← Chapters

ဂိုဏ်းတည်ဘိုးဘေးကြီးအား ရိုသေလေးစားခြင်း

Vol. 27 Ch. 267

ဂိုဏ်းတည်ဘိုးဘေးကြီးအား ရိုသေလေးစားခြင်း

Vol. 27 Ch. 267

အခြားသူများမှာ အင်မော်တယ်ကံကြမ္မာတိုကင်များကို အမြောက်အမြားဝယ်ယူရန်မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူနိုင်လျှင်ပင် လက်ဝယ်မြဲအောင် မထိန်းသိမ်းနိုင်ဘဲ နောက်ဆုံးဆယ်နှစ်ကာလအတွင်း ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ဖြစ်သောကြောင့်ဖြစ်သည်။

အင်မော်တယ်ဘုရင်များ ရှိနေသည့် ရှေးဦးအင်မော်တယ်ဂိုဏ်းများပင်လျှင် တစ်ကြိမ်လျှင် တိုကင်ရာဂဏန်းမျှသာ ဝယ်ယူရဲကြပြီး သူတစ်ပါး၏စားကျက်ကို လုယူသကဲ့သို့မဖြစ်စေရန်နှင့် အများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကို မခံရစေရန် သတိထားကြရသည်။ ၎င်းသည် လုပ်ထုံးလုပ်နည်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

သို့သော် ဂိုဏ်းတည်ဘိုးဘေးကြီးမှာမူ မတူညီပေ။ သူရှိနေသရွေ့ အလယ်အင်မော်တယ်လောကတွင် မည်သူက သူ့လက်ထဲမှအစာကို လုယူရဲပါမည်နည်း။ ကျန်းချန်သည် ထိုသူနှစ်ဦး၏အတွေးကို သိမြင်နိုင်ပါသည်။ သူသည် မိမိဂိုဏ်း၏နောက်မျိုးဆက်များကို ကာကွယ်ပေးရန် ဝန်မလေးသော်လည်း...

"ထားလိုက်ပါတော့၊ ဘိုးဘေးကြီးမှာ အင်မော်တယ်ကျောက်တုံးတွေ အဲဒီလောက်အများကြီးမရှိဘူး"

ဖေးရှန်ဂိုဏ်းတွင် တပည့်ပေါင်းသောင်းနှင့်ချီ၍ရှိရာ တစ်ဦးလျှင် ကျောက်တုံးတစ်သိန်းနှုန်း သူအမှန်တကယ်မတတ်နိုင်ပေ။ ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်။ ဂိုဏ်းတည်ဘိုးဘေးကြီးမှာ တကယ့်ကိုဟာသဝါသနာပါသူဖြစ်မည်။ သူတို့အနေဖြင့် မည်သည်ကိုစားထား၍ သူ့ကိုငွေကုန်ကြေးကျခံခိုင်းရဲပါမည်နည်း။

"ဘိုးဘေးကြီး နားလည်မှုလွဲသွားပါပြီ။ ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ထဲမှာ စုဆောင်းထားတာတွေ ရှိပါသေးတယ်။ ဒီကျောက်တုံးတွေအတွက် ကျွန်တော်တို့ဘာသာ ပေးချေပါ့မယ်"

"အဲလိုလား... ဒါဆိုရင်တော့ ကိစ္စမရှိဘူး"

မိမိက ပေးချေရန်မလိုတော့ကြောင်း ကြားလိုက်ရသည့်အခါ အစ်ကိုကြီးချန်မှာ သဘောတူညီသွားတော့သည်။ အထူးသဖြင့် ယွမ်ကျိ၏ နောက်ထပ်စကားများက သူ့ကို ကျေနပ်အားရစေ၏။

"ဂိုဏ်းတည်ဘိုးဘေးကြီးအတွက်တိုကင်ကိုလည်း ဂိုဏ်းကပဲဝယ်ယူပေးပါ့မယ်"

"ဟားဟားဟား... မင်းတို့ တော်တော်လေးလိမ်မာတာပဲ"

တွေ့ဆုံချိန်မှစ၍ ယခုအချိန်အထိ စိတ်မဝင်စားသလိုနေခဲ့သော ဘိုးဘေးကြီးထံမှ ချီးကျူးစကားရလိုက်သဖြင့် ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ အတိုင်းမသိဝမ်းသာသွားကြသည်။

