← Chapters

စကားမပြောရင် နှုတ်ခမ်းချင်းတေ့ပြီး တိတ်အောင် လုပ်မှာနော်

Vol. 16 Ch. 157

စကားမပြောရင် နှုတ်ခမ်းချင်းတေ့ပြီး တိတ်အောင် လုပ်မှာနော်

Vol. 16 Ch. 157

“လင်းချွမ်သုသာန်မှာ အနက်ရောင်ခေါင်းတလား တမန်တော်ကို အမဲလိုက်မလို့လား ကျွတ်ကျွတ်... မင်းတို့တွေ တကယ်ကို သတ္တိရှိတာပဲ။ ဆရာသခင်အဆင့် မိစ္ဆာနှိမ်နင်းသူလေးတွေ ဖြစ်နေပြီးတော့ ဒီလောက်ခက်ခဲတဲ့ မစ်ရှင်ကို ယူရဲတယ်ပေါ့...”

မိစ္ဆာနှိမ်နင်းသူ နှစ်ဦးပေးသော မစ်ရှင်အသေးစိတ်ကို ကြည့်ရင်း ချန်ဟွိုက်အန်၏ မျက်နှာတွင် အံ့သြရိပ်များ ယှက်သန်းသွား၏။

သူက အနက်ရောင်ခေါင်းတလား တမန်တော်နှင့် တစ်ကြိမ်တွေ့ဖူးသည်။ ဆောက်လုပ်ရေး နေရာက သုညသုံးလုံးကို ထိန်းချုပ်ထားသည့် ပလွေမှုတ်သော လူထူးဆန်းကြီးပင်။ အကယ်၍ ထိုသူသည် သူတို့အဖွဲ့၏ ပျမ်းမျှအစွမ်းဆိုလျှင် ထိုဆရာသခင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာ အသားကြိတ်စက်ထဲ ကိုယ့်ဘာသာ လမ်းလျှောက်ဝင်သွားသလို ဖြစ်နေပေလိမ့်မည်။

“ကျွန်တော်တို့ အဆင့် မြန်မြန်တက်ချင်လို့ပါ...” တစ်ဦးက ဝန်ခံသည်။ သူတို့နှစ်ဦးမှာ မူလတန်း ကျောင်းသားလေးများထက်ပင် ပို၍ မတ်မတ်ထိုင်နေကြသည်။ ၎င်းမှာလည်း မထူးဆန်းပေ။ သူတို့၏ ဘယ်ဘက်တွင် KSC-01၊ ညာဘက်တွင် KSC-02 ရှိနေပြီး ရှေ့တည့်တည့်တွင်တော့ ကြောက်မက်ဖွယ် အာဏာရှင် ထိုင်နေသည် မဟုတ်ပါလား။

“အဆင့်တက်တော့ ဘာထူးလို့လဲ...” ချန်ဟွိုက်အန်က မေးသည်။

“စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူခြင်းပညာရပ်ရဲ့ နောက်ဆက်တွဲ အစိတ်အပိုင်းတွေကို ရနိုင်မှာ မို့လို့ပါ။ အခုက အဆင့်မြင့် မစ်ရှင်တွေလုပ်ပြီး အတွေ့အကြုံစုနိုင်မှ ပညာရပ် အသစ်တွေကို ထုတ်ပေးတာလေ။”

“သြော်... သိပြီ သိပြီ။”

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။

မိစ္ဆာနှိမ်နင်းသူဗျူရိုကတော့ တကယ့်ကို တစ်ဆင့်တက်လာပြီ။ အစကတော့ အဆင့်အလိုက် တစ်လကို အနည်းဆုံး မစ်ရှင်တစ်ခု လုပ်ကြရတာ။

အခုတော့လား။ ဝိညာဉ်အတတ်ကို မက်လုံးပေးပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေကို ခိုင်းနေတာပဲ။

လက်တလောတွင် သူက အကျဉ်းခန်း ဝန်းကျင်၌ မျက်နှာသစ်များကို အမှန်တကယ်ပင် မြင်တွေ့ခဲ့ရသည်။

“တကယ်တော့... ခင်ဗျားကို အကူအညီ လာတောင်းရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိပါသေးတယ်...”

