← Chapters

ဒါ တကယ်ကို မယုံနိုင်စရာပဲ

Vol. 2 Ch. 20

ဒါ တကယ်ကို မယုံနိုင်စရာပဲ

Vol. 2 Ch. 20

"ဟူး..."

"တော်ပြီ၊ တော်ပြီ။ အဘိုးကြီး သရဲ၊ စိတ်ပျက်စရာတွေ လာမပြောနဲ့တော့။ အဲဒီယုန်မက ခနနေရင် သူ့ဘာသာသူ ထွက်သွားလိမ့်မယ်။ ဒါမျိုးတွေ ငါတို့မကြုံဖူးတာကျလို့..."

"ကျွန်တော်မျိုး တောင်းပန်ပါတယ်။ သခင်လေးအနေနဲ့ သူ့ကို ပြန်တိုက်ခိုက်ပေးပါ။ ရှုံးနိမ့်သွားရင်တောင်မှ လိပ်ခွံထဲမှာပုန်းနေတဲ့ လူကြောက်တစ်ယောက် ဖြစ်နေတာထက်စာရင် ပိုကောင်းပါတယ်။"

မြူခိုးသဏ္ဌာန် ပုံရိပ်သည် မြေပြင်ပေါ်ဝပ်စင်းကာ ခါးခါးသီးသီး အသနားခံနေလေသည်။

ရှုံးနိမ့်ခြင်းကပင်လျှင် ပြင်းထန်သော တိုက်ပွဲတစ်ခုဟု ရေတွက်နိုင်ပါသည်။ သို့မှသာ သခင်လေးသည် အရှက်ရပြီး သူ၏ သတ္တိနှင့် တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာနိုင်ပေမည်။

သူတို့သည် ဤမျှနှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ကြသဖြင့် သူ၏လက်အောက်ရှိ ထိပ်တန်းမိစ္ဆာအများအပြားသည် အခြားမိစ္ဆာဘုရင်များထံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ကျားမျိုးနွယ်စုအတွင်း၌ ပါရမီရှင်များ တကယ်ကို ရှားပါးသွားလေပြီ...

"အဘိုးကြီး သရဲ၊ ခင်များ ရူးနေတာလား။ မနိုင်မယ့်တိုက်ပွဲကို တိုက်တယ်ဆိုတာ အရိုက်ခံချင်နေတာ မဟုတ်ဘူးလား။ ငါ့မှာ အဲဒီလို ဝါသနာမျိုး မရှိဘူး..."

မျက်စိသုံးလုံးကျား၏ တောင်တန်းကြီးသဖွယ်ခန္ဓာကိုယ်သည် အနည်းငယ်လှုပ်ရှားသွားပြီး လက်ကို စိတ်မရှည်စွာ နောက်သို့ယမ်းပြလိုက်သည်။

"ကဲပါ... ကဲပါ... ငါ ဒါကို မှတ်ထားလိုက်ပြီ။ အဲဒီယုန်မျိုးနွယ်စုကို နောင်တရအောင် ငါလုပ်ပြမယ်။"

ဒါကို ကြားလိုက်ရချိန်တွင် ချန်းကွေသည် အားတက်သွားခြင်းမရှိသည့်အပြင် ဒေါသကြောင့် မေ့လဲလုနီးပါး ဖြစ်သွားရသည်။

"နောင်တရအောင် လုပ်ပြမယ်" ဆိုသည့် စကား၏ အဓိပ္ပာယ်ကို သူ ကောင်းကောင်းသိသည်။ ၎င်းမှာ ယုန်မျိုးနွယ်စုထံသွားပြီး ငယ်ရွယ်ချောမောသော ယုန်မလေးအချို့ကို သွားရောက် နှောင့်ယှက်ခြင်းထက် မပိုပေ။

နှင်းယုန်ဘုရင်မသည် သူတို့အိမ်တံခါးဝသို့ မကြာခဏလာရောက်ရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က မျက်စိသုံးလုံးကျားကြောင့် ဖြစ်ပွားခဲ့သော အရှုပ်တော်ပုံတစ်ခုကြောင့် သူမကို အကြီးအကျယ် ဒေါသထွက်စေခဲ့ခြင်းကြောင့်ဖြစ်သည်။

