← Chapters

လုံးဝကို ရင်ထဲထိသွားခြင်း

Vol. 16 Ch. 155

လုံးဝကို ရင်ထဲထိသွားခြင်း

Vol. 16 Ch. 155

“ဝက်ဝံရုပ်လေး၊ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်တာက အရမ်းအရေးကြီးတယ်။ မင်းက အရိုက်ခံရတဲ့ ဝက်ဝံရုပ်နေရာကနေ ကောင်းကောင်းသရုပ်ဆောင်နော်။ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့။”

“မစ္စတာ ပုစွန်တုပ်စနိုက်ပါကြီး၊ မင်း ငါ့ကို မလေးစားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မင်းနဲ့ ငါ ပစ်သမျှ မျက်စိမှိတ်ပစ်ချက်တိုင်းက ပစ်မှတ်ကို ထိရမယ်။ မဟုတ်ရင် မင်းရဲ့ ပြောင်းဝကို စကုပ်ထဲ ပြန်ထိုးထည့်လိုက်မှာနော်...”

ချန်ဟွိုက်အန်က ဘယ်ဘက်လက်ဖြင့် စတော်ဘယ်ရီဝက်ဝံရုပ်လေး၏ ပုခုံးကို ဖက်ထားပြီး ညာဘက်လက်ဖြင့် စနိုက်ပါရိုင်ဖယ်ပြောင်းကို ကိုင်ထား၏။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီးနောက် ဝက်ဝံနှင့် စနိုက်ပါတို့သက သူနှင့် ယာယီနားလည်မှု ရယူလိုက်ကြသည်။

“မိတ်ဆက်ပေးမယ်။ ဒါက ပါ့ကျီနဲ့ ရှောင်ချင်းပဲ။ သူတို့က မင်းတို့ရဲ့ သူငယ်ချင်းအသစ်တွေ။ ဒီနေ့ကစပြီး တည့်အောင်နေကြ... ပြဿနာအရင်ရှာတဲ့သူကို ငါကိုယ်တိုင် ဗိုက်ခွဲပစ်မယ်။”

ဝက်ဝံရုပ်လေးက ပါ့ကျီနှင့် ရှောင်ချင်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးဝိုင်းများမှာ မှောင်မိုက်စွာ လက်ခနဲ ဖြစ်သွား၏။

ဒီနှစ်ကောင်က အကျဉ်းသား(၀) အတွက် အရေးကြီးတဲ့ပုံပဲ... သူတို့ကို သတ်လိုက်ရင် သူ စိတ်ဓာတ်ကျသွားမှာပဲ။ အခွင့်အရေးကို စောင့်နေရမယ်။

စနိုက်ပါရိုင်ဖယ်ကတော့ စူးရှပြီး လှောင်ပြောင်သံတစ်ခု ပြုလုပ်လိုက်၏။

အသုံးမကျတဲ့ ကြောင်နဲ့ ငါးလား။ တစ်ကောင် တစ်ချက်ပဲ။

ဝက်ဝံရုပ်နှင့် ပုစွန်တုပ်တို့ သူငယ်ချင်း ဟန်ဆောင်နေသည်ကို ကြည့်ပြီး ပါ့ကျီက နှာခေါင်းရှုံ့လိုက်သည်။

အသက်ဝင်နေတဲ့ အရုပ်တစ်ခုနဲ့ ဝိညာဉ်ဝင်နေတဲ့ တုတ်တစ်ချောင်းလား...

ပထမတစ်ကောင်က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ ရုပ်သေးရုပ်ထက် မပိုဘူး၊ ဒုတိယ တစ်ကောင်ကတော့ ငါ့လို ရှေးဟောင်းသားရဲကြီးနဲ့ သူငယ်ချင်း လာလုပ်ချင်နေတဲ့ တုတ်တစ်ချောင်းပဲ...

အဟက်...

ဒါပေမဲ့လည်း... ဆရာကြီး မျက်နှာကို ထောက်ပြီးတော့ သူတို့ကို အခွင့်အရေး တစ်ကြိမ်တော့ ပေးလိုက်မယ်။

ရှောင်ချင်း - ပလုံ ပလုံ ပလုံ...

