← Chapters

နောက်ဆုံးတော့ သေပြီ

Vol. 1 Ch. 3

နောက်ဆုံးတော့ သေပြီ

Vol. 1 Ch. 3

ယောင်ယွင်ရွှမ် မျက်ခုံးတွန့်လိုက်ပြီး ကြောင်ကကြွက်ကို ကစားသလို ပြုံးလိုက်၏။

ချန်းဟွ‌ေတာင်တစ်ဝိုက်ရှိ ဂိုဏ်းငါးဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများအနက်မှတစ်ဦးဖြစ်သည့် ကျိလင်ဟန်မှာ ဂိုဏ်းများမှတပည့်များစွာ လေးစားအားကျရသည့် နတ်သမီးတစ်ပါးဖြစ်ခဲ့ပြီး ယောင်ယွင်ရွှမ်မှာ သူနှင့်မကြာခဏဆိုသလို နှိုင်းယှဉ်ခံရလေသည်။

နှစ်ပေါင်းများစွာ မနာလိုမှုမှ အမုန်းတရား ပေါက်ဖွားလာခဲ့ခြင်းဖြစ်၏။

သို့သော်လည်း လွန်ခဲ့သောသုံးရက်က သူ၏ဂိုဏ်းဖြစ်သော ကျီယွဲ့ဂိုဏ်းသည် အခြားဂိုဏ်းသုံးဂိုဏ်းနှင့်ပေါင်း၍ ဖေးရှန်ဂိုဏ်းကို ရုတ်တရက်တိုက်ခိုက်ခဲ့လေသည်။ အလွန်အရေးပါသောတပည့်အချို့မှလွဲ၍ ဖေးရှန်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များအားလုံး သေဆုံးသွားခဲ့ကာ မြေပုံပေါ်မှ အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။

၎င်းတိုက်ပွဲတွင် ယောင်ယွင်ရွှမ်လည်းပါဝင်ခဲ့ကာ အကြီးအကဲများနောက်မှကပ်လိုက်ရသည့် တပည့်ရင်းဖြစ်သော်လည်း အခြားအရာအားလုံးထက် ကျိလင်းဟန်ကိုအမဲလိုက်ရန် ဦးစားပေးခဲ့သည်။

ယောက်ျားလေးတပည့်သုံးဦးကပါ စတင်ရယ်မောလာ၏။

"ညီမယောင်က ဂရုမစိုက်ဘဲအမှားလုပ်ခဲ့မိလို့ သူ့လှည့်ကွက်ထဲကျခဲ့ရတာ။"

"ညီမယောင်ကိုယ်တိုင် လုပ်စရာမလိုပါဘူး။ အစ်ကိုကြီးက ညီမလေးအတွက် သူ့ကိုဖမ်းပေးမှာပေါ့။"

"ညီမယောင် သူ့ကို ဘယ်လိုသေစေမလဲဆိုတာ ပြောပြပါလား။"

ယောင်ယွင်ရွှမ်မှာ ပြင်းထန်သောလဂိုဏ်း ဆေးခန်းမအကြီးအကဲ ယောင်ချိုးလင်၏သမီးဖြစ်ပြီး ဆေးရည်မလိုအပ်သည့် ကျင့်ကြံသူမရှိပေ။ ထုံးစံအတိုင်း သူ့ကို မျက်နှာသာပေးရမည်သာ။

ကျိလင်းဟန်မှာ အလွန်လှပ၍ ယောင်ယွင်ရွှမ်ထက် စိတ်သဘောထား၊ အသွင်အပြင်၊ ပါရမီ အားလုံးသာသော်လည်း မည်သည့်ဘက်ကိုရွေးလျှင် သူတို့ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ပို၍အကျိုးရှိမည်ကို အားလုံးသိကြသည်သာဖြစ်၏။ ယောင်ယွင်ရွှမ်ကိုဖားခြင်းက အနာဂတ်တွင် ဆေးရည်ပိုရနိုင်မည့်လမ်းကြောင်းဖြစ်သည်။

"သူ့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။" ယောင်ယွင်ရွှမ်က ထူးဆန်းစွာပြုံး၍ဆို၏။

