← Chapters

ကြိုက်တာယူ

Vol. 3 Ch. 22

ကြိုက်တာယူ

Vol. 3 Ch. 22

ဤစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ပါက တည်နေရာရွှေ့ပြောင်းနိုင်သည့်အကွာအဝေး ပိုမိုကျယ်ပြန့်လာပြီး စွမ်းရည်ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရသည့်အချိန်လည်း ပိုနည်းသွားမည်ဟု သူခန့်မှန်းမိသည်။

အဓိကသော့ချက်မှာ ၎င်းကို မည်သို့အဆင့်မြှင့်တင်ရမည်နည်း။

ထီစနစ်ကိုသာ ထပ်မံအားကိုးပြီး အဆင့် ၂ ထီကို ကံစမ်းရမည်လော။

မေးခွန်းတစ်ခုမေးလျှင်ပင် အမှတ် ၅၀၀ ပေးရသဖြင့် ဤအစုတ်အပြတ်စနစ်အား မတိုင်ပင်နိုင်ပေ။

၃၀၀ ကျော်မျှသာကျန်သော ရမှတ်များကိုကြည့်ရင်း ကျန်းချန်တစ်ယောက် စိတ်ထဲတွင် ဟာတာတာဖြစ်သွားသည်။

ဆိုရိုးစကားအတိုင်းပင် ထီထိုးရသည့်အခိုက်အတန့်သည် ပျော်ရွှင်စရာကောင်းသော်လည်း ပျော်ရွှင်မှုပြီးဆုံးသွားသည့်အခါ နောင်တရအပြည့်နှင့်ခံစားရမည့်အချိန်သို့ ရောက်ရှိသွားတတ်မြဲဖြစ်သည်။

ဤနှုန်းအတိုင်းဆိုလျှင် စနစ်သည် မည်သည့်အချိန်မှ အဆင့် ၃ သို့ရောက်မည်နည်း။

သို့ဆိုသော်... အံကြိတ်ကာဖြင့် အမှတ် ၁၀,၀၀၀ မပြည့်မချင်း ထီထပ်မထိုးတော့ဟု ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူသည် ယခုတစ်ခေါက် လုယက်သိမ်းပိုက်လာသော ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးအများစုနှင့် သူအသုံးမပြုနိုင်သော အဆင့် ၃ နှင့် ၄ ဝိညာဉ်လက်နက်များကို စနစ်နှင့်လဲလှယ်လိုက်ရာ အမှတ် ၃,၅၀၀ ရရှိခဲ့၏။

ထိုအခါမှသာ သူသည် အနည်းငယ် စိတ်ကျေနပ်သွားတော့သည်။

သူသည် ယခုအခါ ဗလာဟင်းလင်းဖြစ်နေသော ကျီယွဲ့ဂိုဏ်းဌာနချုပ်ကို တစ်ချက်ကြည့်ကာ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။

အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် မိုင်ပေါင်းသောင်းချီဝေးကွာသောနေရာသို့ ရောက်ရှိသွားရာ ဖေးရှန်းဂိုဏ်းနှင့် မိုင်တစ်ထောင်ကျော်မျှသာ ကွာဝေးတော့သည်။

သူထွက်ခွာသွားပြီး နှစ်နာရီခန့်အကြာတွင် လေလွင့်ကျင့်ကြံသူအချို့သည် သတင်းစုံစမ်းရန်အတွက် ကျီယွဲ့ဂိုဏ်း၏ တောင်တံခါးအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။

အတွင်းသို့ ရောက်ရှိသွားသောအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းများကြောင့် သူတို့မှာ ထိတ်လန့်တုန်လှုပ်သွားကြရ၏။

ကျီယွဲ့ဂိုဏ်းတစ်ခုလုံးသည် သက်ရှိဟူသမျှ ကင်းမဲ့နေပြီး ခြောက်ကပ်နေတော့သည်။

“ဂိုဏ်းချုပ်ချီရဲ့ အလောင်းပဲ... “

“အရမ်းကြောက်စရာကောင်းတယ်... ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်နေတယ်... “

