Chapters

ထောင်ယွမ်ရွာသို့ အလည်တစ်ခေါက်

Vol. 52 Ch. 847

ထောင်ယွမ်ရွာသို့ အလည်တစ်ခေါက်

Vol. 52 Ch. 847

ရှောင်လင်းယွီသည် သားဖြစ်သူက လဲ့ကျွင်းရှန်ကုမ္ပဏီကို ရောက်သွားပြီး ကုမ္ပဏီဝန်ထမ်းများကို ထောင်ယွမ်ရွာသို့ အလည်ခေါ်ရန် စည်းရုံးနေသည်ကို မသိပေ။

ရှင်းထိန်အုပ်စုသည် ဝန်ထမ်း သောင်းချီရှိသော ကုမ္ပဏီကြီးဖြစ်သည်။ ဝန်ထမ်းများကို ခရီးထွက်စေခြင်းသည် ငွေကြေးပြဿနာ မရှိပေ။

သို့သော် အဓိကပြဿနာမှာ အလုပ်များလွန်းခြင်းဖြစ်သည်။

ခရီးထွက်လျှင်လည်း မြို့တွင်း သို့မဟုတ် အနီးနားမြို့များသို့သာ သွားလေ့ရှိသည်။

ကုမ္ပဏီတစ်ခုလုံး ခရီးဝေးထွက်ခြင်းမျိုး မရှိဖူးပေ။

"ဦးလေးကြီး... အစ်ကိုတွေ၊ အစ်မတွေက အလုပ်လုပ်ရတာ ပင်ပန်းနေကြပြီ။ အနားယူဖို့ လိုနေပြီ" ရှောင်လဲ့ထုံက လေးနက်စွာ ပြောလိုက်သည်။ "ဒါကြောင့် ကျွန်တော့်ဇာတိ ထောင်ယွမ်ရွာက အနားယူဖို့ အကောင်းဆုံးနေရာပဲ။ ဦးလေးကြီး... စိတ်ချပါ။ ဦးလေးကြီးကုမ္ပဏီက ဝန်ထမ်းတွေ လာမယ်ဆိုရင် ကျွန်တော်တို့ ကောင်းကောင်း ဧည့်ခံပါ့မယ်"

လဲ့ကျွင်းရှန်သည် တူဖြစ်သူ၏စကားကိုကြားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

ဒီတူလေးက ကုမ္ပဏီမှာလျှောက်လည်ပြီး သူ့ရွာအတွက် ဈေးကွက်လာရှာနေတာပဲ။

ရှောင်လဲ့ထုံက ဦးလေးကြီး၏အမူအရာကို မမြင်ချင်ယောင်ဆောင်ပြီး ဆက်ပြောသည်။ "ဦးလေးကြီး... ကျွန်တော့်အကြံ ဘယ်လိုလဲ။ အစ်ကိုတွေ၊ အစ်မတွေက အလုပ်အရမ်းကြိုးစားကြတယ်။ ပြီးတော့ ဦးလေးကြီးအကြောင်း သူတို့ပြောတာကြားတယ်။ ဦးလေးကြီးက အလုပ်ရူးတဲ့။ နေ့ရောညရော အလုပ်လုပ်တယ်။ အလုပ်ချိန်ရော၊ နားချိန်ရော အလုပ်လုပ်တယ်တဲ့"

ထို့နောက် ရှောင်လဲ့ထုံက လဲ့ကျွင်းရှန်လက်ကိုဆွဲပြီး လူကြီးတစ်ယောက်လို ဆုံးမလိုက်သည်။ "ဦးလေးကြီး... ပိုက်ဆံဆိုတာ ရှာလို့မကုန်ပါဘူး။ ကျန်းမာရေးက အရေးကြီးဆုံးပါ။ ကျန်းမာနေမှ ပိုက်ဆံဆက်ရှာနိုင်မှာပေါ့။ ပြီးတော့ ဦးလေးကြီး... မားမားကို အတုယူသင့်တယ်။ မားမားက အလုပ်ချိန်ဆို အလုပ်လုပ်တယ်။ အလုပ်ဆင်းချိန်ဆို အလုပ်ဆင်းတယ်။ နားချိန်ဆို နားတယ်"