အကယ်၍ သူသည် ထိုသို့သော ကြိုးစားအားထုတ်မှု၏ တစ်ဝက်ခန့်ကို ကျင့်ကြံခြင်း၌ အသုံးချခဲ့မည်ဆိုလျှင် ထိပ်တန်းမိစ္ဆာဘုရင်သုံးပါးစာရင်းတွင် ယခုထိရှိနေဦးမည် မဟုတ်ပါလား။

ရုတ်တရက်...... သူ့ရှေ့ရှိ အိပ်ရာအထက်လေထုထဲတွင် အဖြူရောင်ဝဲဂယက်တစ်ခု ပေါ်လာသည်။

'နှင်းယုန်ဘုရင်မ အတင်းဝင်ရောက်လာတာလား။'

အစီအရင်ကို ယခင်သခင်ဟောင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ရွှေနဂါးမင်းနှင့် မျောက်မင်း တို့မှလွဲ၍ မည်သည့်မိစ္ဆာမျှ ၎င်းကို မဖောက်ထွင်းနိုင်သင့်ပေ။

နောက်တစ်စက္ကန့်တွင် မျက်စိသုံးလုံးကျား၏ ကြီးမားသောခန္ဓာကိုယ်သည် အဖြူရောင်ဝဲဂယက်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး သူ၏ မျက်စိရှေ့မှ ရုတ်ခြည်း ပျောက်ကွယ်သွားလေတော့သည်။

..............................................................................................................................................................

ကျီယွဲ့ ဂိုဏ်းတွင်မူ ကျန်းချန် သည် ဆင့်ခေါ်အဆောင်ကို ချိုးဖဲ့လိုက်ပြီး မည်သို့သော အစွမ်းထက်သည့် အကူအညီမျိုး ပေါ်လာမည်နည်းဟု စိတ်ကူးယဉ်နေဆဲဖြစ်သည်။

ပုန်းအောင်းနေသော ပညာရှင်ကြီးလော၊ အနှိုင်းမဲ့စစ်နတ်ဘုရား သို့မဟုတ် ဓားသူတော်စင်လော။ သို့မဟုတ် မသေမျိုး သူရဲကောင်းဝိညာဉ်ပေလော။

မျက်စိသုံးလုံးကျား၏ ကြီးမားသောခန္ဓာကိုယ်သည် သူ၏ရှေ့သို့ ဆင်းသက်လာသောအခါ ကျန်းချန်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင်မစေ့နိုင်ချေ။

ဒါက... နည်းနည်းသေးငယ်ပြီး ချစ်စရာကောင်းလွန်းမနေဘူးလား။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ပေခန့်သာရှိသည်။ အကယ်၍ မျက်စိသုံးလုံးသာ မပါရှိပါက ကြောင်ဖြူလေးတစ်ကောင်ဟုပင် မှားနိုင်လေသည်။

အေးစက်သည့်အလင်းရောင်များ တောက်ပနေသော ၎င်း၏ အဖြူရောင်အမွေးအမှင်များသည် စူးရှမည့်ပုံရှိသော်လည်း ဖောင်းကားနေသော ခြေလက်များက ဆွဲညှစ်ချင်စရာ ကောင်းလှသည်။

အစွယ်များသည် အေးစက်ထက်မြက်နေသော်လည်း ပါးစပ်မှာ သေးငယ်လွန်းသဖြင့် *ကြောက်စရာကောင်းလောက်အောင် ချစ်စရာကောင်းသည်* ဟုသာ ခံစားရစေသည်။

၎င်းကို *ဟိတ်ဟန်ကြီးခြင်း* ဆိုသည့် စကားလုံးနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုင်ပေ။

"ဒါပဲလား..."