"ဘယ်လို"

"ညီမယောင်က တကယ်ကိုကြင်နာတတ်တာပဲ၊ ဒီလိုစိတ်ထားမျိုးက လေးစားထိုက်ပါပေတယ်" ယောက်ျားလေးတပည့်တစ်ဦးက ဝင်၍ဖားသည်။

သူ၏ဖားယားမှုမှာကောင်းမွန်လွန်းသည့်အတွက် အခြားတပည့်နှစ်ဦးမှာ အခွင့်အရေးကို မယူမိလေခြင်းဟု နောင်တရ၍ အံကြိတ်မိကြလေ၏။

ယောင်ယွင်ရွှမ်က နှုတ်ခမ်းစူ၍ မထီမဲ့မြင်ပြောလေသည် "ရူးနေလား။ ကြင်နာတာလား။ ငါက သူ့ကျင့်ကြံမှုကိုဖျက်စီးပြီး မျက်နှာကို ရုပ်ဆိုးအောင်လုပ်၊ ငါ့အစေခံလုပ်ခိုင်းပြီး နေ့တိုင်းနှိပ်စက်မှာ။ အဲ့တာပိုမကောင်းဘူးလား။"

အခြားတပည့်နှစ်ယောက်က သူ့ကို အလျင်အမြန်ထောက်ခံလေသည်။

"ညီမယောင်က တကယ်ကိုပဲ ဖန်တီးနိုင်စွမ်းကောင်းတယ်"

"ကောင်းတယ်၊ တကယ်တော်တယ်။ ဒီလိုနည်းလမ်းမျိုးကို ငါတို့ဘာလို့မတွေးမိတာပါလိမ့်"

"အဲ့တာကြောင့် မင်းကျင့်ကြံမှုက အမြဲတမ်း ညီမယောင်ထက်နိမ့်နေတာပေါ့"

ကျန်းချန်က ဘေးတွင်ရပ်နေရင်း ပြောစရာစကားမဲ့နေလေသည်။ ဤလူများမှာ အမှန်တကယ် တစ်ခုခုပင်။

*ရွမ်း*

ကျိလင်းဟန် အံကိုကြိတ်၍ ဓားဆွဲထုတ်ကာ ရန်သူများထံ တည့်တည့်ချိန်၍ဆိုလေသည်။

"ယောင်ယွင်ရွှမ်၊ ငါဒိနေ့သေရမယ်ဆိုရင်တောင် နင်တို့ထဲကတစ်ယောက်တော့ အပါခေါ်ရမှာပဲ"

သူ၏ သိမ်မွေ့သောမျက်လုံးများမှာ ဝမ်းနည်းခြင်းများနှင့်ပြည့်နှက်လျှက်ရှိပြီး အမုန်းမီးလျှံများတောက်လောင်နေကာ ယောင်ယွင်ရွှမ်ကို ခြေတစ်လှမ်းနောက်ဆုတ်မိစေပေသည်။ ထို့နောက်မှာတော့ လူအင်အားသာသည်ကိုသတိရ၍ ယုံကြည်မှုပြန်ရလာလေသည်။

"သေရမှာလား။ နင်သေနိုင်ပါ့မလားဆိုတာ ကြည့်ကြတာပေါ့"

"ကျိလင်းဟန် နင်က ချီစုစည်းခြင်းအဆင့်ရှစ်မှာပဲရှိသေးတာ။ ငါတို့မှာ ချီစုစည်းခြင်းအဆင့် လေးယောက်ရှိတယ်။ နင်က ငါတို့အတွက် ပြဿနာတစ်ခု ဖြစ်နိုင်ပါ့မလား"

ကျန်းချန်မှာ ကျင့်ကြံမှုအကြောင်းမသိသော်လည်း သူတို့၏အခြေအနေများကိုကြည့်၍ မည်သူအသာရနေကြောင်း အလွယ်သိနိုင်လေသည်။ ဤသို့သောအရာများစွာ ကြုံဖူးခဲ့လေပြီ။ ဇာတ်လိုက်ကျော် ထွက်ပေါ်လာရမည့်အချိန်ဖြစ်၏။ အတွေ့အကြုံအထုပ်လေးထုပ် ရှိနေလေသည်။

