← Chapters

အစ်ကိုကြီး၏ ကာကွယ်မှု (အပိုင်း ၁)

Vol. 53 Ch. 857

အစ်ကိုကြီး၏ ကာကွယ်မှု (အပိုင်း ၁)

Vol. 53 Ch. 857

ကျန်းကတော် ဒေါသတကြီး မေးခွန်းထုတ်နေချိန်တွင် အပြင်ဘက်မှ သံလိုက်ကဲ့သို့ ဩဇာပြည့်ဝပြီး တင်းမာသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သူက နတ်မင်းကြီး မဟုတ်ပေမယ့် ငါ ကုန်းထျန်းဟောက်ရဲ့ယောက်ဖပဲ" ကုန်းထျန်းဟောက်သည် တံခါးကို တွန်းဖွင့်ပြီး ကလေးနှစ်ယောက်နှင့်အတူ အရှိန်အဝါကြီးစွာဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ဝင်လာသည်။

"ဦးလေးငယ်" ရှောင်လဲ့ထုံနှင့် ရှောင်လင် ပြိုင်တူခေါ်လိုက်ကြသည်။

"ယောက်ဖ" ရှောင်လင်းယဲ့သည် ကုန်းထျန်းဟောက် ရောက်လာသည်ကို မြင်ပြီး အံ့သြသွားသည်။ "ထုံထုံ... လင်အာ... မင်းတို့ ဘယ်လိုလုပ် ရောက်လာကြတာလဲ"

ရှောင်လဲ့ထုံက ရှင်းပြလိုက်သည်။ "ဦးလေးငယ်၊ တကယ်တော့ သားတို့က ဒုတိယဦးလေးကျောင်းကို သွားကစားမလို့။ ဒါပေမဲ့ ကျောင်းရောက်တော့ ကျောင်းသားတွေက ဦးလေးငယ်အကြောင်း ပြောနေကြတာ ကြားလိုက်ရတယ်။ ဒါကြောင့် ပါပါးနဲ့သားတို့ စိတ်ပူပြီး ချက်ချင်း ပြေးလာကြတာ"

ထို့နောက် ရှောင်လဲ့ထုံက ခါးထောက်ပြီး လူကြီးလေးတစ်ယောက်လို ဆူပူလိုက်သည်။ "ဦးလေးငယ်၊ ကျောင်းမှာ ဒီလောက်ကိစ္စကြီး ဖြစ်နေတာကို ဘာလို့ သားတို့ကို မပြောတာလဲ။ သားတို့သာ ဒုတိယဦးလေးကျောင်းကို မသွားဖြစ်ရင်၊ ဒီကိုရောက်မလာရင် ဦးလေးငယ် အစွပ်စွဲခံရပြီး အနိုင်ကျင့်ခံနေရတော့မှာပေါ့။ ဦးလေးငယ်က သဘောကောင်းလွန်းအားကြီးတယ်။ ဓာတ်ပုံလေး ၃၊ ၄ ပုံလောက်နဲ့ အိမ်တိုင်ရာရောက် လာအနိုင်ကျင့်တာခံနေတယ်။ ဟင်း... ဦးလေးငယ်ကို မခေါ်တော့ဘူး"

ရှောင်လင်းယဲ့က ရှောင်လဲ့ထုံကို ပွေ့ဖက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ကဲပါ... စိတ်မဆိုးပါနဲ့တော့။ ဦးလေးငယ် မှားသွားပါတယ်။ ဦးလေးငယ်က ကိုယ့်ဘာသာ ဖြေရှင်းနိုင်မယ်ထင်လို့ မပြောပြမိတာပါ"

ရှောင်လဲ့ထုံက ရင်ဘတ်လေးကော့ပြီး မျက်နှာလွှဲကာ ပြောလိုက်သည်။ "ဟင်း... ကိုယ့်ဘာသာ ဖြေရှင်းနိုင်တယ် ဟုတ်လား။ ဒါကြောင့် ဟိုမိန်းမရဲ့မိဘတွေက ကျောင်းအထိလိုက်လာပြီး ပြဿနာရှာနေတာလေ။ သားတို့သာမလာရင် ဦးလေးငယ် ဘယ်လိုလုပ်မလဲ"