“အကြီးအကဲလျှိုရဲ့ အလောင်းက ဒီမှာ... “

“အားလုံးသေပြီ... အကုန်သေကုန်ပြီ... “

“ဘယ်သူလုပ်တာလဲ။ ဒီလောက်စွမ်းအားကြီးတာ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ကျီယွဲ့ဂိုဏ်းကတော့ ဂိုဏ်းစာရင်းထဲကနေ တိုက်ရိုက်ပယ်ဖျက်ခံလိုက်ရပြီ... “

ရောက်ရှိနေသော ကျင့်ကြံသူအားလုံးသည် ကြီးစွာ တုန်လှုပ်ခြောက်ခြားပြီး ကြောက်ရွံ့ကုန်သည်။

“ဒီမှာကြည့်... လျန်တလည်း သေနေပြီ... “

“ဟို ကျားမိစ္ဆာအရိပ်ကြောင့်ပဲထင်တယ်... အဲဒါကြီးက ကောင်းကင်ဘုံကိုအန်တုနိုင်တဲ့ အစွမ်းမျိုးရှိတာပဲဖြစ်ရမယ်... “

“ဟေ့... လျန်တနဲ့အတူရှိနေတဲ့ ဖေးရှန်းဂိုဏ်းချုပ်ရော ဘယ်ရောက်သွားလဲ... “

“ဟုတ်သားပဲ... သူ့အလောင်းက ဒီမှာ မရှိဘူး။”

“သူကပဲ အဲဒီကျားမိစ္ဆာအရိပ်ကို ဆင့်ခေါ်လိုက်တာများလား... “

“မဖြစ်နိုင်တာ... အဲဒီလောက် စွမ်းအားရှိရင် သူက ဘာလို့ ချင်းလန်စီရင်စုမှာ နေမှာလဲ... “

“ဒါလည်း ဟုတ်တာပဲ... ကျုပ်လည်း အဲ့လိုမထင်ပါဘူး။”

“ဟေ့ ဟေ့၊ ညီအစ်ကိုကျန်း... ခင်ဗျား ဘာလို့ ပြေးနေတာလဲ”

“ခင်ဗျား အနေတာလား... ကျီယွဲ့ဂိုဏ်းက အခု ဘယ်သူမှမရှိဘူး... ဒီက ရတနာတွေအားလုံးက အခု ပိုင်ရှင်မဲ့တွေ ဖြစ်ကုန်ပြီ”

ထိုစကားကို ကြားသည်နှင့် လူတိုင်းမှာ ရူးသွပ်သွားကြပြီး ကျီယွဲ့ဂိုဏ်း၏ ရတနာတိုက်များရှိရာသို့ ပျံသန်းသွားကြတော့သည်။

လေလွင့်ကျင့်ကြံသူများသည် ပါရမီမရှိကြသဖြင့် ငယ်စဉ်ကတည်းက ဂိုဏ်းတစ်ခုခုသို့ မဝင်ရောက်နိုင်ခဲ့ဘဲ ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း တစ်စစီသာ စုဆောင်းခဲ့ကြရသဖြင့် ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံကြရသူများဖြစ်သည်။

ကံကောင်းခြင်းတစ်ခုခုနှင့် မဆုံတွေ့ခဲ့ပါက လူအများစုမှာ သေမျိုးလောကရှိကိစ္စများနှင့်သာ နပန်းလုံးနေကြရသူများဖြစ်သည်။

ကျီယွဲ့ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခု ပြိုလဲခြင်းမှာ သူတို့အတွက် အခွင့်အလမ်းကြီးတစ်ခုပင်ဖြစ်သည်။

“ဘယ်သူက ငါနဲ့ လုရဲတာလဲ... “

“မတွန်းနဲ့ဟ”

