← Chapters

ယောင်ယွင်ရွှမ်ရဲ့အဖေ

Vol. 1 Ch. 4

ယောင်ယွင်ရွှမ်ရဲ့အဖေ

Vol. 1 Ch. 4

*ဝှစ်*

ကျန်းချန်၏အလောင်းကောင်ပေါ် အလင်းတစ်ချက်လက်သွားပြီး သူ အသက်ပြန်ရှင်လာသည်။

သွေးကွက်များကျန်နေသေးသော်လည်း အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် ဒဏ်ရာများမှာ အစအနမကျန် အကုန်ပြန်ကောင်းသွား၏။ သူ့တစ်ဘဝလုံးတွင် အကောင်းဆုံးခံစားချက်ကို ခံစားလိုက်ရလေသည်။

သူ့ခန္ဓာကိုယ်မှာ ဝိညာဉ်ချီများပြည့်နှက်လျှက်ရှိပြီး စိတ်အစဉ်မှာ ကြည်လင်ရှင်းလင်းနေကာ အတွေးတစ်ချက်နှင့်ပင် ဂူပေါက်ဝအပြင်ဘက် မီတာတစ်ထောင်အထိ အာရုံခံကြည့်နိုင်လေ၏။

ထို့အပြင် သူ့စိတ်ထဲတွင်လည်း လကြည့်နှလုံးသားနည်းစနစ် အဆင့်လေး၊ ဝိညာဉ်နုတ်ခြင်းနည်းစနစ် အဆင့်နှစ်အပြင် လခြမ်းကွေးဓားထိန်းချုပ်မှုနည်းစနစ် ပထမခြောက်ဆင့်တို့၏ နည်းစနစ်များဖြင့် ပြည့်နှက်လျှက်ရှိသည်။

၎င်းတို့မှာ နတ်အာရုံ၊ ကျင့်ကြံမှုနည်းစနစ်နှင့် လျှို့ဝှက်ပညာများ၊ ဓားနည်းစနစ်များ.... ဖြစ်ကြောင်း သူသိရှိပြီး ၎င်းတို့ကို နှစ်ပေါင်းများစွာ ကျင့်ကြံထားသကဲ့သို့ တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝသကဲ့သို့ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်နေလေပြီ။

ယောင်ယွင်ရွှမ်၏အဖေမှာ ကျီယွဲ့ဂိုဏ်း ဆေးခန်းမ၏ အကြီးအကဲတစ်ဦးဖြစ်ပြီး စနစ်က သူ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာ... အရာအားလုံးကို ကျန်းချန်ထံ ကူးထည့်ပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ယောင်ချိုးလင်သိသမျှအားလုံးကို ကျန်းချန်သိရှိသွားလေပြီ။ အကြီးအကဲတစ်ဦး၏ပုံစံနှင့် ပိုင်ဆိုင်မှုများမှလွဲ၍ ကျန်းချန်မှာ ယောင်ချိုးလင် ပုံတူအငယ်စားလေးပင်ဖြစ်ချေသည်။

သူမတ်တပ်ရပ်လာသည်ကိုမြင်သည့်အခါ ထိုငါးဦးမှာ အေးခဲသွားကြသည်။

တိုက်ခိုက်ခဲ့သော ယောက်ျားလေးတပည့်မှာ မျက်လုံးပွတ်၍ တစ္ဆေတွေ့သလို ကြည့်လေ၏။ သေစေနိုင်တဲ့နေရာကို ဓားနှင့်ထိုးခဲ့ခြင်းဖြစ်မှန်း သူအတိအကျမှတ်မိနေသေးသည်။

သာမန်သေမျိုးတစ်ယောက်ဖြစ်စေ မူလဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူဖြစ်စေ ထိုဓားချက်ကြောင့် သေဆုံးရပေမည်။

"စီနီယာ၊ ရှင်အသက်ရှင်သေးတယ်"

ကျိလင်းဟန် အပျော်လွန်သွားသည်။

ကျန်းချန်ကို ယခုမှတွေ့ဆုံခြင်းဖြစ်သော်လည်း သူ့ကိုကာကွယ်ပေးသည့် မျက်နှာသာပေးမှုကို အမှတ်ရနေဆဲ။