"ငါပြောမယ်၊ ဒီမှာလူတစ်ယောက်ရှိနေသေးတာ မေ့သွားတာလား။ ငါ့နယ်မြေကိုလာပြီး ငါ့ကိုအရိုအသေမပေးဘူးပေါ့။ မင်းတို့မှာ အပြုအမူကောင်းမရှိကြဘူးပဲ"

သူက ဖြစ်စဉ်တစ်ခုလုံး၏အလယ်သို့ အေးအေးဆေးဆေးလျှောက်ဝင်သွားပြီး ကျိလင်းဟန်ကို သူ့နောက်တွင် ကာကွယ်ထားလိုက်သည်။

"စီနီယာ၊ ဒါက ကျွန်မနဲ့ သူတို့ကြားကကိစ္စဖြစ်ပါတယ်။ ဝင်စွက်ဖက်ဖို့ မလိုအပ်ပါဘူး..."

ကျိလင်းဟန်မှာ စိတ်လှုပ်ရှားပျော်ရွှင်သွားမိသည်။ ဤစီနီယာမှာ အမှန်တကယ်ပင် စိတ်ကောင်းနှလုံးကောင်းရှိ၏။ သို့သော် သူ၏ကျင့်ကြံမှုမှာ လုံးဝမရှိနေပေ။

ချီစုစည်းခြင်းအဆင့်များကိုမဆိုထားနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်များကပင် သူ့ကိုသတ်သွားနိုင်၏။ အဆင်အခြင်မဲ့လှုပ်ရှားတာက သေခြင်းတရားကို ရှာဖွေနေတာမဟုတ်လား။

ကျန်းချန်က အေးဆေးစွာဖြင့် လက်ကိုယမ်း၍ အမှန်တရားကိုမြတ်နိုးသူ၊ ရဲရင့်သူတစ်ဦး၏ဟန်ပန်ဖြင့် "စိတ်မပူပါနဲ့၊ ငါဒီမှာရှိနေရင် သူတို့ နင့်ကိုမထိခိုက်စေရဘူး"

သူ့အနေဖြင့် အတွေ့အကြုံအထုပ်များကို စုဆောင်းရမည်လေ၊ ကောင်းမှုကုသိုလ်လည်း ရနိုင်သေးသည်မဟုတ်လော။

ထိုတပည့်လေးယောက်မှာ တစ်ဦးကိုတစ်ဦးကြည့်၍ အော်ရယ်လေတော့သည်။

"ဟား ဟား ဟား ဟား၊ ဒီလူက ရူးနေတာလား။"

"စီနီယာဆိုပါလား၊ ကျင့်ကြံမှုလေးတောင်မရှိဘူး။ အရူးတစ်ယောက်ပါပဲ"

"တဏှာကြောင့် ကန်းသွားတာနေမှာ၊ အလှလေးကိုကယ်တင်ပြီး ဟီးရိုးလုပ်ချင်နေတာ"

ယောင်ယွင်ရွှမ်နှင့် အခြားသူများမှ အကန်းများမဟုတ်ကြပေ။ သူတို့ဝင်လာစဉ်ကတည်းက ကျန်းချန်ကိုမြင်ပြီးဖြစ်၏. သူ့တွင် ဝိညာဉ်စွမ်းအား တစ်စက်မျှမရှိခြင်းက သေမျိုးတစ်ဦးဖြစ်ကြောင်း ပြသနေသည့်အတွက် ဂရုမစိုက်ကြခြင်းပင်။

ယောက်ျားတပည့်တစ်ဦးက ကျန်းချန်၏ချောမောမှုကို မနာလိုစွာဖြင့် "သေမျိုးလေးတစ်ယောက်ကများ ဝင်နှောင့်ယှက်ရဲတာလား။"

ဓားရောင်တစ်ချက်လက်သွား၊ သွေးတွေပျံ့ကြဲ။

ကျန်းချန်မှာ သွေးအိုင်ထဲလဲနေလေပြီ။

"အား၊ စီနီယာ"

