← Chapters

လက်စားချေမည့် ဝိညာဉ်အ‌ဆောင်

Vol. 7 Ch. 61

လက်စားချေမည့် ဝိညာဉ်အ‌ဆောင်

Vol. 7 Ch. 61

“သူသေသွားပြီဆိုတော့လည်း ပုန်းနေစရာမလိုတော့ဘူး”

ချီချန်းသည် နေရာမှထရပ်ကာ ထွက်သွားရန်ပြင်လိုက်သည်။ ကျန်းချန်ကို သူကိုယ်တိုင်သတ်ခွင့်မရခဲ့ခြင်းအတွက် အလွန်နှမြောနေမိ၏။

ထိုကောင်ကို ဒူးထောက်ခဲ့ရသည့်အရှက်ကွဲမှုကို လက်စားမချေနိုင်သေးဟု သူခံစားနေရသည်။

ကျန်းချန်၏ ကိုယ်ပေါ်တွင် တစ်စုံတစ်ရာသော အမွေအနှစ် သို့မဟုတ် အခွင့်အရေးများ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူ၏သိုလှောင်လက်စွပ်ကို အရင်ဆုံးသိမ်းပိုက်ရမည်။

“နေဦး”

လူကျန့်က သူ့ကိုတားလိုက်သည်။

“ဘာဖြစ်လို့လဲ”

ချီချန်း မျက်မှောင်ကြုတ်လိုက်၏။ လူကျန့်က ရတနာကိုမက်မောပြီး သူ့ကို ရန်ပြုတော့မည်လော...

ထိုခဏ၌ ချီချန်းသည် လူကျန့်ကိုသတ်ပြီး လက်စွပ်ကို သူတစ်ယောက်တည်းယူရန် စတင်စီစဉ်နေလေပြီ။

“သခင်လေး... ဒါက အရမ်းသံသယဖြစ်ဖို့ကောင်းတယ်။ သတိထားတာ အကောင်းဆုံးပဲ၊ ခဏလောက် ထပ်စောင့်ကြည့်တာကောင်းတယ်။”

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် မမျှော်လင့်ဘဲ စနစ်၏အသိပေးသံကို ကြားလိုက်ရသည်။

‘ဒင်၊ လက်ခံသူ အသတ်ခံလိုက်ရသည်။ ရန်သူ့ခွန်အားကိုတိုင်းတာပြီး အနိုင်ရမည့်အစီအစဉ်ကို ရေးဆွဲနေသည်။

ဒင်၊ လက်ခံသူသေဆုံးမှုကြောင့် ဖြစ်လာသောနာကျည်းချက်များသည် သိုလှောင်လက်စွပ်အတွင်းရှိ အဆင့် ၅ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆောင်ကို လှုံ့ဆော်လိုက်သည်။ ထိုအ‌ဆောင်သည် လက်ခံသူအတွက် ကလဲ့စားချေပေးရန် ဆုံးဖြတ်လိုက်ပြီး အဆင့် ၉ သို့ အလိုအလျောက် အဆင့်မြင့်သွားသည်။’

'ဘာ... နာကျည်းချက်ဟုတ်လား... ငါက အေးအေးဆေးဆေး အသေခံလိုက်တာပါနော်'

‘အဆောင်စာရွက်က ခံစားချက်ပြင်းထန်ပြီး အဆင့်မြင့်သွားတယ်၊ ဟုတ်လား'

'ဘာ... ကလဲ့စားချေပေးဖို့ ကတိပြုတယ်တဲ့လား'

ဤစနစ်၏အကြောင်းပြချက်များမှာ ဟာကွက်ပေါင်းများစွာရှိနေသဖြင့် ကျန်းချန် မည်သည့်နေရာမှ စတင်ဝေဖန်ရမှန်းပင် မသိတော့ချေ။

အဆင့် ၉ အဆောင်က မည်မျှအစွမ်းထက်ကြောင်း သူမသိသော်လည်း စနစ်ကပြောသည်ဆိုပါက ရန်သူအားလုံးကို တစ်ခါတည်းအပြတ်ရှင်းနိုင်မည်မှာ သေချာသည်။

‘ဒင်၊ လက်ခံသူ အသက်ပြန်ရှင်လာပါပြီ’