ရှောင်လင်းယဲ့သည် တူဖြစ်သူ၏ ချစ်စရာကောင်းပြီး စိတ်ဆိုးနေသောပုံစံလေးကိုကြည့်ကာ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "ကောင်းပါပြီ... စိတ်မဆိုးပါနဲ့တော့။ ဦးလေးငယ် တောင်းပန်ပါတယ်။ ဦးလေးငယ် မှားသွားပါတယ်။ နောက်ဆို လိမ္မာပြီးဉာဏ်ကောင်းတဲ့ ထုံထုံကို ဘာမှ ဖုံးကွယ်မထားတော့ပါဘူး"

ရှောင်လင်းယဲ့ အကြာကြီး ချော့လိုက်မှ ရှောင်လဲ့ထုံ စိတ်ပြေသွားသည်။

တစ်ဖက်တွင် ကျန်းမိသားစုသည် ကုန်းထျန်းဟောက် ရောက်လာသည်ကို မြင်သောအခါ အံ့သြသွားကြသည်။ ထို့နောက် စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။ "မစ္စတာကုန်း၊ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ကုန်းထျန်းဟောက် နှုတ်ခမ်းမဲ့လိုက်ပြီး လှောင်ပြောင်သလို ပြောလိုက်သည်။ "ကျွန်တော် မလာရင် ခင်ဗျားတို့ ငါ့ယောက်ဖကို ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ဝိုင်းပြီးအနိုင်ကျင့်နေတာ ဘယ်လိုသိရမှာလဲ"

မစ္စတာကျန်းက ရှောင်လင်းယဲ့၏နောက်ခံကို မသိသလို ဟန်ဆောင်လိုက်သည်။ "ခင်ဗျားရဲ့ ယောက်ဖ ဟုတ်လား။ ဘယ်သူက ခင်ဗျားယောက်ဖလဲ"

ထို့နောက် အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်ပြီး ရှောင်လင်းယဲ့ဘက် လက်ညှိုးထိုးကာ အံ့သြချင်ယောင်ဆောင်လိုက်သည်။ "သူက ခင်ဗျားရဲ့ ယောက်ဖလား"

အခန်းထဲတွင် ကုန်းထျန်းဟောက်သားအဖ၊ သူတို့ဇနီးမောင်နှံ၊ ကျောင်းအုပ်ကြီးလီနှင့် ရှောင်လင်းယဲ့တို့သာရှိသည်။ ကျောင်းအုပ်ကြီးလီက အသက်ကြီးနေပြီဖြစ်သဖြင့် ကုန်းထျန်းဟောက်၏ယောက်ဖ မဖြစ်နိုင်ပေ။ ဒါဆိုရင် ရှောင်လင်းယဲ့ တစ်ယောက်တည်းသာ ကျန်တော့သည်။

ကုန်းထျန်းဟောက်က စူးရှစွာ ပြန်မေးလိုက်သည်။ "သူ မဟုတ်ရင် ခင်ဗျား ဖြစ်မလား"

ကုန်းထျန်းဟောက်၏ ရန်လိုသောစကားကြောင့် ကျန်းမိသားစု မျက်နှာပျက်သွားသည်။ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

မြို့တော်တစ်ခုလုံး သိထားသည်မှာ ကုန်းထျန်းဟောက်သည် စကားပြောရခက်သောသူ၊ မျက်နှာမလိုက်တတ်သောသူ ဖြစ်သည်။ သူ့ဆီက အခွင့်အရေးရဖို့ဆိုတာ မလွယ်ကူပေ။

အခု သူတို့က ရှောင်လင်းယဲ့ကို အကြောင်းပြပြီး ကုန်းထျန်းဟောက်ဆီက အကျိုးအမြတ် လိုချင်နေကြတာ။ အဆင်ပြေပါ့မလား။ ကုန်းထျန်းဟောက်ကို ရန်စမိသလို ဖြစ်သွားမလား။

မစ္စတာကျန်းက အတင်းပြုံးပြီး ပြောလိုက်သည်။ "မစ္စတာကုန်းကလည်း နောက်နေပြန်ပြီ"