ကျိလင်းချန်မှာ မြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့် အော်မိလေသည်။

သူဒီလိုပဲသေသွားတာလား။

သူက လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဒေသတစ်ခုလုံးကို စိုးမိုးခဲ့တဲ့ စွမ်းအားကြီး ကျွမ်းကျင်သူမဟုတ်ဘူးလား။ ကျင့်ကြံမှုမရှိဘူးဆိုရင်တောင်မှ ဝှက်ဖဲတွေတော့ရှိရမှာမလား။

အမှန်အတိုင်းပြောရရင် ကျန်းချန်ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံစံကိုမြင်ပြီး မျှော်လင့်ချက်လေးတောင် နည်းနည်းပေါ်လာသေး။ အံ့ဩစရာလေးတွေများ ဖြစ်လာမလားပေါ့။

အခုတော့ သွားပြီ၊ ပြီးသွားပြီ။

"ဟား ဟား ဟား၊ ဒီလူက ဘာမှမဟုတ်ဘူးပဲ"

ယောင်ယွင်ရွှမ်မှာ မြေပေါ်လဲနေသည့်အလောင်းကို နောင်တရသလိုလို မရသလိုလိုဖြင့် လှမ်းကြည့်လိုက်သည်။ ဤကောင်လေးမှာ အလွန်ချောမောလှသဖြင့် သူ့ကိုဆွဲစားမလို့ကြံကာ နောင်မှဖမ်းလိုက်မည်ဟု တွေးထားသဖြင့် ဘာမှဝင်မပြောခြင်းဖြစ်၏။ မျက်နှာလေးတစ်ခုတည်းကပင် တစ်ဘဝစာကစားရန်တန်လေ၏။ နောက်ဆုံးတော့ သူက သေမျိုးလေးတစ်ဦးသာပါပဲ။ သေသွားတော့လည်း သေသွားတယ်ပေါ့။

"ကောင်းပြီ၊ အခု နင့်အလှည့်ပဲ"

သူက ကျိလင်းဟန်ကို အာရုံစိုက်လိုက်သည်။

"ဒင်၊ လက်ခံသူ အသတ်ခံလိုက်ရပါပြီ။"

စနစ်၏ အချက်ပေးမှုတစ်သီတစ်တန်းကြီး တက်လာလေ၏။ သူက ဝိညာဉ်အခြေအနေတွင် ရှိနေခြင်းဖြစ်၏။

"ရန်သူလေးဦး၏ခွန်အားကို ထောက်လှမ်းနေသည်။ စနစ် အကဲဖြတ်မှုပြီးနောက်တွင် ယောင်ယွင်ရွှမ်ဖခင်၏ ခွန်အားအလုံးစုံကို လက်ခံသူအတွက် ပုံတူပွားပေးလိုက်သည်။"

"ဒင်၊ ပုံတူပွားခြင်း ပြီးဆုံးပါပြီ။ လက်ခံသူမှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သုံး ကျင့်ကြံမှုကို ယခုပိုင်ဆိုင်သွားပါပြီ။"

"လက်ခံသူမှာ ကျီယွဲ့ဂိုဏ်း၏ လကြည့်နှလုံးသား နည်းစနစ် အဆင့်လေးကို ရရှိသည်။"

"လက်ခံသူမှာ ဝိညာဉ်နုတ်ခြင်းနည်းစနစ် အဆင့်နှစ်ကို အလိုအလျောက်နားလည်သွားပါပြီ။"

"လက်ခံသူမှာ လခြမ်းကွေးဓားထိန်းချုပ်မှုနည်းစနစ် ပထမခြောက်ဆင့်ကို အလိုအလျောက်သင်ယူပြီးသွားပါပြီ။"

"လက်ခံသူမှာ အဆင့်သုံးဆေးပညာရှင် ဖြစ်သွားပါပြီ။"

"လက်ခံသူမှာ မကြာမီ အသက်ပြန်ရှင်ပါတော့မည်။"

All Chapters