သရုပ်ဆောင်များ အစုံအလင်ရှိနေပြီဖြစ်ရာ ချန်ဟွိုက်အန် ယုံကြည်မှုအပြည့် ရှိနေသည်။ သူ့မှာ အခုဆိုလျှင်...

နောက်ပြန်ဂျွမ်းထိုးနိုင်သော ကြောင်တစ်ကောင်...

ရေပေါ် မတ်တတ်ရပ်နိုင်သော ငါးတစ်ကောင်...

နံရံကို ဖောက်အောင် ထိုးနိုင်သော ဝက်ဝံရုပ်လေးတစ်ရုပ်...

အိမ်မွေးတိရစ္ဆာန်လို ပွတ်သပ်၍ ရနိုင်သည့် စနိုက်ပါရိုင်ဖယ်တစ်လက်တို့ ရှိနေပြီဖြစ်သည်။

ထိုသို့ စာရင်းမျိုးနှင့်ဆိုလျှင် သူသည် အိမ်မွေးတိရစ္ဆာန် ဆယ်လီလောကကို စိုးမိုးနိုင်တော့မည် ဖြစ်သည်။ ငွေမိုး ရွာကျလာတော့မည့် ပုံရိပ်ကို သူ မြင်ယောင်နေမိ၏။ အကယ်၍ ထိုအစီအစဉ်ဖြင့် မချမ်းသာလျှင် သူက မိစ္ဆာနှိမ်နင်းသော မစ်ရှင်များမှ ဆုကြေးများကို ခိုးယူရန် သို့မဟုတ် ကမ္ဘာနှစ်ခုကြား ကုန်ပစ္စည်းများ မှောင်ခိုကူးပြီး လျို့ဝှက်ချက်များ ပေါက်ကြားမည့် အရာများကို စွန့်စားရတော့မည် ဖြစ်သည်။

မျှော်လင့်ချက်အပြည့်ဖြင့် ချန်ဟွိုက်အန်က ဗီဒီယိုပလက်ဖောင်း အကောင့်ထဲသို့ ဝင်လိုက်သည်။ ဟုန်းမ်ပေ့ချ်ကို ဖွင့်လိုက်သည်နှင့် သူ ဆွံ့အသွားတော့သည်။

ပုံမှန်ဆိုလျှင် သူ၏ ကြည့်စရာများထဲတွင် ဆယ်လီများ၏ ပုံစံထုတ်နေမှုများ သို့မဟုတ် သူဌေးသားများ ကြွားဝါနေမှုများဖြင့် ပြည့်နေတတ်သည်။ သို့သော် အခုတွင်တော့...

မီးမှုတ်နေသော ခွေးတစ်ကောင်...

လျှပ်စစ်များ ထွက်နေသော မြွေတစ်ကောင်...

ခေါင်မိုးပေါ် ပြေးလွှားနေသော လူများ...

သံချောင်း ၁၀ချောင်းကို လက်ဗလာနှင့် ကွေးပြနေသော ကလေးတစ်ယောက်...

ဒါတွေက ဘာတွေလဲ...

ဒါဆို သူတို့တွေက ဖုံးကွယ်မနေကြတော့ဘူးပေါ့...

ယခင်ကဆိုလျှင် ထူးခြားဆန်းပြားသော ဗီဒီယိုမှန်သမျှ ချက်ချင်း အဖျက်ခံရသည်။ အခုတော့ ပလက်ဖောင်းက တမင်တကာကို မြှင့်တင်ပေးနေခြင်း ဖြစ်သည်။

ချန်ဟွိုက်အန် ရင်ဘတ်တုန်သွား၏။ ပါ့ကျီနှင့် ရှောင်ချင်းတို့ကို လှည့်ကြည့်လိုက်သည်။ နောက်ပြန်ဂျွမ်းထိုးတဲ့ကြောင်... ရေပေါ်မှာရပ်တဲ့ငါး...

