← Chapters

အဓိကမစ်ရှင်

Vol. 1 Ch. 6

အဓိကမစ်ရှင်

Vol. 1 Ch. 6

"ဒင်၊ လောကသုံးပါးကို စုစည်းညီညွှတ်စေမည့် အဓိကတာဝန် အသက်ဝင်ပါပြီ။"

ပထမစာကြောင်းမှာကတည်းက ကျန်းချန်ကို မိုးကြိုးပစ်ချလိုက်သလိုပင်၊ အတွင်းရောအပြင်ရော မည်းတုံးသွားတာပဲ။ (စိတ်မည်း လူမည်းပေါ့...)

'လောကသုံးပါး.... နည်းနည်းလေးမှမလျော့ဘူး။ သူက အခုမှစတာလေ။ ဒီလို မိုးလောက်ကြီးတဲ့တာဝန်ပေးစရာလား။ မဖြစ်နိုင်တာတွေလုပ်ခိုင်းနေတာပဲ။'

စနစ်က ရှင်းပြချက်ပေးထား၍သာ ကံကောင်းသွားသည်။

"ဤတာဝန်တွင် အချိန်ကန့်သတ်ချက်မရှိဘဲ၊ အဆင့်လိုက် အပြီးသတ်နိုင်သည်။ လက်ခံသူအနေဖြင့် အဆင့်လိုက်အပြီးသတ်ပြီးလျှင် အမှတ်များရရှိမည်။ အမှတ်များသုံး၍ စနစ်ကို အဆင့်မြှင့်နိုင်သည်၊ ကံစမ်းမဲလှည့်နိုင်သည်။"

ကျန်းချန်မှာ စနစ်အဆင့်မြှင့်တင်မှုနှင့် ကံစမ်းမဲကဲ့သို့အရာများနှင့် စိမ်းသက်ခြင်းမရှိပေ။ သို့သော် လောကသုံးပါးကို ညီညွှတ်စေခြင်းအား မည်သို့သတ်မှတ်မည်မသိ။ ပြိုင်ဘက်ကင်းဖြစ်ရန်သာလိုအပ်မည်ဆိုပါက တစ်ဦးချင်းခွန်အားသာလိုအပ်မည်။ စွမ်းအားစုကြီးတည်ထောင်၍ လောကသုံးပါးကို အုပ်စိုးရန်ဆိုလျှင် တစ်ယောက်တည်းတော့မရနိုင်။

စနစ်ကရှင်းလင်းစွာပြောသည်မှာ အင်အားစုတစ်ခု တည်ထောင်ပါတဲ့။ အဆင့်တွေက ဘယ်လိုလဲ မပြောထား။ အဆင့်တစ်ဆင့်ကို ဘယ်လိုဆိုရင်အောင်မြင်မလဲ မပြောထား။ စနစ်လိမ်ကြီးပါတကား။

စနစ်မျက်နှာပြင်တွင် အမှတ်များပြသည့်ဘားတန်းပေါ်လာကြောင်းတော့ တွေ့ရှိရပေသည်။

အဆင့်- ၁

အမှတ်- ၀/၁,၀၀၀

သုံးနိုင်သောအမှတ်- ၀

လက်ရှိစွမ်းရည်- တစ်ရက်လျှင်တစ်ကြိမ် အသက်ပြန်ရှင်နိုင် (စုဆောင်း၍မရ)။ အသက်ပြန်ရှင်ပြီးလျှင် ရန်သူများကို အနိုင်ယူနိုင်။

နောက်တစ်ဆင့်အတွက်စွမ်းရည်- တစ်ရက်လျှင် နှစ်ကြိမ် အသက်ပြန်ရှင်နိုင်။ အသက်ပြန်ရှင်ပြီးလျှင် ရန်သူများကို အနိုင်ယူနိုင်။

*ဝိုး*

'နေ့စဉ်အသက်ပြန်ရှင်မယ့်အရေအတွက်ကို တိုးလို့ရတယ်ဟ'

ကျန်းချန်မှာ မတည်ငြိမ်နိုင်တော့ပါ။ ကနဦးဇုန်မှထွက်လာသော သူ့ကဲ့သို့ ငပိန်းလေးအတွက် တစ်ရက်တစ်ကြိမ် အသက်ပြန်ရှင်သည့်အရေအတွက်မှာ လုံးဝဘေးကင်းသည်တော့မဟုတ်။