"ဘိုးဘေးကြီးအပေါ် ဝတ္တရားကျေပွန်ရမှာ ကျွန်တော်တို့ရဲ့တာဝန်ပါ"

အစ်ကိုကြီးချန်သည် ဤအဖိုးကြီးနှစ်ယောက်မှာ စကားပြောဆိုရာတွင် အလွန်ပင်နှစ်လိုဖွယ်ကောင်းပြီး သိတတ်သူများဖြစ်ကြောင်း ခံစားလိုက်ရကာ သူတို့နှင့် ပို၍ရင်းနှီးသွားသလို ခံစားလိုက်ရသည်။

"အင်မော်တယ်ကံကြမ္မာတိုကင် ဘယ်နှခုလောက်ဝယ်ဖို့ စီစဉ်ထားလဲ"

ထိုသူနှစ်ဦးမှာ တပည့်များစွာကို အထက်လောကသို့ခေါ်ဆောင်သွားနိုင်ရန် တိုကင်အမြောက်အမြား ဝယ်ယူလိုကြသော်လည်း မိမိတို့ဘာသာဆုံးဖြတ်ရန် မဝံ့ရဲကြသဖြင့် ဘိုးဘေးကြီး၏သဘောထားကို စမ်းတဝါးဝါးမေးမြန်းကြ၏။ ကျန်းချန်က လက်ဝှေ့ယမ်းလျက် ဆိုလိုက်သည်။

"ငါ့သဘောထားဟုတ်လား။ အဲဒါက မင်းတို့မှာ အင်မော်တယ်ကျောက်တုံး ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

ထိုစကားတစ်ခွန်းက သူတို့ကို ထပ်မံ၍ဝမ်းသာအားရဖြစ်စေပြန်သည်။ တိုကင်မည်မျှဝယ်ယူပါစေ ဘိုးဘေးကြီးကကာကွယ်ပေးနိုင်ကြောင်း အတိအလင်းဆိုလိုက်ခြင်းပင်။ ရာဂဏန်း၊ ထောင်ဂဏန်းမက သောင်းနှင့်ချီ၍ပင်ဝယ်ယူနိုင်ကြောင်း သိလိုက်ရသည်။

ဖေးရှန်ဂိုဏ်းတွင် လက်ရှိ တပည့် ၁၅၀,၀၀၀ ရှိရာ အားလုံးအတွက် ဝယ်ယူမည်ဆိုပါက အဆင့်မြင့်ကျောက်တုံး ၁၅ ဘီလီယံ လိုအပ်မည်။ ၎င်းသည် အလွန်ကြီးမားသောပမာဏဖြစ်ရာ ဂိုဏ်းတစ်ခုလုံးကိုပြောင်းပြန်လှန်ရှာလျှင်ပင် ရနိုင်မည်မဟုတ်။

သူတို့နှစ်ဦးမှာ အံကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ စွန့်စားမှုမရှိလျှင် အောင်မြင်မှုမရှိနိုင်ပေ။ လိုအပ်ပါက အခြားသောအရင်းအမြစ်များကိုရောင်းချ၍ ကျောက်တုံးများရှာဖွေရမည်။ ဤကဲ့သို့ တစ်သက်တွင်တစ်ခါသာကြုံရမည့် စုပေါင်းတက်လှမ်းခွင့်ကို လက်လွတ်မခံနိုင်ပေ။

"ဂိုဏ်းတည်ဘိုးဘေးကြီး... ကျွန်တော်တို့ကို ကျောက်တုံးတွေပြင်ဆင်ဖို့ ရက်အနည်းငယ်လောက် အချိန်ပေးနိုင်မလား"

"ရတာပေါ့"

ကျန်းချန်တွင်လည်း ကိုယ်ပိုင်အစီအစဉ်ရှိသည်။ ထိုတိုကင်များသည် အနာဂတ်တွင် သူ့အတွက် အခြားအသုံးဝင်မှုများ ရှိလာမည်ဖြစ်သည်။ သူတို့နှစ်ဦးထွက်ခွာတော့မည့်ဆဲဆဲတွင် ကျန်းချန်က ပြန်လည်ခေါ်ယူလိုက်၏။

