← Chapters

ကောင်းကင်နဲ့မြေပြင်နိယာမ မှတ်တမ်း

Vol. 8 Ch. 71

ကောင်းကင်နဲ့မြေပြင်နိယာမ မှတ်တမ်း

Vol. 8 Ch. 71

ယန်ချန်က ခန်းမထဲရှိ အခြားသောကျင့်ကြံသူ အချို့အား စာအုပ်အနည်းငယ် ထပ်မံပေးပြီးနောက်မှာတော့ ဆေးဝါးများ လက်နက်များခွဲဝေခြင်းကလည်း ပြီးဆုံးသွားသည်။

ထိုအချိန် မည်သည့်စာအုပ်လက်ဆောင်မှ မရထားသေးတဲ့ ကျင်းလုံတယောက် အနည်းငယ်မနာလိုဖြစ်နေပြီး မည်သည့်အတွက်ကြောင့် သခင်လေးယန်က သူ့ကိုစာအုပ်မပေးရသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ အမှန်တကယ်တော့ ယန်ချန်က သူ့ကိုမည်သည့်စာအုပ်ပေးရမည်ကို စဥ်းစားရခက်နေခြင်းဖြစ်သည်။

သူပေးခဲ့သည့် စာအုပ်များက စနစ်ဆီမှ ရထားခဲ့သည့်စာအုပ်များဖြစ်ပြီး စာအုပ်များအားလုံးကို ဤသည်မရွေး သူဖတ်ခဲ့ဖူးပြီး သူ့အတွက်အသုံးမဝင်တော့ချေ။ သူသည်လည်း ဧကရာဇ်ကျင်းလုံအား စာအုပ်တခုပေးရန် စိတ်ကူးရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

(သူက ဧကရာဇ်တပါးပဲ သာမန်စာအုပ်တော့ ပေးလို့မဖြစ်ဘူး)

ထိုအချိန် ခန်းမထဲရှိကျင့်ကြံသူများစွာက ယန်ချန့်ကို အလွန်လေးစားသည့် အကြည့်များဖြင့် ကြည့်နေကြပြီး တဆက်တည်းမှာလည်း ယန်ချန်နဲ့အတူပါလာသည့် ရှုယင်တို့သားအမိအကြောင်းအား အချင်းချင်းစပ်စုနေကြလေသည်။ ထိုအမျိုးသမီးနဲ့ကလေးမလေးက ယန်ချန်နဲ့မည်သို့ ပက်သက်နေသနည်း။ သေချာသည်က ယန်ချန့်အတွက် အရေးပါမည့်သူများဖြစ်သည်ကိုတော့ တွေးဆနိုင်ကြလေသည်။

မိနစစ်အနည်းငယ် စဥ်းစားရင်း စနစ်သိုလှောင်ခန်းအား တယောက်တည်းကျိတ်၍ ရှာဖွေနေသည့် ယန်ချန်တယောက် စာအုပ်တွေထဲ၌ အထူဆုံးဖြစ်ပြီး ကြည့်ရသည်မှာလည်း အထင်ကြီးဖွယ်ရှိတဲ့ စာအုပ်တခုအား တွေ့လိုက်ရသည်။

(ရပြီ. ဒါပဲ ဒီစာအုပ်နဲ ငါ့လက်ဆောင်က ငါ့ပုံရိပ်ကို မပျက်စီးစေတော့ဘူး)

ယန်ချန်က အနည်းငယ်မျက်နှာပျက်နေသည့် ကျင်းလုံထံတချက်ကြည့်ကာ အနည်းငယ်ပြုံးပြီးနောက် ပြောလိုက်သည်။

“အစ်ကိုတော်အတွက် အထူးလက်ဆောင်တခု ရှိတယ် အစ်ကိုတော်စိတ်ဝင်စားရဲ့လားမသိဘူး”

ကျင်းလုံရဲ့ မျက်လုံးအစုံက အရောင်လက်သွားသည်။ အထူးလက်ဆောင်ဟူသည်ကား အဘယ်နည်း။ ယန်ချန့်ဆီမှ သူတို့ရထားသည့် သာမန်လက်ဆောင်လေးများကပင် တုန်လှုပ်စေနိုင်သည် မဟုတ်လား။ ခန်းမထဲရှိ အခြားသူများကလည်း ဧကရာဇ်ကျင်းလုံအား မနာလိုသည့်အကြည့်များဖြင့် ဝိုင်းကြည့်ကြတော့သည်။

(မနာလိုနေတာလား ဟားးး ကြည့်ကြ ငါလုံးဝစိတ်မဆိုးဘူး)

ယန်ချန်က သူ့လက်ထဲရှိ စာအုပ်ထူထူတအုပ်အား ကျင်းလုံထံလှမ်းပေးရင်း အလေးအနက်ပြောလိုက်သေးသည်။

“အစ်ကိုတော် ဒီစာအုပ်က တမိုးအောက်မြေပြင် တခုလုံးမှာတအုပ်ပဲရှိတယ် ပြီးတော့ သူ့ရဲ့လေးနက်မှုက မခန့်မှန်းနိုင်အောင်ပါပဲ”

ကျင်းလုံတယောက် ဆတ်ခနဲ ဖြစ်သွားကာ ယန်ချန့်လက်ထဲမှစာအုပ်ကို လှမ်းယူရင်း တချက်ကြည့်လိုက်သည်။