တစ်ယောက်က သတိထားပြီး ထပ်ပြောသည်။

“ဒီမစ်ရှင်မှာ အထက်တန်းလွှာ မိသားစုတွေက တပည့်သစ် နှစ်ယောက်လည်း ပါဦးမယ်။ သူတို့က နောက်ကနေ လိုက်ရုံသက်သက်ပဲ။ အဲဒီအတွက် သူတို့က ထောက်ပံ့ရေးပစ္စည်းတွေ ပေးမှာပါ။ ဒါပေမဲ့ သူတို့ပါလာလို့ မစ်ရှင်ရဲ့ အခက်အခဲအဆင့်က မြင့်သွားတာ...”

ချန်ဟွိုက်အန် မျက်ခုံးလှုပ်သွား၏။

ဒီကောင်တွေ ကိုယ့်အဆင့်ကိုယ်လည်း မသိဘူး။ လူသစ်တွေကို ကလေးထိန်း လုပ်ပေးဖို့ပါ လက်ခံထားတယ်ပေါ့။ ဒါ သက်သက် အသေခံဖို့ သွားနေတာပဲ။

ခဏလောက် ချန်ဟွိုက်အန်က ကူညီပေးရန် လုံးဝ စိတ်မဝင်စားတော့ပေ။

တိုက်ခိုက်ရတာကလွယ်တယ်။ ခက်တာက တိုက်ခိုက်နေရင်းနဲ့ လူသစ်တွေကို ကလေးထိန်း နေရတာပဲ။

သို့တိုင် သူက မေးလိုက်သည်။

“ငါ့ကို ဘယ်လောက်ပေးမှာလဲ...”

“၁သိန်း...”

“မိစ္ဆာနှိမ်နင်းသူဗျူရိုက ဆုကြေးတွေ မကြာသေးခင်ကမှ တိုးလိုက်တာ။ ပြီးတော့ ဟိုမိသားစု တပည့်တွေက အပို ၂သိန်း ပေးလိမ့်မယ်။ မစ်ရှင်ကရတဲ့ ပစ္စည်းတွေ ရောင်းရငွေအားလုံးလည်း ခင်ဗျားအပိုင်ပါပဲ။ ကျွန်တော်တို့က အဆင့်တက်ဖို့ နာမည်ပဲ ယူမှာပါ။”

ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွား၏။ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ သဘောကောင်းသည့် အပြုံးမျိုး ပြုံးလိုက်လေသည်။ ၃သိန်းဆိုလျှင် ဝက်သားတစ်ပိဿာ ၅ယွမ်နှုန်းနှင့် တစ်သက်လုံး စား၍ ရနိုင်ပေသည်။

“သဘောတူတယ်။ လက်တွဲရတာ ဝမ်းသာပါတယ်...”

မစ်ရှင်က လင်းချွမ်သုသာန်တွင် သန်းခေါင်ယံအချိန် ဖြစ်သည်။ ချန်ဟွိုက်အန်က သူ၏ တိုက်ရိုက်ထုတ်လွှင့် ပလက်ဖောင်းတွင် ကြေညာချက်တစ်ခု တင်လိုက်၏။

[ ဒီနေ့ညတွင် မိစ္ဆာနှိမ်နင်းမယ့်တိုက်ပွဲကို တိုက်ရိုက်ကြည့်ရှုပါ ]

ယနေ့တွင် ပညာပေး သဘာဝလွန် ဗီဒီယိုများက အွန်လိုင်းတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ သို့သော် မိစ္ဆာနှိမ်နင်းသူဗျူရို၏ တရားဝင် ထောက်ခံချက်ပါသည့် တိုက်ရိုက် ထုတ်လွှင့်မှုက ထူးခြား၏။ ၎င်းမှာ ဆေးရောင်းဝယ်မှုကို ဝင်စီးသော SWAT အဖွဲ့ တိုက်ရိုက်ထုတ်လွှင့်နေသလိုပင်။ ထိုကြေညာချက် ထွက်ပေါ်လာသောအခါ ချန်ဟွိုက်အန်၏ အကောင့်ကို စောင့်ကြည့်နေသော အလုပ်သမားများက သတိထားမိသွားကြသည်။

“ကပ္ပတိန်ကျောက်။ ကျွန်တော်တို့ သူ့ကို တားသင့်လား...”

ကျောက်ရင်းက မေးစေ့ပေါ် လက်တင်းပြီး ခဏစဉ်းစားကာ ခေါင်းခါလိုက်သည်။ “မတားနဲ့။ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို C ပြည်နယ် နတ်ဆိုးနှိမ်နင်းသူဗျူရိုရဲ့ တရားဝင် ဟုန်းမ်ပေ့ချ်မှာ ပြထားလိုက်။”

“ဟမ်...”