ထွီး။ အွန်လိုင်းမှာ လေဓားတွေ ပစ်နေတဲ့ ကြောင်တောင် ရှိနေပြီ။ တကယ်လို့ ကြောင်အချင်းချင်း နှိုင်းယှဉ်ရမည်ဆိုလျှင်... အချို့ကြောင်တွေကို လွှင့်ပစ်လိုက်တာက ပိုကောင်းမယ်။

သို့သော် ချန်ဟွိုက်အန်က တာဝန်ယူမှုရှိသော ပိုင်ရှင်တစ်ဦး ဖြစ်သည်။ သူက ပါ့ကျီကို လုံးဝ စွန့်ပစ်မည်မဟုတ်။ ထိုအစား သူက ကြောင်လေးရှေ့တွင် အလေးတုံ တစ်စုံ ချပေးလိုက်ပြီး ၎င်း၏ခေါင်းကို လေးလေးနက်နက် ပုတ်လိုက်၏။

“မင်းက အခုဆို အရွယ်ရောက်နေတဲ့ ဟာကီမီ တစ်ကောင်ပဲ။ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ကိုယ့်အစားအစာအတွက် ပိုက်ဆံရှာတတ်ရမယ်။”

“မင်းရဲ့ ရည်မှန်းချက်က ကြွက်သားတွေနဲ့ စူပါကြောင်ကြီး ဖြစ်ဖို့ပဲ။ ငါ့ကို စိတ်မပျက်စေနဲ့။”

ပါ့ကျီ - ...”

သြော်...

ဆရာကြီးက ငါ့ကို ခန္ဓာကိုယ်ပိုင်း ကျင့်ကြံဖို့ ပြောနေတာပဲ။

ပြဿနာမရှိပါဘူး။

ရှေးဟောင်းသားရဲတစ်ကောင်အနေဖြင့် ၎င်းက ရုပ်ပိုင်းဆိုင်ရာရော ဝိညာဉ်ပိုင်းဆိုင်ရာပါ အမြဲပင် ကျင့်ကြံခဲ့သည်။ ဆရာကြီးက ကြွက်သားကြိုက်လျှင် ၎င်းက ခန္ဓာကိုယ်လေ့ကျင့်ခန်းဘက်ကို ပိုအာရုံစိုက်လိုက်ပေမည်။

“ရှောင်ချင်း၊ မင်းက အခုဆို အရွယ်ရောက်တဲ့ ငါးဝိညာဉ်လေး ဖြစ်နေပြီ။”

ချန်ဟွိုက်အန်က ရေဇလုံထဲသို့ အနက်ရောင်ခြေအိတ်ရှည်များ၊ အဖြူရောင်ခြေအိတ်များနှင့် “ရေသူမလေး” ပုံပြင်စာအုပ်တစ်အုပ်ကို ထည့်ပေးလိုက်သည်။ သူ၏အသံမှာ အေးစက်ပြီး အမိန့်ဆန်နေ၏။

“မင်း ရေသူတွေဆီက သင်ယူရမယ်။ လှပတဲ့ ခြေထောက်တစ်စုံ ထွက်လာအောင်လုပ်၊ ခြေအိတ်တွေဝတ်။ ပြီးရင် ဖင်လှုပ်ပြပြီးတော့ ကိုယ့်အစာကိုယ်ရှာ။”

“မဟုတ်ရင်တော့... မင်းက တစ်ယောက်ယောက်ရဲ့ ထမင်းဝိုင်းပေါ်က ငါးချဉ်ဟင်း ဖြစ်သွားမှာ။”

ရှောင်ချင်း - “...”

ကျွန်မ ထွက်ပြေးချင်ပြီ...

ချန်ဟွိုက်အန် စိတ်တင်းပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်း အကြံဉာဏ်အမျိုးမျိုးကို စမ်းကြည့်သည်။ ဥပမာ ဝက်ဝံလေးနှင့် နပန်းလုံးခြင်း... သို့သော် သူက ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်ပြီး ကြမ်းပြင်ပေါ် ခဏခဏ ဆောင့်နေမိသည်။

စနိုက်ပါကြီးနှင့် ပစ်မှတ်များပစ်ခြင်းတွင်လည်း... ပစ်မှတ်များက သူ မပစ်ရသေးခင်မှာပင် အလိုလို လဲလဲကျနေ၏။ သူ မည်သို့ပင် ပြန်ထောင်ထောင်၊ လှည့်ကြည့်လိုက်သည်နှင့် ပြန်လဲကျနေလေသည်။