တစ်ရက်နှစ်ကြိမ်ဖြစ်လာလျှင် ပို၍ဘေးကင်းလာမည်။

အစ်ကိုကြီးချန်မှာ ထိုအဆင့်သို့ရောက်ရန် ရည်မှန်းချက်စထားတော့သည်။

ပြဿနာမှာ ဘယ်လိုအဆင့်မြှင့်ရမလဲ။ စနစ်ကြီးက အားကိုး၍မရ၊ မေးလည်းမဖြေ၊ ပေါ်မလာဇာတ်ခင်းလေပြီ။ အကူအညီမဲ့နေရှာသော အထီးကျန်လေးကျန်းချန်ခမျာ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ အလုပ်ဖြစ်မလား စမ်းကြည့်ယုံသာ တတ်နိုင်တော့သည်။

သိုလှောင်လက်စွပ်အတွင်းရှိ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများတွင် လဲလှယ်နိုင်သောနှုန်းထားများ ပေါ်နေလေသည်။

၁ မှတ် = အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ = အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀

၁ မှတ် = ဝိညာဉ်သန့်စင်ခြင်းဆေးလုံး ၁၀ ပုလင်း = ချီစုဆောင်းခြင်းဆေးလုံး ပုလင်း ၁၀၀

၁ မှတ် = အဆင့်သုံး ဝိညာဉ်လက်နက်။

လဲလှယ်နိုင်၍ပျော်နေသော ကျန်းချန်လေးမှာ စိတ်ပျက်လက်ပျက် ပြန်ထွက်လာခဲ့ရ၏။ အဆင့်မြှင့်ဖို့ အမှတ် ၁,၀၀၀ လိုတယ်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ သန်း.... မများလွန်းဘူးလား။

ဤအတိုင်းဆိုလျှင် လောကသုံးပါးကို ညီညွှတ်စေမည့်တာဝန်၏ ပထမဆုံးအဆင့်က ပိုလွယ်မည့်ပုံပေါက်နေလေပြီ။

သူပြန်လှည့်လိုက်ရာ ကျိလင်းဟန်မှာ ဂူပေါက်ဝတွင်ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"မင်းရဲ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရတာမလား။"

"ဟုတ်ပါတယ်"

ထိုသို့ဆိုလိုက်သည့်အခါ ကျိလင်းဟန်မှာ ထိုနေ့ကဖြစ်ရပ်ဆိုးကြီးကို ပြန်အောက်မေ့၍ မျက်ရည်ကျလုလု ခံစားလိုက်ရပေသည်။

ထိုညက သူ၏ ဆရာ၊ အစ်ကို အစ်များ၊ ညီလေး ညီမလေးများ အားလုံး သူ့မျက်စိရှေ့တင် သေဆုံးသွားကြသည်။ ဂိုဏ်းလေးဂိုဏ်းက အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားပြီး အလစ်ဝင်တိုက်ခြင်းဖြစ်ရာ ဖေးရှန်ဂိုဏ်းမှာ တောင့်မခံနိုင်ခဲ့ပေ။ ဂိုဏ်းချုပ်မသေဆုံးမီ သူ့ကို ဝန်းရံထားသည့်အတွင်းမှ အပြင်မပို့နိုင်ခဲ့လျှင် သူလည်းရှင်သန်နိုင်မည်မဟုတ်။

"လက်စားချေချင်လား"

"ဒါပေါ့ လက်စားချေချင်တာပေါ့"

ကျိလင်းဟန် အတုံ့အဆိုင်းမရှိ ပြန်ဖြေလိုက်သည်။ သူမကသိမ်မွေ့သော်လည်း ခံစားလွယ်ခြင်းမရှိဟု မဆိုလိုပေ။

ကျန်းချန် ခဏစောင့်၍ ပြောလိုက်သည် "ငါကူညီပေးနိုင်တယ်"

"အာ"

ကျိလင်းချန် အပျော်လွန်သွားသည်။

"တကယ်လား"

"စီနီယာကသာ လက်စားချေဖို့ကူညီပေးမယ်ဆိုရင် ပြန်ပေးဆပ်ဖို့အတွက် ဘာမဆိုလုပ်ပေးနိုင်ပါတယ်"

မျှော်လင့်ချက်အပြည့်၊ ကျေးဇူးတင်ခြင်းများစွာဖြင့် ပြန်ပြောမိသည်။ သူ့အမြင်တွင် စီနီယာမှာ ကောင်းကင်ကံကြမ္မာအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ချင်လန်စီရင်စုတွင် အမြင့်ဆုံးထက်မြင့်နေသေးရာ လက်စားချေရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။

ကျန်းချန်လက်ခါလိုက်ပြီး

"တခြားနည်းလမ်းတွေနဲ့ ပြန်ပေးဆပ်ဖို့မလိုပါဘူး.... အခြေအနေတစ်ခုပဲသဘောတူဖို့လိုတယ်"

"ဘယ်အခြေအနေလဲ"

"ငါက ဖေးရှန်ဂိုဏ်းချုပ်ဖြစ်ချင်တယ်"