ကျန်းချန် ဖျော့တော့စွာပြုံးလိုက်သည်။ "စိတ်လျှော့၊ သူတို့မိသားစုအားလုံးသေသွားရင်တောင် ငါသေမှာမဟုတ်ဘူး"

"မဟုတ်တာတွေလျှောက်ပြောမနေနဲ့တော့၊ ဒီလိုဆိုမှတော့ နောက်တစ်ခေါက် သတ်ပေးရမှာပေါ့"

ယောက်ျားလေးတပည့်မှာ ရှက်ဒေါသဖြင့် နောက်တစ်ကြိမ် ဓားဖြင့်ပိုင်းလေ၏။

ဤတစ်ကြိမ်တွင် မူလဖြစ်တည်ခြင်းအဆင့် ဝိညာဉ်စွမ်းအင်များစုစည်း၍ ဂူအတွင်း လင်းထိန်တောက်ပသွားသည်။ ဓားမရောက်မီ လေစိမ်းတိုက်၍ အေးစိမ့်စိမ့်ခံစားချက်က အရင်လာလေ၏။

*ရွမ်း*

ကျန်းချန်အရှေ့တွင် မျက်စိကန်းလောက်ဖွယ်အလင်းရောင်သာ ကျန်ရှိခဲ့တော့သည်။

"စီနီယာ၊ သတိထား"

ကျိလင်းချန်မှာ ထိုသို့ရုတ်တရက်တိုက်ခိုက်မည်မထင်သဖြင့် အော်ဟစ်သတိပေးရုံသာတတ်နိုင်ပေတော့သည်။

တားဆီးဖို့အချိန်မမီချေ။

ယောင်ယွင်ရွှမ်နှင့် အခြားသူများမှာ မဲ့ပြုံးပြုံးမိကြသည်။ အစ်ကိုကြီးကျူး၏ အားပြည့်တိုက်ခိုက်မှုဖြစ်သည်၊ အမှားအယွင်းမရှိနိုင်ပေ။

သေမျိုးတစ်ယောက်ကြောင့် နှစ်ကြိမ်တိုင်နှောင့်နှေးရခြင်းမှာ သတ်ရန်အကြောင်းပြချက်ဖြစ်၏။

နောက်တစ်စက္ကန့်တွင်မူ သူတို့အပြုံးများအေးခဲသွားကြလေပြီ။

ကျန်းချန်မှ မတ်တပ်ရပ်နေဆဲဖြစ်ပြီး သွေးတစက်စက်ကျနေသောဓားကို ကိုင်ထားလေ၏။

လက်ရှိအချိန်တွင် ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သုံးဖြစ်၏။ အဆင့်သေးတစ်ခုကွာခြားခြင်းကပင် ဖိနှိပ်နိုင်စွမ်းရှိစေသည်ဖြစ်ရာ အဆင့်ကြီးတစ်ခုလုံးကွာနေသည်ဆိုမှတော့ ပြောစရာမလိုတော့။

"ဘယ်... ဘယ်လိုလုပ်လိုက်တာလဲ"

ယောင်ယွင်ရွှမ်နှင့် အခြားသူများမှာ တုန်လှုပ်သွားကြသည်။ အစ်ကိုကြီးကျူးမှာမူလဖြစ်တည်ခြင်းအဆင့်ခြောက်ဖြစ်ပြီး ယောင်ယွင်ရွမ်ထက်တစ်ဆင့်မြင့်လေ၏။

ကျိလင်းဟန်ပင် အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးမှသာ အနိုင်ရနိုင်မည်ဖြစ်သည်။

"ရှင် ဘယ်သူလဲ"

ယောင်ယွင်ရွှမ် တည်ငြိမ်အောင်လုပ်၍ မေးလေ၏။

"ရှင်က ဖေးရှန်ဂိုဏ်းကမဟုတ်ဘူး။ ဘာလို့သူ့ကို ကူညီနေရတာလဲ။ သူဘာပေးမယ်ပြောထားလို့လဲ"

