အမည်မှန် ဖော်ထုတ်ခြင်း
Vol. 53 Ch. 859
အပြင်ဘက်မှ ကျောင်းသားများ၏ဝေဖန်ပြောဆိုသံများသည် အခန်းထဲရှိ လူများအပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။
သို့သော် ကျန်းဇနီးမောင်နှံသည် ကုန်းထျန်းဟောက်သားအဖ၏စကားများကို ကြားရသောအခါ မျက်နှာပျက်သွားကြသည်။
ဓာတ်ပုံများ၏မူမမှန်မှုကို ထောက်ပြလိုက်ကတည်းက ကျန်းရှုယွီ လိမ်ပြောထားကြောင်း ရိပ်မိနေကြပြီ။ သမီးဖြစ်သူက သူတို့ကို လိမ်ညာပြီး ရှောင်လင်းယဲ့ကို လုပ်ကြံခဲ့ခြင်းဖြစ်နိုင်သည်။
ဒီလိမ်ညာမှုရဲ့ အကျိုးဆက်က သာမန်မဟုတ်သော တန်ဖိုးတစ်ခုပေးဆပ်ရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
ကျန်းကတော် စိုးရိမ်တကြီးဖြင့် ခင်ပွန်းသည်၏အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
မစ္စတာကျန်း ခေါင်းညိတ်လိုက်ပြီး ဖုန်းထုတ်ကာ အခန်းပြင်ထွက်၍ ဖုန်းဆက်လိုက်သည်။
ပြန်ဝင်လာသောအခါ ဇနီးဖြစ်သူနှင့် မျက်လုံးချင်း စကားပြောလိုက်ကြသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ထူးဆန်းသော အငွေ့အသက်များ လွှမ်းခြုံလာသည်။
အပြင်ဘက်မှ ကျောင်းသားများလည်း တိတ်ဆိတ်သွားကြသည်။
ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ တိတ်ဆိတ်နေချိန်တွင် တံခါးခေါက်သံက ထင်ရှားစွာ ပေါ်ထွက်လာသည်။
အားလုံး၏အကြည့်များ တံခါးဝသို့ ရောက်သွားကြသည်။
အပြင်ဘက်မှ ကျောင်းသားများသည် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားသော၊ ဆံပင်ရှည်ရှည်နှင့် လှပသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသောအခါ အသက်ရှူမှားသွားကြသည်။
"ဝါး... လှလိုက်တာ"
"တီဗီထဲက မင်းသမီးတွေထက်တောင် လှနေသေးတယ်။ ဘယ်သူလဲ။ မင်းသမီးလား"
"ငါ့တစ်သက် ဒီလောက်လှတဲ့မိန်းမကို တစ်ခါမှ မမြင်ဖူးဘူး။ တိုင်းပြည်ဖျက်မယ့်အလှပဲ"
……
ကျောင်းအုပ်ကြီးလီက မေးလိုက်သည်။ "ဘယ်သူလဲ"
"ကျွန်မ ရှောင်လင်းယွီပါ။ ရှောင်လင်းယဲ့ရဲ့ အစ်မပါ"
ရှောင်လင်းယွီ မိတ်ဆက်လိုက်သည်နှင့် အပြင်ဘက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဘာ... ရှောင်လင်းယဲ့ရဲ့အစ်မ ဟုတ်လား"
"ရှောင်လင်းယဲ့အစ်မက ဒီလောက် လှတာလား"
"မောင်နှမချင်း တူတယ်နော်။ နှစ်ယောက်စလုံး ချောကြတယ်"