ကျန်းချန် အလွန်စိတ်ပျက်သွားပြီး ဤဆင့်ခေါ်မှုသည် မည်သည့် ဟိတ်ဟန်မှမရှိဟု ခံစားလိုက်ရသည်။

အမှန်စင်စစ်တွင် နယ်မြေကျော်၍ဆင့်ခေါ်ခြင်းကြောင့် မျက်စိသုံးလုံးကျား၏ အရွယ်အစားမှာ ဤကမ္ဘာ၏ စည်းမျဉ်းများကြောင့် အဆပေါင်း သောင်းနှင့်ချီ၍ ကျုံ့သွားခြင်းဖြစ်သည်။ သူ၏ အစွမ်းသည်လည်း အဆပေါင်းများစွာ လျော့သွား၏။

သို့သော် ဤမျှနှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ၎င်းသည် မိစ္ဆာဘုရင်တစ်ပါးဖြစ်သည်။ အစွမ်းများ လျော့နည်းနေလျှင်ပင် သူသည် မိစ္ဆာဘုရင်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်၏ မိစ္ဆာဘုရင်တစ်ပါးသည် လူသားများ၏ သူတော်စင်အဆင့်နှင့် ညီမျှသည်။

ပေါ်လာပြီးနောက် မျက်စိသုံးလုံးကျားသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ၎င်းသည် အရွယ်အစားသေးငယ်သော်လည်း နောက်သို့ ဆုတ်ခွာရန် အချိန်မရလိုက်သည့် အကြီးအကဲနှစ်ဦးကို အသားစိုင်များဖြစ်သွားသည်အထိ ဖိချေလိုက်၏။

၎င်းရှူထုတ်လိုက်သော အသက်ရှူသံကြောင့် ဆန့်ကျင်ဘက်ရှိ ချီကောင်းဟုန်နှင့် အခြားသူများမှာ ယိမ်းယိုင်သွားကြသည်။ အချက်ပေးသံများဆူညံသွားပြီး နှလုံးသားများ ကြေမွတော့မည့်အလား ခံစားလိုက်ရသည်။

"မြောင်... မြောင်... မြောင်..."

'ဒါ ဘယ်နေရာလဲ'

မျက်စိသုံးလုံးကျားသည် အခြေအနေကို သဘောမပေါက်သေးပေ။

'သူ စကားပြောနေတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာကို ရောက်လာတာလဲ...'

'သူ့ရှေ့က ဒီပုရွက်ဆိတ်တွေက ဘယ်သူတွေလဲ'

"ဒါကို ဘယ်သူလုပ်တာလဲ..."

၎င်းသည် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ၎င်း၏ သေးငယ်သည့်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသောအသံသည် မိုင်ပေါင်းရာနှင့်ချီ၍ ပျံ့နှံ့သွားနိုင်လောက်အောင် ကျယ်လောင်လှသဖြင့် အလွန်ပင်ထူးဆန်းသောခံစားချက်ကို ပေးစွမ်းသည်။

ဟိန်းဟောက်သံနှင့်အတူ ပတ်ဝန်းကျင်လေထုမှာ ပုံပျက်သွားပြီး မမြင်နိုင်သော အသံလှိုင်းများသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ လွင့်စင်လာသည်။ ကျီယွဲ့ဂိုဏ်းမှ အကြီးအကဲ တစ်ဆယ့်ခြောက်ဦး လဲကျသွား၏။ သူတို့အားလုံးသည် ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြသည်။ ခုနက လုံလောက်သောအကွာအဝေးသို့ ထွက်ပြေးခဲ့သူများသာ အသက်ရှင်ကျန်ရစ်သည်။

"မင်းကို ဒီကို ဆင့်ခေါ်လိုက်တာ ငါပဲ။"

အနောက်ဘက်တွင် ရပ်နေသော ကျန်းချန်သည် ဝမ်းသာအားရ ပြုံးနေလေသည်။ ၎င်း၏ ရုပ်ရည်မှာ ချစ်စရာကောင်းပြီး အစွမ်းမှာလည်း မယုံနိုင်စရာပင်။ စနစ်သည် အမှန်တကယ်ကို ယုံကြည်စိတ်ချရပေသည်။

အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ပေ။ မျက်စိသုံးလုံးကျားကို သူဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး စနစ်၏ အံ့ဖွယ်စည်းမျဉ်းများကြောင့် ၎င်း၏ တိုက်ခိုက်မှုများသည် ကျန်းချန်အပေါ် အကျိုးသက်ရောက်မှု မရှိပါ။

"ဒါဆို ငါ့ရဲ့ ကောင်းမွန်တဲ့ အချိန်တွေကို ဖျက်ဆီးလိုက်တာ မင်းပေါ့လေ..."

