Chapters

ပုန်းလျှိုးကွယ်လျှိုး အပေးအယူ (အပိုင်း ၂)

Vol. 52 Ch. 842

ပုန်းလျှိုးကွယ်လျှိုး အပေးအယူ (အပိုင်း ၂)

Vol. 52 Ch. 842

ရှောင်လင်းယွီသည် သူမ၏တင်းကျပ်သောစီမံခန့်ခွဲမှုအောက်တွင် ဤကဲ့သို့သော မသမာမှုများ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အရင်တုန်းက ကိုယ်တိုင်မမြင်ရလို့ ထားလိုက်ပါတော့။ အခု ကိုယ်တိုင် မြင်တွေ့လိုက်ရပြီဖြစ်ရာ ဒီလူနှစ်ယောက်ကို ဘယ်လိုမှ လက်ခံထားလို့ မဖြစ်တော့ဘူး။

ဒီကိစ္စပေါက်ကြားသွားရင် ဝန်ထမ်းတွေ စိတ်ဓာတ်ကျသွားနိုင်တယ်။ တခြားလူတွေလည်း အတုခိုးပြီး လုပ်လာနိုင်တယ်။ သူမ မမြင်ကွယ်ရာမှာ အိပ်ရာပေါ်တက်ပြီး ရာထူးယူကြရင် ကုမ္ပဏီတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ အရည်အချင်းမရှိတဲ့သူတွေ နေရာရလာလိမ့်မယ်။

ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်သည် နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဝန်ထမ်းခန့်အပ်ရာတွင် အလွန်တင်းကျပ်သည်။ စိတ်ထားကို ပထမဦးစားပေးပြီး အရည်အချင်းကို ဒုတိယနေရာတွင်ထားသည်။

ဒါပေမဲ့ တောကြီးရင် သားရဲရှိတာပါပဲ။

မန်နေဂျာချူသည် ရှောင်လင်းယွီ၏စကားကို ကြားသောအခါ နဖူးမှချွေးစီးများ ကျဆင်းလာသည်။ အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။ "ဥ... ဥက္ကဌရှောင်ရှောင်... ကျွန်တော်တို့က စနောက်နေတာပါ။ ဟုတ်တယ်... စနောက်နေတာပါ"

အမျိုးသမီးဝန်ထမ်း ကျိုးဖန်ဖန်လည်း သတိပြန်ဝင်လာပြီး အတင်းပြုံးကာ ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ် ဥက္ကဌရှောင်ရှောင်... ကျွန်မ... ကျွန်မ မန်နေဂျာချူနဲ့ စနောက်နေတာပါ။ ကျေးဇူးပြုပြီး အတည်မယူပါနဲ့"

ပြောနေစဉ် သူတို့နှစ်ဦးစလုံး စိုးရိမ်ကြောက်လန့်နေကြသည်။

အခုခေတ်မှာ အလုပ်ရှာရ ခက်ခဲတယ်။ ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်ကို ဝင်ဖို့ဆိုတာ ပိုခက်ခဲတယ်။ ဒါပေမဲ့ ဝင်လို့ရရင် လစာနဲ့ ခံစားခွင့်တွေက အရမ်းကောင်းတယ်။

ဒါကြောင့် လူအများစုက ဝင်ခွင့်ရဖို့ အသေအလဲ ကြိုးစားကြတယ်။ အဆက်အသွယ်တွေ သုံးကြတယ်။

သာမန်ဝန်ထမ်းနေရာတောင် ဒီလောက် အပြိုင်အဆိုင်များနေရင် မန်နေဂျာနေရာဆို ပြောစရာမလိုတော့ဘူး။

အဆိုးဆုံးကတော့ ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်က အလုပ်ထုတ်ခံရရင် နောက်ထပ် အလုပ်ကောင်းရဖို့ ခက်ခဲတယ်။

ဘာကြောင့်လဲဆိုတော့ ဒီစူပါမားကတ်က ဝန်ထမ်းခန့်ရင် စိတ်ထားကိုအဓိကထားတာ လူတိုင်းသိကြလို့ပဲ။

ဒါကြောင့် အလုပ်ထုတ်ခံရရင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ထားမကောင်းလို့ဆိုတာ သေချာနေပြီ။

အခြားအမှားတွေကျူးလွန်ရင် ကုမ္ပဏီက ခွင့်လွှတ်ပေးနိုင်ပေမယ့် စိတ်ထားမကောင်းတာကိုတော့ လုံးဝ ခွင့်မလွှတ်ပါဘူး။

မန်နေဂျာချူနှင့် ကျိုးဖန်ဖန်တို့သည် ဒါကိုသိထားကြသဖြင့် ကြောက်လန့်နေကြခြင်း ဖြစ်သည်။

ရှောင်လင်းယွီရှေ့တွင်ဟန်ဆောင်ပြီး လွတ်မြောက်နိုင်ရန် ဆုတောင်းနေကြသည်။ မဟုတ်ရင် အကျိုးဆက်က ဆိုးရွားလိမ့်မယ်။

ရှောင်လင်းယွီသည် သူတို့၏ဆင်ခြေများကို နားထောင်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။ "ဩော်... စနောက်နေတာပေါ့"

သူမ ယုံကြည်သွားပြီဟု ထင်လိုက်ကြသဖြင့် စိတ်သက်သာရာ ရသွားကြသည်။ သို့သော် ရှောင်လင်းယွီ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ရှင်တို့နှစ်ယောက်က တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။ မနက်စောစောစီးစီး ရုံးခန်းထဲမှာ ဒီလိုကိစ္စမျိုးကို စနောက်နေကြတာလား။ တကယ်ဖြစ်ဖြစ်၊ စနောက်တာဖြစ်ဖြစ် ဝမ်းနည်းပါတယ်... ကျွန်မကုမ္ပဏီက ရှင်တို့နှစ်ယောက်ကို လက်မခံနိုင်တော့ပါဘူး။ တခြားအလုပ် ရှာကြပါတော့"

ပြောပြီးသည်နှင့် ဖုန်းထုတ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ ဆက်သွယ်ရန်ပြင်လိုက်သည်။

မန်နေဂျာချူ မျက်နှာပျက်သွားသည်။ ချက်ချင်း ကျိုးဖန်ဖန်အပေါ် အပြစ်ပုံချလိုက်သည်။ "ဥက္ကဌရှောင်ရှောင်... ဒီမိန်းမက ကျွန်တော့်ကို မြှူဆွယ်တာပါ။ သူ မြှူဆွယ်လို့ ကျွန်တော် မှားမိတာပါ။ ဥက္ကဌရှောင်ရှောင် သိတဲ့အတိုင်းပဲ... ယောကျ်ားတစ်ယောက်အနေနဲ့ လာပြီးကပ်နေတဲ့ မိန်းမကို ငြင်းပယ်ဖို့ ခက်ခဲပါတယ်"

ထို့နောက် အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။ "ဥက္ကဌရှောင်ရှောင်... ကျွန်တော်က ယောကျ်ားတိုင်း ကျူးလွန်တတ်တဲ့ အမှားမျိုးကို ကျူးလွန်မိရုံပါ။ ကျွန်တော့်စိတ်ထားက ကောင်းပါတယ်။ ကျေးဇူးပြုပြီး အလုပ်မထုတ်ပါနဲ့"

***