Chapters

ထောင်ယွမ်ရွာသို့ ဖိတ်ခေါ်ခြင်း

Vol. 52 Ch. 846

ထောင်ယွမ်ရွာသို့ ဖိတ်ခေါ်ခြင်း

Vol. 52 Ch. 846

ရှောင်လဲ့ထုံနှင့် ရှောင်လင်တို့၏နောက်ခံကို သိလိုက်ရသောအခါ ရှင်းထိန်အုပ်စု ဝန်ထမ်းများအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထို့ကြောင့် လဲ့ကျွင်းရှန်က ကလေးများကို ကုမ္ပဏီအနှံ့ လိုက်ပို့ရန် စီစဉ်သောအခါ ဝန်ထမ်းများက အလုအယက် တာဝန်ယူလိုကြသည်။

ကလေးများ၏နောက်ခံကို သိချင်တာက တစ်ကြောင်း၊ ကလေးများက ချစ်စရာကောင်းလွန်းသဖြင့် အနားကပ်ချင်တာက တစ်ကြောင်းပင်။

နောက်ဆုံးတွင် လဲ့ကျွင်းရှန်သည် အတွင်းရေးမှူးမလေးတစ်ဦးကို တာဝန်ပေးလိုက်သည်။

တာဝန်ရလိုက်သော အတွင်းရေးမှူးမလေးသည် ဝမ်းသာလွန်း၍ ခုန်ပေါက်လုနီးပါး ဖြစ်သွားသည်။

ကလေးများကို လိုက်ပို့ရင်း အတွင်းရေးမှူးမလေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "သခင်လေးနှစ်ယောက်၊ ဥက္ကဌရှောင်ကို ဦးလေးကြီးလို့ ခေါ်တယ်ဆို"

ရှောင်လဲ့ထုံ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် အစ်မ... ဘာဖြစ်လို့လဲ"

အတွင်းရေးမှူးမလေးက ခေါင်းခါလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး။ သိချင်လို့ မေးကြည့်တာပါ။ ဥက္ကဌရှောင်မှာ အစ်မ၊ ညီမ မရှိဘူးလို့ သိထားတော့ ရုတ်တရက် တူလေးနှစ်ယောက် ထွက်လာလို့ အားလုံး အံ့သြနေကြတာ"

"ဩော်... အဲဒီလိုလား" ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။ "အရင်တုန်းက ဦးလေးကြီးနဲ့ ဒုတိယဦးလေးမှာ အစ်မ၊ ညီမ မရှိပါဘူး။ အခုမှ ရှိလာတာလေ။ ဒါကြောင့် ကျွန်တော်တို့လို ချစ်စရာကောင်းတဲ့ တူလေးတွေ ရလာတာ မဆန်းပါဘူး"

အတွင်းရေးမှူးမလေး ကြောင်အသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ" သူမက သာမန်ဝန်ထမ်းလေးဆိုတော့ ဥက္ကဌရှောင်မှာ အစ်မ၊ ညီမ ဘယ်လိုရလာလဲဆိုတာ မမေးရဲပါဘူး။

ဒါပေမဲ့ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ထပ်မေးလိုက်သည်။ "သခင်လေးနှစ်ယောက်၊ မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

"ရတာပေါ့ အစ်မ... မေးပါ" ရှောင်လဲ့ထုံက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

အတွင်းရေးမှူးမလေးက ဘေးဘီဝဲယာ ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "သခင်လေးတို့ရဲ့အမေက ထောင်ယွမ်ရွာ သူဌေးမလေး ရှောင်လင်းယွီလား"

ရှောင်လဲ့ထုံက ငြင်းဆိုခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ထောင်ယွမ်ရွာက ရှောင်လင်းယွီက ကျွန်တော့်အမေပဲ"

"ဘုရားရေ... တကယ်ကြီး ဟုတ်နေတာပဲ" အတွင်းရေးမှူးမလေး အာမေဋိတ်သံ ထွက်ပေါ်လာသည်။

ရှောင်လဲ့ထုံ - "......"

အတွင်းရေးမှူးမလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ထောင်ယွမ်ရွာက နိဗ္ဗာန်ဘုံလေးလို လှပပြီး အစားအသောက်တွေ ကောင်းတယ်လို့ ကြားဖူးတယ်။ ကျွန်မနဲ့သူငယ်ချင်းတွေ သွားလည်ချင်နေကြတာ"

ထို့နောက် မျက်နှာလေး ညှိုးငယ်သွားသည်။ "ဒါပေမဲ့ အလုပ်တွေ အရမ်းများတော့ ဥက္ကဌရှောင်နဲ့ မန်နေဂျာလဲ့က ခွင့်မပေးကြဘူး"

နည်းပညာကုမ္ပဏီဆိုတော့ ခရီးသွားလုပ်ငန်းလို ရာသီချိန်၊ ရာသီပြင်ပ မရှိပါဘူး။ နေ့တိုင်း အလုပ်များနေတာ။ ခွင့်ယူဖို့ဆိုတာ အရမ်းခက်ခဲတယ်။

ရှောင်လဲ့ထုံ ပြုံးလျက် ပြောလိုက်သည်။ "အစ်မ၊ အခွင့်အရေးရရင် ဦးလေးကြီးကိုပြောပြီး အားလုံး အားလပ်ရက် ခရီးထွက်ခိုင်းလိုက်မယ်။ ထောင်ယွမ်ရွာကို လာလည်ကြပေါ့။ အဲဒီကျရင် ကျွန်တော့်အိမ်ကို လာလည်နော်။ ကျွန်တော့်အဘွားလက်ရာက ရှယ်ပဲ။ စားပြီးရင် စွဲသွားလိမ့်မယ်"

အတွင်းရေးမှူးမလေး မျက်လုံးများ အရောင်လက်သွားသည်။ "တကယ်လား၊ ဝမ်းသာလိုက်တာ။ ကျေးဇူးတင်ပါတယ် သခင်လေး။ လာ... ဒီနေ့ ကုမ္ပဏီအနှံ့ ကောင်းကောင်းလိုက်ပို့ပေးမယ်"

ရှောင်လဲ့ထုံက နောက်လိုက်သည်။ "ဩော်... ဒါဆို စောစောက ကောင်းကောင်း လိုက်မပို့ဘူးပေါ့"

အတွင်းရေးမှူးမလေး ရယ်မောလိုက်သည်။ "ဘယ်ကသာလဲ။ အခုက စိတ်ဓာတ်ခွန်အားတွေ ပြည့်သွားလို့ ပိုပြီး ကောင်းကောင်းလိုက်ပို့ပေးမလို့ပါ"

ရှောင်လဲ့ထုံနှင့် ရှောင်လင် - "......"