“ပြီးတော့ သူ့ကို လူကြည့်များအောင် လုပ်ပေးလိုက်။”

“....”

၎င်းမှာ အကြံကောင်း မဟုတ်ကြောင်း အလုပ်သမားက ခံစားရသည်။ သို့သော် ကပ္ပတိန်ကျောက် ပြောလာသည့်အတိုင်း ထိုအတိုင်း လုပ်လိုက်တော့သည်။ ထိုစဉ် ကျောက်ရင်းက လျှပ်စစ်တုတ်ကို ကောက်ယူပြီး ကိုယ့်ကိုယ်ကိုယ် ထိုးကာ အပြင်းအထန် သိမ့်သိမ့်တုန်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် လွန်ခဲ့သော နာရီဝက်ခန့်က အထက်တန်းလွှာ မိသားစုများနှင့် စိတ်မချမ်းမြေ့စရာ အစည်းအဝေးတစ်ခုမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

“အဟက်...အခု အုပ်ချုပ်ရေးမှူးလီ သေသွားပြီဆိုတော့ C ပြည်နယ် နတ်ဆိုးနှိမ်နင်းသူဗျူရိုကို ဖိနှိပ်နိုင်ပြီလို့ ထင်နေတာလား။ KSC-0 က တကယ်တမ်း ဘာလဲဆိုတာက ပြရတာ‌ပေါ့။ အာဏာရှင် ဆိုတာက ဘာလဲဆိုတာ ပြမယ်။”

[ လခွမ်း...တရားဝင် စပွန်ဆာ ပေးထားတဲ့ မိစ္ဆာနှိမ်နင်းတာ တိုက်ရိုက်ထုတ်လွှင့်တာလား..]

[ဘေဘီ၊ မြန်မြန်လာ။ ဒီတစ်ခုက တကယ့် အစစ်ပဲ...]

[နေပါဦး... စထွင်မာကို နည်းနည်း ရင်းနှီးနေသလိုပဲ။ ဟေ့ အမှန်အတိုင်းပြော။ မင်းက ထိုက်ရှန်းတောင်ကို တက်ခဲ့တဲ့သူလား...]

သန်းခေါင်ယံအချိန်၌ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်း စတင်သည်နှင့် ကြည့်ရှုသူဦးရေမှာ ပေါက်ကွဲထွက်သွားသည်။ ချန်ဟွိုက်အန်က ကားထဲတွင် မိစ္ဆာနှိမ်နင်းသူ ၄ဦးနှင့်အတူ ရှိနေ၏။ အထက်တန်းလွှာ မိသားစုမှမှ လူသစ် နှစ်ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။

ချန်ဟွိုက်အန်က နက်နက်ရှိုင်းရှိုင်း အထင်သေးခြင်း ခံစားလိုက်ရသည်။ ဒီကောင်တွေ လူသစ်ကို ဦးဆောင်ပေးရတာတောင် ဆိုးနေပြီ။ အခုတော့ သူတို့က အမျိုးသမီး လူသစ်တွေကို ဦးဆောင် ပေးနေတာလား။ သနားစရာပဲ။

“ဟေး... ဒီအချောလေးက ရှင်တို့ငှားလာတဲ့ ကျွမ်းကျင်သူလား...”

ဆံပင်ပန်းရောင်နှင့် မိန်းကလေးက ချန်ဟွိုက်အန်၏ ပေါင်ပေါ်သို့ မှီချလိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။ “သူက ငါနဲ့အတူ အိမ်ပြန်ပြီး ကလေးယူတာက ပိုသင့်တော်သလိုပဲ။ မိစ္ဆာနှိမ်နင်းတာက အန္တရာယ်များတယ်... ဘာလို့ အထိခိုက်ခံမှာလဲ။ စိတ်မကောင်းလိုက်တာ။”

“အမှန်ပဲ...”

သူ၏ ညာဘက်မှ ရင့်ကျက်သည့် အမျိုးသမီးကလည်း သူ၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားရင်း နားနားကပ်ပြီး လေပူလေး မှုတ်လိုက်သည်။ “မိစ္ဆာနှိမ်နင်းတာ တော်မတော်တော့ မသိဘူး။ ကလေးယူတာတော့ တော်မယ့်ပုံပဲ...”

