Chapters

အမေကျန်း၏ အကြံဉာဏ်

Vol. 52 Ch. 850

အမေကျန်း၏ အကြံဉာဏ်

Vol. 52 Ch. 850

ကျန်းရှုယွီသည် ကျောင်းတွင်းကောလာဟလများကို ကြားသိနေရသည်။

ကြားရလေ မကျေမနပ် ဖြစ်လေ၊ ရှောင်လင်းယဲ့ကို မရမနေ ယူချင်လေ ဖြစ်နေသည်။ မဟုတ်လျှင် သူမ၏ဂုဏ်သိက္ခာကို ဘယ်လိုပြန်ဆယ်ရတော့မလဲ။

"ယွီအာ... လက်လျှော့လိုက်ပါတော့" အမေကျန်းက သမီးဖြစ်သူ၏မျက်နှာမကောင်းသည်ကို ကြည့်ပြီး နှစ်သိမ့်လိုက်သည်။ "နောက်ဆို သူတို့နဲ့ရန်မဖြစ်ရင်ပြီးတာပါပဲ"

လွန်ခဲ့တဲ့ကိစ္စအတွက် ကုန်းထျန်းဟောက်က အခုထိ ဘာမှမလုပ်သေးဘူးဆိုတော့ နောက်လည်း လုပ်တော့မှာ မဟုတ်ပါဘူး။ စိတ်ပူစရာ မလိုတော့ပါဘူး။

ဒါကြောင့် ရှောင်လင်းယဲ့လိုတောသားလေးကို သွားပြီးအောက်ကျို့ခံစရာ မလိုတော့ပါဘူး။

ကျန်းရှုယွီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ "မေမေ... သမီး မကျေနပ်ဘူး။ သမီးမှာ ရုပ်ရည်ရှိတယ်၊ အသိုင်းအဝိုင်းရှိတယ်၊ ပညာအရည်အချင်း ရှိတယ်။ ဒီတက္ကသိုလ်ကို ကိုယ့်အရည်အချင်းနဲ့ ဝင်ခွင့်ရခဲ့တာ။ ရှောင်လင်းယဲ့နဲ့ ဘယ်နေရာ မတန်လို့လဲ။ သူက အကြိမ်ကြိမ် ငြင်းပယ်နေရတာလဲ။ ရှောင်လင်းယဲ့က ရုပ်ချောတာကလွဲရင် ဘာမှမရှိတဲ့ တောသားလေးပဲ။ ကုန်းထျန်းဟောက်ရဲ့ယောက်ဖ မဟုတ်ရင် ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ။ အခုတော့ ကျောင်းတစ်ကျောင်းလုံးက သမီးကို လှောင်ပြောင်နေကြပြီ"

ကျန်းရှုယွီသည် လမ်းမှားရောက်နေပြီဖြစ်သည်။

ရှောင်လင်းယဲ့ကို ရည်းစားဖြစ်အောင် လုပ်မယ်။ သူ ချစ်လာအောင် လုပ်မယ်။ ပြီးမှ သူ့ကို ပြန်နှိပ်စက်မယ်။ ဒူးထောက်တောင်းပန်ခိုင်းမယ်။ ဒါမှ ကျေနပ်မယ်။

ဒါကြောင့် လက်လျှော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အမေကျန်းက သမီးဖြစ်သူကို သနားသွားသည်။ "ယွီအာ၊ မလိုက်ပါနဲ့တော့။ ရှောင်လင်းယဲ့က သမီးနဲ့ မတန်ပါဘူး။ သမီးအတွက် ပိုကောင်းတဲ့ ယောကျ်ားတွေ ရှိပါတယ်။ သမီးက သူဌေးကတော်ဖြစ်မယ့် ကံပါလာတာ။ သူ့ကို ဂရုမစိုက်ပါနဲ့တော့"

ကျန်းရှုယွီ မျက်ရည်ကျလျက် ခေါင်းခါလိုက်သည်။ "မေမေ... စိတ်ချပါ။ သမီး သူ့ကို လက်ထပ်မှာ မဟုတ်ပါဘူး။ သူ့ကို ချစ်လာအောင် လုပ်ပြီး သမီးရဲ့ခွေးလေးတစ်ကောင် ဖြစ်လာအောင် လုပ်မှာ။ စဉ်းစားကြည့်လေ။ ကုန်းထျန်းဟောက်ရဲ့ယောက်ဖက သမီးရဲ့ခွေးဖြစ်လာရင် သမီးတို့ အကျိုးရှိမှာပေါ့။ နောက်ပိုင်း အသုံးမဝင်တော့တဲ့အချိန်ကျမှ၊ ဒါမှမဟုတ် သမီး ပိုကောင်းတဲ့လူ တွေ့တဲ့အချိန်ကျမှ သူ့ကို ကန်ထုတ်လိုက်မယ်။ ဒါမှ သမီး ကျေနပ်နိုင်မှာ"

အမေကျန်း တွန့်ဆုတ်သွားသည်။ "ဒါပေမဲ့ ယွီအာ၊ ရှောင်လင်းယဲ့က သမီးကို ချစ်လာပါ့မလား။ တကယ်လို့ သူ့ကို စိတ်ဆိုးအောင် လုပ်မိရင်..."

"မေမေ... စိတ်မပူပါနဲ့။ သမီး ကြိုးစားရင် သူ ချစ်လာမှာပါ" ကျန်းရှုယွီ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

အမေကျန်း ပိုစိတ်ပူလာသည်။

ကျန်းရှုယွီက မိခင်၏လက်ကို ဆွဲပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မေမေ... မေမေက အကြံဉာဏ်ကောင်းတွေ ရှိတယ်မလား။ သမီးကို ကူညီပါဦး။ ရှောင်လင်းယဲ့ကိုရရင် ကုန်းထျန်းဟောက်က သူ့ယောက်ဖ မျက်နှာထောက်ပြီး သမီးတို့ကို အခွင့်အရေးတွေ ပေးလာမှာ။ ဒါကြောင့် လက်လျှော့လို့ မဖြစ်ဘူး"

အမေကျန်း စဉ်းစားလိုက်သည်။ ခဏကြာမှ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ... မေမေ ကူညီမယ်"

"ကျေးဇူးတင်ပါတယ် မေမေ" ကျန်းရှုယွီ ဝမ်းသာအားရ ပြောလိုက်သည်။