ကြည့်ရှုသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ချန်ဟွိုက်အန် ဒေါသ ထွက်လွန်းသဖြင့် နံရံကို သေနတ်ဖြင့် ပစ်လိုက်သည်။ သို့သော် စနိုက်ပါကလည်း ဒေါသ ထွက်သွားပြီး တစ်ခါတည်း အချက် ၅၀ဆက်တိုက် ပစ်ထည့်လိုက်တော့သည်။ ကျည်ဆန်များက လေထဲ ထိမိပြီး ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ကုန်လေသည်။

အကျဉ်းခန်းမှာ စစ်တလင်းပြင် ဖြစ်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ၁၅မီတာ အထူရှိသော သံမဏိနံရံများက ခံနိုင်ရည် ရှိခဲ့သည်။ သို့သော် ၁၀မီတာ အကျယ်ရှိသော ကျင်းကြီး တစ်ခုတော့ ကျန်ရစ်ခဲ့၏။

ချန်ဟွိုက်အန် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပိတ်လိုက်သည်။ တစ်ညလုံး ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက်...

စနိုက်ပါမှာ ပိန်လိန်ပြီး အားအင်တွေ ကုန်ခမ်းသွားပုံရသည်။ စတော်ဘယ်ရီဝက်ဝံမှာလည်း အမည်းစက်၊ အဝါစက် ဒဏ်ရာတွေနှင့် အမှိုက်ပုံးထဲက ဆွဲထုတ်လာသည့်အတိုင်း ဖြစ်နေသည်။ ပါ့ကျီကတော့ ဘာမှမဖြစ်ဘဲ ကြည့်ကောင်းနေဆဲပင်။ ၎င်း ပါဝင်စရာပင် မလိုခဲ့။ ဝန်ထမ်းဟောင်း တစ်ဦးအနေဖြင့် ၎င်းက တိတ်တိတ်ဆိတ်ဆိတ်လေး အလေးမနေရုံသာ ဖြစ်သည်။

တစ်ဖက်တွင်မူ... ရှောင်ချင်းက အနက်ရောင်ခြေအိတ်ရှည်ကို ဝတ်ထားပြီး ဖြစ်သည်။ ၎င်းက ခြေထောက်ပေါက်လာရန်ကို အမှန်တကယ် ရည်မှန်းချက်ထားလိုက်လေပြိ။

တိုက်ရိုက်ထုတ်လွှင့်ခြင်း။ ချမ်းသာရန် ရွှေလမ်းစဉ်။

အရှင်သခင်“ချန်”သည် ၎င်းလမ်းပေါ် လျှောက်ရင်း တွင်းနက်ထဲ ကျသွားခဲ့လေပြီ။

“ငါ အရှင်သခင်“ချန်”၊ တစ်ချိန်က အရမ်းကို တောက်ပခဲ့ပေမဲ့ အခုတော့ ဒီလောက်အထိ အောက်ကျနောက်ကျ ဖြစ်ရတာပဲ...”

သူက တိုက်ရိုက်ထုတ်လွှင့်ဝင်ငွေကို စိတ်ပျက်စွာ ကြည့်လိုက်သည်။

ယနေ့ညဝင်ငွေ - ယွမ် ၃၈၀၀၀။

အသက်မပြည့်သေးသူများထံ ပြန်အမ်းငွေ - ယွမ်၂၀၀၀၀။

ပလက်ဖောင်းမှ ၅၀% ဖြတ်တောက်မှု - ယွမ် ၁၉၀၀၀။

နောက်ဆုံးလက်ကျန် - အနှုတ် ယွမ် ၁၀၀၀။

ဒါက ဘာတွေလားဟ...