လောကသုံးပါးကို ညီညွှတ်စေရန်မှာ ရည်မှန်းချက်အသေးလေးတစ်ခု အရင်ချမှတ်ရန်လိုပေမည်။

ဥပမာ- ချင်လန်စီရင်စုကို အုပ်စိုးခြင်းက စရမည်။ ချင်လန်စီရင်စုကို ဘယ်လိုအုပ်စိုးမလဲ။

တခြားဂိုဏ်းတွေဆီပြေးပြီး အကြောင်းပြချက်မရှိ တိုက်ခိုက်ရမှာလား။ ဒီလိုဆိုရင်တော့ လမ်းမှန်မဟုတ်တဲ့အတွက် လမ်းမှန်ဂိုဏ်းတွေ စုပြီးပြန်တိုက်မှာပဲ။

ဖေးရှန်ဂိုဏ်းအမည်အောက်ကနေ လက်စားချေမယ်ဆိုရင် တရားမျှတမှုရှိပြီး ဂုဏ်သရေလည်းရှိမှာပေါ့။

တာဝန်ကလည်း ကိုယ်ပိုင်အင်အားစုတည်ထောင်ဖို့လိုတယ်လို့ဆိုထားတော့ ဂိုဏ်းခေါင်းဆောင်လုပ်တာ အကောင်းဆုံးပဲ။

"ဟင်"

ကျိလင်းဟန် ဆွံ့အသွား၏။ ဒါက ဘယ်လိုအကွက်မျိုးလဲ။ ဖေးရှန်ဂိုဏ်း အမြစ်ပြတ်သုတ်သင်ခံလိုက်ရကာမှ ဂိုဏ်းချုပ်လုပ်မယ်ဆိုတာ ဘာသဘောများလဲ။

ဘာအကျိုးမှမရှိဘူးလေ၊ ဟုတ်တယ်မလား။ ဒါ့အပြင် ဂိုဏ်းလေးဂိုဏ်းကလည်း အသက်ရှင်ကျန်တဲ့သူတွေကို လိုက်သတ်နေတုန်းဆိုတော့ ဖေးရှန်ဂိုဏ်းနာမည်သုံးရင် ပြဿနာကို မီးခွက်ထွန်းရှာတာပဲမလား။

"သဘောမတူဘူးဆိုရင်လည်း ငါတို့လမ်းခွဲကြတာပေါ့"

ကျင့်ကြံခြင်းလောကတွင် တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းများက နေ့စဉ်ဖြစ်ပျက်လျှက် ဂိုဏ်းများပျက်စီးခြင်းမှာလည်း သာမန်သာဖြစ်သည့်အလျောက် ထိုသို့ကြုံရတိုင်း ဝင်စွက်ဖက်ရန် မဖြစ်နိုင်လှပေ။

ဤစီနီယာမှ ထပ်မံထွက်သွားတော့မည်ကိုမြင်သည့်အခါ ကျိလင်းဟန်မှ အမြန်လိုက်၍

ထပ်ခါ ထပ်ခါ ပြောလေသည်......"သဘောတူပါတယ်"

"ဒီလိုပျက်စီးနေတဲ့အချိန်မျိုးမှာ စီနီယာလိုလူမျိုးကို ဂိုဏ်းချုပ်အဖြစ်ရတာက ကံကောင်းမှုကြီးပါပဲ"

အစစ်အမှန်တပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းချုပ်ရာထူးဆက်ခံမှုကို ဆုံးဖြတ်နိုင်စွမ်းမရှိခဲ့သော်လည်း ယခင်ဂိုဏ်းချုပ်မှာ သေဆုံးသွားပြီဖြစ်ပြီး ဂိုဏ်းတွင်လည်းလူသိပ်မကျန်တော့ရာ စဉ်းစားရန်လည်းသိပ်မရှိပေ။

"ကောင်းပြီ ဒီလိုဆိုတော့ ငါက ခုချိန်ကစလို့ အကျိုးအပြစ်တွေကို တာဝန်ယူမယ်"

"အခုအချိန်ကစပြီး ငါ၊ ကျန်းချန်က ဖေးရှန်ဂိုဏ်းချုပ်ပဲ"

ယခုအချိန်မှသာ ကျိလင်းဟန်မှာ သူ့အမည်အစစ်ကိုသိတော့သည်။ သူ၏ ပြတ်သားသောမျက်လုံးများကြောင့် ရင်တစ်ချက်ခုန်သွားပြီး ကျက်သရေရှိစွာ ဒူးထောက်လိုက်သည်။

"ဖေးရှန်ဂိုဏ်း၊ အစစ်အမှန်တပည့် ကျိလင်းဟန် ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်"

ကျန်းချန်မှာ ကျိလင်းဟန်ကိုထူပေးရန်ပြင်လိုက်စဉ် စနစ်အသိပေးချက်ရောက်လာလေသည်။

All Chapters