ထို့နောက် လူတိုင်းသည် မြေပြင်ပေါ်ရှိအလောင်းကြီး ကောင်းကင်ပေါ်ပျံတက်သွားသည်ကို မြင်လိုက်ရသည်။ ဂိုဏ်းခုနစ်ဂိုဏ်းမှရန်သူများ သတိမထားမိခင်မှာပင် သူသည် လက်စွပ်ထဲမှ အဆင့်မြှင့်ထားသောဆောင်စာရွက်ကို ထုတ်ယူလိုက်သည်။

“ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ”

“သူ လက်စွပ်ထဲက ဘာထုတ်လိုက်တာလဲ”

အဝေးမှကြည့်နေသောချီချန်း တုန်လှုပ်သွားသည်။ သူ တကယ် မသေဘူးလား...

“ဆက်ကြည့်”

လူကျန့်ကမူ သူ၏စိတ်ရှည်မှုကို ကျေနပ်နေသည်။

ကျန်းချန်ကဲ့သို့ ထူးခြားသောဝိညာဉ်စင်မြင့်ပိုင်ရှင်မှာ အလွယ်တကူသေလိမ့်မည်မဟုတ်ကြောင်း သူသိပြီးသားပင်။

သူတို့သည် ကျန်းချန်ပြန်လည်ရှင်သန်သည်ဟုမထင်ဘဲ သေဟန်ဆောင်ခြင်း သို့မဟုတ် အစားထိုးရုပ်သေးတစ်ခုခု သုံးသည်ဟုသာ ထင်လိုက်ကြသည်။

“ကျန်းချန်မှာ တကယ့်ဝှက်ဖဲရှိနေပြီ၊ အဲဒါ သူအခုထုတ်လိုက်တဲ့ အ‌ဆောင်စာရွက်ပဲ။”

ကောင်းကင်ကံကြမ္မာအဆင့်ပညာရှင်ဖြစ်သော လူကျန့်က အဝေးမှပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

တိုက်ပွဲမြေပြင်တွင်မူ တွမ့်မူကျယ်၊ ကျိုလော့နှင့် ရွှမ်ချီတို့မှာ ထိတ်လန့်သွားကြသည်။ တွမ့်မူကျယ်က ရူးသွပ်သလို အော်ဟစ်တော့သည်...

“ငါသိတယ်... ငါသိနေတယ်.... သူ သေဟန်ဆောင်ပြန်ပြီ”

ကျန်းချန်သည် အ‌ဆောင်စာရွက်ကိုမပစ်မီ တစ်စုံတစ်ခုကိုသတိရသွားသည်။

လက်စွပ်ထဲမှ ပုံရိပ်ဖမ်းကျောက်တစ်ခုကိုထုတ်ယူကာ အနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် တင်လိုက်သည်။

သူ ထွက်မလာခင်ကတည်းက တပည့်များကို ဂိုဏ်းအတွင်း၌ ပုံရိပ်လက်ခံကျောက်များ ပြင်ထားရန် မှာကြားခဲ့သည်။

ယခင်က ဂိုဏ်းများကိုသုတ်သင်စဉ်က မှတ်တမ်းမတင်နိုင်ခဲ့သဖြင့် ယခုအခါ တပည့်များ အားကျအတုယူစေရန်အခွင့်အရေးကို လက်မလွှတ်နိုင်ပေ။

ဖေးရှန်ဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း၌...

“ပုံရိပ် ပေါ်လာပြီ”

“ဂိုဏ်းချုပ်ကြီးကို မြင်ရပြီ... တကယ့်ကို ခန့်ညားတာပဲ”

“ဟိုမှာကြည့်... အဲဒါ ကျိုလော့မဟုတ်လား... ငါ သူ့ပုံတူကိုမြင်ဖူးတယ်။”

“ကျွမ်းကျင်သူတွေအများကြီးပဲ... ကြောက်စရာကြီး...”