“တောက်... ခင်ဗျား တကယ်ပဲ ကျုပ်ကို တိုက်ခိုက်တာလား”

“ရတနာတွေရှေ့မှာ ညီအစ်ကိုဆိုတာ မရှိဘူး... ခင်ဗျားနဲ့ကျုပ်က သိတယ်ဆိုရုံလေးပဲ”

ပစ္စည်းများကို မရယူနိုင်မီမှာပင် နေရာအနှံ့၌ သွေးထွက်သံယိုတိုက်ပွဲများ ဖြစ်ပွားကုန်တော့သည်။

သို့သော် မကြာမီမှာပင် အားလုံးမှာ ဗလာဟင်းလင်းဖြစ်နေသော သိုလှောင်ရုံများကိုကြည့်ကာ ဒေါသထွက်လွန်းသဖြင့် မျက်ရည်ဝဲကြရလေ၏။

ဗလာဖြစ်နေသော စင်များမှလွဲ၍ ကျန်းချန်သည် သူတို့အတွက် မွေးညှင်းတစ်ပင်မျှပင် ချန်မထားခဲ့ပေ။

“မဖြစ်နိုင်ဘူး... “

“ဒီလောက် ဂိုဏ်းကြီးက... ကျန်ရစ်ခဲ့တဲ့ ရတနာအချို့တော့ ရှိမှာပဲ”

“ရှာကြဟေ့... “

လူအုပ်ကြီးမှာ မယုံကြည်နိုင်ဖြစ်ကြသည့်အပြင် လက်မလျှော့လိုကြပေ။

သို့သော် သူတို့ မြေလှန်ရှာဖွေခဲ့ကြသော်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်တုံးမျှပင် ရှာမတွေ့ပေ။

“တောက်... ဒါကတော့ လွန်လွန်းတယ်”

“အသားစားပြီးရင်တောင် ငါတို့အတွက် အရိုးလေးတော့ ချန်ထားသင့်တာပေါ့”

“ဒီလိုကျွမ်းကျင်သူကြီးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို ဘာလုပ်ဖို့ ယူသွားတာလဲ။ အကုန်လုံးယူသွားလည်း အသုံးမှမဝင်တာ... “

“သူက အရမ်းသန်မာပေမဲ့ ဘာလို့လဲမသိဘူး... ငါ သူ့ကို တကယ်ပဲ အထင်သေးလာမိတယ်”

“ငါလည်း အတူတူပဲ”

လူအုပ်ကြီးမှာ ဆွံ့အသွားကြပြီး ဆဲဆိုနေကြတော့သည်။

“ဟတ်ချိုး”

အဝေးတစ်နေရာရှိ ဖေးရှန်းတောင်ခြေတွင် ကျန်းချန် နှာချေလိုက်မိသည်။

သူသည် သူ၏နှာခေါင်းကိုကိုင်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွား၏။ သူသည် ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်ကာ ရောဂါဘယကင်းဝေးသည့် ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

“ငါ့ရဲ့ ချောမောမှုကို မနာလိုလို့ တစ်ယောက်ယောက်က ငါ့နောက်ကွယ်မှာ ကျိန်ဆဲနေတာများလား”

“အရမ်းချောလွန်းတာကလည်း ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ။”

ဂိုဏ်းသို့ ပြန်ရောက်သောအခါ ထူးခြားသော ပြောင်းလဲမှုများကို သူ သတိပြုမိလိုက်သည်။

သူ မထွက်ခွာမီက ဖေးရှန်းဂိုဏ်း၏ ဝိညာဉ်သွေးကြောများမှာ ဂိုဏ်းကြီးလေးဂိုဏ်း၏ ဖြတ်တောက်ခြင်းကို ခံထားရသဖြင့် ပျက်စီးယိုယွင်းနေခဲ့၏။

သို့သော် ယခုအခါ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ကျီယွဲ့ဂိုဏ်းထက် နှစ်ဆပင် ကျော်လွန်နေချေပြီ။