မျက်စိသုံးလုံးကျားသည် ရုတ်တရက် ခေါင်းကိုလှည့်ပြီး သေးငယ်သောပါးစပ်ကို ဟလိုက်သည်။ အဝေးတွင် ရှိနေသော၊ တုန်လှုပ်နေဆဲဖြစ်သည့် ချီကောင်းဟုန်မှာ ဝမ်းသာသွားသည်။ မျက်စိသုံးလုံးကျား၏စွမ်းအားသည် သူ့ကို မျှော်လင့်ချက်မဲ့စေခဲ့သည်။ ဤကြောက်မက်ဖွယ်ကျားမိစ္ဆာသည် ကျန်းချန်၏အကူအညီဟု သူက ထင်မှတ်ခဲ့သော်လည်း ထိုသို့မဟုတ်ကြောင်း သူသိလိုက်ရပြီ။

*သတ်လိုက်စမ်း... အဲဒီကောင်ကို စားပစ်လိုက်စမ်း...* သူ အော်ဟစ်လိုက်ချင်သော်လည်း မအော်ရဲပေ။

"ငါ့အတွက် ရန်သူအားလုံးကို ချေမှုန်းပေးစမ်း..."

ကျန်းချန်သည် မျက်စိသုံးလုံးကျား၏ဒေါသကို လုံးဝလျစ်လျူရှုကာ အမိန့်ပေးလိုက်သည်။ မျက်စိသုံးလုံးကျား၏ ပါးစပ်သည် ရုတ်တရက် ဂဟေဆက်သွားသကဲ့သို့ ပိတ်ဆို့သွားသည်။ ကျီယွဲ့ဂိုဏ်းရှိ လူတိုင်းကို ချေမှုန်းရန်ဟူသည့် ရှင်းပြ၍မရသောတာဝန်တစ်ခု သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဤတာဝန်သည် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ အကယ်၍ ထိုတာဝန်ကို သူဖောက်ဖျက်ပါက ၎င်းစည်းမျဉ်းများကြောင့် ပျက်စီးသွားဖွယ်ရှိသည်။ ထို့အပြင် ၎င်းကို ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်သည်။

ကျားကလေးသည် အလွန်ဝန်လေးနေသော်လည်း လေထဲသို့ပျံတက်သွားပြီး ချီကောင်းဟုန်ထံသို့ ခုန်အုပ်လိုက်သည်။ ၎င်းသည် ကျီယွဲ့ဂိုဏ်းကို တကယ်သွားရောက် တိုက်ခိုက်သည်ကိုမြင်မှသာ အစ်ကိုကြီးချန် သက်ပြင်းချနိုင်တော့သည်။

အစွမ်းထက်သောအကူအညီသည် သူ့အတွက် တစ်ကြိမ်တာဝန်ထမ်းဆောင်ပေးမည်ဟု စနစ်ကပြောထားသည်။ ထို့ကြောင့် ၎င်းသည် သေချာပေါက် လုပ်ဆောင်ပေမည်။ ၎င်းက လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ မည်သို့သော အခက်အခဲမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

သို့သော် အမှန်အတိုင်းပြောရလျှင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေး ကျင့်ကြံသူတစ်ဦးအနေဖြင့် မိစ္ဆာဘုရင်တစ်ပါး၏ ဖိအားပေးသောအရှိန်အဝါကို ရင်ဆိုင်ရခြင်းမှာ အလွန်ပင် စိတ်ဖိစီးစရာကောင်းလှသည်။ ဆိုရလျှင် ဤကျားမိစ္ဆာသည် သူ၏ လက်အောက်ခံမဟုတ်ဘဲ ယာယီဆင့်ခေါ်ထားခြင်းသာဖြစ်သည်။

မိုင်ပေါင်းထောင်နှင့်ချီ၍ကျယ်ပြန့်သော ကျားကြီးတစ်ကောင်၏ ပုံရိပ်ယောင်သည် ကောင်းကင်ယံတွင် ပေါ်လာသည်။ ၎င်းသည် နေရောင်ကို ကွယ်သွားစေပြီး ကောင်းကင်ကြီးမှာ ချက်ချင်း မှောင်အတိကျသွားလေသည်။