"ဒီလောက်လှတဲ့ အစ်မရှိနေတော့ ရှောင်လင်းယဲ့ အမြင်မြင့်တာ မဆန်းပါဘူး။ ကျန်းရှုယွီလောက်ကို စိတ်မဝင်စားတာ အံ့သြစရာ မဟုတ်တော့ဘူး"
"ဟားဟား... ရှောင်လင်းယဲ့အတွက် ကျန်းရှုယွီရဲ့အလှက သာမန်ပဲ ဖြစ်နေမှာပေါ့။ ကျန်းရှုယွီကတော့ သူ့အလှကိုကိုးကွယ်ပြီး ရှောင်လင်းယဲ့နဲ့တန်တယ်ထင်နေတာ"
"ရှူး... နင် သေချင်နေလား။ ကျန်းရှုယွီမိဘတွေရှေ့မှာ ကျန်းရှုယွီအကြောင်း ပြောရဲတယ်ပေါ့"
ထိုသူ ပါးစပ်ပိတ်သွားသည်။ ရှောင်လင်းယဲ့လို နောက်ခံမရှိတော့ မပြောရဲပေ။
"မိန်းမ"
"အစ်မ"
"မားမား"
အသံသုံးသံ ပြိုင်တူထွက်ပေါ်လာသည်။ ရှောင်လဲ့ထုံက ဝမ်းသာအားရ တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ရှောင်လဲ့ထုံသည် ရှောင်လင်းယွီ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ "မားမား... သား လွမ်းလိုက်တာ"
မြို့တော်မှာ တစ်လလောက် နေခဲ့ပြီး ရှောင်လင်းယွီက မကြာခဏ လာတွေ့တတ်ပေမယ့် ကလေးတွေအတွက်တော့ တစ်ရက်မတွေ့ရင် ၃ နှစ်လောက်ကြာသလို ခံစားရတယ်။
ရှောင်လင်းယွီက သားဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ပေးကာ ရယ်မောလိုက်သည်။ "မေမေလည်း လွမ်းပါတယ်။ ဒါပေမဲ့ သားရယ်... လွန်ခဲ့တဲ့ ၃ ရက်ကမှ တွေ့ခဲ့တာလေ"
"တစ်ရက်မတွေ့ရင် ၃ နှစ်ကြာသလိုပဲတဲ့။ ၃ ရက်မတွေ့ရတော့ ၉ နှစ် ကြာသလိုဖြစ်နေပြီ" ရှောင်လဲ့ထုံက ကလေးသံလေးဖြင့်ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် ခေါင်းကို အသာပုတ်ခံလိုက်ရသည်။ ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ဟေ့ကောင်လေး... ဒီစကားကို မင်းပြောရမှာ မဟုတ်ဘူး။ ငါ ပြောရမှာ"
ထို့နောက် ရှောင်လင်းယွီကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "မိန်းမ... ကိုယ် မင်းကို မတွေ့ရတာ ၉ နှစ်ကြာသလိုပဲ။ လွမ်းလိုက်တာ"
သူတို့စုံတွဲ၏ရိုမန်တစ်ဆန်မှုကို မြင်ရသောအခါ အားလုံးမျက်စိကျိန်းသွားကြသည်။
ဒါပေမဲ့ လိုက်ဖက်ညီလွန်းသော စုံတွဲကို မြင်ရတော့ အားကျမိကြသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ကျောင်းသားတစ်ဦးက ရှောင်လင်းယွီကို ရင်းနှီးနေသလို ခံစားရသဖြင့် ဖုန်းဖြင့် ရှာဖွေကြည့်လိုက်သည်။
"အာ... ငါ သတိရပြီ။ သူက ရှောင်လင်းယွီ။ ထောင်ယွမ်ရွာ Green Fresh အုပ်စုရဲ့ ဥက္ကဌရှောင်။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းနဲ့ နာမည်ကြီး စူပါမားကတ်တွေ ပိုင်ရှင်လေ"