ထို့အပြင် ဂိုဏ်းဖျက်ဆီးခံရစဉ်က ကျန်ရစ်ခဲ့သော အုတ်ကျိုးအုတ်ပဲ့များနှင့် သစ်ပင်ကျိုးများမှာလည်း မရှိတော့ပေ။ ကျိလင်းဟန်နှင့် အခြားသူများ ရှင်းလင်းထားခြင်း ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်... “

“ဂိုဏ်းချုပ် ပြန်ရောက်လာပြီ”

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင်ကျန်ရစ်ခဲ့သောတပည့်များသည် အပြေးအလွှား ထွက်ကြိုကြသည်။

သူတို့ သိကျွမ်းခဲ့သည်မှာ တစ်ရက်မျှသာ ရှိသေးသော်လည်း ကျန်းချန်မှာ ယခုအခါ သူတို့၏ အဓိကကျောရိုးဖြစ်နေပြီဟုဆိုလျှင် မမှားပေ။

သူ၏ အစွမ်းထက်သောခွန်အားသည် တပည့်များ၏စိတ်ထဲတွင် ယုံကြည်မှုအသစ်များကို သွတ်သွင်းပေးခဲ့သည်။

“ဒီခရီးစဉ်ရဲ့ ရလဒ်က ဘယ်လိုလဲဆိုတာ သိပါရစေ ဂိုဏ်းချုပ်။”

ကျန်းချန်၏ မိုးကြိုးဆင့်ခေါ်ခြင်းနည်းစနစ်မှာ အလွန်အံ့ဩဖွယ်ကောင်းပြီး အမှားအယွင်းမရှိနိုင်သော်လည်း ကျီယွဲ့ဂိုဏ်းမှာ လူပေါင်းသောင်းချီရှိသော ဂိုဏ်းတစ်ခုဖြစ်သည်။

မမျှော်လင့်သော အခက်အခဲများ ရှိနေနိုင်သည်မှာ မထူးဆန်းပေ။

ထို့အပြင် အသွားအပြန်ခရီးမှာ နာရီဝက်ခန့်သာကြာမြင့်သဖြင့် အလွန်လျင်မြန်လွန်းနေသည်။

“ဟင်း... အဲဒီဂိုဏ်း မပျက်စီးသွားလည်း ကိစ္စမရှိပါဘူး။ နောင်မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ”

“ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ဂိုဏ်းချုပ်က အခုကိုပဲ အရမ်းတော်နေပါပြီ။”

“ကလဲ့စားချေဖို့ဆိုတာ အလောတကြီး လုပ်ရမယ့်အရာ မဟုတ်ပါဘူး... “

*ရွှစ်*

ကျန်းချန်သည် လက်စွပ်တစ်ခုကို ပွတ်လိုက်ရာ အလင်းတန်းတစ်ခုနှင့်အတူ ဝိညာဉ်ဓားများနှင့် ဝိညာဉ်ချပ်ဝတ်တန်ဆာ ဒါဇင်ပေါင်းများစွာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

အေးစိမ့်သော အရှိန်အဝါနှင့် ရတနာများ၏ တောက်ပမှုမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။

“ဒါ... ဒါက အဆင့် ၆ ဝိညာဉ်လက်နက်... ချီရှန်ဓားပဲ... ကျီယွဲ့ဂိုဏ်းချုပ်ရဲ့ ဓား...”

“ဒါက ကျီယွဲ့ဂိုဏ်းရဲ့ အကြီးအကဲချုပ် ကျန်းဟွာဟုန်ရဲ့ ဝိညာဉ်ချပ်ဝတ် မဟုတ်လား... ဒီရေ လေပြင်း ချပ်ဝတ်တန်ဆာဟုတ်တယ်မလား...”