လဲ့ကျွင်းရှန် မျက်ခုံးပင့်လိုက်သည်။ ဒီကလေးက သူ့ကျန်းမာရေးကို စိတ်ပူနေတာကိုး။

လဲ့ကျွင်းရှန် ရင်ထဲနွေးထွေးသွားသည်။ မိသားစုရှိတာ ကောင်းလိုက်တာ။

အရင်တုန်းက ဘယ်သူမှ သူ့ကျန်းမာရေးကို ဂရုမစိုက်ခဲ့ကြဘူး။ အလုပ်ရူးလို့ပဲ ကွယ်ရာမှာပြောကြတာ။

အခု မိသားစုဝင်အသစ်လေးက ကျန်းမာရေးက အရေးကြီးဆုံး၊ ပိုက်ဆံက ဒုတိယလို့ လာပြောနေတယ်။

လဲ့ကျွင်းရှန်က ရှောင်လဲ့ထုံ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပါပြီ။ ဦးလေးကြီး ကတိပေးပါတယ်။ နောက်ဆို အလုပ်ချိန်မှာ အလုပ်လုပ်မယ်။ နားချိန်မှာ နားမယ်။ ဟုတ်ပြီလား"

ရှောင်လဲ့ထုံ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါမှ ဟုတ်မှာပေါ့။ လူ့ဘဝမှာ ပိုက်ဆံရှာလို့ ပြီးမှာ မဟုတ်ဘူး။ တချို့လူတွေက ပိုက်ဆံရှိလေ ပိုရှာချင်လေဖြစ်ပြီး ကျန်းမာရေးကို ဂရုမစိုက်ကြဘူး။ ပိုက်ဆံဆိုတာ မွေးတုန်းကလည်း ပါမလာဘူး။ သေသွားရင်လည်း ယူသွားလို့မရဘူး။ လုံလောက်ရုံဆို ပြီးတာပဲ။ ဟုတ်တယ်မလား ဦးလေးကြီး"

လဲ့ကျွင်းရှန် အံ့သြသွားသည်။

ရှောင်လဲ့ထုံလို ကလေးလေးတစ်ယောက်က ဒီလောက် ဒဿနဆန်တဲ့ စကားတွေ ပြောတတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ခဏကြာမှ သဘောကျစွာ ရယ်မောလိုက်သည်။ "ထုံထုံ ပြောတာ မှန်တယ်။ ပိုက်ဆံဆိုတာ ရှာလို့မကုန်ပါဘူး။ လုံလောက်ရုံဆိုပြီးတာပါပဲ"

သူ့မှာ ရှိတာတွေက လုံလောက်ရုံမက သုံးမကုန်တော့ပါဘူး။

ဒါဆို ဘာလို့ ဒီလောက် အပင်ပန်းခံနေဦးမှာလဲ။

လူတချို့ ပြောကြတယ်။ ငယ်ရွယ်စဉ်မှာ ကျန်းမာရေးနဲ့ရင်းပြီး ပိုက်ဆံရှာတယ်။ အသက်ကြီးလာရင် ပိုက်ဆံနဲ့ရင်းပြီး ကျန်းမာရေးကို ပြန်ကုရတယ်တဲ့။

ဒါက မတန်ပါဘူး။

လဲ့ကျွင်းရှန်က ဆက်ပြောသည်။ "ပြီးတော့ နောက် ၂ ရက်နေရင် ကုမ္ပဏီတစ်ခုလုံး ပိတ်ရက်ပေးပြီး ထောင်ယွမ်ရွာကို အလည်သွားကြမယ်"

"အင်း" ရှောင်လဲ့ထုံ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

***