Chapters

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၆)

Vol. 53 Ch. 867

အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၆)

Vol. 53 Ch. 867

နင်ကျွင်းဖုန်၏အော်သံကို အခန်းထဲရှိ လူများသာမက အပြင်ဘက်မှ လူများပါ ကြားလိုက်ရသည်။

ဓာတ်ပုံများ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော်လည်း မြင်ကွင်းက ရှင်းလင်းနေသည်။

"ဘုရားရေ... ဒါကြောင့်ကိုး" တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။ "သူတို့က လာဘ်ထိုးခံထားရတာပဲ။ ပိုက်ဆံအထပ်လိုက်ကြီး။ အနည်းဆုံး ၅ ထောင်လောက် ရှိမယ်"

"သေချာတာပေါ့" တစ်ယောက်က ထောက်ခံလိုက်သည်။ "၅ ထောင်ဆိုတာ ကျောင်းသားတစ်ယောက်အတွက် မနည်းဘူးနော်"

"ကျန်းရှုယွီက ချမ်းသာလိုက်တာ" တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။ "တစ်ခါပေးရင် ယွမ် သောင်းချီပေးတာပဲ။ ၄ နှစ်စာ ကျောင်းလခနဲ့ ညီမျှနေပြီ။ ဒါကြောင့် သူတို့က မဟုတ်မမှန် သက်သေလိုက်ပေးနေကြတာ"

မပါဝင်ဘဲ နေနေသူများကတော့ ကြားနေကြသည်။ ဘယ်ဘက်မှ မပါချင်ကြဘူး။

ဒါပေမဲ့ ကြားနေသူက နည်းနည်းလေးပဲ ရှိတယ်။ ၂၊ ၃ ယောက်လောက်ပဲ။

ရှောင်လင်းယဲ့ဘက်က ရပ်တည်ပေးသူကတော့ နင်ကျွင်းဖုန် တစ်ယောက်တည်း ရှိတယ်။

အခြေအနေက ရှင်းလင်းသွားပြီ။

"ခွေးကောင်တွေ၊ ပိုက်ဆံနည်းနည်းလေးနဲ့ ကိုယ့်သိက္ခာကို ရောင်းစားကြတယ်" အပြင်ဘက်မှ ကျောင်းသားတစ်ဦးက ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ငါက ရှောင်လင်းယဲ့ကို တကယ် လူယုတ်မာ ထင်နေတာ"

"နင်တစ်ယောက်တည်း ထင်တာ မဟုတ်ပါဘူး။ ငါတို့အကုန်လုံး ထင်နေကြတာ။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ။ ဒီလူ ၁၀ ယောက်လောက်က လာဘ်ထိုးခံထားရမယ်လို့။ ဓာတ်ပုံတွေ၊ သက်သေတွေ ရှိနေတော့ ယုံမိတာပေါ့"

"ဟုတ်တယ်။ ဘယ်သူက ထင်မှာလဲ"

"ဟားဟား... ပိုက်ဆံရှိရင် ဘာမဆို ဖြစ်နိုင်တာပဲ။ ကျန်းမိသားစုက ချမ်းသာတော့ ကျန်းရှုယွီအတွက် ယွမ်သောင်းချီဆိုတာ အိတ်တစ်လုံးဝယ်တဲ့ ပိုက်ဆံလောက်ပဲရှိတာ။ သာမန်လူတွေလို နှမြောနေမှာ မဟုတ်ဘူး"

"ပိုက်ဆံရှိတာ ကောင်းလိုက်တာ"

"မပြောလည်း သိပါတယ်။ ဒါကြောင့် ငါတို့ကြိုးစားနေကြတာပေါ့။ နောက်ဆို ပိုက်ဆံရှိလာအောင်လို့"

"ဟားဟား... ငါ ပြောသားပဲ၊ ရှောင်လင်းယဲ့က အဲဒီလိုလူ မဟုတ်ပါဘူးလို့"

"တကယ်လို့ ရှောင်လင်းယဲ့က မိန်းမကြိုက်ရင် ကျန်းရှုယွီကို ရည်းစားအဖြစ် လက်ခံလိုက်မှာပေါ့။ ရည်းစားဖြစ်သွားရင် ကြိုက်တာလုပ်လို့ ရပြီလေ။ ရိုးအီသွားရင် လမ်းခွဲလိုက်ရုံပဲ။ ဟိုဘက်မှာငြင်း၊ ဒီဘက်မှာ အခွင့်ကောင်းယူ လုပ်နေစရာမလိုပါဘူး"

သူ ပြောတာဟုတ်ပေမယ့် နားထောင်ရတာ တမျိုးကြီး ဖြစ်နေတယ်။

ကျန်းမိသားစု ကြားသွားရင် ပြဿနာတက်လိမ့်မယ်။

ကျန်းရှုယွီက ဘယ်သူလဲ။ သူတို့ ပြောချင်တိုင်းပြောလို့ရမလား။

ဒါပေမဲ့ သူ တိုးတိုးလေးပြောလိုက်လို့ ဘေးနားက လူတွေလောက်ပဲ ကြားလိုက်ရတယ်။

"နင် ပြောတာ ဟုတ်တယ်။ ငါတို့က ဓာတ်ပုံတွေ၊ သက်သေအတုတွေကြောင့် ရှောင်လင်းယဲ့ကို အထင်လွဲမိတာ"

"နေပါဦး... ရှောင်လင်းယဲ့ရဲ့ယောက်ဖက ဘယ်သူလဲ။ လူမိုက်တွေ ခေါ်လာရုံတင်မကဘူး၊ သက်သေအထောက်အထားတွေပါ ချက်ချင်းရှာတွေ့သွားတယ်။ အံ့သြစရာ ကောင်းလိုက်တာ"

"ဒါကြောင့် ရှောင်လင်းယဲ့က အေးဆေးဖြစ်နေတာကိုး"

ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။ "ရှောင်လင်းယဲ့က ကျန်းရှုယွီကို အခွင့်ကောင်းမယူခဲ့ဘူးဆိုရင် ကျန်းရှုယွီကို ဟိုတယ်ခေါ်သွားပြီး အိပ်ခဲ့တဲ့သူက ဘယ်သူလဲ"

အားလုံး - "......"

ဟုတ်သားပဲ... အဲဒီလူက ဘယ်သူလဲ။

***