“အဲဒါ အဆင့် ၅ ဝိညာဉ်ချပ်ဝတ်လို့ထင်တယ်... သူက ဖေးယွင်ပြည်နယ်ကနေ အသည်းအသန်ဝယ်ခဲ့ပြီး ကြွားနေခဲ့တာ။”

“ပြီးတော့ ဒါက... “

လူတိုင်း၏ မျက်လုံးများဝေဝါးကုန်ကြသည်။

သူတို့သည် ယခင်က တပည့်ရင်းများ ဖြစ်ခဲ့ကြသော်လည်း အဆင့် ၃ ဝိညာဉ်လက်နက်များကိုသာ အသုံးပြုခဲ့ရသည်။ ၎င်းကိုပင် အလွန်ကောင်းမွန်သော ဆက်ဆံမှုဟု သတ်မှတ်ခဲ့ကြရ၏။

အချို့သော လေလွင့်ကျင့်ကြံသူများမှာ တစ်သက်လုံး ကြိုးစားခဲ့သော်လည်း အဆင့် ၁ ဝိညာဉ်လက်နက် တစ်စုံရရန်ပင် ခက်ခဲလှသည်။

နောက်ဆုံး ထွက်ပြေးစဉ်က သူတို့၏ဆရာများမှာ သူတို့အတွက် အချို့သောပစ္စည်းများ ချန်ထားခဲ့သော်လည်း လက်နက်နှင့် ချပ်ဝတ်တန်ဆာ အများစုမှာ ပါမလာခဲ့ပေ။

ထိုစဉ်က ဖေးရှန်းဂိုဏ်း၏ အကြီးအကဲများသည် ပြင်ပရန်သူများကို တိုက်ခိုက်ရန်အတွက် ထိုလက်နက်များကိုအသုံးပြုရန် လိုအပ်ခဲ့သောကြောင့်ဖြစ်သည်။

ယခု မြေပြင်ပေါ်ရှိ ဝိညာဉ်လက်နက်များမှာ အနည်းဆုံး အဆင့် ၄ များ ဖြစ်ကြသည်။

ထိုအဆင့်အောက်ရှိ ပစ္စည်းများကိုမူ ကျန်းချန်က အမှတ်များနှင့်လဲလှယ်လိုက်ချေပြီ။

“ကြိုက်တာကိုသာ ယူကြပေတော့... “

သူသည် မိမိကိုသစ္စာခံထားသည့် နောက်လိုက်များအပေါ်တွင် အလွန်ပင်ရက်ရောလှသည်။

ထို့အပြင် ဤပစ္စည်းများကို သူကိုယ်တိုင်လည်း အသုံးပြု၍မရပေ။

“ဒါတွေ... ဒါတွေအားလုံးက ကျွန်တော်တို့အတွက်လား”

လော့ယွမ်နှင့် အခြားသူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

ယခင်က တပည့်ဘဝတွင် ဝိညာဉ်လက်နက်တစ်ခုရရှိရန်မှာ ထူးချွန်သောစွမ်းဆောင်ရည်ပြသနိုင်မှ သို့မဟုတ် ဂိုဏ်းအတွက်အကျိုးပြုမှသာ ဆုလာဘ်အဖြစ်ရရှိနိုင်ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက ဂိုဏ်းတွင်းပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိရမည်။

ယခုမူ သူတို့ မည်သည့်အကျိုးပြုမှုမျှ မလုပ်ဆောင်ရသေးဘဲ အဆင့် ၄ ဝိညာဉ်လက်နက်များကို စိတ်ကြိုက်ရွေးချယ်ခွင့်ရနေခြင်းဖြစ်သည်။

“ဒါပေါ့... ငါ မရှိတဲ့အချိန် မင်းတို့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့စွမ်းအားမရှိမှာကို ငါ မလိုလားဘူး...”

မိမိ၏လူများကို တတ်နိုင်သမျှ အဆင့်မြှင့်တင်ပေးထားခြင်းက အကောင်းဆုံးပင်။

“ဒါဆိုရင်တော့... ကျွန်တော်တို့ အားမနာတော့ဘူး... “

All Chapters