ထို့နောက် ရှောင်လင်းယဲ့ဘက်လှည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ရှောင်လင်းယဲ့၊ မင်းက မစ္စတာကုန်းရဲ့ ယောက်ဖကိုး။ ဒါကြောင့် အမှားလုပ်ထားတာတောင် မကြောက်မရွံ့ ဖြစ်နေတာပဲ။ နောက်ခံတောင့်နေတာကိုး။ သာမန်လူသာဆိုရင် ဒီလောက်ဆို အမှုပတ်နေလောက်ပြီ"

ရှောင်လင်းယဲ့ ချက်ချင်း ပြန်ချေပလိုက်သည်။ "ကျွန်တော် မလုပ်ခဲ့ပါဘူး။ မစ္စတာကျန်း၊ စကားကို ဆင်ခြင်ပါ။ ကျွန်တော့်နောက်ခံက ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော့်ယောက်ဖက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်မူက အတူတူပါပဲ။ လုပ်ရင် လုပ်တယ် ပြောမယ်။ မလုပ်ရင် သေတောင် ဝန်မခံဘူး"

ရှောင်လင်းယဲ့၏စကားကြောင့် ကျန်းမိသားစု ဒေါသထွက်သွားသည်။

ဒီကောင်လေးက တော်တော် ခေါင်းမာတာပဲ။

"ဒါဆို ပြောစမ်း... ဒီဓာတ်ပုံတွေက ဘယ်လိုလုပ် ဖြစ်လာတာလဲ" ကျန်းကတော် ဒေါသတကြီးဖြင့် ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ဓာတ်ပုံများကို ညွှန်ပြလိုက်သည်။ "ဒီဓာတ်ပုံတွေက ငါတို့ လုပ်ကြံထားတာလို့ ပြောချင်တာလား။ ပြီးတော့ ငါ စုံစမ်းပြီးပြီ။ အဲဒီနေ့က ပါတီပွဲမှာ မင်း ငါ့သမီး မူးနေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ခဲ့တယ်ဆိုတာသက်သေပြမယ့် ကျောင်းသားတွေ ရှိတယ်"

ကုန်းထျန်းဟောက်နှင့် ကလေးများလည်း ကြမ်းပြင်ပေါ်က ဓာတ်ပုံများကို မြင်လိုက်ကြသည်။

ရှောင်လဲ့ထုံက ဓာတ်ပုံတစ်ပုံကို ကောက်ယူကြည့်လိုက်သည်။ ထို့နောက် မျက်နှာလေးတွင် သံသယများ ဖြစ်ပေါ်လာပြီး မစ္စတာကျန်းကို မေးလိုက်သည်။ "ဒီက အဘိုးကြီး၊ အခုခေတ်မှာ Photoshop နည်းပညာ ရှိတာ မသိဘူးလား။ ဒီဓာတ်ပုံက ကလေးကြည့်ရင်တောင် သိသာနေတာပဲ။ ပြုပြင်ထားတဲ့ပုံကြီးလေ။ ခင်ဗျားတို့ မမြင်ဘူးလား"

ရှောင်လဲ့ထုံ ကိုင်ထားသည့်ပုံမှာ ကုတင်ပေါ်မှပုံဖြစ်သည်။

"ဘာ..." မစ္စတာကျန်း မျက်နှာပျက်သွားသည်။ ရှောင်လဲ့ထုံ၏လက်ထဲမှ ဓာတ်ပုံကို ဆွဲယူကြည့်လိုက်ရာ တစ်ခုခု လွဲနေသည်ကို သတိထားမိလိုက်သည်။

ရှောင်လဲ့ထုံက ဆက်ပြောသည်။ "ကုတင်ပေါ်က လူရဲ့ခန္ဓာကိုယ်က ခေါင်းကလွဲရင် ကျန်တာတွေက ဦးလေးငယ်နဲ့ မတူဘူး။ ခင်ဗျားတို့ သတိမထားမိဘူးလား။ ကုတင်ပေါ်ကလူက ဝတယ်။ အဆီတွေ များတယ်။ လေ့ကျင့်ခန်း မလုပ်တဲ့သူဆိုတာ သိသာတယ်။ ဦးလေးငယ်ကို ကြည့်လိုက်..."

