးဝသူစိမ်းသက်သက်သာ။ ကျိလင်းဟန်တို့အပေါ်ထားရှိသော ခံစားချက်မျိုးရှိရန်ခက်ခဲ၏။ ထိန်းသိမ်းထားနိုင်သည်မှာ မျိုးဆက်ချင်းဆက်နွှယ်မှုကလေးသာ ဖြစ်သည်။

"အထက်အင်မော်တယ်လောကကလူတွေက အချိန်မရွေးဆင်းလာလို့မရဘူးလား"

"နတ်သက်ကြွေသလိုမျိုး ထာဝရကွဲကွာသွားတာမှမဟုတ်တာ။ သူတို့ကအပေါ်ကနေ မင်းတို့ကိုကာကွယ်ပေးထားရင် ဘယ်လိုလုပ်ဆုတ်ယုတ်သွားနိုင်မှာလဲ"

ဤသို့ ပြောလိုက်သောအခါ အဖိုးကြီးနှစ်ယောက်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ "ပထမ နှစ်သန်းပေါင်းဆယ်ချီအတွင်းမှာတော့ ဂိုဏ်းတည်ဘိုးဘေးတွေဟာ ကျွန်တော်တို့ကိုစောင့်ရှောက်ဖို့နဲ့ မြှင့်တင်ပေးဖို့ မကြာခဏဆင်းလာခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အကြိမ်အရေအတွက် နည်းသွားခဲ့တယ်"

"အထူးသဖြင့် မကြာသေးခင် နှစ်သန်းပေါင်းဆယ်ချီအတွင်းမှာ အထက်အင်မော်တယ်လောကမှာ ဘာတွေဖြစ်ကုန်လဲမသိပေမဲ့ ဂိုဏ်းတည်ဘိုးဘေးတွေ တစ်ခါမှဆင်းမလာတော့ပါဘူး"

ပြောပြီးနောက် ထိုနှစ်ယောက်မှာ ကျန်းချန်ကို မျှော်လင့်ချက်ကြီးစွာဖြင့် ထပ်ကြည့်လိုက်ကြပြန်သည်။ သိသာထင်ရှားသည်မှာ သူတို့သည် ကျန်းချန်က ရင်ဘတ်ကိုပုတ်ပြီး

"ဒီဘိုးဘေးကြီး ရှိနေသရွေ့ အားလုံး အထက်အင်မော်တယ်လောကကို သွားနိုင်တယ်"

ဟု ပြောရန် မျှော်လင့်နေကြ၏။

အင်မော်တယ်လောကကြီး ၃ ခု၏ တက်လှမ်းခြင်းစည်းမျဉ်းများကို အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များအားလုံးက သတ်မှတ်ထားခြင်းဖြစ်သည်။ မည်သည့်အင်မော်တယ်ဧကရာဇ်မျှ ဤမျှများပြားသောမျိုးဆက်များကို အထက်အင်မော်တယ်လောကသို့ ခေါ်ဆောင်သွားရန် ခြွင်းချက်မလုပ်နိုင်ပေ။

သူတို့ ဆင်းလာလျှင်ပင် ခေတ္တသာနေနိုင်ပြီး မျိုးဆက်သစ်များကို လမ်းညွှန်မှုအနည်းငယ်သာ ပေးနိုင်သည်။ သူတို့သည် စည်းမျဉ်းများကိုချိုးဖောက်ပြီး အင်မော်တယ်ဧကရာဇ်၏ဂုဏ်သိက္ခာဖြင့် အလယ်အင်မော်တယ်လောက၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်၍မရ။

သို့သော် ကျန်းချန်မှာ ခြွင်းချက်ဖြစ်သည်။ သူသည် အထက်အင်မော်တယ်လောကသို့ တစ်ခါမှမရောက်ဖူးသလို၊ အင်မော်တယ်ဧကရာဇ်များကိုလည်း သတ်ခဲ့ဖူးသည်။ အကယ်၍ သူသာ တက်လှမ်းမည်ဆိုလျှင်...

ကံမကောင်းစွာဖြင့် အစ်ကိုကြီးချန်က မေးလိုက်သည်မှာ...

"အင်မော်တယ်ဘုရင်အဖြစ်တက်လှမ်းတာအပြင် အထက်အင်မော်တယ်လောကကိုသွားနိုင်တဲ့ တခြားနည်းလမ်းကဘာလဲ"

All Chapters