*ကောင်းကင်နဲ့မြေပြင် နိယာမ မှတ်တမ်း*

တုန်လှုပ်မှုက သွေးကြောများထဲရှိ သွေးများစီးဆင်းသကဲ့သို့ တကိုယ်လုံးဖြတ်သန်းစီးဆင်းသွားပြီး မထင်မှတ်ထားသည့် အထူးလက်ဆောင်ကြောင့် ကျင်းလုံအချိန်အတော်ကြာ မှင်သက်နေမိသည်။ နိယာမဆိုသည်ကား အဘယ်နည်း။ ကျင့်ကြံရေးလောက၌ ထိပ်ဆုံးအဆင့်များဆီ တက်ရောက်ရန်ခက်ခဲပြီး ပိုမြင့်တဲ့အဆင့်များအား ဖြတ်ကျော်ထိုးဖောက်ချင်လျင် လောကရဲ့နိယာမ သဘောတရားများ ဆုပ်ကိုင်နိုင်ရမည် ဖြစ်သည်။

အကြောင်းရင်းက အလွန်ရိုးရှင်းသည်။ ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်သည့် ခက်ခဲကြမ်းတမ်းတဲ့ လမ်းတခုဖြစ်ပြီး ထိုလမ်းက အချိန်မရွေးသေကြေပျက်စီးရမှုကို ဆောင်ယူနိုင်သည်။ နိယာမများဆိုသည်ကား လူ့ဘဝဖြစ်စဥ်တခုတည်းအတွက်သာမက သက်ရှိများ၏ ဆမ်ဆာရာဖြစ်စဥ်တလျှောက် အရေးပါဆုံးသောအရာများဖြစ်ပြီး ထိုအရာများကို ထိတွေ့နိုင်ရန် ခက်ခဲပါသည်။ ယခု ကောင်းကင်နဲ့မြေပြင် နိယာမမှတ်တမ်းက ကျင်းလုံအတွက် လောကနိယာမ များအား ထိတွေ့နိုင်ရန် အကူညီဖြစ်စေမည်ဖြစ်ပြီး ထိုမှတဆင့် လောကရှိ အမြင့်မြတ်ဆုံး ဧကရာဇ်တပါးဖြစ်လာရန် လမ်းစတခုလည်း ဖြစ်ပေသည်။

စုလဲနဲ့ အခြားသူများအားလုံး ကျင်းလုံလက်ထဲရှိ စာအုပ်ထူထူရဲ့မျက်နှာဖုံးအား ကြည့်မိလိုက်ချိန်မှာတော့ ဦးရေပြားများကျိန်းသပ်သွားကာ သွားကြားမှလေအေးများပင် ထုတ်လွှတ်မိသွားကြသည်။

(ဒါကြီးက ရက်ရောလွန်းတယ်)

(အား. မနာလိုလွန်းလို့သေရတဲ့ကျင့်ကြံသူ စာရင်းအသစ်ထဲ ငါ့ကိုထိပ်ဆုံးက ထားလိုက်ကြပါတော့)

(စီနီယာအစ်ကို..နင်…)

အကုန်လုံးက ရူးသွပ်သွားသည့်နှယ် လောဘတကြီးဝိုင်းကြည့်နေသည်ကိုမြင်လျင် ကျင်းလုံလည်း ထိတ်လန့်သွားကာ စာအုပ်အားအလျင်မြန်သိမ်းလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် သခင်လေးယန်”

ကျင်းလုံက လေးလေးနက်နက်ပဲ ယန်ချန်အား ကျေးဇူးတင်စကားပြောလိုက်သည်။

“မလိုပါဘူး ခဗျားတို့အားလုံးက လောကရဲ့သူရဲကောင်းတွေပါ ဒီသက်ရှိလောကကြီးကို ကာကွယ်ဆက်ပေးနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

ယန်ချန့်စကားဆုံးလျင် အကုန်လုံးက အားတက်သရော ကတိပေးလာကြပြီး သေချာသည်ကား နောက်ကာလများ၌ သေမျိုးများ၏ ဘဝများ ပိုမိုကောင်းမွန်လာတော့မည် ဖြစ်သည်။

မကြာမီ စုဝေးတွေ့ဆုံပြီးချိန်မှာတော့ ကျင်းလုံက နန်းတော်ထဲ၌ပင် ယန်ချန်တို့အား ညစာစီစဥ်ပေးခဲ့ပြီး တက်ကြွပျော်ရွှင်နေသည့် လေထုတခုနဲ့အတူ တနေ့တာကုန်ဆုံးသွားခဲ့သည်။

နောက်ရက်များမှာတော့ ကျင်းတိုင်းပြည်ရှိ အင်အားစုအသီးသီးက ကိုယ်စီအုပ်ချုပ်ထားသည့် အရပ်ဒေသအသီးသီး၌ သေမျိုးများအား ထောက်ပံ့ရေး အစီစဥ်များ တက်တက်ကြွကြွ ပြုလုပ်လာကြကာ သေမျိုးများထဲမှ ကျင့်ကြံရန် ဆန္ဒရှိသူ ပါရမီရှင်များကိုလည်း အရင်ကထက်ပိုမို ရှာဖွေရန် စီစဥ်လာတော့သည်။ ထိုအရာက ယန်ချန့်အပေါ် ၎င်းတို့၏ လေးစားမှုအား ပြန်လည်ပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ယုံကြည်ထားကြ၍ ဖြစ်သည်။

All Chapters