သူက ရှောင်လင်းယဲ့ကို မော့ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဦးလေးငယ်... အင်္ကျီချွတ်လိုက်။ ဦးလေးငယ်ရဲ့ အဆီမရှိတဲ့ ဗိုက်ကြွက်သား ၆ မြောင်းကို အားလုံးမြင်အောင် ပြလိုက်"

ရှောင်လဲ့ထုံ၏စကားကြောင့် ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယဲ့ ပြောစရာစကား ပျောက်သွားသည်။

"အဟွတ်... အဟွတ်..." ကုန်းထျန်းဟောက် ချောင်းဟန့်လိုက်ပြီး လေးနက်စွာ ဆူပူလိုက်သည်။ "ရှောင်လဲ့ထုံ... ဘယ်သူက ဒီလိုပုံမျိုး ကြည့်ခိုင်းလို့လဲ။ လွှင့်ပစ်လိုက်စမ်း။ ကလေးစိတ် ညစ်ညမ်းကုန်မယ်"

ရှောင်လဲ့ထုံ မလွှင့်ပစ်ရသေးခင် မစ္စတာကျန်းက ဓာတ်ပုံကို လုယူသွားသည်။

ရှောင်လဲ့ထုံ ထောက်ပြတာကို ကြည့်ပြီး ဓာတ်ပုံကို သေချာပြန်ကြည့်လိုက်ရာ မျက်နှာအရောင်ပြောင်းသွားသည်။

အရင်တုန်းက သူတို့ ဒီအချက်ကို သတိမထားမိခဲ့ဘူး။

ပြီးတော့ ရှောင်လင်းယဲ့နဲ့ နီးနီးကပ်ကပ် မနေဖူးတော့ သူ့ခန္ဓာကိုယ် ဘယ်လိုပုံစံလဲ မသိဘူးလေ။

ဓာတ်ပုံကို ကြည့်ပြီးနောက် ရှောင်လင်းယဲ့ကို လှမ်းကြည့်လိုက်သည်။

ရှောင်လင်းယဲ့က သူ ဘာဆိုလိုချင်မှန်း သဘောပေါက်လိုက်သည်။ ထို့နောက် အင်္ကျီကို ချွတ်လိုက်သည်။

အင်္ကျီချွတ်လိုက်သည်နှင့် ပြတင်းပေါက်မှ ချောင်းကြည့်နေသော ကျောင်းသားများ အာမေဋိတ်သံ ထွက်ပေါ်လာသည်။ "ဝါး... ဗိုက်ကြွက်သား ၆ မြောင်းပဲ။ အဆီပို လုံးဝ မရှိဘူး။ ရှောင်လင်းယဲ့ရဲ့ ခန္ဓာကိုယ်က မိုက်လိုက်တာ"

ကျောင်းနံရံမှာ ကပ်ထားတဲ့ ပုံတွေထဲမှာ ကုတင်ပေါ်ကပုံ မပါဘူး။ ဒါကြောင့် ကျောင်းသားတွေက မသိကြဘူး။ အခု ပြတင်းပေါက်ကနေတစ်ဆင့် ရုံးခန်းထဲက ဓာတ်ပုံကို မြင်ရတော့မှ ကွာခြားချက်ကို သိလိုက်ကြသည်။

"ရှောင်လင်းယဲ့ရဲ့ခန္ဓာကိုယ်က ဒီလောက်မိုက်တာ။ ဓာတ်ပုံထဲက လူက ဝပြီး အဆီတွေနဲ့။ ဘယ်လိုဖြစ်တာလဲ"

"ဘယ်လိုဖြစ်ရမလဲ။ စောစောက ကလေးလေး ပြောသလို Photoshop သုံးထားတာ နေမှာပေါ့။ ရှောင်လင်းယဲ့ ခေါင်းကိုဖြတ်ပြီး တခြားလူ ခန္ဓာကိုယ်ပေါ် တပ်ထားတာဖြစ်မယ်"

***

All Chapters