"ဒါနဲ့... လန်ယီနဲ့ မျက်စိသုံးလုံးကျားရော ဘယ်မှာလဲ။ သူတို့ရဲ့ ကျောက်စိမ်းရုပ်တုတွေကို ဘာလို့မတွေ့ရတာလဲ"

ထိုသူနှစ်ဦးမှာ ယခင်က သူ့ဘေးတွင်ရှိခဲ့သော အရေးပါသူများဖြစ်ရာ စတုတ္ထမျိုးဆက် တပည့်များထက်ပင် ပို၍နီးစပ်သူများဖြစ်၏။ ဤမေးခွန်းကြောင့် ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ စကားစရန်ခက်ခဲနေပုံဖြင့် အနေရခက်သွားကြသည်။

"ဘာလဲ... ဒါမှာ နောက်ကွယ်က အကြောင်းရင်းတွေရှိနေတာလား"

"စီနီယာလန်ယီက ဂိုဏ်းစတင်တည်ထောင်စအချိန်မှာရှိခဲ့ကြောင်း ဂိုဏ်းရဲ့မှတ်တမ်းဟောင်းတွေမှာ ပါရှိပါတယ်။ ဖေးရှန်ဂိုဏ်းစတင်တည်ထောင်ချိန် ရန်သူတွေဝိုင်းရံခံရတုန်းက သူမဟာ ရန်သူခေါင်းဆောင်အတော်များများကိုသတ်ဖြတ်ခဲ့ပြီး သူမရဲ့စွမ်းဆောင်ချက်က အကြီးအကဲမိုချန်ပြီးရင် ဒုတိယလိုက်ပါတယ်"

ကျန်းချန် ခေါင်းညိတ်လိုက်သည်။ လန်ယီ၏ကြီးထွားလာမှုမှာ အခြားတပည့်များနှင့်မတူပေ။ သူမသည် ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသူဖြစ်သဖြင့် အတွေ့အကြုံနှင့် တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မား၏။

"ဒါပေမဲ့ မကြာခင်မှာပဲ သူမဟာ ပထမမျိုးဆက်ဂိုဏ်းချုပ်နှစ်ယောက်နဲ့ သဘောထားချင်း တိုက်ဆိုင်မှု မရှိတော့ပါဘူး။ အသေးစိတ်အကြောင်းရင်းကိုတော့ မှတ်တမ်းတွေမှာ မဖော်ပြထားပါဘူး။ သူမ ဂိုဏ်းကထွက်သွားပြီးတဲ့နောက်မှာတော့ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိကြတော့ဘူး..."

ကျန်းချန်မှာ လန်ယီသည် ကျိလင်းဟန်နှင့် လင်းနင်တို့နှင့် ပဋိပက္ခဖြစ်ခဲ့ခြင်းလောဟု တွေးတောမိကာ အမျိုးသမီးများ၏စိတ်ကို ခန့်မှန်းရခက်ကြောင်း သက်ပြင်းချလိုက်မိသည်။

"ဒါဆို မျက်စိသုံးလုံးကျားကော"

"စီနီယာ မျက်စိသုံးလုံးကျားအကြောင်းကိုတော့ ကျွန်တော်တို့ တစ်ခါမှမကြားဖူးပါဘူး"

ဘာ...

ကျန်းချန် သေချာစဉ်းစားကြည့်လိုက်သောအခါ နားလည်သွားသည်။ ထိုပျင်းရိလှသော ကျားနတ်ဆိုးသည် ဂိုဏ်းထူထောင်ရသည့်ဒုက္ခကို မခံလိုသဖြင့် တစ်နေရာရာသို့ သွားရောက်ပျော်ပါးနေခြင်း ဖြစ်ပေလိမ့်မည်။ သူမရှိလျှင် အခြားတပည့်များကလည်း ထိုကျားကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

"ကောင်းပြီ၊ မင်းတို့ သွားလို့ရပြီ။ ငါ့ရဲ့အထောက်အထားကို တခြားသူတွေကိုမပြောနဲ့ဦး"