ဒီလူရဲ့ခွန်အားက သူမျှော်လင့်ထားတာထက်ပိုကောင်းနေတော့ ကျိလင်းဟန်ဘေးမှာရှိနေတာ ပြဿနာရှိလာချေပြီ။

သူဦးစွာတွေးမိသည်မှာ သွေးခွဲပြီး စည်းရုံးရန်ဖြစ်၏။

ကျိလင်းဟန်ကိုအရင်သတ် ကျန်တာနောက်မှပေါ့။

အကြံကောင်းပါပဲ။ သို့သော် ကျန်းချန်က အဲ့လောက်မအ။

"ငါက နင့်အဖေပဲ။ ဒူးထောက်ပြီး အဖေလို့ခေါ်စမ်း"

ယောင်ယွင်ရွှမ်မှာ ဆင်ခြင်တုံတရားပျောက်ဆုံးသွားလေပြီ။

"သူ့ကိုသတ်"

"သူ့ကို အရှင်လတ်လတ် အပိုင်းပိုင်းဖြတ်ပစ်ကြ"

ထိုလူကိုသိမ်းသွင်းရန်အတွေးများမှာ လေနှင့်အတူလွင့်ပါးသွားလေပြီ။

သူအမိန့်ပေးလိုက်သည်နှင့် ကျန်သည့်ယောက်ျားလေးတပည့်နှစ်ဦး ပြေးဝင်တိုက်ခိုက်ကြလေ၏။

သုံးယောက်ဝိုင်းတိုက်သည်ကိုကြုံရသော်လည်း ကျန်းချန်မှာ အလျင်စလိုမရှိပေ။

ကျင့်သားရနေသော လခြမ်းဓားထိန်းချုပ်ခြင်းနည်းစနစ်ဖြင့် ဓားစည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူ့တွင်ရှိသောဓားမှာ အပိုင်းခြောက်ပိုင်းကွဲတစ်ယောက်လျှင်ဓားနှစ်ပိုင်းစီနှုန်းဖြင့် ထိုသုံးဦးထံ ဥက္ကာပျံများအလား ပြေးဝင်သွားလေသည်။

ထိုဓားပုံရိပ်များမှ စုစည်းထားသောအစွမ်းနှင့် အရွယ်အစားကိုမြင်သည့်အခါ ယောင်ယွင်ရွှမ်၏ နှလုံးသားမှာအေးခဲသွားရ၏။ ပထမတစ်ချက်နှင့်တင် နောက်ပြန်လွှင့်သွားရသည်။

အဆင့်သုံး ဝိညာဉ်ပစ္စည်းဖြစ်သည့် တန်ဖိုးကြီးချပ်ဝတ်သာ ကာကွယ်ထားခြင်းမရှိလျှင် ထိုတစ်ချက်နှင့်ပင် သေပွဲဝင်ရပေမည်။

"ရှင် ဘယ်လိုလုပ် ကျီယွဲ့ဂိုဏ်းရဲ့ ဓားထိန်းချုပ်မှုနည်းစနစ်ကို တတ်နေတာလဲ။"

ကျီယွဲ့ဂိုဏ်း၏ ဓားထိန်းချုပ်မှုနည်းစနစ်မှာ ဂိုဏ်း၏ လကြည့်နှလုံးသားနည်းစနစ်ကို တတ်မြောက်ရန် လိုအပ်လေသည်။

ပြင်ပလူများမှာ အပြင်ပန်းပုံသဏ္ဍာန်ကိုသာ တုပနိုင်ကြ၏။ အတွင်းစည်းတပည့်များသာလျှင် သင်ကြားခွင့်ရှိသော ဂိုဏ်း၏နည်းစနစ်ကို ဤလူမည်သို့ပိုင်ဆိုင်ထားသနည်း။

ထို့အပြင် သူ့ထက်ပို၍ပင် ကျွမ်းကျင်စွာအသုံးပြုနိုင်သေးသည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အလားပင်။

"ငါပြောပါတယ်၊ ငါက နင့်အဖေပါဆို။ ခုထိ မယုံသေးဘူးလား"

All Chapters