"ဟုတ်တယ်... ဟုတ်တယ်။ ထောင်ယွမ်ရွာ Green Fresh အုပ်စု ဥက္ကဌရှောင်က ရှောင်လင်းယွီတဲ့။ မက်မွန်ပွင့်အလှလေးလို့ ခေါ်ကြတယ်"
"ဩော်... ရှောင်လင်းယဲ့က ထောင်ယွမ်ရွာက ဆိုတာ အခုမှ သတိရတယ်"
"ရှောင်လင်းယွီ၊ ရှောင်လင်းယဲ့... နာမည်ကြားတာနဲ့ မောင်နှမမှန်း သိသာနေတာပဲ။ ရှောင်လင်းယဲ့အိမ်က ဒီလောက် ချမ်းသာတာလား"
"ထောင်ယွမ်ရွာ Green Fresh အုပ်စု ပိုင်ဆိုင်မှုက ဘီလီယံရာချီ ရှိတယ်တဲ့။ ရှောင်လင်းယဲ့အစ်မက လက်သည်းကြားက ယိုပေးလိုက်ရင်တောင် ရှောင်လင်းယဲ့ သူဌေးဖြစ်နေပြီ"
"ဒါဆို ရှောင်လင်းယဲ့က ဘာလို့ဆင်းရဲချင်ယောင်ဆောင်နေတာလဲ။ ပညာသင်ဆုရအောင် ကြိုးစားတာ ထားလိုက်တော့။ အချိန်ပိုင်းအလုပ်တွေ ဘာလို့ လုပ်နေတာလဲ။ သူငယ်ချင်းတွေနဲ့ ကုမ္ပဏီထောင်တုန်းကလည်း ပိုက်ဆံတစ်ပြားမှ မထည့်ဘဲ နည်းပညာနဲ့ ရှယ်ယာဝင်ပြီး အကြီးဆုံးရှယ်ယာရှင် ဖြစ်လာတာ"
"အဓိကက သူ့အိမ်က ချမ်းသာပြီးသား၊ အရည်အချင်းလည်း ရှိပြီးသားဆိုရင် ကိုယ်ပိုင်ကုမ္ပဏီ ထောင်လိုက်ရင်ရတာပဲ။ သူများမျက်နှာ ကြည့်စရာမလိုဘူး။ လုပ်ကြံခံရစရာ အကြောင်းမရှိဘူး"
"ငါ ပြောချင်တာက ရှောင်လင်းယဲ့က ချမ်းသာနေမှတော့ ငါတို့လို ဆင်းရဲသားတွေနဲ့ ပညာသင်ဆု ဘာလို့လုနေတာလဲ"
……
ရှောင်လင်းယဲ့၏နောက်ခံပေါ်သွားသောအခါ အပြင်ဘက်မှကျောင်းသားများ ဆွေးနွေးငြင်းခုံကြသည်။
ဒါပေမဲ့ အခန်းထဲက လူတွေအပေါ် သက်ရောက်မှု မရှိပါဘူး။
ကျောင်းအုပ်ကြီးလီကလွဲရင်ပေါ့။
ကျောင်းအုပ်ကြီးလီလည်း အစတုန်းက ရှောင်လင်းယဲ့ကို နောက်ခံမရှိတဲ့ တောသားလေးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူ့အရည်အချင်းကိုသဘောကျလို့ ကာကွယ်ပေးခဲ့တာ။
နောက်ပိုင်း တစ်ယောက်ယောက်က ရှောင်လင်းယဲ့ကို လုပ်ကြံပြီး ကျောင်းထုတ်ခံရအောင် လုပ်တော့ အထက်က အမိန့်ရောက်လာတယ်။ မျှမျှတတ ဆုံးဖြတ်ပါတဲ့။ ဘယ်အဖွဲ့အစည်းကိုမှ မကြောက်ပါနဲ့တဲ့။ ရှောင်လင်းယဲ့ရဲ့နောက်ခံက သာမန်မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောလာတယ်။
ဒါပေမဲ့ ရှောင်လင်းယဲ့ရဲ့နောက်ခံအစစ်အမှန်ကို သူ မသိခဲ့ပါဘူး။
အခု ကုန်းထျန်းဟောက်က ယောက်ဖအနေနဲ့ ရောက်လာတော့မှ ရှောင်လင်းယဲ့ရဲ့နောက်ခံက တကယ် မသေးပါလားဆိုတာ သိလိုက်ရတယ်။
***