ယွမ်ကျိနှင့် ယွမ်ရှန့်တို့က နားလည်ကြောင်းပြသကြသည်။ ဘိုးဘေးကြီး၏ အထောက်အထားပေါ်သွားပါက အထက်လောကမှ အင်မော်တယ်ဧကရာဇ်များစွာဆင်းလာပြီး ဝိုင်းဝန်းတိုက်ခိုက်ကြမည်ကိုစိုးရိမ်ကြသဖြင့် အထောက်အထားဖုံးကွယ်ခြင်းမှာ ပညာရှိသောလုပ်ရပ်ဟုယူဆကြ၏။ သို့သော် ကျန်းချန်၏ စစ်မှန်သောရည်ရွယ်ချက်မှာ တုန်လှုပ်မှုအမှတ်များ ရရှိရန်အတွက်သာ။

ကျန်းချန်သည် ရွှေအင်မော်တယ်အဆင့်နှင့် အင်မော်တယ်အရှင်မြတ်တစ်ဦးကို သတ်ဖြတ်ခြင်းက ပို၍တုန်လှုပ်စေမည်ဖြစ်သဖြင့် အထောက်အထား မဖော်လိုခြင်းဖြစ်သည်။ ထို့ပြင် တပည့်ဟောင်းများမှာ အင်မော်တယ်ဘုရင်များဖြစ်နေကြချိန်တွင် သူက ရွှေအင်မော်တယ်အဆင့်သာရှိသေးသဖြင့် သိက္ခာကျမည်ကိုလည်းစိုးရိမ်၏။

ယွမ်ကျိနှင့် ယွမ်ရှန့်တို့ ထွက်လာသည့်အခါ တပည့်များစွာက ဝိုင်းအုံမေးမြန်းကြသည်။

"ဂိုဏ်းချုပ်... အဲဒီလူကဘယ်သူလဲ"

"ဘာလို့ သူ့ကို ဒီလောက်အထိ ရိုသေနေရတာလဲ"

"ဆရာ... သူက ရွှေအင်မော်တယ်အဆင့်ပဲရှိတာပါ။ သူက ဘယ်လောက်ပဲ တော်တော် ရွှေအင်မော်တယ်ပဲ မဟုတ်လား..."

"ဂိုဏ်းမှာ စီနီယာတွေအများကြီးရှိပေမဲ့ အင်မော်တယ်ခန်းမထဲ မဝင်ရသေးတဲ့သူတွေက ဒီလောက်အထိရိုသေဖို့ မထိုက်တန်ဘူးမဟုတ်လား"

"သူက လိမ်လည်လှည့်ဖြားနေတဲ့သူများလား..."

ထိုမေးခွန်းများကြောင့် ယွမ်ကျိ၏မျက်နှာပြောင်းလဲသွားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"မင်းတို့ နားလည်ကြရဲ့လား"

"သူက ဂိုဏ်းရဲ့ အလွန်အရေးကြီးတဲ့ ဘိုးဘေးကြီးပဲ၊ သူ့ကို ရိုသေကြစမ်း"

အကြီးအကဲ ယွမ်ရှန့်ကလည်းပြင်းထန်စွာ အမိန့်ထုတ်ပြန်လိုက်သည်။

"သေချာနားထောင်ကြ၊ ဘိုးဘေးကြီးကိုရင်ဆိုင်တဲ့အခါ မင်းတို့ရဲ့ ဆရာသမားတွေနဲ့ မိဘတွေထက် ပိုပြီးရိုသေရမယ်"

ယွမ်ကျိက ထပ်မံ၍...

"ဘယ်သူမဆို သူ့ကိုမရိုမသေလုပ်ရင် ချက်ချင်းဂိုဏ်းကနေထုတ်ပယ်မယ်၊ ဘယ်သူ့ကိုမှ မျက်နှာသာပေးမှာ မဟုတ်ဘူး"

ကုချင်းယွီ အံ့အားသင့်ကာဆွံ့အသွား၏။ ထိုလူက သူမ၏အင်မော်တယ်သားရဲကို သတ်ဖြတ်ကာ၊ အဝတ်အစားများချွတ်၍ အင်မော်တယ်လက်နက်နှင့် သိုလှောင်လက်စွပ်ကို လုယူသွားခဲ့သူ မဟုတ်ပါလား။ ယခုမူ သူမ၏ဆရာက ထိုလူကိုမရိုသေပါက ဂိုဏ်းမှထုတ်ပယ်မည်ဟု ဆိုနေလေပြီ။

All Chapters