ချန်ဟွိုက်အန်ည် ဆေးထိုးပြွန်ကို ယူပြီး ပါးစပ်ထဲသို့ နို့လက်ဖက်ရည်များကို တိုက်ရိုက် ထိုးထည့်လိုက်သည်။ ၎င်းမှာ လက်ရှိတွင် သူ ချောင်းမဆိုးဘဲ သောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။

သူ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီးမှ ရယ်မိသွားတော့သည်။ ပျက်စီးနေသော ဆိုဖာပေါ် မှီနေရင်း ဗီဒီယိုတွေကို အဓိပ္ပာယ်မရှိ ပွတ်ကြည့်နေမိသည်။ ပြုပြင်မှုများ အများအပြား သုံးထားသော ဆယ်လီများ မရှိတော့။ ပိုက်ဆံကြွားသော သူဌေးသားများ မရှိတော့။ တိုက်ရိုက်ထုတ်လွှင့်ပြီး ပစ္စည်းရောင်းသော ကြော်ငြာများ မရှိတော့။ ထူးခြားဆန်းပြားသော သဘာဝလွန် ဗီဒီယိုများသာ ရှိတော့သည်။

ရုတ်တရက် သူ၏လက်ချောင်း ရပ်သွား၏။

[သတင်းထူး - ယနေ့ည ၉ နာရီတွင် C ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး လီဝမ်ပိုနှင့် ဒုတိယညွှန်ကြားရေးမှူး ကျန်းပင်တို့သည် ယွမ် သိန်း၃၀၀ကျော် အဂတိ လိုက်စားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။ လီဝမ်ပိုအား လောင်းကစားခြင်း၊ ငွေကြေးခဝါချခြင်း၊ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းခြင်းနှင့် လူသတ်သမားများ ငှားရမ်းခြင်းတို့ဖြင့်လည်း စွဲချက် တင်ထားသည်။ ဆက်စပ်သူ စုစုပေါင်း(၅၇)ဦးကို ဖမ်းဆီးထားသည်။ အမှုကို ပြည်နယ် တရားစွဲဆိုရေးရုံးသို့ လွှဲပြောင်းပေးထားပြီး လီဝမ်ပိုမှာ သေဒဏ်ကျခံရဖွယ် ရှိနေသည်…]

အစိုးရ နောက်ခံပြုထားသည့် ထိုသတင်းမှာ အခြားဗီဒီယိုများကြားတွင် ထင်ရှားနေသည်။ ၎င်းသက ချန်ဟွိုက်အန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သလို ခံစားရစေသည်။ ဗီဒီယိုထဲတွင် အဂတိလိုက်စားသော အရာရှိများကို လက်နက်ကိုင်ရဲများက ခေါ်ဆောင် သွားသည်ကို တွေ့ရသည်။ ကွန်မန့်ကဏ္ဍတွင်လည်း ပြည်သူများ၏ အားပေးထောက်ခံသံများဖြင့် ပြည့်နေ၏။ အဂတိလိုက်စားမှု ကွန်ရက်တစ်ခုလုံးကို အမြစ်ပြတ် ဖယ်ရှားနေပြီဖြစ်ကြောင်း အွန်လိုင်းမှလူအချို့က ဆိုကြသည်။

ဗီဒီယို၏ ထောင့်တစ်နေရာတွင်...

ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းသူဗျူရိုမှ မုတ်ဆိတ်နှင့်လူကို တွေ့လိုက်သည်။ သူက သစ်တောဦးစီး ဌာန၏ အရိပ်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်ပြီး ဆေးလိပ်သောက်နေလေသည်။

“...ဒါနဲ့ ငါ့ကို စည်းရုံးချင်တာလား။ မိစ္ဆာနှိမ်နင်းသူဗျူရိုထဲ ဝင်အောင် လုပ်တာလား...”

ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူ၏ မျက်ဝန်းများကတော့ အနည်းငယ် ပူနွေးလာခဲ့သည်။

သူ ဗီဒီယိုကို ကျော်လိုက်၏။ ခဏရပ်သည်။ ထို့နောက် ပြန်ဆွဲတင်လိုက်သည်။

“... အမှန်အတိုင်း ပြောရမယ်... မုတ်ဆိတ်နဲ့လူ...”

“ဒီတစ်ခါတော့ ခင်ဗျား ကျွန်တော့်ကို တကယ် ရင်ထဲထိသွားစေတယ်။”

“အဲဒါက... တကယ်ကို မိုက်တယ်...”

.....

...

All Chapters