ထိုပုံရိပ်ယောင်၏ အလယ်ဗဟိုတွင် ချစ်စရာကောင်းသော ကျားလက်ဖဝါးလေးက အသာအယာ ဝှေ့ယမ်းသွား၏။

ချီကောင်းဟုန်၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာဖြင့် နှစ်ပိုင်းပြတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ နောက်ကွယ်ရှိ ခမ်းနားသော ခန်းမဆောင်ကြီးနှင့် မိုင်ပေါင်း ရာနှင့်ချီသော အဆောက်အအုံများသည်လည်း...

...အားလုံး နှစ်ပိုင်း အညီအမျှ ပြတ်တောက်သွားကြလေသည်။

ကျီယွဲ့ဂိုဏ်းသည် ချက်ချင်းပင် ငရဲခန်းတစ်ခု ဖြစ်သွား၏။ ကျန်ရှိနေသောအကြီးအကဲများသည် နေရာအနှံ့သို့ထွက်ပြေးကြသော်လည်း မမြင်နိုင်သော ပိုက်ကွန်ကြီးအတွင်းမိနေသကဲ့သို့ လေထဲတွင်ပင်ရပ်တန့်သွားကြသည်။ မိစ္ဆာဘုရင်တစ်ပါး၏ နယ်ပယ်ဖြင့် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်နှင့် မူလစုစည်းခြင်းအဆင့်များကို ပိတ်လှောင်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။

*ဝုန်း*

သွေးမိုးများ ကောင်းကင်မှ ရွာကျလာသည်။ မရေတွက်နိုင်သော ငွေရောင်အလင်းတန်းများ အထက်မှ ဆင်းသက်လာ၏။ ၎င်းမှာ မျက်စိသုံးလုံးကျား၏ သာမန် တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဤတိုက်ခိုက်မှုအပြီးတွင် မြေအောက်၌ ပုန်းအောင်းနေသော ကျီယွဲ့ဂိုဏ်းသားများပင် ထိုနေရာ၌ပင် သေဆုံးသွားကြသည်။

မျက်စိသုံးလုံးကျားသည် မိစ္ဆာနယ်မြေတွင် သူရဲဘောကြောင်သော်လည်း ၎င်းမှာ မိစ္ဆာဘုရင်ဆယ့်နှစ်ပါးနှင့် ယှဉ်လျှင်သာ ဖြစ်သည်။ အခြားသူများအတွက်မူ ၎င်းမှာ အလွန်အစွမ်းထက်လှသည်။ ၎င်း၏ မျက်လုံးထဲတွင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သည် ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။

မိစ္ဆာလေပြင်းတစ်ချက် တိုက်ခတ်သွားသည်..........

တစ်ချိန်က စည်ကားခဲ့သော ကျီယွဲ့ဂိုဏ်းသည် ယခုအခါ တိတ်ဆိတ်ခြောက်ကပ်သွားပြီဖြစ်သည်။ မျက်စိသုံးလုံးကျားနှင့် ကျန်းချန်တို့မှအပ မည်သည့်သက်ရှိမျှ ကျန်ရှိမနေတော့ပေ။ သူ၏ စိတ်ထဲရှိတာဝန်မှာ ပျောက်ကွယ်သွားပြီး မျက်စိသုံးလုံးကျားသည် ကောင်းကင်ဘုံတာအိုကြောင့် ဖျက်ဆီးခံရမည့် ခြိမ်းခြောက်မှုမှ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သည်။

"အခု မင်းအလှည့်ပဲ..."

*ဝုန်း*

ကျားကလေးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကျန်းချန်ထံသို့ ခုန်အုပ်လိုက်သည်။ မိစ္ဆာဘုရင်တစ်ပါးတွင် ဂုဏ်သိက္ခာရှိ၏။ မည်မျှသူရဲဘောကြောင်သည်ဖြစ်စေ၊ စိတ်အားထက်သန်မှု မရှိသည်ဖြစ်စေ မိစ္ဆာဘုရင်များသည် သူတစ်ပါး၏ ထိန်းချုပ်မှုကို ခံမည်မဟုတ်ပေ။

All Chapters