“ဂိုဏ်းချုပ်က တစ်ယောက်တည်း ရင်ဆိုင်နေရတာ၊ အဆင်ပြေပါ့မလား”

တပည့်သစ်လေးများမှာ စိုးရိမ်နေကြသော်လည်း လော့ယွမ်ကမူ တည်ငြိမ်စွာပင်

“ဂိုဏ်းချုပ်ကို ယုံကြည်စမ်းပါ။ သူ့မှာ အမြဲတမ်းအစီအစဉ်ရှိပြီးသား၊ ဘယ်တုန်းက ပြင်ဆင်မှုမရှိဘဲ တိုက်ခဲ့ဖူးလို့လဲ”

အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုအခါ အစ်ကိုကြီးချန်၏ပြကွက် စတင်လေပြီ။

သူသည် ညာဘက်လက်တွင် ဓားကိုကိုင်၊ ဘယ်ဘက်လက်တွင် အဆင့် ၉ အ‌ဆောင်စာရွက်ကိုကိုင်ကာ တိုက်ပွဲမစမီ ခန့်ညားထည်ဝါစွာ မိန့်ခွန်းချွေလေ၏။

“မင်းတို့က ငါ့ရဲ့ဖေးရှန်ဂိုဏ်းကို အကြောင်းမဲ့ကျူးကျော်ပြီး လူအများအပေါ် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ နတ်ဘုရားတွေရော လူသားတွေပါ မင်းတို့ကိုဒေါသထွက်နေကြပြီ”

“ငါ ကျန်းချန်... ဒီနေ့မှာ ကောင်းကင်ဘုံကိုယ်စား ချင်းလန်စီရင်စုက အပြစ်မဲ့ကျင့်ကြံသူတွေအတွက် မင်းတို့ လူယုတ်မာတွေကို သုတ်သင်ရှင်းလင်းပေးမယ်”

“လူယုတ်မာတို့... သေဖို့ ပြင်ထားကြတော့”

ရန်သူများမှာ ကြောင်အနေကြသည်။

ဒီလူက ဘာတွေ လာပြောနေတာလဲ... သူက ခုနကတင် အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား... အခုကျတော့ ဘာမှမဖြစ်ခဲ့သလို သူရဲကောင်းလိုလို ဟန်ထုတ်နေပြန်ပြီ...

“ကြည့်လိုက်စမ်း... ကမ္ဘာဖျက်ဓားချက်”

ကျန်းချန်က အောက်သို့ခုတ်ချလိုက်ရာ ဝိညာဉ်အခြေတည်အဆင့် ၇ ၏ စွမ်းအားနှင့်အတူ နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူသည် ဘယ်ဘက်လက်မှ အဆင့် ၉ အ‌ဆောင်စာရွက်ကို ဓားချက်နှင့်အတူ ရောနှောကာ ပစ်လွှတ်လိုက်သည်။

တပည့်များက ဤအံ့ဖွယ်စွမ်းအင်ကြီးကို သူ၏ဓားစွမ်းကြောင့်ဟုထင်စေရန် တမင်လုပ်ဆောင်ခြင်းပင်။

ဝုန်း

ပထမဆုံးပေါက်ကွဲမှုမှာ ကျန်းချန်၏နောက်ကျောသို့ လုပ်ကြံရန်ကပ်လာသော ရွှမ်ချီဖြစ်သည်။ သူ

၏ ကိုယ်တွင်းအင်္ဂါများ၊ အရိုးနှင့် အသားများမှာ အတွင်းမှနေ၍ ပေါက်ကွဲကာ ကြေမွသွားတော့သည်။

ဝုန်း... ဝုန်း...ဝုန်း

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မိုင်ပေါင်းများစွာအဝေးသို့ ထွက်ပြေးနေသော တွမ့်မူကျယ်အပါအဝင် ထိုနေရာရှိ ကျင့်ကြံသူငါးရာကျော်စလုံး အတွင်းမှပေါက်ကွဲကာ သေဆုံးသွား၏။

အဆင့် ၉ အ‌ဆောင်စာရွက်၏အစွမ်းမှာ အံ့ဩစရာကောင်းလှသည်...

၎င်းသည် ပတ်ဝန်းကျင်ရှုခင်းကိုမထိခိုက်စေဘဲ ကျင့်ကြံသူများကိုသာ သုတ်သင်သွားခြင်းဖြစ်သည်။

မိုင်တစ်ရာခန့်အဝေးမှ ချောင်းမြောင်းနေသော ချီချန်းနှင့် လူကျန့်တို့ပင်လျှင် ထိခိုက်မှုဒဏ်ကို ခံလိုက်ရသည်။

ဝေါ့

ချီချန်းသည် ရင်ဘတ်အတွင်းမှ ပူလောင်သော ဝေဒနာနှင့်အတူ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ၏ကျင့်ကြံမှုအခြေခံ ပြင်းထန်စွာထိခိုက်သွားခဲ့လေပြီ။

All Chapters