“ဒီလို မျက်နှာလေး အမာရွတ် ဖြစ်သွားရင် နှမြောစရာကြီး။”

ဆရာသခင်အဆင့် မိစ္ဆာနှိမ်နင်းသူ နှစ်ဦးမှာတော့ ကြောက်လန့်တကြား ဘာမှမပြောရဲဘဲ ထိုင်နေကြသည်။ သူတို့က အာဏာရှင်ကို သွားမစဖို့ တားချင်သော်လည်း အာဏာရှင်က ၎င်းကို သဘောကျမကျ မသိ၍ ငြိမ်နေရသည်။

အမှန်တကယ်မှာ ချန်ဟွိုက်အန် လုံးဝ သဘောမကျပေ။ ထိုမိန်းကလေးများ၏ ဈေးပေါပေါ ရေမွှေးနံ့က သူ့ကို ခေါင်းကိုက်စေ၏။ လီချင်းရန်၏ နို့လက်ဖက်ရည်နံ့ကမှ တကယ့် စံပင်။

သို့သော် နောက်ဘက် ထိုင်ခုံက သေးသည့်အတွက် သူက ထိုလူသစ်များကို အန္တရာယ်ကင်းစေရန် လိုအပ်သည်။ ထို့ကြောင့် သူ သည်းခံနေရ၏။ ကားအမိုးပေါ်တွင်တော့ ကျီးကန်းအုပ်ကြီး သူတို့နောက် လိုက်နေသည်ကို သတိပြုမိသည်။ ရန်သူက အကဲခတ်နေခြင်း ဖြစ်သည်။

သူတို့ စောင့်ကြည့်ခဲ့နေရ၏။ အနက်ရောင်‌ခေါင်းတလား တမန်တော်ထံမှ ဖြစ်နိုင်၏။ ထိုသူက မလှုပ်ရှားသည့်အတွက် ချန်ဟွိုက်အန်လည်း မလှုပ်ရှားပေ။ ထိုဆုကြေးငွေ ၃သိန်းက သတိထား လှုပ်ရှားရန် ထိုက်တန်သည်။ အကယ်၍ သူ၏ အရှိန်အဝါက ပစ်မှတ်ကို ခြောက်လှန့်လိုက်မိလျှင် သူ ဒေါသထွက်ရပေလိမ့်မည်။

“မောင်လေး... ဘာလို့ ဒီလောက်တောင် စကားနည်းနေရတာလဲ...” ဆံပင်ပန်းရောင်နှင့် မိန်းကလေးက သူ၏ ပေါင်ပေါ်သို့ တက်ထိုင်ရန် ပြင်လိုက်သည်။

“ဟုတ်တယ်... စကားမပြောရင်တော့ မောင်လေးကို မမက နှုတ်ခမ်းချင်းပိတ်ပြီး တိတ်အောင်လုပ်မှာနော်...”

ရင့်ကျက်သည့် အမျိုးသမီးက နီရဲသော နှုတ်ခမ်းများကို ချန်ဟွိုက်အန်၏ မျက်နှာနားသို့ အန္တရာယ်ရှိလောက်အောင် တိုးကပ်လိုက်သည်။

သူတို့၏ နှုတ်ခမ်းချင်း ထိလုနီးပါး အချိန်မှာပင် ကောင်းကင်မှ ပြင်းထန်သော လေပြင်းများ ကားပေါ်သို့ ကျဆင်းလာ၏။ ထိုခဏ၌ပင် ချန်ဟွိုက်အန်၏ မျက်လုံးများ ဝင်းခနဲ ပွင့်လာပြီး ဟိန်းဟောက်လိုက်သည်။

“ဟာ့...”

ဝုန်း....

ကားအမိုး ပေါက်ကွဲထွက်သွားပြီး တံခါးများမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။ မိန်းကလေး နှစ်ဦးမှာ လွင့်ထွက်သွားကာ သွေးအန်ကုန်ကြသည်။

ချန်ဟွိုက်အန်မှာမူ အင်္ကျီပါဘဲ ကြွက်သားများဖြင့် တောက်ပနေပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များ ဝန်းရံလျက် ရှိသည်။ သူက ကားအစအနကို ကန်ထုတ်ကာ ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး ကြေးခွံနက်ဓားကို ဆွဲထုတ်လိုက်သည်။

“ခီး ခီး ခီး...”

“အခုချက်ချင်း ၃သိန်း ပေးလိုက်စမ်း...”

...

...

All Chapters